Subscribe to our RSS Feed

အခြေအနေမကောင်းတော့ ပုံစံပြောင်းရတော့မည် ပြည်ပရောက် အတိုက်အခံများအကြောင်း

အဒဖ က ၂၀၀၈ အခြေခံဥပဒေအရ မှတ်ပုံတင်လိုက်အပြီး ရွေးကောက်ပွဲဝင်ဖို့ ပြန်ဆင်နေချိန်မှာ မှာ ၂၀၀၈ အခြေခံဥပဒေကို ဆန့်ကျင် ဆန္ဒပြပြီး ရွေးကောက်ပွဲကို ကန့်ကွက်နေတဲ့ ပြည်ပ
ရောက် အတိုက်အခံတွေ အခြေအနေမကောင်းတော့တာကြောင့် နိုင်ငံရေးအဖွဲ့တွေအကုန် စုဖွဲ့မှု ပုံစံပြောင်းရတော့မှာဖြစ်ပါတယ်။

ဘာမှန်းမသိ၊ အနှစ် ၂၀ ကျော် ဘာအလုပ်မှမလုပ်နိုင်ပဲ အမည်မျိုးစုံနဲ့ ဖွဲ့ထားတဲ့ လွတ်မြောက်နယ်မြေ NLD-LA၊ ပြည်ထောင်စု မြန်မာနိုင်ငံ အဝေးရောက်အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များ အဖွဲ့ MPU၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB တို့ တွေလည်း ဖျက်ရမလား ပြောင်းရမလား စဉ်းစားနေရပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကိုဝမ်းကွဲ ဖြစ်တဲ့ ဒါက်တာစိန်ဝင်းက ဝန်ကြီးချုပ် တာဝန်ယူထားတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အဝေးရောက် အမျိုးသားညွန့်ပေါင်း အစိုးရ NCGUB ရဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့ အစည်းအဝေးမှ “အစိုးရ” ဆိုသည့် စကားလုံးမှာ လက်တွေ့တွင် မအပ်စပ်တော့ကြောင်း သုံးသပ်ခဲ့ကြပါတယ်။ မအပ်စပ်တာကတော့ အရင်ကတည်းက မအပ်စပ်တာမှန်း အားလုံးက သိကြပါတယ်။ ဒါပေမယ့်လည်း လူရှိန်အောင် အစိုးရ ဆိုပြီး ကိုယ့်အစိုးရ၊ ကိုယ့်ဝန်ကြီးချုပ်နဲ့ ဆိုပြီးနေခဲ့ကြတာပါ။

နိုင်ငံနဲ့ လူမျိုးအတွက် ဘာမလုပ်မှ မလုပ်ပေးနိုင်ပေမယ့်လည်း အရင်တုန်းကတော့ အထောက်အပံ့တွေ နိုင်ငံတကာက တောင်းလို့ရခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ နော်ဝေးအစိုးရကလွဲရင် ဘယ်သူ့ဆီကမှ အထောက်အပံ့တွေ မရတော့ဘူးလို့ သိရပါတယ်။

NLD-LA ကိုလည်း ဖျက်သိမ်းမှာဖြစ်ကြောင်းနဲ့ ပြည်ပရောက် NLD ဆိုပြီး နာမည်ပြောင်းက အရင်လိုပဲ အထောက်အပံ့တွေကို ဆက်ယူသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ NLD-LA အဖွဲ့ဟာ ဂျပန်၊ သြစတြေးလျ၊ ကနေဒါ၊ မလေးရှား၊ တောင်ကိုရီးယား၊ နော်ဝေး၊ အင်္ဂလန် နိုင်ငံတွေမှာ ရှိပြီး အဲဒီနိုင်ငံတွေကနေ မြန်မာနိုင်ငံသားတွေ ကောင်းစားဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။

NCUB ဆိုတာကလည်း DAB၊ NDF၊ NLD-LA၊ NCGUB ဆိုပြီး ဘာမှန်းမသိတဲ့ ခေါင်းစဉ်တွေနဲ့ အမျိုးမျိုး ဖွဲ့စည်းပြီး MPU ဆိုတာနဲ့ အစားထိုးခဲ့တာဖြစ်ပါတယ်။


