Subscribe to our RSS Feed

မောင်နှမချင်း ရင်ကြားမစေ့နိုင်သေးသည့် ဒေါ်အောင်ဆန်းစုကြည်

From : .. SMMK


တစ်ဦးတည်းသော ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ အစ်ကို ဖြစ်သူ ဦးအောင်ဆန်းဦးတို့၏အမှုအား ပြည်ထောင်စုတရား လွှတ်တော်ချုပ်၌ မေလ ၃၀ရက်နေ့က အပြီးသတ်စီရင်ချမှတ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တက်သည့် အယူခံကိုပယ်ချခံခဲ့ရသည်ဟု သိရှိရ သည်။

အဆိုပါ အမှုအား မေလ ၃၀ရက်နေ့တွင် တရားသူကြီးတစ်ဦး၏ရှေ့၌ စီရင်ချက်ချမှတ်မည်ဟု ပြည်ထောင်စု လွှတ်တော်ချုပ်အမှုစာရင်း အမှတ်စဉ်(၁၃)တွင် ဖော်ပြထားပြီး ယခုကဲ့သို့ ပယ်ချခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်ကဆိုသည်။

 “ဒီနေ့ အမှုမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က တက်တဲ့အယူခံကို ပယ်လိုက်တယ်လို့သိရပါတယ်”ဟု ဦးထွန်းထွန်းဟိန်က ပြောသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ် အမှုစားရင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်းဆန်းဦးတို့၏အမှုအား အမှတ်စဉ် (၁၃)တွင် ဖော်ပြထားပြီး တရာမအယူခံမှု၊ အမှုအမှတ် ၄၄၁/၂၀၁၃၊ အယူခံ တရားလို ဒေါ်အောင်ဆန်းစုကြည်၊ အယူခံ တရားလိုရှေ့နေ ဦးဥာဏ်ဝင်း၊အယူခံတရားပြိုင် ဦးအောင်ဆန်းဦး(၎င်း၏အခွင့်ရကိုယ်စားလှယ် ဦးစိုင်းညွန့်နိုင်)၊ အယူခံတရားပြိုင်ရှေ့နေ ဦးအေးလွင်၊ စီရင်ချက်ချမှတ်ရန်ဟု ဖော်ပြပါရှိသည်။

“ဒိကိစ္စနဲ့ပတ်သက်ပြီး ကျွန်မ ဖြေလို့မရပါဘူး။တာဝန်ရှိတဲ့လူက အပေါ်ကို အစည်းအဝေးသွားပါတယ်”ဟူ၍သာ ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါအထူးအယူခံမှုအား နေပြည်တော်ရှိပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီး (၁)ဦးရှေ့မှောက်၌(တစ်ပါးထိုင်)ကြားနာစစ်ဆေးခဲ့ပြီးဖြစ်ကာ မေလ (၃၀)ရက် နေ့တွင် အပြီးသတ်စီရင်ချက် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ နအဖ စစ်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်အောင်ဆန်း၏သားကြီးဖြစ်သူ အမေရိကန်နိုင်ငံတွင် နေထိုင်သည့် ဦးအောင်ဆန်းဦးက ညီမဖြစ်သူဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်နေသည့် တက္ကသိုလ်ရိပ်သာလမ်း အမှတ်(၅၄) နေအိမ်အားအမွေဆိုင်အဖြစ်ထုခွဲ ရောင်းချရန်တရားရုံးတွင် တရားမမှုအဖြစ်စွဲဆိုခဲ့ခြင်းဖြစ်သည်။
 

ဒေါ်အောင်ဆန်းစုကြည်မှာ ဗြိတိန်နိုင်ငံသားကို လက်ထက်ပြီးနောက် နိုင်ငံ နှင့် နေအိမ်ကို စွန့်ခွာခဲ့ကာ အသက် ၄၃ နှစ်ကျော်မှာ မြန်မာနိုင်ငံသို့ ပြန်လာခဲ့သူဖြစ်ပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံတော် ၂၀၁၀ တရားစီရင်ရေးဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် တရားမအထွေထွေ လျှောက်လွှာ ၄၄၁/၂၀၁၃ ဖြင့် လျှောက်ထားခဲ့သဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အထူးအယူခံမှုအဖြစ် လက်ခံစစ်ဆေးပေး နေခြင်းဖြစ်သည်။

