Subscribe to our RSS Feed

မြန်မာသတင်းထောက်တွေကို အမေရိကန်က အယုံအကြည် လုံးဝ မရှိ


ဟီလာရီကလင်တန်လာတော့ စတုတ္ထမဏ္ဍိုင် များက နှစ်ပေါင်း ငါးဆယ် ကျော်ခွဲနေရတဲ့ အမေနဲ့ ပြန်တွေ့ရတဲ့ အလား ဝမ်းသာစိတ် ငယ်ထိပ်ရောက်ကာ အားကိုးတကြီးပြေးကြပါတယ်။ ဟီလာရီနဲ့တွေ့ရင် ဟီလာရီက အနည်းဆုံး လက်ပြ ပြုံးပြပြီး hi လို့တော့ နှုတ်ဆက်မှာပဲလို့ မျှော်လင့်ကြပါတယ်။ လေးစားအားကျရတဲ့ ဒီမိုကရေစီနိုင်ငံကြီးက ဆိုတော့ လွတ်လွတ်လပ်လပ် သတင်းယူလို့ ရမှာပဲပေါ့။ မျှော်လင့်ချက်တွေက တော့ အကြီးကြီးပါပဲ။ ဒါပေမယ့်လည်း မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပါဘုး။ ဘာလို့လည်းဆိုတော သူတို့ အားကိုးတကြီး ပြေးကြိုချင်တဲ့ အမေရိကန်တွေက သတင်းထောက်တွေကို လုံးဝ မယုံမကြည်မရှိပါဘူး။ ဘယ်တုန်းကမှ အစစ်မခံဘူးတဲ့ နည်းတွေနဲ့ အမျိုးမျိုး စစ်ပါတယ်။

လွှတ်တော်အစည်းအဝေးတွေ ကျင်းပတုန်းက သတင်းထောက်တွေကို စစ်ဆေးတုန်းက အသံတွေကို ဆူညံပွက်လောရိုက်အောင် ထွက်ခဲ့ပါတယ်။ အမျိုးမျိုးတင်းကြပ်တယ်၊ လွတ်လပ်စွာ သတင်းယူလို့မရဘူးပေါ့။ အခုတော့ ဘယ်သတင်းထောက်မှ ဘာမှမပြောရဲကြပါဘူး။ ရှိတာအကုန်ထုတ် ဆိုတော့ အသာလေး ထုတ်ပြလိုက်တာပါပဲ။ တစ်ခွန်းမှကို ပြန်မပြောရဲကြပါဘူး။

အမေရိကန်လုံခြုံရေးတွေက တစ်ခါရှာတယ်၊ မယုံကြည်လို့ ထပ်ခါ ထပ်ခါ အကြိမ်ကြိမ်ရှာတယ်။ ဘာမှ ပြန်မပြောရဲဘူး။ အိပ်ထဲရှိသမျှ အကုန်ထုတ်ပြီး အောက်ချပြရတော့တာပဲ။ နေပြည်တော် လေဆိပ်ထဲမှာ သုံးကြိမ်တိုင်တိုင် စစ်ဆေးတာတွေ လုပ်ထားတာကို မယုံသင်္ကာနဲ့ပဲ လေယဉ်ကွင်းထဲရောက်တော့ ထပ်ပြီး စစ်ပြန်ပါသေးတယ်။

ခွေးတစ်ကောင်မှ လိုက်လံစစ်ဆေးစဉ်

ခွေးမှ လိုက်လံစစ်ဆေးနေစဉ် သတင်းထောက်များမှ ဘေးတွင် အသာရပ်စောင့်နေရ

မြန်မာသတင်းထောက်တွေ ဒီနေ့အစစ်ခံရသလိုမျိုး ဘယ်ကြာကူလီ ဝရမ်းပြေးမှ အစစ်မခံရဖူးပါဘူး။ သတင်းထောက် သိက္ခာ၊ သတင်းထောက် ကျင့်ဝတ်ဆိုတာတွေလည်း ဘာမှ မရှိတော့ပါဘူး။ မဟုတ်တာလုပ်မယ့်လူတွေလိုလို ခိုးချောင်ခိုးဝှက် လုပ်မယ့်လူတွေလိုလို ကြည့်တာတွေ ခံရပါသေးတယ်။ အမေရိကန်ဖက်က မြန်မာသတင်းထောက်တွေအပေါ် ယုံကြည်မှု လုံးဝ မရှိပေမယ့် သတင်းထောက်တွေကတော့ အမေရိကန်တွေကို အကြည်ညိုမပျက် ကိုးကွယ်နေကြတုန်းပဲ ရှိနေကြပါတယ်။

အယုံအကြည်မရှိလို့ အကြိမ်ကြိမ် စစ်ဆေးခံရတဲ့ သတင်းထောက်တွေထဲမှာ အခြားနိုင်ငံတွေက သတင်းထောက် အနည်းအကျဉ်းသာ ပါပေမယ့် မြန်မာနိုင်ငံက သတင်းထောက် ၆၀ ကျော်လောက်ရှိတယ်လို့သိရပါတယ်။


Myanmar Express

KIA ရဲ့နောက်ဆုံးပေါ်လူသစ်စုတဲ့နည်းဗျူဟာ

မြစ်ကြီးနား ၊ နိုဝင်ဘာ(၂၉)

မြစ်ကြီးနား၊ဆွမ်ပ၇ာဘွမ်သွားကာလမ်းပေါ်က ဆွတ်ခါးရွာအနီးမှာ ကေအိုင်အေတပ်မဟာ (၁)အင်ဂွန်း လမှကေအိုင်အေတပ်ဖွဲ့တွေဟာ မြစ်ကြီးနားကနေ ဆွမ်ပရာဘွမ်နဲ့ပူတာအိုကို ဆိုင်ကယ်တွေနဲ့ ဒီဇယ်၊ဓာတ် ဆီသယ်ယူပို့ဆောင်သွားလာနေတဲ့ ဆိုင်ကယ်သမားတွေကို နိုဝင်ဘာလ(၂၅)ကနေ(၂၆)ရက်နေ့အထိပိတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။


ဒီဇယ်နဲ့ဓာတ်ဆီတစ်ချို့ကိုမီးရှိုဖျက်ဆီးပြီး တစ်ချို့ကိုတော့ ဆွတ်ခါးရွာကဘုရာကျောင်းမှာထားခဲ့ပါ တယ်။ လူတွေကိုတော့ ကေအိုင်အေစစ်သားလုပ်ခိုင်းဖို့ တပ်သားသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်တာဖြစ်တယ်လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ဆိုင်ကယ်ကယ်ရီသမား ကိုအဆူးနော်ကပြောပါတယ်။
အခုနောက်ပိုင်း အစိုးရတပ်တွေနဲ့ဖြစ်တဲ့ တိုက်ပွဲတွေမှာKIA အဖွဲ့ထိခိုက်ကျဆုံးမှုတွေများနေပြီး စခန်းတွေ လည်းတစ်ခုပြီးတစ်ခုလက်လွှတ်နေရပါတယ်။ ရှေတန်းကေအိုင်အေစခန်းတွေကို အင်အားထပ်ဖြေ့ဖို့အတွက် လိုင်ဇာမှာရှိတဲ့ဒုက္ခသည်စခန်းကယောင်္ကျားမှန်သမျှကို ရှေတန်းကိုပို့ဆောင်ပြီး စစ်မှုထမ်းခိုင်နေတာဖြစ်ပါ တယ်။


ဒုက္ခသည်စခန်းမှာရှိတဲ့ အမျိုးသမီးတွေကလည်းသူတို့ရဲ့ယောင်္ကျားတွေကို ရှေတန်းကနေအမြန်ဆုံး ပြန်ခေါ်ပေးဖို့ဆန္ဒပြ တောင်းဆိုမှုတွေပြုလုပ်နေကြတာကို ကေအိုင်အေခေါင်းဆောင်ပိုင်းတွေက လျစ်လျူရှူ ထားပြီး ဘာမှတုန့်ပြန်လုပ်ဆောင်ပေးတာမရှိတဲ့အပြင် ဒုက္ခသည်စခန်းကအမျိုးသမီးတွေနဲ့ လိုင်ဇာနောက်တန်း မှာ ကျန်ခဲ့တဲ့နောက်တန်းကျန် KIA စစ်သည်များရဲ့လူမှုေ၇းဖောက်ပြန်မှုတွေကိုလဲ တာဆီးတာမျိုးတွေမရှိဘူးလို့ လိုင်ဇာဘက်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။
အခုလိုမျိုးကေအိုင်အေတပ်ဖွဲ့ရဲမရမက ရတဲ့နည်းလမ်းနဲ့လူသစ်စုဆောင်းနေတဲ့ လုပ်ရပ်တွေကြောင့်က ချင်ပြည်သူတွေအနေနဲ့ ဘာလုပ်ကိုင်စားသောက်ရမှန်းမသိအောင် မသွားရဲ့မလာရဲဖြစ်နေရတဲ့အပြင် ပိုပိုပြီးဆိုး လာတဲ့ KIA ရဲ့အကြမ်းဖက်လုပ်ရပ်တွေကြောင့် အတော်လေးဆိုးရိမ်ကြောက်လန့်နေကြတယ်လို့သိရပါတယ်။

http://kachindailynews.blogspot.com/2011/11/kia_29.html မှ ကူးယူဖော်ပြပါကြောင်း


Myanmar Express

ဟီလာရီကလင်တန် ဘာလဲ? ဘယ်လဲ?

















Myanmar Express

ဗမာ၊ ရခိုင်တွေကို မောင်းထုတ်တဲ့ KIA

သစ်သားသေနတ်တွေနဲ့ KIA

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် နမ်ဆန်ယန် ရွာမှာရှိတဲ့ ဗမာ ရခိုင်နဲ့ အခြားသော တိုင်းရင်းသားတွေကို ရွာကနေ KIAမှ မောင်းထုတ်ပါတယ်။ကချင်လူမျိုးက လွဲရင်အကုန်မောင်းထုတ်တဲ့သဘောပါ။ဒီရွာကနေ KIA ကမောင်းထုတ်လိုက်တဲ့ သူတွေထဲမှာ ဗမာအမျိုးသား ကချင်အမျိုးသမီး နဲ့ သားသမီး သုံးယောက်ရှိတဲ့ မိသားစုတစ်ခုမှာ ယောင်္ကျားဖြစ်သူကို KIA က လိုက်လံဖမ်းဆီးတဲ့အတွက် ယောင်္ကျားဖြစ်သူဟာ မိသားစုကို စွန့်ခွာပြီး ထွက်ပြေးပုန်းရှောင်နေခဲ့ရတယ်။ဖမ်းဆီးတဲ့ အကြောင်းရင်းက အမျိုးသားဖြစ်သူဟာ ဗမာဖြစ်တဲ့အတွက် အကြောင့်ပါ။လူမျိုးရေးမုန်းတီးမှု အကြောင်းပြချက်တစ်ခုပါပဲ။

နမ်ဆန်ယန်ရွာကနေ ပြန်လာတဲ့သူတွေကို မေးကြည့်တော့ "ဗမာတွေကို မမြင်ချင်ဖူးဆိုပြီး မောင်းထုတ်လို့" ထွက်ပြေးလာ၇တယ်ဆိုပြီး နမ်ဆန်ယန်မှာ အလုပ်လုပ်နေကြသော ဗမာ ရခိုင် အစရှိတဲ့ တိုင်းရင်းသားတွေက ပြောပြပါတယ်။

