Subscribe to our RSS Feed

ကမ္ဘာ့ အမြင့်ဆုံး မိုးမျှော်တိုက်ကို ရက်ပေါင်း ၉ဝ အတွင်း တရုတ် ကုမ္ပဏီ တည်ဆောက်မည်

From :Mya Wady

တရုတ်နိုင်ငံမှYuandaGroup ကုမ္ပဏီသည် အထပ် ၂၂ဝ ပါဝင်သော မိုးမျှော်တိုက် တစ်လုံးကို ရက်ပေါင်း ၉ဝ အတွင်း တည်ဆောက်ရန် စီစဉ်လျက် ရှိကြောင်း Shin Chew နေ့စဉ်ထုတ် သတင
်းစာ၏ ဖော်ပြ ထားချက် အရ သိရသည်။ ၈၃၈ မီတာ အမြင့်ရှိသော Sky City အမည်ရှိ အဆိုပါ မိုးမျှော်တိုက်ကို ချန်ရှာ ဒေသ၌ ယခုလ အကုန်တွင် စတင် တည်ဆောက် သွားမည် ဖြစ်ကြောင်း Yuanda Group ကုမ္ပဏီက ပြောကြားသည်။

အဆိုပါ မိုးမျှော်တိုက် တည်ဆောက်မှုသည် လာမည့်နှစ် မတ်လတွင် ပြီးစီးမည် ဖြစ်ပြီး ကမ္ဘာ့ အမြင့်ဆုံး မိုးမျှော်တိုက် ဖြစ်လာ မည် ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် ဒူဘိုင်းမြို့ရှိ ၈၂၉ မီတာ ရှည်လျားသော Burj Khalifa မိုးမျှော် တိုက်သည် ကမ္ဘာ့ အမြင့်ဆုံး မိုးမျှော်တိုက် အဖြစ် မှတ်တမ်း တင်ခြင်း ခံထား ရကြောင်း သိရသည်။ Sky City မိုးမျှော် တိုက်ကို ပုံစံထုတ် ကြိုတင် ပြုလုပ်သော စနစ်ဖြင့် တည်ဆောက်မှု နည်းပညာ အသုံးပြု၍ တည်ဆောက် သွားမည် ဖြစ်ပြီး ငလျင်ဒဏ်ကို ကြံ့ကြံ့ ခံနိုင်မည် ဖြစ်ကြောင်း ယူအန်ဒါ မီဒီယာမှ အရာရှိ လျူလင် ဖောင်က ပြောကြားသည်။

အဆိုပါ ကုမ္ပဏီသည် အထပ် ၃ဝ ပါ ဟိုတယ် တစ်ခုကို ယင်း နည်းပညာ အသုံးပြု၍၁၅ ရက် အတွင်း တည်ဆောက် ခဲ့ကြောင်း သိရ သည်။


  Myanmar Express 

7 comments:

China is richer than USA and Europe now.

China Architect technology is more advanced than USA , Europe and world now.

အင်္ဂျင်နီယာတစ်ယောက်အနေနဲ့ပြောမယ်
အဲ့တာလုံးဝမဖြစ်နိုင်ဘူး

တရုတ်ပြည်မှာအပေါဆုံးက လူ့ အသက်ကွ။ကြိုက်သလို ဆောက်ကြကွာ

ကျနော်တို့မန္တလေးရွှေမြို့တော်ကြီးက မန်းမြန်မာဆောက်လုပ်ရေးရဲ့ ဈေးချိုပလာဆာ(၂၅)ထပ်ကို(၈)နှစ်ကျော်တည်ဆောက်ခဲ့တာ ခုချိန်ထိမပြီးသေးဘူး။ဦသန်းဝင်းနဲ့ကိုတင်မျိုးကျော်တို့ပညာတော်သင်ယူလိုက်ပါဦး။အထပ်(၂၂၀)ဆိုရင်နစ်ပေါင်း(၇၀)ကျော်သွားနိုင်တယ်။

China show the world that Chinese buildings are good and chinese goods are not cheap and craps by building this world tallest sky city building in the world.

မင်းဝင်အာချောင်နေပြန်ပြီလား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်