Subscribe to our RSS Feed

ကုန်သွယ်ရေးမှ ၇၅၉၈ စီး ပါမစ်ထုတ်ပေးပြီး၊ ကညနတွင် ယာဉ်အို ယာဉ်ဟောင်း ၃၅၅၀၀ စီးကျော် အပ်နှံပြီး

From : ခေတ်လူငယ်

ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန သွင်းကုန်လုပ်ငန်းဌာနခွဲ မော်တော်ယာဉ်ပါမစ်ထုတ်ပေးရေးဌာနစိတ် ရန်ကုန်တိုင်းဒေသကြီးရုံးက လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် မော်တော်ယာဉ် သွင်းကုန်ပါမစ်များ ထုတ်ပေးလျက်ရှိရာ ၂ဝ၁၂ ခုနှစ်သြဂုတ် ၁ ရက် မှ နိုဝင်ဘာ ၂၃ ရက်အထိ 1350 CC အောက်ယာဉ်များ၊ Saloon, Hatchback, Van, Vagon, Light Truck နှင့် Truck ယာဉ်များ အပါအဝင်မော်တော်ယာဉ် စုစုပေါင်း ၇၅၉၈ စီးကိုသွင်းကုန်ပါမစ်ထုတ်ပေးပြီးဖြစ်ကြောင်းနှင့် အမေရိကန် ဒေါ်လာ ၅ဝ ဒသမ ၁၄သန်းခန့် တန်ဖိုးရှိကြောင်း ယင်းဌာနမှထုတ်ပြန်သော စာရင်းအရ သိရှိရသည်။ အလားတူ ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံး(မြင်သာ)တွင် ၂ဝ၁၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၂၁ ရက်အထိတစ်နှစ်ကျော်ကာလအတွင်း ယာဉ်အိုယာဉ်ဟောင်း ၃၅၅ဝဝ စီးကျော် လာရောက်အပ်နှံပြီးဖြစ်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

  Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်