ဒါဟာ လူမျိုးရေး ခွဲခြားမှု တစ်ခုဖြစ်ပါတယ်။အထူးသဖြင့် ပြည်ထောင်စု စိတ်ဓာတ်မရှိခြင်း အစွန်းရောက်လူမျိုးရေးဝါဒတွေကို စွဲလန်းနေခြင်းဖြစ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ အေးတူပူအမျှ နေထိုင်မယ်ဆိုတဲ့ ပြည်ထောင်စု စိတ်ဓာတ် မရှိခြင်းဟာ အတော်ကို ဆိုးရွားလှတဲ့ လုပ်ရပ်တွေလို့ ဆိုချင်ပါတယ်ဗျာ…။

စိတ်ဓာတ်ကျနေသော KIA ရဲဘော် တစ်ဦး

စွန်ရဲ


Myanmar Express

ဘာလဲဟဲ့ ABSDF


ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့က ABSDF ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး တည်ထောင်ခြင်း (၂၃) နှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ၂၃ နှစ်အတွင်းမှာ ရဲဘော်တွေ ဘာတွေလုပ်ခဲလဲ?? အခု အဲဒီ ကျောင်းသား တွေ ဘာတွေလုပ်နေလဲ?? ဆိုတာကိုတော့ ခုချိန်ထိ အဖြေရခက်နေတဲ့ မေးခွန်းဖြစ်နေပါတယ်။


ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် အမြင်မှန်ရပြီး ၂၀၀၈ အခြေခံဥပဒေကို အရ ရွေးကောက်ပွဲကို ဝင်ဖို့ဆုံးဖြတ်ပေမယ့်လည်း ABSDF ကတော့ ၂၀၀၈ ဖွဲ့စည်းပုံနှင့် ၂၀၁၀ ရွေးကောက်ပွဲရလာဒ်တို့ကို ဖျက်သိမ်းနိုင်ရေးအတွက် ဆက်လက်ကြိုးပန်းမည်ဟု NLD နဲ့ ဆန့်ကျင်တဲ့ ကြေညာချက်တစ်ခုကိုမြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်သားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် ဗဟိုကော်မတီ က နိုဝင်ဘာ (၁) ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ABSDF ဖွဲ့စည်းခဲ့တာ ၂၃-နှစ်ကြာပြီးတဲ့အခါမှာ တောခိုကျောင်းသားတွေ ဘယ်ဆီရောက်ပီး ဘာတွေဆက်လုပ်နေကြသလဲဆိုတာ ဘယ်သူမှ မသိရပါဘူး။ သူတို့ကိုယ်တိုင်ကလည်း ဘယ်သူ့ကိုမှ အသိမခံပါဘူး။ ဟန်ပြ တော်လှန်ရေး လုပ်သူများက လုပ်နေကြပေမယ့် ၊ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံရပ် ခြားမှာ အဆင့်မြင့်ပညာတွေသင်ယူနေကြ သူတွေ မရှိ၊ တိုင်းပြည်စီးပွါးတိုးတက်ရေးအတွက် ကူညီနိုင်အောင် စီးပွါးရေးလုပ်ငန်းပိုင်ရှင်တွေဖြစ်ဖို့ကျိုးစားနေသူတွေ မရှိပါဘူး။ လက်ရှိနေထိုင်ရာ သူများတိုင်းပြည်အတွက် ကျွန်ခံ အလုပ်လုပ်ပေးနေသူတွေတော့ အများကြီး ဖြစ်ရှိနေကြောင်း သိရပါတယ်။

ရေးပေါ် အစည်းအဝေးတစ်ခု ကျင်းပစဉ် (ပိုက်ဆံခွဲရန်)

မေးတာလွယ်သလောက် ဖြေရခက်တဲ့ မေးခွန်းတခုကတော့ "တတိယ-နိုင်ငံရောက် တောခိုကျောင်းသားတွေ အခု ဘာတွေလုပ်နေကြသလဲ" ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ အသေချာသုတေသနလုပ်ပီး ထုတ်ပြန်ထားတဲ့စာရင်းဇယားဆိုလို့ တစ်ခုမှ မရှိပါဘူး။ တတိယနိုင်ငံရောက် ဒုက္ခသည် ၅-သောင်းကျော်ထဲမှာ ၈၈-က တောခိုခဲ့တဲ့ကျောင်း သား ၃-ထောင် ကျော် ရှိပါတယ်။ တကယ်တော့ ABSDF ဆိုတာ ဒုက္ခသည်တွေ အများဆုံး မွေးထုတ်ပေးရာ နေရာဖြစ်ပါတယ်။ ဒီနေ့ ဒုက္ခသည်ဘဝကနေ တတိယနိုင်ငံရောက်ကြီး အထောက်အပံ့တွေ တောင်းစား ချမ်းသာ နေသူအများစုက ABSDF က ဖြစ်ပါတယ်။

ကျောင်းသားတပ်မတော်တွင်းမှာ အမြဲတမ်း ပါးရိုတ်ဆုံးမတတ်တယ် ဆိုတဲ့ ဥက္ကဌ မိုးသီးဇွန်း ပြည်ပမှာ ကောင်းစားနေ


ကျောင်းသား တပ်မတော်သားတွေ ဒီလိုတိုက်ပွဲဝင်ခဲ့ကြတာ

အဲဒီထဲက အဆင်ြ့မင့်ပညာ ဒေါက်တာ ဘွဲ့နဲ့ မဟာဘွဲရသူ အယောက် ၃၀-မရှိပါဘူး။ ကျောင်းသား ၃ ထောင်မှာ မဟာ ဘွဲ့ရသူ ၃၀ မရှိဘူးဆိုကတည်းက ကျောင်းသားတပ်မတော်က ကျောင်းသားတွေက ဘယ်လိုကျောင်းသားတွေလဲ ဆိုတာ သိနိုင်ပါတယ်။

ABSDF ထဲကို စဝင်တုန်းကတော့ မြန်မာအချင်းချင်း အနိမ်ခံရလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝင်ခဲ့ကြပါတယ်။ ABSDF ထဲ ရောက်ပြီးချိန်ကစပြီး ထိုင်းရဲက နှိမ်လိုက်၊ လူဟောင်းတွေ ရှေ့လူတွေက နှိမ်လိုက်၊ တတိယ နိုင်ငံရောက်တော့လည်း နော်ဝေရဲ၊ အော်စတြေးလျ ရဲတွေက မဖမ်းအောင် ဒူးထောက်တောင်းပန်မတတ် အနှိမ်ခံရပြန်ပါတယ်။


ကျွန်စိတ် ကျွန်စိတ်

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော် ၃-ကျိပ်ဦးဆောင်တဲ့ ဗမာ့လွတ်မြောက်ရေးတပ်မတော်မှအပ အဲဒီနောက်ပိုင်းတောခိုခဲ့တဲ့ဗမာ ပြည်ကွန်မြူနစ်ပါတီ။ ပြည်ချစ်လွတ်မြောက်ရေးတပ်ဦး။ ကျောင်းသားတပ်မတော်နဲ့ လူမျိုးစုတပ်ဖွဲ့ အ သီးသီးဟာ အခုချိန်ထိ အောင်ပွဲနဲ့အတူ အိမ်ပြန်နိုင်တာမျိုး တဖွဲ့မှ မရှိပါဘူး။ လူတွေကပဲ အရေအချည်းမရှိတာလား၊ ခေါင်းဆောင်တွေကပဲ ညံ့တာလား၊ လုပ်ဆောင်မှုတွေကပဲ မှားယွင်းနေတာလား ဆိုတာ အသေအချာ မပြောနိုင်ပါဘူး။ အဲဒီအချက်တွေ အားလုံးလည်း ဖြစ်နိုင်ပါတယ်။ သေချာတာကတော့ ပြီးခဲ့တဲ့ ဗိုလ်ချုပ်မှူကြီး သန်းရွှေ ဦးဆောင်တဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီဟာ သူ့ကိုဆန့်ကျင်သူအားလုံးထက် ပိုပြီး တော်နေတာပါပဲ။ အခုဆိုရင် ထိပ်တိုက် ဒိုင်ခံ ပြီး ရှေ့ဆုံးက ဆန့်ကျင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတောင် လည်ပင်းကို သံကြိုးချိတ်ပြိး ဆွဲခေါ်သွားလို့ အမှီးတနှံနှံနဲ့ ပါသွားပြီ ဖြစ်ပါတယ်။

ထိုင်နိုင်ငံဝန်ကြီးချုပ်အသစ်နဲ့ မြန်မာနိုင်ငံ ဆက်ဆံရေး ကလည်း သိပ်ကောင်းနေတော့ နယ်စပ်က အဖွဲ့တွေလည်း တစ်ဖွဲ့မှ အခြေအနေမကောင်းတော့။ ဒိုနာတွေ (အလှူရှင်) ကလည်း နယ်စပ်က အဖွဲ့တွေ အားလုံးကလည်း နယ်စပ်ကအဖွဲ့တွေကို မပေးတော့ဘူးလို့ သိရပါတယ်။

တတိရနိုင်ငံရောက် ABSDF အဖွဲ့ဝင် တွေကတော့ နိုင်ငံအတွက်၊ လူမျိုးအတွက်တွေ ဘာမှ သတိမရတော့ပါဘူး။ ဒုက္ခသည်စခန်းကလူတွေ။ မြန်မာနိုင်ငံထဲကလူတွေက နိုင်ငံခြားထွက်ချင်လို့ အသဲအသန် ကျိုးစား နေကြချိန်မှာ တတိယ-နိုင်ငံရောက်ပီးမှ အားလုံးကိုစွန့်ပီး မြန်မာပြည်ပြန်မယ်ဆိုတဲ့လူတွေက လူမိုက်တွေသာ ဖြစ်ကြကြောင်း၊ နိုင်ငံအတွက်တွေ၊ တိုင်းပြည်အတွက်တွေ မေ့ထားပြီး အခွင့်အရေးရတုန်းမှာ ကောင်းကောင်း ယူကြဖို့ ဆန္ဒရှိနေကြပါတယ်။

မအေးအေးခိုင် (http://mabaydar88.blogspot.com/) ၊ နောက်ယောက်ျား ဦးစိန်ဝင်း တပ်ရင်း(၂၁၆) နှင့် ရုရှားပြန် မေကိုလတ်


အဆိုးဆုံးကတော့ ABSDF ဆိုရင် နာမည်ကောင်း တစ်ခုမှ မရှိပဲ နာမည်ပျက်တွေ များနေသလို၊ ဘယ်သူမှလည်း အထင်မကြီးကြပါဘူး။ အထင်မကြီးချင်လည်း မကြီးချင်စရာပါပဲ တော်တော်များများ က အချင်းချင်းကိုက်ဖို့လောက်စဉ်းစားနေကြသူတွေပါ။ ဘာမှလည်းလက်တွေ့လုပ်ဖို့မစဉ်းစားတတ်ကြသလို၊ ဘာမှလည်း အရည်ချင်းရှိရှိ မလုပ်တတ်ကြပြန်ပါဘူး။

အထူးသဖြင့် တတိယနိုင်ငံတွေမှာ ရောက်ပြီးအလုပ်မရှိအလုပ်ရှာ၊ အရက်သောက်၊ မုန့်ရှု၊ သူများမယားကြာခို၊ လင်ရှိမယားတွေက ဖောက်ပြန်၊ အားမရရင် ကိုယ့်အထုတ်ကိုကိုယ် အင်တာနက်ကနေဖြေကြ။ ABSDF ရဲဘော်ဟောင်းတွေအချင်းချင်းတည့်တာရှားတယ်။ အားလုံးဆရာကြီးပဲ။ ဗိုလ်တွေကြီးပဲ။ ပညာလည်းဟုတ်တိပတ်တိမသင်၊ အလုပ်လည်းကောင်းကောင်းမလုပ်၊ ကြာလာတော့ လူထုတစ်ရပ်လုံးက ABSDF ရဲဘော်တွေဆိုရင် ရွံ့ရှာစရာ၊ စက်စုတ်စရာ လို့ သိလာကြပါတယ်။ သိသာသိစေ မမြင်စေနဲ့ စကား ရှိပေမယ့် ABSDF အဖွဲ့ဝင်အားလုံး မဆင်ချင်ကြပါဘူး။ ဒါပေမယ့် အားလုံးကတော့ ကိုယ့်ကိုကိုယ်ဟုတ်လားပြီထင်နေကြပါတယ်။



