Subscribe to our RSS Feed

အမရ ပူရမြို့နယ်တွင် ကျောက်စိမ်း စေတီ တည်ထား ကိုးကွယ်မည်

From : MWD

သာသနာရေး ဝန်ကြီးဌာန သာသနာရေး ဝန်ကြီးရုံး၌ နိုဝင်ဘာ ၂၄ ရက်က ကျင်းပသည့် မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် မြင်းမူ ကျေးရွာအုပ်စု ဆင်ရွာ ကွင်းအတွင်း တည်ထား ကိုးကွယ်မည့် ကျောက် စိမ်းစေ တီနှင့်ကျောက်စိမ်း ဓမ္မာရုံ တည်ဆောက်ရေး လုပ်ငန်း ညှိနှိုင်း အစည်း အဝေးတွင် ကျောက် စိမ်း စေတီနှင့် ကျောက်စိမ်းဓမ္မာရုံ တည်ဆောက်ရေး အဖွဲ့နာယက ပြည်ထောင်စု ဝန်ကြီး သူရ ဦးမြင့်မောင်က အမှာစကား ပြောကြားသည်။

ဆက်လက်၍ တည်ဆောက်ရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ သာသနာရေး ဝန်ကြီး ဌာနဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်ဌေးက ဆွေးနွေး တင်ပြသည်။

ယင်းနောက် ဆပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများက သက်ဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်
ဆောင်ရွက် မည့် အစီအစဉ်များကို ကဏ္ဍအလိုက် ဆွေးနွေး တင်ပြ ကြသည်။

အဆိုပါ ကျောက်စိမ်း စေတီအား အမြန်လမ်းမ အထက်အမြင့် ၉ ပေရှိ ကုန်းတော်ပေါ်၌ တည်ထား ကိုးကွယ် မည်ဖြစ်ရာ ဥာဏ်တော် အမြင့် ၃၉ ပေ ၆ လက်မ၊ စေတီပရိဝုဏ် အကျယ် ၁၃၅ ပေရှိပြီး A,B,C,D အဆင့် ကျောက်စိမ်း အမျိုးအစား တန် ၇ဝဝ ကျော်ဖြင့် အသုံးပြု သွားမည် ဖြစ်သည်။ ထို့အတူ ကျောက်စိမ်း ဓမ္မာရုံ သည် ၁ဝဝ x ၅ဝ ပေ အကျယ်ရှိပြီး ကျောက်စိမ်း တန်ချိန် ၁ဝ တန် အသုံးပြု သွား မည်ဖြစ်သည်။

ကျောက်စိမ်း စေတီနှင့် ကျောက်စိမ်း ဓမ္မာရုံကို မန္တလေးတိုင်း ဒေသကြီး အမရပူ ရမြို့နယ် မြင်းမူ ကျေးရွာ အုပ်စု ဆင်ရွာကွင်း တည်ဆောက်ဆဲ အဆင့်မြင့် ကျောက်မျက် ရတနာ ဈေးအနီးရှိ မြေနှစ်ဧကတွင် သာသ နာရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် အေးအေးခိုင် ကုမ္ပဏီက တာဝန်ယူ တည်ဆောက် သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။


ပြည်ထောင်စု ဝန်ကြီး သူရ ဦးမြင့်မောင် ကျောက်စိမ်း စေတီနှင့် ကျောက် စိမ်း ဓမ္မာရုံ တည်ဆောက်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် အမှာ စကား ပြောကြားစဉ်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်