Subscribe to our RSS Feed

လူအင်အား ချိနဲ့ပြီး ရိက္ခာပျက်လပ်နေတဲ့ KIA မှ တပ်သားသစ်နဲ့ ရိက္ခာ အတင်းအဓ္ဓမ စုဆောင်းမှုကြောင့် ဒေသခံများ ဒုက္ခရောက်နေ


ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၇)ရက်နေ့က မြစ်ကြီးနား၊ ဆွမ်ပရာဘွန်လမ်းပေါ်မှာရှိတဲ့ က၀ပန်းရွာအနီးမှာ ဆွမ်ပရာဘွန်နဲ့ တီယန်ဇွတ်ဘက်ကနေလာတဲ့ ဆိုင်ကယ်ကယ်ရီသမား(၃၇)ယောက်ကို ကေအိုင်အေတပ်ဖွဲ့က လမ်းကြောင်းပေါ်မှာ စောင့်ပိတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
မြစ်ကြီး နားမြို့ကျေးလက်တော ရွာများ၌ တပ်သားသစ် စုဆောင်းမှုကြောင့်မြို့ပေါ် သို့ထွက်ပြေး တိမ်းရှောင်နေရသည့်ဒေသခံ သျှမ်းရွာ သားရာနှင့်ချီ ရှိကြောင်း မြစ်ကြီးနား သျှမ်းမိသား စုသတင်းရပ်ကွက် မှ သိရပါတယ်။။



KIA တွင်းသို့ မဝင်လိုတာကြောင့် ကချင်ဒေသခံတွေက ဘုန်းကြီးကျောင်းတွေမှာ ထွက်ပြေးတိန်းရှောင်နေရတယ်လို့ သိရပါတယ်။ KIA ဟာ အကျအဆုံး အရမ်းများနေပြီး အင်အားချိနဲ့နေတာကြောင့် လူအင်အားတွေ အတင်းအဓမ စုဆောင်းနေတာဖြစ်ပါတယ်။ အဲလိုတနေရာထဲမှာ လူတရာကျော် စုပြီးနေကြတော့ နေထိုင်စားသောက်ဖို့အတွက် အခက်အခဲတွေ ရှိပေမယ့်လည်း မပြန်ရဲကြဘူးလို့ သိရပါတယ်။ ဆိုင်ကယ်သမားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာကလည်း စစ်ဆေးမေးမြန်ဖို့ဒါမှမဟုတ်ကေအိုင်အေ တပ်ဖွဲ့အ တွက်လူသစ်စုဆောင်းတာလို့ သိရပါတယ်။ အရပ်သားတွေကို အတင်းအဓမ KIA ထဲသို့ဝင်ခိုင်းပြီး မိုင်းထောင်ခိုင်းတာ၊ လက်နက်ခဲယမ်းတွေကို သယ်ခိုင်းတာနဲ့ ရှေ့ဆုံးကနေ ပွိုင့်ထွက်ခိုင်းတာမျိုးတွေ လုပ်ခိုင်းကြပြီး တိုက်ပွဲကြောင့် အရပ်သားတွေ သေရင် မြန်မာစစ်တပ်က သတ်ပါတယ်လို့ သတင်းဖြန့်တာတွေ လုပ်နေကြောင်းလည်း သိရပါတယ်။



အခုလိုဆိုင်ကယ်ကယ်ရီသမားတွေကို ဖမ်းဆီးသွားတဲ့အတွက် ဒေသခံအတွက် သွားရေးလားရေး အခက် အခဲဖြစ်နေပါတယ်။ ဒီဒေသပတ်ဝန်းကျင်မှာရှိတဲ့ ရွာကဒေသခံတွေက ဆိုင်ကယ်လမ်းကိုအဓိကအားပြုပြီး ကုန်စည် ရောင်းဝယ်ရေး၊ သယ်ယူရေးတွေလုပ်နေရတာဖြစ်လို့ ကေအိုင်အေအဖွဲ့ကဆိုင်ကယ်သမားတွေကို ဖမ်းဆီးခေါ် ဆောင်တာတွေလုပ်နေတဲ့အတွက် ဒေသခံတွေအတော်လေးစိုးရိမ်ပူပမ်းနေကြတယ်လို့သိရပါတယ်။

