Subscribe to our RSS Feed

Facebook ရှိ ၀ါဒဖြန့်နေသော အကောင့်များ၏ အချက်အလက်များကို အစိုးရမှတောင်းဆိုတော့မည်

From : http://myanmarnewsupdates.blogspot.com/2013/08/facebook_31.html


 .ဖေ့စ်ဘွတ်ခ်ပေါ်တွင် မဟုတ်မမှန်ဝါဒဖြန့်သူများနှင့် နိုင်ငံတော်နှင့် အစိုးရအပေါ် အကြည်ညိုပျက်အောင် လုပ်သော account များ၏ အချက်အလက်အချို့ကို ဖေ့စ်ဘွတ်ခ် ထံမှ တောင်းဆို သွားတော့မည်ဖြစ်ကြောင်း နေပြည်တော်အသိုင်းအ၀ိုင်းမှသိရသည်။

 အမေရိကန် နိုင်ငံသားများနှင့် အခြားနိုင်ငံများမှသူများကို အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ (NSA) က ထောက် လှမ်းရာ၌ ၎င်းတို့ ပူးပေါင်းပါဝင်ခဲ့သည့် အကြောင်းကို ဖေ့စ်ဘွတ်ခ်က ထုတ်ဖော် ပြောကြား လိုက်ပြီးနောက် ကမ္ဘာ့ထိပ်တန်း လူမှုကွန်ရက် ဖြစ်လာ သည့် ဖေ့စ်ဘွတ်ခ်မှာ အစိုးရအာဏာ ပိုင်များ ပစ်မှတ်ထားသည့် နေရာ တစ်ခု ဖြစ်လာသည်ကို တွေ့ရသည်။

ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက ထုတ်ပြန်သည့် အစီရင်ခံစာတွင် အစိုးရများမှတောင်းဆိုသည့် အချက်အလက် အမျိုးအစား များနှင့်ပတ်သက်ပြီး အသေးစိတ်ဖော်ပြ ထားခြင်းမရှိသကဲ့သို့ မည်သည့်အချက် အလက် အမျိုးအစားမျိုးကို ကုမ္ပဏီက လွှဲပြောင်းပေးလိုက်ကြောင်းလည်း မပါ ရှိပေ။

"အချက်အလက် တောင်းဆိုမှုတွေ နဲ့ပတ်သက်လို့ တိကျတဲ့ အကြိမ်ရေနဲ့ အမျိုးအစားတွေ အပါအ၀င် ဒီထက်ပို အသေးစိတ်ဖော်ပြပေးနိုင်အောင် အမေ ရိကန်အစိုးရကို ဆက်ပြီးတောင်းဆို သွားမှာပါ" ဟု ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက ပြောကြားခဲ့သည်။

တူရကီဝန်ကြီးချုပ် ရီဆက်ပ်တေရစ်ပ် အာဒိုဂန်က လူမှုကွန်ရက် မီဒီယာကို "လူ့အဖွဲ့အစည်းအတွက် အဆိုးဆုံး အန္တရာယ်" ဟု ပြောကြားခဲ့သည်။

 တူရကီအစိုးရက သုံးစွဲသူ ၁၇၀ ၏အချက်အလက်များကို သိရှိနိုင်ရန် ၉၆ ကြိမ်တောင်းဆိုခဲ့ပြီး ဖေ့စ်ဘွတ်ခ် က ယင်းတောင်းဆိုမှု၏ ၄၇ ရာခိုင်နှုန်း ကိုခွင့်ပြုခဲ့သည်။

အိန္ဒိယနိုင်ငံက သတင်းအချက် အလက် တောင်းဆိုရာ၌ ဒုတိယအများ ဆုံးနိုင်ငံဖြစ်ပြီး သုံးစွဲသူ ၄,၁၄၄ ဦး၏အချက်အလက်များကို သိရန် ၃,၂၄၅ ကြိမ် တောင်းဆိုခဲ့ရာ ကုမ္ပဏီက ၅၀ ရာခိုင်နှုန်း ခွင့်ပြုပေး ခဲ့သည်။ ဗြိတိန်အာဏာပိုင်များ၏ သုံးစွဲသူ ၂,၃၃၇ ဦး၏ အချက်အလက် အသေးစိတ် တောင်း ဆိုမှုတွင် ဖေ့စ်ဘွတ်ခ် က ၆၈ ရာခိုင်နှုန်း ကို ခွင့်ပြုခဲ့သည်။

နိုင်ငံတော် မတည်မငြိမ်ဖြစ်စေရန် မဟုတ်မမှန်ဝါဒဖြန့်လျှက်ရှိသည့် ခွန်ဒီးယမ်မိုးဇေညိမ်း အစရှိသူတို့၏ အကောင့်များတွင် တင်ထားသည့် နိုင်ငံတော်သမ္မတအား စော်ကားထားသည့် ပုံများအားတွေ့ရစဉ်။.


.. www.MyanmarExpress.net
 

ဆီးရီးယား အစိုးရက စကာ့ဒ်ဒုံးကျည်များကို နေရာ ရွှေ့ပြောင်း

From : ..mwd


ဆီးရီးယားသမ္မတ ဘာရှာအယ်လ် အာဆတ်၏ တပ်ဖွဲ့များသည် ဒမတ်စကပ်မြို့တော် မြောက်ပိုင်းရှိ နိုင်ငံ၏ အကြီးမားဆုံး စစ်ခရိုင်ဖြစ်သည့် Qalamoun တောင်ခြေ စစ် အခြေစိုက်စခန်းမှ စကာ့ဒ်ဒုံးကျည်များနှင့် ဒုံးပစ်လောင်ချာ ဒါဇင်ပေါင်းများစွာကို အနောက်အုပ်စု၏ တိုက်ခိုက်လာနိုင်မှုမှ ကာကွယ်သည့် အနေဖြင့် ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သြဂုတ် ၃ဝ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။ သို့ရာတွင် အာဆတ် တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် ဆီးရီးယားနိုင်ငံ အလယ်ပိုင်းတွင် စစ်လက်နက် ပစ္စည်းများကို အကန့်အသတ်ဖြင့်သာ တပ်ဖြန့် ချထားကြောင်း သိရသည်။ ဆီးရီးယားနိုင်ငံ အနောက်ပိုင်းတွင် အခြေစိုက် သည့် အမှတ်(၁၅၅) ဒုံးတပ်မဟာသည် ရွှေ့ပြောင်း ပစ်ခတ်နိုင်သော စကာ့ဒ်ဒုံးကျည် ဒါဇင်ပေါင်း များစွာကို ၎င်းတို့၏ အခြေစိုက်စခန်းမှ မြောက်ဘက်ရှိ Homs မြို့သို့ သယ်ယူလျက် ရှိသည်ကို သူပုန်ကင်းထောက် အဖွဲ့များမှ တွေ့မြင်ခဲ့ရကြောင်း သိရသည်။

သူပုန်များ၏ အဆိုအရ ဒုံးကျည် အစိတ်အပိုင်းများ၊ ဒုံးပစ်လောင်ချာများနှင့် ဆက်စပ်ပစ္စည်းများကို တာပေါ် လင်စများဖြင့် ဖုံးအုပ်ကာ နောက်တွဲယာဉ်များဖြင့် သယ်ဆောင်၍ ရွှေ့ပြောင်းလျက်ရှိကြောင်း၊ ၎င်းရွှေ့ပြောင်းမှုတွင် ကီလိုမီတာ ၃ဝဝ ကျော်အထိ ရောက်ရှိ ပစ်ခတ်နိုင်သည့် အရှည် ၁၁ မီတာရှိ စကာ့ဒ်ဒုံးကျည် နှစ်ဒါဇင်ထက် မနည်း ပါဝင်ကြောင်း သိရသည်။



.. www.MyanmarExpress.net
 

မီဒီယာ နှင့် Facebook များ မဟုတ်မမှန်ရေးသားမှုကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် မှာကြား



မီဒီယာ နှင့် Facebook များ မဟုတ်မမှန်ရေးသားမှုကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့  ဒေါ်အောင်ဆန်းစုကြည် မှ နေပြည်တော် ကော်မတီရုံးတွင် မီဒီယာများနှင့်တွေ့ဆုံချိန်မှာ မှာကြားလိုက်ပါတယ်။

လွှတ်တော်နောက်ဆုံးနေ့ မီဒီယာများနှင့် တွေ့ဆုံချိန်မှာ အမျိုးသားဒီမိုကရေစီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ  Facebook များတွင် တင်ချင်တာ တင်နေကြကြောင်း၊ ရေးချင်တာ ရေးနေကြကြောင်း၊ မီဒီယာများ နှင့် Facebook များအနေနဲ့ မဟုတ်မမှန်ရေးသားမှုများကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့လိုကြောင်းကို အခုလို ပြောကြားခဲ့ပါတယ်။
  
"Facebook တွေက တင်ချင်တိုင်းတင်တာပဲ... ရေးချင်တိုင်း ရေးတာပဲ.. ယုံတဲ့လူကလည်း ယုံတာပဲ.. ဘာမှလည်း တားဆီးလို့မရဘူး.. မီဒီယာများအနေနဲ့ မဟုတ်မမှန်ရေးသားတာကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြပါ.. နောက်ဆုံးကျတော့ ဘယ်သူ့ကို ယုံရမှာလဲ.. မီဒီယာဆိုတာ သတင်းမှန်ပေးနေတာလား.. ကိုယ်ရေးချင်တာ ရေးနေတာလား.. မီဒီယာအချင်းချင်းဘယ်လိုပြန်ပြီးထိန်းမလဲ... ဘယ်လိုလုပ်မလဲ.. ဘယ်လိုစဉ်းစားလဲ... " လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တားမြစ်ပေမယ့် facebook ပေါ်က ဝါဒဖြန့်သူ အများစုအနေနဲ့ ဆင်ခြင်ကြမှာမဟုတ်ကြောင်း လေ့လာသူများက သုံးသပ်ကြပါတယ်။ မြန်မာနိုင်ငံတွင် Facebook သုံးစွဲသူ တစ်သန်းကျော်ရှိတယ်လို့ ခန့်မှန်းထားပြီး အများစုမှာ ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်လုပ် မျက်စိမှိတ် ထောက်ခံသူများဖြစ်ပါတယ်။
 
 

သရဖူမရသော်လည်း ကတော် ဖြစ်သွားတဲ့ ခင်ဝင့်ဝါ (ဓာတ်ပုံ - ၄ ပုံ)


 Miss Supranational 2013 သို့ သွားရောက်ယှဉ်ပြိုင်နေသော Miss Myanmar ခင်ဝင့်ဝါ၏ နတ်ကတော် Performance.








.. www.MyanmarExpress.net
 

အစိုးရနှင့် UNFC စက်တင်ဘာ ၈ ရက်နေ့ ထိုင်းနိုင်ငံ၌ တွေ့မည်

From : ..the voice
 
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအတွက် ကြိုတင်ညှိနှိုင်းမှုများ ပြုလုပ်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ စက်တင်ဘာလ ၈ ရက်နေ့၌ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံမည် ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်း အကြံပေးတစ်ဦးက ပြောကြားသည်။

အစိုးရနှင့် UNFC မှ နည်းပညာ အထောက်အကူပြုအဖွဲ့များ သြဂုတ်လ ၂၇ ရက်နေ့က ချင်းမိုင်မြို့တွင် တွေ့ဆုံ၍ အကြို ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

“ဒီတစ်ခါ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့အတွက် မူဘောင်တွေ ညှိနှိုင်းမယ်” ဟု ၎င်းကဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အသီးသီးနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် KIO အပါအဝင် လက်နက်ကိုင်အဖွဲ့သုံးဖွဲ့နှင့် ညှိနှိုင်းနေဆဲဖြစ်ပြီး KIO နှင့် တွေ့ဆုံရန် အစိုးရဘက်က အဆင်သင့် ရှိနေကြောင်း ဦးအောင်မင်းက ပြောကြားသည်။

နိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲရေးကို အောက်တိုဘာလတွင် လက်မှတ်ရေးထိုးနိုင်ရန် စီစဉ်ထားကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက သြဂုတ်လ ၂၅ ရက်နေ့တွင် ပြောကြားထားသည်။


 .. www.MyanmarExpress.net
 

ရန်ကုန်မြို့တွင် Day Club များ လုံးဝမဖွင့်ရန် ညွှန်ကြားချက်ကို လိုက်နာခြင်း မရှိပါက ပုဒ်မ ၁၈၈ ဖြင့် အရေးယူမည်

From : ..eleven


ရန်ကုန်မြို့အတွင်းရှိ Day Club တစ်ခုအား မေလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
ရန်ကုန်တိုင်း ဒေသကြီးအတွင်း Day Club များ လုံးဝမဖွင့်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်းနှင့် ယင်းညွှန်ကြားချက်အား လိုက်နာမှု မရှိသူများအား ပုဒ်မ ၁၈၈ ဖြင့် အရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း Night Club များသာမက ယခုနောက်ပိုင်း Day Club များပါ ဖွင့်လှစ်မှု ရှိလာကြောင်း၊ ထိုသို့ ဖွင့်လှစ်မှုများမှာ အကျင့်စာရိတ္တ ပျက်ပျားစေကြောင်း၊ ထို့ပြင် အချို့မိဘများမှာ Day Club များနှင့်ပတ်သက်၍ တိုင်းတန်းမှု အချို့ပင် ပြုလုပ်လာကြခြင်းကြောင့် ၎င်းတို့အား အရေးယူရန် တရားဝင် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားချက်အရ သိရသည်။
Day Club တွေကို အရေးယူဖို့ တရားဝင် ညွှန်ကြားထားပြီး ဖြစ်တယ်။ ရဲတပ်ဖွဲ့ကနေ အုပ်ချုပ်ရေးပိုင်းနဲ့ ပူးပေါင်းပြီး အရေးယူမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
''ပုဒ်မ ၁၈၈ ဆိုတာ တားမြစ်ထားတဲ့ ညွှန်ကြားချက် တစ်ခုကို လိုက်နာခြင်း မရှိသူတွေကို အရေးယူနိုင်တဲ့ ပုဒ်မဖြစ်ပြီး အခုလို Day Club များ ဖွင့်လှစ်ခြင်း မပြုရန် ညွှန်ကြားချက်ကို မလိုက်နာရင် ပုဒ်မ ၁၈၈ နဲ့ အရေးယူမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။
ပုဒ်မ ၁၈၈ ဆိုသည်မှာ ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန်ကြေညာသော အမိန့်ကို ဖီဆန်ခြင်းဖြစ်ပြီး ပြစ်ဒဏ်အနေဖြင့် အလုပ်မဲ့ ထောင်ဒဏ် ၁ လ ဖြစ်စေ၊ ငွေနှစ်ရာဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း၊ အကယ်၍ ထိုသို့ ဖီဆန်မှုသည် လူ့အသက်ကိုသော် လည်းကောင်း၊ ကျန်းမာရေးကိုသော် လည်းကောင်း၊ လုံခြုံရေးကို သော်လည်းကောင်း၊ ဘေးဖြစ်စေသော် ခြောက်လအထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေတစ်ထောင်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
သို့သော် လက်ရှိအထိ Day Club ဖွင့်လှစ်ရန် တားမြစ်ချက်အား မလိုက်နာ၍ ပုဒ်မ ၁၈၈ ဖြင့် အရေးယူမှု မရှိသေးကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