အသက် ၄၀ ကျော်ပေမယ့် တရားမရှာပဲ မိုးသွေးငယ်နဲ့ နောက်မီးလင်းသူ ABSDF တစ်ဦး
(http://nge-naing.blogspot.com/)

ဒီလိုနဲ့ပဲ သမိုင်းတွေက မကောင်း၊ အနာဂတ်တွေက အစွန်းရောက်ဖြစ်ကုန်ပါတယ်။ အသက်တွေကလည်း အားလုံး ၅၀ နီးပါးကပ်နေပြီ။ နောက် ၁၀ နှစ်ဆိုရင် ပင်စင်ရကြတော့မှာ ပါ။ တတိယ အရွယ်ရောက်နေကြပေမယ့် ဘယ်သူမှ တရားမပေါက်ကြပါဘူး။ သူတို့သားသမိးတွေနဲ့ ဘေးနားက လူငယ်တွေက အတုခိုးမှ အနာဂတ်ပါ ဒုက္ခရောက်ကြရပါအုံးမယ်။

နိဂုံးချုပ်ရရင်တော့ ဒီနေ့ နာမည်ပျက်တွေနဲ့ ABSDF ကို ဘယ်မျိုးဆက်သစ်မှ အတုမယူကြပါနဲ့။ ABSDF ထဲကနေ တတိယ နိုင်ငံရောက် လူ သုံးထောင်ကျော်ထဲမှာ ထွန်းပေါက်သွားတဲ့လူ တစ်ယောက်မှ မရှိပါဘူး။ လူမွှေးလူတောင် မပြောင်တဲ့ လူတွေကတော့ အကုန်ပါပဲ။ တတိယနိုင်ငံကို နေထိုင်ဖို့ အခွင့်အရေး အရဆုံးက ABSDF ဖြစ်ခဲ့ပေမယ့် ABSDF ဟာ အရင်တုန်းကလည်း လူထုကောင်းအောင် ဘာမှ မလုပ်ခဲ့ပါဘူး။ အခုလည်း ဘာမှ လုပ်မနေကြပါဘူး။ နောက်နောင်လည်း သူတို့ဘဝ နဲ့ မိသားစုအတွက် လုပ်ရင်း သေကြမယ့်လူတွေချည်းပါ။ ရဲဘော်သုံးကျိတ် ပြည်ပကနေ အပြည်မှာ လူထုတစ်ရပ်လုံးက ပန်းကုံးစွပ် ကြိုဆိုခဲ့ကြပေမယ့် ကျောင်းသားတပ်မတော်သားတွေ ပြည်ပကနေ ပြန်လာရင်တော့ ပန်းခွေစွပ်ချင်တဲ့ ပြည်သူတွေ အများကြီးက စောင့်နေလျှက် ရှိကြောင်းပါ။





Myanmar Express

လူအင်အား ချိနဲ့ပြီး ရိက္ခာပျက်လပ်နေတဲ့ KIA မှ တပ်သားသစ်နဲ့ ရိက္ခာ အတင်းအဓ္ဓမ စုဆောင်းမှုကြောင့် ဒေသခံများ ဒုက္ခရောက်နေ


ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၇)ရက်နေ့က မြစ်ကြီးနား၊ ဆွမ်ပရာဘွန်လမ်းပေါ်မှာရှိတဲ့ က၀ပန်းရွာအနီးမှာ ဆွမ်ပရာဘွန်နဲ့ တီယန်ဇွတ်ဘက်ကနေလာတဲ့ ဆိုင်ကယ်ကယ်ရီသမား(၃၇)ယောက်ကို ကေအိုင်အေတပ်ဖွဲ့က လမ်းကြောင်းပေါ်မှာ စောင့်ပိတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
မြစ်ကြီး နားမြို့ကျေးလက်တော ရွာများ၌ တပ်သားသစ် စုဆောင်းမှုကြောင့်မြို့ပေါ် သို့ထွက်ပြေး တိမ်းရှောင်နေရသည့်ဒေသခံ သျှမ်းရွာ သားရာနှင့်ချီ ရှိကြောင်း မြစ်ကြီးနား သျှမ်းမိသား စုသတင်းရပ်ကွက် မှ သိရပါတယ်။။



KIA တွင်းသို့ မဝင်လိုတာကြောင့် ကချင်ဒေသခံတွေက ဘုန်းကြီးကျောင်းတွေမှာ ထွက်ပြေးတိန်းရှောင်နေရတယ်လို့ သိရပါတယ်။ KIA ဟာ အကျအဆုံး အရမ်းများနေပြီး အင်အားချိနဲ့နေတာကြောင့် လူအင်အားတွေ အတင်းအဓမ စုဆောင်းနေတာဖြစ်ပါတယ်။ အဲလိုတနေရာထဲမှာ လူတရာကျော် စုပြီးနေကြတော့ နေထိုင်စားသောက်ဖို့အတွက် အခက်အခဲတွေ ရှိပေမယ့်လည်း မပြန်ရဲကြဘူးလို့ သိရပါတယ်။ ဆိုင်ကယ်သမားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာကလည်း စစ်ဆေးမေးမြန်ဖို့ဒါမှမဟုတ်ကေအိုင်အေ တပ်ဖွဲ့အ တွက်လူသစ်စုဆောင်းတာလို့ သိရပါတယ်။ အရပ်သားတွေကို အတင်းအဓမ KIA ထဲသို့ဝင်ခိုင်းပြီး မိုင်းထောင်ခိုင်းတာ၊ လက်နက်ခဲယမ်းတွေကို သယ်ခိုင်းတာနဲ့ ရှေ့ဆုံးကနေ ပွိုင့်ထွက်ခိုင်းတာမျိုးတွေ လုပ်ခိုင်းကြပြီး တိုက်ပွဲကြောင့် အရပ်သားတွေ သေရင် မြန်မာစစ်တပ်က သတ်ပါတယ်လို့ သတင်းဖြန့်တာတွေ လုပ်နေကြောင်းလည်း သိရပါတယ်။



အခုလိုဆိုင်ကယ်ကယ်ရီသမားတွေကို ဖမ်းဆီးသွားတဲ့အတွက် ဒေသခံအတွက် သွားရေးလားရေး အခက် အခဲဖြစ်နေပါတယ်။ ဒီဒေသပတ်ဝန်းကျင်မှာရှိတဲ့ ရွာကဒေသခံတွေက ဆိုင်ကယ်လမ်းကိုအဓိကအားပြုပြီး ကုန်စည် ရောင်းဝယ်ရေး၊ သယ်ယူရေးတွေလုပ်နေရတာဖြစ်လို့ ကေအိုင်အေအဖွဲ့ကဆိုင်ကယ်သမားတွေကို ဖမ်းဆီးခေါ် ဆောင်တာတွေလုပ်နေတဲ့အတွက် ဒေသခံတွေအတော်လေးစိုးရိမ်ပူပမ်းနေကြတယ်လို့သိရပါတယ်။

ဒီရက်တိုက်ပွဲတိုင်းမှာ ဆက်တိုက်ရှုံးနေတာကြောင့် လူအင်အား အလွန်ချိနဲ့နေကြောင်းသိရပါတယ်။ လူအင်အားသာမကျပဲ ရိက္ခလည်း ပျက်လပ်နေကြောင်းလည်း သိရပါတယ်။
လိုင်ဇာဌာနချုပ်မှ ရိက္ခာ၊ ဆေးဝါးနှင့် လက်နက်ခဲယမ်းများ ထောက်ပံ့ပေးနိုင်ခြင်းမရှိပဲ အစိုးရတပ်များကို ခုခံခိုင်းထားပါတယ်။ စခန်းကို အသေခံမကာကွယ်ပဲ စွန့်ခွာသွားပါက ကချင်အမျိုးသား သစ္စာဖောက်လို့ သတ်မှတ်ပြီး သတ်ပစ်မယ်လို့ စစ်ရုံးချုပ်ကနေ အမိန့်ထုတ်ထားပါတယ်။

ဒါကြောင့် အောက်ခြေတပ်ရင်းတွေအနေနဲ့ ယခင်က မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချပြီး စီးပွားရှာလို့ အဆင်ပြေနေပေမယ့် ခုလိုစစ်ပွဲကာလအတွင်း ရိက္ခာပြတ်လပ်မှုကို ကြုံတွေ့နေရပါတယ်။ ရိက္ခာရရှိရေး အတွက် ပြည်သူတွေ နေထိုင်တဲ့ ရပ်ကွက်တွေထဲအထိ ၀င်ရောက်ပြီး အတွင်းသိမ်းယူတာတွေကို လုပ်ဆောင်လာကြပါတယ်။
နိုဝင်ဘာလ ၂၄ ရက်နေ့ မနက် ၅နာရီခန့်တွင် KIA မှ အင်အား ၂၀ ခန့်ဟာ ဆဒုံးမြို့နယ်ခွဲ၊ ရပ်ကွက် ၁ အတွင်း ၀င်ရောက်လာပြီး၊ ဦးအီဂျောင်ဂမ် အိမ်သို့ဝင်ရောက်ကာ အစိုးရ စစ်ကြောင်းများ လာရောက်ခြင်း ရှိ/မရှိကို ရိုက်နှက် မေးမြန်းပြီး ဆန် ၅ ပြည်ကို အတင်းအဓ္ဓမ တောင်းယူကာ ဆနကျေးရွာဘက်ကို ထွက်ခွာသွားတယ်လို့ ရပ်ကွက် ၁ နေ မျက်မြင်တစ်ဦးက ပြောကြားပါတယ်။

“ ကျွန်တော်တို့လည်း ဆက်ပြီး မနေရဲတော့ဘူး။ ခုလို ရပ်ကွက်ထဲအထိ ၀င်လာပြီး လက်နက်အားကိုးနဲ့ လူယက်သွားတဲ့ပုံလုပ်သွားတော့ မနေရဲတော့ဘူး။ နောက်ဆို ဆန်တင်မကပဲ လူသစ်စုတာတွေကိုပါ လုပ်တော့မယ်။ ဒါကြောင့် ကျွန်တော့် အမရှိတဲ့ မြို့ထဲကို ပြောင်းနေတော့မယ်လို့ ” ရပ်ကွက် ၁ မှ ကိုအင်ဂွန်နောင်မှ ပြောကြားခဲ့ပါတယ်။


008-_KIA

KIA တပ်သားများ


ပြီးခဲ့တဲ့ နိုဝင်ဘာ လ ၂၂ ရက် နေ့ကလည်း ကေအိုင်အေရဲ့ စခန်းတစ်ခုဖြစ်တဲ့ ပိန်းခွန်ယန်စခန်းကို နေ့မှာ အစိုးရတပ်ရင်းတစ်ရင်းမှ သိမ်းယူနိုင်ခဲ့ပါတယ်။ စခန်းထဲမှာ မီးစက်တစ်လုံး ဆိုင်ကယ်တစ်စီး ဟာလာစက်တစ်လုံး စာရွက်စာတမ်း ဓာတ်ပုံများ ကျန်ခဲ့ပြီး အစိုးရတပ်မှ သိမ်းယူသွားကြောင်း ဒေသခံတစ်ဦးက ဆိုပါတယ်။ တပ်မ(၈၈)ရောက်လာတဲ့နောက်ပိုင်းမှာ တိုက်ပွဲတွေပိုမိုပြင်းလာပြီး ကေအိုင်အေတပ်ဖွဲ့မှာ ထိခိုက်ကျဆုံးမှုတွေများနေတယ်လိုလည်း ဒေသခံမှပြော ဆိုသွားပါတယ်။

