ကမ္ဘာ့အကြီးမားဆုံး စွယ်စုံကျမ်း ဝက်ဘ်ဆိုက်ကြီး Wikipediaဆိုလျှင် ဝက်ဘ်ဆိုက်ကို (၂၄)နာရီ အမှောင်ချထားကာ ကွန်ဂရက်တွင် တင်သွင်းထားသည့် စီစစ်ကန့်သတ်ရေး အဆိုကို ဆန့်ကျင်ကြောင်း ပြသခဲ့
အမေရိကန် အစိုးရအနေဖြင့် အင်တာနက် ဝက်ဘ်ဆိုက်များတွင် ပုဂ္ဂိုလ်ရေး ကန့်သတ်ထိန်းချုပ်ရန် စီမံနေကြောင်း သတင်းများကြောင့် ဝက်ဘ်ဆိုက် အနည်းဆုံး တစ်ဒါဇင်ခန့်က ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။ ကမ္ဘာ့အကြီးမားဆုံး စွယ်စုံကျမ်း ဝက်ဘ်ဆိုက်ကြီး Wikipediaဆိုလျှင် ဝက်ဘ်ဆိုက်ကို (၂၄)နာရီ အမှောင်ချထားကာ ကွန်ဂရက်တွင် တင်သွင်းထားသည့် စီစစ်ကန့်သတ်ရေး အဆိုကို ဆန့်ကျင်ကြောင်း ပြသခဲ့သည်။
အင်တာနက်၏ လွတ်လပ်စွာ ဖော်ပြ ပြောဆိုခွင့်ကို အသေသတ်သည့် လုပ်ဆောင်ချက်ဟု စွပ်စွဲချက်ဖြင့် Moveon.orgနှင့် Craigslistစသည့် ဝက်ဘ်ဆိုက်များကလည်း အလားတူ ဆန္ဒပြခဲ့ကြသည်။ Boing Boingနှင့် Cheezburger ဝက်ဘ်ဆိုက်များသည်လည်း အဆိုပါ ဆန္ဒပြမှု စီမံကိန်းတွင် ပါဝင်ရန် စီစဉ်နေကြောင်း သိရသည်။ Google၊ Facebookနှင့် Twitterတို့သည်လည်း ယင်းအဆို တင်သွင်းမှုကို ဆန့်ကျင်သည်။ Googleဆိုလျှင် Home Pageတွင် ကွန်ဂရက်အား အင်တာနက်ကို ဆင်ဆာမဖြတ်ရန် ပြောဆိုပေးပါဟု ရေးသားထားသည်။
အစောပိုင်းက Googleသည် ၎င်း၏ Logoကို အမည်းရောင်ခြယ်ထားပြီး ထိုအပေါ်တွင် Clickနှိပ်ပါက ၎င်းတို့၏ ဆန္ဒပြမှုကို ရေးသားဖော်ပြထားသည့် Messageကို ဖတ်နိုင်မည်ဖြစ်သည်။ “အနက်ရောင် Screenဟာ အားလုံးအတွက် သတိပေးမှုပါပဲ”ဟု Cheezburger၏ CEOဖြစ်သူ ဘန်ဟားက ဆိုသည်။ “အင်တာနက်မှာ စီစစ်ပိတ်ဆို့မှုတွေ လုပ်မယ်ဆိုရင် ဟောလီးဝုဒ်မှာ အထူးပြုလုပ်ချက် နည်းပညာတွေ မသုံးရဘူးလို့ တားလိုက်သလိုပဲ”ဟု MediaTapper.comမှ ဂျိမ်းစ်ဘာရန်ဖို့ဒ်က ပြောဆိုသွားသည်။
Source: USA Today
Subscribe to Myanmar Express Group |
Visit this group |
Myanmar Express Group သို့ စာမူ ပို့လိုလျှင် mm.exps@gmail.com သို့ လိပ်မူ ပေးပို့ နိုင် သည်။
အယ်ဒီတာ ထံသို့ အကြံပေး၊ တိုင်ကြား လိုလျှင် editor@myanmarexpress.net သို့ ပေးပို့ နိုင် ပါသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်