Subscribe to our RSS Feed

မြန်မာတွင် တယ်လီဖုန်းစက်ရုံ လာရောက်တည်ဆောက်ရန် ဆမ်ဆောင်းက ကမ်းလှမ်း

From : ..YMG


ရန်ကုန် ၊ သြဂုတ် - ၂၃။        ။ ကိုရီးယား နိုင်ငံ ဆမ်ဆောင်းကုမ၌ဏီက မြန်မာ နိုင်ငံတွင် တယ်လီဖုန်းထုတ်လုပ် သည့်စက်ရုံ လာရောက်တည် ထောင်ရန် ကမ်းလှမ်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က ပြောသည်။ ဩဂုတ်၂၃ရက်က နေပြည် တော်သမ္မတရုံး၌ ပြုလုပ်သော ဝန်ကြီးများအစည်းအဝေးတွင် နိုင်ငံတော်သမ္မတရုံး ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 ''ဆမ်ဆောင်းကုမ္ပဏီက ကန်ဒေါ်လာ ၁ဝဘီလီယံ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်း ထားတယ်။ သူတို့က ဒီမှာ ဖုန်း စက်ရုံထောင်ဖို့အတွက် လျှပ်စစ် စီစဉ်ပေးရမယ်။ လျှပ်စစ်မပေးနိုင် သေးတဲ့အတွက် လာဖို့စောင့်နေ ကြတာဖြစ်ပါတယ်''ဟု ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။ ၂၀၁၂ခုနှစ်ကလည်း ယင်း ကဲ့သို့ မြန်မာနိုင်ငံတွင် ဖုန်းဆက် စပ်ပစ္စည်းများ လာရောက်ထုတ် လုပ်ရန်အတွက် ကမ်းလှမ်းမှုများ ရှိခဲ့ပြီး မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော် မရှင်မှ မြေနေရာနှင့်လျှပ်စစ်မီး မပေးနိုင်ခြင်း ကြောင့် လာရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ခဲ့ခြင်း မရှိကြောင်း ယခင် ဆမ်ဆောင်း အီလက်ထရွန်နစ်ပစ္စည်းများ ကိုယ် စားလှယ်ယူ တင်သွင်းရောင်းချခဲ့ သည့်စက်မှုလုပ်ငန်းရှင်ကြီး ဦးမြတ် သင်းအောင်က ပြောသည်။

ဦးမြတ်သင်းအောင်က ''အ ရင်ကလဲ ဆမ်ဆောင်းက ဒီမှာ အလုပ်အကိုင်အခွင့်အလမ်း လူ ၃၀၀၀၀၊ ၄ဝဝဝဝလောက်ကို ဟန်း ဖုန်းစက်ရုံထောင်ပြီး ပေးနိုင်ဖို့အ တွက် စက်ရုံမြေနေရာနဲ့ လျှပ်စစ် ထုတ်ဖို့  Gas  မပေးနိုင်တဲ့အတွက် မလုပ်နိုင်ခဲ့ဘူး။ ဒီက ဖုန်း Operater  အတွက် လက်ရှိကုမ္ပဏီနှစ်ခု အပြင် နောက်ထပ်နှစ်ခုလဲ ရင်း နှီးမြှုပ်နှံဖို့ရှိတယ်လို့ သိရတယ်'' ဟု ပြောသည်။
 

.. www.MyanmarExpress.net
 

10 comments:

Why can't we provide land and electricity? Because of the nuisances 88, Nay Myo Zin and assorted lawyer kun-yet who would oppose what ever enterprise that the Government attempts to make. They shoo away all would be Investors.

မီးတောင်မှန်အောင် မလုပ်ပေးနိုင်တဲ့ တိုင်းပြည်လူကြီးများ ?????
ကိုယ့်မိသားစု ၁၀ သက် မကအောင်တော့ ချမ်းသာအောင် လုပ်နိုင်ကြတယ်

ဟုတ် တာ ပေါ့ ရောင်း ရင်း ရယ် ။ စစ် အာ ဏာ ရှင် အ စိုး ရ ရဲ့ ဆိုး ကျိုး တွေ ပေါ့ ကွာ ။ အ ခု လဲ တပ် ချုပ် က လက် အောက် အ ရာ ရှိ စစ် သည် တွေ ကို တော့ ရောင့် ရဲ တင်း တိမ် စိတ် မွေး ကြ တဲ့ ။ သူ တို့ ကျ တော့ ရ သ မျှ အ ကုန် ဆက် ယူ အုံး မယ် တဲ့ လေ ။ ကြား လို့ မှ ကောင်း ကြ သေး ရဲ့ လား အ ရပ် ကူး တို့ ရေ ။

u also can manage ur family? dont talk about country..

ကောင်းပါတယ်။ အဲဒီလိုမျိုး လာဆောက်မှ samsung company က ထုတ်တဲ့ Electronic တွေကို လူတိုင်း သုံးနိုင်တာပေါ့

please try to be point positive altitude,,

u and urself try to good first, later talk about politics

ကန်ဒေါ်လာ ၁ဝဘီလီယံ ၊၊၊၊၊

လျှပ် စစ် ကို နိုင် ငံ ဇြား company တစ် ခု ကို ပေး လိုက် ရင် ပြ သ နာ ရှင်း သွား မယ် ထင် ပါ တယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်