Subscribe to our RSS Feed

ရခိုင်ပြည်နယ်တွင် မျိုးစောင့်အဖွဲ့ နှင့် ပတ်သက်၍ ရှင်းလင်းပွဲများ ကျင်းပ

From : ..mizzima


ရခိုင်ပြည်နယ်၌ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့ဆိုသည့် အဖွဲ့အစည်းက ရှင်းလင်းပွဲများပြုလုပ်လျှက်
ရှိကြောင်း ယင်းအဖွဲ့၏ ဗဟိုကော်မတီဝင် တိပိဋကဓရ ဆရာတော်အရှင်ဣန်္ဒပါလက မဇ္ဈိမကို မိန့်သည်။

ထိုအဖွဲ့သည် သံဃာ ၁၅၀၀ ကျော်၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊ အဖွဲ့၏ မူနှင့် လမ်းစဉ်များကို ပြည်သူများထံသို့ တိုင်းနှင့်ပြည်နယ်အလိုက် လိုက်လံရှင်းလင်းတင်ပြနေခြင်း ဖြစ်သည်ဟုလည်း ဆရာတော်က မိန့်သည်။

“ဦးဇင်းအနေနဲ့ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ အညီ ပြည်နယ်တွင်းမှာ ရှင်းလင်းတာတွေ၊ ပြည်နယ်၊ မြို့နယ်၊ ရပ်ကျေးစတဲ့ အဆင့်ဆင့်သော ဖွဲ့စည်းပုံတွေကို ရဟန်း ပုဂ်္ဂိုလ်၊ လူပုဂ်္ဂိုလ်တွေကိုရှင်းပြတယ်”ဟု ဆရာတော် အရှင်ဣန်္ဒပါလက ဆက်မိန့်သည်။

အဆိုပါ အမျိုးဘာသာသသနာ စောင့်ရှောက်ရေးအဖွဲ့ကို ရခိုင်ပြည်နယ်၌ ဖွဲ့စည်းရေးအတွက် စစ်တွေမြို့ အတုလ
မာရိန် ဘုရားကြီး၌ ရှင်းလင်းပွဲပြုလုပ်ခဲ့ရာ သြဂုတ် ၁၆ ရက်တွင် မြို့နယ် ၁၀ မြို့နယ်မှ ရဟန်းရှင်လူ ၈၀၀ ကျော်၊ သြဂုတ် ၁၇ ရက်တွင် လူအင်အား ၁၀၀၀ ခန့်နှင့် သြဂုတ် ၁၉ ရက်တွင် အင်အား ၃၀၀ ခန့်တို့ဖြင့် ဖွဲ့စည်းနိုင်ခဲ့
ကြောင်းလည်း ဆရာတော်က မိန့်ကြားခဲ့သည်။

အမျိုးဘာသာသာသနာ စောင့်ရှောက်ကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြင့် သံဃာတော်အချို့နှင့် လူပုဂ်္ဂိုလ်
အချို့က အဖွဲ့အစည်းတည်ထောင်ခြင်းနှင့် မျိုးစောင့်ဥပဒေဟူသော မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများကို ဘာသာခြား အမျိုးသားက လက်ထပ်ခွင့်ကို ကန့်သတ်သည့် ဥပဒေနှင့် ဘာသာခြားမှ ဗုဒ္ဓဘာသာဝင် အဖြစ်သို့ ကူးပြောင်းရာတွင် ကြပ်မတ် ကျင့်သုံးရမည့် စည်းကမ်းများကို ပြဋ္ဌာန်းထားသည့် ဥပဒေတို့ကို အတည်ပြုရေးတို့ကို ယခုနှစ်အတွင်း ကြိုးပမ်းလာကြသည်။

ထိုကဲ့သို့သော ဥပဒေများ၊ လှုပ်ရှားမှုများသည် လူ့အခွင့်အရေးနှင့် မညီညွတ်ကြောင်း အမျိုးသမီးအဖွဲ့အစည်းများ
ဖြစ်သည့် Rain Fall၊ အခရာ၊ ကရင်အမျိုးသမီးဖွံ့ဖြိုးရေးအဖွဲ့ (KWEG), ဖန်တီးအိမ်မျိုးဆက်၊ Colorful Girls, Triangle Wowen Support Gorup တို့နှင့် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂကဲ့သို့သော လူမှုအဖွဲ့အစည်းများက ကန့်ကွက်ပြောဆိုမှုများ ရှိနေသည်။