တိုက်ပွဲတွေကရှုံး၊ လူအင်အားကလည်းမရှိ၊ ရိက္ခာတွေလည်းပျက်လပ်နေတာကြောင့် ဓာတုမိုးလိုလို၊ ဓာတုလက်နက်လိုလို ကောလဟာလတွေလွှင့်ပြီး တိုက်ပွဲရှုံးရခြင်းကို အကြောင်းပြချက်မျိုးစုံ ပေးဖို့ ကြိုးစားနေကြောင်း သိရပါတယ်။





Myanmar Express

သတင်းလိမ်မှုများကြောင့် ဘီဘီစီ ကို မလေးရှားနိုင်ငံ မှ မြန်မာ ၁၀၀ ကျော် ဆန္ဒပြ

မြန်မာနိုင်ငံအကြောင်း သတင်းမှားတွေ ထုတ်လွှင့်မှုကြောင့် ဘီဘီစီ သတင်းဌာနကို ဆန္ဒပြမှုတွေ ဒီရက်ပိုင်းမှာ ဆက်တိုက် ဖြစ်လာခဲ့ပါတယ်။ ဗြိတိန်နိုင်ငံ ဘီဘီစီ ဌာနရှေ့မှာလည်း ဒီလထဲမှာ ဆန္ဒပြပြီး ဖြစ်သလို မြန်မာနိုင်ငံ ဗြိတိလျှ သံရုံးရှေ့မှာလည်း ဆန္ဒပြဖို့ လူစု တာတွေ ရှိခဲ့ပါတယ်။ အခုလည်းပဲ မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသော မြန်မာတိုင်းရင်းသား ၁၀၀ ခန့်က ကွာလာလမ်ပူမြို့ရှိ ဗြိတိသျှ သံရုံး ရှေ့သို့ သွားရောက်ပြီး ဘီဘီစီ ကို ဆန္ဒပြခဲ့ကြပြန်ပါတယ်။

Arakanese in Malaysia protest in British Embassy

သတင်းလိမ်မှုကြောင့် BBC Facebook စာမျက်နှာမှာ တောင်းပန်ဖို့ မြန်မာလူထုက ပြောကြားခဲ့ကြပေမယ့် လွတ်လပ်တဲ့ သတင်းဌာန ဆိုတဲ့ ဘီဘီစီက Facebook မှာ သီးသန့် comment ပေးလို့မရအောင် ပိတ်ပစ်ခဲ့ပါတယ်။ ဒါကြောင့် မကျေနပ်တဲ့ မြန်မာတွေက တောင်းပန်ဖို့အတွက် အခုလို ဆန္ဒပြကြတာဖြစ်တယ်လို့ သိရပါတယ်။

Arakanese-in-Malaysia-protest-in-British-Embassy

ဘီဘီစီဟာ လွတ်လပ်ရေးမရခင်၊ ဗိုလ်ချုပ်အောင်ဆန်း ရှိစဉ်ကတည်းက မြန်မာလူထုအပေါ်မှာ သဘောထားမမှန်ခဲ့တဲ့ သတင်းဌာနဖြစ်ကြောင်း ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ Facebook ပေါ်မှာရော သံရုံးရှေ့တွေမှာရော ပြန်လည်တောင်းပန်ရေးအတွက် ဆန္ဒပြမှုတွေ ဖြစ်နေပေမယ့်လည်း ဘီဘီစီဖက်က လုံးဝ ပြန်လည်တောင်း ပန်မှုမရှိခဲပပါဘူး။ ဘီဘီစီမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာတွေကလည်း ဆန္ဒပြတောင်းဆိုသူ မြန်မာလူမျိုးအချင်းချင်း လေးစားသမှုနဲ့ ပြန်လည် တုန့်ပြန်ခြင်းမရှိပဲ မျက်နှာပြောင်တိုက်ပြီး ဥပက္ခာပြုနေတယ်လို့ သိရပါတယ်။


ဗြိတိလျှတွေဟာ မြန်မာနိုင်ငံကို နှစ် ၁၀၀ နီးပါး ကျွန်ပြုကာ မြန်မာနိုင်ငံက ရှိသမျှ သယံဇာတများကို ဘုရားဆင်းတုတော်တွေပါမကျန် အမြှောက်လုပ်ဖို့ ယူဆောင်သွားကြသူတွေ ဖြစ်ပါတယ်။ လက်ရှိ NLD ခေါင်းဆောင်ဆိုသူ ဒေါ်အောင်ဆန်းစုကြည်ယူထားတဲ့ ယောင်္ကျားကလည်း ဗြိတိသျှ နိုင်ငံသားဖြစ်ပါတယ်။




Myanmar Express

ဒေါ်အောင်ဆန်းစုကြည် အမြင်မှန်ရကာ ကိုယ်တိုင် ရွေးကောက်ပွဲဝင်မည်

(အေအက်ဖ်ပီ)
ဇာဇာစိုး ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၄၅ ( ၂၅ ၊၁၁ - ၁ ၊၁၂ ၊ ၂၀၁၁)


အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ကျင်းပခဲ့သော အာဆီယံထိပ်သီး ညီလာခံသို့ တက်ရောက်လာခဲ့သည့် အမေရိကန် သမ္မတ အိုးဘာမားအား အာဆီယံ နိုင်ငံများဖြစ်သည့် မြန်မာ၊ အင်ဒိုနှင့် ဘရူနိုင်းတို့မှ ခေါင်းဆောင်များနှင့် အတူတွေ့ရစဉ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် အား မြန်မာနိုင်ငံသို့ မကြာမီ ကာလအတွင်း စေလွှတ်မည်ဟု အိုဘားမားက ပြောကြားခဲ့သည်။ ဓာတ်ပုံ - အေအက်ဖ်ပီ

အင်န်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်တိုင် ၀င်ရောက်ရွေးချယ်ခံသွား မည်ဟု ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီ သတင်းဌာနကို ယခုလ ၂၁ ရက်နေ့က ပြောကြားသည်။

၎င်း၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအနေဖြင့် ပါတီကိုပြန်လည် မှတ်ပုံတင်ကာ နိုင်ငံရေးနယ်ပယ်တွင်းသို့ ၀င်ရောက်တော့မည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ယခုသတင်း ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

"ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားပါတယ်လို့ ဒေါ်စုက ပြောပါတယ်"ဟု ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

ယခုလ ၁၈ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည် မှတ်ပုံတင်ရန် အဖွဲ့ဝင်များဆန္ဒဖြင့် ဆုံးဖြတ်ခဲ့သည့် အစည်း အဝေးတွင် သူ့အနေဖြင့် ရွေးကောက်ပွဲဝင်ဖွယ်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က အရိပ်အမြွက် ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လွန်ခဲ့သည့်နှစ် ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့ပြီးနောက် နှစ် ၂၀ အတွင်း ပြန်လည်ရွေး ကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာ ၄၈ နေရာအတွက် ရွေးချယ်သွားရန်ရှိပြီး ကျင်းပမည့်ရက်ကိုမူ မသိရှိရသေးပေ။

အမေရိကန်သမ္မတ ဘာရက်အိုဘားမား ကလည်း မြန်မာနိုင်ငံတွင်း ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများအတွက် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်အား မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ၁ ရက်နှင့် ၂ ရက်နေ့များ တွင် စေလွှတ်မည်ဖြစ်ကြောင်း ကြေညာခဲ့ သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံး အကြိမ် တိုက်ရိုက်တယ်လီဖုန်း ပြောပြီးနောက် မစ္စစ်ကလင်တန်၏ခရီးစဉ်နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း သမ္မတ အိုဘားမားက ဘာလီတွင် နိုဝင်ဘာလ ၁၈ ရက်နေ့က ပြောကြားခဲ့သည်။

အာဆီယံထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံ ဘာလီသို့ သွားရောက်နေစဉ် ၎င်းလေယာဉ်ပေါ်မှ ဒေါ်အောင်ဆန်းစုကြည်ထံ ပထမဆုံးအကြိမ် တိုက်ရိုက် တယ်လီဖုန်း ဆက်သွယ်ပြောဆိုမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သမ္မတအိုဘားမားက မြန်မာအစိုးရက ဆောင်ရွက်ခဲ့သည့် 'တိုးတက်မှုအရိပ်အယောင်များ'ကို မှတ်ချက်ပေးခဲ့ပြီး ဒီထက် ပိုမို ဆောင်ရွက်ဖို့လိုကြောင်း ပြောကြားခဲ့သည်။

"နှစ်ပေါင်းများစွာ အမှောင်တိုက်ထဲမှာရှိနေ ပြီးနောက် အခုဆိုရင် တိုးတက်မှု အလင်းရောင်လေးတွေ တွေ့လာရပါပြီ" ဟု အိုဘားမားက ပြောသည်။

"လုပ်စရာတွေကတော့ အများကြီး ကျန်ရှိနေပါသေးတယ်။ မြန်မာနိုင်ငံရဲ့ မပွင့်လင်းသေးတဲ့ နိုင်ငံရေးစနစ်၊ တိုင်းရင်းသားလူနည်းစု တွေ ဆက်လက်ဖိနှိပ် ခံနေရသေးတာတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ ဆက်ရှိနေသေးတာနဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး တွေဟာ ကျွန်တော်တို့ ဆက်လက်ပူပန်စရာတွေဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီပြုပြင် ပြောင်းလဲမှု လမ်းကြောင်းပေါ်တွင် ဆက်လက် လျှောက်လှမ်းသွားမည်ဆိုပါက နှစ်နိုင်ငံကြား ဆက်ဆံရေးလည်း ပိုမိုတိုးတက်လာမည်ဖြစ်သည်ဟု အိုဘားမားက ပြောကြားသည်။

မြန်မာနိုင်ငံသို့ နောက်လအစောပိုင်းတွင် သွားရောက်မည့် မိမိ၏ခရီးစဉ်မှာ မြန်မာ အစိုးရက နိုင်ငံရေးနှင့်စီးပွားရေးဆိုင်ရာ ပြုပြင် ပြောင်းမှုများရှိမရှိ စုံစမ်းစစ်ဆေးရန်အတွက် ဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က နိုဝင်ဘာလ ၁၈ ရက်နေ့က ပြောကြားခဲ့သည်။

"ကျွန်မ မြန်မာနိုင်ငံကို သွားမယ့်ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာ စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ တကယ်ရှိမရှိနဲ့ တကယ့် ရည်ရွယ်ချက်အမှန်တွေက ဘာလဲဆိုတာ စစ်ဆေးဖို့အတွက်ဖြစ်ပါတယ်"ဟုကလင်တန် က စီအင်န်အင်န်ရုပ်မြင်သံကြားနှင့် အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့သည်။

"လမ်းစတစ်ခုရှိနေတယ်ဆိုတာ သေချာပုံပါ ပဲ"ဟု ဟီလာရီကလင်တန်က မစ္စတာအိုဘားမား နှင့်အတူ အရှေ့အာရှ ထိပ်သီး စည်းဝေးပွဲ မတိုင်မီ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် အမေရိကန် နက်ဝပ်ခ်က အင်တာဗျူးစဉ်အတွင်း ပြောကြားသည်။

"ကမ္ဘာပေါ်မှာလည်း စစ်အာဏာရှင်စနစ်ကနေ နောက်ဆုံး ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိလာကြတဲ့ တိုင်းပြည်တွေ ရှိကြပါ တယ်"ဟု ၎င်းက ပြောသည်။

ထို့ပြင် ဖောက်စ်နယူးစ်နှင့်အင်တာဗျူး ဖြေကြားစဉ်တွင်လည်း မြန်မာနိုင်ငံမှ တိကျသောခြေလှမ်းများကို သူမျှော်လင့်ထားကြောင်း ပြောသည်။