.. www.MyanmarExpress.net
 

ဆီးရီးယားအရေး တင်းမာနေချိန် အမေရိကန် စစ်သင်္ဘော တပ်ဖြန့်ထားသည့် မြေထဲ ပင်လယ်သို့ ရုရှား စစ်သင်္ဘောများ စေလွှတ်

From : ..မြ၀တီ


ရုရှားရေတပ်သည် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ရေယာဉ် တစ်စင်းနှင့် ဒုံးကျည်တင် တိုက်ခိုက်ရေး စစ်သင်္ဘော တစ်စင်းတို့အား သြဂုတ် ၂၉ ရက်က မြေထဲ ပင်လယ်သို့ဏ္ဍ စေလွှတ်ခဲ့ကြောင်း ရုရှား သတင်းဌာန တစ်ခုက ပြောကြားခဲ့သည်။

စစ်ဘက် အသိုင်းအဝိုင်းများ၏ ပြောကြားချက်အရ အဆိုပါ စစ်သင်္ဘောများ စေလွှတ်ခြင်း သည်လက်ရှိ ဖြစ်ပေါ် နေသော ဆီးရီးယား အရေးအား တုံ့ပြန်ရန် အတွက် ဖြစ်ကြောင်း သိရသည်။ သို့သော် ရုရှားရေတပ်၏ ပြောကြားချက်အ ရ ထိုကဲ့သို့ စစ်သင်္ဘော များ စေလွှတ်ခြင်း သည် မြေထဲပင်လယ် ဏ္ဍအတွင်း သို့ စစ်သင်္ဘော များ အလှည့်ကျ စေလွှတ်ခြင်း အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ကြောင်း သိရသည်။

ရုရှားနိုင်ငံသည် ဆီးရီးယား အရေးတွင် မည်သည့်စစ်ရေးအရ ကြားဝင် တိုက်ခိုက်မှုမျိုးကို မဆို ပြင်းပြင်းထန်ထန် ကန့်ကွက် လျက်ရှိပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ခွင့်ပြုချက် မရရှိဘဲ တိုက်ခိုက်ခြင်းသည် အပြည်ပြည် ဆိုင်ရာ ဥပဒေ အား ဏ္ဍချိုးဖောက်ခြင်းသာဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလဗ်ရော့ဗ်က ပြောကြားခဲ့သည်။

ထို့အပြင် အမေရိကန် နိုင်ငံသည် ဆီးရီးယားအား ဝင်ရောက် တိုက်ခိုက်နိုင်ရန် အတွက် အသင့် ပြင်ဆင်ထားသည့် အနေဖြင့် မြေထဲပင်လယ် အရှေ့ပိုင်းတွင် ၎င်း၏ ငါးစင်းမြောက် ဖျက်သင်္ဘောဖြစ်သည့် USS Stout အား တပ်ဖြန့်ချ ထားကြောင်း သိရသည်။


.. www.MyanmarExpress.net
 

ထူးထူးခြားခြား ဝက်မကြီးမှ ဝက်၊ ဆင်၊ မျောက်ပုံတူ ဝက်မွေးဖွား

From : .. MWD



ပုဗ္ဗသီရိမြို့နယ် ရွာတော်ကျေးရွာ အုပ်စု ရွာတော်တောင်ရွာ အမှတ်(၁၈၃)နေ ဦးဝင်းညွန့် နေအိမ်တွင် ယမန်နေ့နံနက် ၁၁ နာရီခွဲက ၎င်းအိမ်၌ မွေးမြူထားသော တစ်နှစ်သား အရွယ် ဝက်မတစ်ကောင်မှ ဝက်ပေါက် ကလေး သုံးကောင် မွေးဖွား ခဲ့သည်။

ထိုသို့ ဝက်ပေါက်ကလေး သုံးကောင် မွေးဖွားရာတွင် ဝက်မကလေး တစ်ကောင်မှာ သမားရိုးကျ မွေးဖွားခြင်း မဟုတ်ဘဲ ထူးထူးခြားခြား ဝက်၊ ဆင်၊ မျောက်ပုံတူ မွေးလာသည်ကို တွေ့ရသည်။

ဝက်မကလေး၏ ထူးခြားချက်မှာ မျက်နှာသည် ဝက်နှင့် မတူဘဲ မျောက်မျက်နှာနှင့် တူနေပြီး မျက်နှာတွင် နှာခေါင်း ပါရှိခြင်း မရှိဘဲ အသက်ရှူရာတွင် ပါးစပ်ဖြင့်သာ အသက်ရှူနေသည်ကို တွေ့ရသည်။ ထို့အပြင် ပို၍ ထူးခြားသည်မှာ မျက်နှာတွင် မျက်လုံးတစ်လုံးတည်းသာ ပါရှိပြီး မျက်နှာရှိ နဖူးတည့်တည့်တွင် ဆင်များကဲ့သို့ နှာမောင်းပါရှိ သည် ကိုလည်း တွေ့ရသည်။ ယခုအခါ အဆိုပါ ဝက်မကလေးမှာ ကျန်းမာစွာဖြင့် အသက်ရှင်လျက် ရှိသည်။


.. www.MyanmarExpress.net
 

အစိုးရဘက်ဂျက် ပြည်သူတွေ ပိုပေးဖို့ထက် ကိုယ်တိုင်သိမ်းယူဖို့ ပါတီတွေ လိုလား

From : ..YMG


နိုင်ငံရေး ပါတီများ ရေရှည်ရပ်တည်နိုင်ရေး အတွက် အစိုးရဘတ်ဂျက်တွင် ထည့်သွင်းပေးရန် နိုင်ငံရေးပါတီ များက လိုလားလျက်ရှိကြောင်း သိရသည်။
နိုင်ငံရေးပါတီများ အနေ ဖြင့် နိုင်ငံခြားတိုင်းပြည်များမှ ထောက်ပံ့မှုလက်ခံရယူပါက ပါ တီဖျက်သိမ်းခြင်းခံရမည်ဖြစ် ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများ အားလုံးသို့ သတိပေးအကြောင်း ကြားစာပေးပို့ခဲ့ပြီးနောက် နိုင်ငံ ရေးပါတီများက ယင်းသို့ပြော ကြားလိုက်ခြင်းဖြစ်သည်။
''နိုင်ငံရေးပါတီတွေ တိုင်း တစ်ပါးက ထောက်ပံ့မှုမယူရဘူး ဆိုတာ ဖွဲ့စည်းပုံမှာပါပြီးသား။ ဘာကြောင့် အခုဒီစာကိုထပ်ပို့လဲ ဆိုတာတော့မသိဘူး။ ဘာရည် ရွယ်ချက်လဲမသိဘူး။ တချို့နိုင်ငံ ခြားထောက်ပံမှုတွေကလဲ သူတို့ ဩဇာလွှမ်းမိုးချင်လို့ ထောက်ပံ့မှု ပေးနေတာတွေရှိတယ်။ ဒါကြောင့် နိုင်ငံခြားထောက်ပံ့မှုမယူသင့် ဘူး။ ဒါပေမဲ့ အစိုးရဘတ်ဂျက်ကို ပါတီတွေအတွက် ခွဲဝေပေးသင့် တယ်။ ပါတီတွေရပ်တည်ဖို့အ တွက် ရန်ပုံငွေကလိုအပ်နေသေး တာကိုး''ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေကပြော သည်။
နိုင်ငံရေးပါတီများ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့များ ရယူခြင်းနှင့်ပတ်သက်၍ တိကျ စွာလိုက်နာဆောင်ရွက်ရေးဟူ သောအကြောင်းအရာဖြင့် ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်က ဩဂုတ်၂၃ရက်တွင် နိုင်ငံ ရေးပါတီများထံသို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အကြောင်းကြား စာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၄၀၇(ဂ)တွင် ''နိုင်ငံခြားတိုင်း ပြည်တစ်ခုခုမှ အစိုးရသို့မဟုတ် ဘာသာရေးအဖွဲ့အစည်းသို့မ ဟုတ် အခြားအဖွဲ့အစည်းတစ်ခု ခုသို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက် အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ် ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်းစ သည့်အကြောင်းအရာ တစ်ခုခုနှင့် ငြိစွန်းလျှင် ဆက်လက်ရပ်တည် နိုင်ခွင့်မရှိဟု ပြဋ္ဌာန်းထားသည်။
နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်း ဥပဒေပုဒ်မ၆(စ)၊ ပုဒ်မ ၇(ဃ)၊ ပုဒ်မ၁၂(ခ)နှင့်နည်းဥပ ဒေပုဒ်မ၁၅(ခ)တို့အရ အထက် ဖော်ပြပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၇(ဂ)တွင်ပါရှိသည့် ပြ ဋ္ဌာန်းချက်ကိုငြိစွန်းကြောင်း ကော် မရှင်ကတွေ့ရှိပါက ယင်းပါတီကို ပါတီမှတ်ပုံတင်ပယ်ဖျက်ရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းချက်များပါ ရှိသည်။
ချင်းအမျိုးသားပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးဆ လိုင်းထောင်းထောင်းက ''ကော် မရှင်က နိုင်ငံခြားတွေကလွှမ်းမိုး မှုရှိမှာစိုးလို့ တားမြစ်နေတာပါ။ နိုင်ငံရေးပါတီတွေမရှိဘဲနဲ့ ဒီမို ကရေစီစနစ်ဆိုတာ မတည်တံ့နိုင် ဘူး။ နိုင်ငံတော်ကမထောက်ပံ့ နိုင်ရင် တခြားကူညီမှုရှိရမယ်။အဲဒီလိုမဟုတ်ဘဲ တစ်ဖက်ကကူ ညီမှုကို ယူဖို့ပိတ်ထားတယ်ဆိုရင် နိုင်ငံတော်က ထောက်ပံ့မှုပေးသင့် တယ်''ဟုပြောသည်။


 .. www.MyanmarExpress.net
 

ဆီးရီးယားကို တိုက်ပါက ခွင့်လွှတ်မည်မဟုတ်ဟု တရုတ်မီဒီယာပြော

From : ..YMG


မ္မတဘာရှားအယ်လ်အာ ဆတ်အစိုးရအား ဓာတုလက်နက် ဖြင့် တိုက်ခိုက်သည်ဟု စွပ်စွဲကာ အပြစ်ပေးမည်ဟု ပြောကြားမှု များ မြင့်တက်လာနေချိန်တွင် တရုတ်နိုင်ငံပိုင်မီဒီယာက အ နောက်နိုင်ငံများက တိုက်ခိုက်မည့် ကိစ္စများကို သတိပေးလိုက်ကြောင်း ဖော်ပြခဲ့သည်။

အစိုးရပိုင်သတင်းစာ China Daily သတင်းစာခေါင်းကြီးပိုင်း ၌ "No excuse for strikes" ခေါင်းစဉ်ဖြင့် အယ်ဒီတာ့အာဘော် ရေးသားခဲ့ရာတွင် အမေရိကန် နှင့် ၎င်း၏မဟာမိတ်များသည် တရားသူကြီး၊ ဂျူရီအဖြစ် လုပ် ဆောင်နေကြသည့်အပြင် လက် မရွံ့သမားအဖြစ်လည်း ဆောင် ရွက်ကြသည်ဟု ဖော်ပြခဲ့ကြောင်း သိရသည်။

ဆီးရီးယားအား စစ်ရေး အရ ဝင်ရောက်ကျူးကျော်ခြင်း သည် ဒေသတွင်းလုံခြုံရေးကို တိုက်ရိုက်အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေပြီး နိုင်ငံတကာဆက် ဆံရေးအုပ်ချုပ်မှုစံကိုလည်း ချိုး ဖောက်ရာရောက်လိမ့်မည်ဟု ဖော် ပြခဲ့သည်။

ဤသို့လှုပ်ရှားဆောင်ရွက် မှုများသည် ဆိုးရွားမှုကို ဖြစ်ပေါ် စေပြီး မကြုံဖူးသေးသော၊ မမျှော် မှန်းသောအကျိုးဆက်များကို ဖြစ်ပေါ်လာစေလိမ့်မည်ဟု ဖော် ပြခဲ့သည်။ အီရတ်စစ်ပွဲမှာလည်း ကုလသမဂ္ဂသဘောတူညီမှုမပါ ဘဲ ထောက်လှမ်းရေးသတင်းများ ဖြင့် အဖျက်စွမ်းအားကြီးမား လျက်ရှိသည်ဟုဆိုကာ ဆက်ဒမ် ဟူစိန်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ ကြောင်း၊ ဂလိုဘယ်တိုင်းမ်သတင်း စာက ဝါရှင်တန်သည် ပြတ်သား သောနိုင်ငံရေးရည်မှန်းချက်မရှိဟု ဖော်ပြခဲ့သည်။ ထို့အပြင် စစ်ရေး အရ အလောတကြီးအလျင်အ မြန်လုပ်ဆောင်မှုမှာ စိတ်ဓာတ် ရေးရာပျက်ပြားမှုကြောင့်ဖြစ်သည် ဟုဆိုသည်။

စစ်ရေးအရ တိုက်ခိုက်ပါက ရုရှားနှင့်အီရန်တို့၏ လက်နက် များ ဆီးရီးယားသို့ ထောက်ပံ့ ပေးနေသည်ကိုလည်း ထည့်တွက် ရန် လိုအပ်မည်ဟု ဖော်ပြခဲ့သည်။ တရုတ်အနေဖြင့် သတိကြီးစွာ ချဉ်းကပ်၍ ကုလသမဂ္ဂစစ်ဆေး ရေးမှူးများ၏အဖြေကို စောင့် နေကြောင်း ဖော်ပြခဲ့သည်။