ဒီရက်တိုက်ပွဲတိုင်းမှာ ဆက်တိုက်ရှုံးနေတာကြောင့် လူအင်အား အလွန်ချိနဲ့နေကြောင်းသိရပါတယ်။ လူအင်အားသာမကျပဲ ရိက္ခလည်း ပျက်လပ်နေကြောင်းလည်း သိရပါတယ်။
လိုင်ဇာဌာနချုပ်မှ ရိက္ခာ၊ ဆေးဝါးနှင့် လက်နက်ခဲယမ်းများ ထောက်ပံ့ပေးနိုင်ခြင်းမရှိပဲ အစိုးရတပ်များကို ခုခံခိုင်းထားပါတယ်။ စခန်းကို အသေခံမကာကွယ်ပဲ စွန့်ခွာသွားပါက ကချင်အမျိုးသား သစ္စာဖောက်လို့ သတ်မှတ်ပြီး သတ်ပစ်မယ်လို့ စစ်ရုံးချုပ်ကနေ အမိန့်ထုတ်ထားပါတယ်။

ဒါကြောင့် အောက်ခြေတပ်ရင်းတွေအနေနဲ့ ယခင်က မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချပြီး စီးပွားရှာလို့ အဆင်ပြေနေပေမယ့် ခုလိုစစ်ပွဲကာလအတွင်း ရိက္ခာပြတ်လပ်မှုကို ကြုံတွေ့နေရပါတယ်။ ရိက္ခာရရှိရေး အတွက် ပြည်သူတွေ နေထိုင်တဲ့ ရပ်ကွက်တွေထဲအထိ ၀င်ရောက်ပြီး အတွင်းသိမ်းယူတာတွေကို လုပ်ဆောင်လာကြပါတယ်။
နိုဝင်ဘာလ ၂၄ ရက်နေ့ မနက် ၅နာရီခန့်တွင် KIA မှ အင်အား ၂၀ ခန့်ဟာ ဆဒုံးမြို့နယ်ခွဲ၊ ရပ်ကွက် ၁ အတွင်း ၀င်ရောက်လာပြီး၊ ဦးအီဂျောင်ဂမ် အိမ်သို့ဝင်ရောက်ကာ အစိုးရ စစ်ကြောင်းများ လာရောက်ခြင်း ရှိ/မရှိကို ရိုက်နှက် မေးမြန်းပြီး ဆန် ၅ ပြည်ကို အတင်းအဓ္ဓမ တောင်းယူကာ ဆနကျေးရွာဘက်ကို ထွက်ခွာသွားတယ်လို့ ရပ်ကွက် ၁ နေ မျက်မြင်တစ်ဦးက ပြောကြားပါတယ်။

“ ကျွန်တော်တို့လည်း ဆက်ပြီး မနေရဲတော့ဘူး။ ခုလို ရပ်ကွက်ထဲအထိ ၀င်လာပြီး လက်နက်အားကိုးနဲ့ လူယက်သွားတဲ့ပုံလုပ်သွားတော့ မနေရဲတော့ဘူး။ နောက်ဆို ဆန်တင်မကပဲ လူသစ်စုတာတွေကိုပါ လုပ်တော့မယ်။ ဒါကြောင့် ကျွန်တော့် အမရှိတဲ့ မြို့ထဲကို ပြောင်းနေတော့မယ်လို့ ” ရပ်ကွက် ၁ မှ ကိုအင်ဂွန်နောင်မှ ပြောကြားခဲ့ပါတယ်။


008-_KIA

KIA တပ်သားများ


ပြီးခဲ့တဲ့ နိုဝင်ဘာ လ ၂၂ ရက် နေ့ကလည်း ကေအိုင်အေရဲ့ စခန်းတစ်ခုဖြစ်တဲ့ ပိန်းခွန်ယန်စခန်းကို နေ့မှာ အစိုးရတပ်ရင်းတစ်ရင်းမှ သိမ်းယူနိုင်ခဲ့ပါတယ်။ စခန်းထဲမှာ မီးစက်တစ်လုံး ဆိုင်ကယ်တစ်စီး ဟာလာစက်တစ်လုံး စာရွက်စာတမ်း ဓာတ်ပုံများ ကျန်ခဲ့ပြီး အစိုးရတပ်မှ သိမ်းယူသွားကြောင်း ဒေသခံတစ်ဦးက ဆိုပါတယ်။ တပ်မ(၈၈)ရောက်လာတဲ့နောက်ပိုင်းမှာ တိုက်ပွဲတွေပိုမိုပြင်းလာပြီး ကေအိုင်အေတပ်ဖွဲ့မှာ ထိခိုက်ကျဆုံးမှုတွေများနေတယ်လိုလည်း ဒေသခံမှပြော ဆိုသွားပါတယ်။

