Subscribe to our RSS Feed

ငါမြန်မာလူမျိုး ဒါမြန်မာနိုင်ငံဆိုတာ ကိုမမေ့သင့်ဘူးထင်တာပဲဗျာ.... (ပေးစာ - ၄၃)


သူငယ်ချင်းတို့ကို ကျနော့ ကိုယ်တွေ့အဖြစ်အပျက်တစ်ခု ကိုပြောပြချင်ပါတယ်ဗျာ...ရန်ကုန်မှာပါ(နားနဲ့မနာဖ၀ါးနဲ့သာနာကြပါဗျာ....)
အဖြစ်အပျက်က ဒီလိုဗျ ဒီနေ့ညနေမှာ ကျနော် အင်တာနက်ဆိုင်ထိုင်တယ်ဗျာ...ထိုင်တော့ ကျနော့ ဘေးနားက စက်ကပ်ရပ်မှာ
ကောင်မလေးတယောက်လာထိုင်တယ်ဗျ.....ကောင်မလေးက အလွန်ဆုံး ရှိမှ ၁၇၊၁၈ပေါ့ဗျာ.... ချစ်စရာလေးပါပဲ.....ေ ကာင်မလေးဆိုပေမယ့် ကျနော့်ညီမလေးအရွယ်ပါ..... အဲ့မှာ ခဏလောက်ကြာတော့
သူ့ကောင်လေးလားမသိဘူးရောက်လာတယ်ဗျ....ကောင်လေးကတော့ကောင်မလေးထက်ကြီးမယ်ထင်တယ်ဗျ၁၉/၂၀ လောက်တော့ ရှိမယ်ထင်တယ်.......အဲ့မှာ ဇာတ်လမ်း က စတော့တာပဲ.....စစ ချင်းကောင်လေးက ကောင်မလေး ကို
နမ်းတယ်ဗျာ.....ပြီးတော့ နောက်ဆက်တွဲတွေပါ ပါလာတယ်.....နောက်ဆက်တွဲ ကဘာလဲံဆိုတာတော့ သယ်ရင်းတို့ သိမှာပါ ပြောလို့
မကောင်းလို့မပြောပြတော့ဘူးဗျာ....ဒါပေမယ့်တွေးကြည့်ရင်သိပါတယ်ဗျာ.....ပြီးတော့ကောင်လေးကပြော
တယ်...“အေးဆေးတဲ့ နေရာတခုသွားရအောင်” တဲ့ကောင်မလေးကလဲမငြင်းဖူးဗျာ....“အင်း” တဲ့ .....
အဲ့ဒါဘေးနားမှာကျနော်တယောက်လုံးကပ်ရပ်ရှိနေတာနော်.......သူတို့ကတော့အေးဆေးပဲဘာမှမဖြစ်သလိုပဲ ကောင်မလေးရော

ကောင်လေးရောက သူတို့ လုပ်ချင်တာလုပ်တယ်ပြီးလည်းပြီးရော ခုန ကလိုပြောပြီး ထွက်သွားတော့တာပဲ....သူငယ်ချင်းတို့
စဉ်းစားကြည့်ကြပါဗျာ...ကျနော်လည်းလူငယ်တယောက်ပါပဲ.....ဒါပေမယ့်ဗျာ...ခုခေတ်ကြီးမှာ
လူနေမှုအဆင့်အတန်းတွေ မြင့်မားလာတာနဲ့ အမျှယဉ်ကျေးမှု တွေကလဲ ပြောင်းလဲလာကြတယ်ဗျာ....ပြောင်းလဲ လာတာ ထားပါတော့....ဒါပေမယ့် ကျနော်တို့မြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာ ယဉ်ကျေးမှု မြင့်မားတဲ့ နိုင်ငံတနိုင်ငံ အဖြစ်
အသိအမှတ်ပြု ခံထားရတဲ့ နိုင်ငံဖြစ်ပါတယ်ဗျာ...အဲ့ဒါကိုတော့မမေ့သင့်ပါဘူး.ပြီးတော့ ဒါမြန်မာနိုင်ငံ....ငါ က မြန်မာလူမျိုးပါလား
ဆိုတာလည်းမမေ့သင့်ဘူးထင်ပါတယ်ဗျာ....အထူးသဖြင့် မိန်းကလေးတွေ ကပိုဆိုးတာပေါ့ဗျာ...... မြန်မာလူမျိုးမိန်းကလေးဆိုတာ ကိုယ်ကျင့်တရား ကိုအသက်ထက် တန်ဖိုးထားတဲ့ သူတွေပါဗျာ.....ပြီးတော့ ပြောကြတယ်
ချစ်တာတဲ့......ဒါဆို ကျနော် က မေးလိုက်ချင်ပါသေးတယ်ဗျာ......လူမြင်ကွင်းမှာ နမ်းပြမှဘာညာလုပ်ပြမှ ချစ်တာလားးး
ဒါမှမဟုတ် ဆိတ်ကွယ်ရာမှ........မှ ချစ်တာလားးး အဲ့လိုမှမလုပ်ရင် မချစ်ဘူးအဲ့အချစ်က အစစ်မဟုတ်ဘူးလို့
သတ်မှတ်ကြမှာလားဗျာ.....အဲ့ဒါကြောင့်ကျနော်ပြောချင်တာကတော့သယ်ရင်းတို့
အနေနဲ့လဲ ကိုယ့်ညီမတွေ တူမလေးတွေကို ဒီတိုင်းမလွှတ်ထားသင့်ဘူးထင်တယ်ဗျာ...ပြီးတော့လဲ ငါမြန်မာပါလားဆိုတဲ့ အသိ ကို
သူတို့ခေါင်းထဲမှာ စွဲနေအောင်ပြောပြထားသင့်တယ်လို့ထင်ပါတယ်ဗျာ.......

ဆရာလုပ်တာ မဟုတ်ပါဘူးဗျာ...ကျနော်လည်းလူငယ် တယောက်ပါပဲ ဒါပေမယ့်ဒီလိုမျိုးတွေ မဖြစ်သင့်ဘူးထင်လို့ပြောပြတင်ပြလိုက်တာပါခင်ဗျာ.........အမှားပါရင်တောင်းပန်ပါတယ်.....

3 comments:

u are surely right.I am with u

ခွေးပါးစပ်က နတ်စကားထွက်တယ်ဆိုတာ ဒါကိုပြောတာ ထင်တယ်။

ဟုတ်တယ် မြန်မာမိန်းခလေးတွေ လူကြားသူကြားမှာတောင် မြင်မကောင်း၊အဆင်ခြင်နိုင်လောက်အောင် အကြီးအကျယ်ကိုပျက်စီးနေကြတဲ့ သူတွေတော်တော်များများတွေ့နေရပါပြီ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်