ဆီးရီးယားနိုင်ငံရှိ တရုတ် များ ထွက်ခွာကြရန် တရုတ်နိုင်ငံ ခြားရေးဌာနက သတိပေးထား သည်။ တရုတ်က နိုင်ငံတကာဝင် ရောက်စွက်ဖက်မှုကိုလည်း ဆန့် ကျင်သည်ဟု ဖော်ပြခဲ့သည်။

.. www.MyanmarExpress.net
 

၁ % နှုန်းနဲ့ ပြုတ်မည်ကို ဒေါ်အောင်ဆန်းစုကြည်လည်း ကြောက်

From : ..popular


လစ်လပ်မဲ ဆန္ဒ နယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲ များ ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘဲ လွှတ်တော်ကိုယ်စား လှယ်များအား ပြန်ရုပ်သိမ်းခြင်းဥပဒေကို အမြန်ပြု ရန် ဆိုခြင်းသည် စဉ်းစားရန်လိုကြောင်း အမျိုးသားဒီမို ကရေစီ အဖွဲ့ ချုပ် ဥက္ကဌ  ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ဒါက လွှတ်တော်မှာ ပါလာပြီးပြီး မကြာခင်ကာ လတုန်းက လစ်လပ် နေတဲ့  မြို့နယ်တွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ကြားဖြတ်ရွေးကောက်ပွဲ တွေ ကို လုပ်ဖို့  ၊အဲဒါကို ကြတော့ လုပ်ဖို့ မလို သေးဘူး လို့ ပြောတယ်လေ လုပ်ဖို့ အစီိအစဉ် မရှိဘူးဆိုတော့ အဲဒီနေရာတွေ မှာ ပြန်ပြီး အစားထိုးဖို့ လစ်ဟင်း နေတဲ့ နေရာ တွေ မှာ အစားထိုးဖို့ တောင်မှ အမြန် လုပ်ဖို့ မလို ဘူးဆိုရင် ဒီကိစ္စ ကို ဘာလို့  ၃ လတောင်မှ ဘာလို့ မစောင့် စားနိုင် အမြန် လုပ်ချင်ရာ ဖို့ ရာ ဘာ အကြောင်းရှိမလဲဆိုတာ ဒါနည်းနည်းစဉ်းစားရမှာ ပေါ့ ” ဟု ၎င်း ကပြောကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့ စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်း ကော်မတီက လေ့လာ တွေ့ ရှိချက် များကိုဒီဇင်ဘာ လအတွင်း ဖွဲ့ စည်းပုံ အခြေခံဥပဒေပါ ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်း ခြင်း ပုဒ်မအပါအ၀င် အစီရင်ခံစာ တင်ပြရမည်ဖြစ်၍ အချိန် ကာ လ ၃ လခန့် ကို မစောင့်စားနိုင်ဘဲ မည်သည့် အတွက် ကြောင့် လုပ်ခြင်းသည်ကိုမေးမြန်းလို ကြောင်း ၎င်း ကပြောသည်။“အခုဒီလိုဆိုင်းငံ့ထားတာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီ ဘူး လို့  ထင်လို့ ချင်ရင်၊ဒါထင်တဲ့ အတိုင်းပြောလို့ ရပါတယ်။

ပြောချင် တဲ့ အဖွဲ့  အစည်းက ကျွန်မတို့ လွှတ်တော် အတွင်း ကတော့ ဒီဟာလုပ်ပိုင်ခွင့်ရှိတယ် ဆိုတဲ့ အမြင်နဲ့ ဆုံး ဖြတ်လိုက်တာပဲ ။လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ဒါကို သဘောတူလိုက်တာပဲ။ဒီဖွဲ့ စည်းပုံ အခြေခံဥပဒေ လေ့လာရေးကော်မတီက ဒီကိစ္စကို ကိုင်တွယ် တဲ့ အထိစောင့်လိုက်ပါဆိုတာ အန်တီ အမြင်မှာ တော့ ဒါစဉ်းစဉ်း စားစား လုပ်တဲ့ ကိစ္စပဲ ကမှန်းကတမ်းကြီး ဘာဖြစ်လို့ လုပ်ဖို့ က ဘာဖြစ်လို့  လို သလဲ ဆိုတာလဲ မေးစရာရှိတာပေါ့ ။ဘာဖြစ်လို့ ဒီလောက်အမြန် ကြီးလုပ်ချင်တာလဲ။ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ သုံးသပ်ရေး ကော်မရှင်ကနေ ဒီဇင်ဘာ မကုန်မှီ အစီရင် ခံစာ တင်ရမယ်လို့ ဆုံးဖြတ်ထားတယ်လေ”ဟု ၎င်း ကပြောသည်။

ပထမအကြိမ်ပြည်သူ့ လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့ အစည်းအဝေး ပြီးဆုံးပြီး မွန်းလွဲ (၁၃း၀၀) နာရီတွင်ပြည်သူလွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည် မီဒီယာများနှင့် လွှတ်တော်ရုံး အမှတ်I-12 တွင် တွေ့ ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်။“အဲ့လွှတ်တော်ထဲမှာ ဆွေးနွေး တုန်းက ဆိုရင် လွှတ်တော်ကိုယ်စားလှယ် နှစ်ယောက်က ပြန်ပြီး တော့ ဖြေသွားတာတွေရှိတယ်ဦးမောင်တိုး ပြောတဲ့ကိစ္စ ကတော့ အဓိက ကတော့ သိပ် မတည်မငြိမ်မှု တွေ ဖြစ်မယ်ပေါ့။ တစ် ရာခိုင်နှုန်းကို ရှုံးသွားတဲ့သူကနိုင်သွားတဲ့သူကို မကျေနပ်လို့ အကြောင်းရှာ ပြီးတော့ ဒီလိုပြန်ပြီးတော့ ရုပ်သိမ်းဖို့ ဟာကို တင်နိုင်တယ်။

နောက် ဦးဘရှိန် ပြောသွားတဲ့ဟာမှာ ဆိုရင် ဒီလို ဟာတွေကို ခွင့်ပြုထားမယ်ဆိုရင်တောင် အကုန် အကျတွေ ဘယ်လောက်တောင် များမလဲဆိုတာ စဉ်းစားကြည့်ပါဆိုတော့ တကယ်တော့ လဲ အဲဒါဟာ မှန်ပါတယ်။ ရွှေး ကောက်ပွဲ လဲ လုပ်ရဦး မယ်။နောက်ပြီး မှ အားလုံး တစ်ခါပြန်ပြီး တော့ လုပ်ရမယ်ဆိုရင်ဒါ Theory အရ ဆို ရင် အဲ လို ဖြစ်နိုင်တယ်နော် ။၁ရာခိုင်နှုန်း ဆိုတာသိပ်များတာလဲ မဟုတ်ဘူး တကယ်ကို တစ်ရာခိုင်နှုန်းက မကျေနပ်တာတွေလဲ ရှိနိုင်တာပဲ ” ဟု ၎င်းကပြောသည်။ ထို့ပြင် ၄င်းက " အဲဒါတွေ ဟို ဘက် ဒီဘက်ကို မီဒီယာတွေရဲ့ အလုပ်ကပေါ့နော် ၊အန်တီ အနေနဲ့ မြင်တာကသတင်းတွေကို ထည့်ယုံ တင်မကဘူး သတင်းတွေကို သုံးသပ်နိုင်တဲ့ အခြေအနေ မှာ လဲ ရှိတယ် ။အဲဒီတော့ မျှမျှ တတ သုံးသပ်ဖို့ လဲ လို တယ် " ဟု မီဒီယာများနှင့်ပတ်သက်၍ ထပ်လောင်းပြောသည်။ယင်းကိုယ်စားလှယ်အခွင့် အရေးများ ပြန်ရုပ်သိမ်းခြင်း ဥပဒေကို စောလျှင်စွာ ပြုပေးရန် ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်ကယ နေ့ တွင် ပြည်သူ့ လွှတ်တော်သို့ သ၀ဏ်လွှာပေးပိုခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်၊မြိတ်မြို့ မဲဆန္ဒနယ်အမှတ်(၁) ကိုယ်စားလှယ်၊ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တိုက်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ကိုယ်စားလှယ်၊ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၁၂) ကိုယ်စားလှယ်နှင့်မန္တလေး တိုင်း တံတားဦးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း (၄)ဦးတို့ကိုကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းပေးရန်တိုင်းကြားထားကြောင်း ပါရှိသည်။



.. www.MyanmarExpress.net
 

လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းသည့် ဥပဒေ ပြန်ဆွေးနွေးရန် ကော်မရှင် တောင်းဆို

From : .. the voice



ပြည်သူ့လွှတ်တော်က ဆက်ဆွေးနွေးရန် ဆိုင်းငံ့ထားသည့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပြန်လည် ရုပ်သိမ်းခြင်း ဥပဒေကို ဆက်လက် ဆွေးနွေးပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ စာပို့ တောင်းဆိုထားကြောင်း လွှတ်တော် ကိုယ်စားလှယ် များထံမှ စုံစမ်း သိရှိရသည်။

နိုင်ငံသားတိုင်းသည် မိမိတို့ မဲဆန္ဒနယ်အတွက် လွှတ်တော် ကိုယ်စားလှယ် ကို ရွေးကောက် တင်မြှောက်ခွင့် ရှိပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၇၉ အရ ပြန်လည် ရုပ်သိမ်းပိုင်ခွင့်လည်း ရှိသည့်အတွက် အဆိုပါ ဥပဒေ ကို ပြန်လည် ဆွေးနွေးရန် တိုက်တွန်းကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ပေးပို့ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဥပဒေကြမ်းကို သြဂုတ်လ ၂၃ ရက်နေ့က ပြည်သူ့လွှတ်တော် တွင် ဆွေးနွေးရာ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီ က ဆွေးနွေးခြင်းကို ရွေ့ဆိုင်းရန် တင်ပြချက်ကြောင့် ဆိုင်းငံ့ ထားခြင်း ဖြစ် သည်။

အဆိုပါဥပဒေကို အခြေခံဥပဒေ ပြဋ္ဌာန်းချက်များအတိုင်း ဆက်လက် ဆွေးနွေး အတည်ပြု သင့်ကြောင်း တပ်မတော်သား ကိုယ်စားလှယ်များက တင်ပြ ဆွေးနွေးခဲ့သည်။

ယင်း ဥပဒေနှင့် ပတ်သက်၍ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် အချို့နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အချို့ လွှတ်တော်တွင်း အချေအတင် ဆွေးနွေးခဲ့ကြကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

လွှတ်တော် ကိုယ်စားလှယ်များ တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းခဲ့ပြီး ၁၉၇၄ ခုနှစ် ဆိုရှယ်လစ် အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင်လည်း ထည့်သွင်း ထားသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ အချို့က ဆိုသည်။
.
. www.MyanmarExpress.net
 

ဖွဲ့စည်းပုံအခြေခံဥပဒေကိုလိုသလိုသုံးဖို့ထင်သလိုအဓိပ္ပါယ်ဖွင့်ဆိုကြမည်လား

From : ..MWD

ဒီရက်ပိုင်းအတွင်း သတင်းသမားတွေအကြိုက် လွှတ်တော်က စီစီညံညံ အသံတွေကြားနေရပါတယ်။ ကိုယ်တိုင်ကတော့ ၁၉၄၇ ခုနှစ် Constitution ကို ကျောင်းမှာသင်ခဲ့ရပြီး ၁၉၇၄ Constitution နဲ့ ၂၀၀၈ ခုနှစ် Constitution ကိုတော့ ကိုယ်တိုင်တွေ့ကြုံ ခံစားခဲ့ရတာမို့လို့ ဥပဒေပညာသင်ကြားခဲ့ရသူ တစ်ဦးတစ်ယောက်အနေနဲ့ သုံးသပ်ဆင်ခြင် ကြည့်ရာမှာ အခြေခံအုတ်မြစ်ဖြစ် တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မှန်မှန်ကန်ကန် ဖွင့်ဆိုဖို့၊ မှန်မှန်ကန်ကန် အသုံးချဖို့ အထူးပဲအရေးကြီးလှကြောင်း စိတ်ထဲမှာ ဖြစ်ပေါ်ခံစား မိပါတယ်။

ဒီနေ့ ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ ဥပဒေပညာရှင်တွေဟာ (ဘွဲရဲ့အဆင့်အတန်း၊ လုပ်ရည်ကိုင်ရည်နဲ့ အတွေ့အကြုံတွေအရ) ဒီအခြေခံဥပဒေကိစ္စကို သိပ်စိတ် ဝင်စားကြပါတယ်။ လူတိုင်းလူတိုင်းက အခုဆိုရင် ဒီမိုကရေစီ အကြောင်း သိချင်နေကြတာဖြစ်ပါတယ်။ အလျဉ်းသင့်လို့ စာရေးဆရာ ဘုန်းအောင် ရေးသားတဲ့ ၁၉-၈-၂၀၁၃ ရက်ထုတ် Messenger ဂျာနယ်မှာ "Maker လား၊ Breaker လားနှင့် တရားဥပဒေစိုးမိုးရေး" ဆိုတဲ့ ဆောင်းပါးကိုလည်း အမှတ်ထင်ထင် ဖတ်ရှုမိပါတယ်။ နိုင်ငံတစ်နိုင်ငံ ဘယ်စနစ်ဘယ်လမ်းကြောင်း နဲ့ သွားမယ်ဆိုတာ ဆုံးဖြတ်ပြီးပြီဆိုလျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြည်သူလူထုရဲ့သဘောတူဆန္ဒကို ရယူပြီးမှ ရေးဆွဲကြရတာ ဖြစ်ပါတယ်။ အဓိက အားဖြင့် မဏ္ဍိုင်ကြီး သုံးရပ်ကို ဘယ်လိုပုံစံနဲ့ ခွဲဝေမလဲဆိုတာကို ရွေးချယ်ကြရတာ ဖြစ်ပါတယ်။ ပါလီမန်အခြေခံတဲ့ နိုင်ငံရေးစနစ်တွေမှာ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးကို ပေါင်းစည်း အသုံးပြုပြီး သမ္မတစနစ်မှာတော့ အာဏာကြီး(၃)ရပ်ကို တစ်ခုစီ ခွဲဝေထားလေ့ရှိကြ ပါတယ်။ ယခု မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ မဏ္ဍိုင်ကြီး (၃) ရပ်ကို အာဏာအညီအမျှ ခွဲဝေပေးတဲ့စနစ်ကို အခြေခံပြီး ကျင့်သုံး နေတာဖြစ်ပါတယ်။

