Subscribe to our RSS Feed

နိုင်ငံခြားရုပ်ရှင် အလွယ်တကူ ဝယ်ယူကြည့်ရှုနိုင်ရေး ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပြင်ရန် တင်သွင်းမည်

From : ..popular


နိုင်ငံခြား ဗီဒီယိုရုပ်ရှင်ဇာတ် ကားခွေများကို ပြည်သူများ အ လွယ်တကူ ဝယ်ယူကြည့်ရှုနိုင်ရန် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြား၊ ဗီဒီ ယိုဥပဒေ ကို ပြင်ဆင်သည့်ဥပဒေ တင်သွင်းသွားမည်ဟု တာမွေမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဒေါ်လဲ့လဲ့ဝင်းဆွေက ပြော သည်။

”မြန်မာဗီဒီယိုတွေ၊ ရုပ်ရှင် တွေကို ခိုးကူးကြတယ်။ စီးပွား ရေး လုပ်ငန်းရှင်တွေက စီးပွားရေး ကျဆင်းကြတယ်။ ဒီအပေါ်မှာ မူတည် ပြီးတော့ ဒီဥပဒေတွေက ဖြစ်ပေါ် လာတာ။ တကယ်တမ်း အောက်ခြေ အဆင့် ပြည်သူတွေ က ဒီဥပဒေကြောင့် အကျိုးယုတ် ခံစားနေကြရ တယ်။ ထောင်ချခံရ တယ်။ ပြန်လေ့လာကြည့်တော့ လည်း ဒီလူတွေဟာ အဆင်းရဲဆုံး အဆင့်မှာ ပါဝင်ကြတယ်။ အဲဒီ သူတွေ အဖမ်းခံရတဲ့ အထဲမှာ မြန်မာဗီဒီယိုအခွေတွေ မပါဘူး။ ညစ်ညမ်းခွေတွေ မပါဘူး” ဟု ၄င်းကပြောသည်။

လက်ရှိတွင် ခိုးကူးခွေရောင်း ချမှုကြောင့် တရားရင်ဆိုင်နေရသူ များသည် ဒဏ်ငွေပေးဆောင်ရုံ ဖြင့် လွှတ်ပေးမှုများကြောင့် တ ရားသူကြီးများမှ အထက်ဌာနများ သို့ အစီရင်ခံစာတင်ပြနေရ၍ ယင်းအမှုများမှာ မလိုအပ် ဘဲကြန့် ကြာနေရကြောင်း သူ၏အမြင်ကို ပြောသည်။

ဆက်လက်၍ ၄င်းက”တရား သူကြီးတွေ လွှတ်လိုက်တာကို အလုပ်ဖြုတ် မယ်ဆိုတဲ့အထိ အ ကြိမ်းခံရတော့ ရက်ချိန်းတွေ အ များကြီးယူပြီး စစ်နေရတယ်။ အ မိန့်ချခါနီး ကျတော့ မချရဲဘဲနဲ့ ရက်ချိန်း ရွှေ့လိုက်ကြ တယ်”ဟု လတ်တလော အခြေအနေကို ရှင်းပြသည်။

ခိုးကူးခွေ ရောင်းချမှုများ ကြောင့် အဖမ်းဆီးခံရသူများတွင် တက္ကသိုလ်ကျောင်းသားများ ပါ ဝင်ကြောင်း၊ ခိုးကူးခွေများနှင့် နိုင်ငံခြား ဇာတ်ကားခွေများ ရောင်း ချမှုေ ကြာင့် တက္ကသိုလ်ကျောင်းသား များအပါအဝင် အခြေခံလူတန်း စားများ တရားရင်ဆိုင်နေရသည့် အတွက် ¤င်းက ယခုလ ၁၉ ရက်က ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် မေးခွန်းမေးမြန်း၍ တင်ပြခဲ့ခြင်း ဖြစ်သည်။

နိုင်ငံခြား ခိုးကူးခွေများ သည် ဗီဒီယိုဆင်ဆာအဖွဲ့မှ ကင်းလွတ် ခွင့်ပြုထားသည့် ကိစ္စ ရပ်မဟုတ်သည့်အပြင် နိုင်ငံခြား ဗီဒီယိုတိပ်ခွေများကို ရုပ်ရှင်အနေ ဖြင့်မှတစ်ပါး ယနေ့အထိ ခွင့်ပြု ချက်ပေးထားသည့် ကိစ္စရပ်မျိုး မဟုတ်၍ မည်သည့် နိုင်ငံခြားဗီဒီ ယိုအခွေကိုမဆို ရောင်းချမည် ဆိုပါက ပုဒ်မ ၃၂ ပုဒ်မခွဲ(ခ)အရ အရေးယူခံရ မည်ဖြစ်သည်။

