Subscribe to our RSS Feed

KIA ရှုံးမဲမဲပြီး တံတားတွေ၊ ရထားတွေ သဲကြီးမဲကြီး ဗုံးခွဲနေ

ကေအိုင်အေ တပ်တွေအနေနဲ့ ထိခိုက် ကျဆုံးဒဏ်ရာရနေတာတွေများနေလို့ လက်စားချေတဲ့အနေနဲ့ မြစ်ကြီးနားမြို့ပေါ်နဲ့ ပတ်ဝန်းကျင်တွေမှာ ဖောက်ခွဲမှုတွေပိုမိုပြုလုပ်လျက်ရှိနေပါတယ်။နိုဝင်ဘာ
၁၅ ရက်နေ့က မြစ်ကြီးနား ဗလမင်းထင်တံတား မြစ်ကြီးနား-၀ိုင်းမော်သွားကားလမ်းရဲ့ညာဘက် ၁၀ ပေခန့်အကွာမှာမိုင်း(၁)လုံး ပေါက်ကွဲခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် ဘီးခွန်ဂိတ်ညာဘက်လူနေအိပ်ဆောင်တစ်လုံးပျက်စီးခဲ့ပြီးလူတွေထိခိုက်မှုမရှိ ဖူးလို့သိရပါတယ်။

``မိုင်းကွဲတာက ကျွန်မတို့ ဘီးခွန်ကောက်ခံသူတွေနဲ့ တံတားဖြတ်သန်းခကောက်ခံတဲ့သူနေတဲ့ အိပ်ဆောင် မှာဖြစ်ခဲ့တာပါ။ ဖြစ်တာကည(၉)နာရီအချိန်လောက်မှာပါ။ လူတွေနဲ့တိရိစ္ဆာန်တွေထိခိုက်မှုမရှိပါဘူး။ လူတွေမထိလို့ တော်သေးတယ်လို့ပြောရမှာပါ။ ကျွန်မတို့နေတဲ့အဆောက်အဦးကတော့ ၁၀ ပေ ပတ်လည်ခန့်ပျက်သွားပါတယ်။ အနက်၆ ပေလောက်နက်တဲ့ကျင်းတစ်ကျင်းလဲ ဖြစ်သွားပါတယ်`` လို့ တံတားဖြတ်သန်းခတွေကောက်ခံနေတဲ့ မသင်ဇာကျော်က ပြောပြပါတယ်။

နိုဝင်ဘာ ၁၄ ရက်နေ့ကလဲ ၀ိုင်းမော်မြို့နယ်မှာရှိတဲ့ ဆီနီခူးကျေးရွာနဲ့ မလိယန်ကျေးရွာအကြားမှာရှိတဲ့ နမ့်မလိချောင်းကူး တံတားကို KIA တပ်ရင်း(၄) အဖွဲ့ကမိုင်းထောင်ဖောက်ခွဲခဲ့လို့ မော်တော်ယာဉ်တွေလုံးဝ သွားလို့ မရဘူးဖြစ်နေပါတယ်။ ရွှေဘို-မြစ်ကြီးနားသွားတဲ့လမ်းမှာရှိတဲ့ ဆည်မြောင်းကူးပျဉ်ခင်းတံတားတစ်ခုကိုလဲနိုဝင်ဘာ (၁၅)ရက်နေ့မှာ ဖောက်ခွဲ ဖျက်ဆီးခဲပါတယ်။တံတားတွေဖျက်ဆီးနေသလို ရထားသံလမ်းဖျက်ဆီးဖောက်ခွဲမှုတွေလဲ များပြားနေပါတယ်။နမ္မားနဲ့မြို့သစ်ကလေးရွာအကြားမှာရှိတဲ့ရထားသံလမ်းကို နိုဝင်ဘာ(၁၅)ရက်နေ့ မနက်(၃)နာရီမှာ မိုင်းခွဲလိုက်ပါတယ်။ မိုးညှင်းမြို့ မီးရတားအဖွဲ့ကနေသွားရောက်ပြင်ဆင်လိုက်လို့ခရီးသွားလာမှုအခက်အခဲမရှိ ခဲ့ကြောင်းသိရပါတယ်။

