Subscribe to our RSS Feed

သတင်းလိမ်မှုများကြောင့် ရန်ကုန်မြို့ ဗြိတိသျှသံရုံးရှေ့တွင် ဘီဘီစီ ကို ဆန္ဒပြရန် လူစုခဲ့ကြ

နိုဝင်ဘာလ ၉ ရက်၊ ဗုဒ္ဓဟူးနေ့၊ မနေ့က နေ့လည် ၁ နာရီခွဲမှာ လူငယ် အယောက် ၁၅ ယောက်တည်း မနည်းတဲ့ လူတစ်စုကို ရန်ကုန်မြို့ ဗြိတိသျှသံရုံးမျက်နှာချင်းဆိုင် ကားလမ်းဘက်မှ ဆန္ဒပြရန် စုရုံးခဲ့ကြတာ တွေ့ခဲ့ရပါတယ်။

ဘီဘီစီ ဟာ ဗိုလ်ချုပ်အောင်ဆန်းရှိစဉ်ကတည်းက၊ လွတ်လပ်ရေးမရခင်ကတည်းက မြန်မာပြည်သူတွေ အပေါ်မှာ သဘောထားမမှန်ခဲ့ကြကြောင်းနဲ့ ဘီဘီစီက မြန်မာဝန်ထမ်းတွေက ပိုက်ဆံရဖို့ကိုပဲ ခေါင်းထဲမှာ ရှိပြီး တိုင်းပြည်အတွက် စိတ်ဓာတ်လုံးမရှိတဲ့ အကြောင်းသတင်းတွေ ဒီရက်ပိုင်းမှာ အမြောက်အများ ထွက်လာခဲ့ပြီးနောက် အခုလို ဆန္ဒပြဖို့ လူစုခဲ့ကြတာ ဖြစ်ပါတယ်။

ဘီဘီစီကို ရှက်တတ်ဖို့၊ သတင်းလိမ်မှုတွေအတွက် တောင်းပန်ဖို့၊ မှားနေတဲ့ သတင်းဓာတ်ပုံတွေ ပြန်ဖြုတ်ဖို့ကို ဘီဘီစီရဲ့ facebook စာမျက်နှာမှာ ပြည်သူ အများက တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမယ့် ပြည်သူ့အသံကို နားထောင်နေပါတယ် ဆိုတဲ့ စတုတ္ထမဏိုင်ကြီး ဘီဘီစီက facebook wall မှာ ဘီဘီစီကလွဲပြီး တခြားလူတွေ သီးသန့် comment ပေးလို့မရအောင် ပိတ်ပစ်ခဲ့ပါတယ်။

ဗြိတိသျှ သံရုံးရှေ့ စုဝေးနေသူများ (ဓာတ်ပုံ - Yangon Press International)

ဆန္ဒပြဖို့ လူစုလာသူများထဲမှ ကိုစစ်ငြိမ်းအေး က “ ကျွန်တော်တို့က ဒီသံရုံးက တဆင့် ဘီဘီစီ သတင်းဋ္ဌာနကိုပြမှာပါ။ ကျွန်တော်တို့ ရခိုင်လူမျိုးတွေ ရခိုင်ပြည်မှာ နေလာတာ နှစ်ပေါင်း ထောင်ချီနေပြီ၊ တောင်းဆိုချင်တာက ဘီဘီစီက မြန်မာနိုင်ငံကို တရားဝင် တောင်းပန်ပါ။ အဲဒီသတင်းရေးတဲ့ သတင်းထောက် အန်နာဂျုံးကို အလုပ်ဖြုတ်ပေးပါလို့ တောင်းဆိုပါတယ်” ဟု ပြောသည်။

ဆန္ဒပြဖို့ စီစဉ်သူများသည် အောဟစ်ခြင်း၊ ကြေညာစာတန်းများ ကိုင်ဆောင်ခြင်း ပြုလုပ်သည်ကို မတွေ့ရှိရပဲ နေ့ခင်း ၂ နာရီတွင် လူစုခွဲသွားကြသည်ကိုတွေ့ရသည်။