ဒီအဖွဲ့အစည်းတွေနဲ့ ပြည်ပရောက် အတိုက်အခံတွေ အကြောင်းကို ပြည်ပအဖွဲ့အစည်းတွေအကြောင်း အနီးကပ်လေ့လာသူတစ်ဦးက အခုလို ပြောပြပါတယ်။


" ပြည်ပရောက် အတိုက်အခံဆိုတာတွေကို အကြမ်းအားဖြင့် သုံးမျိုးတွေ့ ရပါမယ်။

၁။ နိုင်ငံခြားသား များသာ ပါဝင်သော အဖွဲ့အစည် Amnesty International လို အဖွဲ့အစည်း၊ UNHCR, HumanRights, IJC ကဲ့သို့သော အဖွဲ့အစည်းများ

၂။ နိုင်ငံခြားသားနှင့် မြန်မာ လူမျိုးများ ပေါင်းစပ် ပါဝင်သော အဖွဲ့အစည်း US Campaign for Burma, Burma Campaign Austrlia n Burma Caupaign UK BDC. ကဲ့သို့သော အဖွဲ့အစည်းများ

၃။ မြန်မာ လူမျိုးများသာ ပါဝင်သော အဖွဲ့အစည်း NLD LA ပြည်ပရောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့များ NCUB, တိုင်းရင်းသား အဖွဲ့အစည်း ပေါင်းစုံ၊ ၈၈ မျိုးဆက် ကျောင်းသားများ ကဲ့သို့သော အဖွဲ့အစည်းများ ဖြစ်ပါတယ်။

အဖွဲ့အစည်းတွေကတော့ မျိုးဆုံ၊ နာမည်တွေကတော့ မရေတွက်နိုင်အောင် များပါတယ်။ ဒါပေမယ့် အားလုံးက နိုင်ငံ့အကျိုးအတွက် မဟုတ်ပါဘူး။ သူတို့အကျိုးအတွက်ချည်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ပြည်ပရောက် အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်တွေကို မဆန့်ကျင်ပဲ ထောက်ခံ နေတာပါ။ ပြည်တွင်းက လူတွေ လုပ်နိုင်ခွင့် မရှိတာတွေကို ပြည်ပက လူတွေ လုပ်နေ ပါတယ်။" လို့ ရှင်းပြပါတယ်။

ဒါ့အပြင် ပိုက်ဆံရဖို့ ဘယ်လိုရှာရလဲ ဆိုတာကို ခုလို ဆက်ရှင်းပြပါတယ်။

" ဒီအဖွဲ့အစည်းတွေဟာ ရန်ပုံငွေ တောင့်တင်းအောင် ကမ်ပိန်းတွေ လုပ်ရပါတယ်။ အလှူငွေတွေ ရှာရပါတယ်။ သူတို့လည်း သုံးစွဲ ရပါတယ်။ ဘာလို့လဲ ဆိုတော့ ခရီးစရိတ်၊ ၀န်ထမ်း လစာတွေ ရှာရပါတယ်။ လုပ်အားပေး ၀န်ထမ်း ဆိုပေမဲ့ သွားစရိတ် စားစရိတ်တွေ ကုန်ကြ ရတာရှိပါတယ်။ ရတဲ့ ဒေါ်လာတွေကို နယ်စပ်မှာ သောင်တင် နေတဲ့ နိုင်ငံရေးနဲ့ တိုင်းရင်းသား ဒုက္ခသည်တွေကို ထောက်ပံ့ ပါတယ်။ နိုင်ငံရေး အကျဉ်းသား မိသားစု ၀င်တွေကို ထောက်ပံ့ ပါတယ်။ စားရင်း ဇယား ကတော့ သက်ဆိုင်ရာ အဖွဲ့ အစည်း အသီးသီးမှာ ရှိပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ထောက်ပံ့ရာမှာတော့ အန္တရာယ် မဖြစ်ပေါ် စေရန် ပွင့်လင်း မြင်သာမှု မရှိပါဘူး။ " လို့ ရှင်းပြပါတယ်။

