Subscribe to our RSS Feed

ထန်းကုန်း အခြေအနေ ပြန်လည်တည်ငြိမ်

From : ..wira thu


24.8.2013 ည 7:00 ခန့်တွင် ဖြစ်ပွားခဲ့သော ကန့်ဘလူမြို့နယ်၊ ထန်းကုန်း အဓိကရုဏ်းသည် ည 12း00 နာရီထိ လူစုမကွဲသေးကြောင်း သိရသည်။
အခြားမြို့ရွာများမှ လာသူများဝင်ခွင့်မရအောင် ကန့်ဘလူစစ်တပ်က မြို့မှပိတ်၍ တားဆီးထားခဲ့ခြင်း၊ ရဲအင်အား ၂၀၀ ကျော်ခန့်က သေနတ်ပစ်ဖောက်၍ ခြောက်လှန့် လူစုခွဲခြင်းတို့ကြောင့် 25.8.2013 မနက် 3း00 နာရီတွင် လူစုကွဲသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကွက်တိကွက်ကျား ဆိုင်ခန်း ၁၅ ခန်းကျော်ပျက်စီးသွားခဲ့ပြီး၊ နေအိမ် ၁၅ အိမ်ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ဗမာ ၁၁ ယောက် အထိမ်းသိမ်းခံထားရပြီး၊ ထန်းကုန်းအနောက်ဘက် အုပ်ဖိုရွာမှ ရွာသားတစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။
အကြမ်းဖက်ခံရသူ မလပြည့်သည် အက် (၂၅) နှစ် ရှိပြီဖြစ်ပြီး ဇီးပင်ရွာမှ ထန်းကုန်းမြို့သို့ ဆံပင်စီ အလုပ်သွားလုပ်ခြင်း ဖြစ်ကြောင်း၊ ခါတိုင်း ထန်းကုန်းမှာပင် ညအိပ်ကြောင်း၊ အခင်းဖြစ်သည့်နေမှာမှ ရွာပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ ထန်းကုန်းမြို့မှ ဆန်းညွန့်ဦး (မူဆလင်) က လက်စွဲပြီး နှောက်ရှက်ကြောင်း၊ လုံးဝလက်မခံ၍ ပြန်သွားခဲ့ပြီး၊ အဖော်နှစ်ယောက်ခေါ်လာခဲ့ကြောင်း၊ မလပြည့်က ခြေကျင်သွားသည်ကို ဆန်းညွန့်ဦးတို့သုံးယောက်က ဆိုင်ကယ်ဖြင့် သွားကာ ရှေ့မှ ကြိုတင်စောင့်နေခဲ့ကြောင်း၊ သုံးယောက်၊ တစ်ယောက် ဝိုင်းအုံဆွဲရမ်း ကိုင်ချုပ်နေစဉ် ခရီးသွားများတွေ့သွား၍ ဝိုင်းလိုက်ရာမှ ဆန်းညွန့်ဦးကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း၊ ဆန်းညွန့်ဦးကို ထုတ်ပေးဖို့ တောင်းဆိုရာမှ ပေါက်ကွဲခဲ့ကြခြင်းဖြစ်ကြောင်း၊ ဆန်းညွန့်ဦးသည် ယခုအခါ၌ မုံရွာထောင်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ယနေ့ (25.8.2013) အခြေအနေသည် ပြန်လည်တည်ငြိမ်လျက်ရှိပြီး၊ လုံခြုံရေး ထူထပ်စွာချထားခြင်းမှလွဲ၍ ရောင်းဝယ်ဖောက်ကားမှု ပုံမှန်လည်ပတ်နေပြီဖြစ်ကြောင်း၊ မန္တလေးမြို့မှ ဂဠုန်နီ ဆရာတော်နှင့် သံဃာတော်များ ရောက်ရှိနေပြီဖြစ်ပြီး ဒေသအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရပါသည်။


.. www.MyanmarExpress.net
 

1 comments:

This report seems to be more detail and accurate than the police first hand information report a.k (FI -report). The question is why did these Muslims attempt to rape a Myanmar Buddhist woman? We never hear news of Muslims raping Muslim women. We hear only news of Muslims raping or trying to rape Myanmar women. Is it the Muslims general (psychological) behavior or Is it due to the reward they would get from Muslim Jihad Organizations?

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်