Subscribe to our RSS Feed
Showing posts with label NLD ပါတီ၏ အမှားတော်ပုံများ. Show all posts
Showing posts with label NLD ပါတီ၏ အမှားတော်ပုံများ. Show all posts
လူမပြောင်း၊ မူမပြောင်းဘဲ စနစ်ဟောင်းကို တော်လှန်ချင်သူတွေ
CRPP အဖွဲ့ဝင်ဟောင်းတွေ ၀င်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်တွေမှာ NLD ပါတီက ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်းကို ဦးဝင်းထိန်၊ ဦးဥာဏ်ဝင်း၊ ဦးဟံသာမြင့်တို့ရဲ့ စကားကို ကိုးကားပြီး SNLD က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်က ပြုလုပ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းစာရှင်းလင်းပွဲမှာလည်း ဒီချုပ်အနေနဲ့ CRPP အဖွဲ့ဝင် တိုင်းရင်းသား မဟာမိတ်ပါတီတွေ ၀င်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်များမှာ ညှိနှိုင်း သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ မဲဆန္ဒနယ် မထပ်အောင် မဟာမိတ် သဘောမဟုတ်တောင် ပူးပေါင်းလုပ်မယ့် သဘောမျိုးပါ။ ဒီအချက်ဟာ တိုင်းဒေသကြီးတွေမှာ ၀င်ပြိုင်မယ့် ပါတီတွေ အတွက် အင်မတန်လိုအပ်တဲ့ အလုပ်ဖြစ်ပါတယ်။ ပြည်နယ်တွေမှာက တိုင်းရင်းသား အခြေခံဖြစ်တဲ့ အတွက် ပြည်ခိုင်ဖြိုးကို တစ်စုံတစ်ရာအထိ ယှဉ်နိုင်မယ့် သဘောရှိပါတယ်။ 
ဒါပေမယ့် ထုံးစံအတိုင်း ညှိမရဘူး။ CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ရခိုင်ပြည်နယ်မှာ  NLDနှင့် မဲဆန္ဒနယ်ခွဲဝေယှဉ်ပြိုင်ရေးမလုပ်ဘူး ဆိုပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဧရာဝတီ ကို ပြောလိုက်ပါတယ်။ NLD ဘက်ကအပြောကို ကြည့်ရင် သူတို့က ပါတီကြီးဖြစ်လို့ သူတို့ရှိရင် လက်ရှောင်ပေးမယ့် သဘောတွေ့မိတယ်။ စာရေးသူ အမြင်ပြောရရင်တော့ မဲဆန္ဒနယ်တစ်ခုမှာ ဘယ်ပါတီ ၀င်ပြိုင်မယ်ဆိုတာ ဆုံးဖြတ်တဲ့အခါ ပါတီကြီး၊ ပါတီငယ် ဆိုတာထက် ဘယ်သူ့ ကိုယ်စားလှယ်က နိုင်ဖို့ အလားအလာပိုများ သလဲဆိုတာကိုပဲ ဦးစားပေး သင့်တယ်။
အဲဒီပါတီကြီး၊ ပါတီငယ် ကိစ္စဟာ ၉၀ ရွေးကောက်ပွဲတုန်းကလည်း ဦးရွှေအုံး ပါတီနဲ့ ဒီချုပ်ကြားမှာ ရှမ်းပြည်နယ်နဲ့ပတ်သက်ပြီး ပြဿနာဖြစ်ခဲ့ဖူးပါတယ်။ ပထမတုံးက ရှမ်းပါတီပြိုင်တဲ့ နေရာမှာ ဒီချုပ်က မပြိုင်ဖို့ သဘောတူခဲ့တယ်။ နောက်တော့ ဦးကြည်မောင်တို့က ပါတီအဖွဲ့အစည်းတွေ ဖွဲ့ထားပြီး မပြိုင်ရင် ကလေးတွေ စိတ်မကောင်းဖြစ်မယ်ဆိုပြီး မဲဆန္ဒနယ် လေးဆယ်ကျော်မှာ ၀င်ပြိုင်တယ်။ နောက်ဆုံးတော့ ဦးရွှေအုံးတို့ပဲ အများစု နိုင်ပေမယ့် ပါတီနှစ်ခုကြား ဆက်ဆံရေး ကတော့ မကောင်းတော့ဘူး။ ၂၀၀၉ ခုနှစ်က ဦးရွှေအုံးရေးတဲ့ ပြည်ထောင်စုနဲ့ ပတ်သက်တဲ့ စာတမ်းထဲမှာ အဲဒီကိစ္စ ပြန်ဖော်ထားပြီး ဒါကို ဗမာပါတီများရဲ့ လူမျိုးကြီး ၀ါဒအဖြစ် မြင်တဲ့ သဘော ပြောထားတယ်။
အခုလည်း CRPP ရွေးချယ်ခံတွေနဲ့ ဒီချုပ်တို့အကြား ညှိညှိနှိုင်းနှိုင်းလုပ်မယ်ဆိုနေပေမယ့် အများစုက အရင်လူဟောင်းတွေဖြစ်သလို၊ မူတွေကလည်း အဟောင်းတွေလို့ ဆိုရမှာပါ။ ဒီတော့ မိမိပါတီ အသာစီးရရေး သူနိုင်ကိုယ်နိုင် အပြိုင်ကြဲရင်း ဒီမိုကရေစီမဟာမိတ်များအကြား အကွဲအပြဲများ ပြန်ဖြစ်နိုင်ကြောင်း သုံးသပ်မိပါတယ်။
ဒေါက်တာမျိုးချစ်
.. https://www.facebook.com/MyanmarExpress
သမဂ္ဂအဆောက်အဦကို ဖြိုခွဲခဲ့တာ NLD ဥက္ကဋ္ဌဟောင်း ဦးအောင်ကြီး၊ သမဂ္ဂနာမည်ကို ဖျောက်ခဲ့တာ NLD လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်
၁၉၆၂ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ကျောင်းသားအဖွဲ့ချုပ်များခေါင်းဆောင် ကိုခင်မောင်အုန်းက တော်လှန်ရေးကောင်စီကို ထောက်ခံကြောင်း လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါ့ကြောင့် ဗကသများအဖွဲ့ချုပ်က အမှုဆောင်အစည်းအဝေးခေါ်ပြီး ဥက္ကဋ္ဌ ကိုခင်မောင်အုန်းကို ထုတ်ပယ်ကာ ဒု-ဥက္ကဋ္ဌ ကိုသက်ကို ဥက္ကဋ္ဌတင်မြှောက်လိုက်ပါတယ်။ အဲဒီနောက် တော်လှန်ရေးကောင်စီကို ကန့်ကွက်ကြောင်း ဗကသက ပြန်လည်ကြေညာခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဗကသ ဟာ အစိုးရတို့အကြား တင်းမာခဲ့တာပါ။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ မနက် ၄ နာရီအချိန်မှာတော့ ကျောင်းသားသမဂ္ဂအဆောက်အဦကို ဖြိုခွဲဖျက်ဆီး ခံလိုက်ရပါတယ်။ သမဂ္ဂအဆောက်အဦ ဖျက်ဆီးချိန်မှာ အဓိက တာဝန်ရှိသူကတော့ NLD ပါတီ ဥက္ကဋ္ဌဟောင်း ဦးအောင်ကြီးဖြစ်ပါတယ်။
ဇူလိုင်လ ၇ ရက်နေ့ ကျောင်းသားဆူပူမှုဖြစ်ချိန်မှာ ဗိုလ်အောင်ကြီးက ဗိုလ်နေဝင်းထံ သတင်းပို့ဖို့ ထွက်သွားပါတယ်။ အဲဒီချိန်က ကွန်မြူနစ်တွေ ကျောင်းသားများ အတွက်လက်နက်များ ပို့ပေးထားကြောင်း၊ ကွန်မြူနစ်များရဲ့ မြေပေါ်ဌာနချုပ်က  သမဂ္ဂ အဆောက်အဦဖြစ်ကြောင်း သတင်းတွေ၊ ဓာတ်ပုံများနဲ့ အထောက်အထားတွေ  ထွက်ပေါ်နေချိန် ဖြစ်ပါတယ်။ ဒီအကြောင်းကို ၁၈၉၈ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ VOA နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သမဂ္ဂတွင် ကျောင်းသားများ လက်နက်ကိုင်သူရှိကြောင်း၊ လူနာများ အထဲဆွဲသွင်းကာ တံခါးပိတ်သွားတာကြောင့် ဖြိုခွဲခဲ့တာဖြစ်ကြောင်း NLD ဥက္ကဋ္ဌ ဦးအောင်ကြီးက ဝန်ခံပြောဆိုခဲ့ပါတယ်။ 
ဦးအောင်ကြီးဟာ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို ထူထောင်ခဲ့ပြီး ဥက္ကဋ္ဌ ရာထူးကို ရယူခဲ့ပါတယ်။ ဦးအောင်ကြီးက ဥက္ကဋ္ဌ၊ ဦးတင်ဦး ဒုဥက္ကဋ္ဌ နဲ့ ဒေါ်အောင်ဆန်းစုကြည်က အတွင်းရေးမှူးဖြစ်ပါတယ်။ သမဂ္ဂအဆောက်အဦ ဖြိုခွဲခဲ့သူ ဦးအောင်ကြီးဟာ NLD ပါတီရဲ့ ဖခင်ကြီးဆိုရင်လည်း မမှားပါဘူး။
သမဂ္ဂအဆောက်အဦပျောက်ဆုံးပြီး ၅၃ နှစ်ကြာမှာတော့ သမဂ္ဂဆိုတဲ့ နာမည်ပါ ပျောက်ခဲ့ရ ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြိုးဇေယျာသော်က ကျောင်းသားတွေဘက်က တင်ပြထားတဲ့  “သမဂ္ဂ” ဆိုတဲ့ စကားလုံးတွေကို ဖြုတ်ဖို့ ၂၀၁၅ ခုနှစ် ဧပြီလက လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။
အမျိုးသားလွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်လို့ ဥပဒေမူကြမ်းကို NLD လွှတ်တော်ကိုယ်စားလှယ် ဖြိုးဇေယျာသော်က ဦးဆောင်ပြီး “သမဂ္ဂ” ဆိုတဲ့ စကားလုံးများကို ဖြုတ်ကာ ပြင်ဆင်အဆိုပြုချက် တင်သွင်းရာ NLD ပါတီဝင်အားလုံး ထောက်ခံခဲ့တာကြောင့် ဧပြီလ ၇ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ 
“ပြင်ဆင်တဲ့အဆိုပြုချက်ထဲမှာ ကျောင်းသားသမဂ္ဂ၊ ဆရာများသမဂ္ဂဆိုတဲ့ စကားလုံးတွေ ကို ဖြုတ်ထားတာ တွေ့ပါတယ်” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဆိုပါ တယ်။ မဲခွဲချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား NLD ပါတီဝင်တွေက သမဂ္ဂစာလုံးကို ဖြုတ်ဖို့ ထောက်ခံခဲ့ကြပါတယ်။ ကျောင်းသားသမဂ္ဂအဆောက်အဦကို ဖြိုခဲ့သူ ဦးအောင်ကြီး တည်ထောင် ခဲ့တဲ့ NLD ဟာ ဒီကနေ့မှာတော့ သမဂ္ဂဆိုတဲ့ နာမည်ကိုပါ ပျောက်အောင် ဖျောက်ဖျက်ပစ်လိုက် တာပါ။ ဦးအောင်ကြီး ကိစ္စ သင်ပုန်းချေနိုင်ဖို့ ကြိုးစားတုန်းမှာဘဲ ဇေယျာသော်ရဲ့ လုပ်ရပ်ကြောင့် သည်းခံနိုင်စရာအကြောင်းမရှိတော့ပါ။ သမဂ္ဂအဆောက်အဦကို ဖျောက်ဖျက်ခဲ့တဲ့ကိစ္စနဲ့ သမဂ္ဂ နာမည် ဖျောက်ဖျက်ခဲ့တဲ့ ကိစ္စတို့ အတွက် NLD ကို ကမ္ဘာမကျေပါဘူး။ သမဂ္ဂဆိုတာ သမိုင်းနဲ့ ပေါ်ပေါက်လာခဲ့ပြီး ဘယ်သူဖျောက်ဖျောက်မပျောက်တဲ့ တော်လှန်ရေးအဖွဲ့ဖြစ်တယ်ဆိုတာ သမဂ္ဂနာမည် ဖယ်ထုတ်ရေး ထောက်ခံခဲ့တဲ့ ဒေါ်စုနဲ့ NLD အမတ်အားလုံး တစ်နေ့ ကောင်းကောင်း သိလာပါလိမ့်မယ်။
.. https://www.facebook.com/MyanmarExpress
NLD နှင့် NDF အက်ကြောင်း
From : .. ဒေါက်တာမျိုးချစ်
    အချိန်ကား ၂၀၁၀ ခုနှစ် ဧပြီလတွင်ဖြစ်သည်။ မေလ ၆ ရက်နေ့တွင် သက်တမ်းကုန်မည့် NLD ပါတီဟောင်းကို ပြန်လည်မှတ်ပုံတင်ရေး/ မတင်ရေး NLD ပါတီအတွင်း အကြိတ်အနယ် ဆွေးနွေးလျှက်ရှိသည်။ အစည်းအဝေးတွင် ကချင်က ကိုယ်စားလှယ်တစ်ဦးနှင့် တနင်္သာရီတိုင်းက ဦးတိုးပိုတို့မှ မှတ်ပုံတင်သင့်ကြောင်း ဆွေးနွေးခဲ့သည်။ သို့သော် အပြန်အလှန် ညှိနိုင်းဆွေးနွေးကြရမည့်အစား ဒေါ်အောင်ဆန်းစုကြည် ၏ မှာကြားချက်ကို ဦးဥာဏ်ဝင်း၊ ဦးအုန်းကြိုင်နှင့် ဦးဝင်းတင် တို့က ထောက်ခံဆွေးနွေးခဲ့ကြသည်။ ထို့နောက်  ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က "ဗဟို ဦးစီး အဖွဲ့ဝင်များရဲ့ ဆွေးနွေး ချက်များအရ တပ်မတော်အစိုးရက ထုတ်ပြန် ထားသော ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ များသည် လုံးဝ မျှတမှု မရှိတော့ပါသဖြင့် NLD ကို ထပ်မံ မှတ်ပုံတင် တော့မည် မဟုတ်ကြောင်း အများ သဘောတူ ကန့်ကွက်သူ မရှိ ဆုံးဖြတ်သည်" ဟု ကြေညာသည်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အကျဉ်းသားအားလုံး လွှတ်ပေးရန် တောင်းဆိုသည့် ဆုံးဖြတ်ချက် ကိုလည်း ချမှတ် လိုက်ကြောင်း ၎င်းက ဆက်ပြောသည်။ 
ပါတီတရားဝင်ပျက်ပျယ်သွားသည့်အခါ ဘာလုပ်ကြမလဲ မေးချိန်တွင် လူမူရေးလုပ်မည်၊ ပညာရေးလုပ်မည်၊ ကျန်းမာရေးလုပ်မည်၊ အမှိုက်ကောက်မည်ဟု ဆိုကြသည်။ NLD ပါတီဝင်အားလုံးနီးပါးမှာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်၏ လောင်းရိပ်မိနေကြသည်။ သို့သော် ထင်ရှားသည့် နိုင်ငံရေးသမားများဖြစ်သည့် ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့် နှင့် အခြားပါတီဝင်အများအပြားသည် ဒေါ်အောင်ဆန်းစုကြည်၏ ဆန္ဒကို ဆန့်ကျင်ကာ ပါတီသစ်ထောင်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ NLD ဖျက်သိမ်းပြီး နှစ်လ အကြာ ၂၀၁၀ ခုနှစ် ဇူလိုင်လ (၉)ရက်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင်ပါတီ ဖြစ်လာခဲ့သည်။ ၎င်းကို NLD ပါတီဝင်များက ရှုံ့ချခဲ့ပြီး NDF သည် NLD နှင့် လုံးဝမသက်ဆိုင်ကြောင်း ပြောဆိုခဲ့ကြသည်။ ပိုဆိုးသည်မှာ NDF ပါတီမှ တံဆိပ်နှင့် အလံအဖြစ်အုံးပြုမည့် ခမောက် အမှတ်အသားကို NLD ပါတီမှ ဦးမြတ်လှ၊ ဦးအောင်စိုးမြင့်နှင့် ဒေါ်နန်းခင်ထွေးမြင့်တို့ဦးဆောင်ကာ ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ပဲခူးနှင့် ဧရာဝတီတိုင်း၊ ကချင်နှင့် ကရင်ပြည်နယ်ရှိ NLD အဖွဲ့ဝင်များက ကန့်ကွက်ခဲ့ကြသည်။ ပါတီစထောင်ချိန်မှစ၍ ၎င်းပါတီနှစ်ခုအကြားတွင် အက်ကြောင်းများရှိနေခဲ့ရာ ယခု ဒေါ်ခင်ဝိုင်းကြည်၏ PR အဆိုကြောင့် ရန်ဘက်အကြီးစားများ ဖြစ်သွားတော့သည်။
၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် ဒေါ်အောင်ဆန်းစုကြည် စိတ်ပြောင်းသွားပြီးနောက် NLD ပြန်လည်မှတ်ပုံတင်ရန် ဆုံးဖြတ်ခဲ့ရာ ၂၀၁၁ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် NDF ပါတီသို့ ပြောင်းသွားသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးမှာ NLD သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး NLD ပါတီ၏ ပထမဆုံး လွှတ်တော်အမတ် ဖြစ်သွားသည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအား ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ သွားရောက်မှတ်ပုံတင်ခဲ့သည်။ 
၂၀၁၃ ခုနှစ် မတ်လ ၉ ရက်နေ့တွင်ကျင်းပခဲ့သည့် အဖွဲ့ချုပ်၏ ဗဟိုညီလာခံဒုတိယမြောက်နေ့တွင် နော်ကထပ် NDF ပါတီမှ NLD သို့ ကူးပြောင်းလိုသူ ဒေါက်တာသန်းဝင်း၊ ဦးကြည်မြင့်၊ ဦးတင်အောင်အောင်နဲ့ ဦးမြင့်သွင်တို့ ၄ဦး အား ပြန်လည်လက်ခံရန် မဲခွဲဆုံးဖြတ်ခဲ့ရာ ကန့်ကွက်မဲ ၄၆၂မဲ၊ ထောက်ခံမဲ ၃၁၉မဲရရှိခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်ဖြင့် NDF ပါတီဝင် လမ်းမတော်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်းနှင့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် လသာ မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့် တို့အား ၂၀၁၃ ဧပြီလတွင် NLD ပါတီဝင်များအဖြစ် ပြန်လည်လက်ခံခဲ့သည်။ ထိုဖြစ်စဉ်ကြောင့် ဒီမိုကရေစီနည်းလမ်းကျစွာ မဲခွဲဆုံးဖြတ်ထားခြင်းအား ဆန့်ကျင်ခဲ့မှုဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလောကမှ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပြီး မကြာသေးခင်ကလည်း ချင်းတိုင်းရင်းသားပါတီမှ အမတ်တစ်ဦး NLD သို့ပြောင်းရွှေ့ခဲ့သည်။ 
အခြားပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ NLD သို့ ပြန်လည်ကူးပြောင်းရခြင်းအပေါ် ဝေဖန်မှုအများအပြားရှိခဲ့သည်။ ၂၀၁၅ ခုနှစ်အတွက် အင်အားကြီးပါတီဟု ယူဆကာ ကူးပြောင်းလာကြခြင်း ဖြစ်နိုင်သလို NLD ထိပ်ပိုင်းခေါင်းဆောင်များမှ စည်းရုံးသဖြင့် ကူးပြေင်းလာခြင်းလည်းဖြစ်နိုင်သည်။  သို့သော် အခြားပါတီဝင်များ NLD သို့ ကူးပြောင်းခြင်းကို အဖွဲ့ချုပ်ပါတီဝင် အများစုက လုံးဝမလိုလားကြချေ။ ပြောင်းလာသူများကလည်း ခံယူချက်ကြီးစွာဖြင့် NLD အတွက် သစ္စာရှိရှိ ပင်ပန်းဆင်းရဲခံနေရ သူများအထက်တွင် နေရာယူလျှက်ရှိရာ မကျေနပ်စရာဖြစ်နေသည်။
ထိုသို့ပြောင်းလာသူများကြောင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်နေရာ ပြဿနာများ ဖြစ်လာနိုင်သည်။ အထူးသဖြင့် NLD သည် ဒီမိုကရေစီပါတီဟု ဆိုသော်လည်း ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်ခြင်းမရှိဘဲ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ၎င်းတစ်ဦးတည်းဆန္ဒဖြင့် စိတ်တိုင်းကျ တိုက်ရိုက်ရွေးချယ်ခြင်းဖြစ်သည်။
ထို့အပြင် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုကိုကြီးမှ NLD ပါတီမှ ရွေးကောက်ပွဲဝင်မည်ဟု သတင်းများထွက်ပေါ်လျှက်ရှိရာ ကိုယ်စားလှယ်လောင်း မှန်းထားသူ NLD ပါတီဝင်များက ၎င်းတို့ မျှော်လင့်ထားသည့် နေရာများသို့ ၈၈မျိုးဆက်များ ဝင်ရောက်လာကာ နေရာပျောက်မည်ကို ဆိုးရိမ်နေကြကြောင်း သိရသည်။ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းသည် လက်ရှိအချိန်တွင် ပါတီထောင်ရန် အင်အားမရှိသလို ပါတီထောင်ပါကလည်း ထောက်ခံမဲထည့်မည့်သူမရှိသဖြင့် NLD သို့ ဝင်ရန်ပြင်ဆင်နေခြင်းဖြစ်ကြောင်း ဝေဖန်မှုများရှိနေသည်။
နိုင်ခြေရှိသဖြင့် အကျိုးမျှော်ကာ NLD ကို ဝင်ရောက်လာသည်ဖြစ်စေ၊ NLD က စည်းရုံးသဖြင့် ဝင်ရောက်လာသည်ဖြစ်စေ၊ NDF နှင့် ခွပြဲကာ ဝင်ရောက်လာသည်ဖြစ်စေ၊ ၈၈ မျိုးဆက်များမှ ဝင်ရောက်လာသည်ဖြစ်စေ အဆိုပါ ပုဂ္ဂိုလ်အားလုံးသည် NLD သို့ရောက်လျှင် ကိုယ်စားလှယ်လောင်းတစ်နေရာ သေချာပေါက်ရမည်ဟု ယုံကြည်နေကြသည်။ ထိုကဲ့သို့သော သာကူးများအတွက် NLD ပါတီတွင် စိတ်ရောကိုယ်ပါ နစ်မြုပ်ကြိုးစားနေသည့် ခံယူချက်ရှိသူများက နေရာဖယ်ပေးရခြင်းမှာ မတရားလှပေ။ အထူးသဖြင့် ထိုသာကူးများက NLD ကို ထာဝရဝန်ရံနေသည့် အောက်ခြေသိမ်း NLD ပါတီဝင်များ၏အထက်ရာထူးသို့ ချက်ချင်း နေရာရသွားလျှင် နှစ်ပေါင်းများစွာ ပေးဆပ်လာသည့် ပါတီဝင်သူရဲကောင်းတို့မှ ကျေနပ်မည်မဟုတ်ပေ။ လက်တလောမှာပင် NLD ပါတီတွင်း၌ ကိုယ်စားလှယ်လောင်းရောဂါထသူ များနေကြောင်း နာမည်ကြီးနေရာ သာကူးအများအပြားရောက်လာပါက မကျေနပ်သူ NLD ပါတီဝင်များမှ ဦးခင်မောင်ဆွေ၏ NDF သို့လည်းကောင်း၊ ဦးသိန်းညွန့်၏ NNDP သို့လည်းကောင်း၊ အခြားပါတီသစ်တစ်ခု ထူထောင်ခြင်းဖြင့်လည်းကောင်း အစိတ်စိတ် အမွာမွာ ကွဲသွားနိုင်သည်ကို ဒေါ်အောင်ဆန်းစုကြည် သတိပြုရမည်ဖြစ်သည်။ 
.. https://www.facebook.com/MyanmarExpress
ေ ဒၚ ေ အ ာ င် ဆ န်း စု ကြ ည် သို့ေ ချ ပ ချ က်
From : .. မိုးမခ
၁၉၆၂ မှာ နေ၀င်းအာဏာသိမ်းတယ်။ တော်လှန်ရေးကောင်စီဆိုပြီး စစ်အာဏာရှင်စနစ်ပေါ်လာတယ်။ ရန်ကုန်တက္ကသိုလ်ဝင်းထဲက ကျောင်းသားသမဂ္ဂအဆောက်အအုံကို နေ၀င်း(နဲ့ အောင်ကြီး)မိုင်းနဲ့ ခွဲပြီး ဖျက်ဆီးပစ်လိုက်တယ်။ ကျောင်းသားထုဟာ တစ်သက်ကမ္ဘာမကျေ၊ ကမ္ဘာကျေသော်လည်း ဥဒါန်းမကျေနိုင်ဖြစ်ခဲ့တယ်။ ကျောင်းသားမျိုးဆက် အဆက်ဆက်ဟာ ကျောင်းသားသမဂ္ဂပြန်လည်ပေါ်ထွန်းလာရေးအတွက်စွန့် စားကြိုးပမ်းဆောင်ရွက်ခဲ့ကြတယ်။ ဒါပေမဲ့ နေ၀င်း – စန်းယုဖိနှိပ်ချုပ်ချယ်မှုက ပြင်းထန်လွန်းတော့၊ ကျောင်းသားသမဂ္ဂဆိုတာ ပြန်လည်ပေါ်ထွန်းမလာနိုင်ခဲ့ဘူး။
ကျောင်းသားသမဂ္ဂပေါ်ထွက်မလာသေးပေမဲ့၊ စစ်အစိုးရဆန့် ကျင်ရေး ကျောင်းသားတိုက်ပွဲတွေကတော့ အဆက်မပြတ်ဖြစ်ပေါ်နေခဲ့တာပါ။ ၁၉၆၂ တော်လှန်ရေးကောင်စီစစ်အာဏာသိမ်းတုန်းက ပထမဆုံးနဲ့  အပြင်းထန်ဆုံး ဆန့်ကျင်ကန့် ကွက်ခဲ့တာ ကျောင်းသားသမဂ္ဂပါပဲ။ ဗ က သ၊ တ က သ၊ ကျောင်းသားသမဂ္ဂတွေပဲ။ ဗ က သ ဥက္ကဋ္ဌ ကိုသက်၊ တ က သ ဥက္ကဋ္ဌ ကိုဗဆွေလေးတို့ ဟာ နေ၀င်းနဲ့ တော်လှန်ရေးကောင်စီကို ပြန်တိုက်ဖို့ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗ က ပ)ဆီ တောခိုသွားခဲ့ကြတယ်။ လူထုဦးလှ – လူထုဒေါ်အမာတို့ ရဲ့ သားကြီး ကိုစိုးဝင်းနဲ့ အခြားကျောင်းသားတွေလည်း လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့  ဗ က ပ ဗဟို ပဲခူးရိုးမကိုရောက်သွားခဲ့ကြတဲ့သမိုင်းပေါ့ ။
၁၉၇၄ ဇွန်(၆) အလုပ်သမားအရေးအခင်းဖြစ်တယ်။ ကျောင်းသားတွေလည်းပါတယ်။ ၁၉၇၄ ဒီဇင်ဘာ (၅) ဦးသန့် ဈာပနအရေးအခင်းဖြစ်တယ်။ စစ်တပ်က အကြမ်းဖက်နှိမ်နင်းပြီး၊ ကျောင်းသားအမြားအပြားထောင်ထဲရောက်ကြရတယ်။ သေကြေဒဏ်ရာတွေရခဲ့ကြတယ်။ ၁၉၇၅ ဇွန်(၆) အလုပ်သမားအရေးအခင်းနှစ်ပတ်လည် ရွှေတိဂုံအထွေထွေသပိတ်မှာ ကျောင်းသားတွေ ရိုက်နှက်ဖမ်းဆီးခံကြရပြန်တယ်။ ၁၉၇၆ မတ်(၂၃) ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှစ်(၁၀၀)ပြည့်ပွဲကို စစ်အစိုးရက တားဆီးနှိမ်နင်း ဖြိုခွင်းပစ်ခဲ့တယ်။ ကျောင်းသားတွေ အစုလိုက် အပြုံလိုက် အကျဉ်းထောင်တွေထဲရောက်ကုန်တယ်။ (ကျနော် မှိုင်းရာပြည့်အရေးအခင်းမှာ ပုသိမ်ကောလိပ်ကနေ ထောင်ထဲရောက်ခဲ့တယ်)
` စစ်အာဏာရှင်စနစ်ဆန့် ကျင်ဖြုတ်ချရေး တိုက်ပွဲစဉ်ကြီးမှာ ကျနော်တို့ မှာ စုရပ်ဖြစ်တဲ့ “ကျောင်းသားသမဂ္ဂ” မရှိခဲ့ပါဘူး။ (ကျောင်းသားသမဂ္ဂဖွဲ့ စည်းနိုင်ဖို့ အခြေအနေမပေးခဲ့ပါ) ကျောင်းသားတွေဟာ ဘုံရန်သူကို ဆန့် ကျင်တိုက်ခိုက်ဖို့ ၊ တူညီတဲ့ရပ်တည်ချက်၊ ရည်မှန်းချက်၊ တော်လှန်တဲ့ကျောင်းသားစိတ်ဓာတ်ကို စုရပ်ထားပြီး၊ ကျောင်းသားညီညွတ်ရေးထူထောင်ခဲ့ကြရတာပါ။ ခွပ်ဒေါင်းအလံတော်အောက်မှာ စုစည်းတိုက်ပွဲဝင်ခဲ့ကြတာပါ။
၁၉၇၆ (မှိုင်းရာပြည့်အရေးအခင်း)မှာ ၇၄- ၇၅ ကျောင်းသားခေါင်းဆောင် ကိုဆလိုင်းတင်မောင်ဦး ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့သမိုင်း။ ဒီသမိုင်းကို ကျနော်တို့ ဒီအတိုင်း မေ့ပျောက်ထားရစ်ခဲ့ရမှာလား ဒေါ်အောင်
ဆန်းစုကြည်ရယ်။
မ ဆ လစစ်အစိုးရကလည်း ရက်ရက်စက်စက်ကိုင်တွယ်တယ်။ ကျောင်းသားတွေကလည်း ရဲရဲရင့်ရင့် ရင်ဆိုင်တယ်။ နောက်တော့ ကျောင်းသားတွေဦးဆောင်တဲ့ ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်လာတယ်။ မ ဆ လ ပါတီနဲ့ အစိုးရ တစ်စတစ်စယိုယွင်းကျဆုံးလာတယ်။ ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်ရောက်လာတယ်။ ဘကြီးနုက စင်ပြိုင်အစိုးရဖွဲ့ ပြီး အာဏာပြန်တောင်းတယ်။ (မအောင်မြင်လိုက်ဘူး)
ကျနော်တို့ မျိုးဆက်ခေတ်(၇၄- ၇၅- ၇၆)မှာ ကျနော်တို့ ဘယ်လိုမှာမဖွဲ့ စည်း၊ မတည်ထောင်နိုင်ခဲ့တဲ့ ကျောင်းသားသမဂ္ဂကို သူတို့ (မင်းကိုနိုင်၊ ကိုကိုကြီး၊ မိုးသီးဇွန်)ထူထောင်နိုင်ခဲ့ကြတယ်။သူတို့ ကို ကျနော်တို့ ကျောင်းသားဟောင်းတွေက အားပေးဝန်းရံခဲ့ကြတယ်။
နောက်တော့၊ တိုတိုပြောရရင် ၈၈ စက်တင်ဘာ(၁၈) မ ဆ လ အကြွင်းအကျန်စစ်တပ်က အာဏာ သိမ်းသွားတယ်။ ၁၉၅၈ မှာတစ်ကြိမ်၊ ၁၉၆၂ မှာတစ်ကြိမ်၊ အခုတစ်ခါ ၁၉၈၈မှာ အာဏာသိမ်းတာဟာ တတိယအကြိမ်သိမ်းတာပဲ။ စစ်တပ်အာဏာတစ်ခါသိမ်းရင် အနှစ်(၃၀)လောက်(၂၆ နှစ်)ကြာတယ်ဆိုတဲ့ ခါးသီးတဲ့ သမိုင်းသင်ခန်းစာတစ်ခု ကျနော်တို့ ကြုံတွေ့ ခဲ့ကြရပြီ။
“ … ကျောင်းသားသမဂ္ဂအဆောက်အအုံကြီးကိုလည်း ပျော်ပျော်ပါးပါးကြီး အတူအုတ်မြစ်ချကြတာပေါ့ ” တဲ့။ ဒေါက်တာမောင်မောင် ကျောင်းသားနဲ့ ပြည်သူတွေကို ပျားရည်နဲ့ ဝမ်းချဖို့ ကြိုးစားခဲ့တာပါပဲ။
ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာဖွဲ့ စည်းထူထောင်နိုင်ကြပြီဆိုရင်၊ ကျောင်းသားသမဂ္ဂအဆောက်အအုံသစ်ကြီးလည်း ပြန်လည်ပေါ်ထွက်လာပြီဆိုရင်၊ ဒါဟာ မြန်မာ့မြေ မြန်မာ့ရေပေါ်မှာ စစ်အာဏာရှင်စနစ် လုံးလုံးချုပ်ငြိမ်းပြီး၊ တရားမျှတ လွတ်လပ်ခြင်းနဲ့ ငြိမ်းချမ်းတည်ငြိမ်တဲ့ တိုင်းသစ်ပြည်သစ်ဖြစ်ပြီလို့ စိတ်ချလက်ချ မှတ်ယူနိုင်ပြီပဲ မဟုတ်လား။
ဆက်ပြောရရင်၊ ၈၈ စစ်တပ်ကအာဏာသိမ်းလိုက်ပြီးတော့ န ၀ တ စစ်အစိုးရပေါ်လာတယ်။ ရွေးကောက်ပွဲနဲ့ လူထုကိုနှစ်သိမ့်လိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည် ပါတီထောင်တယ်။ ကျောင်းသားတွေရဲ့ ခွပ်ဒေါင်းအလံတစ်စိတ်တစ်ပိုင်းကိုယူပြီး ပါတီအလံလုပ်တယ်။ (ဗ က သ ခွပ်ဒေါင်းအလံထဲက ခြေမန်းကွင်းကို ဖယ်ပြီး၊ ကြယ်ဖြူကြီးတစ်လုံးထည့်လိုက်တယ်)
ခုတော့၊ ဒေါ်အောင်ဆန်းစုကြည် ဒီစကားကို မေ့သွားခဲ့ပါပြီ။
(ဆ က် ရ န် )
ေ အ ာ င္ ေ ၀ း
မေ ၂၇- ၂၀၁၅။ 
.. https://www.facebook.com/MyanmarExpress
NLD ကို အစိုးရလုပ် အုပ်ချုပ်ပါ ဆိုရင်တောင် တကယ့်ဝန်ကြီးအဆင့် အရည်အချင်း ပြည့်မီသူတွေ ရှိသလား
From : .. https://www.facebook.com/MyanmarHeadlineNews
“NLD အနေနဲ့လည်း ပြင်ရမယ်။ နောက် ဒေါ်စုမရှိရင် ဘာလုပ်မလဲဆိုတာ စဉ်းစားရမယ်။ ဒီလိုပြောလို့ စိတ်ဆိုးလို့ရတယ်။ ဒေါ်စုက အမြဲတမ်း ရှိနေမှာမှ မဟုတ်တာ၊ ဒါက အမှန်တရားပဲ။ NLD ကလည်း ဒေါ်စုကို ဖမ်းထားချိန်မှာ လူတွေကို အရည်အချင်းရှိအောင် လုပ်ခဲ့ရမှာ ဘာမှမလုပ်ခဲ့ကြဘူး။ အချို့ကတော့ လုပ်ခွင့်မရှိတာလည်း ပါတာပေါ့။ အခြေအနေအရ လက်ရှိမှာ NLD ကို အစိုးရလုပ် အုပ်ချုပ်ပါ ဆိုရင်တောင် တကယ့်ဝန်ကြီးအဆင့် အရည်အချင်း ပြည့်မီသူတွေ ရှိသလား။ ရှင်းရှင်းပြောရရင် ဒေါ်စုတစ်ယောက်ပဲ၊ ဒေါ်စုအနေနဲ့လည်း အသေးစိတ်ကအစ အကုန်လိုက်လုပ်နေစရာ မလိုဘူး။ အခုတော့ အကုန်လိုက်လုပ်နေတယ်လို့ ဦးမြင်တယ်။ အဲဒီတော့ ကျန်တဲ့သူတွေကလည်း ဘာမှ မလုပ်ရဲတော့ဘူး။ နောက်တစ်ချက်က နိုင်ငံရေးမှာ အရေးကြီးဆုံးက ဗျူဟာ၊ NLD မှာ အားအနည်းဆုံးက ဗျူဟာပဲ” လို့ ပြောပါတယ်။
သြဂုတ်လ ၇ ရက်နေ့ထုတ် Venus News ဂျာနယ်ပါ
ဆောင်းပါးရှင် စိန်ဗေဒါ၏ “ရှေ့ခရီးလမ်း ဘယ်လိုလျှောက်လှမ်းမလဲ NLD” ဆောင်းပါးမှ ကောက်နုတ်ချက်
.. www.MyanmarExpress.net
NLD ပါတီ၏ အမှားတော်ပုံများ
(၁) အန်အယ်ဒီပါတီဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ်အလွန်အမင်းအားကိုးလွန်းခြင်း
(၂) ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်းတိုင်က သမ္မတဖြစ်ရေးဖြစ်သည့်အတွက် အန်အယ်လ်ဒီပါတီသည် ဒေါ်စု၏ တစ်သွေးတစ်သံတစ်မိန့်အတိုင်း လိုက်နာရသော အဖွဲ့အစည်းဖြစ်သည့်အတွက် ပါတီ၏ လှုပ်ရှားမှု၊ မဟာဗျူဟာ၊ စည်းရုံးမှုများသည် သမ္မတဖြစ်ရေးသို့သာ ဦးတည်ကြခြင်း။
(၃) ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးအတွက် ဦးတည်သောပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးကိုသာ အဓိကထားလွန်းခြင်း။
(၄) ပြည်ပနိုင်ငံများ၏ခရီးစဉ်များတွင် မြန်မာနိုင်ငံကိုအကောင်းမမြင်ကြရန်၊ လက်ရှိအစိုးရကို သိပ်ပြီး မချီးကျူးရန်၊ စီးပွားရေးပိတ်ဆိုမှုတွေကို ဆက်လက်ဆောင်ရွက်ရေး စောင့်ကြည့်ထားသင့်ကြောင်း တို့ကိုသာ ပြောဆိုလွန်းခြင်း။
(၅) ပါဝါမဏ္ဍိုင်ကြီးများဖြစ်သော အစိုးရနှင့် လွှတ်တော်ကြားCheck and balance သဘောအရ ထိမိ ငြိမိဖြစ်နေချိန်များတွင်လွှတ်တော်တစ်ဖက်ထဲကိုသာဦးစားပေးလှည့်လွန်းခြင်း။
(၆) နိုင်ငံခြားရေးမူဝါဒများတွင် အိမ်နီးချင်းနိုင်ငံများ (အထူးသဖြင့် အာရှအင်အားကြီး) တရုတ်နှင့် အမေရိကန်ကြားတွင်ဟန်ချက်ညီ ဆက်ဆံတတ်မှုမရှိဘဲ အနောက်အင်အားကြီးနိုင်ငံဘက်သို့သာ ဦးလှည့်ခြင်း။
(၇) လွှတ်တော်အတွင်းရှိ ပြည်သူ့အရွေးချယ်ခံ အမတ်ဖြစ်သောလည်း လွှတ်တော်ပြင်ပနည်းလမ်းများကိုသာ အားကိုးလွန်းပြီး လူထုတိုက်ပွဲ အသွင်ဆောင်ဖို့သာ ကြိုးစားလွန်းခြင်း။
(၈) အခြေခံဥပဒေပြင်ဆင်ရေး၏ အဓိကကျသော ဥပဒေပြုရေးလွှတ်တော်ကို ထည့်သွင်းဝေဖန်ခြင်းမပြုဘဲ နိုင်ငံတော်သမ္မတ(အစိုးရ) နှင့် တပ်မတော်ကိုသာ ဝေဖန်ပြစ်တင် စိန်ခေါ်သည့်စကားများပြောကြားခြင်း။
(၉) ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်းများ၊အမေးအဖြေများတွင်အခြေခံဥပဒေပြင်ဆင်ရေးနှင့် သမ္မတဖြစ်ရေးသာ ပြောဆိုပြီးပြည်သူ့အကျိုးများအတွက်ေ၀၀ါးဝါးသာပြောဆိုတတ်ခြင်း။
(၁၀) ပါတီတွင်း စီအီးစီ၊ စီစီများ အသံမထွက်ရဲအောင် တစ်ဦးတစ်ယောက်၏ သြဇာဖြင့် စီမံဆောင်ရွက်ပြီး ဒီမိုကရေအမည်ခံထားသော်လည်း ဒီမိုကရေစီစနစ် ကျင့်သုံးမှုမရှိခြင်း။
(၁၁) လူငယ်မျိုးဆက်သစ်ခေါင်းဆောင်များကို နေရာပေး မွေးထုတ်နိုင်မှုမရှိဘဲ တစ်ဦးတည်းအပေါ်သာ မှီခိုလွန်းခြင်း။
(၁၂) သမ္မတဖြစ်မှသာ ပြည်သူ့အကျိုးစီးပွားဆောင်ရွက်နိုင်မည်ဟူသော ပြည်သူ့အရေးထက် အာဏာရရေးကိုသာဦးစားပေးခြင်း။
(၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ထုတ် The Messenger ဂျာနယ်ပါ ဆောင်းပါးရှင် မောင်မောင်ကိုကြီး၏ “ NLD ပါတီဘာတွေမှားနေသလဲ” ဆောင်းပါးပါ ကောက်နှုတ်ချက်)
.. www.MyanmarExpress.net
ဗိုလ်ချုပ်နှင့် NLD ပါတီ
ဒီနေ့ ရပ်ကွက်ထဲမှာ ဘုရားပွဲလည်းရှိတော့ ရပ်ကွက်ကလူတွေလည်းပျော်၊
ဘုရားပွဲလာ သူတွေလည်းပျော်၊ လမ်းတွေလည်းပိတ်။
ဒါပေမယ့် ပျော်နေတဲ့သူတွေကို မြင်ရတာ ခါတိုင်းလမ်းပိတ် တာထက်တော့ ကြည်နူးစရာပေါ့။
ဒီလိုနဲ့ တရွေ့ရွေ့လာရင်း NLD ရန်ပုံငွေအရောင်းဆိုင်လေးတွေရှေ့ အရောက်မှာ
Rap သီချင်းသံ သဲ့သဲ့ကြားလို့ ကားကက်ဆက်ပိတ်၊ မှန်ချပြီး နားထောင်ကြည့်မိတယ်။
အားပါးပါး... နိုင်ငံကျော် Rapper ဇေယျာသော်ပါတဲ့ ပါတီလို့မထင်ရလောက်အောင်၊ မီးကျိုးမောင်းပျက် အိုးနင်းခွက်နင်း Rapping တွေ နားထဲ အားမာန်အပြည့်နဲ့ အတောင့်လိုက်ကြီးဝင်လာတယ်။
ဘာတွေ ဆိုနေတာလည်း သေချာနားထောင်ကြည့်မှ ပိုတောင်ဆိုး။ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း နဲ့ ကျောင်း သားသမဂ္ဂမှာ ဘယ်လိုပါတယ်၊ မြန်မာ့တပ်မတော်ကို ဘယ်လိုစတင်ခဲ့ တယ်ဆို တာတွေ ပါ။
ဗိုလ်ချုပ်အောင်ဆန်းဆိုတာ NLD ပါတီဝင်တစ်ယောက် မဟုတ်ပါ။
NLD ပါတီဆိုတာဟာလည်း ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့ခြင်း မဟုတ်ပါ။
တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်သော
အမျိုးသားရေး   ခေါင်းဆောင်ကြီး တစ်ဦးပါ။
ကြည့်နေရင်းနဲ့ အတွေးစလေးတွေ ဝင်လာပါတယ်...
၁။ NLD ပါတီရံပုံငွေ ဈေးဆိုင်လေးတွေမှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို
ခပ်ညံ့ညံ့ Rap သီချင်းလုပ် ဆိုဖို့၊ အဲဒီလိုဆိုထားတာကို ဖွင့်ဖို့ ဘယ်သူက ခွင့်ပြုထားပါသလဲ...
၂။ NLD ပါတီက ဘာလုပ်လုပ် အများနဲ့သက်ဆိုင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို NLD ရဲ့ ခေါင်းဆောင်ကြီး သဖွယ်၊ စတင်တည်ထောင်သူကြီးသဖွယ် ပိုစတာကြီးတွေကပ်တာဟာ ဘာသဘောပါလဲ...
NLD စည်းရုံးရေးမှူး များဟာဗိုလ်ချုပ်ပုံမပါရင် စည်းရုံးရေး မဆင်းတတ်တော့ဘူးလား၊
ပြည်သူလူထုက လက်မခံမှာကို ကြောက်နေကြတာလား။
၃။ ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေးနိုဘယ်ဆုအပါအဝင် ဆုပေါင်းများစွာ ပိုင်ရှင်ပါ။
ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးပါ။ အဲဒီလို ခပ်ညံ့ညံ့ အလုပ်နဲ့ငွေ မရှာခိုင်းသင့်ပါဘူး.....
၎။ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံကို လမ်းဘေးက ဝါးလုံးတန်းမှာ အကွပ်မပါ၊ ဘောင်မပါ၊
ပလပ် စတစ်လောင်းပြီး ကျွတ်ကျွတ်ကြိုးနဲ့ ချိတ်သင့်ပါသလား...
ကထိန်အလှူခံသူ/လှည့်သူတွေ... Techno သီချင်းတွေဖွင့်ပြီး Beer သောက်ရင်း လမ်းပေါ်
Day Club လုပ်၊ အသားကုန် တွန့်ကြတာကို ရုတ်တရက် သတိရမိသွားပြန်တယ်..
သြော်  လွဲမှားနေတဲ့ ဒေါ်စုပါလား..
အနောက်ဘက်ဆီက စူးစူးဝါးဝါး ဟွန်းသံတွေကြားလိုက်ရလို့ လန့်ပြီး ကားရှေ့ကိုကြည့်လိုက်မိတယ်...
အော်... ရှေ့ကကားတွေ ရွေ့နေပြီဘဲ...
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် သားအဖတို့ရဲ့ ဓါတ်ပုံများကတော့
လမ်းဘေး ဝါးလုံးတန်းလေး မှာ ကျွတ်ကျွတ်ကြိုးလေးတွေတန်းလန်း..တန်းလန်းနဲ့
 လေတိုက်တိုင်း ဘယ်ညာ ယိမ်းနေကြလေရဲ့ ဗျာ...။
ခုချိန်မြန်မာနိုင်ငံကို အလည်လာတဲ့ နိုင်ငံခြားသားတစ်ယောက်ယောက်က
ဒီလိုပုံတွေကိုတွေ့တဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းကို NLD ပါတီဝင်တစ်ဦးလို့ ကျိန်းသေထင်မှာပါပဲ။
အခွင့်အရေး အလွဲသုံးစားလုပ်တာမကြိုက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ
"ငါ့ကိုချစ်ရင် ငါ့သမီးကို ထောက်ခံပါ ငါ့သမီးပါတီကို မဲထည့်ပါလို့"
ဘယ်တော့မှ ပြောမှာမဟုတ်ဘူး။ ဖိအား တစ်စုံတစ်ရာကြောင့် ပြောရမယ်ဆိုရင်တောင်
အသက်သာ အသေသာခံသွားမယ် ဘယ်တော့မှ ပြောမှာမဟုတ်ပါဘူး။
ဘင်္ဂလား ဝန်ကြီးချုပ် ရှိက်ဟာဆီနာရဲ့ အဖေဟာလည်း ဘင်္ဂလားပြည် ထူထောင်ခဲ့တဲ့ လွတ်လပ်ရေးဖခင်ကြီးပဲ။ သူလည်း သူ့အဖေပုံကြီး နေရာတကာ ပြမစားပါဘူး။
ကိုယ်ပိုင် အရည်အချင်းနဲ့ အဖေ့နာမည် တစ်လုံးနဲ့တင် လုံလောက်နေပြီပဲ။
ဒီဘက်မှာတော့ ကိုယ့်အဖေရဲ့ အကျင့်သိက္ခာနဲ့ခံယူချက်ကိုပဲ သောက်ဂရု မစိုက်တာလား။
နိုင်ငံရေးအမြတ်ထုတ်တာလား။ တစ်ခုခုတော့ တစ်ခုခုပါပဲ။
မိဘ ဦးထိပ်ထားရင်လည်း ဥက ပေါက်တာ မဟုတ်တော့ ဒေါ်ခင်ကြည်ပုံပါ ထည့်ပြီး ဦးထိပ်ထားသင့်တာပေါ့။ အဖွား ဒေါ်ခင်ကြည်လည်း သူနာပြုဆရာမ၊ ပါလီမန် အမတ်၊
ဝန်ကြီး သံအမတ် ဆိုပြီး နိုင်ငံအတွက် အလုပ်တွေ အများကြီး လုပ်ခဲ့တာ ပဲ လေ။
ဘွဲ့ရ ပညာတတ်ပြီး ဘာအလုပ်မှ လက်ကြောတင်းအောင် မယ်မယ်ရရ မလုပ်ဖူး ပဲ
ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ လေပေါနေ ခဲ့သူ မှ မဟုတ်တာပဲ....
