Subscribe to our RSS Feed

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီသို့ လူထု မေးခွန်း ၅ ချက်

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း လွှတ်တော်မှအီးမေးလ်များ ပေါက်ကြားခဲ့ရာ စိတ်ဝင်စားဖွယ်ရာစာတစ်စောင် လူမှုကွန်ယက်တွင် ပျံ့နှံ့နေခဲ့ပါသည်။ ယင်းစာမှာ ဒေါ်အောင်ဆန်းစုကြည်ထံမှ ဘင်္ဂါလီအရေးလှုပ်ရှားသူ ၀ါကာအူဒင် ဆိုသူထံ ပေးပို့စာဖြစ်သည်။ အဆိုပါစာ၏စစ်မှန်မှုကို သေချာစွာဆန်းစစ်နိုင်ခြင်းမ
ရှိသော်လည်း ဘင်္ဂါလီများအား နိုင်ငံသား ပေးရန် အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ်မှ တစ်ကြိမ်တစ်ခါတွင်ပြောကြားဖူးသဖြင့် ယင်းစာပါအချက်များသည် မှန်ကန်နေ မည်ကို များစွာစိုးရိမ်လျက်ရှိပါသည်။ ထို့ပြင် ရက်အတန်ကြာသည့်တိုင် ယင်းသို့ပေါက်ကြားခဲ့သည့်စာပါ အချက်များသည် မှန်ကန်ခြင်းမရှိဟုငြင်းဆိုမှုမရှိသဖြင့်မိမိတို့၏စိုးရိမ်ပူပန်မှုကို ပိုမိုကြီးထွားလာစေပါသည်။ သို့ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်ယင်းစာတွင်ပါရှိသည့်အချက်များနှင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက ဘင်္ဂါလီကိစ္စအပေါ်မည်သို့ မူဝါဒထား ရှိမည် အများပြည်သူသို့ရှင်းလင်းပြောကြားရန် တောင်းဆိုအပ်ပါသည်။
ဖော်ပြပါစာတွင်ပါရှိသည့် အချက်အလက်များအနက် အောက်ပါ ကွင်းအတွင်းမှဖော်ပြချက်များနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သည်မှာ မှန်ကန်ပါက ပြောကြားရသည့်အကြောင်းရင်းနှင့် ပြောကြားခြင်းမရှိပါက ယင်းတို့နှင့်ပတ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်၏သဘောထားတို့ကို အများပြည်သူသို့ထုတ်ပြန်ပေးပါရန် တောင်းဆို အပ်ပါသည်- 

- လူမျိုးဖြစ်စေ ကိုးကွယ်ရာဘာသာဖြစ်စေ ကွဲပြားမှုကြောင့်တစ်ဦးကိုတစ်ဦးဆိုးရွားစွာ သို့မဟုတ် မမျှတစွာ ဆက်ဆံရန် ဆင်ခြေတစ်ခုမဟုတ်ကြောင်းနှင့် ထိခိုက်ခံရနိုင်ချေအများစုရှိသည့် မိမိတို့၏ “တိုင်းရင်းသား လူနည်းစု ရိုဟင်ဂျာများကို” အကာအကွယ်ပေးရန် တရားဥပဒေစိုးမိုးရေးခိုင်မာစေရန်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ (ရခိုင်ပြည်နယ်မြောက်ပိုင်းရှိနိုင်ငံသားစိစစ်ခြင်းမခံသူများကိုကိုင်တွယ်မည့်မူဝါဒနှင့် ၄င်းတို့၏လူမျိုး အမည်ကို မည်သို့သုံးစွဲမည်)

- ရွေးကောက်ပွဲ စည်းရုံးစဉ်တလျှောက်လုံး အန်အယ်လ်ဒီက “အားလုံးအတွက်” တန်းတူညီမျှမှု၊ သည်းညည်းခံမှုနှင့် လူအခွင့်အရေးကို မြှင့်တင်မည်ဖြစ်ကြောင်း၊ (အားလုံးဆိုသည်မှာ မည်သူများကို ဆိုလိုသည်။)

- ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ အပြတ်အသတ်နိုင်ပါက “တိုင်းရင်းသားလူနည်းစုများအပေါ်” ခွဲခြား ဆက်ဆံမှုများကို ကိုင်တွယ်သွားမည်ဖြစ်ပြီး၊ ပါလီမန်သည် “ဗမာနိုင်ငံ၏ ပြည်သူလူထု အထူးသဖြင့် တိုင်းရင်းသားလူနည်းစုများကို” ပိုမိုကိုယ်စားပြုမည်ဖြစ်ကြောင်း၊ (ဗမာနိုင်ငံဟု သုံးစွဲခြင်းမှာ ဗမာလူမျိုးကိုသာ ကိုယ်စားပြုရာရောက်သဖြင့် တိုင်းရင်းသားလူနည်းစုများကို မည်သို့ပိုမိုကိုယ်စားပြုမည်၊ ရွေးကောက်ပွဲတွင် အနိုင်ရပါက နိုင်ငံအမည်ကို မည်သို့သုံးစွဲမည်)

- “ကျယ်ပြန့်သည့်တိုင်းရင်းသားတန်းတူညီမျှရေးမဟာဗျူဟာ”ကို ထူထောင်ကာ “ရိုဟင်ဂျာကဲ့သို့ တိုင်းရင်းသား လူနည်းစုများ၏အခွင့်အရေးအတွက် ရပ်တည်ပေးမည်ဖြစ်ကြောင်း”၊ (ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ နိုင်ငံသားပင်မဟုတ်သေးသူများက ‘ရိုဟင်ဂျာ’ တိုင်းရင်းသားအဖြစ် တောင်းဆိုနေခြင်း အပေါ် မည်သို့သဘောထားမည်၊ ၄င်းတို့အားမည်သည့်ဥပဒေအဆင့်အတန်းပေးမည်။) 

- 

- “ရိုဟင်ဂျာများအပေါ် မုန်းတီးစေရန် လှုံ့ဆော်သူများ ကိုပြင်းထန် စွာပြစ်ဒဏ်ပေးရန်နှင့် လူသိရှင်ကြား တရား စွဲဆိုခြင်းများအပါအ၀င် လူမျိုးရေးဘာသာရေး မုန်တီးစေသည့်ပြစ်မှုများကို ဆန့်ကျင်သည့် ဥပဒေများ ပြဌာန်း မည် ဖြစ်ကြောင်း”၊ (လွှတ်တော်တွင်ပြဌာန်းခဲ့သော မျိုးစောင့်ဥပဒေများကို အန်အယ်လ်ဒီက ကန့်ကွက်ခဲ့သဖြင့် အန်အယ်လ်ဒီ ရွေးကောက်ပွဲတွင်အနိုင်ရရှိပါက ယင်းဥပဒေများကို ဆက်လက်ကျင့်သုံးမည် သို့မဟုတ် ပြင်ဆင်မည် သို့မဟုတ် ဖျက်သိမ်းမည်။)
 https://www.facebook.com/MyanmarExpress

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်