Subscribe to our RSS Feed

ဗမာ၊ ရခိုင်တွေကို မောင်းထုတ်တဲ့ KIA

သစ်သားသေနတ်တွေနဲ့ KIA

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် နမ်ဆန်ယန် ရွာမှာရှိတဲ့ ဗမာ ရခိုင်နဲ့ အခြားသော တိုင်းရင်းသားတွေကို ရွာကနေ KIAမှ မောင်းထုတ်ပါတယ်။ကချင်လူမျိုးက လွဲရင်အကုန်မောင်းထုတ်တဲ့သဘောပါ။ဒီရွာကနေ KIA ကမောင်းထုတ်လိုက်တဲ့ သူတွေထဲမှာ ဗမာအမျိုးသား ကချင်အမျိုးသမီး နဲ့ သားသမီး သုံးယောက်ရှိတဲ့ မိသားစုတစ်ခုမှာ ယောင်္ကျားဖြစ်သူကို KIA က လိုက်လံဖမ်းဆီးတဲ့အတွက် ယောင်္ကျားဖြစ်သူဟာ မိသားစုကို စွန့်ခွာပြီး ထွက်ပြေးပုန်းရှောင်နေခဲ့ရတယ်။ဖမ်းဆီးတဲ့ အကြောင်းရင်းက အမျိုးသားဖြစ်သူဟာ ဗမာဖြစ်တဲ့အတွက် အကြောင့်ပါ။လူမျိုးရေးမုန်းတီးမှု အကြောင်းပြချက်တစ်ခုပါပဲ။

နမ်ဆန်ယန်ရွာကနေ ပြန်လာတဲ့သူတွေကို မေးကြည့်တော့ "ဗမာတွေကို မမြင်ချင်ဖူးဆိုပြီး မောင်းထုတ်လို့" ထွက်ပြေးလာ၇တယ်ဆိုပြီး နမ်ဆန်ယန်မှာ အလုပ်လုပ်နေကြသော ဗမာ ရခိုင် အစရှိတဲ့ တိုင်းရင်းသားတွေက ပြောပြပါတယ်။

ဒါဟာ လူမျိုးရေး ခွဲခြားမှု တစ်ခုဖြစ်ပါတယ်။အထူးသဖြင့် ပြည်ထောင်စု စိတ်ဓာတ်မရှိခြင်း အစွန်းရောက်လူမျိုးရေးဝါဒတွေကို စွဲလန်းနေခြင်းဖြစ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ အေးတူပူအမျှ နေထိုင်မယ်ဆိုတဲ့ ပြည်ထောင်စု စိတ်ဓာတ် မရှိခြင်းဟာ အတော်ကို ဆိုးရွားလှတဲ့ လုပ်ရပ်တွေလို့ ဆိုချင်ပါတယ်ဗျာ…။

စိတ်ဓာတ်ကျနေသော KIA ရဲဘော် တစ်ဦး

စွန်ရဲ


Myanmar Express

1 comments:

good
must do
yakheeee no good

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်