ခုလိုမျိုးမိုင်းတွေပေါက်ကွဲနေတာနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ဂမ်ရှောင်အနေနဲ့သူတို့တပ်ဖွဲ့ဝင်လုပ်တာမဟုတ်ဖူးလို့ငြင်းဆိုထားပါတယ်။ သူတို့ဗဟို အနေနဲ့ မိုင်းထောင်ခိုင်းတုန်းက စစ်တပ်တွေလာမဲ့လမ်းကြောင်းလောက်ပဲထောင် ခိုင်းခဲ့တာဖြစ်ပေမဲ့ ပြည်သူ့တပ်ဖွဲ့ဝင်အမှုထမ်းတွေကြောင့် ခုလိုမျိုးမိုင်းကွဲမှုတွေများလာတာလို့ပြောပါတယ်။ မိုင်းကွဲမှု တွေများလာလေလေ ကချင်လူထုအနေနဲ့KIA အဖွဲ့အစည်းအပေါ်မှာ အကြမ်းဖက်အဖွဲ့အဖြစ်မြင်လာလေလေဖြစ်နေ ပါတယ်။

၁၅ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ပေါ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့ လျှို့ဝှက်ခဲယမ်းမီးကျောက်များ သိုလှောင်ထား တဲ့ အိမ်မှာ ယနေ့ညတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်ရဲ့ အမိန့်အရ မြစ်ကြီးနားမြို့ပေါ်ရှိ အစိုးရဌာနဆိုင်ရာ အဆောက် အဦးများကို အရှိန်မြှင့်ဖောက်ခွဲဖို့အတွက် မြို့ပေါ် ရှိပြည်သူ့ စစ်မှုထမ်းများ လျှို့ဝှက်စွာ သိမ်းဆည်း ထားတဲ့ ခဲယမ်းများ သိုလှောင် ရာ စီတာပူ ရပ်ကွက်အနီး ကားကြီးဝင်းနားမှာရှိတဲ့ အိမ်တစ် အိမ်မှာ ယနေ့ည ၈း၄၅ ခန့်က ပြင်းထန်စွာ ပေါက်ကွဲ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ စီတာပူရပ်ကွက်ဟာ ကချင်လူမျိုးအများစုနေထိုင်ပြီး ယခုပေါက်ကွဲမှုဖြစ်ပွားတဲ့ အိမ်ဟာ ယခင်က ကချင်လွတ်မြောက်ရေး တပ်မတော် ဆက်ဆံရေးရုံးနဲ့ မလှမ်းမကမ်းမှာ ရှိနေပါတယ်။

မျက်မြင်တွေရဲ့ ပြောကြားချက်အရ “ ၀ုန်း ”ဆို ပေါက်ကွဲမှု ဖြစ်ပွားပြီးတော့ ဆက်တိုက်ဆက်တိုက် ပေါက်ကွဲသံတွေကို ကြားရကြောင်းနဲ့ အဲဒီအိမ်ကို မီးစလောင်ပြီး ပေါက်ကွဲမှုတွေဖြစ်နေလို့ ဘယ်သူမှ အနားမကပ်ရဲဘဲ မီးညွန့်အားကောင်းလာကာ ဘေးအိမ်တွေကို ဆက်ပြီးတော့ ည ၁၁ နာရီအထိ မီးလောင်နေတာ ကို မြင်တွေ့ရကြောင်း၊ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ကချင်ကလေးငယ် ၂ ဦးနဲ့ ကချင်ယောင်္ကျား ၅ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၈ ဦး အလောင်းတွေကိုတွေ့ရှိရပြီး အနီးပတ်ဝန်းကျင်မှာရှိတဲ့ လူ ၂၀ ခန့် ဒဏ်ရာရရှိသွားကြောင်း မျက်မြင်တွေက ပြောကြပါတယ်။ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးကို မီးလောင်ဒဏ်ရာ၊ မိုင်းစမှန်ဒဏ်ရာများနဲ့ ကချင်လူမျိုး ကလေးငယ် ၂၀ ဦးရောက်ရှိလာကြောင်းနဲ့ ဒဏ်ရာရသူအများစုက ကလေးငယ်တွေဖြစ်တယ်လို့ အမည်မဖော်လိုသူ ဆေးရုံတာဝန်ကျတစ်ဦးက ပြောကြားပါတယ်။

