Subscribe to our RSS Feed

ပေါက်ကွဲလုနီးပြီဖြစ်သောနိုဗယ်ဗုံးကြီး

From : .. မျိုးချစ်မောင်

မြန်မာပြည်ဆိုသည်နှင့် အရင်က လူသိနည်းခဲ့ပေမယ့် ပဋိပက္ခများ၊ ဆူပူအုံကြွမှုများ၊ သဘာဝဘေး အန္တရာယ်များကြောင့် တစ်စတစ်စ လူသိများလာခဲ့သောနိုင်ငံငယ် တစ်နိုင်ငံလည်းဖြစ်ပါသည်။ အနောက်အုပ်စု နိုင်ငံများ၏ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးနယ်ပယ်များတွင် ပစ်မှတ်ထားခြင်းကိုခံယူရသော နိုင်ငံငယ်လဲဖြစ်ပါ သည်။ ထိုသို့ပစ်မှတ်ထားခြင်း ခံရသည့်အပြင် အနောက်အုပ်စုနိုင်ငံများ၏ သွေးခွဲဆက်ဆံမှုများ၊ စီးပွားရေး အရ ပိတ်ပင် တားဆီးမှုများကို ဆယ်စုနှစ်အတော်များများ ခံစားခဲ့ရသောနိုင်ငံငယ်လဲဖြစ်ပါသည်။ ၁၉၈၈ အရေး အခင်းမတိုင်ခင်တွင် ယိုင်လုလုဖြစ်လာသော စီးပွားရေးအခြေအနေကို အကွက်ကျကျမြင်တတ်လာသည်။ အ နောက်နိုင်ငံကြီးများက သယံဇာတပေါကြွယ်လှတဲ့ ကျွန်တော်တို့နိုင်ငံကို လိုချင်တပ်မက်မှုများစွာဖြင့် လက် အောက်ခံနိုင်ငံဖြစ်စေလိုသော ဆန္ဒများဖြင့် ပဋိပက္ခများ အမျိုးမျိုးဖြစ်အောင် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ကြ သည်။ ထိုအခြေအနေမျိုးတွင် မြန်မာတစ်ပြည်လုံး ဆူပူအုံကြွမှုများဖြစ်အောင်၊ အချုပ်အခြာအာဏာနှင့် စည်းလုံးညီညွတ်မှုပြိုကွဲအောင် အမျိုးမျိုးသော အဖျက်၊အမှောက်လုပ်ငန်းများဖြင့် မြန်မာပြည်သူများအပေါ် မျက်ရည်ယိုဗုံးများ ဆက်တိုက်ဆိုသလို ကျဲလာခဲ့ကြပါသည်။

ထိုသို့သောအခြေအနေမျိုးတွင် သူတစ်လူ၊ငါတစ်မင်းဖြင့် စိတ်ထင်ရာကျဲချင်တိုင်းကျဲခဲ့ကြသော ၁၉၈၈ အရေးအခင်းကြီးတွင် ပွဲလန့်တုန်းဖျာခင်းချင်သည့် အနောက်အုပ်စုနိုင်ငံများ၏ သြဇာခံလူတစ်ယောက် ပြည်သူ့ ရှေ့မှောက်သို့ ပေါ်ထွက်လာခဲ့သည်။ ဒေါ်စုကြည်ကိုကျွန်တော်မမုန်းပါ….သို့သော် မြန်မာပြည်နှင့် မြန်မာပြည် သားတွေအတွက် ရင်လေးမိသည်ကား အမှန်ပင်ဖြစ်သည်။ ဟိုယခင်က ကမ္ဘာတွင် အင်အားကြီးနိုင်ငံ နှစ်နိုင်ငံ ရှိလေသည်။ လက်ရှိ အမေရိကန်နိုင်ငံနှင့် ဆိုဗီယက်ပြည်ထောင်စုကြီးတို့ပင်ဖြစ်သည်။ စီးပွားရေး၊ စစ်ရေးအရ အင်အားချင်းအမြဲပြိုင်ဆိုင်နေသော နှစ်နိုင်ငံ မည်သည့်လက်နက်နှင့်မျှ အသုံးမပြုဘဲ ပြိုကွဲအောင် လုပ်ဆောင် ခဲ့ခြင်းမှာ အမေရိကန်တို့၏ငြိမ်းချမ်းရေး နိုဗယ်ဆုတစ်ခုကြောင့်ပင်ဖြစ်သည်။ အင်အားတောင့်တင်းသော ဆိုဗီ ယက်ပြည်ထောင်စုကြီးတွင် ခွဲထွက်ခွင့်များ လွှတ်တော်တွင် တောင်းလာသည့်အချိန်တွင် အမေရိကန် တို့မှာ “ဂိုဗာချော့”အား ငြိမ်းချမ်းရေးနိုဗယ်ဆုအား ပေးအပ်လိုက်သည်။