"နိုင်ငံရေးအကျဉ်းသားတွေ ဒီထက်လွှတ်ပေးဖို့ ကျွန်မတို့မြင်ချင်ပါတယ်။ အစစ်အမှန် နိုင်ငံရေးလုပ်ငန်းစဉ်နဲ့ အစစ်အမှန်ရွေးကောက် ပွဲတွေကိုပဲ ကျွန်မတို့ မြင်ချင်ပါတယ်။ ပြီးတော့ ပဋိပက္ခတွေ အဆုံးသတ်တာကိုမြင်ချင်ပါတယ်။ အထူးသဖြင့် တိုင်းရင်းသား လူနည်းစု တွေနဲ့ဖြစ် ပွားနေတဲ့ ဆိုးရွားလှတဲ့ တိုက်ပွဲတွေကိုပါပဲ"။ "အခွင့်အလမ်းတွေ ရှိနေတယ်လို့ ကျွန်မတို့ယူဆတယ်။ဒါကြောင့် ကျွန်မတို့ ဒါကို စမ်းသပ်ကြည့်ချင်နေတယ်"ဟု ၎င်းက ပြောသည်။

တစ်ချိန်တည်းမှာပင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို အားပေးရန်အတွက် ၎င်းအနေဖြင့် မြန်မာနိုင်ငံသို့ အမြန်ဆုံးသွားရောက်ရန်ရှိကြောင်း ပြောကြားခဲ့သည်။


http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြသည်



Myanmar Express

နိုင်ငံခြားမှ လူလိမ်တစ်ယောက်အကြောင်း ( ပေးစာ - ၅၆ )









Myanmar Express

မြန်မာဆိုတာ ဘယ်တုန်းကမှ ညံ့ခဲ့တာမဟုတ်ဘူး



အင်္ဂလိပ်ကို ပထမဆုံးစစ်ရှုံးရတာ ကုန်းဘောင်ခေတ်မှာဖြစ်ပါတယ်။ ဒီ့အတွက် မဟာဗန္ဓုလကပဲ ညံ့သလိုလို အပြစ်ပြောချင်ကြတယ်။ မဟာဗန္ဓုလရဲ့ တပ်သားတွေဟာ အရေးတော်ကြုံမှ ထောင်ပြုမြို့၊ ဆယ်ပြုမြို့ စတာတွေကနေ စုဆောင်းထားရတဲ့ တပ်သားတွေ။ နယ်ချဲ့တပ်ကတော့ ကြေးစားတပ်တွေ။

ဒီကတည်းက စကွာနေပါပြီ။ ပြီးတော့ လူအင်အားချင်းလဲ မယှဉ်သာ လက်နက်အင်အားကလည်း တခြားစီ။ ဒါတောင်မှ `မြန်မာတပ်တွေဟာ ပန်းဝါစစ်မျက်နှာမှာ ဘင်္ဂလားခြေလျှင်တပ်ရင်းကြီးတစ်ခုလုံး ပြုတ်ပြုတ်ပြန်းအောင်နှိမ်နင်းနိုင်ပြီးတဲ့နောက် ဆက်သာ စစ်ချီမယ်ဆိုရင် စစ်တကောင်းနဲ့ ဘင်္ဂလားနယ်အထ် အလွယ်တကူ သိမ်းနိုင်လိမ့်မယ်´

လို့ အဲဒီတုန်းက နယ်ချဲ့ဘက်က တိုက်ခိုက်ခဲ့သူ လက်ဖ်တင်နင် De Rhe Phillipe က ရေးခဲ့တယ်။

ပထမအင်္ဂလိပ်မြန်မာစစ်ပွဲမှာ အင်္ဂလိပ်ဘက်က ခေါင်းဆောင်က General Morrison ဒုဦးစီးက Brig: Gen: Mc Bean သူတို့အောက်က တပ်မဟာမှုးတွေက Brig: Gen: W. Richards, Brig: Gen: C. Grants. C. B., Brig: Gen:Fair

သူတို့နဲ့အတူ ပါလာတဲ့ တပ်တွေက ...
26th Native Infantry
54th Regiment
10th Madras Native Infrantry
44th Regiment
26th Bengal Native Infrantry
42nd Bengal Native Infrantry
49th Bengal Native Infrantry
62nd Bengal Native Infrantry
16th Bengal Native Infrantry
Bengal Artillery 8-9 pounders, 4-12 pounders
4-5 howitzers
Madras Artillery 4-9 pounders
Six Companies of Pioneers
Levy of Mugh Pioneers

Myanmar Express


1st light Lnfantry Battalion
2nd Regiment Local Horse

ဒါ့အပြင် ရေတပ်တွေပါသေးတယ်။ မဟာဗန္ဓုလက ကြည်းတပ်တစ်ခုတည်းအားကိုးနေရချိန်မှာ အဘက်ဘက်အသွယ်သွယ်က စစ်ဆင်လာတဲ့ ကြေးစားတပ်တွေရဲ့ အင်အားကို သူဘယ်လို ရင်ဆိုင်နိုင်မလဲ?

မဟာဗန္ဓုလရဲ့တပ်က အာသံကနေရန်သူတွေကို မောင်းထုတ်ဖို့သွားတယ်။ သူတာဝန်ကျေပွန်ခဲ့တာပဲ။ အင်္ဂလိပ်က စစ်ကြောင်းကြီးသုံးကြောင်းအပြင် ရေတပ်ပါညှပ်ပြီး စစ်ဆင်လာတော့ အင်းဝကို ကာကွယ်ဖို့ရခိုင်ရိုးမဖြတ်ပြီး ပြန်လာရပြန်တယ်။ အဲဒီတုန်းက အင်္ဂလိပ်ဘက်က Colonel Bowen ရဲ့အစီရင်ခံစာကို ကောက်နုတ်တင်ပြပါ့မယ်။

They Fought with a bravery and obstinancy I never witnessed in any troops. They fought desperately, reserving their fire to the last moment and seldom missing their object. Little is known of the march of Mahabandula's forces a cross the mountains of Arakan to the Irrawaddy;

a distance, by the Shortest rouths, of upwards of two hundred miles, at a season of the year when none but Burmans could have kept the field for a week , much less have attempted to pass the insalubrious jungles and pestilential marshes of Arakan, which rivers, arms of the sea and mountain torrents opposing their progress at every step.

မြန်မာ့သတ္တိနဲ့ ဇွဲကို နိုင်ငံခြားသားတစ်ယောက်ရဲ့ စာမှာတောင် မြင်နိုင်ပါတယ်။

အစားထိုးစရာ လူမရှိလို့မို့ ရခိုင်ရိုးမကြီးကိုဖြတ်ပြီး စစ်ပြန်ဆုတ်လာရတာ မဟာဗန္ဓုလ မှားသလား? သူ့ရဲ့ အပင်ပန်းအဆင်းရဲခံခဲ့မှုကို မငဲ့တောင် သူ့သမိုင်းကိုတော့ မဖျက်သင့်ပါ။ ရန်သူက အ၀ိုင်းခံနေရလို့ လက်နက်ချဖို့ ရာဇသံအပေးခံနေရချိန် (နောက်ဆုံးအချိန်) မှာ မင်းကြီး မဟာဗန္ဓုလဟာ ဟော့ဒီလို စာပြန်ခဲ့တယ်။

`ကျွန်ုပ်တို့ နှစ်ဦးလုံးဟာ ကိုယ့်နိုင်ငံအတွက် ကိုယ်တိုက်ခိုက်နေခြင်းဖြစ်သည်။ အသင့်ဂုဏ်သိက္ခာကို အသင်ထိန်းသိမ်းသလို ကျွန်ုပ်ဂုဏ်သိက္ခာကိုလည်း ကျွန်ုပ်ထိန်းသိမ်းရပေမည်။ မိတ်ဆွေတစ်ဦေးအနေနှင့် ဓနုဖြူမြို့ကို လာကြည့်လိုပါလျှင် ကျွန်ုပ်ကိုယ်တိုင်လိုက်ပြပါမည်။ ရန်သူအနေနှင်လာလိုက တက်ခဲ့ပါ´ လို့ စာပြန်ခဲ့သူကိုမှ ရန်လိုတယ်လို့ စွပ်စွဲချင်နေတာဟာ အမျိုးကို စော်ကားတာပါပဲ။

တစ်ချိန်က ရွှေထီးဆောင်းခဲ့တာကို ပြန်တမ်းတတာ မဟုတ်ပါ။ မြန်မာတွေ ညံ့တယ်လို့ စွပ်စွဲချင်ရင် ဘုရင့်နောင်ခေတ်ကို မသိချင်ယောင်ဆောင်ပြီး ကျော်မသွားပါနဲ့လို့ ပြောချင်တယ်။

`ဒီကမ္ဘာမြေပြင်မှာ ပဲခူး(ဟံသာဝတီ) ဘုရင်လောက် တန်ခိုးအင်အား ကြီးမားသူ မရှိ´ လို့ရေးခဲ့တာ မြန်မာ့သမိုင်းမှာ တမင်ကြွားရေးထားတာ မဟုတ်။

Samuel Purchas ရဲ့ Hakluytus or Punrhas His Pilgrimes ဆိုတဲ့ စာအုပ်က စကားဖြစ်တယ်။

နောက်ထပ် ပြစရာ အထောက်အထားတွေ၊ ကျနော်တို့ရဲ့ တောက်ပြောင်ခဲ့တဲ့အတိတ်သမိုင်းတွေ တောင်ပုံရာပုံရှိပါသေးတယ်။ လတ်တလောဆိုတော့ ခပ်သွက်သွက်ပဲ ပြပါ့မယ်။ ဟော့ဒါက ကနောင်မင်းသားကြီးအကြောင်းရေးထားတာပါ။

`မင်းသားသည် ရည်မှန်းချက်ကြီးတစ်ခုကို မဖြစ်မနေ ဆောင်ရွက်ရန စိတ်ဓာတ်ခိုင်မာလှသူ ဖြစ်လေသည်။ ထိုရည်မှန်းချက်မှာ ဥရောပမှာ ခေတ်ပညာများ တတ်မြောက်၍ မြန်မာနိုင်ငံခေတ်မီလာစေရေးပင်တည်း။ .... မိမိတို့ လူမျိုး အဆင့်အတန်းတက်ရန် ပညာလိုသည်ကို သူ ထိုးထွင်း၍ သိလေသည်။ .... သူကဲ့သို့ ယောက်ျားကောင်းသည် ရှာမရှားလောက်ပေသည်´

တဲ့။ အဲဒီလို ရေးသူကတော့ Paul Amrose Bigandet ပါ။ An Outline of the History of the Catholic Burmese Mission from the year 1720 to 1887 စာအုပ်မှာ ရေးခဲ့တာဖြစ်ပါတယ်။

ကုန်းဘောင်ခေတ်မှာပဲပေါ်ပေါက်ခဲ့တဲ့ မက္ခရာမင်းသားကြီးကိုလည်း ကာနယ်ဗာနေးက `မင်းသားကြီးကဲ့သို့ ပညာဗဟုသုတပြည့်စုံ၍ ဥာဏ်ထက်မြက်သောပုဂ္ဂိုလ်မျိုးကို မတွေ့ဘူးပါ။ ဤမင်းသားကြီးကဲ့သို့ ပညာဗဟုသုတအရာတွင် ငတ်မပြေ သိကျွမ်းလိုသော သူမျိုးကို မတွေ့ဘူးပါ´ လို့ ရေးခဲ့တယ်။