ဒဏ်ရာမပြင်းထန်တဲ့ ကလေးများရဲ့ပြောပြချက်အရ သူတို့အဖွဲ့ဟာ လိုင်ဇာမြို့မှာပြုလုပ်တဲ့ ပွဲလမ်း တွေမှာ ဘင်ခရာနဲ့ပန်းပွားကပြရတဲ့ အဖွဲ့ဖြစ်ကြောင်း၊ လိုင်ဇာမြို့မှ ရောက်ရှိလာတဲ့ ဧည့်သည် များဟာ ယခု ပေါက်ကွဲမှုဖြစ်တဲ့အိမ်မှာ တည်းခိုလေ့ရှိကြောင်း သိရှိရပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော်က အသုံးပြုနေတဲ့ ဖောက်ခွဲဖျက်ဆီးရေး လက်နက် ခဲယမ်းများဟာ ကိုင်တွယ်သူများ မကျွမ်းကျင်ခြင်း၊ ဒေသန္တရ လက်လုပ်မိုင်းများ ဖြစ်နေခြင်းတို့ကြောင့် ယခုလို တပ်ဆင်နေချိန်မှာ ပေါက်ကွဲမှုများ မကြာခဏ ဖြစ်လျှက်ရှိပါတယ်။ ယခု ပေါက်ကွဲ မှုဖြစ်ပွားတဲ့အိမ်ဟာ အိမ်အမှတ် ၆၉ ဖြစ်ပြီး ပိုင်ရှင် ဦးဒယောင်တန်ရမ်းဆိုသူဖြစ်ပါတယ်။ ဦးဒယောင်တန်ရမ်းဟာ KIO ဒုဥက္ကဌ ဦးအင်ဘန်လနဲ့ ဆွေမျိုးနီးစပ်တော် တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် သေတဲ့ အထဲမှာပါတဲ့ အိမ်ရှင်ရဲ့သား ဒယောင်ဆိုင်ခွန်ဟာ ဘယ်လက်၊ ဘယ်ခြေပြတ်ပြီး မျက်နှာတစ်ခြမ်း ပြတ်သွားတာ ဖြစ်လို့ မိုင်းထောင်ဖို့ ပြင်ဆင်နေတုံး ထကွဲတာ ဖြစ်တယ်လို့ ယူဆရကြောင်းနဲ့ ဖြစ်စဉ်မှာ ၁၀ ဦးသေ၊ ၂၃ ဦး ဒဏ်ရာရတယ်လို့ ဖော်ပြထားပါတယ်။

အောက်မှာပဲ ဇယားနဲ့ ကေအိုင်အို၊ ကေအိုင်အေက ဇွန် ၁၄ ကနေ နို ၁၃ ကြားမှာ တံတားမိုင်းခွဲတာ (၁၀၅) ကြိမ်၊ ကားလမ်းမိုင်းခွဲတာ (၉) ကြိမ်၊ မီးရထားလမ်း မိုင်းခွဲတာ ( ၁၈) ကြိမ်နဲ့ ကားမိုင်းခွဲတာ (၃) ကြိမ်၊ အဆောက်အအုံကို မိုင်းခွဲတာ (၃၁) ကြိမ်၊ အရပ်သားတွေကို ပစ်တာ ( ၃၁) ကြိမ်နဲ့ မီးရှို့တာ (၆)ကြိမ် လုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။



အဲဒီ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃၃ ဦး သေ၊ ၇၅ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ကေအိုင်အေက လူသစ်စုဖို့ အတွက် လူ ၂၉၂ ဦးကို ဖမ်းသွားခဲ့ကြောင်း ဖော်ပြထားပါတယ်။

အဆိုပါ ပေါက်ကွဲမီးလောက်မှုကြောင့် အိမ်အမှတ် ( ၆၉၊ ၆၈၊ ၆၇ ) တို့ မီးလောင်ပျက်စီးခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားတဲ့ အိမ်ပိုင်ရှင်မှာ ဦးဒယောင်တန်ဂွန်းဖြစ်ပြီး၊ အဲဒီအိမ်မှာ မိဘမဲ့ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ ဒဏ်ရာမပြင်းထန်တဲ့ ကလေးတွေရဲ့ပြောကြားချက်အရ သူတို့အဖွဲ့ဟာ လိုက်ဇာမှာလုပ်တဲ့ ပွဲလမ်းသဘင်တွေမှာ ဘင်ခရာနဲ့ ပန်းပွားအကကို လိုက်လံ ကပြ ဖျော်ဖြေရကြောင်းနဲ့ ယခုအိမ်မှာ လိုင်ဇာက ဧည့်သည်တွေရောက်နေတယ်လို့ သိရှိရပါတယ်။