တကယ်ဆို ဒေါ်ခင်ကြည်ပုံပါချိတ်သင့်တာပေါ့။
အဲလိုပြောလို့ ငါတို့ပါတီတစ်ခုထဲသုံးတာမဟုတ်ဘူး ကျန်တဲ့နေရာတွေမှာလည်း သုံးကြတယ်။
ဥပမာ စစ်တပ်ကိုပဲကြည့်ဆိုရင်လည်း သုံးတဲ့နေရာချင်းတော့တူမှာမဟုတ်ပါဘူး။
စစ်တပ်မှာက ဗိုလ်ချုပ်အောင်ဆန်းပုံကို တပ်မတော်ကိုတည်ထောင်ခဲ့စဉ်က
အဓိကအခန်းကဏ္ဍကနေ ဦးဆောင်ဦးရွက်ပြု ပါဝင်ခဲ့သူတစ်ဦးအနေနဲ့ တလေးတစား ခန်းမကြီးတွေထက်မှာ ချိတ်ပြီး ဂါရ၀ပြုထားကြတာပါ။ NLD ပါတီလုပ်မှပဲ ဗိုလ်ချုပ်အောင်ဆန်းခမျာ လမ်းဘေးပလက်ဖောင်းရောက်လိုရောက်၊ အောင်ဆန်းသွေးဖြစ်လိုဖြစ်၊ rap သီချင်းလုပ်ဆိုခံရနဲ့ ဒေါ်စုအနေနဲ့ ရှက်တတ်ရင် လဲသေလို့ရပါတယ်။
နောက်ဆုံးအနေဖြင့် ဗိုလ်ချုပ်နာမည်နဲ့ လုပ်စားနေသည့် ဒေါ်စု အားတစ်ခုပြောလိုပါသည်။
NLD ပါတီကို ဗိုလ်ချုပ် တည်ထောင်ခဲ့တာ မဟုတ်သည့် အတွက်
ဗိုလ်ချုပ်နာမည်နှင့် အလှူခံခြင်းများ၊ ပါတီ အတွက် စီးပွားရှာခြင်းများကို
ရှောင်ရှားသင့်ပါကြောင်း အကြံပြု ပြောကြားလိုက်ပါတယ် ။
ဥပဒေ မလိုက်နာသည့် NLD ပါတီ ပိတ်ပင်ခြင်း ခံရနိုင် ဟု ဆို
ဥပဒေ မလိုက်နာသည့် NLD ပါတီ ပိတ်ပင်ခြင်း ခံရနိုင် ဟု ဆို
Tuesday, May 27, 2014
ရွေးကောက်ပွဲကော်မရှင်က သတိပေးချက် ထုတ်ပြန်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကြံပေး ဦးကိုနီက ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ရာ ပါတီပိတ်သိမ်းသည် အထိ အရေးယူခြင်း ခံရနိုင်ကြောင်း သိရှိရသည်။
NLD ပါတီ၏ ဥပဒေအထောက်အကူပြုကော်မတီဝင်၊ ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကြံပေး ဦးကိုနီက ရွေးကောက်ပွဲကော်မရှင်သည် အခြေခံဥပဒေနှင့် မညီ ဟု ပြောနေသော်လည်း တရားဝင် ပြောနိုင်သည်မှာ အခြေခံဥပဒေခုံရုံးသာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်မှ ခုံရုံးသို့ ပေးပို့၍ ဆုံးဖြတ်ချက် ရယူသင့်ကြောင်း၊ ကျန်သည့် နိုင်ငံရေးပါတီ ဥပဒေ၊ လွှတ်တော်ဥပဒေများကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဂရု စိုက်ရန် မလိုကြောင်း၊ ယင်းဥပဒေများမှာ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ခေါင်းဆောင်မျိုးကို တားဆီးနိုင်ခြင်း မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် လုပ်သမျှ ဥပဒေနှင့် ညီညီ မညီညီ ဂရုမစိုက်ကြောင်း၊ ပြည်သူလူထု ထောက်ခံနေလျှင် ပြီးပြီ ဖြစ်ကြောင်း တုံ့ပြန် ပြောကြားခဲ့သည်။
NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးကလည်း ဒေါ်အောင်ဆန်းစုကြည်သည် မည်သည့်ဥပဒေကိုမျှ အရေးစိုက်ရန် မလိုကြောင်း၊ မတရားဘူး ထင်လျှင် လိုက်နာစရာမလိုကြောင်း၊ လူထုလမ်းပေါ်ထွက်လာလျှင် အုပ်ချုပ်ရေးယန္တရားများ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း၊ မိမိတို့ပါတီအနေဖြင့် အနောက်နိုင်ငံများမှ စီးပွားရေးပိတ်ဆို့မှုများ ချက်ချင်း ပြုလပ်ရန် ကြိုတင်ပြောကြားထားပြီး ဖြစ်ကြောင်း၊ ဒီမိုကရေစီ ရရှိရန်သာ အရေးကြီးကြောင်း၊ ဒီမိုကရေစီရရှိရန် ပြည်သူများ ငတ်ပြတ်ခံသင့်က ခံရမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နောက်ကြောင်းပြန်လှည့်ရန် ၀န်မလေးကြောင်း ပြောကြားခဲ့သည်။
'ကျောင်းသား ခေါင်းဆောင်ဟောင်းတချို့က အခြေခံဥပ ဒေကိုလွှတ်တော်ထဲမှာပြင်နိုင်ဖို့ လုပ်ကိုလုပ် ရမယ်။ မရရင် အခြားနည်းနဲ့သွားမယ်။ အဲ ဒီမှာမပြင်ဘူး။ မရဘူးဆိုရင် တိုင်းပြည်ဟာ အကျပ်အတည်းဖြစ်မယ်။ သွေးချောင်းစီး မယ်။ နောက်ထပ် ရှစ်လေးလုံးတစ်ခုကို မျှော် လင့်တယ်။ ဖန်တီးမယ်ဆိုတဲ့သဘောကို အ တိအလင်းပြောတာ ကြားလာရတဲ့အခါ ရှေ့ နိုင်ငံရေးအလားအလာအတွက် လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး နိုင်ငံရေးပါတီတစ်ခု ကို တာဝန်ယူနေသူဖြစ်တဲ့အတွက် ခုလိုပြန် လည်ရှင်းလင်းဖို့ လို့အပ်တယ်'' ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားခဲ့သည်။
ထို့ပြင် အခြေခံဥပဒေကို ကာ ကွယ်ပါမည်ဟု ကတိသစ္စာပြုထားသူများ အနေဖြင့် လွှတ်တော်တွင်းမှ ပြင်ဆင်မှသာ မိမိတို့၏ ကတိသစ္စာကို တည်နိုင်မည်ဖြစ် ပြီး ဥပဒေကို ကျောခိုင်းရာမရောက်ကြောင်း၊ ပါတီအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ် ရေးလမ်းကြောင်းမှတစ်ဆင့် နိုင်ငံရေးပါတီ များ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် တပ် မတော်တို့ကြား နားလည်မှုရှိရှိ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးသိန်းညွန့်က ပြောသည်။
ယင်းက ''ပြင်ဆင်ရေးလုပ်သူ တွေအနေနဲ့ သတ္တိရှိရှိလုပ်ဖို့၊ ပြောဖို့လိုတယ်။ ဗွီအိုအေမှာ ပြောခဲ့တဲ့အတိုင်း တိုင်းပြည်ကို သွေးချောင်းစီးအောင် တကယ်လုပ်မှာလား။ ဒါ တကယ်လုပ်မယ်ဆိုရင်လဲ သူ့ရဲ့ နိုင်ငံ ရေးသတ္တိကို ချီးကျူးရမယ်။ ကျွန်တော်တို့နဲ့ မတူပေမယ့် သတ္တိရှိတယ်လို့ ချီးကျူးရမယ်။ ဒါမှမဟုတ်ဘဲနဲ့ တိုင်းပြည်ကို နိုင်ငံရေးမီးရှူး မီးပန်းတွေ လွှတ်ပြီးတော့ လက်တွေ့မှာ တိုင်းပြည်လဲဆုံးရှုံး လူထုလဲနစ်နာ အထူးသ ဖြင့် နိုင်ငံရေးကို ယုံကြည်ချက်ရှိတဲ့ လူငယ် တွေ တောထဲတောင်ထဲ ရောက်သွားနိုင် တယ်''ဟု ဦးသိန်းညွန့်က ဆိုသည်။
P-79465349004
ဒီမိုကရေစီဟုပြောဆိုနေသော်လည်း ဗဟိုချုပ်ကိုင်မှုများ ရှိနေသဖြင့် မြိတ်ခရိုင်နှင့် ပုလောခရိုင်တို့မှ NLD ပါတီဝင်များနှုတ်ထွက်
ရန်ကုန်၊ မဇ္ဈိမ။            ။ ဒီမိုကရေစီအကြောင်း တွင်တွင်ပြောဆိုနေသော်လည်း ဒီမိုကရေစီနှင့်မညီသော ဗဟိုချုပ်ကိုင်မှုများကို အတင်းအကျပ်ပြုလုပ်နေသည်ဟုဆိုကာမြိတ်ခရိုင်နှင့်  ပုလောခရိုင်တို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD)မှ ပါတီဝင် ရှစ်ဦးက နှုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်သည်။
 တနင်္သာရီတိုင်းအတွင်းရှိ့  မြိတ်ခရိုင်နှင့် ပုလောခရိုင်တို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD)ပါတီဝင် ရှစ်ဦး တိုင်းဥက္ကဋ္ဌ၏ စီမံမှုကို မကျေနပ်သဖြင့်  နုတ်ထွက်စာတင်ခြင်းကို မေလ ၁၇ရက်နောက်ပိုင်းတွင် အစည်းအဝေးထိုင်ကာ ဖြေရှင်းသွားမည်ဟု အင်အန်လ်ဒီ၏ တနင်္သာရီတိုင်း စည်းကမ်းထိန်းသိမ်းရေး  ကော်မတီအဖွဲ့ဝင် ဦးသိန်းစိုးက မဇ္ဈိမကို ပြောသည်။
"မနေ့က တင်လာတာတော့ ၈ယောက်ပေါ့၊ ဒီကိစ္စအတွက် လာမယ့်အပတ်မှာ တနင်္သာရီတိုင်းကို ကျန်းမာရေးကွန်ယက်က ဒေါက်တာ တင်မျိုးဝင်းတို့ ၁၇ရက်နေ့ လာမယ့်၊ အဲဒီ့မှပဲ အစည်းအဝေးလုပ်မယ်။ ရက်ကတော့ မရွေးရသေးဘူး။ နုတ်ထွက်တဲ့သူတွေက ကျွန်တော်တို့ရဲ့ အဆုံးအဖြတ်ကို စောင့်နေတယ် လို့ပဲ  မျှော်လင့်ထားတယ် ခင်ဗျ၊ ဒီကိစ္စတွေက တိုင်းဥက္ကဋ္ဌအပေါ် မကျေနပ်ချက်တွေကများတယ်။ အဲဒီ့အပေါ်မှာ ဖြစ်တာပါ"ဟု ဦးသိန်းစိုးက ပြောသည်။
ဧပြီလ ၂၃ရက်က တနင်္သာရီတိုင်း မြိတ်မြို့သို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟံသာမြင့်နှင့်အဖွဲ့ လာရောက်ခဲ့စဉ် ပါတီဝင်များနှင့် အစည်းအဝေး လုပ်ခဲ့ရာ အစည်းအဝေး အစီအစဉ်ကို မကျေနပ်ရာမှ အစပြုခဲ့သည်။ သည့်အပြင် အစည်းအဝေးတွင်လည်း မြိတ်မြို့နယ် NLDမှ ပါတီဝင်တစ်ဦးက မေးမြန်းမှုကို ဦးဟံသာမြင့်က ပြန်လည်ဖြေကြားခြင်း မပြုခဲ့သည့်အတွက် ဒီမိုကရေစီ နည်းမကျဟုဆိုကာ ယင်းနေ့တွင်ပင် နုတ်ထွက်ရန် ပါတီဝင် ကတ်ပြားများကို ပြန်လည်အပ်နှံခဲ့သည်ဟု  ဦးသိန်းစိုးက ရှင်းပြသည်။
ပါတီ၏ လုပ်ငန်းတာဝန်များကို လုပ်ဆောင်ခြင်းမှ ရပ်နားရန် ဧပြီလ ၂၃ရက်က မြိတ်ခရိုင်မှ ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်များအပါအဝင် ပါတီဝင် ၁ဝဦးက လက်မှတ်ရေးထိုး၍ ဦးဟံသာမြင့်ထံ ပေးခဲ့ပြီး ထိုနေ့မှစကာ မြိတ်ခရိုင်နှင့် ပုလောခရိုင်မှ ပါတီဝင်များက ပါတီလုပ်ငန်းများကို လုပ်ဆောင်ခြင်း မရှိတော့ဟု တာဝန်ရပ်နားစာပေးသည့် အထဲတွင် ပါသည့် မြိတ်ခရိုင် NLDမှ ပါတီဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။
"နုတ်ထွက်တာ မဟုတ်ပါဘူး။ တာဝန်ကနေ ရပ်နားတာပါ။ မှန်မှန်ကန်ကန် အရေးယူပေးရင် ကျွန်တော်တို့ ပြန်လုပ်မှာပါ။ တိုင်းအလုပ်မှုဆောင်တစ်ချို့နဲ့ တိုင်းဥက္ကဋ္ဌကိုပါ။  အန်ကယ်ဦးဟံသာမြင့် လာတဲ့အချိန် သူကစကားမှားပြောလိုက်တော့ ပြဿနာဖြစ်သွားတာပေါ့။ ပြဿနာကို ဖန်တီးတာက တိုင်းအလုပ်အမှုဆောင်၊ ဥက္ကဋ္ဌအပါအဝင် လူတစ်ချို့ကြောင့်ပေါ့၊ "ဟု မြိတ်မြို့နယ်မှ NLD ပါတီဝင်တစ်ဦးက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် ဦဟံသာမြင့်ကမူ "ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်လည်း သေချာမသိသေးဘူး။ ဒီကိစ္စကို NLDရဲ့ ဗဟိုစည်းကမ်း ထိန်းသိမ်းရေးကို လွဲပြောင်းထားပါတယ်။ ဒါကတော့ ပါတီတွင်း ကိစ္စလည်းဖြစ်တယ်"ဟု မဇ္ဈိမကို ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုစည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ဦးဥာဏ်ဝင်းကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ယင်းကိစ္စနှင့် ပတ်သက်၍ ဗဟိုကို မရောက်ရှိသေးဟု ပြန်လည်ဖြေကြားသည်။
၂ဝ၁၂ခုနှစ် အောက်တိုဘာလကလည်း ဧရာဝတီတိုင်းအတွင်း ပုသိမ်အပါအဝင် မြို့နယ်များမှ NLD ပါတီဝင် ၁ဝဝခန့်က ဗဟိုထိန်းချုပ်မှု စနစ်ကို မနှစ်ဟုဆိုကာ နုတ်ထွက်ခဲ့သေးသည်။
- http://mizzimaburmese.com
သံဃာတော်များအား နွားနှင့်နှိုင်းခဲ့သော NLD ပါတီမှ လွှတ်တော်အမတ် ဦးမင်းသူကိစ္စ ဘယ်သူတာဝန်ယူမှာလဲ
ယနေ့ မြန်မာနိုင်ငံရှိ ဆိုရှယ်နက်ဝပ်များပေါ်တွင် လူငယ်များအကြား စနောက်နေကြသော 
စကားတစ်ခွန်းထွက်ပေါ်လာခဲ့သည်။ ထိုသည်မှာ ဦးအုန်းမြင့်လို ပါးရိုက်လိုက်ရမလား 
ဟူ၍ဖြစ်သည်။ လွန်ခဲ့သည့် လအနည်းငယ်က ကျေးလက်ဒေသတစ်ခုသို့သွားရောက်ရင်း 
ကျေးရွာလူထု၏ လိုအပ်ချက်များကိုမေးမြန်းရာမှ အစပြုကာ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
မီဒီယာအများတွင် အဆိုပါသတင်းအား အုတ်အုတ်သောင်းနင်း ဖော်ပြခဲ့ကြပြီးနောက် 
အထက်ပါ စကားစုတစ်ရပ် ခေတ်စားလာခဲ့ခြင်းဖြစ်သည်။
အထက်ပါကိစ္စရပ်နှင့်ပါတ်သက်ကာ ဦးအုန်းမြင့်မှ ကျေးရွာလူထုမှ စိတ်ကျေနပ်မှုရရှိသည်အထိ 
လူသိရှင်ကြား ပြန်လည်တောင်းပန်ခဲ့သည်ကိုလည်း တွေ့ရမည်ဖြစ်သည်။ 
စကားပြောပွင့်လင်းသော၊ ရိုးသားသော၊ စစ်သားပီသသော၊ အပြောကြမ်းသော 
ဗိုလ်ချုပ်အုန်းမြင့်ကို မချစ်သော စစ်သားဟူသမျှ မရှိသလောက်ပင်ကြားခဲ့ဖူးသည်။ 
တပ်မတော်တွင် နေစဉ်ကာလတစ်လျှောက် ဗိုလ်ချုပ်အုန်းမြင့်မကောင်းကြောင်းပြောသော 
စစ်သားတစ်ယောက်ဆီကမျှ မကြားခဲ့။ စစ်တက္ကသိုလ်မှာ 
တာဝန်ထမ်းဆောင်နေသည့်အရာရှိ၊ စစ်သည်၊ ဗိုလ်လောင်းများ၊ မိသားစုများ၊ တပ်မ ၈၈ မှ 
အရာရှိ၊ အခြားအဆင့်များ၊ ကရခ၊ မပခမှာ တာဝန်ကျဖူးသည့် အရာရှိ၊ အခြားအဆင့်များ 
ဗိုလ်ချုပ်အုန်းမြင့်၏ စိတ်နေစိတ်ထားကိုအားလုံးအသိပင်ဖြစ်သည်။
ဦးအုန်းမြင့်နှင့်ဆင်သော အလားတူဖြစ်ရပ်တစ်ခုမှာ NLD ပါတီမှ 
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူမှ ရဟန်းဟံဃာ များအား 
"နဖားကြိုးတပ်ပြီးဆောင်ရွက်စေ"၊ "အယာတိုလာကိုယ်တော်တွေ" ဟူ ပြောကြားခဲ့ခြင်း၊ 
ဆရာတော်ဦးဝီရသူအား "ဘုန်းကြီးရူး" ဟု ပြောကြားခဲ့ခြင်းဖြစ်ကာ သံဃာတော်များနှင့် 
သာသာနာတော်ကို စော်ကားခဲ့ခြင်းကြောင့် ၀န်ချ တောင်းပန်ရန် သံဃာတော်များက 
တောင်းဆိုခဲ့သော်လည်း ယနေ့အထိလူသိရှင်ကြား ၀န်ချတောင်းပန်ခဲ့ခြင်းမျိုး မရှိသေးပေ။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူသည် ၄င်း၏ တရားဝင် လူမှုကွန်ရက် 
စာမျက်နှာတွင် ယမန်နေ့က "၉၆၉ ဘုန်းကြီး"၊ "မြို့နယ် မဟန အတွင်းရေးမှူး ကိုယ်တော်နဲ့ 
လယ်ဝေးမြို့နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဌတို့ကို နဖားကြိုး တပ်ပြီး ဆောင်ရွက်စေတယ်" ၊ 
"အစ္စလာမ်ဘာသာဆန့်ကျင်ရေးကို အကြောင်းပြပြီး NLD နဲ့ ဒေါ်စုဆန့်ကျင်ရေးကို 
ဆောင်ရွက်စေခိုင်းတာကို နားမလည်တဲ့ ကိုယ်တော်တွေဟာ သူတို့မကြိုက်တဲ့ 
အယာတိုလာကိုယ်တော်တွေ ဖြစ်သွားကြပါပြီ" စသည်တို့ကို ရေးသား ဖော်ပြခဲ့ခြင်း 
ဖြစ်သည်။
"အမှန်တော့ လွှတ်တော်ကိုယ်စားလှယ် ဆိုတာ အများကြီး ဂရုစိုက်ဖို့ လိုပါတယ်။ 
ပြောတာ ဆိုတာ သွားတာ လာတာ သတိထားဖို့ လိုပါတယ်။ 
ဦးမင်းသူရဲ့ ပြောကြားချက်တွေဟာ စိတ်ခံစားမှုကို ထင်ဟပ်နေသလို တစ်ဘက်ကလည်း 
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ ပေါ်လစီ၊ သဘောထားကို ဖော်ပြရာရောက်ပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ဦးမင်းသူဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့ ပါတီဥက္ကဌ 
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြဲတမ်း အနီးကပ် နေထိုင်ရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ 
ဒီလို လူမျိုးတစ်ယောက်ဆီက ဒီလိုစကားတွေ ထွက်လာတာ ကြည့်ရင် NLD ရဲ့ အတွင်းစိတ်မှာ 
သံဃာတော်တွေကို ဘယ်လို သဘောထားရှိနေလဲ ဆိုတာ မှန်းဆကြည့်နိုင်ပါတယ်။ 
အံ့အားသင့် စရာလည်း ကောင်းပါတယ်။
ဦးမင်းသူဟာ ပါတီထိပ်ပိုင်းနဲ့ နီးနီးကပ်ကပ် တည်ရှိနေတဲ့သူ ဖြစ်တဲ့အတွက် 
သူ့ရပ်တည်ချက်ဟာ ပါတီခေါင်းဆောင်တွေရဲ့ ရပ်တည်ချက်လား၊ သူ့သဘောထားဟာ ပါတီ 
ခေါင်းဆောင်တွေရဲ့ သဘောထားလား သတိထားဖို့ ကောင်းနေပါပြီ" ဟု မြန်မာ 
အမျိုးသားကွန်ရက်အဖွဲ့ဝင်တစ်ဦးက ပြောဆိုခဲ့သည်ကိုလည်း တွေ့ရမည်ဖြစ်သည်။ 
NLD တာဝန်ရှိသူတွေ အနေဖြင့်လည်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ဖြစ်ပြီး 
ဒီလိုမျိုး ဘာသာ သာသနာတော်ကို စော်ကားတဲ့ ဦးမင်းသူအတွက် ထိထိ ရောက်ရောက်
ဖြေရှင်းဆောင်ရွက်ပေးဖို့ လိုအပ်ပေသည်။
ဦးမင်းသူသည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်း ဒေသကြီး 
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မဲဆန္ဒနယ်မြေ တွင် NLD ပါတီကို ကိုယ်စားပြု၍ 
ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သူ ဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့သမိုင်းတွင် အပြောချိုချိုဖြင့် တိုင်းပြည်ကို ရောင်းစားခဲ့သူများ၊
ရောင်းစားချင်သူများ၊ အပြောချိုချိုဖြင့် ပါးစပ်ကသာအလုပ်လုပ်ပြီး နှမ်းဖြူးနေကြသူများ၊ 
အပြောချိုချိုဖြင့် ပြည်သူလူထုကို နှိပ်စက်နေကြသူများ၊ အပြောချိုချိုဖြင့် အာဏာရှင်စနစ်ကို 
အသက်သွင်းခဲ့သူများ၊ အသက်သွင်းနေကြသူများထက် အပြောဆိုးဆိုးဖြင့် 
တိုင်းပြည်အတွက် အမှန်တကယ်အလုပ်လုပ်ခဲ့သော၊ အပြောဆိုးဆိုးဖြင့် 
ဖာနိုင်ငံဖြစ်သွားမယ်ဆိုပြီး ဆဲတစ်ခါ ဆိုတစ်လှည့် အသက်ပေးအလုပ်လုပ်ခဲ့ကြသော 
ဗိုလ်ချုပ်အောင်ဆန်းကို ပိုပြီးလေးစားပါသည်။
ထိုကဲ့သို့ပင် ..............