ပြီးတော့ ထိုင်းကို သိပ်အထင်ကြီးပြီး မြန်မာကိုပုတ်ခတ်တာလဲတွေရပြန်တယ်။ ထိုင်းရဲ့ အင်မတန်ထင်ရှားတဲ့ သမိုင်းဝင်ဘုရင် ဖရနရေစူဝမ်ဟာ ဘယ်နိုင်ငံမှာ စစ်ပညာသင်ခဲ့တာလဲ? အသေအချာ ဆန်းစစ်ကြည့်ပါ။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ်လုပ်ခဲ့တဲ့ ဦးသန့် တော်ကြောင်းသိကြသလို တခြား ပြစရာ မြန်မာအများကြီးရှိသေးတာကိုလည်း သတိပြုသင့်ပါတယ်။ လက်လှမ်းမီရာ အမြန်ပြောရရင် ဦးတင်ထွဋ်ဟာ အောင်ဆန်း-အက်တလီစာချုပ်ချုပ်ရာမှာ အတော်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါခဲ့တာပါ။ နောက်ထပ်မြန်မာပညာရှင်တွေ အများကြီးရှိပါသေးတယ်။

စာမှာတင်မဟုတ်ပါဘူး။ ဦးဘဥာဏ်တို့ ဦးဇော်ဝိတ်တို့လို အနုပညာ၊ အားကစားဘက်တွေမှာလဲ မြန်မာ့အစွမ်းပြခဲ့သူတွေအများကြီးရှိပါတယ်။ အခုခေတ်စားနေတဲ့ ဘောလုံးမှာဆိုလဲ တစ်ချိန်က မြန်မာဟာ အာရှအဆင့်ရှိခဲ့မှန်းလူတိုင်းသိပါတယ်။

ကျနော်က မြန်မာတွေ တော်လှချည့်လို့ မျက်စိမှိတ်ဇွတ်ငြင်းနေတာ မဟုတ်ပါ။ ဒါပေမဲ့ မြန်မာကို ညံ့တယ်လို့ ဘယ်လို ဆင်ခြေမျိုးနဲ့ ပြောချင်ပါသလဲ? တော်တယ် ညံ့တယ်ဆိုတာကို ဘယ်လို စံနှုန်းမျိုးနဲ့ သတ်မှတ်မလဲ?

ပြောနေရတာကတော့ ထိုင်းလောက်ကို သိပ်ကိုးကွယ်ချင်နေတာတွေ တွေ့နေရလို့ပါ။

Howard Malcom ရဲ့ Travels in South Eastern Asia စာအုပ်မှာ မြန်မာဆိုတာ လုပ်စရာကိစ္စပေါ်လာရင် ဖင်မလေးတတ်ကြောင်း၊ လူစုလူဝေးနဲ့ လုပ်ကိုင်ရရင်လည်း ညီညီညွတ်ညွတ်နဲ့လုပ်ကြ သည်းခံကြ တစ်ဦးကိုတစ်ဦး ပံ့ပိုးကြကြောင်း အ၀မြို့ကို လှေနဲ့ ဆန်တက်ရတဲ့ခရီးမှာ သူကြုံခဲ့ရပုံကို ရေးပြခဲ့တယ်။

ဟော့ဒါက Albert Fytche ရဲ့ Burma Past and Present ဆိုတဲ့ စာအုပ်က ကောက်နုတ်တင်ပြချက်။ `မြန်မာလူမျိုးဟာ အနေအစားရိုးရှင်းသည်။ လောဘစိတ်နည်းသည်။ သူတို့သည် ကမ္ဘာမြေပြင်ကို အလုပ်ရုံအဖြစ် ပြောင်းလဲလိုစိတ်မထား´ တဲ့။

ကျနော်တို့မြေပေါ်မှာ ကျနော်တို့ လွတ်လပ်အေးချမ်းစွာနေထိုင်ခဲ့ကြတယ်။ ဒါကို ညံ့တယ်လို့ ဆိုချင်သလား? ပေတံဆိုတာက သူ့ပေတံကိုယ့်ပေတံအမျိုးမျိုးရှိပါလိမ့်မယ်။ အရာရာကို ထိုင်းအထင်ကြီးတဲ့ မျက်မှန်ကြီးတပ်ပြီး စွပ်မရမ်းချင်ပါနဲ့။

အခုလို အချိန်မှာ ကျနော်တို့ဟာ ရောင်ခြည်ကလေးပျို့လာတာကို မြင်ရကာစဖြစ်ပါတယ်။ အတိမ်းအစောင်းမခံတဲ့အခြေအနေပါ။ ဒီအချိန်မှာ သေချာတာကတော့ လူငယ်တွေရဲ့ စိတ်ကို အားတက်အောင် လုပ်ပေးရမှာဖြစ်ပါတယ်။

သမိုင်းမှာလဲ တို့တော်ခဲ့တယ်။ ခုခေတ်မှာပိုတော်အောင်ကြိုးစားကြမယ်လို့ တိုက်တွန်းတာ ကောင်းသလား?
ငါတို့က ဘယ်တုန်းကမှ မတော်ခဲ့ပါဘူးလို့ ပုတ်ခတ်ချင်နေတာ ကောင်းသလား?

နားလည်လွယ်အောင် ထပ်ပြောပါ့မယ်။

လူငယ်တစ်ယောက်ကို ...
သားရေ၊ မင်းက တော်ပါတယ်ကွာ၊ ကြိုးစားလိုက်စမ်းပါလို့ပြောတာ ကောင်းသလား?
ဟေ့ကောင် မင်းညံ့တယ်ကွ၊ ဒါပေမဲ့ တော်အောင်ကြိုးစားစမ်းလို့ပြောတာ ကောင်းသလား?

တကယ်တော့ သမိုင်းကြောင်းကြီးတစ်ခုလုံးကို ဒီလိုကောက်ချက်လွယ်လွယ်ပေးဖို့ဆိုတာ စာတစ်အုပ်နှစ်အုပ်ထဲနဲ့ဖြစ်နိုင်မယ့် ကိစ္စမဟုတ်ပါ။ လုပ်လည်း မလုပ်သင့်ပါ။

ကျနော်လည်း မပြောအပ်သလို။ အခု မြန်မာကို ပုတ်ခတ်ချင်နေတဲ့ ယိုးဒယားအလံရှုးတွေလည်း မလုပ်အပ်ဘူး။
သမိုင်းကြီးတစ်ခုလုံးနဲ့ ချီပြောရရင် ဘယ်နိုင်ငံမှ တော်လည်း မတော်ဘူး ညံ့လည်း မညံ့ဘူး။

ဒီလောက်နှစ်ကာလများစွာ ဖြတ်သန်းခဲ့စဉ်မှာ ကောင်းကွက် တော်ကွက်တွေရှိသလို ရှော်ကွက် ညံ့ကွက်တွေလည်းရှိမှာပါပဲ။

ကျနော်တို့က တော်ကွက်ကောင်းကွက်ကို ရွေးပြောတယ်။ ဘာလို့ဆို
စိတ်ပညာမှာ အညွှန်းခံစိတ်ဆိုတာ ရှိပါတယ်။
`တို့ကဗီဇမှာ တော်ပါတယ်´ ဆိုတာက လူတော်ဖြစ်လာအောင် ညွှန်းဆိုမှုပေးလိုက်ခြင်းဖြစ်ပြီး
မြန်မာတွေ ညံ့ပါတယ်ကွာလို့ ပြောချင်သူကတော့ လူငယ်တွေရဲ့ အနာဂတ်ကို အညွှန့်ချိုးခြင်းသာဖြစ်ပါလိမ့်မယ်။

ဒီစာဟာ တောင်းဆိုလာသူတွေ ရှိလို့သာရေးရခြင်းဖြစ်ပါတယ်။
ကျနော်ကတော့ ကိုယ့်အလုပ်ကိုယ်လုပ်နေကြတာပဲ အကောင်းဆုံးလို့ ခံယူသူပါ။
လောလောဆယ် နိုင်အောင် မတိုက်နိုင်သေးလို့ ငါတို့ ညံ့တယ်လို့ ပြောချင်ရင် တကယ်လုပ်နေသူတွေရဲ့ မျက်နှာကို အိုးမဲသုတ်ချင်နေသလို ခံစားရပါတယ်။
အပြင်ကနေတော့ လေပန်းမနေပါနဲ့။ သိပ်သတ္တိရှိရင် လာပါ၊ အတူစွန့်ကြရအောင်။

သေချာတာကတော့ ကျနော်တစ်ခွန်းတည်းပြောမယ်။
မြန်မာဆိုတာ ဘယ်တုန်းကမှ မညံ့ခဲ့ဘူး။
ဘယ်နေရာမှာ တော်သလဲ?
စိတ်ဓာတ် သတ္တိ ဇွဲမှာ တော်တယ်။

ကျနော်တို့ သူများ ကျွန်ဖြစ်ခဲ့ရတာ မှန်တယ်။
ဒါဟာ ကျနော်တို့ချည်းအပြစ်မဟုတ်ဘူး။ အာရှတစ်ခုလုံးနီးပါး ဥရောပ အလွှမ်းမိုးခံခဲ့ရတာ။
နောက်ပြီး နောက်ထပ် ခါးသီးတဲ့ တိုင်းပြည်ကံကြမ္မာတွေနဲ့ ကြုံခဲ့ရလို့ ကျနော်တို့ နာလန်မထူနိုင်အောင်ဖြစ်ခဲ့ရတယ်။
လောလောဆယ် ပတ်ဝန်းကျင်နိုင်ငံတွေက ကျနော်တို့ထက် သာနေတာ မှန်တယ်။
ဒါဟာ သာနေခြင်းသာ ဖြစ်တယ်။ သာသွားခြင်းမဟုတ်။
ဒီလို သာနေခြင်းမှာလဲ ကျနော်တို့ဆီမှာ ပိတ်နေလို့ သူတို့က အသာရနေခြင်းတွေ အများကြီး ပါတယ်။
ကျနော်တို့ကြောင့် ကောင်းကျိုးရနေတာတွေ အများကြီးရှိတယ်။

ဒါပေမဲ့ အခု ကျနော်တို့ ပြန်လာနေပြီ။
လောလောဆယ် ကျနော်တို့မှာ အားထားစရာ စိတ်ဓာတ်ပဲ ရှိတယ်။
အဲဒီစိတ်ဓာတ်ကိုတော့ ဘယ်သူထိပါးတာမှ မခံကြနဲ့။
အဲဒီ စိတ်ဓာတ်နဲ့ပဲ အားလုံးရအောင်ပြန်ယူမယ်။
ဒါကြောင့် မြန်မာတစ်ယောက်ပီပီ မြန်မာတွေကိုယ်စား ကြွေးကြော်လိုက်ချင်တယ်။
မြန်မာဆိုတာ ဘယ်တုန်းကမှ မညံ့ခဲ့သူတွေဖြစ်တယ်။
မြန်မာဆိုတာ လူတော်စာရင်းဝင်ခဲ့တယ်၊ အနည်းဆုံး အာရှမှာဆိုရင်ပေါ့။
နောက်ကို ဒီ့ထက်တော်ဖို့ ကျနော်တို့ခေတ်မှာ ကြိုးစားကြမယ်။

Ref:

(တမင် အင်္ဂလိပ်စာအုပ်တွေက အကိုးအကားထုတ်ရတာဟာ မြန်မာဆရာတွေရေးတဲ့စာအုပ်ဆိုရင် မြန်မာချင်း ပင်းပြောတယ်ထင်မှစိုးလို့ပါ။ ညတွင်းချင်းရှာရတာမို့ စိတ်ရှိသလောက် မပြနိုင်ဘူး။ အရေးထဲ Connection ကကျနေတော့ Internet ပေါ်က လုံးဝ ယူမရခဲ့ဘူး)

Hakluytus or Punrhas His Pilgrimes by Samuel Purchas
An Outline of the History of the Catholic Burmese Mission from the year 1720 to 1887 by Paul Amrose Bigandet
History of the British Residency in Burma 1826-1840 by W. S Desai
History of Burma by G. E. Harvey
The Making of Burma by Dorothy Woodman
Travels in South Eastern Asia by Howard Malcom
Burma Past and Present by Albert Fytche