သေဆုံးတဲ့အလောင်းတွေထဲက အိမ်အမှတ်( ၆၉ ) မှာတွေ့ရတဲ့ ဦးဒယောင်တန်ဂွန်းရဲ့ သားသမီး ၂ ယောက်မှာ ခန္ဓာကိုယ်အပိုင်းလိုက် ခါးလည်ကနေ ပြတ်သွားတာကို တွေ့ရလို့ ဦးဒယောင်တန်ဂွန်းရဲ့ သားသမီးတွေက ဗုံးကို တပ်ဆင်နေတုန်းမှာ ပေါက်ကွဲမှုဖြစ်နိုင်တယ်လို့ မြစ်ကြီးနားမြို့ခံတွေက ပြောပါတယ်။

ပေါက်ကွဲပျက်စီးမှုကြောင့် ဒဏ်ရာရသူတွေမှာ တွေ့ရတဲ့ အစအနတွေဟာ မြစ်ကြီးနားမှာ တွေ့တဲ့မိုင်းတွေနဲ့ ယမ်းအမျိုးအစားချင်းတူညီနေပါတယ်။ ဒဏ်ရာရသူတွေကို ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ ဘာသာရေး အသင်းအဖွဲ့များနှင့် မြို့မိမြို့ဖများက ကူညီစောင့်ရှောက်ကြပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် အနေဖြင့် ပြည်သူများနေထိုင်ရာ ဒေသများတွင် အဖျက်လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နေလို့ ကချင်လူမျိုးတွေက ကချင်လွတ်မြောက်ရေး တပ်မတော်အား လူထုက အကြမ်းဖက်အဖွဲ့ အဖြစ် ထင်သွားမှာကို စိုးရိမ်နေပေမယ့် မြစ်ကြီးနားက လူတွေကတော့ သူတို့ကို ရွံရှာမုန်းတီးနေတယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောကြားခဲ့ပါတယ်။









အောက်ပါ ပုံအသေးလေးများကို ကလစ်ပြီး ပုံအကြီးချဲ ကြည့်နိုင်ပါတယ်။ ပုံတွေက စုတ်ပျက် ဆိုးရွားတာကြောင့် လူတိုင်းမမြင်နိုင်အောင် သေးထားတာပါ။ အမျိုးသမီးများနဲ့ စိတ်မခိုင်သူများ မကြည့်ဖို့ အကြံပေးချင်ပါတယ်။


နိုဝင်ဘာလ ၁၀ ရက်၊ ည ၈နာရီ ၄၅ မိနစ်ခန့် ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နန့်ခမ်းမြို့နယ်၊ နန့်ခမ်း ရဲစခန်းရှေ့မှာ မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။ မိုင်းလို့ယူဆရတဲ့ ၁ ပေခွဲပတ်လည် အထုတ် ၁ ထုတ်ကို ဆိုင်ကယ်ပေါ်ကနေ ပစ်ချပြီး ထွက်ပြေးသွားလို့ ဒုရဲအုပ်ဇော်ထူးခေါင်ဆန်နဲ့အဖွဲ့က သွားရောက်စစ်ဆေးစဉ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် ဒုရဲအုပ် ဇော်ထူးခေါင်ဆန်မှာ မူဆယ်ဆေးရုံတွင် သေဆုံးသွားပြီး အခြား ဒဏ်ရာရသူ ၃ ဦး ဖြစ်တဲ့ ဒုရဲတပ်ကြပ် ကျော်စွာမိုးနှင့် အမျိုးသမီး ၂ ယောက်ကိုတော့ မူဆယ်ပြည်သူ့ဆေးရုံကြီးတွင် ကုသဆဲ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့ညက မြစ်ကြီးနားမြို့ပေါ်မှာ မပေါက်ကွဲသေးတဲ့ မိုင်းတစ်လုံးကို ရှာဖွေ ဖျက်ဆီးနိုင်ခဲ့သော်လည်း မိုင်းနှစ်လုံးမှာ ပေါက်ကွဲခဲ့ပါတယ်။ မပေါက်ကွဲသေးသောမိုင်းကို ဧရာရပ်ကွက် အောင်ဆန်းလမ်းမအကြီး ဘေးမှာ တွေ့ရှိတာဖြစ်ပြီး တာဝန်ရှိသူများက ဖောက်ခွဲရှင်းလင်းလိုက်ပါတယ်။ ထိုနေ့ည ၉ နာရီ ၅၅ မိနစ် သီတာရပ်ကွက် အား/ကာ ရုံးရှေ့ရှိချုံဖုတ်ထဲမှာ မိုင်းတစ်လုံးနှင့် ၁၀ နာရီ ၁၅ မိနစ်တွင် တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံ ( မြောက် ) နယ်မြေ ဆွမ်ပရာဘွမ်လမ်းနှင့် စက်မှုလမ်းဆုံတွင် မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူနဲ့ ပျက်ဆီးဆုံးရှုံးမှု မရှိပါဘူး။

