Subscribe to our RSS Feed

ကလေးမြို့တွင် မြစ်ရေစိုးရိမ်ရေမှတ်ကျော်၍ ကယ်ဆယ်ရေးများစတင်

From :Myanma age


စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့တွင် သြဂုတ်(၁၇)ရက်နေ့မှ စ၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်သာမြစ်ရေနှင့်နေရဉ္ဇရာ မြစ်တို့သည်ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး မြစ်သာမြစ်ရေသည်
သြဂုတ်(၂၀) ရက်တွင် စိုးရိမ်ရေမှတ်ထက် မြင့်တက်ခဲ့ကြောင်း သိရသည်။


မြစ်သာမြစ်ရေသည် သြဂုတ် (၂၁) ရက်တွင် စိုးရိမ်ရေမှတ်ထက် (၁၁၄၃)စင်တီမီတာသို့ ရောက်ရှိခဲ့၍ ကလေးမြို့၏ အနိမ့်ပိုင်း ဒေသများဖြစ်သော ချမ်းမြေ့အောင်စည် ၊ မင်္ဂလာဥယာဉ် ၊ ဖောင်ကူး ကျေးရွာ ၊ ကျီကုန်းကျေးရွာ များသို့ ရေ၀င်ရောက်ခဲ့ကြောင်း သိရသည်။

ရေ၀င်ရောက်သော ရေဘေးသင့် ပြည်သူများကို နေရာစီစဉ်ချထား ပေးနိုင်ရေးအတွက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ကလေး)၊ခရိုင်/မြို့နယ် စီမံခန့်ခွဲမှု ကော်မတီများ၊ မြို့နယ် အထောက်အကူပြု အဖွဲ့နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊လူမှုရေး အသင်းအဖွဲ့များ၊ စေတနာရှင် ပြည်သူများက ရေဘေးသင့် ပြည်သူများကို စကားလှဘုရား ၊အောင်မင်္ဂလာဇာတ်ရုံ ၊ အ မ က(၁၅) စာသင်ကျောင်းတို့တွင် နေရာချထား ဆောင်ရွက်ပေးခဲ့ပြီး ရေဘေးသင့်ပြည်သူတို့၏ နေရေး ၊ထိုင်ရေး ၊စားရေး ၊ သောက်ရေး အားလုံးကို စေတနာရှင်ပြည်သူတို့နှင့် လက်တွဲကာ ထမင်းထုတ်များဝေခြင်း ၊သောက်ရေသန့်ဗူးများ စီစဉ်ဆောင်ရွက်ပေးခြင်း ၊ကျန်းမာရေး စောင့်ရှောက်မှုများအတွက် ကျန်းမာရေးမှူးများ စီစဉ်ပေးထားခြင်းတို့ကို ဆောင်ရွက်ပေးထားကြောင်း မြို့နယ်စီမံခန့်ခွဲမှု ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

ရေဘေးသင့်ပြည်သူတို့အတွက် ရေကျသွားပါကလည်း နေရပ်သို့အဆင်ပြေ ချောမွေ့စွာ ရောက်ရှိရေး တို့ကိုလည်း တပါတည်း စီစဉ်ဆောင်ရွက်ပေးထားကြောင်း ယင်းပုဂ္ဂိုလ်ကပင် ရှင်းပြသည်။

မြစ်သာမြစ်နှင့်နေရဉ္ဇရာမြစ်တို့သည်နှစ်စဉ်နှစ်တိုင်း အနည်းနှင့်အများ ဆိုသလို ရေကြီးရေလျှံတတ်၍(၂၀၁၀ )ခုနှစ်တွင် အဆိုပါရေကြီးမှုထက်ပို၍ ရေကြီးခဲ့ကြောင်း သိရသည်။

www.MyanmarExpress.net
 

1 comments:

1-MANY PEOPLE DO NOT UNDERSTAND WHAT IS THE
DANGER LEVEL OF FLOODING.
2-WE THINK VERY FEW PEOPLE KNEW THE FLOOD
INDICATOR SYSTEM.
3-WE THINK THE FLOOD LEVEL REPORTING SYSTEM
IS NOT UNIFORM SYSTEM THAT IS DIFFERENT PLACE WITH DIFFERENT SYSTEM.WE NEED UNIFORM SYSTEM.
4-PLEASE INTRODUCE OR REVISE SYSTEM SO THAT OUR PUBLIC WITH UNDERSTAND.
5-PLEASE INTRODUCE MORE EFFECTIVE FLOOD FORECAST SYSTEM WITH OUR DAILY REPORT.
6-PLEASE CONSTRUCT NECESSARY EMBANKMENTS=
"TAR"SYSTEM BASE ON THE RECORD OF MAXIMUM
FLOODING.
7-WE KNEW OUR COUNTRY MAKING NECESSARY
CHANGES FROM (OUR OLD SYSTEM AND BRITISH
SYSTEM) INTO "SI=STANDARD INTERNATIONAL"
SYSTEM FOR ALL MEASUREMENTS.
BUT OUR GENERAL PUBLIC USED TO OUR OLD SYSTEM
THEREFORE PLEASE USE BOTH SYSTEM IN EARLY
STAGE.
8-PLEASE USE WEATHER MAPS IN OUR DAILY NEWS PAPERS NOT ONLY FOR STORM WARNING BUT ALSO
FOR OTHER WARNING NEWS ETC...

THANKS.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်