နိုင်ငံတော်အလံက NLD အလံထက် နိမ့်ကျနေလို့လား ???
From : .https://www.facebook.com/photo.php?fbid=756483551037868&set=a.688219711197586.1073741826.100000286908873&type=1&theater
ဘာ အဓိပ္ပာယ် လဲ
NLD အလံက အလယ်မှာ ရောက်ပီး
နိုင်ငံတော် အလံက ဘေးမှာ တဆင့်နိမ့်ထားတယ်
နိုင်ငံတော်အလံက NLD အလံထက် နိမ့်ကျနေလို့လား ???
ဘယ်လို တွေးရမလဲ မသိတော့ဘူး
CIA ဆီက ထောက်ပံငွေယူခဲ့တဲ့ NLD ၀င်းတင်နဲ့ အရှုပ်တော်ပုံဇတ်လမ်း
အခြေခံဥပဒေပြင်ဖို့ ကြံ့ခိုင်ရေးနဲ့ စစ်တပ်နဲ့ပေါင်းပြီး လုပ်မယ် ဆိုတော့ 
ဝင်းတင်ဆိုတဲ့ ခေါင်းဖြူ စွယ်ကျိုးကြီးက သေနာလား၊ ထိပ်ထားလား ဆိုပြီး 
ဟော့ရှော့ ထလုပ်တယ်။ ကဲ ဝင်းတင်ဟာ ဒေါ်စု လက်နဲ့ရေးတာကို 
ခြေနဲ့ ဖျက်နေတာ ဟုတ်သလား-မဟုတ်ဘူးလား စဉ်းစားကြည့်စရာမလိုတော့ဘူး။
မျိုးဆက်သစ်တွေက ၀င်းတင်ဆိုတဲ့ သက်ကြားအိုပြီးကို မိုက်တယ် ခိုက်တယ်ဆိုပြီး 
ကိုးကွယ်နေမှာ စိုး လို့ ခေါင်းဖြူသက်ကြားအိုကြီးအကြောင်း သိသင့်သလောက် ပြောပြလိုက်မယ်။တစ်ကယ်တော့ ၀င်းတင် ဟာ သာကူး သာပေါင်း ဆိတ်လစေ့နိုင်ငံရေးသမားပဲ။ 
ခင်ဗျားကြီး ဘာတွေ ပြော နေတာလဲ။ 
ဦးဝင်းတင်က ဒီမိုကရေစီသမား စစ်စစ်၊ တော်လှန်ရေးသမား စစ်စစ်ဆိုပြီး 
ပြောချင်သပ ဆိုရင် စာကို ဆုံးအောင်ဖတ်ကြ။
ဝင်းတင်မှာ နိုင်ငံရေးခံယူချက် ခိုင်ခိုင်မာမာ မရှိဘူး။ သာရင် ကူးတဲ့ သာကူး။ 
တိတိကျကျ ပြောရင် နေရာရ ရင် ထိုင်ခုံပေးရင် ချက်ချင်းပြောင်းပြီး ကူးတဲ့သူ။
အမေရိကန်အတွက် စာပေဗိမာန်မှာ လုပ်တုန်းက ၀ါဒဖြန့်ချိရေးစာစောင်တွေ 
ဒိုင်ခံရေးပေးခဲ့တာ ၀င်းတင် ပဲ။ ဆရာတက်တိုးနဲ့ ပေါင်းပြီး စာပေဗိမာန်မှာ လုပ်ခဲ့တုန်းက။သူပေါင်းတာက ဗကပတွေ၊ အခု လက်ကျန်ဗကပ
အဆွေးအဟောင်းထဲမှာ အသံ အကျယ်ဆုံးဖြစ်နေတာ။
သိန်းဖေမြင့် သေတာတောင် ဖြောင့်ဖြောင့် မသေရအောင် လုပ်ခဲ့တာ ၀င်းတင်ပဲ။ 
အဲဒီတုန်းက ၀င်းတင် ဟာ မဆလရဲ့ ပြန်ကြားရေးတာဝန်ခံ။ 
ဘာလို့ မဆလမှာ ၀င်းတင် လုပ်ရသလဲ။ 
ကွန်မြူနစ်က ဘာဖြစ်လို့ ဆိုရှယ်လစ်ကို ၀င်ရသလဲ။ မေးစရာ ရှိတယ်။
ရှင်းရှင်းလေးပါပဲ။ ၀င်းတင်ကို ဦးနေ၀င်းက နေရာတစ်နေရာပေးတယ်။ 
ထိုင်ခုံ ရတော့ ၀င်းတင် ဘက် ပြောင်းတယ်။ ဆိုရှယ်လစ် ချစ်သူကြီးပေါ့။ 
အရင်က ကွန်မြူနစ်အိုင်ဒီယာတွေ တစ်ခွန်းမှ မပြောတော့ဘူး။ 
သိသာသမှ သိပ်ကို သိသာလှသပေါ့။ 
ဒါကြောင့် ပြောတာ ဆိတ်လစေ့နိုင်ငံရေးသမား ဆိုတာ။
သိန်းဖေမြင့်သေတော့ လမ်းစဉ်ပါတီနဲ့ ပတ်သက်တဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေ ကျန်ခဲ့တယ်။ 
တစ်ချို့ ဟာတွေက ပါတီ ထိပ်ပိုင်းပဲ သိရမယ့် ဟာတွေ။ 
ပြောရရင် ပါတီရဲ့ လျှို့ဝှက်ချက်တွေပေါ့။
ဝင်းတင်က သိန်းဖေမြင့်ကတော်ဆီက သွားမချလာတယ်။ 
ပြီးတော့ အကွက်ကောင်း တွေ့ပြီဆိုပြီး စာတမ်းဖတ်ပွဲ ထလုပ်တယ်။ 
ခေါင်းစဉ်က (စာရေးဆရာသိန်းဖေမြင့်၊ နိုင်ငံရေးသမား သိန်းဖေမြင့်) ဆိုတဲ့ ခေါင်းစဉ်။ 
ဘယ်သူ့မှ တိုင်ပင်တာ မဟုတ်ဘူး။ သူ့ဘာသာသူ ငါကွ ဆိုပြီး ထလုပ်တယ်။ 
ပါတီတွင်း လျှို့ဝှက်ချက်တွေကို အပြင်ကို ဖွင့်ချတဲ့ စောက်ကျင့်က အခုမှ မဟုတ်ဘူး။
 အရင်ကတည်းက။ အကျင့် ဆိုတာ ဖျောက်လို့ မရဘူး။ 
အခုလည်း NLD အတွင်းရေးတွေ လျှောက်ပြောနေလို့ CEC အစည်း အဝေးတွေဆိုရင်
မသိဘဲနဲ့ စိတ်ထဲရှိတာတွေ လျှောက်လျှောက်ပြောနေတော့ နယ်က NLD ပါတီဝင်တွေ ဇဝေဇ၀ါ ဖြစ်ကုန်တယ်။ NLD ရဲ့ မူဝါဒလား ဘာလား ဖြစ်ကုန်ကြတယ်။ 
ဒေါ်စု မနိုင် ဆရာခေါင်းကိုင် ဖြစ်လာတာပဲ။
ဝင်းတင်က သိန်းဖေမြင့်ရဲ့ စာတမ်းတွေ တွေ့ပြီးတော့ အခွင့် မရှိဘဲ ဖွင့်ချတာ 
ပါတီကို သစ္စာဖောက်တာပဲ။ ဘယ်ပါတီဖြစ်ဖြစ် စည်းကမ်းစည်းမျဉ်းတွေ ရှိတယ်။ 
ပါတီကို ၀င်ထားပြီ ဆိုရင် ယုံကြည်လို့ပဲ ဖြစ်ဖြစ် မယုံကြည်လို့ပဲ ဖြစ်ဖြစ် လိုက်နာရမှာပဲ။ ဒါက နိုင်ငံရေးသမားတွေရဲ့ ကျင့်ဝတ်ပဲ။ ၀င်းတင်က ကျင့်ဝတ် ဆိုတာ မသိချင်ယောင်ဆောင်တယ်။ လမ်းစဉ်ပါတီ ၀င်တာကလည်း နေရာရချင်လို့ ၀င်တာလေ။
ဒီမှာပဲ သိန်းဖေမြင့် ပြဿနာတက်ပါလေရော။သိန်းဖေမြင့်က သေသွားပြီ။
အရှုပ်ထုပ်ဖွတာက၀င်းတင် ဖြစ်နေရော။ သိန်းဖေမြင့်သာ ရှိရင် ၀င်းတင်ကို ဘယ်လို 
တစ်တစ်ခွခွ ပြောမလဲ။ ဒါဟာ သေသွားပြီဖြစ်တဲ့ သိန်းဖေမြင့် ကိုရော 
လမ်းစဉ်ပါတီကိုရော စော်ကားတာ၊ သစ္စာဖောက်တာဆိုပြီး 
လမ်းစဉ်ပါတီက ကန်ထုတ် ပစ်လိုက် တယ်။ အေးရော။
ဆရာဇ၀န အယ်ဒီတာချုပ် လုပ်တဲ့ ကြေးမုံသတင်းစာမှာ ၀င်းတင်က 
နေ့ပိုင်း တာဝန်ယူရတဲ့ ဒုအယ်ဒီတာ ချုပ်။ 
ကြေးမုံမှာ ပြဿနာတွေ ရှာခဲ့တာလည်း သူပဲ။ 
အဲဒီတုန်းက ပြည်တွင်းငြိမ်းချမ်းရေးအတွက် အခြေ အနေ တော်တော်လေး ကောင်းနေတဲ့အချိန်။ ၀င်းတင်က ကွန်မြူနစ်ပီပီ ငြိမ်းချမ်းရေး ကိစ္စတွေမှာ ၀င်ရှုပ် တယ်။ 
ဒီတော့ ဆရာဇ၀နက အတော်ကလေးကို ပက်ပက်စက်စက် ရှုတ်ချတယ်။ 
တိုင်းပြည်နဲ့ လူမျိုးကို ဒုက္ခရောက်အောင် လုပ်တဲ့သူဆိုပြီး။ 
ဟံသာဝတီသတင်းစာကို ပြည်သူပိုင် သိမ်းတော့ ဇ၀နက 
သူ့ကို ကန်ထုတ်ချင်တာနဲ့ အတော် ဖြစ်သွားပြီး 
ဟံသာဝတီကို ပေးကိုင်ခိုင်းလိုက်တယ်။ 
ဒီမှာပဲ ဟံသာဝတီ ၀င်းတင် ဆိုတာ ဖြစ်လာခဲ့တာ။ 
အမှန်က ဆိတ်လစေ့မှန်း သိလို့ ကန်ထုတ်ပစ်လိုက်တာ။
ဝင်းတင် ဆေးရုံတက်တော့ ချို့ချို့ငဲ့ငဲ့ မပြည့်မစုံနဲ့ ဘယ်သူကမှ 
အရေးတယူ လုပ်ပြီး ထောက်ပံ့တာ မရှိ ခဲ့ဘူး။ 
ဝင်းတင် ဒီလို ဖြစ်နေတယ် ဆိုတာ သိရတော့ ဆိတ်လစေ့မှန်းသိသိနဲ့ 
ဦးနေ၀င်းက ပြန် ကြည့်ပေး တယ်။ ဆေးရုံကို ကြေးမုံဝင်းကိုယ်တိုင် သွားပြီး 
ကားပါမစ် တစ်စောင် ပေးတယ်။ ဆိတ်လစေ့ နိုင်ငံရေး သမားကြီးကလည်း 
ဟန်မဆောင်နိုင်ပါပဲ ယူတယ်။ ပြီးတော့ ဦးနေ၀င်းနဲ့ ကြေးမုံဝင်းကို 
ကျေးဇူး တော်တွေ အထပ်ထပ်တင်၊ စိတ်တော်မညို ဗောင်းတော်ကို ရှိခိုးခဲ့တာ 
သက်ကြားအိုကြီး အသိ။ ဒါဟာ အမှန်တရားပဲ။ 
ခါးသီးတဲ့ အမှန်တရားတော့ ဖြစ်ရင် ဖြစ်နေလိမ့်မယ်။
ပြီးတော့ သမိုင်းကို ပြန်ကြည့်။ ရှစ်လေးလုံးမှာ ဦးနေ၀င်းကိုရော သူ့မိသားစုကိုပါ ပြန်ပြီး သမတော့တာပဲ။ ဒါမှ NLD မှာ နေရာ ရမှာလေ။ အဓိက ကတော့ ငါနေရာရရေးပဲ။ 
အဲဒီအချိန်တုန်းက ကြားဖြတ်အစိုးရဖွဲ့ အာဏာလွှဲပေး ဆိုပြီး ကြွေးကြော်ခဲ့တာ ဆိတ်လစေ့နိုင်ငံရေးသမားကြီးပဲ။ ဒေါ်စုလည်း အာရုံတွေ မှောက် မှား၊ 
ဝင်းတင် ဆင်တဲ့ ထောင်ချောက်ကို မမြင်။ 
ဒီမှာပဲ စစ်တပ်ကအာဏာသိမ်းတာတွေ ဖြစ်လာပါလေရော ။ 
စစ်အာဏာရှင်စနစ် နှစ်ပေါင်း(၂၀) ကြာခဲ့တာ ပြန်စဉ်းစားကြည့်ရင် 
ဘယ်သူ့လက်ချက်မှ မဟုတ်ဘူး။ ဆိတ်လစေ့ကြီးရဲ့ လက်ချက်ပဲ။ 
သူ့စကားကို ဦးကြည်မောင်တို့က နားယောင် ဟုတ်နိုးနိုးနဲ့ တော်လှန်ရေး ကလည်း အဟုတ်မြင့်နေလေတော့ ကြားဖြတ်ဖွဲ့-အာဏာလွှဲဆိုပြီး တောင်းတော့တာပဲ။
ပြီးတော့ ဆိတ်လစေ့ဝင်းတင် ဘာဆက်လုပ်ခဲ့သလဲ၊ အမိန့်ဟူသမျှ ဖီဆန်ကြ၊ 
လူထုတိုက်ပွဲ ဒို့အောင်ပွဲ ဆိုပြီး ထိပ်တိုက်ရင်ဆိုင်တဲ့ လမ်းကြောင်းကို မောင်းသွင်းတော့တာပဲ။ 
ဒီမှာပဲ NLD တွေ ထောင်တွေကျ၊ တိုက်တာခံရ ဖြစ်လာတော့တာပဲ။
ကွန်မြူနစ်ကနေ အခြေအနေ မကောင်းတော့လမ်းစဉ်ပါတီဝင်၊ ပြန်ကြားရေးတာဝန်ခံကြီးလုပ်။ သေသွားတဲ့ သိန်းဖေမြင့်ကို နောက်ကျောဓါးနဲ့ထိုး၊လမ်းစဉ်ပါတီက
ကန်ထုတ်ပစ်တော့အစိုးရမကောင်း ကြောင်းတွေ ရေး
ပြီး ပတ်ရမ်းခဲ့တာ ဆိတ်လစေ့ကြီးပဲ။ကြေးမုံဝင်းပေးတဲ့ ကားပါမစ်တစ်ခုကြောင့် 
ဦးနေ၀င်း အကြောင်း မရေးတော့ဘဲ ပါတီကောင်စီဝင်တွေ၊
ဒေသပါတီတွေ အကြောင်း လျှောက်ရေး။ ရှစ်လေးလုံး ဖြစ်တော့ ဦးနေ၀င်းကို ပြန်ချ။ 
NLD မှာ နေရာ ရဖို့။ NLD က အပြောင်းအလဲတွေလုပ် နာယကဆိုပြီး 
ဘေးကန်ထုတ် လိုက်တော့ အခုပဲ ကြည့် ဒေါ်စုကို တိုက် ခိုက်တာတွေ စလုပ်လာပြီ။ 
နာယက ဆိုတဲ့ နေရာလေးတစ်နေရာ ရနေသေးတော့ ဒေါ်စုပြောတာတွေ တစ်လွဲလိုက်ပြောရုံပဲ။ အဲ...NLD နာယက ရာထူးကသာ ထုတ်ပစ် လိုက်ပြီ ဆိုရင်တော့ ဘာပြော ကောင်းမလဲ..ဒေါ်စုမကောင်းကြောင်း၊ NLD မကောင်းကြောင်း ခွတုပ်မှာ 
ဒီဆိတ်လစေ့နိုင်ငံရေး သမားကြီးပဲ။ ဦးနေ၀င်းက ကန်ထုတ်တော့လည်း 
ဒီအတိုင်း လုပ်ခဲ့တာပဲ။ အမှန်က ဘုံပျောက်သွားလို့ ပတ်ရမ်းတာ။
အခုလည်းNLDကသူ့ကိုတစ်ချိန်ချိန်ကန်ထုတ်တော့မယ်ဆိုတာ မြင်နေပြီ။ 
တရား မရနိုင်သေးတော့ သူ့ကို ထုတ်ပစ်ရဲရင် ထုတ်ကြည့်၊ အခုပြောနေတာတွေထက် ပိုပြီး 