နိုဝင်ဘာ ၉ ရက်နေ့ မနက် ၁ နာရီခွဲခန့်ကလည်း မိုးကောင်းမြို့နယ်နမ္မတီးကျေးရွာနဲ့ မရမ်းရွာကြားမှာ နဘားကနေမြစ်ကြီးနားကို ဦးသိန်းညွှန့် မောင်းနှင်လာတဲ့ စက်ခေါင်းအမှတ်DD-၁၅၁၉ ခေါက်ပြန်ကုန်တင်ရထားကို KIAအဖွဲ့က မိုင်းခွဲပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ပြောပါ တယ်။

ကုန်တင်ရထားဖြစ်လို့ လူတွေထိခိုက်မှုမရှိပေမဲ့ မိုင်းခွဲပစ်ခတ်ဖျက်ဆီးမှုကြောင့် မီရထားစက်ခေါင်းအရှေခြမ်းထိမှန်ပြီး စက်ချို့ ယွင်းပျက် စီးသွားတဲ့အပြင် မီရထားလမ်းဇလီဖားတုံးတွေလဲကျိုးပဲ့ပျက်စီးသွားခဲ့ပါတယ်။ KIA အဖွဲ့ကရထားလမ်းတွေကို မိုင်းခွဲ ဖျက်ဆီးတဲ့အပြင်ရထားတွေကိုပါ ပစ်ခတ်တိုက်ခိုက်လာတဲ့အတွက် ခရီးသွားလာရမှာကိုတောင် ဒေသခံတွေက အတော်လေး ဆိုးရိမ်ကြောက်လန့်နေကြတယ်လို့ သိရပါတယ်။

လိုင်ဇာဌာနချုပ်မှ သတင်းတွေအရ နိုဝင်ဘာလ ၁၁ ရက်နေ့ကနေနိုဝင်ဘာ၁၄ ရက်နေ့ အထိဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ KIA တပ်ဖွဲ့ဝင်(၂၂)ဦးကျဆုံးပြီး (၅၈) ဦးဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ဒီကိစ္စ တွေပတ်သက်လို့
ဗိုလ်ချုပ်ဂမ်ရှောင်က ကျဆုံး၊ထိခိုက်ဒဏ်ရာရနဲ့ထွက်ပြေးသွားတဲ့ တပ်ဖွဲ့ဝင်တွေနေရာမှာ အင်အား ဖြည့်တင်းဖို့ ရွာတွေမှာရှိနေတဲ့ ယောက်ျားမှန်သမျှ ဖမ်းဆီးခေါ်ဆောင်လာဖို့ တပ်မဟာမှူးတွေကို ပြောကြားထား တယ်လို့ သိရပါတယ်။