မီဒီယာများတွင်လည်း လက်ရှိတည်ဆဲဥပဒေများသည် အမျိုးဘာသာသာသနာကို လုံလောက်စွာ ကာကွယ်နိုင်နေပြီ
ဖြစ်သဖြင့် ဗုဒ္ဓဘာသာကို အထူးပြု ကာကွယ်သည့် ဥပဒေများပြဌာန်းရန် မလိုကြောင်း ဖော်ပြမှုများ ရှိနေသည်။

ထို့ပြင် လူမျိုး ၁၃၅ မျိုးနှင့် အခြေခံဥပဒေတွင်လည်း ဘာသာကြီးလေးမျိုးကို အသိအမှတ်ပြုထားသည့် မြန်မာနိုင်ငံ
တွင် ဗုဒ္ဓဘာသာတစ်ခုတည်းအတွက် သီးခြား ဥပဒေပြဌာန်းရန်သင့်မသင့် မေးခွန်းထုတ်မှုများလည်း ရှိနေသည်။ 


.. www.MyanmarExpress.net
 

3 comments:

ဗျို့
ME မကွေးတိုင်းဒေသကြီး ပခုက္ကူမှာ
မနေ့က
““ဒေါ်အောင်ဆန်းစုကြည် nld နှင့် ကျွန်ုပ်တို့၏အနာဂတ်များ””
ခေါင်းစဉ်နဲ့ လက်ကမ်းစာစောင်တွေကို သံဃာတော်တွေနဲ့
လူငယ်တစ်ချို့က လိုက်လံဖြန့်ဝေနေတဲ့သတင်း ရြ့ပီးပြီလား။
ကျွန်တော့်ဆီမှာ အေဖိုးဆိုဒ်သုံးရွက် လက်ခံရရှိထားတယ်ဗျ။
အကျဉ်းချုပ်လေး နည်းနည်းပြောပြမယ်ဗျာ။
စာစောင်မှာဖော်ပြထားတာက-
““ ဒေါ်စု သမ္မတဖြစ်ချင်တယ်လို့ ပြောတဲ့အခါ အများနည်းတူ
သံဃာတွေကလည်း လိုလားထောက်ခံခဲ့ကြောင်း၊
ဒေါ်စုနဲ့ nld အပေါ် သံဃာတွေဘယ်လောက်
ထောက်ခံခဲ့တယ်ဆိုတာကို
ရွှေဝါရောင်တော်လှန်ရေးမှာ
သံဃာတော်တွေ အသက်စတေးခဲ့ရတာ သာဓကဖြစ်ကြောင်း၊
ခုချိန်မှာတော့
ဒေါ်စု ဦးဆောင်တဲ့ nld နဲ့ သံဃာတွေဟာ
ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေရကြောင်း၊
ဒါဟာ ဒေါ်စုကြောင့်ဖြစ်ကြောင်း၊
ဆရာတော် ဦးဝီရသူက တရားပွဲမှာ
ခွပ်ဒေါင်းကနေ မွတ်ဒေါင်းဖြစ်သွားပြီလို့ ဟောလိုက်တဲ့အခါ
အစ္စာလမ်နဲ့မူဆလင်တွေ လွှမ်းမိုးနေတဲ့
မိမိပါတီကို မပြုပြင်ဘဲ ဦးဝီရသူကိုသာမက
သံဃာထုကိုပါ ရန်သူကြီးသဖွယ်
nld ပါတီဝင်တွေက တိုက်ခိုက်ကြကြောင်း၊
မှော်ဘီသံဃာ့အစည်းအဝေးမှာ ဦးဝီရသူတင်သွင်းတဲ့
အမျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြိး
အမျိုးသမီးထုရဲ့ထင်မြင်ယူဆချက်ကို
မီဒီယာတွေက မေးမြန်းတဲ့အခါ
ဒေါ်ဇီးကွက်၊ ဒေါ်ဇင်မာအောင်နဲ့ ဒေါ်စု တို့က
လူ့အခွင့်အရေးချိုးဖောက်မှုလို့
တညီတညွတ်တည်း ကန့်ကွက်ခဲ့မှု၊
nld က ခွန်ဒီးယက် ခေါ် မေဇင်အေးရဲ့
ဗုဒ္ဒဘာသာအပေါ် တိုက်ခိုက်မှုတွေကြောင့်
တိုက်ပွဲအရှိန် ပိုမြင့်တက်လာခဲ့ကြောင်း။
ဒေါ်စုအနေနဲ့ အခုထိ
သံဃာတော်တွေနဲ့ ဗုဒ္ဒဘာသာဝင်တွေအပေါ်
အကာအကွယ်ပေးတဲ့စကား လုံးဝမပြောပဲ
