Subscribe to our RSS Feed

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး KNU၊ RCSS/SSA နှင့် အစိုးရ အကြိုဆွေးနွေး

From : ..the voice


တိုင်းရင်းသား လက်နက်ကိုင်အားလုံး ပါဝင်မည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ကျင်းပရန် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ ငြိမ်းချမ်းရေး အလုပ်အဖွဲ့ (Technical Team) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သြဂုတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာ ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်ခဲ့သော ယင်းဆွေးနွေးတွင် တိုင်းရင်းသား လက်နက်ကိုင်အားလုံး ပါဝင်မည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ကြိုတင်ပြင်ဆင်မှု (Frame Work) ကို ဆွေးနွေးခဲ့ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း ပြုလုပ်နိုင်ရန် ကြိုးပမ်းမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဗြိတိန်ခရီးစဉ်တွင် ပြောကြားခဲ့သော်လည်း KIO နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသည့်အတွက် ရွှေ့ဆိုင်းထားရသည်။

အဆိုပါ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို ၂၀၁၃ ခုနှစ်အတွင်း ကျင်းပနိုင် မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက သြဂုတ် ၅ ရက်နေ့တွင် ABSDF အဖွဲ့နှင့် တွေ့ဆုံစဉ် ပြောဆိုထားသည်။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့ ရှိသည့်အနက် ၁၀ ဖွဲ့နှင့် ပြည်ထောင်စုအဆင့် လက်မှတ် ရေးထိုးထားသော်လည်း KIO/KIA အဖွဲ့နှင့် လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည်။

.. www.MyanmarExpress.net
 

1 comments:

ငြိမ်းချမ်း​ရေးကိုလူတိုင်းလိုလားကြပါတယ်​။လက်​နက်​ချ​လေ​ကောင်း​လေပါပဲ။လက်​နက်​မချသ​၍​တောစစ်​မှန်​တဲ့ငြမ်းးချမ်း​ရေးဖြစ်​မလာနိင်​ဘူးဗျ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်