ဒါကြောင့် ဒေသခံရွာသားတွေဟာ အိမ်ထောင်စုအလိုက် KIA တပ်ဖွဲ့တွေနဲ့ဝေးရာ ဒေသတွေကိုရွှေ့ပြောင်း နေထိုင်ကြပါတယ်။ ဦးဇခုန်တိယိန်း၊ဦးလဆန်အောင်ဝါ၊ဦးဆွန်လွတ်ဂမ်ဆိုင်းနဲ့ဒေါက်တာတူးဂျာတို့အနေနဲ့ ကချင် ပြည်နယ်အတွင်းမှာ ငြိမ်းချမ်းရေးလုပ်ဆောင်နိုင်ဖို့ကြိုးစားနေကြပါတယ်။

ဗိုလ်ချုပ်ဂမ်ရှောင်ရဲ့သဘောထားတင်းမာမှု ကြောင့် ဒေသခံကချင်လူထုတွေဒုက္ခရောက်နေကြပါတယ်။ ကချင်တော်လှန်ရေးအတွက် စစ်မှုမထမ်းပဲတိမ်းရှောင် နေတဲ့ သူတွေကို သူရဲဘောကြောင်သူတွေအဖြစ်သတ်မှတ်ပြီး သတ်ပစ်ဖို့ အမိန့်ပေးထားပါတယ်။ကချင် လူထု အတွက် တစ်နေထက်တစ်နေ့ အခြေအနေပိုမိုဆိုးရွားနေတဲ့အတွက် ဒေသခံတော်တော်များများ NDKA နယ်မြေသို့ ပြောင်းရွှေ့နေကြတယ်လို့သိရပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တွင်လူအင်အားနည်းပါးလာနေတဲ့အတွက် ကျေးရွာများသို့ အလစ်အငိုက်ဝင်ရောက်ကာ တပ်သားသစ်စုဆောင်းနေပါတယ်။ KIAတပ်ဖွဲ့တစ်ဖွဲ့ဟာ နိုဝင်ဘာ ၁၀ ရက်နေ့ ည(၂)နာရီအချိန်မှာမြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာ၊ အမှတ်(၅)ကချင်စုရပ်ကွက်အတွင်း ၀င်ရောက် လာပြီး ကချင်စုရပ်ကွက်မှ လူငယ်(၁၆)ဦးအား တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

KIA အဖွဲ့ဟာ လူသစ်တွေကို တာလောကြီးကျေးရွာမြောက်ဘက်မှာရှိတဲ့တရုတ်သင်္ချိုင်းဘက်ဆီကို ခေါ်ဆောင်သွားခဲ့တယ်လို့ မျက်မြင်တွေ့လိုက်ရတဲ့ အမှတ်(၅)ကချင်စုရပ်ကွက်မှအမျိုးသမီးတစ်ဦးက ပြောပြ ပါတယ်။တပ်သားသစ်အဖြစ်အတင်းအဓမ္မခေါ်ဆောင်ခံရတဲ့ သူတွေကို ကေအိုင်အေဌာနချုပ်ကိုရှိတဲ့လိုင်ဇာ ကိုဆက်လက်ပို့ဆောင်ခဲ့တယ်လို့လဲ သိရပါတယ်။

KIAတပ်တွေအနေနဲ့တိုက်ပွဲတွေမှာရှုံးနိမ့်မှုတွေနဲ့ရင်ဆိုင်နေရသလို တပ်ဖွဲ့ဝင်တော်တော် များများ သေသူသေ၊ဒဏ်ရာရသူရဖြစ်နေတဲ့အပြင်စစ်တိုက်ရမှာကြောက်လို့ထွက်ပြေးနေတဲ့တပ်ဖွဲ့ဝင်အရေအတွက် ကလည်း တစ်နေ့ထက်တစ်နေ့ များပြားလားနေပါတယ်။ ဒါကြောင့်လိုင်ဇာက အရေးပေါ်ထုတ်ပြန်တဲ့ အမိန့် တွေအရ လူသစ်တွေမရရအောင် စုဆောင်းနေရတာဖြစ်တယ်လို့ သိရှိရပါတယ်။