ကျွန်တော့်အိမ်မှာ Sky Net မရှိတဲ့အတွက် လွှတ်တော်က ဆွေးနွေးချက်တွေ ကို တိုက်ရိုက်ကြည့်ခွင့်မရလို့ သတင်းစာမှာပါတဲ့ လွှတ်တော်တွေမှာ ဆွေးနွေး၊ မေးမြန်း၊ ဖြေကြားတာတွေ၊ အစီရင်ခံစာ တင်သွင်းတာတွေ၊ သဝဏ်လွှာပို့ကြ၊ ပြန်ကြားကြတာတွေ ကိုပဲ အားပြုပြီး ဖတ်နေရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ဥပဒေသမား တစ်ယောက်ဖြစ်တဲ့အတွက် ဥပဒေပြုရေး လုပ်ငန်းတွေလုပ်ဖို့ အဓိကတာဝန်ရှိတဲ့ လွှတ်တော်တွေရဲ့ အခန်းကဏ္ဍကို ပိုမိုစိတ်ဝင်စား မိလို့ပါပဲ။ ကျွန်တော် နားလည်ထားတာက အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးဆိုပြီး နိုင်ငံမှာ မဏ္ဍိုင်ကြီး (၃)ရပ်ခွဲခြား ထားပြီး အဲဒီမဏ္ဍိုင်ကြီး (၃)ရပ်ဟာ မိမိတို့ရဲ့ လုပ်ငန်းတာဝန်တွေကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲရမှာဖြစ်သလို အချင်းချင်းအပြန်အလှန် ထိန်းကျောင်း ခြင်းလည်း ပြုကြရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁ ၊ ပုဒ်မခွဲ (က)က လည်း ဒီအတိုင်းပဲ အတိအလင်း ပြဌာန်းထားတာကို တွေ့ရပါတယ်။

အခုတလော သတင်းစာတွေမှာ ပါလာတဲ့ နိုင်ငံတော်သမ္မတရဲ့ သဝဏ်လွှာတွေ ၊ နိုင်ငံတော် သတင်းထုတ်ပြန်ရေး အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်တွေကို ကျွန်တော် စိတ်ဝင်တစား ဖတ်မိပါတယ်။ လွှတ်တော်က အတည်ပြုပြီး သမ္မတလက်မှတ်ရေးထိုးဖို့ ပို့ခဲ့တဲ့ “၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေကြမ်း” နဲ့ “အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်း” တွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ဘူး လို့ ယူဆရတာတွေ၊ တည်ဆဲဥပဒေနဲ့ မညီညွတ်ဘူးလို့ ယူဆရတာတွေ၊ မြန်မာနိုင်ငံက ပါဝင်ထားတဲ့ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းနဲ့ မညီဘူးလို့ ယူဆ ရတာတွေ တွေ့ရလို့ သမ္မတက သဘောထားမှတ်ချက်တွေနဲ့ ပြန်ပို့တာ လက်မခံဘဲ မူလအတိုင်းပဲ ထားပြီး နောက်တစ်ကြိမ်ပြန်ပို့လို့ သမ္မတက “၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်း” ကို လက်မှတ်မထိုးဘဲ လွှတ်တော်ကို ပြန်ပို့ခဲ့ပါတယ်။ ဘာကြောင့် လက်မှတ် မထိုးရတာလဲ ဆိုတာကို အများပြည်သူသိရှိစေဖို့ သတင်းထုတ်ပြန်ခဲ့တာကို လည်း တွေ့ရပါတယ်။

“အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကြမ်း” ကိုတော့ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးခဲ့သော်လည်း ဒီလို လက်မှတ်ရေးထိုးရခြင်းဟာ လွှတ်တော် ကိုယ်စားလှယ်အများစုရဲ့ဆန္ဒကို လေးစားသောအားဖြင့်သာ လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတရဲ့ တွေ့ရှိချက်နဲ့ သဘောထားများကို အများပြည်သူသိရှိစေဖို့ သတင်းထုတ်ပြန် ခဲ့တာတွေ့ရပါတယ်။ကျွန်တော်တို့ လည်း ဥပဒေသမားဖြစ်တော့ ထဲထဲဝင်ဝင် လေ့လာကြည့်တဲ့အခါ ဒီဥပဒေ ကြမ်း(၂)ခုလုံးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ ယူဆရတဲ့ အချက်တွေ အများ ကြီးပါနေတာကိုတွေ့ရတော့ ကျွန်တော် တော်တော်တောင် လန့်သွားမိပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ နိုင်ငံမှာရှိတဲ့ဥပဒေအားလုံးရဲ့ အခြေခံဖြစ်တဲ့အပြင် ပြဌာန်းလိုက်တဲ့ ဥပဒေတစ်ရပ် ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်တစ်ရပ်ရပ်နဲ့ ဆန့်ကျင်နေရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါအတိုင်း လိုက်နာကျင့်သုံးရမည်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉၈ ပုဒ်မခွဲ (က) မှာ အတိအလင်း ပြဌာန်းထားတာကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက် လိုက်နာ ရိုသေဖို့ မိမိတို့ ပြုထားတဲ့ ကတိသစ္စာကို ဖောက်ဖျက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ဥပဒေပြဌာန်းဖို့ တာဝန်ပျက်ကွက်သလို ဖြစ်ခဲ့ကြတာကိုလည်း ကျွန်တော်အနေနဲ့ ထိတ်လန့် တုန်လှုပ်မိပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက နိုင်ငံတော်သမ္မတရဲ့ ဥပဒေအကြံပေး များကို သံသယ ရှိတယ်လို့ ပြောသွားတယ်။ သမ္မတကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၁၄ ကို ရှင်းမပြကြ ဘူးလားလို့ မေးခွန်းထုတ်ထားတာ တွေ့ရှိရပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း စိတ်ဝင် စားသွားပြီး ပုဒ်မ ၂၁၄ ကို ဖတ်ကြည့်တဲ့အခါ ပုဒ်မ ၂၁၄ ဟာ နိုင်ငံတော်သမ္မတရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့် ကဏ္ဍ အောက်မှ ပြဌာန်းထားတဲ့ ပြဌာန်းချက်ဖြစ်ပြီး အဲဒီတာဝန်နဲ့ လုပ်ပိုင်ခွင့် ကို ဘယ်လိုကျင့်သုံးရမယ် ဆိုတဲ့ပြဌာန်းချက်အသေးစိတ်က ပုဒ်မ ၁၀၅ နဲ့ ပုဒ်မ ၁၀၆ တို့မှာပါလို့ ယှဉ်တွဲဖတ်ရှုရမယ့် ပြဌာန်း ချက်တွေဖြစ်တာကို တွေ့ရပါတယ်။ ပုဒ်မ ၂၁၄ မှာ “ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဌာန်းသည့်ဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်ပြီး လက်မှတ်ရေးထိုးရမည်။ ယင်းသို့ လက်မှတ်ရေးထိုးပြီးသော ဥပဒေများကို နိုင်ငံတော် ပြန်တမ်းတွင် ထုတ်ပြန်ကြေညာရမည်။” လို့ ပြဌာန်းထားတာတွေ့တာနဲ့ Bill တိုင်းကို သမ္မတက လက်မှတ်ထိုးကို ထိုးရမယ်လို့ လွှတ်တော်ကိုယ်စားလှယ်က အဓိပ္ပါယ် ပေါက်သွားပုံရတယ်။ “ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက် များနှင့်အညီ အရေးယူဆောင်ရွက်ပြီး” ဆိုတဲ့အချက်ကို သဘောပေါက် ရင်တော့ သမ္မတရဲ့ ဥပဒေ အကြံပေးတွေ သမ္မတကို ပုဒ်မ ၂၁၄ ရှင်းပြဖို့ လိုတယ်လို့ ပြောမယ်မထင်ပါဘူး။

အဲဒီလွှတ်တော်ကိုယ်စားလှယ်ကပဲ သမ္မတက ဥပဒေကို လက်မှတ်ထိုးလိုက်လို့ တာဝန်မရှိ ပါဘူး၊ မှားစရာရှိရင် လွှတ်တော်ကပဲ မှားမှာပါ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၁၄ ကို အလေးထားဖို့ သမ္မတကြီးကို အကြံပြုလိုပါတယ်လို့ ပြောထားပါသေးတယ်။ နိုင်ငံမှာ ဥပဒေပြုရေးအတွက် လွှတ်တော်မှာ တာဝန်ရှိသလို လွှတ်တော်က အတည်ပြုတဲ့ ဥပဒေကို နိုင်ငံသားအားလုံးရဲ့ အထွတ်အထိပ်ဖြစ်တဲ့ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ပြဌာန်း ရခြင်းရဲ့ အနှစ်သာရကို မသိလေရော့သလားလို့ အံ့သြတကြီး ဖြစ်မိပါတယ်။

ဥပဒေပြုအာဏာပိုင်က အတည်ပြုပြဌာန်းတဲ့ ဥပဒေကို နိုင်ငံတော်သမ္မတ ဦးစီးတဲ့ အုပ်ချုပ်ရေးဘက်က အကောင်အထည် ဖော်ရတာဖြစ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အပြန်အလှန် ထိန်းကျောင်းဖို့ ပြဌာန်းချက်တွေ ထည့်သွင်းပြဌာန်းထားတာ သတိမူကြဖို့ လို ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့မညီတဲ့ ဥပဒေကို အတည်ပြုရင် ဥပဒေပြု အာဏာပိုင်မှာ တာဝန်ရှိသလို အဲဒီလို မညီတာကို ထောက်မပြရင် လည်း သမ္မတမှာ တာဝန်ရှိမှာဖြစ်ပါတယ်။ သမ္မတက သူ့တာဝန်သူကျေအောင် လုပ်တာကိုပဲ နိုင်ငံသား အားလုံးရဲ့ အထွတ်အထိပ်ဖြစ်တဲ့ သမ္မတကို “လူ့သဘာဝအရ စကားယောင် နားယောင် တာလည်း ဖြစ်တတ်ပါတယ်” လို့ ပြောကြားခဲ့သူ ဟာ ဥပဒေပညာရှင်မို့ သေချာပြီဆိုပြီး ပြောလိုက်တာလား၊ ဒီလို သေချာမသိဘဲ ပြောကြားခြင်းအတွက် ဝေဖန်စရာဖြစ်လာ ကြောင်း သံဝေဂရမိပါတယ်။

နိုင်ငံတော်သမ္မတအား ဥပဒေရေးရာအကြံပေးနေသူများမှာ ပြည်ထောင်စု ရှေ့နေချုပ် က ဦးဆောင် ပါဝင် နေပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်ဟာ ဥပဒေပါရဂူ ဒေါက်တာဘွဲ့ရရှိထားသူတစ်ဦးဖြစ်ပြီး ဥပဒေရေးရာနယ်ပယ်မှာ နိုင်ငံ့တာဝန်ကို နှစ်ပေါင်းများစွာ ကျေပွန်အောင် ထမ်းဆောင်ခဲ့သူ၊ အတွေ့ အကြုံနှင့် ဥပဒေပညာ ပြည့်စုံသူတစ်ဦး ဖြစ်တာကို လေ့လာသိရှိရပါတယ်။ နိုင်ငံတော်အကျိုးအတွက် ကူညီထောက်ပံ့ပေးနေသူ ဥပဒေပညာရှင် တစ်ဦးနေနဲ့ ဥပဒေကို ထင်သလို သုံး၍ အကြံပေးမှာမဟုတ်ဘူးလို့ ယူဆ မိပါတယ်။

ပုဒ်မ ၂၁၄ ပါ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းမယ့် ဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးရမည် ဖြစ်ကြောင်း ပြဌာန်း ချက်ဟာ (Principle) သာဖြစ်ပြီး ပုဒ်မ ၁၀၅ နှင့် ၁၀၆ တို့အရ ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက လက်မှတ် ထိုးခြင်း မထိုးခြင်းတို့ဟာ (Condition) ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆောင်ရွက်နိုင်တဲ့ အခွင့်အရေး ဖြစ်ပါတယ်။ ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက မဖြစ်မနေ လက်မှတ်ရေးထိုး ရမယ် ဆိုပြီး ပုဒ်မ ၂၁၄ ကို တထစ်ချ မှတ်ယူလို့ရမယ်ဆိုရင် ပုဒ်မ ၁၀၅ နဲ့ ၁၀၆ တို့ကို ထည့်သွင်းပြဌာန်းဖို့ လိုအပ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဝေဖန်ပြောဆို ဖို့ စဉ်းစားစမှာကတည်းက ဥပဒေအခြေခံသဘောကို နားလည်ဖို့လိုပါတယ်။ ရှင်းလောက်ပါပြီ။