မူဆလင်နဲ့ အစ္စလာမ်ကိုသာ အကာအကွယ်ပေးနေကြောင်း၊
Time မဂ္ဂဇင်းမှာ ဖော်ပြတဲ့ The Face Of Buddhist Terror
ဆောင်းပါးနဲ့ပတ်သက်ပြီး သမ္မတရုံး အပါအ၀င်
မြန်မာမီဒီယာများက မဂ္ဂဇင်းကို ကန့်ကွက်ချိန်မှာ
ဒေါ်စုအနေနဲ့ ဗုဒ္ဒဘာသာဘက်က
ကာကွယ်ပေးဖို့ပျက်ကွက်ရုံမက
သူ့ပါတီဝင်တွေကပါ Time မဂ္ဂဇင်းကိုကန့်ကွက်တဲ့
Campain ကိုတောင် ရှုတ်ချခဲ့ကြကြောင်း၊
ဒါ့အပြင်
ဒေါ်စုနဲ့ OIC ဆက်သွယ်မှုရှိပြီး
OIC ရုံးခွဲ မြန်မာနိုင်ငံမှာ ဖွင့်လှစ်ခွင့်ကို
သမ္မတဦးသိန်းစိန် လက်ထက်မှာ မရပေမယ့်
2015 မှာ ဒေါ်စု က ကျိန်းသေပေါက် ခွင့်ပြုပေးမှာဖြစ်ကြောင်း၊
OIC ဟာ ဘင်္ဂါလီနဲ့ အစ္စလာမ်အကျိုးစီးပွား
သက်သက်သာ ဖြစ်ပြီး မြန်မာလူမျိုးတွေအတွက်
လုံးဝမဟုတ်ကြောင်း၊
1982 ခုနှစ် နိုင်ငံသားဥပဒေကို ပြင်မယ်ဆိုတာကလည်း
ဘင်္ဂါလီတွေ၊ အစ္စလာမ်တွေအတွက်သာဖြစ်ကြောင်း၊
အမျိုးဘာသာသာသနာအကျိုးစီးပွား
အာမခံချက်မပေးနိုင်ရင်
နိုဘယ်ဆုတွေဘယ်လောက်ရရ
ဒေါ်စု သမ္မတ မဖြစ်သင့်ကြောင်း၊
အစ္စလာမ်လွှမ်းမိုးမယ့် ဒီမိုကရေစီနိုင်ငံအစား
ဗုဒ္ဒဘာသာလွှမ်းမိုးတဲ့ အာဏာရှင်နိုင်ငံကိုပဲ
ပြန်သွားမယ်လို့တောင် ပြောဆိုနေကြကြောင်း၊
ပြည်သူတွေက တိုက်ရိုက်ရွေးချယ်ခွင့်ရှိတာမို့
အရွေးမမှားဖို့ လိုကြောင်း၊
အရွေးမှားရင် ပြည်သူတွေသာမက
ပြည်သူတွေကိုးကွယ်တဲ့ ရဟန်းသံဃာတွေပါ
ဒီဆိုးကျိုးကို ခံစားရမှာဖြစ်ကြောင်း၊
အမျိုးဘာသာသာသနာအကျိုးစီးပွားကို
အာမခံနိုင်မယ့် ခေါင်းဆောင်(သမ္မတ)ကို
ရွေးချယ်ပေးကြဖို့ တိုက်တွန်းလိုကြောင်း””
ဖော်ပြထားပါတယ်ခင်ဗျ။
အောက်နားမှာပါတော့
2015 မှာ ဒေါ်စု သမ္မတဖြစ်လို့ OIC ရုံးခွဲခွင့်ပြုတာနဲ့
နောက်ဆက်တွဲ
ဖြစ်ပေါ်လာမယ့် ဆိုးကျိုးများ၊
မျိုးစောင့်ဥပဒေနဲ့ပတ်သက်တဲ့ အချက်အလက်များ
ဖော်ပြထားပါတယ်။
( လုလင်- ပြောသည် )
မှတ်ချက်။ လိုအပ်သလို အသုံးပြုနိုင်ပါတယ်


MUST NEED TO KEEP THE NATIONALISM.....ALSO EVERY COUNTRIES HAS THIS RULES..BUT WE ARE SO LATED..SO..SO

ကျုပ်တို့ရေစကြိုမှာလည်း
အဲဒီလက်ကမ်းစာစောင်တွေ ရောက်နေတယ်ဗျ။
nld တွေကတော့ ဖြန့်တဲ့သူတွေကို
တားတော့မတားရဲကြဘူး။
အဝေးကဘဲ ရပ်ကြည့်နေတာဗျ။
သွားတားလည်း မှားသွားမှာပေါ့့။
ဖြန့်တဲ့အထဲမှာ ရဟန်းပျိုတွေပါတယ်လေဗျာ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်