ပိုက်ဆံနဲ့ ထောက်ပံ့ကြေးရဖို့ ဘာတွေလုပ်ရတာလဲလို့ မေးချိန်မှာတော့ အခုလို ဆက်ရှင်းပြပါတယ်။

"အဓိက အလုပ်ကတော့ ဆန္ဒပြခြင်းပါ ဆန္ဒ ပြရာမှာ ၀န်ကြီးချုပ် အိမ်၊ သမ္မတ နေအိမ်၊ ပါလီမန် အဆောက်အအုံ၊ မြန်မာ သံရုံး ၊ တရုတ် သံရုံး၊ အိန္ဒိယ သံရုံးတွေ ရှေ့မှာ ဆန္ဒ ပြပါတယ်။ ဆန္ဒပြခြင်းနဲ့ ဆန္ဒပြ သူတွေမှာ ပုံစံ အမျိုးမျိုး ရှိပါတယ်။ အမျိုးသားနေ့ ပြည်ထောင်စုနေ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ တိုင်းရင်းသား တို့၏ နေ့များ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုများ။ စုံနေအောင် ပြပါတယ်။ အသံသေး အသံကြောင် အော်ဟစ် ပြီးတော့ကို ဆန္ဒပြ ပါတယ်။ သောက်ရှက် ကုန်အောင်ကို ဆန္ဒ ပြပါတယ်။ ဦးသိန်းစိန် အမေရိကန်ကို သွားစဉ် ဆန္ဒပြပွဲ ဗီဒီယိုဖိုင် Youtube မှာ ရှာကြည့်ပါ အရှက် မရှိ အော်ဟစ် ဆဲဆို နေတာတွေ တွေ့ရ ပါလိမ့်မယ် အဲ့ဒီလို အော်တဲ့ နေရာမှာ လူတို့ရဲ့ စပ်စုတဲ့ သဘာဝ အရ မေးကြ၊ လမ်းသွားရင်း ကြည့်သွားကြပါတယ်။ ၀က်ဆိုက်တွေမှာ ဖေါ်ပြကြပါတယ်။ " လို့် ဆက်ပြောပါတယ်။

စင်္ကာပူမှ အရှက်မရှိကြသူများ

တောင်ကိုရီးယားမှ တောင်းစားကြသူများ

သြောစတေးလျမှ ဒီမိုကရေစီရဖို့ ကြိုးပမ်းနေကြသူများ

ယူကေမှ လုပ်စားကြသူများ

မလေးရှားမှ အရှက်မရှိကြသူများ

ဂျပန်မှ တောင်းစားကြသူများ


အမေရိကန်မှ မျောက်ပြ ဆန်တောင်းကြသူများ

ဒါ့အပြင် အဲဒီလူတွေ ဘယ်ကနေလာလဲ၊ ဘယ်လိုလူတွေလဲဆိုတာကိုတော့

" သူတို့တွေဘယ်ကလာလဲဆိုရင်တော့ သောက်ရှက် မရှိသော ဒုက္ခသည် ဘ၀ကို ခံယူ ရာကနေ လာရတာဖြစ်ပါတယ်။ သူများ လုပ်လို့ ရောရောင်လုပ် ပြီးမှ ကြောက်ပြီး ထွက်ပြေးချင်စိတ် ပေါက်တဲ့ သူတွေလဲ ရှိပါတယ်။ အဲဒီနောက် နိုင်ငံခြားကို ထွက်ဖို့ ကြိုးစားကြရပါတယ်။ တခြား နိုင်ငံခြားရောက် မြန်မာတွေကလည်း လုပ်တဲ့ လုပ်အားခဟာ ကျောင်းစရိတ် နေစရိတ်ကို မကာမိဘူး။ ဗီဇာ သက်တမ်း တိုးဖို့ ကလည်း အလွန်ကို ခက်ပါတယ်။ ဒီတော့ သူများတွေလို တန်းတူ အခွင့်အရေး မြန်မြန် ရနိုင်မဲ့ နည်းလမ်း ဒုက္ခသည် အဖြစ် ခံယူဖို့ အရှက်မရှိ စဉ်းစား ရပါတော့တယ်။ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ဖို့ အတွက် ဆန္ဒပြပွဲတွေမှာ အမြဲ လိုလို အော်ရတော့တာ ပါပဲ။