ဥပဒေပြုရေးကဏ္ဍကို ထိန်းကျောင်း ဖို့အတွက် နိုင်ငံတော်သမ္မတကို အပ်နှင်းထားတဲ့တာဝန်ဟာ အလွန်ပဲကြီးလေးလှတာကို တွေ့ရပါ တယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ ပြောချင်တာလေးတွေ ပေါ်လာပြန်ပါတယ်။ ၂၂-၈-၂၀၁၂ ရက် နေ့ ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့တွင် ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော် မ တီက ဖတ်ကြားခဲ့တဲ့ အစီရင်ခံစာ ရှင်းလင်းခြင်းမှာ နိုင်ငံတော် သတင်း ထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက် (၁၄/၂၀၁၃) နှင့် (၁၅/၂၀၁၃) တို့အပေါ် ဥပဒေ ကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သုံးသပ်တင်ပြချက်အစီရင်ခံစာမှာ “နိုင်ငံတော် သမ္မတ ရုံးမှ ၅-၈-၂၀၁၃ ရက် နေ့စွဲဖြင့် ပေးပို့လာသောသဝဏ်လွှာနှင့် ၇-၈-၂၀၁၃ ရက် နေ့စွဲဖြင့် ပေးပို့လာသော သဝဏ်လွှာများကို ပူးတွဲဖော်ပြသော သတင်းထုတ်ပြန်ချက် များသည် နိုင်ငံတော် သမ္မတက လိုက်နာရမည့်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၀၅ ၊ ၁၀၆ ပါ ပြဌာန်းချက်တွင် အကျုံးမဝင် သည့်အပြင် ဥပဒေအရ သော်လည်းကောင်း၊ ဥပဒေပြုလုပ်ငန်းဆိုင်ရာ ကျင့်ဝတ်နှင့် သော်လည်းကောင်း လျော်ကန်သင့်မြတ်မှုမရှိပါ” ဟု ဖော်ပြထားတာ တွေ့ရပါတယ်။ နိုင်ငံတော်သမ္မတရဲ့ သဝဏ်လွှာတွေနဲ့၊ သတင်းထုတ်ပြန် ရေးတွေနဲ့ ပတ်သက်လို့ လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီကတင်တဲ့ အစီရင်ခံစာနဲ့ အဲဒီအစီရင်ခံစာကို အတည်ပြုဖို့ အဆိုပြုထောက်ခံကြတဲ့၊ ဆွေးနွေးကြတဲ့ သတင်းအချက်အလက်တွေ ဖတ်လိုက်ရတဲ့အခါ ကျွန်တော်အနေနဲ့ နားမလည်ဘဲဖြစ်နေပါတယ်။

ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာမှာ နိုင်ငံတော်သမ္မတရဲ့ ထုတ်ပြန်ချက်တွေကြောင့် အများပြည်သူက ပြည်ထောင်စုလွှတ်တော် အပေါ်မှာ အထင်အမြင်လွဲမှားမှုတွေ ရှိလာနိုင်တယ်လို့ ဆိုထားပါတယ်။ ပြီးတော့ သမ္မတရဲ့ သဝဏ်လွှာပါ ဖော်ပြချက်များဟာ ပြည်ထောင်စု လွှတ်တော် ရဲ့ ဥပဒေပြုလုပ်ငန်းစဉ်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့ လုပ်ငန်းစဉ်များကို ဝင်ရောက်စွက်ဖက်ရာရောက်တဲ့ ဖော်ပြချက်များ ဖြစ်တယ်လို့လည်း စွပ်စွဲတဲ့သဘောမျိုး ရေးသားထားတာ တွေ့ရပါတယ်။ သဝဏ်လွှာတွေ ပူးတွဲ ဖော်ပြတဲ့ သတင်းထုတ်ပြန်ချက်များဟာ နိုင်ငံတော် သမ္မတက လိုက်နာရမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၁၀၅ နှင့် ပုဒ်မ ၁၀၆ ပါ ပြဌာန်းချက်များမှာ အကျုံးမဝင်တဲ့အပြင် ဥပဒေအရ သော်လည်းကောင်း၊ ဥပဒေပြုလုပ်ငန်းဆိုင်ရာ ကျင့်ဝတ်နဲ့သော်လည်းကောင်း လျော်ကန်သင့်မြတ် မှု မရှိပါလို့လည်း သုံးသပ်ထားပြန်ပါတယ်။

ဒီလိုပြောဆိုဆွေးနွေးသူ ကိုယ်စားလှယ်ကြီးအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁၀ မှာ "နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏မူဝါဒများနှင့် နိုင်ငံတော်၏ အခြေအနေ အရပ်ရပ် တို့ကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော် သို့မဟုတ်ပါ အမျိုးသား လွှတ်တော်အစည်းအဝေး တွင်ဖြစ်စေ နိုင်ငံတစ်ဝန်းလုံးသို့ဖြစ်စေ၊ အခါအားလျော်စွာ မိန့်ခွန်း ပြောကြားခွင့်၊ သဝဏ်လွှာပေးပို့ခွင့်ရှိသည်" လို့ ပြဌာန်းထားတာကို မသိလို့ပြောတာလား၊ မေ့သွားလို့လား၊ ဘယ်လိုဖြစ်ရပြန်တာလဲလို့ အံ့အားသင့်ရ ပြန်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၅ နဲ့ ပုဒ်မ ၁၀၆ တို့ဟာ ဥပဒေကြမ်းတစ်ခုကို အတည်ပြု ထုတ်ပြန်ကြေညာနိုင်ဖို့အတွက် နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်တို့ အပြန်အလှန်ဆက်သွယ် လုပ်ဆောင်နိုင်ဖို့ ပြဌာန်းထားတာဆိုတာ ရှင်းပါတယ်။ ဒီပြဌာန်းချက်(၂)ခုဟာ ဝိဝါဒ ကွဲပြားစရာ မရှိလောက်အောင် ရှင်းရှင်းလင်းလင်း ရေးသားထားတာပဲ ဖြစ်ပါတယ်။

သမ္မတအနေနဲ့ လွှတ်တော်က ပို့လာတဲ့ ဥပဒေကြမ်းကို (၁၄) ရက်အတွင်း လက်မှတ် ထိုးပြီး ဥပဒေအဖြစ် ထုတ်ပြန်ကြေညာ၊ ဒါမှမဟုတ် မိမိသဘောထား မှတ်ချက်ဖြင့် ဥပဒေကြမ်းကို လွှတ်တော်သို့ ပြန်လည်ပေးပို့၊ အဲဒီလို ပို့လည်းမပို့၊ လက်မှတ်လည်း မထိုးရင် သတ်မှတ်ကာလပြည့်တဲ့အခါ သမ္မတ လက်မှတ်ရေးထိုးသကဲ့သို့ ဥပဒေဖြစ်လာ ဆိုတဲ့ လုပ်ငန်းစဉ်ကို အလွယ်တကူနားလည်နိုင်ပါတယ်။ သမ္မတက သဘောထား မှတ်ချက် နဲ့ ပြန်ပို့ရင် လွှတ်တော်က သမ္မတရဲ့ သဘောထားမှတ်ချက်ကို ဆွေးနွေး သုံးသပ်ပြီး လက်ခံရင်ပြင်မယ်၊ လက်မခံရင် မူလအတိုင်းအတည်ပြုမယ်၊ ပြီးရင် အဲဒီဥပဒေကြမ်းကို သမ္မတထံ ပြန်ပို့မယ်၊ အဲဒီအခါ သမ္မတက (၇) ရက်အတွင်း လက်မှတ်ထိုးပြီး ဥပဒေအဖြစ် ထုတ်ပြန်ကြေညာ၊ ဒါမှမဟုတ် သတ်မှတ်ကာလအတွင်း လက်မှတ်ရေးထိုးခြင်းမပြုရင် သတ်မှတ် ကာလ ပြည့်မြောက်တဲ့နေ့ရက်မှာ ဥပဒေကြမ်းဟာ သမ္မတလက်မှတ်ရေးထိုးသကဲ့သို့ ဥပဒေ ဖြစ်လာမှာဖြစ်ပါတယ်။ဒီလုပ်ငန်းစဉ်မှာ သမ္မတအနေနဲ့ လက်မှတ်ထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ လွှတ်တော်နဲ့ အပြန်အလှန် ဆက်သွယ်နေရတဲ့အခါ သဝဏ်လွှာနဲ့ ဆက်သွယ်ရပါတယ်။ အဲဒီတော့ ပုံမှန်လုပ်ငန်းစဉ်မှာတော့ သဝဏ်လွှာမှာ အထူးအထွေ ဖော်ပြဖို့ မရှိသော်လည်း အခုလို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်တာတွေ့လို့ သဘောထားမှတ်ချက် ပေးရတဲ့ အခြေအနေ၊ သဘောထားမှတ်ချက်ကို လက်မခံတဲ့အခြေအနေမှာတော့ သဝဏ်လွှာမှာ လည်း ကျိုးကြောင်း ဖော်ပြချက်တွေနဲ့ ပြန်ကြားရတာတွေ၊ ဒီလိုအခြေအနေနဲ့ပတ်သက်လို့ ပြည်သူကို ပွင့်လင်းမြင်သာစွာဖြင့် အကျိုးအကြောင်းဖော်ပြပြီး သတင်း ထုတ်ပြန်ရတာ တွေ ရှိလာတာဖြစ်တယ်လို့ပဲ ရိုးရိုးသားသား နားလည် သဘောပေါက်မိပါတယ်။

ပွင့်လင်းမြင်သာ လုပ်ကြကိုင်ကြရတဲ့ ဒီမိုကရေစီ ကျင့်စဉ်အရ ဆောင်ရွက်ခြင်းအဖြစ် မြင်ရလို့ ကျွန်တော်တို့ ပြည်သူတွေ ကတော့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ဒီ့ပြင် သဝဏ်လွှာပေးပို့ခြင်း ဟာ ဖွဲ့စည်းပုံအခြခံဉပဒေ ပုဒ်မ ၂၁၀ အား ကျင့်သုံး ဆောင်ရွက် ခြင်း ဖြစ်ပြီး သတင်းထုတ်ပြန်ခြင်းဟာ ပြည်ထောင်စုအစိုးရအဖွဲ့ဉပဒေ ပုဒ်မ ၂၄(က)အရ ဖွဲ့စည်းခဲ့တဲ့ ဆောင်ရွက်ချက်နဲ့ ဆက်စပ်နေတာကိုလည်း တွေ့ရှိနိုင်ပါတယ်။ ဒီနေရာမှာ လွှတ်တော်က သမ္မတရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကိုတောင် တားဆီးနေပြီလား လို့လည်း စိုးရိမ်မိပါတယ်။

ဒီလုပ်ငန်းစဉ်နဲ့အညီ ဆောင်ရွက်တဲ့သမ္မတရဲ့ ဆောင်ရွက်ချက် တွေကို ဝေဖန်ခဲ့တဲ့ ဥပဒေကြမ်း ပူးပေါင်း ကော်မတီရဲ့ ဝေဖန်ချက်နဲ့ သမ္မတရဲ့ လုပ်ဆောင်ချက် ဘယ်ဟာမှန်သလဲဆိုတဲ့ အဖြေကိုလည်း စဉ်းစား သုံးသပ် နိုင်မှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာဘဲ နိုင်ငံတော် သမ္မတရဲ့ သတင်း ထုတ်ပြန် ချက်ကို ဝေဖန်တဲ့ ဥပဒေကြမ်းပူးပေါင်းကော်မတီက သူတို့ရဲ့သုံးသပ် အကြံပြုချက်တွေကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေဖို့ နိုင်ငံပိုင် သတင်းမီဒီယာများမှ ထုတ်ပြန် ပေးပါလို့ လွှတ်တော်ကို တင်ပြတာတွေ့ ရတော့ တစ်မျိုးဖြစ်ရပြန်ပြီလို့ သုံးသပ်မိပါတယ်။

အမှန်စင်စစ် သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက် ၁၄/၂၀၁၃ နဲ့ ၁၅/၂၀၁၃ တို့ ဟာ နိုင်ငံတော်သမ္မတက ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၀၅ နဲ့ ၁၀၆ တို့ အရ အရေးယူဆောင်ရွက်ခြင်းသာ ဖြစ်ပါတယ်။ သဝဏ်လွှာပါ အချက်အလက် များကို လွှတ်တော် မှာ ကိုယ်စားလှယ်များက ဆွေးနွေးပြီး အတည်ပြုတဲ့ ဥပဒေများကို ပြဌာန်းပြီးမှသာ သတင်းထုတ် ပြန်ခဲ့ခြင်းလည်း ဖြစ်တဲ့အတွက် သဝဏ်လွှာများကို လွှတ်တော်ကိုယ်စားလှယ် များက လေ့လာသိရှိခွင့် မရသေးမီ နိုင်ငံပိုင်သတင်းစာတွေမှာ ထည့်သွင်း ဖော်ပြတယ်ဆိုတဲ့ ပြောကြားချက်ဟာလည်း နားမလည်နိုင်တဲ့အချက် ဖြစ်နေပါတယ်။ ဒါ ရိုးရှင်းနေပါတယ်။

နောက်ပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဟာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို လေ့လာစိစစ်တဲ့နေရာ မှာလည်း ဥပဒေကြမ်း အဆင့်မှာသာ စိစစ်ခွင့်ရှိပါတယ်။ ဒီဥပဒေဟာ ၇-၈-၂၀၁၃ ရက်မှာ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၂၃/၂၀၁၃ အနေနဲ့ ပြဌာန်းခဲ့ပြီးဖြစ်တဲ့အတွက် ဥပဒေကြမ်း (Bill) မဟုတ်တော့ဘဲ ပြဌာန်းပြီး ဥပဒေတစ်ရပ် ဖြစ်သွားပါပြီ။ ဒီပြဌာန်းဥပဒေကို ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်း ပူးပေါင်း ကော်မတီအနေနဲ့ စိစစ်ခွင့်ရှိပါရဲ့လား ဆိုတာဟာလည်း သုံးသပ်စရာဖြစ်နေပါပြီ။ ပညာဉာဏ်သတိ နဲ့ ဆင်ခြင်ကြည့် နိုင်ပါတယ်။ ပြည်ထောင်စုလွှတ်တော်နည်းဥပဒေ ၉၈ ကို ကြည့်ပါလို့ တိုက်တွန်းပါတယ်။ဒါတင်မကသေးပါဘူး။

ဥပဒေတစ်ရပ်ကို ခေါင်းစီးအမည် ပြောင်းလဲလိုက်ပြီဆိုတာနဲ့ ဥပဒေအမည်နဲ့ လိုက်လျောညီထွေ ဖြစ်ဖို့လိုအပ်တဲ့ အသုံးအနှုန်းတွေဖြစ်ရမယ် ဆိုတာ ဟာလည်း ဥပဒေပြုသူတိုင်း သိရှိလိုက်နာ ကြရမယ့် အခြေခံအချက်တွေသာ ဖြစ်ပါတယ်။ ပြဌာန်းဥပဒေတစ်ခု ဥပဒေ ပီသမှုဟာ ဥပဒေပြုရေးအဖွဲ့ရဲ့ စနစ်တကျရှိမှု၊ အခြေခံသီအိုရီ ကျေညက်မှု၊ ဥပဒေအခြေခံသဘောတရားများ ကျွမ်းကျင်နှံ့စပ်မှုတို့နဲ့ သက်ဆိုင်မယ် လို့လည်း ထင်မြင်ယူဆ မိပါတယ်။အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကိစ္စ ဝေဖန်ချက်ကို ရှင်းပြတာပါ။