ဆိုးတာတွေ ချမယ် ဆိုတဲ့ သဘောနဲ့ NLD ကို ပြန်ပြီး ခြိမ်းခြောက်နေတာ။ 
NLD ကလည်း ဆုပ်လည်းစူး-စားလည်းရူး အခြေအနေ ရောက်နေပြီ။ 
ကန်ထုတ်ပစ်လိုက်ရင် ဆိတ်လစေ့ကြီး ကြံ့ဖွတ် ရောက်သွားမှာပဲ။
နေရာ တစ် နေရာသာပေး အေးဆေး ကိုယ့်လူ ဆိုတာ ဆိတ်လစေ့ကြီးရဲ့ ခံယူချက်ပဲ။
NLD စီအီးစီအဟောင်းတွေ အကုန်သိတယ်။ ငွေရေးကြေးရေးနဲ့ ပြရင် ဆိတ်လစေ့ကြီးပျာပျာသလဲ ဖြစ်နေ တယ် ဆိုတာ။ စီအိုင်အေက သိန်း(၁၀၀) လက်ခံဘူးတယ် ဆိုတာကိုလည်း 
ဆိတ်လစေ့ကြီး ကိုယ် တိုင် NLD CEC အစည်းအဝေးမှာဝန်ခံထားတာ။
အဲဒါကလည်း ထောင်ကျနေတဲ့ နိုင်ကျဉ်းတွေ၊အပြင်က နိုင်ကျဉ်း မိသားစုတွေကို
ထောက်ပံ့မယ် ဘာညာ လျှောက်အော်နေတာ။ လုပ်တာတွေက တစ်လွဲတွေ။
NLD ဦးစိုးသိန်းသား ကောင်မလေးတစ်ယောကို မဟုတ်မဟတ်လုပ်၊ ဗိုက်ကြီးပြီး ပြဿနာတွေတက်တော့ ၀ရမ်းပြေး ဖြစ်တယ်။ ဒီလိုထွက်ပြေးအောင်၊ ဒီလို တာဝန်မယူဘဲ ရှောင်နေအောင် အကြံပေးအခါ တော်ပေး က ဆိတ်လစေ့ကြီးပဲ။ 
ဗိုက်ကြီးတဲ့ ကောင်မလေး မိဘတွေက ရဲကို တိုင်တယ်။ 
ဆိတ်လစေ့ ကြီးကဖွက်ထား ၀ှက်ထားပေးတယ်။ ဒီတော့ ထိန်ချန်မှုနဲ့ အရေးယူခံရတယ်။
 ကဲ စဉ်းစားကြည့်သားသမီးချင်းကိုယ်ချင်းမစာ ၊ ဗိုက်ကြီးတဲ့အခြေအနေရောက်အောင် ကမြင်းကြောထခဲ့တာကို လူကြီး မပီသဘဲ ထွက်ပြေးဖို့ မြှောက် ပင့်ပေး၊
 ပြီးတော့ ဖွက်ထား ၀ှက်ထား။ ဒါ လူကြီးလူကောင်းတဲ့လား။
အခုလည်းကြည့်။အကျင့်ဟောင်းတွေ ပြန်ပေါ်လာပြီ။ ဒေါ်စုကအခြေခံဥပဒေပြင်ဖို့ပါးပါးနပ်နပ် လျှောက်နေ တဲ့ အချိန်မှာ မဖြောင့်တန်းအောင် စစ်တပ် မကောင်းကြောင်းတွေ၊ 
ကြံ့ဖွံ့မကောင်းကြောင်း တွေ ထုတ်ပြောနေတယ်။ တစ်ဘက်က စဉ်းစားရင် ၀င်းတင် ပြောနေတာတွေက ဒေါ်စုကိုယ်တိုင် မပြော ချင်တဲ့ စကားတွေတစ်ဘက်လှည့်နဲ့ ပြောခိုင်းနေတာလားဆိုပြီး ဒေါ်စုအပေါ်ယုံကြည်မှု ပျောက်ဆုံး အောင်လုပ်နေ တာ။
 ဒေါ်စုက ဒီနေ့ တစ်မျိုးပြောရင် နောက်နေ့ ဆိတ်လစေ့ကြီးက ပယ်ပယ်နယ်နယ် တွယ်ပါလေရော။ တွယ်တာမှ ဒေါ်စုကိုလည်း မချန်။ ငါ့ကို လာမလုပ်နဲ့ ဆိုတဲ့ အပေါက်မျိုး။
 ဒေါ်စု စီမံကိန်းတွေ မအောင်မြင်အောင် တစ်ဘက်လှည့်နဲ့ ချနေတာရှင်းရှင်းကြီး မြင်နိုင်တယ်။
လူဆိုတာအကျင့်ဆိုတာ ဖျောက် ဖို့ခက်တယ်။
NLDက ချောင်ထိုးလာတော့ကန်ထုတ်တော့မယ်ဆိုတာသိလာတော့ကယောင်ကတမ်း
သွေးရူးသွေးတန်း အရူးမီးဝိုင်းတွေ လုပ်နေတာ။
ကြာရင် NLD ရော ဒေါ်စုရော ပြဿနာတွေတက်မယ်၊ ၂၀၁၅ မတိုင်ခင် လုပ်ဖို့ မှန်းထားတာတွေ မအောင်မြင် ဖြစ်မယ်။ NLD လည်း တော်လှန်ရေးသမားနဲ့ ပညာတတ် အလွှာ (၂)ပိုင်းကွဲနေရာကနေ ပိုကွဲဖို့ပဲ ရှိတော့တယ်။ အခုဆိုရင်ပဲဆိတ်လစေ့ကြီးကို ထောက်ခံတဲ့လူငယ်တွေတိုးတိုးလာနေပြီ။  ပြီးတော့ ဟန်ဝင်းအောင်တို့၊ နော်အုန်းလှတို့ကသာ တစ်ကယ့်စွန့်လွှတ်အနစ်နာခံသူတွေဦးဝင်းတင်သာလျှင် ပြတ် သားရဲရင့်တဲ့
 ခေါင်းဆောင်ကြီး ဆိုတဲ့ အမြင်တွေ ထွက်လာနေပြီ။
ကိုယ့်စည်းကို ကိုယ်ပြန်သတ်မှ NLDအနာဂတ် ကောင်းလိမ့်မယ်။ နေရာလိုချင်တဲ့ ဖောက်ပြန်ရေးသမားကြီး ကို ကန်ထုတ်ပစ်မှ စောစောစီးစီး စာရင်းပြတ်မယ်။ 
လူထုအုံကြွမှ တော်လှန်ရေး လို့ တစ်ထစ်ချ ခံယူထား တဲ့ ဆိတ်လစေ့နိုင်ငံရေးသမား ဖောက်ပြန်ရေးသမား သက်ကြားအို ခေါင်းဖြူကြီးကို NLDဘယ်လိုကိုင်တွယ် မလဲ ဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပြီ။ ဒါမှမဟုတ် ဆိတ်လစေ့ကြီးကပဲ တက်ကြွလှုပ်ရှား 
လူငယ်တွေ အင် အားယူပြီး NLD ကို ပြန်ပြီး အာဏာသိမ်းသွားတော့မလား. 
အခုဆိုရင်ပဲ NLD CEC ဘာမှလုပ်မရ ဖြစ်နေပြီ ။ ဒီနေ့ ဆုံးဖြတ်ချက်တစ်ခု ထုတ်။ 
နောက်တစ်နေ့ ဦးဝင်းတင်က စောက်တလွဲတွေ ပြော။ 
နယ်အဝေးက NLD တွေ ဘာလုပ်ရမှန်းမသိ။ 
လူငယ်အတော်များများက ဦးဝင်းတင် ပြောတာတွေ ဟာ သူတို့ရဲ့ 
လုပ်ငန်း လမ်းညွှန်ဆိုပြီး ပြောနေကြပါပြီ။
(သခင်ဆိုး)
- http://singaporefeelfeel.blogspot.com
NLD ပါတီဝင်များမှ ဆရာတော် အရှင်ဆန္ဒာဓိကအား ဒေါ်စုအောက် တစ်ဆင့်နိမ့်၍နေရာချထားခဲ့သဖြင့် ဗုဒ္ဓဘာသာဝင်များ ယူကျုံးမရဖြစ်
From : .... The Yangon Time
ရန်ကုန်၊ ဇန်န၀ါရီ ၁၀
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ်ခရီးစဉ်တွင် ကျောင်းဆောင်ဖွင့်ပွဲ တက်ရောက်ချီးမြှင့်ရန် ကြွရောက်ခဲ့သော ရှင်ဆန္ဒာဓိကအား NLD မှ မြင့်မြတ်သောနေရာတွင် ထားရှိခြင်း မပြုသည့်အပေါ် သံဃာများအကြား ဝေဖန်ပြောကြားမှုများ ထွက်ပေါ်လာလျက် ရှိသည်။
ဤသို့ နေရာချထားစီစဉ်မှုကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မခံသင့်ကြောင်း၊ ဆရာတော်အနေဖြင့် စီစဉ်ပေးသည့်အတိုင်း နေရာယူရခြင်း ဖြစ်၍ မည်သည့်စောဒကတက်မှုမှ ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း မျက်နှာ မကောင်းကြောင်း၊ ၄င်းအခမ်းအနား ပြီးသည်နှင့် ဆရာတော်သည် ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်၍ ပြန်လည်ကြွချီလာခဲ့ခြင်း ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် ဆရာတော်အား ယင်းကဲ့သို့ စီစဉ်ပေးထားမှုကို စိတ်မကောင်း ဖြစ်ရကြောင်း ဆရာတော်၏ အနီးကပ်ဒါယကာတစ်ဦးက ပြောကြားသည်။
"ဒေါ်စုက အလယ်တည့်တည့်မှာ ဆရာတော်က ဘေးအစွန်မှာ၊ ပြီးတော့ ထိုင်ခုံကလည်း ဒေါ်စုအတွက် နှစ်ယောက်ထိုင် ထိုင်ခုံ ချထားတယ်၊ ဆရာတော်အတွက်ကျတော့ တစ်ယောက်ထိုင်ထိုင်ခုံ တစ်လုံးတည်းပဲ ရှိတယ်။ ဒေါ်စုလည်း ဒီလို ချထားတာကို သိတယ်ဗျ။ စားပွဲကအစ စီစဉ်ချထားတာက ဆရာတော်က ဘေးမှာ။ ကျွန်တော်တို့လည်း ၀င်ပြောလို့ မကောင်းဘူး။ ဆရာတော်လည်း သိပါတယ်။ ဘာမှသာ မပြောတာ မျက်နှာကတော့ လုံးဝ မကောင်းဘူး။ ဆရာတော်လည်း စိတ်မကောင်း ဖြစ်သွားပုံရတယ်။ မဖြစ်သင့်ဘူးပေါဗျာ" ဟု ၄င်းကပြောသည်။
ရှင်ဆန္ဒာဓိကအား ဤသို့ နေရာချထားခြင်းနှင့်ပတ်သက်၍ NLD ရုံးချုပ်သို့ ဆက်သွယ်မေးမြန်းရာ ချင်းပြည်နယ် NLD တာဝန်ရှိသူများနှင့် ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ်တွင် လိုက်ပါသွားကြသော အနီးကပ်များသို့ ဆက်သွယ်မေးမြန်းရန်သာ ဖြေကြားခဲ့သည်။ ရုံးချုပ်မှ ပေးသော ဖုန်းနံပတ်များကို ဆက်သွယ်နိုင်ရန် ကြိုးစားခဲ့သော်လည်း ယခုသတင်းဖော်ပြချိန်အထိ ဆက်သွယ်နိုင်ခြင်း မရှိခဲ့ပါ။
ချင်းပြည်နယ်တွင် ခရစ်ယာန်အများစု နေထိုင်ကြသည်ဆိုသော်လည်း ဘာသာရေးအရ သံဃာ၊ သင်းအုပ်ဆရာ၊ ဘုန်းတော်ကြီး စသည်တို့ကို အခမ်းအနားများ၌ ဦးစားပေးနေရာချထားလေ့ရှိသည်။ ယခု နေရာချထားမှုမှာ ဒေါ်အောင်ဆန်းစုကြည်သည် ရှင်ဆန္ဒာဓိကထက် ပိုမိုမြင့်မြတ်သည့်အသွင်ဆောင်နေသောကြောင့် ဗုဒ္ဓဘာသာဝင်အချို့က မကျေမနပ် ဖြစ်နေကြောင်း သိရှိရသည်။
အန်အယ်ဒီ (၂)
From : မျိုးမြန်မာ
အန်အယ်ဒီနှင့် တပ်မတော်အစိုးရအကြား မအောင်မမြင်ဖြစ်ခဲ့ရသည့် တွေ့ဆုံဆွေးနွေးမှုများစွာ အကြောင်းမရေးသားခင် ယခင်မြန်မာတီးရှော့ဖိုရမ်တွင် ကျွန်တော်ရေးသားဆွေးနွေးခဲ့သည့် ဆောင်းပါးအား အနည်းငယ် တည်းဖြတ်ကာ ပြန်လည်ဖော်ပြ ရေးသားလိုက်ပါသည်။ ထိုအရာသည် အန်အယ်ဒီပါတီနှင့် ပြည်သူ၏ ထောက်ခံမှုအကြောင်းအား ဆွေးနွေးခဲ့ခြင်းဖြစ်၏။
အန်အယ်ဒီပါတီသည် အိမ်စောင့်အစိုးရနောက်ပိုင်း မြန်မာနိုင်ငံအတွက် ပထမဆုံး ပြန်လည်ကျင်းပသည့် လွတ်လပ်၍တရားမျှတသော ပါတီစုံအထွေထွေရွေးကောက်ပွဲဟု ဆိုနိုင်သော န၀တအစိုးရမှ ပြုလုပ်ပေးခဲ့သည့် 1990 ရွေးကောက်ပွဲတွင် ရလဒ်ပြတ်သားစွာ အနိုင်ရရှိခဲ့၏။ ဤနေရာတွင် ကျွန်တော့်အနေဖြင့် အနည်းငယ် ရယ်ဖွယ်ဖြစ်နေသည်မှာ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ခဲ့ပါသည်ဆိုသည်ကို ချွင်းချက်မရှိ လက်ခံခဲ့ကြသည့် အတိုက်အခံတို့အနေဖြင့် သူတို့လက်ခံခဲ့ခြင်းမှာ အဆိုပါရွေးကောက်ပွဲ၏ ကျင်းပပုံစနစ်တို့ကြောင့်လည်းကောင်း၊ နိုင်ငံတကာမှ စောင့်ကြည့်ခွင့် စသည်တို့ကြောင့်လည်းကောင်း မဟုတ်ပဲ အန်အယ်ဒီပါတီ အနိုင်ရခဲ့ခြင်းကြောင့် ဖြစ်နေခြင်းပင်ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ပါတီအနေဖြင့် အနိုင်မရရှိခဲ့ပါက ထိုကျင်းပပုံစနစ်၊ နိုင်ငံတကာ စောင့်ကြည့်ခွင့်မရခဲ့ခြင်းတို့သည် အဆိုပါရွေးကောက်ပွဲ ရလာဒ်အား အသိအမှတ်မပြုရန် အကြောင်းပြချက်များ ဖြစ်လာမည်ဆိုသည်မှာ အနိုင်မရပါက ရွေးကောက်ပွဲရလဒ်အား အသိမှတ်မပြုပဲ သပိတ်မှောက်ရန် အဆင်သင့်ပြင်ဆင်ထားခဲ့ ကြပုံတို့အား လေ့လာခြင်းအားဖြင့် မြင်တွေ့နိုင်ပေသည်။
