Subscribe to our RSS Feed

ခုချိန် လူ့ဘဝရတုန်းမှာ ဘုရားရှင်ကို ဖူးခွင့် မရပေမယ့် ဓာတ်တော်ကိုတော့ ဖူးခွင့်ရအောင် မဖြစ်မနေ သွားဖူးသင့်

<

မယုံလို့ ကိုယ်တိုင် စမ်းကြည့်တာပါ။ အမျိုးမျိုးစမ်းပြီးမှ အံ့သြော ကြည်ညိုလွန်းလို့ မိတ်ဆွေများကိုလည်း ဓမ္မဒါန မျှဝေလိုက်ပါတယ်။ မယုံတဲ့လူတွေ ကိုယ်တိုင်စမ်းကြည့်နိုင်ပြီး သောက်တော်ရေခွက်ထဲက ပုံရိပ်ကို ကိုယ်တိုင် သွားဖူးစေချင်ပါတယ်။ စွယ်တော်မြတ်ရဲ့ တံခိုးတော်ကတော့ အံ့သြောတုန်လှုပ်ဖို့ ကောင်းလွန်းပါတယ်။ ၁၉၉၆ ခုနှစ် စွယ်တော်ကြွလာတုန်းကလည်း စွယ်တော်ကို ဗီဒီယိုရိုက်ပြီး မဟာပါသာနလှိုဏ်ဂူကြီးမှာ တီဗွီပြထားတုန်းမှာ ပုံတော်တွေပေါ်ဖူးတယ်။ တီဗွီထဲက စွယ်တော်ကိန်းဝပ်ရာ ကြာကလပ်ဘေးမှာ ရှင်ဥပဂုတ္တပုံတာ် နဲ့ ကွမ်ရင်မယ်တော်ပုံ ပေါ်ခဲ့တာကို အဲဒိတုန်းက MRTV က ၈ နာရီ သတင်းမှာ ပြခဲ့ဖူးတယ်။ မြတ်စွာဘုရားရှင်ဟာ ပရိတ်နိဗ္ဗာန်စံခါနီးမှာ ဓာတ်တော်လုပွဲကြီး မဖြစ်အောင် စီစဉ်ခဲ့တာဟာ ဒါကြောင့် ဖြစ်ပါတယ်။ ခုချိန် လူ့ဘဝဖြစ်တုန်းမှာ ဘုရားရှင်ကို ဖူးခွင့် မရပေမယ့် ဓာတ်တော်ကိုတော့ ဖူးခွင့်ရအောင် မဖြစ်မနေ သွားဖူးသင့်တယ်လို့ နိဗ္ဗါန်အကျိုးမျှော်ကာ နှိုးဆော် အကြံပေးလိုက်ရပါတယ်....

ကိုယ်တိုင်ရိုက်ထားသော ပုံများ






0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်