နိုင်ငံခြားခိုးကူးခွေ ရောင်း ချသူများကို ဥပဒေအရ ပြစ်မှုကျူး လွန်မှု အကြိမ်အရေအတွက်၊ သိမ်းဆည်းရမိသည့် ပစ္စည်းအရေ အတွက်တို့ အပေါ်တွင် ချင့်ချိန်ပြီး ၃ နှစ်ထက် မပိုသည့် ထောင်ဒဏ် တစ်မျိုးမျိုး ကိုသော်လည်းကောင်း၊ တစ်သိန်းထက် မပိုသည့် ငွေဒဏ် တစ်မျိုးမျိုး ကိုသော်လည်းကောင်း၊ ဒဏ်နှစ်ရပ်လုံးကိုသော် လည်း ကောင်း စီရင်ပိုင်ခွင့်အရ ချမှတ် နိုင်သောကြောင့် ဒဏ်ငွေတစ်ခု တည်းကို ချမှတ်ခြင်း၊မချမှတ်ခြင်း သည် သက်ဆိုင်ရာ တရားသူကြီး ၏ ဆင်ခြင်တုံတရားဖြင့် စီရင်ဆောင်ရွက်ပိုင်ခွင့်သာဖြစ်ကြောင်း၊ ရုပ်မြင်သံကြား ဗီဒီယို ဥပဒေ ပုဒ်မ ၃၂ ပုဒ်မခွဲ(ခ)အရ ထောင် ဒဏ်တစ်မျိုးမျိုးကိုသော်လည်း ကောင်း၊ ငွေဒဏ်တစ်မျိုးမျိုး ကို သော်လည်းကောင်း၊ ဒဏ်နှစ်ရပ် လုံးကိုသော်လည်းကောင်း ပြစ် ဒဏ်ချမှတ်ခြင်းသည် ပြစ်မှုကျူး လွန်သူ၏ ပြစ်မှုကျူးလွန်မှုအခြေ အနေပေါ် မူတည်ပြီး သက်ဆိုင် ရာတရားရုံး၏ ပြင်ဆင်ပိုင်ခွင့် သာဖြစ်ကြောင်း ပြည်ထဲရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူး ချုပ်ကျော်ကျော်ထွန်းက လွှတ် တော်တွင်ပြန်လည်တင်ပြခဲ့သည်။

စိုင်းနောင်

.. www.MyanmarExpress.net
 

3 comments:

1-WE KNEW SOME COUNTRIES DID NOT SIGN THE
COPYRIGHT AGREEMENT BECAUSE THEY LIKE TO DO AS THEY LIKE UNTIL THEY GOT ALL .....
2-THOSE COUNTRIES BENEFITING IN SO MANY WAYS.
3-WE KNEW THE NAMES OF THOSE COUNTRIES BUT
NOT DISCLOSE THE NAMES.
4-THEY JUST COPYING EVERYTHING FOR THEM AND CANNOT TELL THEM THEY ARE STEALING.
5-THOSE COUNTRIES SIGN THE COPYRIGHT
AGREEMENT AFTER THEY COLLECTED ALL INFORMATION.
6-WE CAN BUY A VERY EXPENSIVE BOOK WITH $10
BUT THE ORIGINAL PRICE WAS OVER $200.
7-SOME COUNTRIES LEGAllY PUBLISHING EXACTLY
LIKE PRINTING IN FOREIGN COUNTRY BUT SELL
THEM LESS THAN 90 PERCENT OF ORIGINAL VALUE.
8-WE MYANMAR VISITING INSIDE OUR COUNTRY AND
FOREIGN COUNTRIES BUT MOSTLY THEY ALL DOING
JUST VISITING AND MAY BE PHOTOGRAPHING AND
VIDEO RECORDING BUT JUST USE FOR MEMORY AND
SHOWING TO FAMILY AND FRIENDS.
9-MANY FOREIGNERS VISITING OUR COUNTRY AND
TAKING AWAY..... FROM US BUT MYANMAR NOT EVEN
KNOW THEY TAKEN AWAY FROM US.
10-SOME FOREIGNERS CAME AND STUDY IN OUR
COUNTRY AND TOOK AWAY.....AND SOME GUYS
MARRIED OUR WOMEN AND ASKED WIVES TO TRANSLATE
FROM MYANMAR TO THEIR LANGUAGE.
THEY HAVE OUR INFORMATION IN THEIR LANGUAGE.
11-MANY ..... MAKING .....AND TESTING AND
THEY OWN THE ADVANCE..... BUT THEY ASKING OTHER..... TO SIGN NOT TO MAKE.......
AND THEY ALL CONTROL.......
12-THE RICH PEOPLE SIGN AGREEMENT AND HE BENEFITS FROM THAT AGREEMENT BUT WHEN POOR PEOPLE SIGN THE AGREEMENT WITH RICH PEOPLE
HE IS NOT BENEFIT FROM THE AGREEMENT BUT
POOR MEN LOST.
13-LOOK LIKE A DAY OLD BABY LIKE TO FIGHT WITH
WORLD CHAMPION;DEFINITELY BABY WILL LOST.
14-HOPING FOR THE BEST.

The above comment is true. Never sign international agreement before carefully studying what it is all about and know clearly that the advantage is definitely on our side. All agreement must always be short term so that we can renegotiate.

မလုပ်ပါနဲ့ဗျာတော်ကြာမြန်မာကားကြည့်မည့်သူမရှိပဲနေအုံးမယ် ဟီးဟီး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်