Subscribe to our RSS Feed

မန္တလေးမှာ ဆန္ဒပြမလား၊ နယူးယောက်မှာ ဆန္ဒပြမလား

ဒီမိုကရေစီနိုင်ငံတည်ထောင်စ တစ်နှစ်မပြည့်သေးတဲ့ မြန်မာ့ဒီမိုကရေစီ အစိုးရလက်ထက်မှာ မနေ့ကပဲ မန္တလေးက အလုပ်မရှိတဲ့ သံဃာငါးပါးကို ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် ပေးခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့မှာပဲ ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာတော့ ပန်းခြံတစ်ခုအတွင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို ရဲက ဖမ်းဆီးသွားပါတယ်။

ရဲတစ်ယောက်မှ မလာ ၊ ထောက်ခံသူမရှိ တဲ့ မနေ့က မန္တလေး ဆန္ဒပြပွဲ

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ရဲက ဖမ်းဆီးသွားတဲ့ မနေ့က နယူးယောက်က ဆန္ဒပြပွဲ

ပြီးခဲ့တဲ့လတုန်းကလည်း ကယ်လီဖိုးနီးယားပြည်နယ် မှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ရဲက ငရုတ်ကောင်းရည်တွေနဲ့ ပတ်ခဲ့ကြပါသေးတယ်။

မြန်မာအတိုက်အခံတို့ လေးစားအားကျတဲ့ ဒီမိုကရေစီနိုင်ငံကြီး အမေရိကန်မှ ပြည်သူ့ရဲ

နယူးယောက်မြို့ ဘရွတ်ခ် လင် တံတား မှာ ဆန္ဒပြခဲ့စဉ်က လူပေါင်း ၇၀၀ ကျော်ကို ရဲ က ဖမ်းဆီးခဲ့ပြီး ခုထိ မလွတ်သေးသူ အများအပြားရှိနေသေးကြောင်း သိရပါတယ်။ မြန်မာအစိုးရနဲ့ မြန်မာရဲများကို အမေရိကန်အစိုးရနဲ့ ရဲများအား အတုယူသင့်ကြောင်း မြန်မာအတိုက်အခံတွေက အကြံပေး ဝေဖန် တတ်ကြပါတယ်။ "ဒီမိုကရေစီနိုင်ငံကွ လွတ်လပ်စွာ ဆန္ဒပြလို့ရတယ်" လို့ မကြာခဏ ပြောတတ်ကြပေမယ့် အမေရိကန်နိုင်ငံက ဆန္ဒပြပွဲတွေမှာတော့ မြန်မာတစ်ယောက်မှ ပါဝင်ဆန္ဒပြတာ မတွေ့ရပါဘူး။ အမေရိကန် ရဲက တကယ် ဖမ်းပြီး တကယ်ဖျန်းတာကြောင့် ဖြစ်ပါတယ်။ မန္တလေးမှ ရဲတွေအနေနဲ့လည်း ခေတ်နဲ့ရင်ပေါင်တန်းနိုင်ဖို့ ငရုတ်ကောင်းရည်ဆောင်သင့်ကြောင်း ဝေဖန်မှုတွေလည်းရှိနေပါတယ်။

အစိုးရက ဘာမှမလုပ်၊ ရဲတစ်ယောက်မှ မလာပေမယ့် မန္တလေးက ပြည်သူတွေနဲ့ ဘုရားဖူးတွေကတော့ ဆန္ဒပြဘုန်းကြီးတွေကို စိတ်ပျက်နေကြောင်း ဒေသခံတစ်ဦးက MEG ကို အခုလိုပြောပါတယ် "နေကပူရတဲ့အထဲ နားပူတာ အဖက်တင်တာပါပဲဗျာ.. မန္တလေးမှာ လူ သန်းချီပြီးနေတာ.. ဆန္ဒပြတာ သွားကြည့်တာ ရာဂဏာန်းပဲရှိတယ်လေ... အဲဒီ လူတစ်ရာလောက်ကလည်း ထောက်ခံပြီးနားထောင်နေတာ မဟုတ်ဘူး.. ထူးဆန်းလို့သွားကြည့်ကြတဲ့လူတွေချည်းပဲ... " လို့ပြောပါတယ်။

မန္တလေးမှာ ဘုန်းကြီးငါးပါးခန့်က ဗိမာန်အပေါ်ထပ်တက်ပြီး တံခါးဂျက်ထိုးကာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ ဝါတော်ကြီးရင့်သော ဘုန်းတော်ကြီးများက တားမြစ်သော်လည်း နားမထောင်တဲ့အပြင် အထီမဲ့မြင် ပြန်ပြောတာတွေ ရှိခဲ့ပါတယ်။ ဆန္ဒပြရာနေရာသို့ ရဲ တစ်ယောက်မှ မလာတဲ့အပြင် ၃ ရက် ဆန္ဒပြဖို့ပါ ခွင့်ပြုလိုက်ကြောင်း သိရပါတယ်။


Myanmar Express

1 comments:

ဟောတာတွေက ပေါကြောင်ကြောင်နဲ့ ရှေ့နောက်လွဲနေလို့ ပျက်လုံးလောက်တောင်မကောင်းပါဘူးဗျာ..ဟုတ်မလားလို့သွားနားထောင်ပါတယ်..အရူးချီးပန်း တောရောက်တောင်ရောက်ပါဗျာ..

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်