ဖေစ့်ဘွတ် ပရိုဖိုင်မှာသာ ဓာတ်ပုံတွေ မတင် နာမည်မှန်တွေ မသုံးသော်လည်း၊ နိုင်ငံရေး ၀က်ဆိုက်တွေမှာ တင်ထားတဲ့ ဆန္ဒပြပွဲ ဓာတ်ပုံတွေ၊ တီဗီတွေမှာ ပါနေတဲ့ သက်ရှိ လူပုံ တွေဟာ အလွန် အင်မတန်မှ ပြေးမလွတ်သော သက်သေခံများသာ ဖြစ်ပါတယ်။ နိုင်ငံခြားမှာ ယာယီ ခိုလှုံခွင့် ရပေမဲ့ အမိ နိုင်ငံ မိဘ မောင်ဘွား ဆွေမျိုးသားချင်း ချစ်သူငယ်ချင်းတွေနဲ့ ပြန်မဆုံ နိုင်အောင် ခွဲခွာ နေရတဲ့ ပေးဆပ်မှုနဲ့ အလဲအထပ် လုပ်ရပါတယ်။

ပြည်ပရောက် နိုင်ငံရေးသမား တစ်ယောက် ပြည်ပမှာ နိုင်ငံရေး လုပ်ရင် ပြည်တွင်းက မိဘ ဆွေမျိုးတွေကို ဒုက္ခ ပေးလိမ့်မယ် ဆိုတဲ့ အယူအဆဟာ လုံးဝ မှားယွင်း ပါတယ်။ ပြည်ပရောက် နာမည်ကြီး နိုင်ငံရေးသမား အားလုံးဟာ မိဘ ဆွေမျိုးတွေနဲ့ အဆက်အသွယ် အမြဲ ရှိပါတယ်။ တွေ့ချင်တဲ့ အခါ ပြည်တွင်းကို ခိုးဝင်၍ သို့မဟုတ် ထိုင်းနိုင်ငံ၌ လာရောက် တွေ့ဆုံလေ့ ရှိကြပါတယ်။ နိုင်ငံရေးသမား တယောက် နိုင်ငံခြားမှာ နိုင်ငံရေး လုပ်လို့ သူနဲ့ ပတ်သက်သော မြန်မာ နိုင်ငံမှ လူများ ဒုက္ခပေးခံရခြင်း မရှိပါဘူး။

ဒါပေမယ့် အခုချိန်မှာတော့ ပြည်ပရောက် အဖွဲ့အစည်းအားလုံးနဲ့ အတိုက်အခံများလုံး ဒုက္ခရောက်နေကြပါပြီ။ အဓိကဝင်ငွေဖြစ်တဲ့ ကမ်ပိန်းတွေ လုပ်ဖို့ ခေါင်းစဉ်မရှိတော့ပါဘူး၊ အရင်လို့ Free Free Aung San Suu Kyi, No Vote No Vote လို့ ဆန္ဒပြလို့ မရတော့ပါဘူး။ ဒီတော့ အလုပ်လည်း မရှိ၊ ဝင်ငွေလည်း မရှိဖြစ်ပြီး သူတောင်းစား ခွက်ပျောက်ဘဝကို ရောက်ကြရတော့မှာပါ။ အဲဒီနိုင်ငံတွေမှာနေပြီး အလုပ်တစ်ခုဝင်လုပ်နေကာ တစ်သက်လုံးနေသွားဖို့ပဲ ရှိပါတော့တယ်။ သေချာတာကတော့ အဲဒီလူတွေဟာ နိုင်ငံနဲ့ လူမျိုးအတွက် ဘယ်တော့မှ အသုံးကျလာကြတော့မှာ မဟုတ်တော့ပါဘူး" လို့ အသေးစိတ် ကို ဖြေကြားသွားပါတယ်။


