Subscribe to our RSS Feed

ဘင်္ဂလားဒေ့ရှ် နယ်စပ်အငြင်းပွားမှု သမ္မတရုံးပြောကြားချက်

From : .. hmuu zaw

၁။ ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် မိမိနိုင်ငံ လုံခြုံရေး တပ်ဖွဲ့များမှ အမှားအယွင်း တစ်စုံတစ်ရာ မရှိခဲ့ပါ။ မိမိနိုင်ငံပိုင်နက် နယ်မြေသို့ဝင်ရောက်လာသည့် RSO ဟု ယူဆရသော လက်နက်ကိုင်များသာ ဖြစ်ပါသည်။ (ဤသည်ကိုလည်း သတင်းအပြည့်အစုံ ထုတ်ပြန်ထားပြီး ဖြစ်ပါသည်)

၂။ ဘင်္ဂလားဒေ့ရှ်ရှိ မိမိနိုင်ငံသံအမတ်ကြီးမှ သက်သေအထောက်အထားများဖြင့် ဘင်္ဂလားအစိုးရအား ဖြစ်စဉ်အမှန် ရှင်းပြထားပါသည်။ နှစ်နိုင်ငံ အထင်လွဲမှားမှု မရှိစေရန် သံတမန်နည်းလမ်းဖြင့် ဖြေရှင်းလျက် ရှိပါသည်။

၃။ မြေပြင်တပ်ဖွဲ့များအကြားတွင်လည်း ဖြစ်စဉ်အမှန်ကို ရှင်းလင်းထင်ရှားစွာ သိစေနိုင်ရန် ညှိနှိုင်းဖြေရှင်းလျက် ရှိပါသည်။ မိမိတပ်ဖွဲ့များ အမှား မရှိပါ။ လက်မောင်းတံဆိပ်မပါ ပြောက်ကြားဝတ်စုံအဝါဝတ် လက်နက်ကိုင်များ မိမိနယ်မြေသို့ ဝင်ရောက်လာ၍ ဖြစ်ပွားရခြင်းသာ ဖြစ်ပါသည်။

၎။ နှစ်နိုင်ငံဆက်ဆံရေး မထိခိုက်စေရန်အတွက် နိုင်ငံခြားရေးမူဝါဒနှင့်အညီ သံတမန်နည်းလမ်းဖြင့် လက်ရှိ ဖြေရှင်းဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်သမ္မတကြီး ချမှတ်ထာသည့် မူဝါဒမှာ (၁) အချုပ်အခြာအာဏာ အထိခိုက်မခံ (၂) ပြည်သူများအကျိုးစီးပွား အထိခိုက်မခံ (၃) နိုင်ငံတော်၏ ဂုဏ်သိက္ခာ အထိခိုက်မခံ ဟူ၍ ဖြစ်ပါသည်။

၅။ ကျန်အပိုင်းများမှာ နိုင်ငံတော်ကာကွယ်ရေးနှင့် အမျိုးသားလုံခြုံရေးကိစ္စရပ်များ ဖြစ်၍ ထုတ်ပြန်ရန် မရှိပါ။ သံတမန်နည်းလမ်းဖြင့် ဖြေရှင်းနိုင်မည် ဟု မျှော်မှန်းထားပါသည်။ စိုးရိမ်ပူပန်ခြင်းများ မရှိကြစေလိုပါ။


 .. www.MyanmarExpress.net
 

1 comments:

အဲ ဒါ ပြော တာ ဘဲ

ခေတ် မှီ လက် နက် စက် ရုံ တွေ အ မြန် လုပ် ကြ ပါ
ဒုးံ ကျာ် တွေ တ်ုက် လေ ယဉ် တွေ အ မြောက် ကြိး တွေ တ ချက် ပစ် ရင် အ များ ထွက် တဲ့ ဒုးံ တွေ ဖျက် အား ပြင်း လက် နက် တွေ အ မြန် လုပ် ကြ ပါ တင့် ကား တွေ အ မြန် လုပ် နောက် ဆုးံ လေ ဆာ လက် နက် လုပ် အနု မြူ လုပ်
အ မြန် လုပ်
ရှေ့ ရေးး မ လွယ် ပါ
အ မြန် လုပ် ကြ
ပခက တာ တိး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်