ဆန္ဒပြရန် စုဝေးနေသူများကို ဗြိတိသျှ သံရုံးရှေ့တွင်နေ့လည် ၁နာရီခွဲဝန်းကျင် တွေ့ရစဉ် (ဓာတ်ပုံ - Yangon Press International)

ဆန္ဒပြဖို့ စုရုံးသူများထဲမှာ သံဃာတော်များလည်း ပါဝင်ခဲ့ကြပြီး ဘီဘီစီ ကို မကျေနပ်သူများရဲ့ ပြောဆိုချက်များကိုတော့ ဒီနေရာ မှာ ကြည့်နိုင်ပါတယ်။

2 comments:

BBCကဲ့သို မြှောက်ထိုးပင်ကော်လုပ်နေသော အဖွဲ့စည်းတစ်ခုမြန်မာပြည်တွင်ပေါ်ပေါက်နေပါသည်။

ထိုအဖွဲ့အမည်မှာ Myanmar Express ဖြစ်ပါသည်။

G E HARVEY ၏ outline of Burmese History စာ အုပ်ကို ဒုံကာရီလူမျိုးအေးချမ်းနှင့် ကလိမ်ကကျစ်အေးကျော်တို့အမြဲလိုလိုကိုးကားလျက်မဟုတ်ကိုအဟုတ် လုပ်ရေးသားလျက်ရှိကြောင်းတွေနေရပါသည်။ ဒီစာအုပ်မှာရခိုင်ဟူသောဝေါဟာရတစ်လုံးတစ်ပါဒမတွေ့ရှိရပါ။ Magh သာတွေ့ရှိပါသည်။ Magh သည် ရခိုင်သို့ပြောင်းလဲခေါ်ဝေါ် နိုသော် Mohamadan လူမျိုး သည် ရိုဟင်ဂျာ လူမျိုး ဟုခေါ်ဆိုလျင် အဘယ်ကြောင်းလိမ်ရာရောက်မည်နည်း။ ယုတ်မာမှုစွန့်လွှတ်လိုက်ပါ။ယုတ္တိဗေဒဆန်ဆန်စဥ့်စားစေလိုပါသည်။
Anonymous said...

Pls read (outline of Burmese History By G E HARVEY) I, CHAPTER VI P 90 HAS ARAKAN HISTORY. THERE IS NO NAME MENTIONED RAKHAING BUT THE ONLY NAME IS MENTIONED MAGH. ROHINGYAS ARE MENTION AS MOHAMEDAN. MAGH NAME CAN CHANGE TO RAKHINE. BUT IF MOHAMADAN CHANGE THEIR NAME TO ROHINGYA , YOU SHAMELESSLY SAY LIAR.

P 91 Narameikhla 1404-34 ,when oustedin1404bytheBurnese, fled to bengal,was well received by the king of Gaur and him with distinction in the field.After long years in exile he was given a levy from Gaur to retain his throne, and although the mohamedan commander at first betrayed and imprisoned him in Arakan,he was ultimately re-instated in 1430. His Mohamadan followers built the Sandihkhan Mosque at Mrohaung and it wasunder him that a court bard , Aduminnyo, wrote the historic song.turmoil of foreign inroads shewed that Launggyet was ill-fated,and the omens indicated Mrohaung as a lucky site, so he decided to move there ; though the astrologers said that if he moved thecapital he would die within the year , he insisted, saying that the move would benefit his people and his owndeath would matter litle. in 1433 he founded mrohaung and in the next year he died. Apopulous seaport, built on hillock amid the rice olain, and inter-selected by the canal which served as streets, Mrohaung remained the capital for the next four centuries .
thereafter it is common for the kings, though to Buddhists, to use Mohamedan designations in addition to theirs own names, and even to issue medallions bearing the (KALIMA) or Mohamadan confession of faith in persian script; doubtless at first,about this time the kings had these medallion struck for them in Bengal , but later they struck their own .Narameikhla's brother and successor, Ali Khan 1434-59occupied Ramu, Ba Saw Pyu (Kalima Shah)occupied Chittagang and it was usually in Arakan hands till 1666;indeed it had occasionally been subjucted to Arakan since the Xth century.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်