Subscribe to our RSS Feed

၂၀၁၃-၂၀၁၄ ပညာသင် နှစ်တွင် B.Sc (Sport) ဘာသာရပ်ကို စတင် သင်ကြား သွားမည်

From : MRTV4

လာမယ့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ စတင်ကာ တက္ကသိုလ် ၀င်တန်း အောင်မြင်ပြီး ဖြစ်တဲ့ ကျောင်းသား၊ ကျောင်းသူများ အနေနဲ့ ပြည်တွင်းမှာ အားကစား
ဘာသာရပ်ကို အထူးပြု သင်ကြား နိုင်မယ့် B.Sc (Sport) ဘာသာရပ်ကို တိုးမြှင့် သင်ကြား ပေးသွားဖို့ စီစဉ် ဆောင်ရွက် လျက်ရှိတယ်လို့ အားကစား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ဘာသာရပ်ကို အားကစားနဲ့ ပတ်သက်ပြီး ၀ါသနာပါသူများ အတွက် ရည်ရွယ်ပြီး သင်ကြား ပေးတာ ဖြစ်ပါတယ်။

အဲ့ဒီ အားကစား ဘာသာရပ် ဘွဲ့အတွက် ပညာ သင်ကြားမှု ကိုတော့ ပညာသင်နှစ် ၄ နှစ် သတ်မှတ် ထားပြီး ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဒဂုံတက္ကသိုလ်နဲ့ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ရတနာပုံ တက္ကသိုလ် တို့မှာ သင်ကြား ပို့ချသွားမှာ ဖြစ်ပါတယ်။  ဒီလို သင်ကြားရာမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဒဂုံတက္ကသိုလ်မှာ လူဦးရေ ၅၀ နဲ့ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ရတနာပုံ တက္ကသိုလ်မှာ လူဦးရေ ၅၀ လက်ခံ သွားမှာ ဖြစ်ပါတယ်။ အဆိုပါ ဘာသာရပ် အတွက် ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းနဲ့ မန္တလေးတိုင်း ဒေသကြီး အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းတို့မှ တက္ကသိုလ်ဝင်တန်း အောင်မြင် သူများကို အဓိက ထားပြီး လက်ခံ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ B.Sc (Sport) ဘာသာရပ်ကို တက်ရောက် ချင်သူများကို ကိုယ်ကာယ စွမ်းရည် ကြံ့ခိုင်မှု စစ်ဆေးပြီးမှ လက်ခံ သွားမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ အဆိုပါ ဘာသာရပ် သင်ကြားဖို့ အတွက် ရွေးချယ် ခံရတဲ့ ကျောင်းသား၊ ကျောင်းသူ များဟာ ပထမနှစ် မှာတော့ အားကစား ဘာသာရပ် ၁ ခုနဲ့ အခြား ဘာသာရပ် များကို သင်ကြား ရမှာဖြစ်ပြီး ဒုတိယနှစ် မှာတော့ အင်္ဂလိပ်စာ၊ သင်္ချာနဲ့ ကျန်ရှိတဲ့ ဘာသာရပ်များ ကိုတော့ အားကစား ဘာသာရပ်များ သင်ကြား ပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် တတိယနှစ်နဲ့ နောက်ဆုံးနှစ် မှာတော့ အင်္ဂလိပ် ဘာသာရပ်နဲ့ ကျန်ဘာသာရပ် များကို အားကစားနဲ့ ပတ်သက်တဲ့ ဘာသာရပ် များကိုသာ သင်ကြား ပို့ချပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်မှုတွေ အပြင် နောက်ပိုင်းမှာ အားကစား တက္ကသိုလ် ကိုလည်း ဖွင့်လှစ် သွားမှာ ဖြစ်ပြီး အဆိုပါ ဘွဲ့ကို ရရှိပြီးပါက အားကစား ၀န်ကြီးဌာနမှာ အလုပ် နေရာများ ပြန်လည် ခန့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်