၂-၉-၂၀၁၃ရက်နေ့ မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာများမှာ ဖော်ပြပါရှိသော ဆောင်းပါးရှင် ဒေါက်တာ မာလာအောင် (ဒုတိယ ပါမောက္ခချုပ်၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်) ရေးသားသော "Union level" ဒွိဟ သို့မဟုတ် ပြည်ထောင်စုအဓိပ္ပါယ် ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲ ဆန်းစစ်ချက် ဆောင်းပါးကို ၅-၉-၂၀၁၂ ရက်မှာ ကျင်းပ ပြုလုပ်တဲ့ ပထမကြိမ် ပြည်သူ့ လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၃၉ ရက်မြောက်နေ့မှာ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆောင်းပါးကို တစ်ဖက်သတ်အမြင် မှန်ကန်မှု မရှိသော အမြင်တို့ဖြင့် တင်ပြထားခြင်း ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံခြေခံဥပဒေကို ကောင်းစွာ နားမလည်ကြောင်းဟု ဝေဖန်သုံးသပ်တင်ပြခဲ့တာကို ပြန်လည် သတိရမိပါတယ်။ ဥပဒေပညာနဲ့ ဒေါက်တာဘွဲ့ရရှိထားသူ ဥပဒေပညာရှင်တစ်ဦးရဲ့ ဥပဒေနှင့် စပ်လျဉ်းသည့် အမြင်တွေ၊ ဥပဒေဆိုင်ရာ အယူအဆတွေကို ရေးသားထားတဲ့ ဒီလို ဆောင်းပါးမျိုးကို ဝေဖန်သုံးသပ်နေခြင်းဟာလည်း လွန်စွာနားလည်ရ ခက်လှသလို တန်ဖိုးရှိလှတဲ့ ဥပဒေထောက်ပြချက်တွေကို တန်ဖိုးမထားခဲ့တာ ဟာလည်း စိတ်မကောင်းဖွယ်ရာ တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ ပညာရှင်ကို ပညာပိုင်းအရသာ ဝေဖန် တုန့်ပြန်နိုင်ရင် တုန့်ပြန်၊ မတုန့်ပြန်နိုင်ရင်တော့ နမူနာ ယူသင့်တယ်လို့ ယူဆမိပါတယ်။

မှတ်မှတ်ရရ (၁၄-၁-၂၀၁၃) ရက်မှာ ပြုလုပ်ခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဆဌမပုံမှန် အစည်းအဝေးဒုတိယနေ့မှာ ဥပဒေကြမ်းပူးပေါင်း ကော်မတီရဲ့အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဖတ်ကြားတင်ပြရာတွင် "ခုံရုံး၏လုပ်ပိုင်ခွင့်နှင့် တရားရုံး၏လုပ်ပိုင်ခွင့် မတူညီကြောင်း၊ ခုံရုံးနှင့်ပတ်သက်၍ တရားရုံးဆိုသည်ကို ဥပဒေ တွင်လည်း မတွေ့ရကြောင်း၊ တရားရုံးသည် တရားရုံးပဲဖြစ်ကြောင်း၊ ခုံရုံးသည် ခုံရုံးပဲ ဖြစ်ကြောင်း" ပြောကြားတာကို ဖတ်မိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၆ တရားစီရင်ရေးကဏ္ဍမှာ တရားရုံးများ ဖွဲ့စည်းခြင်းဆိုင်ရာ ပုဒ်မ ၂၉၃၊ ပုဒ်မခွဲ (ဂ) ပါ ပြဌာန်းချက်အရ နိုင်ငံတော်၏ တရားစီရင်ရေးဆိုင်ရာရုံးများကို ဖွဲ့စည်းရာတွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အပါအဝင်ဖြစ်တာကို လျစ်လျူ ရှုရာရောက်နေ ကြောင်း တွေ့ရှိရပါတယ်။ ပြောတဲ့ကိုယ်စားလှယ်က ဥပဒေပညာရှင် ဖြစ်နေတာမို့ အံ့သြမိပါတော့တယ်။ စေတနာပါတဲ့ အကြံပြုချက်အပေါ် ဆင်ခြင်စရာပါ။အဲဒီတော့ ကျွန်တော် သုံးသပ်မိတာက လွှတ်တော်မှာ အခုဆိုရင် အရည်အသွေး မြှင့်တင်ရေး လုပ်ငန်းစဉ်တွေ ပိုမိုအရှိန်မြှင့်ဖို့ လိုအပ်လို့ စတင်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။

ဥပဒေပြုရေးကို လက်တွေ့ဆောင်ရွက်နေကြရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် ဥပဒေပညာအခြေခံရှိမှုဟာ အရေးကြီးလှတဲ့ကိစ္စဖြစ်ပါတယ်။ အဓိကအားဖြင့် လွှတ်တော် ကိုယ်စားလှယ် တွေ အနေနဲ့ ဥပဒေရေးဆွဲရေးဆိုင်ရာတွေကို ပိုမိုကျွမ်းကျင်အောင် အလေးထား လေ့လာသင့်ပါ တယ်။ အလားတူပါပဲ ဝိဝါဒကွဲပြားအောင် လိုသလို ဖွင့်ဆို၊ ထင်သလို အဓိပ္ပါယ်ကောက်ယူလို့မရတဲ့ ဥပဒေစကားရပ် များရဲ့သဘောကို ဥပဒေများရဲ့ မိခင်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုမှ ထိကိုင်မိရသူတွေ့မို့ တာဝန်ကြီးမှုကို ဂရုပြုသင့်လှပါတယ်။ ကိုယ်လိုသလို သုံးဖို့၊ ထင်သလိုအဓိပ္ပါယ်ဖွင့်၍ မသင့်တဲ့ ဒီကိစ္စတွေ အပေါ် ကိုယ်စားလှယ် ကြီး များက အလေးဂရုပြုကိုင်တွယ်ကြဖို့ အကြံပြုရတာပါ။ ဒါမှသာ ဥပဒေပြုရာမှာ ညီညွတ်ရမယ့် ဥပဒေ မူဘောင် များ၊ ပြည့်စုံရမယ့် ဥပဒေအင်္ဂါရပ်များ၊ ပြေပြစ်ချောမွေ့ရမယ့် ဥပဒေရေးထုံးများနဲ့အညီ ပြည်သူ့ အကျိုးဖော်ဆောင်နိုင်မယ့် ဥပဒေများ၊ တစ်နည်းပြောရရင် ဥပဒေနှင့်တူသော ဥပဒေများ ပေါ်ပေါက် လာမှာဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။


 .. www.MyanmarExpress.net
 

မိတ္ထီလာတွင် ဦးသောဘိတ ခေါင်းအထုခံရ သေဆုံးခဲ့ခြင်းအတွက် ဘာမှမပြောခဲ့သော်လည်း ကင်တားနားကား လက်ဖြင့် အထုခံရသည်မှာ မဖြစ်သင့်ဟု ဒေါ်စုပြော

From : ..rfa



မိတ္ထီလာတွင် ဦးသောဘိတ ခေါင်းအထုခံရ သေဆုံးခဲ့ခြင်းအတွက် ဘာမှမပြောခဲ့သော်လည်း ကင်တားနားကား လက်ဖြင့် အထုခံရသည်မှာ မဖြစ်သင့်ဟု ဒေါ်အောင်ဆန်းစုကြည်မှ ဒေါသဖြင့် ပြောဆိုလိုက်ကြောင်း သတင်းရရှိပါတယ်။  မိတ္ထီလာမှာ ကင်တာနားကို ဆန္ဒပြခဲ့ သည့် မိတ္ထီလာ မြို့သူမြို့သားများမှ ကင်းတားနားရဲ့ ကားကို ရိုက်ပုတ် ခဲ့သည်ဟု ကင်တားနားမှ ပြောဆိုခဲ့သဖြင့် ဒေါ်စုမှ မိတ္ထီလာ မြို့သူမြို့သားများ အား ကင်တားနားအား စိတ်ဆိုးအောင်လုပ်တာဟာ မဖြစ်သင့် တဲ့ လုပ်ရပ် တစ်ခု ဖြစ်ကြောင်း ကင်တားနားအား ကျေနပ်အောင် ဖြေရှင်းပေးသင့်ကြောင်း.. ဒေါ်အောင်ဆန်းစုကြည် မှ ပြောခဲ့တာပါ။
 
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ ကားကို မိတ္ထီလာမှာ ရိုက်ပုတ်ခဲ့ကြတဲ့လုပ်ရပ်ဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့လုပ်ရပ်တခုပဲလို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။

ဒီကိစ္စမှာ အာဏာပိုင်တွေနဲ့ မစ္စတာ ကင်တားနားတို့ နှစ်ဦးနှစ်ဖက် ပြောကြားချက်တွေ ကွဲလွဲနေတာကိုလည်း သတိပြုမိတယ်လို့ သူက ပြောပါတယ်။

"အုပ်ချုပ်ရေးပိုင်းက ထုတာမဟုတ်ဘူးလို့ ပြောတယ်။မစ္စတာ ကင်တားနားက ထုတယ်လို့ပြောတယ်။မိတ္ထီလာကရတဲ့ သတင်းက ထုတာလို့ ပြောတယ်။ဒီဟာက မလုပ်သင့်ဘူးပေါ့။စာပေးချင်လဲ ရိုးရိုးပေးလို့ရပါတယ်။တိုက်ရိုက်ပေးလို့မရရင်တောင် UNDP က တစ်ဆင့်ပေးလို့ရတာပေါ့။မစ္စတာ ကင်တားနား ကျေနပ်လောက်အောင် ဖြေရှင်းချက်ပေးသင့်တာပေါ့"

RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် ဗုဒ္ဓဟူးနေ့ မနေ့က ညနေပိုင်း ဆက်သွယ်မေးမြန်းရာမှာ အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

.
. www.MyanmarExpress.net
 

အမေရိကန်-မြန်မာ ကာကွယ်ရေးဝန်ကြီး သီးခြားတွေ့ဆုံ

From : ..voa


ကာကွယ်ရေး ၀န်ကြီးများ DMM-PLUS အစည်းအဝေးပွဲ၊ ဘရုနိုင်း၊ (သြဂုတ် ၂၉၊ ၂၀၁၃။)
.
 အမေရိကန် ကာကွယ်ရေးဝန်ကြီးနဲ့ မြန်မာ ကာကွယ်ရေး ၀န်ကြီးတို့ နှစ်ဦး ဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် အဖြစ် သီးခြား တွေ့ဆုံခဲ့ကြပါတယ်။ ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါ ဆရီ ဘဂါဝမ်မြို့တော်မှာ ကျင်းပနေတဲ့ အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ ASEAN နိုင်ငံတွေက ကာကွယ်ရေး ၀န်ကြီးတွေနဲ့ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှားနဲ့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးတွေရဲ့ ADMM-PLUS အစည်းအဝေးပွဲပြင်ပ မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး ချပ်က် ဟေဂဲလ် (Chuck Hagel) နဲ့ မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်တို့ သြဂုတ်လ ၂၈ ရက် ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းက ခဏတာ တွေ့ဆုံခဲ့ကြ တာပါ။

၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဥက္ကဋ္ဌတာဝန် ရယူမယ့်အပေါ် သူ့အနေနဲ့ ထောက်ခံတဲ့အကြောင်းနဲ့ နောက်နှစ်မှာ ကျင်းပမယ့် အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးတွေ အတွက် ပြင်ဆင် လုပ်ဆောင်တာတွေမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပံ့ပိုးကူညီသွားဖို့ မျှော်လင့်ထားကြောင်း မစ္စတာဟေဂဲလ်က ဒုဗိုလ်ချုပ်ကြီးဝေလွင်ကို ပြောခဲ့တယ် လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန သတင်းမှာ ဖော်ပြထားပါတယ်။

အခုလို နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးနှစ်ဦးအကြား သီးခြားတွေ့ဆုံတာမျိုးဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကာလအတွင်း မရှိခဲ့ဖူး ဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အခုတွေ့ဆုံမှုဟာ ပြောင်းလဲမှု တွေရဲ့လက္ခဏာတစ်ခုဖြစ်ပြီး အိုဘားမားအစိုးရရဲ့ အင်မတန် အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုဖြစ်သလို မြန်မာနိုင်ငံ မှာ ဖော်ဆောင်နေတဲ့ အပြောင်းအလဲတွေနဲ့ လူ့အခွင့်အရေးပိုင်း တိုးတက်မှုတွေကို အသိအမှတ်ပြုတာလည်းဖြစ်တယ်လို့ အဲဒီ အကြီးတန်းတာဝန်ရှိသူက ပြောပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေမှာ တိုးတက်မှုတွေ ဆက်ပြီးရသွားဖို့ အရေးကြီးတယ်ဆိုတာနဲ့ မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုတွေကို ဖြတ်တောက်ဖို့ အရေးကြီးတယ်ဆိုတာတွေကို မစ္စတာဟေဂဲလ်က ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကို ပြောခဲ့တယ်လို့လည်း ပန်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ  ဂျော့ဂ်ျ လစ်တဲလ် (George Little) ကပြောပါ တယ်။

အစိုးရရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေကို မြန်မာ စစ်ဘက်က ထောက်ခံအားပေးတဲ့အပေါ် အမေရိကန် ကာကွယ်ရေးဝန်ကြီး ချပ်က် ဟေဂဲလ်က ချီးကျူးပြောဆိုသလို ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်သွားဖို့ကိုလည်း အားပေး တိုက်တွန်းခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ အမေရိကန် ကာကွယ်ရေးဌာန အပြည်ပြည်ဆိုင်ရာ ဥပဒေလေ့လာရေး အင်စတီကျူ (DIILS) နဲ့ မြန်မာ့ တပ်မတော်တို့ ပူးတွဲပြီး ဥပဒေရေးရာဆွေးနွေးပွဲတစ်ခုကို သြဂုတ်လ ၂၈ ရက်နေ့ကစပြီး နေပြည်တော်မှာ နှစ်ရက်ကြာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်ရေတပ်က ရေတပ် ဗိုလ်မှူးကြီး Captain ရောဘတ်တ် ဆန်းဒါးစ် (Robert Sanders) က ဦးဆောင်ပြီး စစ်ဘက်ရေးရာတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ဥပဒေစံနှုန်းတွေ၊ လုပ်ထုံး လုပ်နည်းတွေကို ဆွေးနွေးခဲ့ကြပြီးတော့ မြန်မာစစ်ဘက်က အရာရှိ ၂၀ တက်ရောက်ခဲ့ပါတယ်။ ဆွေးနွေးပွဲအကြောင်းအရာတွေထဲမှာ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နိုင်ငံတကာဥပဒေ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေ၊ စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ စစ်ဌာနချုပ်ရဲ့ တာဝန်ဝတ္တရား စတဲ့အကြောင်းအရာတွေ ပါဝင်ပါတယ်။

