Subscribe to our RSS Feed

နိုင်ငံတော်သမ္မတဦးသိန်းစိန် ငလျင်ဒဏ်သင့်ဒေသများသို့ ဆက်လက် သွားရောက် ကြည့်ရှုအားပေး

From : သမ္မတရုံး



နေပြည်တော် နိုဝင်ဘာ ၂၅

မန္တလေးမြို့တွင်ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့အတွင်းရှိ ငလျင်ဒဏ်သင့်ဒေသများသို့ ဆက်လက် သွားရောက်ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးမြညိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်များ၊ တပ်မတော် အရာရှိကြီးများ၊ ဒုတိယ ဝန်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများလိုက်ပါလျက် နံနက်(၈)နာရီခွဲတွင် ရဟတ်ယာဉ်များဖြင့် စစ်ကိုင်းတိုင်းဒေ သကြီး ရွှေဘိုခရိုင် ကျောက်မြောင်းမြို့နယ်ခွဲတွင် တည်ဆောက် လျက်ရှိသော ဧရာဝတီမြစ်ကူး ရတနာသိင်္ဃတံတား တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် တည်ဆောက်ဆဲတံတားသံပေါင် များ ပြိုကျပျက်စီးခဲ့မှု နှင့် ပြန်လည်ဖြုတ်သိမ်းနေမှုကို ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် စီမံကိန်းရှင်းလင်းဆောင်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က ငလျင်ဒဏ်ကြောင့် တည်ဆောက် ဆဲတံတားသံပေါင်များ ပြိုကျပျက်စီးခဲ့မှု၊ ဝန်ထမ်းအချို့သေဆုံး၊ ဒဏ်ရာရရှိခဲ့မှု၊ အဆိုပါ တံတားသံပေါင်များ ပြန်လည် ဖြုတ်သိမ်း နေမှုနှင့် စဥ့်ကူးဘက်ကမ်းမှ သံပေါင်စတင်တည်ဆောက်မည့် အစီအစဉ်များကို ပါဝါပွိုင့်(Power Point)ဖြင့် ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက တံတားကြီးကိုတည်ဆောက်ရာတွင် လျင်မြန်စွာပြီးစီးရေးထက် ရေရှည်တည်တံ့ခိုင်ခံ့မှုကို ဦးစားပေးဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ငလျင် ဒဏ်ခံခဲ့ရသည့် တံတားရေလည်တိုင်များကိုလည်း တစ်တိုင်ချင်းစီအလိုက် အသေးစိတ် ထပ်မံစစ် ဆေးရန်ဖြစ်ကြောင်း၊ ရေရှည်တည်တံ့ခိုင်ခံ့အောင်လုပ်ရမည်ဖြစ်၍  ခိုင်ခံ့မှုမသေချာသည့် ပစ္စည်းများ အသုံးမပြုရန် ဖြစ်ကြောင်း၊ ဆောက်လုပ်ဆဲ တံတား သံပေါင်များ ပြိုကျပျက်စီးခဲ့မှုအတွက် စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးသွားရန်နှင့် နောင်တွင် ယင်းအန္တရာယ်မျိုးကို ရှောင်ရှားနိုင်ရန် အတွက် နည်းလမ်းရှာဖွေဆောင်ရွက်ရန် လိုကြောင်း၊ တံတားသံပေါင်များတပ်ဆင်သည့်လုပ်ငန်းမှာ အန္တရာယ်များသည့်အတွက် ညအချိန်အလုပ်ဆင်းရာတွင် ည(၁၂)နာရီအထိသာ ဆောင်ရွက်စေလိုကြောင်း၊ စဥ့်ကူး ဘက်ကမ်းတွင် တံတားသံပေါင်တပ်ဆင်ခြင်းနှင့် ကျောက်မြောင်းဘက်ကမ်းရှိ တံတားသံပေါင်များပြန်လည်ဖြုတ်သိမ်းခြင်းတို့ကို တစ်ပြိုင်တည်းဆောင် ရွက်ရန်ဖြစ်ပြီး ဝန်ထမ်းများ ဘေးအန္တရာယ်မဖြစ်စေရန် စနစ်တကျကြပ်မတ်ဆောင် ရွက်သွားရန် ဖြစ်ကြောင်း၊ ပြိုကျပျက်စီး မှုကြောင့် သေဆုံးသွားသည့် ဝန်ထမ်းများ၏ မိသားစုများ နှင့်ဒဏ်ရာရရှိခဲ့သူများအား အားပေးပံ့ပိုး စောင့်ရှောက်ရန် နှင့် ဆေးရုံတက်ရောက်နေဆဲ လူနာများကိုလည်း လိုလေသေးမရှိ ကူညီဆောင်ရွက် ပေးရန် မှာကြားလိုကြောင်း ဖြင့် ပြောကြားသည်။

