Subscribe to our RSS Feed

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ကာကွယ်စောင့်ရှောက်မှု ယူနက်စကိုစီမံချက်အတွက် ယူရို လေးသိန်း ထောက်ပံ့


အတွဲ ၂၈ ၊ အမှတ် ၅၅၃ ( ၂၀ - ၂၆ ၊ ၁ ၊ ၂၀၁၂)

ယူနက်စကိုအဖွဲ့သည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအခန်းကဏ္ဍတွင် လုပ်ငန်းစီမံချက်ကြီးတစ်ခုကို ဆောင်ရွက်ရန် စီစဉ်လျက် ရှိပါသည်။

ဖော်ပြပါ ယူနက်စကိုအဖွဲ့မှ ဆောင်ရွက်မည့် မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်စောင့် ရှောက်မှုအတွက် လုပ်ငန်းစွမ်းရည် မြင့်မားတိုး တက်စေရန် ရည်ရွယ်သော လုပ်ငန်းစီမံချက်အား အီတလီအစိုးရက ဥပရောပသုံးငွေကြေး (ယူရို ၄၀၀,၀၀၀) ထောက်ပံ့ မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အရေးပါထင်ရှားသည့် ယဉ်ကျေးမှုအမွေ အနှစ်နေရာဒေသဖြစ်သည့် လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင်ခန့်ကာလ ရှေးပျူတို့အခြေချနေထိုင် သည့် အထောက်အထားဖြစ်သည့် ပျူမြို့ဟောင်း နှင့် ကမ္ဘာပေါ်တွင် သမိုင်းတန်ဖိုးနှင့် အနုပညာ လက်ရာ တန်ဖိုး ကြီးကျယ်ခမ်းနားသော ပုဂံမြို့ ဗုဒ္ဓသာသနိက အဆောက်အအုံတို့ တည်ရှိရာ နေရာဒေသတို့၌ ယူနက်စကိုအဖွဲ့၏ ပူးပေါင်း ပါဝင်မှုနှင့်အတူ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင် အဖွဲ့တို့က ကာကွယ်ထိန်းသိမ်းမှုလုပ်ငန်း ဆောင်ရွက်ရန်စီစဉ်ခြင်းဖြစ်ပါသည်။

လုပ်ငန်းစီမံချက် ၏ ရည်ရွယ်ချက်တို့မှာ မြန်မာနိုင်ငံရှိ ယဉ်ကျေးမှု အမွေအနှစ် နေရာ၊ ဒေသများ ကာကွယ်ထိန်းသိမ်းမှုနှင့်အတူ စီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာအရည် အသွေးဖွံ့ဖြိုးတိုးတက်ခြင်း၊ အသိအမြင်များ ပိုမို တိုးတက်ခြင်းတို့ ဖြစ်ပါသည်။

လုပ်ငန်းစီမံချက်အား မြန်မာနိုင်ငံ ယဉ်ကျေးမှု ၀န်ကြီးဌာနနှင့် ပူးပေါင်း၍ ၁၂ လကြာ ဆောင်ရွက်သွားရန် စီမံထားပါသည်။

အီတလီအစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် ယဉ်ကျေးမှု ၀န်ကြီးဌာန၏ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ် ထိန်းသိမ်းမှုလုပ်ငန်းတွင် လုပ်ငန်း စွမ်းဆောင်ရည် တိုးတက်မြင့်မားခြင်းနှင့် ထိုသို့ ဖြစ်စေရန် ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်သည် ကနဦးစတင် ဆောင် ရွက်မည့် လုပ်ငန်း အစီအစဉ်ဖြစ်သော်လည်း ယခုဆယ်စုနှစ်အတွင်း ယူနက်စကိုအဖွဲ့ လုပ်ငန်းစီမံချက်၏ မြန်မာ့ ယဉ်ကျေးမှု အခန်းကဏ္ဍ၌ ပထမဆုံး အကျိုးရလဒ် တစ်ခုဖြစ်ပါသည်။

ကမ္ဘာ့အမွေအနှစ် ကွန်ဗင်းရှင်း၏ မူဘောင်တို့နှင့်အညီ ဤလုပ်ငန်းစီမံချက်ကို ဖော်ပြပါအရေးပါသည့် နယ်ပယ်သုံးရပ်ဖြစ်သည့် ယဉ်ကျေးမှုအမွေအနှစ် ဒေသများ ကာကွယ်ခြင်း နှင့် စီမံခန့်ခွဲ ခြင်းလုပ်ငန်း၊ ပထ၀ီဝင်ဆိုင်ရာ သတင်း အချက်အလက်နည်းပညာ အခြေပြုစနစ်ဖြင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းတည်ဆောက်ခြင်းနှင့် ကမ္ဘာ့အမွေအနှစ် စာရင်း အမည် တင်သွင်းမှု လုပ်ငန်းစဉ်တို့အား ပံ့ပိုးကူညီခြင်းတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ဖြစ်ပါသည်။


Myanmar Times

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်