တရားဥပဒေအရ နစ်နာသောနိုင်ငံသားများသည် နိုင်ငံတော်၏အမြင့်ဆုံးတရားလွှတ်တော်သို့ အထူးအယူခံအဖြစ် လျှောက်ထားခွင့်ရှိသည်။ ထို့ကြောင့်တရားလိုဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တရားလွှတ်တော် ရှေ့နေဦးဥာဏ်ဝင်းက ဥပဒေဆိုင်ရာအချက်အလက်များဖြင့် လျှောက်လဲခဲ့ခြင်းဖြစ်သည်။

.. www.MyanmarExpress.net

 

2 comments:

ဗိုလ်​ချုပ်​​သွေးပါတာချင်းတူ​ပေမဲ့..ပြည်​သူ​တွေအ​ပေါ်ါ်မှာစွှန့်​လွတ်​အနစ်​နာခံတဲ့စိတ်
က​ဒေါ်ါ်စု​တယောက်​ဆီမှာပဲးပါလာတာ..
ဗိုလ်​ချုပ်​နဲ့တူလို့​ပေါ့

တစ်ရက်မှာ ကျနော့် ညီမငယ်လေး အောင်ဆန်းစုကြည် ဟာ နယ်ချဲ့နံ့  သိပ်မပျယ်ရှာသေးတဲ့ ကုလာဖြူ အင်္ဂလိပ်လူမျိုးတစ်ယောက်ကို လက်ထပ်လိုက်ပြီဆိုတဲ့ သတင်းကို ကျနော် မယုံကြည်နိုင်စွာ ကြားခဲ့ရပြီး အလွန့်အလွန် ကြေကွဲရပါတော့တယ်။

အဘိုးဖြစ်တဲ့ ဗိုလ်လရောင်ရဲ့ ပုံရိပ်ရယ် သေနတ်ဒဏ်ရာ ပရပွနဲ့ လုပ်ကြံခံလိုက်ရတဲ့ ဖေဖေ့ရုပ်ပုံရယ် ငယ်ငယ်ကမြင်ဘူးခဲ့တဲ့ ယူနီယံဂျက်အလံရယ် စာပွဲပေါ်က ယောက်ဖတော်ရမဲ့ ကုလာဖြူကောင်ရယ် ဖေဖေ့ ဈာပနမှာ မျက်ရည်တွေခခဲ့ရတဲ့ ပြည်သူတွေရဲ့ မျက်နှာတွေရယ် နောင်ဖြစ်လာမဲ့ အနာဂါတ်မှာ ရှိလာတော့မဲ့ ဖေဖေ့မြေး ကုလားဖြူသွေးလေးတွေ အားလုံး အားလုံးကို တွေးမြင်နေရင်းနဲ့ ကျနော်ဆုံးဖြတ်ချက်တစ်ခုကို ခပ်မြန်မြန် အဲဒီအချိန်က ချခဲ့ရပါတယ်။

ကျနော်တို့ အဘိုးတွေ အဘွားတွေ ထုဆစ်တည်ဆောက်ခဲ့တဲ့ အနာဂါတ် မျိုးဆက်ကို စောင့်ထိမ်းဘို့တာဝန်ကို မစောင့်ထိန်းဘဲ ပျက်ကွက်ခဲ့တဲ့ ညီမလေး အောင်ဆန်းစုကြည်ကို ကျနော့်ရဲ့မိသားစုဝင်အဖြစ်ကနေ ထာဝရ ထုတ်ပါယ်လိုက်တဲ့ ကျနော့်ရဲ့ ဆုံးဖြတ်ချက်ဟာ နောင်တစ်ချိန်မှာ ကျနော့်အတွက် နောင်တရဘို့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ကျနော်သေသေချာချာ သိနေခဲ့ပါတယ်။

ဒီထက်ပိုပြီး ဖြစ်သင့်ခဲ့တာက အဲဒီအချိန်မှာ ဖေဖေ့ကို ချစ်ကြပါတယ်ဆိုတဲ့ ပြည်သူလူထုကြီးရဲ့ နှလုံးသားထဲကပါ ညီမလေး အောင်ဆန်းစုကြည်ကို ထုတ်ပါယ်ခဲ့သင့်တာပါဘဲ။

အောင်ဆန်းဦး (ခေတ္တ ရန်ကုန် )

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်