ထို့ကြောင့် အန်အယ်ဒီပါတီသည် 90 ရွေးကောက်ပွဲရလဒ်အား ဆုပ်ကိုင်အတည်ပြုထားပါ၏။ အဘယ်ကြောင့်ဆိုသော် အနိုင်ရရှိခဲ့ခြင်းကြောင့် ဖြစ်ပေသည်ဟု ကျွန်တော်ကောက်ချက်ချပါသည်။
ပြည်သူဘက်မှ လေ့လာကြည့်ပါမည်။
ပြည်သူသည် မိမိတို့မှ ထောက်ခံအတည်ပြုခဲ့သည့် အဆိုပါပါတီအနေဖြင့်
  1. မည်သည့်စနစ်၊ နိုင်ငံရေး လမ်းကြောင်းဖြင့် နိုင်ငံတော်အား ပုံဖော်ဦးဆောင်မှုပြုပါမည်။
  2. မည်သည့် ဦးတည်ချက်များ၊ စီမံချက်များဖြင့် နိုင်ငံတော်အား တိုးတက်အောင်ပြုမည်။
  3. မိမိတို့အတွက် မည်သည့်အခွင့်အရေးများ၊ ဘ၀အာမခံချက်များအား တိုးမြင့်ပေးမည့် အစီအစဉ်များ ချမှတ်ထားသည်
    အစရှိသော မဲပေးသူတစ်ဦးမှ သိထားသင့်သည့် ရမည့် အခြေခံအကျဆုံးအချက်များကိုပင် မသိရှိခဲ့ပါ။ အခြားခြားသော စီးပွားရေး၊ နိုင်ငံခြားရေး၊ ပညာရေးစသော အချက်များကိုမူ ထည့်သွင်းပင် မစဉ်းစားနိုင်သည့် အခြေအနေတွင် ရှိခဲ့ပါသည်။
ထိုသို့သော မည်သည့်နိုင်ငံရေးလမ်းစဉ်၊ မူဝါဒများဖြင့် အခြေခံသည်ကိုပင် မသိသောနိုင်သော အဆိုပါပါတီသည် အခြားတစ်ဖက်တွင်လည်း နိုင်ငံအကျိုးပြု စွမ်းဆောင်ချက်များ၊ သမိုင်းကြောင်းများ လုံးဝမရှိသောကြောင့် အဆိုပါအချက်များဖြင့်လည်း ချင့်ချိန်ရန်မဖြစ်နိုင်ပါချေ။
သို့ဆိုလျှင် အဘယ်ကြောင့် အန်အယ်ဒီအား ရွေးချယ်ခဲ့ကြပါသနည်း။
အဓိကအကျဆုံး အချက်မှာ မဆလအားဆန့်ကျင်ရုံ မဲပေးကြခြင်းဖြစ်၏။ မဆလအစိုးရအပေါ် စိတ်ပျက်ငြီးငွေ့နေပြီဖြစ်သော ပြည်သူသည် ထိုအစိုးရမဟုတ်ရင် ပီးရောဆိုသည့် စိတ်ဓါတ်နှင့် မဲပေးခဲ့ခြင်းသည် အဓိကအချက်ဟု ကျွန်တော်မြင်ပါသည်။
စိတ်ဝင်စားဖွယ် ကောင်းသည်မှာ ပြည်သူသည် မဆလအစိုးရအား ဆန့်ကျင်ရုံပီးရော မဲပေးချိန်တွင် များပြားလှသော ဘာမှန်းမသိသည့် ပါတီများအကြား အဘယ့်ကြောင့် အန်အယ်ဒီအား မဲပေးခဲ့ပါသနည်း။ ထိုအချိန်က အန်အယ်ဒီပါတီတွင် ဗိုလ်ချုပ်ပြုတ်များ၊ စစ်အရာရှိဟောင်းများနှင့် ဒေါ်စုကြည်တို့ ဦးဆောင်နေပါ၏။ ပြည်သူသည် ထိုအရာရှိပြုတ်များဟာ စိတ်မ၀င်စားလှသည့်အပြင် အမြင်မကြည်သည့် စိတ်သည်ပင် ရှိကြပါ၏။ ဒေါ်စုကြည်သည်လည်း ပြည်သူ့အနေဖြင့် မိုးကျနတ်သမီးအလား ဘာမှန်းမသိပဲ ရုတ်တရက်ပေါ်လာသော အရာကြီးတစ်ခု ဖြစ်နေပါသည်။ ထိုအခါ ဗိုလ်ချုပ်အောင်ဆန်း၏ အရှိန်သည် ပြည်သူသို့ ကြီးစွာလွှမ်းမိုးမှု ပြုပါတော့၏။ မဆလအား ဆန့်ကျင်စိတ်ဖြင့် ဘယ်သို့ ကပ်ရမည်မသိသော လမ်းပျောက်ပြည်သူသည် ဗိုလ်ချုပ်အရှိန်ဖြင့် ဒေါ်စုကြည်ထံစုရုံးကြပါ၏။ နိုင်ငံခြားမှ ပညာတတ်ကြီးဖြစ်သည်ဆိုသည့် အမြင်ကလည်း သူတို့အား ပိုမိုအထင်ကြီးစေပါ၏။
ထိုသို့လေ့လာမိသောအခါ 1990 ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပါသည်ဆိုသည့် အန်အယ်ဒီပါတီသည် မည်သည့် ဒီမိုကရေစီစနစ်၊ လမ်းစဉ်၊ နိုင်ငံရေးလမ်းကြောင်း၊ စွမ်းဆောင်အားထုတ်မှုအရည်အချင်းတို့ ကြောင့်မှမဟုတ်ပဲ ပုဂ္ဂိုလ်ရေးလွှမ်းမိုးမှုများ၊ မှီရာစွဲကပ်မှုများဖြင့်သာ အနိုင်ရခဲ့ခြင်း ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ထိုသို့ ပါတီအား နိုင်ငံရေးအမြင်ဖြင့် ရွေးချယ်ခဲ့ခြင်းမဟုတ်သောကြောင့်လည်း ပါတီအနေဖြင့် မူလဒီမိုကရေစီ နိုင်ငံရေးလမ်းကြောင်းမှ အဘယ်မျှသွေဖယ်နေပြီဆိုသည်ကိုလည်း သတိမထားမိကြပါတော့ချေ။ ထိုသို့ လမ်းကြောင်းမမှန်သော ရွေးချယ်မှုရလဒ်ကြောင့်လည်း သက်တမ်းနုလှသော ပါတီ၏ အတွင်းပိုင်းဖွဲ့စည်းပုံသည်ပါ စနစ်ကျသည့် လမ်းစဉ်အားအခြေမခံနိုင်တော့ပဲ ပုဂ္ဂလိက လွှမ်းမိုးမှုကိုသာ အားထားအမှီပြုရသည့် အခြေအနေသို့ ရိုက်ခတ်ခြင်း ခံရပါတော့၏။
သို့သော် ပါတီအနေဖြင့် ပြန်ကြည့်မည်ဆိုလျှင်လည်း အဆိုပါအချိန်သည် ရှုပ်ထွေးလှသော အခြေအနေအတွင်း ပါတီအား အသေအချာတည်ဆောက်ရန် အချိန်မပေးနိုင်သော၊ အမျိုးမျိုးပြောင်းလဲနေသော အနေအထားများကြားတွင် မိမိတို့၏ လမ်းစဉ်များ အယူဝါဒများသည်ပင် စမ်းတ၀ါးဝါးနိုင်နေသော အခြေအနေဖြစ်ပါ၏။ နုနယ်လှသော ပါတီသက်တမ်းသည်လည်း ပြောင်မြောက်သော စွမ်းဆောင်ချက်များ နိုင်ငံအကျိုးပြု လုပ်ငန်းများအား လုပ်ဆောင်ရန် မဖြစ်နိုင်သေးသော အခါလည်း ဖြစ်ပေသည်။
အံ့သြောဖွယ်ကောင်းသည်မှာ ယခုအနှစ်နှစ်ဆယ်ကြာမြင့်ပီးနောက် မြန်မာ့နိုင်ငံရေး အခြေအနေဖြစ်ပါသည်။
  1. ပြည်သူ၏ အန်အယ်ဒီအား ထောက်ခံမှုသည် ယခင်အချိန်များနှင့် များစွာမကွာခြားလှပဲ တပ်မတော်အစိုးရအား ဆန့်ကျင်ရုံဆိုသော စိတ်သာရှိနေပြီး အခြားမည်သည့် အချက်မျှမရှိသေးပါချေ။
  2. လွန်ခဲ့သောကာလက မိမိတို့ ထောက်ခံအားပေးခဲ့သည့် ပါတီ၏ လမ်းစဉ်များ၊ စီမံချက်များ၊ ဦးတည်ချက်များအား သေချာစွာမသိရှိခဲ့သော ထိုသူတို့သည် ယခုအချိန်တွင်လည်း မသိရှိကြပါသေးချေ။
  3. ပါတီသက်တမ်းနုလှသောကြောင့် နိုင်ငံအကျိုးပြုလုပ်ငန်းများ၊ စွမ်းဆောင်ချက်များအား ဘာမှလုပ်ပြနိုင်ခဲ့ခြင်း မရှိသည့် အဆိုပါပါတီသည် အနှစ်နှစ်ဆယ်ကြာပြီးသည့် အချိန်ထိလည်း ဘာမှလုပ်မပြနိုင်သေးပါချေ။
ထို့ပြင် ပါတီတွင်းတည်ဆောက်ပုံသည်လည်း စတင်စဉ်ကာလကဲ့သို့ပင် စနစ်တကျမရှိသေးခြင်း၊ ပုဂ္ဂိုလ်ရေး လွှမ်းမိုးမှုသည် ပိုမိုဆိုးဝါးစွာ ပြင်းထန်အားကောင်းလာခြင်း၊ လမ်းစဉ်များ ဦးတည်ချက်များ အားလုံးသည်လည်း စမ်းတ၀ါးဝါးပင် ဖြစ်နေသေးခြင်းတို့အား တွေ့မြင်ရပါ၏။
ထိုသို့ ထိုသို့လေ့လာမိသောအခါ။ ကျွန်တော်တို့သည် နိုင်ငံအား ဆက်လက်မောင်းနှင်ရန် လွန်ခဲ့သည့် ဆယ့်ရှစ်နှစ်ကျော်က ဖုတ်ပူမီးတိုက်နိုင်လှသည့် ရလဒ်တစ်ခုကိုသာ မဖြစ်မနေ ဖက်တွယ်ထားသင့် ပါသည်လား။ ပါတီ၏ ပျက်ယွင်းနေသော အနေအထားများအား လစ်လျူရှုပေးထားသင့်ပါသည်လား။ ထို့ကြောင့် အန်အယ်ဒီပါတီအနေဖြင့် မိမိအချိန်များအား လွန်ခဲ့သည့် ရလဒ်အပေါ်တွင်သာ ဖက်တွယ်လျှက် ချစားသကဲ့သို့ အကုန်ခံမည့်အစား တပ်မတော်အစိုးရမှ မဖြစ်မနေဦးဆောင်ကျင်းပတော့မည့် ရွေးကောက်ပွဲသည် ဒုတိယအကြိမ် လွတ်လပ်၍တရားမျှတသော ပါတီစုံအထွေထွေရွေးကောက်ပွဲဖြစ်စေရန် လိုအပ်သည့် အချက်များအား ဖိအားပေးဆောင်ရွက်ခြင်းကိုသာ အဓိကထား လှုပ်ရှားရန်သင့်ပါ၏။ တဖက်မှလည်း ပါတီအား စည်းစနစ်ကျန ခိုင်မာသည့် အဆင့်မှီ အဖွဲ့အစည်းတစ်ခုအဖြစ် ပြုပြင်သင့်သည်ဟု ယူဆပါသည်။ လက်ရှိအခြေအနေနှင့် အစိုးရအပေါ် ငြီးငွေ့စိတ်ပျက်နေသော ပြည်သူအများစုသည်လည်း ပါတီအား ထောက်ခံရန်အသင့်ရှိနေကြမည်ဟု လေ့လာမိ၏။
ုထိုသို့ပြုခြင်းအားဖြင့် ရှေ့ဆက်တိုးရန်လမ်းမရှိပဲ စမ်းတ၀ါးဝါးနိုင်လှသော ပါတီအနေဖြင့် ကောင်းမွန်သော ရလဒ်ဖြစ်ထွန်းမည် ဖြစ်မည့်အပြင် နိုင်ငံအတွက်လည်း တည်ငြိမ်မှုများဖြင့် ရှေ့ဆက်နိုင်မည်ဖြစ်ပေ၏။ ထို့ကြောင့် နိုင်ငံအတွက်ဟုဆိုကာ လှုပ်ရှားနေကြသည့်၊ ရုန်းကန်ခဲ့ကြသည့်၊ စွန့်လွှတ်ခဲ့ကြသည့် သင်တို့၏နှစ်နှစ်ဆယ်သည် လည်ပြန်ကြည့်မည်ဆိုလျှင် အကျပ်တည်းများဖြင့် အခက်တွေ့နေသည့် မြန်မာနိုင်ငံတော်ကြီးအား ၀မ်းနည်းဖွယ်တွေ့မြင်ရမည်ဖြစ်ပါသည်။ သင်တို့ပုံဖော်ချင်သည့် နိုင်ငံတော် ဖြစ်ခဲ့ပါသလား။ ပိုမို စိတ်ပျက်ဖွယ်ကောင်းသည်မှာ ထိုနိုင်ငံ့အကျပ်အတည်းသည် လက်ရှိအစိုးရကြောင့်သာဟု ပုံဖော်ဟစ်ကြွေးနေကြသော်လည်း သင်တို့၏လမ်းကြောင်းများ၊ လှုပ်ရှားမှုများသည် ထိုအရာများအား ပိုမိုဆိုးဝါးစေမည့် အထောက်အပံ့များသာ အစဉ်တစိုက် ဖြစ်နေခဲ့ခြင်းပင်ဖြစ်၏။ သင်တို့သည်လည်း ထိုအချက်ကို သိလျက်နှင့် မျက်ကွယ်ပြုထားခြင်းပင် ဖြစ်၏။ ထိုလမ်းကြောင်းများကိုသာ ဆက်လက်စွဲကိုင်ခြင်းဖြင့် အောင်မြင်နိုင်ပါသည်ဟု ယူဆပါသည်လား။
Myanmar Express
အန်အယ်ဒီ (၁)
From : မျိုးမြန်မာ
လူအများ စိတ်ဝင်တစား စောင့်ကြည့်နေကြသည့် မြန်မာနိုင်ငံ၏ အထင်ကရအတိုက်ခံပါတီဖြစ်သော အန်အယ်ဒီပါတီသည် ကျင်းပအတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီပြုလုပ်မည့် 2010 ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်း ပြုမည် (သို့) မပြုမည်ဆိုသည့် အခြေအနေ၊ ပါတီ၏ လှုပ်ရှားမှုများ စသည်တို့အပေါ်တွင် ကျွန်တော့်လေ့လာချက်ကို ဖော်ပြလိုသောကြောင့် ယခုဆောင်းပါးအား ရေးသားခြင်း ဖြစ်၏။