တိုက်ပွဲတွေကရှုံး၊ လူအင်အားကလည်းမရှိ၊ ရိက္ခာတွေလည်းပျက်လပ်နေတာကြောင့် ဓာတုမိုးလိုလို၊ ဓာတုလက်နက်လိုလို ကောလဟာလတွေလွှင့်ပြီး တိုက်ပွဲရှုံးရခြင်းကို အကြောင်းပြချက်မျိုးစုံ ပေးဖို့ ကြိုးစားနေကြောင်း သိရပါတယ်။





Myanmar Express

3 comments:

ကချင်ပြည်နယ်တိုက်ပွဲတွေအတွင်း စစ်တပ်ရဲ့ လူ့အခွင့်အရေး ဖေါက်ဖျက်မှုတွေ

ကချင်ပြည်နယ်တွင်းက နမ်လင်းပါကျေးရွာမှာ ဒဏ်ရာရနေတဲ့ ကလေးငယ်တဦးကို ဆေးကုသနေပုံ

မြန်မာနိုင်ငံ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အစိုးရ စစ်တပ်တွေဟာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ဆိုးဆိုးဝါးဝါး ကျူးလွန်နေတယ်ဆိုတဲ့ စွပ်စွဲချက်အသစ်တွေ ထွက်ပေါ်လာပါတယ်။

နော်ဝေးအခြေစိုက် Partners Relief and Development အဖွဲ့ ကနေ အစီရင်ခံစာ ထုတ်ပြန်ရာမှာ မြန်မာစစ်တပ်ရဲ့ ကချင်ပြည်နယ်မှာ ညှင်းပန်းနှိပ်စက်မှုတွေ အတင်းအဓမ္မခိုင်းစေမှုတွေနဲ့ အရပ်သားတွေကို ဥပဒေမဲ့ သတ်ဖြတ်မှုတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေရှိကြောင်း၊အထောက်အထားနဲ့ တကွ ဖေါ်ပြထားပါတယ်။

ညှင်းပန်း နှိပ်စက် မှုရှိကြောင်း အထောက်အထားအဖြစ် နဲ့ အသက် ၃၄ နှစ် အရွယ် လူကြီး တယောက်နဲ့ အသက် ၁၇ နှစ် အရွယ် လူငယ်တယောက်ရဲ့ အလောင်းတွေကို ဓါတ်ပုံနဲ့ တကွ ဖော်ပြထားပါတယ်။

ဒူးနှစ်ဖက် နဲ့ ချိုင်းနှစ်ဖက်မှာ သေနတ်နဲ့ပစ်ထားတဲ့ ဒဏ်ရာတွေနဲ့ ခန္ဓာကိုယ်မှာ ရထားတဲ့ ဒဏ်ရာတွေ ဦးခေါင်းကြေမွတဲ့ ဒဏ်ရာနဲ့ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်း ဖြတ်တောက်ခံထားရတာတွေကို ထောက်ပြပြီး မသေခင်မှာ ဆိုးဆိုးဝါးဝါး ညှင်းပန်း နှိပ်စက်ခံထားရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အရပ်သားတွေ ထိခိုက်သေဆုံး ဒဏ်ရာရမှု ရှိကြောင်းကိုတော့ ဗုံးထိမှန်ပြီး သေဆုံးခဲ့တယ်ဆိုတဲ့ သုံးတန်းကျောင်းသား ကလေးတယောက် ကို မြုပ်နှံထားတဲ့ မြေပုံနဲ့ ခေါင်းကို သေနတ်နဲ့ အပစ်ခံခဲ့ရသူ တယောက်ရဲ့ အလောင်းဓါတ်ပုံတွေကို ဖော်ပြထားပါတယ်။

နမ်လင်းပါ ရွာထဲက ကောက်ယူရရှိတယ်ဆိုတဲ့ ဗမာစစ်သားတယောက်ရဲ့ နာမည် ရေးထိုးထားတဲ့ စစ်သုံး ရေဗူးနဲ့ ကျည်ဆံထည့်တဲ့ ပလပ်စတစ်ဗူး တဗူးကိုလည်း ဓါတ်ပုံနဲ့ ပြထားပါတယ်။