. www.MyanmarExpress.net

ယာဉ်ထိန်းရဲ တပ်ဖွဲ့တွင် ရဲမေအင်အား ၆၀၀ ကျော် တိုးချဲ့ခန့်အပ်မည်

From : ..eleven


ဆူးလေမီးပွိုင့်ရှိ လူကူးမျဉ်းကြားတွင် တာဝန် ထမ်းဆောင်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
မြန်မာနိုင်ငံအတွင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့၌ တာဝန်ထမ်းဆောင်ရန် ရဲမေအင်အား ၆၀၀ ကျော်အထိ တိုးချဲ့သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက ပြောကြားသည်။
''ပြည်နယ်နဲ့တိုင်း အသီးသီးမှာ တာဝန် ထမ်းဆောင်နေတဲ့ ရဲမေတွေကို ယာဉ်ထိန်းရဲ တပ်ဖွဲ့ရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီတဲ့ သူတွေကို ရွေးချယ်ပြီးတော့ စက်တင်ဘာလမှာ သင်တန်းပေးပြီး ခန့်အပ်သွားမယ်။ ဒါ့အပြင် နောက်လမှာ ရဲဗဟို လေ့ကျင့်ရေး ကျောင်းကနေ သင်တန်းဆင်းမယ့် ဒုရဲအုပ် ရဲမေတွေထဲက ပြည်သူတွေကို အမှန်တကယ် ၀န်ဆောင်မှုပေးဖို့ စိတ်ဓာတ် အမှန်တကယ်ရှိတဲ့ ရဲမေအယောက် လေးဆယ်ကိုလည်း ခန့်သွားဖို့ စီစဉ်နေပါ တယ်'' ဟု ရဲမှူးကြီး ကျော်ထွေးက ဆိုသည်။
စက်တင်ဘာလ အတွင်း သင်တန်းပေးသွားမည့် ရဲမေများမှာ အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူ၊ အရပ်ငါးပေ လေးလက်မ အနည်းဆုံးရှိသူ၊ အိမ်ထောင်မရှိသူ၊ မျက်မှန်တပ်ဆင် မထားသူ၊ ရုပ်ရည်အသင့် အတင့်ရှိသူ စသည်တို့နှင့် ကိုက်ညီရမည် ဖြစ်ကြောင်း သိရသည်။
ရုပ်ရည်ချောမော ပြေပြစ်သည့် ရဲမေများကို ဦးစားပေး ခန့်သွားမည်နှင့် ပတ်သက်၍ ရဲမှူးကြီးကျော်ထွေးက ''အဓိကကတော့ နေ့စဉ် အခက်အခဲတွေ ကြုံတွေ့နေရတဲ့ လမ်း အသုံးပြုသူတွေဖြစ်တဲ့ ယာဉ်မောင်းတွေ လမ်းလျှောက်သူတွေ စိတ်ကြည်လင်ဖို့ ဖြစ်ပါတယ်'' ဟု ဆက်လက် ပြောကြားသည်။
ဖွဲ့စည်းပုံ အသစ်အရ ရဲမေအင်အား ၆၀၀ ကျော် ရှိရမည်ဟု သတ်မှတ်ထားသော်လည်း လက်ရှိအင်အားမှာ ၁၆ ရာခိုင်နှုန်းသာ ရှိသည်။

.. www.MyanmarExpress.net
 

မိတ္တီလာမြို့ကို ကုလ ကိုယ်စားလှယ် ရောက်ရှိ

From : ..voa

ကုလအထူးကိုယ်စားလှယ် Vijay Nambiar မိထ္ထီလာမြို့ ဒုက္ခသည်စခန်းတွေကို မတ်လ က ရောက်ရှိခဲ့စဉ်က။
.
 မစ္စတာ ဗီဂျေးနမ်ဘီးယားဟာ ကချင်ပြည်နယ်မြစ်ကြီးနားကနေ မနက် ၁၀နာရီလောက်ကနေ ထွက်ခွာခဲ့ပြီး မန္တလေးကို ထွက်ခွာခဲ့တာဖြစ်ပါတယ်။ ညနေ ၃နာရီလောက်မှာတော့ မိတ္ထီလာမြို့ကို ရောက်ရှိခဲ့ပါတယ်။
မိတ္ထီလာမြို့မှာတော့  ကယ်ဆယ်ရေးစခန်းတွေကိုသွားရောက်ကြည့်ရှုခဲ့တယ်လို့ မိတ္ထီလာခရိုင်အုပ်ချုပ်မှုး ဦးတင်မောင်စိုးက ပြောပါတယ်။

"ရတနာမောင်ရပ်ကွက်ထဲက ဘင်္ဂလီဗလီရှိတယ်။ နောက် ရန်လင်းအောင်နဲ့ မင်္ဂလာဇေရုံနားက မီးလောင်သွားတဲ့ အာရဗီကျောင်း ရှိတယ်။ နောက် ချမ်းအေးဗလီရှိတယ်။ နောက်ကျနော်တို့ ဗုဒ္ဓဘာသာ ကယ်ဆယ်ရေးစခန်း၊ အင်ကုန်း အဲ့တာရှိတယ်။ နောက် ဆက်သွယ်ရေးရိပ်သာမှာ ဘာသာပေါင်းစုံနဲ့ တွေ့ဆုံ တယ်။ ဆွေးနွေးတာကတော့ အားလုံး အတူတကွနေတာမြင်ရတာ သူလည်းဝမ်းသာတယ်လို့ပြောတယ်။ "

မိထ္ထီလာမြို့မှာ ဗုဒ္ဓဘာသာ ကယ်ဆယ်ရေးစခန်း သုံးခုနဲ့ အစ္စလာမ်ဘာသာ ကယ်ဆယ်ရေးစခန်း သုံးခုရှိတာ ဖြစ်ပြီး ဗုဒ္ဓဘာသာစခန်းတွေမှာ လူငါးရာလောက်နဲ့ အစ္စလာမ်ဘာသာ စခန်းတွေမှာတော့ လူသုံးထောင်လောက်ရှိနေတာဖြစ်ပါတယ်။

မစ္စတာနမ်ဘီးယားမှာ ဒီကနေ့ညနေငါးနာရီခွဲမှာတော့
မိတီလာမြို့ကနေ နေပြည်တော်ကို ခရီးဆက်လက်ထွက်ခွာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ကတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကို ရောက်ရှိပြီး ပြည်နယ်အစိုးရ အပါအ၀င် ဘာသာရေးအဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့တွေ့ဆုံခဲ့သလို   မြစ်ကြီးနားနဲ့ ၀ိုင်းမော်မြို့က ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။

အဲဒီနောက်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်လိုင်ဇာကိုလည်း သွားရောက်ပြီး လိုင်ဇာဒေသက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။
KIO ဌာနချုပ်လိုင်ဇာကိုလာရောက်တာကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အခြေအနေနဲ့ IDPလို့ ခေါ်ကြတဲ့ စစ်ရှောင်ဒုက္ခသည်တွေ အခြေအနေကို လာရောက်လေ့လာတဲ့သဘောလို့ KIO နည်းပညာအကြံပေးအဖွဲ့ရဲ့ ပြောခွင့်ရသူ ဦးဒေါင်ခါးက ပြောပါတယ်။

"မေလ ၂၈၊ ၃၀က ယူအန်ကိုယ်စားလှယ်ပါပြီးတော့ ကျနော်တို့ ခုနှစ်ချက် သဘောတူညီချက်ပေါ့နော်။ သဘောတူညီထားတဲ့ဆိုတော့ အဲ့ဒီ့နောက်ဆက်တွဲအနေနဲ့ ဘယ်အဆင့်အထိ ပြင်ဆင်မှုတွေရှိပြီလဲပေါ့။ တိုးတက်မှု ဘယ်လောက်အထိ ရှိပြီလဲဆိုတာ သူလည်း သိချင်တဲ့ သဘောပေါ့။ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးကို အခုညှိနှိုင်းဆွေးနွေးရေးခြေလှမ်း ကို ရှေ့ကို ပိုပြီးတော့ သွားစေချင်တယ်။ ဆိုတော့ သူတို့ရဲ့ပါဝင်ဆောင်ရွက်မှု အခန်းကဏ္ဍကိုလည်း ပိုပြီးတော့ရှင်းရှင်းလင်းလင်းဖြစ်စေချင်တယ်။ ပြီးတော့ ရှေ့ဆက်သွားမယ့်ဟာတွေကိုလည်း ကြားအနှောင့်အယှက်တွေကြောင့် မရပ်သွားစေချင်ဘူး။ ပြီးတော့ ဒုက္ခသည်တွေကို စိုးရိမ်ပူပင်မိတဲ့အတွက် ကူညီထောက်ပံ့မှုတွေကို ပိုပြီးတော့ ထိထိရောက်ရောက် ကူညီထောက်ပံ့နိုင်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာတွေပေါ့။ ဆိုတော့ အားလုံးခြုံငုံလာတဲ့သဘောပါ။"

မစ္စတာနမ်ဘီယားဟာ မေလ ကုန်ပိုင်းက ကျင်းပခဲ့တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ အစိုးရရဲ့ငြိမ်းချမ်းရေး တည်ဆောက်ရေးအဖွဲ့ ဆွေးနွေးပွဲ ကိုလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ဖူးသူဖြစ်ပါတယ်။

သူ့ရဲ့ ကချင်ပြည်နယ်ခရီးစဉ်နဲ့ပတ်သက်ပြီး ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ဂွန်ဂျာက အခုလို သုံးသပ်ပြောဆိုပါတယ်။

"ဟုတ်ကဲ့။ ကျနော်တို့သုံးသပ်တာကတော့ ဘာပဲဖြစ်ဖြစ်လေ။ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အခုလို လာတွေ့တယ်ဆိုတော့ ကျနော်တို့ အများကြီး ရှေ့ဆက်ပြီးတော့ နိုင်ငံတော် အစိုးရနဲ့ ကေအိုင်အိုတို့ရဲ့ ရှေ့ဆက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါ့လေ။ အဲ့တာနဲ့ပတ်သက်ပြီးတော့မှ အလားအလာကောင်းတယ်လို့ ဒီလိုပဲ သုံးသပ်မိပါတယ်။"

မစ္စတာနမ်ဘီးယားရဲ့ မိတ္ထီလာ ခရီးစဉ်မှာတော့ အစိုးရက လုံခြုံရေးတပ်ဖွဲ့ဝင် အတော်များများ ချထားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့လက မြန်မာပြည်ကို လာရောက်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားရဲ့ခရီးစဉ်မှာတော့ KIO ဌာနချုပ်လိုင်ဇာကို သွားရောက်ခွင့် မရခဲ့သလို မိတ္ထီလာမှာ လူထုက ဆနပြခဲ့တာကြောင့် ကယ်ဆယ်ရေးစခန်းတွေကိုလည်း သွားရောက်မလေ့လာနိုင်ခဲ့ပါဘူး။

. www.MyanmarExpress.net
 

မောင်တောပဋိပက္ခတွင် ပြစ်မှုကျူးလွန်ခဲ့သူ ဘင်္ဂါလီ ၇၀ ကျော်ကို ပြစ်ဒဏ်ချ

From : ..the voice

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌် ပြီးခဲ့သည့်နှစ် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် မီးရှို့မှုများ ကျူးလွန်ခဲ့သူ ဘင်္ဂါလီလူမျိုး ၇၄ ဦးကို ပြစ်မှုကျူးလွန်မှုအလိုက် တစ်သက်တစ်ကျွန်း၊ ၁၀ နှစ်၊ ခုနစ်နှစ်စသော ထောင်ဒဏ်များ ကျခံစေရန် မောင်တောခရိုင် တရားရုံးက သြဂုတ်လ ၂၁ရက်နေ့တွင် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

မောင်တောမြို့နယ်တွင် သံဃာတော်တစ်ပါးကို သတ်ဖြတ်မှုဖြင့် ဘင်္ဂါလီသုံးဦးကို တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီး ၁၅ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးဦးလှသိန်းက ပြောကြားသည်။

မောင်တောမြို့နယ် ကံသာယာ အလယ်ရွာ မီးရှို့မှုကို ဦးဆောင်ခဲ့သူ ရော်ရှီတာမောက်ပါ အပါအဝင် ခုနစ်ဦး၊ မောရဝတီကျေးရွာ ကျန်းမာရေး ဆေးပေးခန်းကို မီးရှို့မှုဖြင့် ဘင်္ဂါလီ ခုနစ်ဦး၊ မောရဝတီကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်း မီးရှို့မှုကို ဦးဆောင်ခဲ့သူ ဒူဘီစလန် အပါအဝင် ၂၆ ဦး၊ ဘကုန်းနား ကျေးရွာအုပ်စုရှိ ဦးစောမောင် ပိုင်ဆိုင်သည့် ဗီဒီယိုရုံအား မီးရှို့မှုကို ဦးဆောင်ခဲ့သူ ဒူလာမီပါ အပါအဝင် ၁၆ ဦးတို့ကို ထောင်ဒဏ် ခုနစ်နှစ်စီ အသီးသီးပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ရခိုင်တိုင်းရင်းသူတစ်ဦးဖြစ်သူ မသီတာထွေးကို ဘင်္ဂါလီသုံးဦးက မုဒိမ်းကျင့် သတ်ဖြတ်မှုဂယက်နှင့် ဆက်စပ်ကာ တောင်ကုတ်မြို့တွင် အစ္စလာမ်ဘာသာဝင် ၁၀ ဦး အသတ်ခံရမှုများ ဆက်တိုက် ဖြစ်ပွားပြီးနောက် မောင်တောမြို့၌ ဇွန်လ ၈ ရက်နေ့တွင် ဗလီဝတ်ပြုရာမှ ပြန်လာသည့် ဘင်္ဂါလီများက အကြမ်းဖက်မှုများ ပြုလုပ်ရာမှ ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