ဧရာဝတီတံတား(ရတနာသိင်္ဃ)၏ တံတားအောက်ထည်တည်ဆောက်ရေးလုပ်ငန်းများမှာ ၂ဝ၁၁ခုနှစ် ဇူလိုင်လ(၃၁)ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ယခုနှစ် စက်တင်ဘာလ(၃ဝ) ရက်နေ့တွင် တံတားအပေါ်ထည် တည်ဆောက်ခြင်း လုပ်ငန်းကို ကျောက်မြောင်း ဘက်ကမ်းမှ စတင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်နေစဉ် နိုဝင်ဘာ(၁၁)ရက်တွင် လှုပ်ခတ်ခဲ့သည့်ငလျင်ဒဏ်ကြောင့် တည်ဆောက်ဆဲ သံမဏိသံပေါင်(၂)ခန်းခန့်၊ သံပေါင်တပ်ဆင်ရာတွင် အသုံးပြုဆောင်ရွက် ရသည့် Erection Crane နှင့် Erection Tower များ ပြိုကျပျက်စီးခဲ့ရသည်။ တံတားရေလည်တိုင်များ မှာမူ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုမရှိကြောင်း သိရှိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ကျောက်မြောင်းမြို့နယ်ခွဲရှိ ငလျင်ဒဏ်သင့်ပြည်သူများ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ပြန်လည် လုပ်ကိုင်နိုင်ရန် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနက ထောက်ပံ့ပေးအပ်မည့် နွား၊ ဝက်၊ ကြက်နှင့်ဘဲများ ရောက်ရှိနေမှုကို ကြည့်ရှုစစ်ဆေးသည်။

မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများ အတွက် ကြက်ကောင်ရေ(၁ဝဝဝ)၊ ဘဲကောင်ရေ(၁၉ဝ)၊ ဝက်(၅၄၃)ကောင်၊ ခိုင်းနွား(၇၃) ကောင် နှင့် နို့စားနွား(၂၉)ကောင်တို့ကို ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။

ယင်းနောက် နွယ်ငြိမ်းရပ်ကွက်ရှိ ဟံဝင်းစောစဥ့်ထည်လုပ်ငန်းသို့ရောက်ရှိပြီး ဒေသခံ စဥ့် လုပ်ငန်းရှင်များနှင့် လုပ်သားများအားတွေ့ဆုံ အားပေးစကားပြောကြားသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတက ငလျင်ဒဏ်ကြောင့် စဥ့်ဖိုများပျက်စီးခဲ့မှုအခြေအနေနှင့် စဥ့်ထည်လုပ်ငန်းများ ပြန်လည်ဆောင်ရွက် နိုင်မည့် အခြေအနေတို့ကို ဆွေးနွေးမေးမြန်းပြီး ပျက်စီးသွားသည့်စဥ့်ဖိုများ ပြန်လည်တည်ဆောက်ရန်အတွက် တစ်ဖိုလျှင်ကုန်ကျမည့်ငွေကျပ် (၁၅)သိန်းကို နိုင်ငံတော်က အတိုးမဲ့ကူညီပေးမည် ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ၊ လုပ်သားများအနေဖြင့် စိတ်ထိခိုက်ဝမ်းနည်းမနေဘဲ အလုပ်ကို ယခင်ကထက်ပိုမိုကြိုးစားအားထုတ် ဆောင်ရွက်ကြရန် ဖြစ်ကြောင်းဖြင့် အားပေးမှာကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ပြိုကျပျက်စီးခဲ့သည့် စဥ့်ဖိုများကို လိုက်လံကြည့်ရှုသည်။ နွယ်ငြိမ်းရပ်ကွက်တွင် စဥ့်ဖို(၇၄)လုံး ရှိသည့် အနက် ငလျင်ဒဏ်ကြောင့်(၅၅)လုံး ပြိုကျပျက်စီးခဲ့သည်။

ထိုမှတစ်ဆင့် ကျောက်မြောင်းမြို့နယ်ခွဲ အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိပြီး ငလျင်ဒဏ်သင့်ပြည်သူများနှင့်တွေ့ဆုံသည်။

တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတက ငလျင်ဒဏ်သင့်ပြည်သူများအား အားပေးကူညီပံ့ပိုး ရန်အတွက် မိမိနှင့်အတူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် အလှူရှင်များ တစ်ပါတည်းလိုက်ပါလာကြောင်း၊ ဤဒေသတွင် ငလျင်ဘေးဒဏ် ကျရောက်ခဲ့သော် လည်း လူသေဆုံးထိခိုက်မှုနည်းပါးပြီး နေအိမ်များနှင့် အဆောက် အအုံများသာ ပြိုကျပျက်စီးမှုဖြစ်ခဲ့ကြောင်း၊ ရုပ်ဝတ္ထုပစ္စည်းဟူသည်မှာ လူကဖန်တီးခြင်းသာဖြစ်ပြီး လူကလုပ်ယူလျှင်ရသည်ဖြစ်၍ စိတ်ဓာတ် ကျဆင်းစရာမလိုအပ်ပါကြောင်း၊ အဟောင်း အဟောင်းများ ပျက်စီးသွားလျှင် အသစ်အသစ်များ ရရှိလာမှာဖြစ်ကြောင်း၊ ဘေးအန္တရာယ်ကို ကိုယ်တိုင်ရင်ဆိုင်ကြုံတွေ့ဖူးသည်ဟု မှတ်ယူကြရန်သာ ဖြစ်ပြီး အင်ပြည့်အားပြည့်ဖြင့် အလုပ်ကို ပိုမိုကြိုးစားလုပ်ကိုင်သွားကြရန်သာလိုကြောင်း၊ ပျက်စီး ဆုံးရှုံးခဲ့ရမှုများအတွက် မူလအခြေအနေကထက် ပိုမိုကောင်းမွန်သည့် အခြေအနေ ရောက်အောင် နိုင်ငံတော်အစိုးရနှင့် အလှူရှင်များက ပံ့ပိုးကူညီပေးမည်ဖြစ်ပြီး ဒေသခ ပြည်သူများကလည်း ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်းဖြင့် တိုက်တွန်း အားပေးသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ငလျင်ဒဏ်သင့်ပြည်သူများအတွက် ဆန်နှင့်ဆီများ ထောက်ပံ့ ပေးအပ်သည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တွဲဖက်စစ်ရေးချုပ်တို့က သွပ်၊ ဘိလပ်မြေ၊ စောင်၊ နို့မှုန့်များ၊ ဗလာ စာအုပ်များနှင့် အလှူငွေများကို ထောက်ပံ့ပေးအပ်ကြသည်။

ထို့အတူ စကိုင်းနက်ကုမ္ပဏီက စကိုင်းနက်ရုပ်သံဖမ်းစက်များ၊ ရွှေတောင်ကုမ္ပဏီက ငွေ ကျပ်သိန်း(၁၅၅ဝ)၊ ကမ္ဘောဇဘဏ်လီမိတက် ကငွေကျပ်သိန်း(၁ဝဝဝ)နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ CAMCE ကုမ္ပဏီက ငွေကျပ် သိန်း(၁ဝဝ)တို့ကို လှူဒါန်းခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ကျောက်မြောင်းမြို့နယ်ခွဲ၌ ရွှေနုံးတိုးစေတီတော်အပါ အဝင် စေတီတော်များပြိုကျပျက်စီးနေမှုကို လှည့်လည်ကြည့်ရှုပြီး မြို့နယ်ခွဲ သံဃနာယကအဖွဲ့ဥက္ကဌ ဘဒ္ဒန္တပညောဘာသနှင့် ဆရာတော်များအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်း များဆက်ကပ် လှူဒါန်းသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတသည် ရေယာဉ်ဖြင့် စဥ့်ကူးဘက်ကမ်းသို့ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် တံတားချဉ်းကပ်လမ်း ကွဲအက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ခူလယ်ကျေးရွာတွင် ငလျင်ဘေး ကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ ဆေးဝါးကုသပေးနေမှုကို ကြည့်ရှုအားပေးပြီး ကျေးရွာရှိ မဏိဇော တိကတိုက်ကျောင်း ဆရာတော် ဘဒ္ဒန္တပညာသာမိနှင့် ဆရာတော်များအား ဖူးမြော်ကြည်ညိုသည်။

ယင်းနောက် ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သည့် မဏိဇောတိကတိုက်ကျောင်းအား တပ်မတော်သားများနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းဖယ်ရှားရှင်းလင်းနေမှုနှင့် ကျောင်းတိုက် အတွင်း ပြိုကျပျက်စီးနေမှုများကို လှည့်လည်ကြည့်ရှုသည်။

ထို့နောက် ငလျင်ဒဏ်သင့်ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး ထောက်ပံ့ရေးပစ္စည်းများနှင့် အလှူငွေများကို နိုင်ငံတော် သမ္မတဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တာဝန်ရှိသူများ က ထောက်ပံ့ပေး အပ်ခဲ့သည်။                     


 Myanmar Express 

4 comments:

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် please ရခိုင်ပြည်နယ် ကိုလည်:သွားရောက်ကြည့်ရှုအားပေးပါ....
(ရိုဟင်ဂျာမွတ်ဆလင်များ အကြမ်းဖက် သတ်ဖြတ်မောင်းထုတ် မီးရှို့ဖျက်ဆီးခံရ မှုများ)ပဋိပက္ခရသင့် ရိုဟင်ဂျာမွတ်ဆလင် ညီအစ်ကို မောင်နှမ များအား
တွေ့ဆုံ အားပေးစကား ပြောကြားပါ....
ထောက်ပံ့ရေးပစ္စည်းများနှင့် အလှူငွေများ မွတ်ဆလင်မျာ:ကိုလည်: ပေးကြပါ....

အမေရိကန်နဲ့အစ္စရေးတပ်ဖွဲ့တွေလွှတ်ပေးမယ်။စိတ်မပူနဲ့ဝ

Don't forget our Rakhaing peoples.

ထောက်ပံ့ရေးပစ္စည်းကလူတွေမှပေးတာကွ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်