ဒီအစီရင်ခံစာကို အောက်တိုဘာလ အတွင်း နမ်လင်းပါ ဆိုတဲ့ ရွာမှာ သုံးပတ်ကြာ ကာလအတွင်း ဖြစ်ပွားခဲ့တဲ့ အဖြစ် အပျက်ကို အခြေခံရေးသားထားတာဖြစ်ပြီး အဲဒီက ဖြစ်ရပ်တွေဟာ ဇူလိုင်လကတည်းက စတင်ပြီး ကချင်ပြည်နယ်တခုလုံးမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေကို ထင်ဟပ်နေပါတယ်လို့ Partners Relief & Development အဖွဲ့ရဲ့ အစီရင်ခံစာ ကို အဓိက ဦးဆောင် ရေးသားသူ ဖြစ်တဲ့ ဘရိုင်ယန် အီရစ်က် ဆန် Bryan Erikson က ဘီဘီစီကို ပြောပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လေ့လာစုံစမ်းရာမှာ အသုံးပြုတဲ့ နိုင်ငံတကာစံထားတဲ့ နည်းလမ်းတွေကိုသုံးပြီး ဒီအဖြစ်အပျက်မှာ ပါဝင်ပတ်သက်ခဲ့သူတွေနဲ့ နစ်နာသူတွေနဲ့ နီးစပ်သူ ဆွေမျိုးသားချင်းတွေကို အဓိက တွေ့ဆုံမေးမြန်းထားတယ်လို့ ပြောပါတယ်။


ဒီလို အခြေအနေတွေကို ကြည့်ရင် စစ်ရာဇဝတ်မှု မြောက်ဖွယ်ရှိတဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုတွေကို တွေ့မြင်နေရတဲ့ အတွက် ကုလသမဂ္ဂ ကနေ ကော်မရှင်အော့ ဖ် အင်ကွာရီ ဖွဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ တိုက်တွန်းထားပါတယ်။

ဒီနေ့မှာပဲ အဲဒီလို ကချင်ပြည်နယ်အတွင်း ကချင်အမျိုးသားတွေအပေါ်မှာ အစိုးရတပ်ရဲ့ လူ့အခွင့်အရေး ဖေါက်ဖျက် ကျူးလွန်မှုတွေအပေါ် ရှုတ်ချတဲ့အနေနဲ့ ပြည်ပအခြေစိုက် ကချင်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ ကချင် အမျိုးသား ကောင်စီနဲ့ ကချင် အမျိုးသား အစည်းအရုံးတို့ကလည်း အမေရိကန် ဂျပန် ဗြိတိန်နိုင်ငံတို့မှာ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြ ဆိုပါတယ်။

သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ် မိုင်းနန်းအုပ် စု၌ ဆွံ့အ အမျိုးသမီးငယ်အား မြန်မာစစ်တပ် က အုပ်စုလိုက် မုဒိန်း ကျင့်သည့်အမှုဖြစ်ပွါးခဲ့ကြောင်း သျှမ်းပြည်အလယ်ပိုင်းမှ လာသောသတင်းအရသိရ သည်။


ယခုလ ၂၇ ရက်က(တုံလော အခြေစိုက်) မိုင်းနန်းစခန်းချ ခလရ ၁၃၁ မှ မြန်မာစစ်သား ၃ ယောက် ဝမ့်နားရွာသို့ သွားရောက်လည်ပတ်ရာမှ ရွာသူတယောက်အား အုပ်စုလိုက် မုဒိန်းကျင့်သည့်အမှုဖြစ် ပွါး ခဲ့ခြင်းဖြစ်သည်။

Myanmar_army-post

အစိုးရစစ်သားများ

“ အဲ့ညနေ ၄ နာရီလောက်က စစ်သား ၃ ယောက် ရွာထဲဝင်လာပြီး တအိမ်ဝင် တအိမ်ထွက် ငရုတ်သီး တောင်းတယ်။ အိမ်ရှင်က ငရုတ်သီးပေးပေမယ့် သူတို့မယူဘူး။ နောက်ဆုံး လုံးနာလိန် ပါ့ခမ်းရွှေတို့ အိမ်ရောက် သွားတယ်။ အိမ်ကပြင်မှာ ထိုင်နေတဲ့ သူတို့သမီး ကို တွေ့တော့ တက်သွားပြီး ဝိုင်း မုဒိန်း ကျင့်ကြတာ” ဟု မိုင်းနန်းရောက်ဒေသခံတဦးကပြောသည်။