ပြည်ပရောက် အတိုက်အခံနဲ့ အဖွဲ့အစည်း အားလုံးဟာ နိုင်ငံကို ပြောင်းလဲချင်တာ မဟုတ်ပဲ သူတို့ဘဝကို ပြောင်းလဲဖို့သာ ကြိုးစားနေကြသူများ ဖြစ်ကြောင်းနဲ့ လက်ရှိအစိုးရ ပြောသလိုပဲ အမှန်တကယ် ပြည့်အင်အားဟာ ပြည်တွင်းမှာသာ ရှိတယ် ဆိုတဲ့စကားက အလွန် မှန်ကန်ကြောင်း၊ ပြန်ပရောက် အဖွဲ့အစည်းအားလုံးက ဘာမှ သုံးစားလို့မရကြောင်းလည်း ပြောသွားပါတယ်။


NCUB ဟာ NCGUB နဲ့ ပြဿနာအကြီးအကျယ်ဖြစ်ပြီး နှစ်ခြမ်းကွဲကာ အချင်းချင်း တိုက်ဖို့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ NLD - LA မလေးရှားကိုလည်း ကဒ်အတုတွေလုပ်မှုနဲ့ မလေးရှားရဲက ဝင်းစီးခဲ့ဖူးပါတယ်။ နာမည်အမျိုးမျိုးနဲ့ အဖွဲ့တွေ အမျိုးမျိုး ဖွဲ့ထားပြီး နာမည်ပျက်တွေလည်း ပြည့်နေတာကြောင့် နောက်ထပ် နာမည်သစ်တွေနဲ့ ဆက်လက်ရက်တည်ဖို့ စဉ်းစားနေကြကြောင်း သိရပါတယ်။

6 comments:

တော်ပြီပေါ့ကွာ.. အနှစ် ၂၀ လောက် မြန်မာ့ ဒီမိုကရေစီရေးအကြောင်းပြပြီး လုပ်စားပြီးပြီပဲ။ တော်တော်လေးလဲ စုမိ ဆောင်းမိ ရှိနေကြရောပေါ့။ မင်းတို့ ဘ၀အတွက် တစ်သက်စာ ခိုင်မာတဲ့ US,UK,Canada,Norway Citizenship နိုင်ငံသား အဖြစ်တွေလည်း ရပြီးကြရောမှတ်လား။ လည်လည်ဝယ်ဝယ် လုပ်စားတတ်တဲ့ မိုးသီးဖွန်တို့ လိုကောင်တွေဆို တိုက်တွေ၊ ကားတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ တောင် ဖြစ်နေပြီ။
မင်းတို့ သားသမီးလေးတွေလည်း နိုင်ငံတကာ အဆင့်မှီတက္ကသိုလ်ကြီးတွေမှာ ပညာတတ်ကြီးတွေ ဖြစ်နေပြီ မှတ်လား။ တော်ပြီပေါ့ကွာ။ မြန်မာ့ ဒီမိုကရေစီရေးအကြောင်းပြပြီး ဒီလောက်လုပ်စားခဲ့ပြီးရင် တော်ပြီပေါ့ကွာ။ ဒေါ်အောင်ဆန်းစုကြည်နဲ့  ဦးသိန်းစိန်တို့ ကို လည်း တို့ တိုင်းသူပြည်သား တွေ အတွက် လက်တွဲ လုပ်ဖို့ အခွင့်အရေးလေးတော့ပေးကြပါအုန်း။

အပေါ်ကပြေားတာလေးကောင်းတယ်။

အောင်ဆန်းစုကြည်စီတော့ ဘာမှသွားတောင်းမနေနဲ့ သူ့ဘာသူတောင် အနိုင်နိုင်

သူတောင်းစားအကြီးစားများသာဖြစ်ပေတော့သည်.....

မိုက်လုံးကြီးတဲ့ကောင်တွေ နိုင်ငံကိုရောင်းစားနေတဲ့ကောင်တွေ အစိုးရကို မကြိုက်ရင် ဆန့်ကျင်လို့ရတယ် အမိနိုင်ငံကိုတော့ သစ္စာမဖောက်သင့်ဘူး .. အသားထဲက လောက်ထွက်တယ်ကွာ

အသားထဲက လောက်ထွက်တဲ့ကောင်တွေ မျိုးမစစ်ကောင်တွေ အစိုးရကို မကျေနပ်ရင် ဆန့်ကျင်လို့ရတယ် အမိနိုင်ငံကို သစ္စာဖောက်တာတော မလုပ်သင့်ဘူး .

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်