Subscribe to our RSS Feed

ဆီးရီးယားအရေး တင်းမာနေချိန် အမေရိကန် စစ်သင်္ဘော တပ်ဖြန့်ထားသည့် မြေထဲ ပင်လယ်သို့ ရုရှား စစ်သင်္ဘောများ စေလွှတ်

From : ..မြ၀တီ


ရုရှားရေတပ်သည် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ရေယာဉ် တစ်စင်းနှင့် ဒုံးကျည်တင် တိုက်ခိုက်ရေး စစ်သင်္ဘော တစ်စင်းတို့အား သြဂုတ် ၂၉ ရက်က မြေထဲ ပင်လယ်သို့ဏ္ဍ စေလွှတ်ခဲ့ကြောင်း ရုရှား သတင်းဌာန တစ်ခုက ပြောကြားခဲ့သည်။

စစ်ဘက် အသိုင်းအဝိုင်းများ၏ ပြောကြားချက်အရ အဆိုပါ စစ်သင်္ဘောများ စေလွှတ်ခြင်း သည်လက်ရှိ ဖြစ်ပေါ် နေသော ဆီးရီးယား အရေးအား တုံ့ပြန်ရန် အတွက် ဖြစ်ကြောင်း သိရသည်။ သို့သော် ရုရှားရေတပ်၏ ပြောကြားချက်အ ရ ထိုကဲ့သို့ စစ်သင်္ဘော များ စေလွှတ်ခြင်း သည် မြေထဲပင်လယ် ဏ္ဍအတွင်း သို့ စစ်သင်္ဘော များ အလှည့်ကျ စေလွှတ်ခြင်း အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ကြောင်း သိရသည်။

ရုရှားနိုင်ငံသည် ဆီးရီးယား အရေးတွင် မည်သည့်စစ်ရေးအရ ကြားဝင် တိုက်ခိုက်မှုမျိုးကို မဆို ပြင်းပြင်းထန်ထန် ကန့်ကွက် လျက်ရှိပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ခွင့်ပြုချက် မရရှိဘဲ တိုက်ခိုက်ခြင်းသည် အပြည်ပြည် ဆိုင်ရာ ဥပဒေ အား ဏ္ဍချိုးဖောက်ခြင်းသာဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလဗ်ရော့ဗ်က ပြောကြားခဲ့သည်။

ထို့အပြင် အမေရိကန် နိုင်ငံသည် ဆီးရီးယားအား ဝင်ရောက် တိုက်ခိုက်နိုင်ရန် အတွက် အသင့် ပြင်ဆင်ထားသည့် အနေဖြင့် မြေထဲပင်လယ် အရှေ့ပိုင်းတွင် ၎င်း၏ ငါးစင်းမြောက် ဖျက်သင်္ဘောဖြစ်သည့် USS Stout အား တပ်ဖြန့်ချ ထားကြောင်း သိရသည်။


.. www.MyanmarExpress.net
 

3 comments:

လော ဘ ဒေါ သ မေါ ဟ တွေ ဖုးံ နေ တဲ့ ဒိ ကမ္ဆာ ကြိး ပါ လော ဘ ဆို တာ အ ကု သိုလ် အ ကြို ယူ နေ တာ ဒေါ သ ဆို တာ ပျက် သုးံ ခြင်း

ငါ တို့ က ဗုဒ္ဓ ဘာ သာ ဆို တော့ ရုပ် နာမ် နှစ် ပါး ခန္တာ ငါး ပါး ဖြစ် ပျက် ကို မှတ် ကြ လော့ ဘယ် အရာ မှ မ တည် မြဲ တ ကား မာန် မာ န က အစ ဒေါ သ အ ဆုးံ က မ္ဆာ ကြိး ပျက် သုးံ လိမ့် မည် သူ တော် ကောင်း တို့ ပြင် ဆင် ကြ ပါ တော့
ပခက တာ တီး

Pakoaku Tartee is absolutely right.

we need this war. because Top 2 confrontaion is better than small country wars.Small country played by them long ago.
And Seria also support extremist muslin.In myanmar rohinger case bring by them OIC and Arrab.Human right all teacher where they go and sleep now. 88,NLD, Aung Din,Moe thee zun, Min Ko Naing,Ko Ko Gyi.Every time talk rubbish.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်