တောင်ကုတ်မြို့တွင် ၂၀၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့က အစ္စလာမ်ဘာသာဝင် ၁၀ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ တောင်ကုတ်မြို့ ဒေသခံခုနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး သြဂုတ်လ ၂၆ ရက်နေ့က ဒုတိယအကြိမ်မြောက် တရားရုံးတင် စစ်ဆေးခဲ့သည်။

ရခိုင်ပြည်နယ်တွင် နှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် ပြစ်မှု ကျူးလွန်ခဲ့သည်ဟုဆိုကာ အမှုပေါင်း ၂၉၅ မှုဖြင့် ဒေသခံ တိုင်းရင်းသားများနှင့် ဘင်္ဂါလီများ စုစုပေါင်း ၁၁၈၉ ဦးကို ဖမ်းဆီးခဲ့ပြီး ယင်းအနက် အမှုပေါင်း ၁၉၅ မှုတွင် ပြစ်မှုကျူးလွန်ခဲ့သူ တိုင်းရင်းသားများနှင့် ဘင်္ဂါလီ ၅၀၇ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဖြစ်ကြောင်း၊ ကျန်အမှုပေါင်း ၄၅ တွင် ပြစ်မှုကျူးလွန်ခဲ့သူဟုဆိုသူ ၆၆၂ ဦးကို ဆက်လက်စစ်ဆေး အရေးယူနေကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ဇူလိုင်လ ၉ ရက်နေ့တွင် ပြောဆိုထားသည်။

ယင်းပဋိပက္ခများကြောင့် လူပေါင်း ၁၉၀ ကျော် သေဆုံးပြီး တစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။


 .. www.MyanmarExpress.net
 

နိုင်ငံသား အစစ် မဖြစ်သူများသည် နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ မဲပေးခွင့် ရရှိနိုင်တော့မည် မဟုတ်တော့

From : ..irrawaddy


နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကြမ်းအား ပြင်ဆင်၍ ပြည်ထောင်စု လွှတ်တော်က အတည်ပြုနိုင်ပါက နိုင်ငံသား အစစ် မဖြစ်သူများသည် နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ မဲပေးခွင့် ရရှိနိုင်တော့မည် မဟုတ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြောသည်။

ထို ဥပဒေကြမ်းကို လွှတ်တော်၌ ဆက်လက် ဆွေးနွေးရန်ရှိပြီး အတည်ပြုနိုင်ပါက အဖြူရောင်ကတ်(ယာယီ သက်သေခံ လက်မှတ်)ဖြင့် နိုင်ငံရေး ပါတီ တည်ထောင်ထားသူများသည် ဥပဒေ ကြောင်းအရ ပယ်ဖျက်ခံရနိုင်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ပြောသည်။

၎င်းက“လက်ရှိမှာ အဖြူရောင်ကတ် ကိုင်ထားသူတွေက မဲပေးခွင့်၊ ပါတီ ထောင်ခွင့်တွေပါ ရထားတယ်၊ တကယ်လို့ ဒီ ဥပဒေ ကို ပြင်ဆင်အတည်ပြုနိုင်ရင်တော့ နိုင်ငံသား တမျိုးကပဲ မဲပေးခွင့်၊ ပါတီ ထောင်ခွင့် ရတော့မှာပေါ့”ဟု ဆိုသည်။

“နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း”အဆိုကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင် က သြဂုတ်လ ၂၃ ရက်နေ့တွင် ကျင်းပသော လွှတ်တော် အစည်းအဝေး၌ အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

နိုင်ငံသား အစစ် မဟုတ်သူများသည် တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အချာအာဏာ တည့်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စု မပြိုကွဲရေး၊ နိုင်ငံ့သစ္စာ စောင့်သိခြင်း စသည်တို့ကို လိုက်နာပါမည် ဆိုသော်လည်း နိုင်ငံသား မဟုတ်သည့် အတွက် အပြည့်အ၀ ယုံကြည်၍ မရသေးကြောင်း၊ နိုင်ငံ၏ အမျိုးသား လုံခြုံရေးနှင့်အမျိုးသား အကျိုးစီးပွားကို အလေးထား စဉ်းစားရန် အရေးကြီးကြောင်း ဒေါက်တာ အေးမောင် က အဆိုတင်သွင်းစဉ် ပြောဆိုသည်။

၎င်းက“ပါတီထောင်တဲ့ သူတွေဟာ မွေးရာပါ နိုင်ငံသား မဟုတ်ရင်တောင် အနိမ့်ဆုံးအားဖြင့် ဥပဒေအရ နိုင်ငံသား ဖြစ်ဖို့လို အပ်ပါတယ်”ဟု ဆိုသည်။

ထိုအဆိုအား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ က ကန့်ကွက် သည့်အတွက် ဆွေးနွေးရန် သင့်မသင့် သြဂုတ်လ ၂၆ ရက်နေ့က မဲခွဲဆုံးဖြတ်ရာ အနိုင်ရခဲ့ကြောင်း၊ ကြံ့ခိုင်ရေးပါတီ၏ ကိုယ် စားလှယ် အများစုက ကန့်ကွက်ခဲ့သော်လည်း စစ်တပ်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ က ထောက်ခံ၍ ဆွေးနွေးရန် လွှတ်တော်က အတည်ပြုပေးခဲ့ကြောင်း ကိုယ်စားလှယ်များက ပြောသည်။

မြန်မာနိုင်ငံတွင် ဧည့်နိုင်ငံသား လက်မှတ်ကိုင်ဆောင်ထားသူ ဦးရေ သန်းချီ၍ ရှိကြောင်း၊ ထို့ကြောင့် ၎င်းတို့အတွက် စဉ်းစား ပေး သင့်ကြောင်း၊ ၎င်းတို့ကြောင့် နိုင်ငံတော်အာဏာကို မထိခိုက်နိုင်ကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကြမ်း ပြင်ဆင် ရေး အဆိုကို ကန့်ကွက်သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဧရာဝတီ ကို ပြောသည်။

“ဧည့်နိုင်ငံသားကတ်ကိုင်ထားတဲ့ သူတွေ သန်းချီရှိနေတယ်၊ ဒီလူတွေကို ချောင်ပိတ်ထားလို့ တခုခု ထကြွလာရင် စစ်တပ်နဲ့ရဲကပဲ ဖြေရှင်းရမှာလေ၊ ခွေးတောင် ချောင်ပိတ်ရိုက်ရင် ပြန်ကိုက်တာပဲ၊ ဒီလူတွေကြောင့် နိုင်ငံတော်အာဏာကို မထိခိုက်နိုင် ပါဘူး”ဟု ၎င်းက ဆိုသည်။

ထိုသူများအား အခွင့်အရေး ပေးသည့်အနေဖြင့် မဲပေးခွင့်၊ ပါတီထောင်ခွင့်၊ ရွေးကောက်ပွဲ ၀င်ခွင့် ပေးထားကြောင်း၊ ထို့ကြောင့် ပင် ယခုအခါ လွှတ်တော်ထဲ၌ ကိုယ်စားလှယ် ၃ ဦး ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ဒေါက်တာ အေးမောင် ၏ အဆိုကို ဆွေးနွေးသည့် ရက်တွင်လည်း ကန့်ကွက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဦးလှဆွေ က ဆိုသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ (က) အရ “နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ သို့မ ဟုတ် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူ ဖြစ်ခြင်း” ဟူသည့် စာသား အစား “နိုင်ငံသား”ဟု အစားထိုး လိုက် ကြောင်း သြဂုတ်လ ၂၇ ရက်နေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။

ထို့အတူ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅ တွင်ပါရှိသော နိုင်ငံရေး ပါတီတည်ထောင်လိုသူများသည် အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ် လိပ်စာ၊ မွေးသက္ကရာဇ်၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်၊ အမျိုးသားမှတ်ပုံတင် အ မှတ်၊ ဧည့်နိုင်ငံသား လက်မှတ်၊ နိုင်ငံသား ပြုခွင့်လက်မှတ် သို့မဟုတ် ယာယီသက်သေခံ လက်မှတ်” ဟူသည့် စာသားများ အစား “နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်”ဟု ပြောင်းလဲ ပြင်ဆင် သတ်မှတ်ကြောင်း သတင်းစာများ၌ ဖော်ပြထားသည်။

ဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ(က) တွင် ပါရှိသော “နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူ ဖြစ်ခြင်း”ဆိုသည့် စကားရပ်အစား “နိုင်ငံသားဖြစ်ခြင်း”ဟု ပြင်ဆင်သင့်ကြောင်း ဒေါက်တာ အေးမောင်က အဆိုတင်ခဲ့ခြင်း ဖြစ်သည်။


.. www.MyanmarExpress.net
 

အစိုးရနှင့် UNFC နောက်လ ဆွေးနွေးမည်

From : ..YMG
 
မြန်မာ အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်းကော် မတီနှင့် ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင် UNFC တို့၏ ဆွေးနွေးပွဲကို စက်တင်ဘာလဆန်းတွင် ထိုင်း နိုင်ငံ ချင်းမိုင်မြို့၌ပြုလုပ်ရန်သ ဘောတူခဲ့ကြောင်း မြန်မာငြိမ်း ချမ်းရေးစင်တာမှ ဦးညိုအုန်းမြင့် က ပြောသည်။
နှစ်ဖက်နည်းပညာအ ထောက်အကူပြုအဖွဲ့များ ဩဂုတ် ၂ရ ရက်တွင် ချင်းမိုင်၌တွေ့ဆုံ ညှိနှိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
''ဒီဘက်ကတိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ပြည်ထောင် စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီရဲ့ ဒုဥက္ကဋ္ဌ ဦး အောင်မင်းတို့လာပြီး ဆွေးနွေး မှာဖြစ်ပါတယ်''ဟု ဦးညိုအုန်းမြင့် ကဆိုသည်။

နိုင်ငံရေးဆွေးနွေးပွဲလုပ် ရန် အချိန်၊ နေရာသတ်မှတ်ခြင်း၊ UNFC ကျင်းပခဲ့သည့် တိုင်း ရင်းသားလူမျိုးများ ကွန်ဖရင့်မှ ထုတ်ပြန်ချက်ပါ အချက်များကို ရှင်းလင်းဆွေးနွေးခြင်းနှင့် အလုံး စုံ အပစ်အခတ်ရပ်စဲရေး(Nationwide Ceasefire) နှင့်ပတ်သက် UNFC ၏ အမြင်သဘောထား များကို ဆွေးနွေးခဲ့သည်ဟု ညီ ညွတ်သော တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီမှ ဒေါက် တာခင်မောင်က ပြောဆိုသည်။ UNFC မှ ချမှတ်ထားသည့် ဖက် ဒရယ် အခြေခံဥပဒေရေးဆွဲရေး ကို ငြိမ်းချမ်းရေးအထောက်အ ကူပြုအဖွဲ့က ရှင်းလင်းမေးမြန်းခဲ့ ပြီး UNFC အနေဖြင့် ဖက်ဒရယ် ပြည်ထောင်စုကို ဖွဲ့စည်းမည်ဆို သည့် ရည်မှန်းချက်အရ အစဉ်အ ဆက်ဆွေးနွေးလာသည့် ဖက်ဒ ရယ်မူကိုအခြေခံကာ လက်ကိုင် ပြုထားမည့် ဖက်ဒရယ်အခြေခံဥ ပဒေတစ်ခု ရေးဆွဲမည်ဖြစ်ကြောင်း ဒေါက်တာခင်မောင်က ဆိုသည်။
လက်ရှိ ၂၀၀၈ အခြေခံဥပ ဒေမှာ ဖက်ဒရယ်မူ၊ လူ့အခွင့်အ ရေးနှင့် တိုင်းရင်းသားများ၏ ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်အပေါ် အခြေမခံ သည့်အတွက့် UNFC မှ လက်မ ခံခြင်းဖြစ်ပြီး ပြောင်းလွယ် ပြင် လွယ်မည့် ယင်းဖက်ဒရယ်မူကို လက်ကိုင်ပြုကာ ပြည်ထောင်စု သဘောတူညီချက်၊ အမျိုးသား သဘောတူညီချက် တစ်ခုရလာ ပါက ပြည်ထောင်စုဖွဲ့စည်းပုံတစ် ခု ဖွဲ့စည်းရမည်သာဖြစ်သည်ဟု ၎င်းက ဆိုသည်။
''ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့တော့မယ်ဆိုရင် ဖက်ဒရယ်ပြည် ထောင်စုတပ်ရမှာပဲ။ တပ်ဖွဲ့ရင် ဘယ်လိုမူ၊ ဘယ်လိုစည်းကမ်းချ မှတ်ရမယ်ဆိုတဲ့မူ ချမှတ်တာပါ။ အနာဂတ် ပြည်ထောင်စုအတွက် လမ်းစဉ် ချမှတ်တဲ့သဘောပါ''ဟု ဒေါက်တာခင်မောင်က တွေ့ ဆုံပွဲတွင် ရှင်းလင်းပြောဆိုခဲ့သည် ဟုဆိုသည်။ UNFC မှ ချမှတ် ထားသည့် တိုင်းရင်းသားလူမျိုး များ၏ ငြိမ်းချမ်းရေးဆိုင်ရာလုပ် ငန်းစဉ်ခြောက်ချက်အရ ဖက်ဒ ရယ် အခြေခံဥပဒေကို နိုဝင်ဘာ လကုန် အပြီးရေးဆွဲကာ လူထုအ စည်းအဝေးကျင်းပကာ သဘော တူညီချက်များ ရယူသွားမည်ဟု ဆိုသည်။ တစ်ပြည်လုံးအပစ်အ ခတ်ရပ်စဲရေးရယူကာ ငြိမ်းချမ်း ရေးဖော်ဆောင်ရေး ဒုတိယအဆင့် ဖြစ်သည့် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရေးကို ဆက်လက်လုပ် ဆောင်သွားရန်ရှိသည်ဟု ဦးညို အုန်းမြင့်ကပြောဆိုပြီး ယင်းဆွေး နွေးပွဲသည် တိုင်းရင်းသားပါတီ များနှင့် အပစ်အခတ်ရပ်စဲထား သည့်အဖွဲ့များက ပြုလုပ်မည့်ညီ လာခံနှင့်မတူညီဟု ၎င်းကဆိုသည်။


 .. www.MyanmarExpress.net