ကြေငြာချက်ထုတ်ကာ၊ စာဖြင့်ပေဖြင့် လာမည့်ရွေးကောက်ပွဲအား ၀င်ရောက်ယှဉ်ပြိုင်ခြင်း လုံးဝမပြုဟု ပြောဆိုခြင်းကို တရားဝင်မတွေ့ရှိသော်ငြားလည်း ယခုချိန်ထိမူ အဆိုပါပါတီသည် အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအား ကန့်ကွက်လျှက် မိမိတို့၏ ၉၀ ရလဒ်ပယ်ဖျက်မှုအပေါ် လက်မခံနိုင်ကြောင်း အစဉ်တစိုက်ပင် ပြောဆိုခဲ့သည်ကို တွေ့ရှိနိုင်ပေသည်။ ဤနေရာတွင် မိမိတို့သည် အဆိုပါကျင်းပမည့် ရွေးကောက်ပွဲသို့ လုံး၀၀င်ရောက်မည်မဟုတ်ကြောင်း တရားဝင် ကြေငြာချက်ထုတ်ကာ ပြောကြားခြင်းဖြင့် အဆိုပါ ပါတီအနေဖြင့် လက်မခံကြောင်းကို ပိုမိုထင်ရှားစွာဖြင့် ထိထိရောက်ရောက် ပြသရာရောက်မည် ဖြစ်သော်ငြားလည်း အဆိုပါနည်းလမ်းကိုမူ မပြုလုပ်နိုင်သေးကြောင်း သတိပြုမိပါသည်။
ထိုသို့မပြုလုပ်နိုင်ခြင်းမှာ
  1. နိုင်ငံတကာမှ ယခုဖွဲ့စည်းပုံနှင့် 2010 ရွေးကောက်ပွဲအား လက်ခံမှုအတိုင်းအတာကို ပါတီအနေဖြင့် သေချာစွာအကဲမဖြတ်နိုင်သေးခြင်း။
  2. အကယ်၍များ နိုင်ငံတကာ၏ အသိအမှတ်ပြုမှုသည် အားကောင်းခဲ့ပါမူ ၀င်ရောက်ယှဉ်ပြိုင်မှု မပြုခဲ့ပါက ပါတီ၏အနေအထားသည် ဘေးရောက်သွားနိုင်ပါသည်။ အနာဂါတ်မြန်မာနိုင်ငံရေးတွင် ထိုသူတို့၏ နေရာပျောက်သွားမည်ဖြစ်၏။
  3. ဒေါ်စုကြည်ထံမှ မည်သည့်မှတ်ချက်မျိုးမှ ထွက်ပေါ်မလာသေးခြင်း။
    ဤနေရာတွင် ပါတီအနေဖြင့်သော်လည်းကောင်း၊ ပါတီ၏အုပ်ချုပ်မှုအဖွဲ့သည်လည်းကောင်း ဒေါ်စုကြည်၏ ဆုံးဖြတ်မှုမပါပဲ တရားဝင်ကြေငြာချက်ထုတ်ပြန်ဆုံးဖြတ်ရန် များစွာခက်ခဲသည့် ပါတီ၏အနေအထားကို အားလုံးသိရှိပီးဖြစ်သည်။
  4. ဒေါ်စုကြည်အနေဖြင့်လည်း ဆုံးဖြတ်ချက်ချရန် ခက်ခဲနေသေးခြင်း။
    အကျယ်ချုပ်ကျခံနေရသည် ဆိုစေကာမူ သူမဆုံးဖြတ်ချက်တစ်ခုအား ပါတီမှသိရှိလိုက်နာအောင် အကြောင်းကြားမှုပြုရန်မှာ လွန်စွာလွယ်ကူမှုရှိမည်မှာ အမှန်ပင်ဖြစ်သောကြောင့် သူမကိုယ်တိုင် ဆုံးဖြတ်မှုပြုရန် ခက်ခဲနေသည်ကြောင့်သာ တိကျသော လမ်းကြောင်းတစ်ခု မထွက်လာသေးခြင်း ဖြစ်သည်ဟု ကောက်ချက်ချပါသည်။
    အမှတ် (၁) တွင် ကျွန်တော်ဆိုခဲ့သည့် အချက်သည် သူမအား ဆုံးဖြတ်ချက်ရဲဝံ့စွာချရန် ခက်ခဲစေပုံပေါ်သည်။ ထိုအရာအတွက် အထူးသဖြင့် အမေရိကန်နှင့် ဗြိတိန်တို့၏ ရပ်တည်ချက်ကိုလည်းကောင်း၊ ဘယ်သို့ဆက်လက်ကာ အစိုးရကို ဖိအားပေးမည်ဆိုသည်ကို လည်းကောင်း အဆိုပါနိုင်ငံများနှင့် အကြေအလည်ဆွေးနွေးရန်မှာ၊ တိုင်ပင်ရန်မှာ (ပွင့်လင်းစွာဆိုရလျှင် လက်ဝါးရိုက် အစီအစဉ်ချရန်မှာ) အဓိကလိုအပ်ချက်ဖြစ်နေမည်ဟု လေ့လာမိပါသည်။ မိမိမှ လက်မခံလိုသည်မှာ သေချာသော်လည်း ထိုသို့သော အဓိက အထောက်ပံ့ပေးနေသည့် နိုင်ငံများနှင့် သေချာသည့် သဘောတူညီချက်မရှိထားပဲ လမ်းကြောင်းအားရွေးချယ်ရန်၊ တရားဝင်ထုတ်ဖော်ပြောဆိုရန်မှာ သူမအား ခက်ခဲစေလိမ့်မည်ဟု ကျွန်တော့်အနေဖြင့် ကောက်ချက်ချ၏။ ထိုသို့ဆွေးနွေးမှုများ ပြုရန်မှာမူ ယခုသူမရင်ဆိုင်နေရသည့် အကျယ်ချုပ်သည် များစွာသော အနှောင့်အယှက်တစ်ခု ဖြစ်လာချေ၏။
ထိုသို့သော အချက်များကို လေ့လာပီးနောက် အဆိုပါအန်အယ်ဒီပါတီ၏ အနေအထားအား ဆက်လက်သုံးသပ်မှု ပြုလိုပါသည်။
အခြေအနေအရပ်ရပ်တို့ကြောင့် ဒေါ်စုကြည်ပေါ်တွင်သာ လုံးဝမှီခိုခဲ့ရသော အဆိုပါပါတီသည် ဒီမိုကရေစီပါတီဖြစ်သော်ငြားလည်း တစ်ဦးတစ်ယောက်၏ အာဏာ ဆုံးဖြတ်ချက်ပေါ်တွင်သာ တည်ခဲ့သည်၊ ဦးတည်လှုပ်ရှားခဲ့သည်ကို (အချို့မှ ငြင်းချက်များထုတ်စေကာမူ) အားလုံးအသိပင်ဖြစ်၏။ ထိုသို့ အနေအထားမမှန်သည့် အတွက်ကြောင့်ပင်လျှင် လက်ရှိအစိုးရအနေဖြင့် ဒေါ်စုကြည်အား ထိန်းသိမ်းထားရုံမျှဖြင့် အတိုက်အခံတို့၏ နိုင်ငံရေးတိုက်ကွက်မှန်သမျှကို အလွယ်တကူပင် ချုပ်ကိုင်နိုင်ခြင်းဖြစ်၏။ အမှန်ဆိုရလျှင်မူ အဆိုပါပါတီမှ နိုင်ငံရေးတိုက်ကွက်ဆိုသည်မှာ လုံးဝထွက်လာခြင်းပင်မရှိ၊ တခါတရံ အစိုးရမှ သေချာရင်ဆိုင်ဖြေရှင်းရသည့် အနည်းငယ်သော လှုပ်ရှားမှုတို့သည် အခြားသော အဖွဲ့အစည်းများ၊ မျိုးဆက်သစ်များထံမှသာ ဖြစ်နေခြင်းသည် ခေါင်းဆောင်ပါတီဆိုသော ဂုဏ်ပုဒ်အတွက် များစွာအံ့အားသင့်စေပါ၏။
ဤနေရာတွင် အန်အယ်ဒီအနေဖြင့် ထိုသို့ဖြစ်နေခြင်းမှာ အဓိကပဲ့ကိုင်သူ ဒေါ်စုကြည်၏မူဝါဒအားနည်းမှု သည်လည်း အကြောင်းရာတစ်ရပ်ဖြစ်ချေ၏။ သူမသည် သေချာသောလမ်းကြောင်းကို ပါတီအတွက် မချမှတ်ခဲ့ပဲ သူမထံမှသာ အာဏာသက်ဆင်းမှုကိုလည်း ပြင်ဆင်ရန်မကြိုးစားခဲ့ပါချေ။ ထို့ပြင် ယခုအနှစ်နှစ်ဆယ်အတွင်း ကြည့်မည်ဆိုလျှင် အရေးပါသည့် အလှည့်အပြောင်း ဆုံးဖြတ်ချက်များအား သေချာတိကျသော လမ်းစဉ်မရှိပဲ ဆန့်ကျင်ရုံချမှတ်ခဲ့ခြင်းပင်ဖြစ်၏။ အထင်ရှားဆုံးပမာဆိုရလျှင် အမျိုးသားညီလာခံမှ ထွက်ခွာရန် မိမိစိတ်ကြိုက်ဆုံးဖြတ်စဉ်က ထွက်ခွာပီးလျှင် မည်သည့်လမ်းစဉ်အား အကောင်အထည်ဖော်မည်၊ မည်သို့ပြုလုပ်မည်ဆိုသည့် လမ်းကြောင်းမျိုးလုံးဝမထားရှိခဲ့ပဲ တရှုးထိုးဆုံးဖြတ်ရုံ သက်သက်သာ ပြုလုပ်ခဲ့ခြင်းပင် ဖြစ်၏။ ထို့ကြောင့်ပင် ညီလာခံမှ ထွက်ခွာခဲ့သည့် အဆိုပါပါတီသည် ထိုထွက်ခွာခဲ့မှုနှင့် ထိုက်တန်သည့်၊ ဒီမိုကရေစီလမ်းကြောင်းအား အကျိုးရှိစေမည့် မည်သည့် လှုပ်ရှားမှု၊ လမ်းကြောင်းကိုမှ မပြုလုပ်နိုင်ပဲ အကျိုးမဲ့ အချည်းနှီးဖြစ်ခဲ့ခြင်း ဖြစ်ပေသည်။
ယခုအခါတွင်လည်း သူတို့သည် မည်သည့်ဦးတည်ချက်မျှမရှိပဲ မသတ်မှတ်ပဲ ဆုံးဖြတ်ချက်တစ်ခု ချဖို့ အော်နေကြပြန်ပီ ဖြစ်၏။ ထိုသို့ ၀င်ပြိုင်ခြင်း မပြိုင်ခြင်း၏ နောက်ပိုင်းလမ်းစဉ်သည် အဘယ်အရာနည်း။ လွန်ခဲ့သည့် ဆယ်ရှစ်နှစ်ကျော်က ရွေးကောက်ပွဲရလာဒ်ကြီးအကြောင်းလား၊ တွေ့ဆုံးဆွေးနွေးရေးလို့ ခုအော်နေသည့်အရာလား၊ မည်သည့်လမ်းစဉ်ရှိသနည်း။ ထိုသို့မေးခွန်းများအား လေ့လာမိသောကြောင့် နောက်ပိုင်းတွင် ထိုအရာများနှင့်ပက်သက်သည့် အကြောင်းများအား ဆက်လက်ဆွေးနွေးမှု ပြုလိုပါသည်။
Myanmar Express
အာဏာရှင် NLD ကို မဲမပေးပါနဲ့။ NLD အာဏာရသွားရင် ပြည်သူတွေအကုန်ဒုက္ခရောက်နိုင်တယ်။ (ပေးစာ - ၁၁၂)
ကြက်တူရွေးကတော်တော်... မယ်ဘော်ကကဲကဲပါ။ NLD တံဆိပ်ကလေး တပ်လိုက်ရင်ပဲ ကိုယ့်ကိုယ်ကိုယ် အာဏာရှင်ဖြစ်သွားသယောင်ယောင်ထင်တတ်ကြတဲ့ စိတ်ဓာတ်တွေ။
ကျနော်တို့နိုင်ငံမှာ အဲဒီလိုပဲ နည်းနည်းလေး လွတ်လပ်တာနဲ့ အခွင့်ကောင်းယူ ဟိန်းဟောက် မာန်ဖီတတ်တဲ့ လူတွေအများကြီးပါပဲ။ ခု ဒီပုံထဲက လူဆိုရင် မိတ္ထီလာမှာ လမ်းဘေးရပ်သမျှ ဆိုင်ကယ်တွေကို ဆွဲထုတ်။ ကားတွေကို နေရာရွှေ့ခိုင်း။ မရွှေ့ပေးတဲ့ကားကို ဆဲဆို။
အမယ်...သူက ကားနံပတ်ကို ဓာတ်ပုံတောင်ရိုက်လိုက်သေး။ ဘာလုပ်မလို့လဲမသိ။ အဲဒါ ရဲစိတ်ပါ။ ရဲမာန်ပါ။ အရင်တုန်းက ဒီလိုမျိုးတွေကို ကြံ့ဖွံ့တွေလုပ်ခဲ့ပါလိမ့်မယ်။ ဒါပေမယ့် ခုချိန်မှာ ကြံ့ဖွံ့တွေက ငြိမ်နေပြီး NLD တံဆိပ်တပ်လူတချို့က ဒီလိုတွေလုပ်နေကြပါတယ်။
ဟိုကောင်မလာနဲ့။ ဒီကောင်အနားမကပ်နဲ့။ အဲ့နားမနေရ။ ဒီနားမရပ်ရ။ ကဲ.... ဒီလူတွေသာ အာဏာရလာရင် ဘယ်လိုဖြစ်လာမလဲလို့ တစ်ခါတလေ တွေးမိလာပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလေးစားပါတယ်။ မပုတ်ခတ်ပါဘူး။ တချို့သော လူတွေကို ပြောနေတာဖြစ်ပါတယ်။ အဖွဲ့ချုပ်ခေါင်းဆောင်တွေ ထောင်ကျနေတုန်းက ဒီလူတွေ ဘယ်ရောက်နေပါသလဲ။ ခေါင်းဆောင်တွေ ပါဝါပြန်ရလာချိန်မှာ ဒီလူတွေ ဇောင်းထလာပါတယ်။
လာမထိနဲ့ မီးပွင့်သွားမယ် ဘာမှတ်လဲဆိုတဲ့ အချိုးတွေချိုးလာနေတာကို တွေ့လာရပါတယ်။ ဒေါ်စုလမ်းကြောင်းနောက်ကို သတင်းလိုက်ယူလာတာ ခြောက်ခေါက်ရှိပါပြီ။ နေရာတိုင်းလိုလိုမှာ ဒီလိုလူတွေ တွေ့လာရလို့ နည်းနည်းထုတ်ပြလိုက်တာပါ။
ဒီပုံထဲက လူက မိတ္ထီလာကမဟုတ်ပါ။ ရန်ကုန်ကလိုက်လာတာပါ။ နယ်ခံတွေနဲ့ မော်တော်ပီကယ်တွေတောင် အေးဆေးခွင့်ပြုထားတဲ့အရာကို သူကလိုက်လံလုပ်ဆောင်နေပါတယ်။ လမ်းရှင်းတယ်ဆိုရင်လည်း အဲဒီမှာ မော်တော်ပီကယ်တွေရှင်းပေးနေပါတယ်။
မြို့တိုင်းမှာ ဒေါ်စုလမ်းကြောင်းဆို မော်တော်ပီကယ်တွေ ကူညီပေးနေကြပါတယ်။ ကိုယ့်အလုပ်ကိုယ်လုပ်ပါ။ ကိုယ့်အလုပ်ကိုယ်သိပါ။ NLD စွမ်းအားရှင်တွေ ဖြစ်နေကြပြီလား... ဒီလိုလူမျိုးတွေ အဖွဲ့ချုပ်ထဲမှာ ဘယ်လောက်ရောက်နေပါ သလဲ.... ???
ဟုတ်ကဲ့... ကျနော် ဥက္ကာကိုကိုပါ။ ဒီပုံကို ကျနော်ရိုက်လာတာပါ။ မကျေနပ်တာရှိရင် လာရှင်းနိုင်ပါတယ်။
Myanmar Express