သွန်းနေစိုး Thorn Nay Soe


သံဃာတွေကို ခုတုံးလုပ်ပြီး အစိုးရနဲ့ပြည်သူကြား ရန်တိုက်ပေးသည့် သတင်းမှားတွေ မဖြန့်ကြဖို့ ဆရာတော် ဦးကောဝိဒ စာပို့ မိန့်ကြား


ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှ မေတ္တာရှင် ရွှေပြည်သာ ဆရာတော် ဦးဇ၀နအား ရှမ်းပြည်နယ် ပြည်နယ် သာသနာရေး ဦးစီးဌာန တာဝန်ရှိသူများက တရားဟောခွင့် တနှစ် ပိတ်ပင်လိုက်ကြောင်း၊ ဟောခွင့် မပေးခဲ့ကြောင်း၊ တနှစ်တိတိ ပိတ်ကြောင်း၊ ဦးဇ၀နက အစိုးရသစ် အနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် လွတ်လပ်ခွင့်များ ပေးနေပြီဟု ဆိုသော်လည်း လက်တွေ့မှာ လွတ်လပ်မှု မရှိသေးကြောင်း ပြသခြင်းဖြစ်သည်ဟု မိန့်ကြားကြောင်း၊ အခု ဒကာ၊ ဒကာမတွေက မကျေနပ်ကြကြောင်း... စသည်ဖြင့် မဟုတ်မမှန် လုပ်ကြီးပြီး ဘုန်းကြီးများကို ခုတုံးလုပ်ကာ အစိုးရနဲ့ ပြည်သူအကြား ရန်တိုက်ပေးသည့် သတင်းများကို အတိုက်အခံ မီဒီယာ အချို့က ထုံးစံအတိုင်း ဖြန့်ဝေခဲ့ကြသဖြင့် ဆရာတော်ကိုယ်တိုင်က သတင်းမှားတွေ မဖြန့်ကြဖို့ အခုလို မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။

"မေတ္တာရှင်ဆရာတော်ကို တရားပွဲပိတ်တယ်ဆိုတာမဟုတ်ပါဘူး။ ဆရာတော်အဲဒီနေ့က ရန်ကုန်ကအခမ်းအနားတစ်ခုကပင့်ထားတဲ့အတွက် ညပွဲမဟောဖြစ်ပဲ နေ့ပွဲဟောပေးခဲ့ပြီး ရန်ကုန်ကိုကြွသွားခဲ့တာဖြစ်ခဲ့ပါတယ်။ အခုလည်းတရားပွဲတွေဆက်လက်ဟောကြားပေး နေပါတယ်။ သတင်းလေးကိုပြန်လည်ပြုပြင်ပေးစေချင်ပါတယ်။ အဓိက ကတော့ နိုင်ငံရေး ကိစ္စဟောခဲ့လို့ပိတ်တယ်ဆိုတာ လုံးဝမဟုတ်ကြောင်း ဒါယကာဆီကို အသိပေး ခြင်းဖြစ်ပါ တယ်။"

ကျန်းမာစွာဖြင့် သတင်းမှန်များကိုတင်ပေးနိုင်ပါစေ။



U kovida .
kovida@mettashinfoundation.com


သံဃာများကို ခုတုံးလုပ်ပြီး အစိုးရနဲ့ ပြန်သူအကြား ရန်တိုက်ပေးနေသည့် သတင်းမှားတွေ လွှင့်နေသာ စာမျက်နှာများကတော့ အောက်ပါစာမျက်နှာများပဲဖြစ်ပါတယ်။
U kovida . kovida@mettashinfoundation.com\\






သတင်းမှားတစ်ခုထုတ်လွှင့်ဖို့ သံဃာကိုတောင် ခုတုံးလုပ်ဖို့ဝန်မလေးသည့် လေလှိုင်းပေါ်က လူသတ်သမား၊ ကီးဘုတ်ကိုင် လူသတ်သမားများကို သတိထားကြပါ။


Myanmar Express

ပြန်တည့်မတ်ဖို့ လွယ်ပါ့မလား NLD



Myanmar Express

အခြေအနေမကောင်းတော့ ပုံစံပြောင်းရတော့မည် ပြည်ပရောက် အတိုက်အခံများအကြောင်း

အဒဖ က ၂၀၀၈ အခြေခံဥပဒေအရ မှတ်ပုံတင်လိုက်အပြီး ရွေးကောက်ပွဲဝင်ဖို့ ပြန်ဆင်နေချိန်မှာ မှာ ၂၀၀၈ အခြေခံဥပဒေကို ဆန့်ကျင် ဆန္ဒပြပြီး ရွေးကောက်ပွဲကို ကန့်ကွက်နေတဲ့ ပြည်ပ
ရောက် အတိုက်အခံတွေ အခြေအနေမကောင်းတော့တာကြောင့် နိုင်ငံရေးအဖွဲ့တွေအကုန် စုဖွဲ့မှု ပုံစံပြောင်းရတော့မှာဖြစ်ပါတယ်။

ဘာမှန်းမသိ၊ အနှစ် ၂၀ ကျော် ဘာအလုပ်မှမလုပ်နိုင်ပဲ အမည်မျိုးစုံနဲ့ ဖွဲ့ထားတဲ့ လွတ်မြောက်နယ်မြေ NLD-LA၊ ပြည်ထောင်စု မြန်မာနိုင်ငံ အဝေးရောက်အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များ အဖွဲ့ MPU၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB တို့ တွေလည်း ဖျက်ရမလား ပြောင်းရမလား စဉ်းစားနေရပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကိုဝမ်းကွဲ ဖြစ်တဲ့ ဒါက်တာစိန်ဝင်းက ဝန်ကြီးချုပ် တာဝန်ယူထားတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အဝေးရောက် အမျိုးသားညွန့်ပေါင်း အစိုးရ NCGUB ရဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့ အစည်းအဝေးမှ “အစိုးရ” ဆိုသည့် စကားလုံးမှာ လက်တွေ့တွင် မအပ်စပ်တော့ကြောင်း သုံးသပ်ခဲ့ကြပါတယ်။ မအပ်စပ်တာကတော့ အရင်ကတည်းက မအပ်စပ်တာမှန်း အားလုံးက သိကြပါတယ်။ ဒါပေမယ့်လည်း လူရှိန်အောင် အစိုးရ ဆိုပြီး ကိုယ့်အစိုးရ၊ ကိုယ့်ဝန်ကြီးချုပ်နဲ့ ဆိုပြီးနေခဲ့ကြတာပါ။

နိုင်ငံနဲ့ လူမျိုးအတွက် ဘာမလုပ်မှ မလုပ်ပေးနိုင်ပေမယ့်လည်း အရင်တုန်းကတော့ အထောက်အပံ့တွေ နိုင်ငံတကာက တောင်းလို့ရခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ နော်ဝေးအစိုးရကလွဲရင် ဘယ်သူ့ဆီကမှ အထောက်အပံ့တွေ မရတော့ဘူးလို့ သိရပါတယ်။

NLD-LA ကိုလည်း ဖျက်သိမ်းမှာဖြစ်ကြောင်းနဲ့ ပြည်ပရောက် NLD ဆိုပြီး နာမည်ပြောင်းက အရင်လိုပဲ အထောက်အပံ့တွေကို ဆက်ယူသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ NLD-LA အဖွဲ့ဟာ ဂျပန်၊ သြစတြေးလျ၊ ကနေဒါ၊ မလေးရှား၊ တောင်ကိုရီးယား၊ နော်ဝေး၊ အင်္ဂလန် နိုင်ငံတွေမှာ ရှိပြီး အဲဒီနိုင်ငံတွေကနေ မြန်မာနိုင်ငံသားတွေ ကောင်းစားဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။

NCUB ဆိုတာကလည်း DAB၊ NDF၊ NLD-LA၊ NCGUB ဆိုပြီး ဘာမှန်းမသိတဲ့ ခေါင်းစဉ်တွေနဲ့ အမျိုးမျိုး ဖွဲ့စည်းပြီး MPU ဆိုတာနဲ့ အစားထိုးခဲ့တာဖြစ်ပါတယ်။


ဒီအဖွဲ့အစည်းတွေနဲ့ ပြည်ပရောက် အတိုက်အခံတွေ အကြောင်းကို ပြည်ပအဖွဲ့အစည်းတွေအကြောင်း အနီးကပ်လေ့လာသူတစ်ဦးက အခုလို ပြောပြပါတယ်။


" ပြည်ပရောက် အတိုက်အခံဆိုတာတွေကို အကြမ်းအားဖြင့် သုံးမျိုးတွေ့ ရပါမယ်။

၁။ နိုင်ငံခြားသား များသာ ပါဝင်သော အဖွဲ့အစည် Amnesty International လို အဖွဲ့အစည်း၊ UNHCR, HumanRights, IJC ကဲ့သို့သော အဖွဲ့အစည်းများ

၂။ နိုင်ငံခြားသားနှင့် မြန်မာ လူမျိုးများ ပေါင်းစပ် ပါဝင်သော အဖွဲ့အစည်း US Campaign for Burma, Burma Campaign Austrlia n Burma Caupaign UK BDC. ကဲ့သို့သော အဖွဲ့အစည်းများ

၃။ မြန်မာ လူမျိုးများသာ ပါဝင်သော အဖွဲ့အစည်း NLD LA ပြည်ပရောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့များ NCUB, တိုင်းရင်းသား အဖွဲ့အစည်း ပေါင်းစုံ၊ ၈၈ မျိုးဆက် ကျောင်းသားများ ကဲ့သို့သော အဖွဲ့အစည်းများ ဖြစ်ပါတယ်။

အဖွဲ့အစည်းတွေကတော့ မျိုးဆုံ၊ နာမည်တွေကတော့ မရေတွက်နိုင်အောင် များပါတယ်။ ဒါပေမယ့် အားလုံးက နိုင်ငံ့အကျိုးအတွက် မဟုတ်ပါဘူး။ သူတို့အကျိုးအတွက်ချည်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ပြည်ပရောက် အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်တွေကို မဆန့်ကျင်ပဲ ထောက်ခံ နေတာပါ။ ပြည်တွင်းက လူတွေ လုပ်နိုင်ခွင့် မရှိတာတွေကို ပြည်ပက လူတွေ လုပ်နေ ပါတယ်။" လို့ ရှင်းပြပါတယ်။

ဒါ့အပြင် ပိုက်ဆံရဖို့ ဘယ်လိုရှာရလဲ ဆိုတာကို ခုလို ဆက်ရှင်းပြပါတယ်။

" ဒီအဖွဲ့အစည်းတွေဟာ ရန်ပုံငွေ တောင့်တင်းအောင် ကမ်ပိန်းတွေ လုပ်ရပါတယ်။ အလှူငွေတွေ ရှာရပါတယ်။ သူတို့လည်း သုံးစွဲ ရပါတယ်။ ဘာလို့လဲ ဆိုတော့ ခရီးစရိတ်၊ ၀န်ထမ်း လစာတွေ ရှာရပါတယ်။ လုပ်အားပေး ၀န်ထမ်း ဆိုပေမဲ့ သွားစရိတ် စားစရိတ်တွေ ကုန်ကြ ရတာရှိပါတယ်။ ရတဲ့ ဒေါ်လာတွေကို နယ်စပ်မှာ သောင်တင် နေတဲ့ နိုင်ငံရေးနဲ့ တိုင်းရင်းသား ဒုက္ခသည်တွေကို ထောက်ပံ့ ပါတယ်။ နိုင်ငံရေး အကျဉ်းသား မိသားစု ၀င်တွေကို ထောက်ပံ့ ပါတယ်။ စားရင်း ဇယား ကတော့ သက်ဆိုင်ရာ အဖွဲ့ အစည်း အသီးသီးမှာ ရှိပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ထောက်ပံ့ရာမှာတော့ အန္တရာယ် မဖြစ်ပေါ် စေရန် ပွင့်လင်း မြင်သာမှု မရှိပါဘူး။ " လို့ ရှင်းပြပါတယ်။