ကျေးရွာ၊ရပ်ကွက်တွေထဲမှာ လူစိမ်းဝင်လာရင် အမြန်သိနိုင်ဖို့နဲ့ကေအိုင်အေအဖွဲ့ဝင်လာရင်ထွက်ပြေး ပုန်းအောင်းဖို့ အတွက်ကင်းတွေချထားနေတယ်လို့လဲသိရပါတယ်။ ကချင်လူမျိုးစုခေါင်းဆောင်တွေအနေနဲ့ တော့ကေအိုင်အေရဲ့ လက်ရှိလုပ်ရပ်တွေအပေါ် စိတ်ပျက်မိကြောင်းနဲ့ကြာရင်အကြမ်းဖက်အဖွဲ့အစည်း အဖြစ် ကချင်လူမျိုးအားလုံးက နာကျည်းမှာစိုးရိမ်မိတယ်လို့ လူမျိုးစုခေါင်းဆောင်တစ်ဦးကပြောပါတယ်။

အင်တာနတ်သတင်းတွေမှာတော့ တိုက်ပွဲဖြစ်တိုင်း အစိုးရ စစ်သား ၂၀၀ ၊ ၃၀၀ သေကြောင်း ဖော်ပြတတ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA အနေနဲ့ အခုရက်ပိုင်းအတွင်းမှာအကျအဆုံးတွေများပြား နေပါတယ်။ စစ်ရေး အရ ဆုံးရှုံးမှုတွေများနေသလို မြစ်ကြီးနားမြို့ပေါ်မှာရှိတဲ့ ပြည်သူလူထုတွေ၊ကချင်လူမျိုး စုခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်း ဆောင်တွေနဲ့ ကချင်ပြည်နယ်ကိုယ်စားလှယ်တွေရဲ့ ငြိမ်းချမ်းရေး လုပ်ရန်တောင်းဆိုချက်တွေနဲ့လဲရင်ဆိုင်နေရပါတယ်။ ကချင် ပြည်နယ်လူထုရဲ့ထောက်ခံမှုတွေကျဆင်းပြီး KIA ကို အကြမ်းဖက်လုပ်ရပ်တွေရပ်တန့်ဖို့ တောင်းဆိုခြင်းနဲ့လဲ ရင်ဆိုင်နေရပါ တယ်။

KIA တပ်တွေအနေနဲ့ ၀င်ငွေကောင်းတဲ့စခန်းတွေ၊ ဂိတ်တွေလက်လွှတ်ဆုံးရှုံးရပြီးတဲ့နောက်မှာ ငွေရရှိဖို့အတွက်နည်း လမ်းမျိုးစုံကိုအသုံးပြုနေပါတယ်။ ကေအိုင်အေအဖွဲ့တပ်ရင်း(၅)ကတပ်ကြပ်ကြီးမရန်နော်နဲ့ အဖွဲ့ဝင်(၂၀)ဦးဟာ နိုဝင်ဘာလ(၁၄) ရက်နေ့မှာ ရွှေကူမြို့နယ်၊ မိုးလှိုင်ကျေးရွာရဲ့မြောက်ဘက်မှာရှိတဲ့ နန့်မလယန်ချောင်းကိုရောက်ရှိလာပြီး ရွှေရှာဖွေလုပ်ကိုင်စား သောက်နေတဲ့ ရွာသူ၊ရွာသား(၇)ဦး ကိုဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။

အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရတဲ့ရွာသားတွေကတော့-
၁။ ဦးပန်းဦး အမှတ်(၂)ရပ်ကွက်၊ ရွှေကူမြို့ ၄၅ နှစ် ။
၂။ ဦးအောင်ကြိုင် အမှတ်(၂)ရပ်ကွက်၊ ရွှေကူမြို့ ၄၂ နှစ် ။
၃။ ဥိးဒါဝိ အမှတ်(၄)ရပ်ကွက်၊ ရွှေကူမြို့ ၄၆ နှစ် ။
၎။ ဦးရှမ်းလေး မိုးလှိုင်ကျေးရွာ၊ ရွှေကူမြို့ ၄၄ နှစ် ။
၅။ ဦးလွယ်တောင် မိုးလှိုင်ကျေးရွာ၊ ရွှေကူမြို့ ၃၇ နှစ် ။
၆။ ဦးသိန်းစိုးဦး ကုက္ကိုတောရပ်ကွက် ၊ ဗန်းမော်မြို့ ၃၅ နှစ် ။
၇။ မနန်းသန်းသန်းအေး ၊ မိုးလှိုင်ကျေးရွာ ၊ ရွှေကူမြို့ ၂၀ နှစ် ။
ဖမ်းဆီးခံရတဲ့မိသားစုတွေအနေနဲ့ ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ ကချင်အတိုင်ပင်ခံအဖွဲ့ရဲ့နာယကဖြစ်တဲ့ ဒေါ်အင်ဖန်း ဂျာရာနဲ့ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့ထံ စာရေးသားတိုင်ကြားထားပါတယ်။ ငွေကြေးရဖို့ အတွက် ပြန်ပေးဆွဲတဲ့သဘောမျိုးလား၊ ဒါမှမဟုတ်စစ်ပွဲတွေမှာ စစ်သားအဖြစ်အသုံးပြုဖို့လားဆိုတာကို တော့ခွဲခွဲခြားခြားမသိရသေးပါဘူး။ အသက်(၂၀)သာရှိသေးတဲ့ ရှမ်းလူမျိုးနန်းသန်းသန်းအေးအတွက် သူ့ရဲ့မိခင်အနေနဲ့ တော်တော်ကြီးကို စိုးရိမ်နေတယ်လို့သိရပါတယ်။

