Subscribe to our RSS Feed

အာပလာ ရွှေဂုံတိုင်ကြေညာချက် အား ၂၀၀၈ အခြေခံဥပဒေမှ အပြတ်အသက် အနိုင်ရ


အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ဗဟိုကော်မတီအဆင့်အစည်းဝေး ကိုမနေ့ ကရန်ကုန်မှာကျင်းပခဲ့ ပါတယ်။ အစည်းဝေးက ၂၀၀၈ အခြေခံဥပဒေ ကို တောက်လျှောက် ဆန့်ကျင်လာခဲ့ပြီး မှတ်ပုံတင်ဖို့ အမြဲငြင်းဆန်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီင်္အဖွဲ့ ချုပ်က ပါတီကို မှတ်ပုံတင်ဖို ဆုံးဖြတ်လိုက်ကြောင်းသိရပါတယ်။

အရင်တုန်းကတော့ NLD ဟာ ရွေဂုံတိုင် ကြေညာချက်ကို လက်ကိုင်ထားပြီး ၂၀၀၈ အခြေခံဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့ပါတယ်။ အခုတော့ အာပလာ ရွှေဂုံတိုင် ကြေညာချက်ကို ၂၀၀၈ အခြေခံဥပဒေက မနေ့ကပဲ အပြတ်အသက် အနိုင်ရရှိသွားပါပြီ။

NLD ခေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဟာ အခြေခံဥပဒေ (၂၀၀၈)ကို လက်မခံအသိအမှတ်မပြု ဆိုပြီး ကမ္ဘာသိအောင်ပင် ကြေညာထားခဲ့တာ ဖြစ်ပါတယ်။ မှတ်ပုံမတင်လျှင် ဖျက်သိမ်းခံရမယ်လို့ ဥပဒေ အရ အကြိမ်ကြိမ် သတိပေးခံရပေမယ့်လည်း ဂရုမစိုက်ခဲ့ပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရထားပြီးသားဖြစ်လို့ ထပ်ပြီး မှတ်ပုံတင်လိုက်ရင် အရင်ရလဒ် ပျက်ပြယ်သွားမှာ ဖြစ်တယ်၊ ဒါကြောင့် မှတ်ပုံမတင်ဘူး၊ ၂၀၀၈ အခြေခံဥပဒေကိုလည်း လက်မခံဘူးလို့ အကြောက်အကန် ငြင်းခဲ့ကြပါတယ်။

မှတ်ပုံ တင်ရေးနဲ့ မတင်ရေးအတွက် ပါတီထဲမှာ အကြီးအကျယ် သဘောထားကွဲခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အသက်ကြီးပိုင်းတွေက မှတ်ပုံမတင်ဖို့ တစ်ဖက်သက် ဆုံးဖျက်ခဲ့တာကြောင့် လူငယ်တွေက NLD ကို စွန့်ခွာသွားခဲ့ကြပါတယ်။

အဲဒီချိန်က NLD ကို စွန့်ခွာသွားခဲ့ကြသူတွေအားလုံးကို NLD ပါတီမှ ကျန်ခဲ့သူများသာမက ပြည်တွင်း၊ ပြည်ပမှ အတိုက်အခံများက ပိုးစိုးပက်စက် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ရွေးကောက်ပွဲဝင်းခြင်း၊ ပါတီမှတ်ပုံတင်ခြင်းက မှားယွင်းကြောင်း ပြောကာ ရှုံ့ချခဲ့ကြပါတယ်။ အခုတော့ သူတို့ ရှုံ့ချခဲ့တဲ့လူတွေ လုပ်သလိုမျိုး လိုက်လုပ်ဖို့ သဘောတူသွားကြပါပြီ။

NLD ပါတီ မှတ်ပုံ မတင်တုန်းက ထောက်ခံခဲ့ကြပြီး ၂၀၀၈ အခြခံဥပဒေကို ကန့်ကွက်ခဲ့တဲ့လူတွေ ကလည်း အခု NLD မှတ်ပုံတင်မယ်ဆိုတော့လည်း ထောက်ခံကြပြန်ပါတယ်။

အခုလို ကိုယ်ပြောပြီးသား စကားတွေ မေ့ပြီး အရှက်မရှိ ဆုံးဖြတ်ခဲ့တဲ့ NLD ပါတီ ဝင်များနဲ့ သူများယောင်တိုင်းလိုက်ယောင်ပြီး အရင်တုန်းက ကန့်ကွက်ခဲ့သူတွေ၊ အခု ထောက်ခံနေသူတွေ အားလုံးအတွက် ပြန်ဖတ်ရအောင် ရွှေဂုံတိုင် ကြေညာချက်လေး တင်ပေးလိုက်ပါတယ်။


ရွှေဂုံတိုင်-ကြေငြာစာတမ်း





Myanmar Express

1 comments:

ဒေါ်အောင်ဆန်းဆုကြည်ကိုထောက်ခံတဲ. လူအမျူားဆုကိုမေးကြည်.လိုက်ရင် လူများရောင်လို.လိုက်ရောင်နေ ကြတာများပါတယ် ဘာလို့ထောက်ခံတာလည်း မေးတော.လည်းဗိုလ်ချုပ်သမီးမို.လို. ဆိုတာတွေကများပါတယ်မယုံရင်မေးကြည်.ပါနော်.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်