Subscribe to our RSS Feed

Facebook စစ်တမ်းတွင် မှတ်ပုံမတင်ရသေးသော အင်န်အယ်လ်ဒီပါတီ မှတ်ပုံတင်သင့်ကြောင်း ၈၆ ရာခိုင်နှုန်း ထောက်ခံ

Facebook တွင် “ဒီမိုဖက်တီး” နာမည်ဖြင့် အကောင့်ဖွင့်ထားသူတစ်ဦးက မှတ်ပုံမတင်ရသေးသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လက်ရှိအခြေအနေတွင် မှတ်ပုံတင်သင့်သည်၊ မတင်သင့်သည်ကို သဘောထား စစ်တမ်းကောက်ယူခဲ့ရာ မှတ်ပုံတင်သင့်သည်ဟုဆိုသူ ၈၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ နိုဝင်ဘာ ၁၁ ရက် ညနေ ၇ နာရီအချိန်ထိ မဲပေးသူ Facebook user ၅၂၀ တွင် မှတ်ပုံတင်သင့်သည် ၄၅၁ ယောက်၊ မှတ်ပုံမတင်သင့်သည် ၄၁ ယောက်၊ မသိပါဟုဆိုသူ ၂၈ ယောက်က မဲပေးခဲ့ကြောင်း သိရသည်။ အဆိုပါ သဘောထားစစ်တမ်းတွင် မှတ်ပုံတင်သင့်သည်ဆိုသူ NHK သတင်းဌာန၏ ကင်မရာမင်းဦးသီဟက “လက်ရှိအနေအထားမှာ တစ်ဖက်က ခြေလှမ်းလှမ်းလိုက်တာကို အင်န်အယ်လ်ဒီအနေနဲ့လိုက်ပြီး ခြေလှမ်း လှမ်းသင့်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဟာမိုနီဖြစ်သွားအောင် အင်န်အယ်လ်ဒီအနေနဲ့ မှတ်ပုံတင်သင့်ပါတယ်။ ဒါကြောင့် Facebook ရဲ့ သဘောထားစစ်တမ်းမှာ အင်န်အယ်လ်ဒီ မှတ်ပုံတင်သင့်တဲ့ဘက်ကို ထောက်ခံလိုက်တာပါ” ဟု ယင်းကဆိုသည်။ “ကျွန်တော်ကတော့ မှတ်ပုံတင်၊ မတင်ဘူးဆိုတာ ကာယကံရှင် အင်န်အယ်လ်ဒီရဲ့ သဘေားထားပဲဆိုတော့ ဒီစစ်တမ်းမှာ ဝင်မလှုပ်ရှားခဲ့ပါဘူး” ဟု ၂၀၁၀ ရွေးကောက်ပွဲတွင် ဒလမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ၊ Facebook တွင် Win Cho အမည်ဖြင့် အကောင့်ဖွင့်ထားသူ ဦးဝင်းချိုက ပြောပြခဲ့သည်။ ယင်းကဲ့သို့ လူမှုကွန်ရက်တွင် သဘောထား စစ်တမ်းများ ကောက်ယူခြင်းသည် ယခုအကြိမ်သည် တတိယမြောက် ဖြစ်သည်။ အင်န်အယ်လ်ဒီပါတီ ဆက်လက်မှတ်ပုံတင်မည်၊ မတင်မည်၊ ရွေးကောက်ပွဲဝင်မည်၊ မဝင်မည်ကို နိုဝင်ဘာ ၁၈ ရက်တွင် ဗဟိုဦးစီးအဖွဲ့ဝင်များက ဆုံးဖြတ်ကြမည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

http://www.khitlunge.net.mm/news/news_detail.aspx?info_id=25077&utm_source=feedburner&utm_medium=email&utm_campaign=Feed%3A+myanmardaily+%28MyanmarDaily.net%27s+Latest+News%29 မှ ကူးယူဖော်ပြပါကြောင်း


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်