``အခုလာဖမ်းသွားတာက ကျွန်မတို့ရဲရွှေလုပ်ကွက်ထဲကို သေနတ်တွေကိုယ်စီနဲ့ဝင်လာပြီး ထွက်မ ပြေးနိုင်အောင်ဝိုင်း ၀န်းပိတ်ဆို့ဖမ်းသွားတာပါ။ ကျွန်မကရွာထဲကိုခနပြန်သွားနေလို့ အဖမ်းခံရတဲ့အထဲပါ မသွားတာပါ။ကျွန်မသမီးလေးကတော့ကံ ဆိုးပါတယ်။ကျွန်မတို့က အလုပ်လုပ်နေတဲ့သူတွေကိုထမင်းချက်ကျွေးနေတာပါ။ သူတို့က အခုဖမ်းသွားတဲ့သူတွေကို ပိုက်ဆံနဲ့ လာရွေးရမယ်လို့ ပြောတယ်လို့သူတို့နဲ့အဆက်အသွယ်ရှိတဲ့သူတစ်ယောက်ကလာပြောပါတယ်´´လို့မိုးလှိုင်ရွာ သူဒေါ်ရှမ်း မက ပြောပါတယ်။ အေးချမ်း စွာလုပ်ကိုင်ရှာဖွေ စားသောက်နေတဲ့ သူတွေအတွက် KIA ဟာ တောထဲမှာသွားနေတဲ့ ဆင်ရိုင်းတစ်အုပ် နဲ့တူလာနေပြီလို့ အဲဒီကျေးရွာကဆရာမတစ်ဦးကပြောဆိုပါတယ်။


Myanmar Express

8 comments:

တပ်မတော်ကို မနိုင်လို့ သွေးရူးသွေးတန်းနဲ့ ပြည်သူအပေါ်မဲ နေတဲ့ KIA အမြန်ကျဆုံးပါစေ...

The funniest post for this year. LOL

i really wonder who wrote this post!may be he is a stupid guy(don't know real situation).U should mention what is really happening ,who are right and who are wrong.

this post writer is reality stupid/ particular person. Dn't go anymore in this post all of online users. the once is may be something wrong in his/her mind!!!.

the people in Kachin State know very well about who is doing terrorist acts in Kachin State..Many evidences show that Burmese troops at the front lines are committing human right violations including raping women, killing, portering,torturing, threatening innocent civilians..Do you think the government is doing the right thing? It's time to wake up Myanmar Express..Wake up..know the truth..

Maybe If you flip pages History, War is fought between two armed forces not raping civlians and tortuing them like MILITARY GOVERNMENT.

BLOWING Bridges and roads are part of war strategy. AN ACT OF WAR. Not an act of terrorism.

If you are gonna BARK, bark the right things. People barking not know the true meaning of terrorism.

wht the hell,who wrote the fake news...only 45% is correct ,other is shit...

Say something on these comment.. you mother fucker myanmar express. DON'T U KNOW WHO IS KILLING THE CIVILIAN IN KACHIN STATE. come and see . "" crimes in northern Burma " recently report
by partner relief.
You Such A Bullshit Blogger .

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်