မုဒိန်းကျင့်ခံရသူ အမျိုးသမီးမှာ နန်းရွှေစိန်ဖြစ်ပြီး အသက် ၂၄ နှစ်ခန့်ရှိသည်ဟုသိရသည်။ ထို့အပြင် သူမသည် ဆွံ့အ စကားမပြောနိုင်သူတယောက်ဖြစ်သဖြင့် အခင်းဖြစ်ပွါးပြီးနောက်ပိုင်း ဆွေမျိုးများနှင့် ရွာသားများ သွားရောက် မေးမြန်း ကြည့် ရာမှ သူမ ကပြန်လည်ပြောပြကြောင်းလဲသိရသည်။


“ သူမ မုဒိန်းကျင့်ခံနေရချိန် အော်သေးတယ်တဲ့။ အသံကမထွက်လာတော့ အိမ်အောက်မှာနေတဲ့သူ့ အဒေါ် နန်းမန့်နဲ့ သူ့ဦးလေး လုံးဆန်စိုင်းတို့လဲ မကြားရဘူးပေါ့။ နောက်ဆုံး သူ အစွမ်းကို ကြိုးစားပြီးအော်လိုက်မှ အသံထွက်လာတာ။ အိမ်ပေါ်တက်ပြေးကြည့်ကြတော့ စစ်သား ၃ ယောက် ထွက်ပြေးကြတာတဲ့” ဟု ၎င်းနှင့် အမျိုးတော်စပ်သူတဦးကလည်း ပြောသည်။


သျှမ်းပြည်တပ်မတော် SSPP/SSA အားထိုးစစ်ဆင်တိုက်ခိုက်နေသော ကာလက ရမခ တိုင်းမှူး က လက်အောက်ခံ တပ်ရင်း များနှင့် တပ်သားကေဒါများအား - သျှမ်းပြည်တပ်မတော်ထိန်းချုပ်နယ်မြေအတွင်း ယောကျာ်း တွေ့လျင် ပစ်သတ် မိန်းမတွေ့လျင် မုဒိန်းကျင့်လိုကျင့်ဟု ခွင့်ပြုမိန့်ပေးထားခဲ့သည်ဟု ဒေသခံများက ဆိုသည်။


ယခုမူ လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးကိစ္စ အစိုးရက ဆောင်ရွက်နေ သော်လည်း အစိုးရ၏စစ်တပ်က ဒေသခံအမျိုးသမီးငယ်များအား မုဒိန်းကျင့်သည့်သတင်းမှာ မပြတ်ကြားနေ ရဆဲဖြစ်သည်။

Brutal reality behind junta's benign face
While the international community and Asean reward Burma's government for its cautious reforms, the army is looting, burning and destroying village farms and forcing thousands of Kachin civilians into makeshift camps

* Published: 27/11/2011 at 12:00 AM
* Newspaper section: Spectrum

Ure Seng Raw, a rice farmer, sits on a rough bench in the small bamboo hut she now calls home and explains why she endured a tough two-day mountain walk from her village of Rawt Jat to live here.

front-line Kachin Independence Army soldiers take a break. — Photo by Zen Myat

''The Burmese army shelled our village on June 15. We were scared. We could see unexploded shells around the houses. We were worried the soldiers would take us as porters and rape our daughters.''

Ure Seng has good reason to be worried. In June and July this year the Kachin Women's Association Thailand documented the rape of 32 women and girls in Kachin State by the Burmese army _ 13 of them were killed.

Ure Seng shares the eight-metre by six-metre hut with another family also forced from their home when the Burmese army attacked their village.

As Ure Seng tells her story, the fast flowing waters of the Je Yeng Hka River that separates Burma from China crash over rock-strewn rapids. Tree-covered hills rise steeply from the flood plains on both sides of the river _ a tranquil scene despite the thousands of displaced villagers and row upon row of plastic-roofed bamboo huts dotting the riverbank.

The Je Yang Hka camp houses 4,991 people displaced from 34 villages in the surrounding area. At the time of writing there were a total of 19 camps housing 30,032 people forced from their villages when fighting started between the Burmese army and the Kachin Independence Army (KIA) in June this year.

THE VILLAGERS

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်