ပိုက်ဆံနဲ့ ထောက်ပံ့ကြေးရဖို့ ဘာတွေလုပ်ရတာလဲလို့ မေးချိန်မှာတော့ အခုလို ဆက်ရှင်းပြပါတယ်။

"အဓိက အလုပ်ကတော့ ဆန္ဒပြခြင်းပါ ဆန္ဒ ပြရာမှာ ၀န်ကြီးချုပ် အိမ်၊ သမ္မတ နေအိမ်၊ ပါလီမန် အဆောက်အအုံ၊ မြန်မာ သံရုံး ၊ တရုတ် သံရုံး၊ အိန္ဒိယ သံရုံးတွေ ရှေ့မှာ ဆန္ဒ ပြပါတယ်။ ဆန္ဒပြခြင်းနဲ့ ဆန္ဒပြ သူတွေမှာ ပုံစံ အမျိုးမျိုး ရှိပါတယ်။ အမျိုးသားနေ့ ပြည်ထောင်စုနေ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ တိုင်းရင်းသား တို့၏ နေ့များ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုများ။ စုံနေအောင် ပြပါတယ်။ အသံသေး အသံကြောင် အော်ဟစ် ပြီးတော့ကို ဆန္ဒပြ ပါတယ်။ သောက်ရှက် ကုန်အောင်ကို ဆန္ဒ ပြပါတယ်။ ဦးသိန်းစိန် အမေရိကန်ကို သွားစဉ် ဆန္ဒပြပွဲ ဗီဒီယိုဖိုင် Youtube မှာ ရှာကြည့်ပါ အရှက် မရှိ အော်ဟစ် ဆဲဆို နေတာတွေ တွေ့ရ ပါလိမ့်မယ် အဲ့ဒီလို အော်တဲ့ နေရာမှာ လူတို့ရဲ့ စပ်စုတဲ့ သဘာဝ အရ မေးကြ၊ လမ်းသွားရင်း ကြည့်သွားကြပါတယ်။ ၀က်ဆိုက်တွေမှာ ဖေါ်ပြကြပါတယ်။ " လို့် ဆက်ပြောပါတယ်။

စင်္ကာပူမှ အရှက်မရှိကြသူများ

တောင်ကိုရီးယားမှ တောင်းစားကြသူများ

သြောစတေးလျမှ ဒီမိုကရေစီရဖို့ ကြိုးပမ်းနေကြသူများ

ယူကေမှ လုပ်စားကြသူများ

မလေးရှားမှ အရှက်မရှိကြသူများ

ဂျပန်မှ တောင်းစားကြသူများ


အမေရိကန်မှ မျောက်ပြ ဆန်တောင်းကြသူများ

ဒါ့အပြင် အဲဒီလူတွေ ဘယ်ကနေလာလဲ၊ ဘယ်လိုလူတွေလဲဆိုတာကိုတော့

" သူတို့တွေဘယ်ကလာလဲဆိုရင်တော့ သောက်ရှက် မရှိသော ဒုက္ခသည် ဘ၀ကို ခံယူ ရာကနေ လာရတာဖြစ်ပါတယ်။ သူများ လုပ်လို့ ရောရောင်လုပ် ပြီးမှ ကြောက်ပြီး ထွက်ပြေးချင်စိတ် ပေါက်တဲ့ သူတွေလဲ ရှိပါတယ်။ အဲဒီနောက် နိုင်ငံခြားကို ထွက်ဖို့ ကြိုးစားကြရပါတယ်။ တခြား နိုင်ငံခြားရောက် မြန်မာတွေကလည်း လုပ်တဲ့ လုပ်အားခဟာ ကျောင်းစရိတ် နေစရိတ်ကို မကာမိဘူး။ ဗီဇာ သက်တမ်း တိုးဖို့ ကလည်း အလွန်ကို ခက်ပါတယ်။ ဒီတော့ သူများတွေလို တန်းတူ အခွင့်အရေး မြန်မြန် ရနိုင်မဲ့ နည်းလမ်း ဒုက္ခသည် အဖြစ် ခံယူဖို့ အရှက်မရှိ စဉ်းစား ရပါတော့တယ်။ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ဖို့ အတွက် ဆန္ဒပြပွဲတွေမှာ အမြဲ လိုလို အော်ရတော့တာ ပါပဲ။

ဖေစ့်ဘွတ် ပရိုဖိုင်မှာသာ ဓာတ်ပုံတွေ မတင် နာမည်မှန်တွေ မသုံးသော်လည်း၊ နိုင်ငံရေး ၀က်ဆိုက်တွေမှာ တင်ထားတဲ့ ဆန္ဒပြပွဲ ဓာတ်ပုံတွေ၊ တီဗီတွေမှာ ပါနေတဲ့ သက်ရှိ လူပုံ တွေဟာ အလွန် အင်မတန်မှ ပြေးမလွတ်သော သက်သေခံများသာ ဖြစ်ပါတယ်။ နိုင်ငံခြားမှာ ယာယီ ခိုလှုံခွင့် ရပေမဲ့ အမိ နိုင်ငံ မိဘ မောင်ဘွား ဆွေမျိုးသားချင်း ချစ်သူငယ်ချင်းတွေနဲ့ ပြန်မဆုံ နိုင်အောင် ခွဲခွာ နေရတဲ့ ပေးဆပ်မှုနဲ့ အလဲအထပ် လုပ်ရပါတယ်။

ပြည်ပရောက် နိုင်ငံရေးသမား တစ်ယောက် ပြည်ပမှာ နိုင်ငံရေး လုပ်ရင် ပြည်တွင်းက မိဘ ဆွေမျိုးတွေကို ဒုက္ခ ပေးလိမ့်မယ် ဆိုတဲ့ အယူအဆဟာ လုံးဝ မှားယွင်း ပါတယ်။ ပြည်ပရောက် နာမည်ကြီး နိုင်ငံရေးသမား အားလုံးဟာ မိဘ ဆွေမျိုးတွေနဲ့ အဆက်အသွယ် အမြဲ ရှိပါတယ်။ တွေ့ချင်တဲ့ အခါ ပြည်တွင်းကို ခိုးဝင်၍ သို့မဟုတ် ထိုင်းနိုင်ငံ၌ လာရောက် တွေ့ဆုံလေ့ ရှိကြပါတယ်။ နိုင်ငံရေးသမား တယောက် နိုင်ငံခြားမှာ နိုင်ငံရေး လုပ်လို့ သူနဲ့ ပတ်သက်သော မြန်မာ နိုင်ငံမှ လူများ ဒုက္ခပေးခံရခြင်း မရှိပါဘူး။

ဒါပေမယ့် အခုချိန်မှာတော့ ပြည်ပရောက် အဖွဲ့အစည်းအားလုံးနဲ့ အတိုက်အခံများလုံး ဒုက္ခရောက်နေကြပါပြီ။ အဓိကဝင်ငွေဖြစ်တဲ့ ကမ်ပိန်းတွေ လုပ်ဖို့ ခေါင်းစဉ်မရှိတော့ပါဘူး၊ အရင်လို့ Free Free Aung San Suu Kyi, No Vote No Vote လို့ ဆန္ဒပြလို့ မရတော့ပါဘူး။ ဒီတော့ အလုပ်လည်း မရှိ၊ ဝင်ငွေလည်း မရှိဖြစ်ပြီး သူတောင်းစား ခွက်ပျောက်ဘဝကို ရောက်ကြရတော့မှာပါ။ အဲဒီနိုင်ငံတွေမှာနေပြီး အလုပ်တစ်ခုဝင်လုပ်နေကာ တစ်သက်လုံးနေသွားဖို့ပဲ ရှိပါတော့တယ်။ သေချာတာကတော့ အဲဒီလူတွေဟာ နိုင်ငံနဲ့ လူမျိုးအတွက် ဘယ်တော့မှ အသုံးကျလာကြတော့မှာ မဟုတ်တော့ပါဘူး" လို့ အသေးစိတ် ကို ဖြေကြားသွားပါတယ်။


ပြည်ပရောက် အတိုက်အခံနဲ့ အဖွဲ့အစည်း အားလုံးဟာ နိုင်ငံကို ပြောင်းလဲချင်တာ မဟုတ်ပဲ သူတို့ဘဝကို ပြောင်းလဲဖို့သာ ကြိုးစားနေကြသူများ ဖြစ်ကြောင်းနဲ့ လက်ရှိအစိုးရ ပြောသလိုပဲ အမှန်တကယ် ပြည့်အင်အားဟာ ပြည်တွင်းမှာသာ ရှိတယ် ဆိုတဲ့စကားက အလွန် မှန်ကန်ကြောင်း၊ ပြန်ပရောက် အဖွဲ့အစည်းအားလုံးက ဘာမှ သုံးစားလို့မရကြောင်းလည်း ပြောသွားပါတယ်။


NCUB ဟာ NCGUB နဲ့ ပြဿနာအကြီးအကျယ်ဖြစ်ပြီး နှစ်ခြမ်းကွဲကာ အချင်းချင်း တိုက်ဖို့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ NLD - LA မလေးရှားကိုလည်း ကဒ်အတုတွေလုပ်မှုနဲ့ မလေးရှားရဲက ဝင်းစီးခဲ့ဖူးပါတယ်။ နာမည်အမျိုးမျိုးနဲ့ အဖွဲ့တွေ အမျိုးမျိုး ဖွဲ့ထားပြီး နာမည်ပျက်တွေလည်း ပြည့်နေတာကြောင့် နောက်ထပ် နာမည်သစ်တွေနဲ့ ဆက်လက်ရက်တည်ဖို့ စဉ်းစားနေကြကြောင်း သိရပါတယ်။

အတိုက်အခံများ အားကျစရာ ဥာဏ်အကောင်းဆုံး တိရစ္ဆာန်များ

Top 10 Intelligent Animals


01. Grey parrot is considered to be a very intelligent bird. This kind of parrot is striking in its intelligence and loyalty. Thus, the parrot, Alex, who is engaged to an American scientist Irene Papperberg the University of Arizona, distinguishes 50 different objects. And fluent and able to logically explain the distinction between different objects.


02. Pig has an excellent memory, and intuition, they respond his name and understand the value of some other words. They have a complex social structure, and they better decide on thinking tests than some primates.


03. Elephants are very intelligent and emotional creatures. They grieve for the dead relatives and sometimes can recognize them on the tusk and skull. They lie for days in the dead relatives, until they begin to decompose.


04. Sea lions also are animals who can think logically. Seven-year sea lion Rio proved the existence of logical thinking by means of special tests, which determined that if a = b and b = c, then a = c.


05. Chimpanzees are well known for its ability to think. Recently it became known that they even plan their future, in advance considering their next steps.


06. The dog has long been considered man's best friend and a very intelligent animal. Dogs can learn up to 300 words, his mind is compared with the mind year-old child. (Dave-F)


07. Crows have the largest brain size among birds. They know how to think, learn and feel emotions. They are very resourceful and can even pick the right tool to perform a particular operation.


08. According to scientists, African baboons in terms of behavior similar to a person. They have complex social systems, they may experience stress and are able to think abstractly. (Chi King)


09. Ants have been very crafty creatures. They gather in huge groups and take to their smaller population to make them slaves. They also know how to navigate by the sun. (Brian.gratwicke)



10. Dolphins are one of the few animals on earth who can recognize themselves in the mirror. They know who their mother, the leader of their group and relate differently to their relatives. (La Prima Donna)


Myanmar Express