ထိုသို့အချိန်ကိုက်လုပ်ဆောင်၍ ဆိုဗီယက် ပြည်သူပြည်သားများက ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် “ဂိုဗာချော့”အား သမ္မတအဖြစ်ရွေးကောက် တင်မြှောက် လိုက်ကြသည်။ ထိုအချိန်တွင် အမေရိကန်နိုင်ငံမှ စိတ်ကြိုက်စီမံခွင့်ရရှိသွားကာ နောက်ဆုံး အစိတ်စိတ် အမွှာ မွှာကွဲထွက်သွားသည့် သာဓကများလည်းရှိခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများတွင် ဒေါ်စုကြည်သည် တိုက်ရိုက်ပါဝင် ပတ်သတ်သူဟု မယူဆလိုပါ…။

သို့သော် ဆိုဗီယက်ပြည်ထောင်စု၏သင်္ကေတကိုကား ယူရမည်ဖြစ်သည်။ ၁၉၈၈အရေးအခင်း ဖြစ်ပေါ်လာသည်မှာလည်း ဒေါ်စုကြည်ကြောင့်မဟုတ်ခဲ့သော်လည်း ထိုအရေးအခင်းမျိုးဖြစ်သည့် အချိန်တွင် အနောက်အုပ်စုများကား မြန်မာနိုင်ငံတွင် ယခုအချိန် ခေါင်းဆောင်မင်းလုပ်ရန်လူမရှိ၊ အသင်ကား ဗိုလ်ချုပ်၏ သမီးတစ်ယောက်ဖြစ်လေတော့ သင်သည်သာလျှင် ဤနိုင်ငံနှင့်ထိုက်တန်သည်ဟု စဉ်းစားမိကာ မိခင်နေမ ကောင်း ဖြစ်နေသည့်အတွက် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိနေသော ဒေါ်စုကြည်ကို အသုံးချရန် ရွေးချယ် လိုက်ကြသည် ။ထိုသို့ဖြင့် ပြည်သူများရှေ့မှောက်တွင် ကျွန်မကတော့ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးတစ် ယောက်ဖြစ်ပြီး ယနေ့ ဆင်းရဲနေရကြသော မြန်မာပြည်သူများအတွက် အကျိးဆောင်ရွက်ရန် ပြန်လည်ရောက်ရှိ လာခြင်းဖြစ်ပါသည် ဟူသော ပျားရည်ဆန်းစကားလေးများဖြင့် ပြည်သူ၏ချစ်ခင်ခြင်း၊ လေးစားခြင်း၊ အားကိုး ခြင်ျးားကို သိမ်းကျုံး ရယူခြင်းကို ပြုလုပ်ခဲ့လေတော့သည်။ ထိုသို့ဖြင့် ဗိုလ်ချုပ်သမီးတစ်ယောက်ကို ယခုမှ မြင် တွေ့ရခြင်း၊ အားကိုးရာမဲ့နေသော အခြေအနေမျိုးအတွက် သူမသည်ပင် မြန်မာပြည်သူများအတွက် ဆေးခါးကြီး တစ်ခွက်ဖြစ်ခဲ့ရသည်။ ကျွန်မဖေဖေချ မှတ်ခဲ့တဲ့ ဒီမိုကရေစီ စသည်ဖြင့် ပြည်သူများမရင်းနှီးသော “ဒီမိုကရေစီ” ဆိုသည့်စကားလုံးကို ဆောင်ကျဉ်း လာခဲ့သည်နှင့် အုံကြွနေသောလူထုကြီးမှာ ဗိုလ်ချုပ်၏သမီးတစ်ယောက်ဖြစ် သည့်အပြင် လွတ် လပ်ခြင်းဟု အဓိပ္ပါယ်ရသည့် ဒီမိုကရေစီ ဆိုသည်ကြီးကို လိုချင်တပ်မက်လာကြသည့် အတွက် နေရင်းထိုင်ရင်း လူထုခေါင်းဆောင်ဆိုသည့် ဆောင်ပုဒ်ကြီးကို ရရှိလာသောသူတစ်ယောက် လည်း ဖြစ်ပါသည်။

(၂)နှစ်သမီးအရွယ်ကပင် မိခင်ဒေါ်ခင်ကြည်နှင့် နိုင်ငံရပ်ခြားသို့ ပါသွားသောသူတစ်ယောက်အနေဖြင့် အသက် ၄၃ နှစ်အရွယ်ကျမှ မြန်မာနိုင်ငံကြီးကောင်းစား စေချင်လို့ပါဆိုသည့် အနစ်နာခံလိုစိတ်များ၊ တိုင်းချစ် ၊ပြည်ချစ်စိတ်ဓာတ်များ ထွန်းကားလာသည်မှာ အခုခေတ်လူငယ်များ လေးစားအတုယူရန် အကောင်းဆုံးဖြစ် သည်ဟု ပြောပြရမလိုတောင်ဖြစ်ရပါသည်။ သူမ မိန့်ခွန်းများတွင် ပြောပြောနေသည့် ကျွန်မဖေဖေပြောခဲ့တာ၊ ကျွန်မဖေဖေ ပြောခဲ့တယ်ဆိုသည့်စကားလုံးများမှာလည်း အသက် (၁ ) နှစ်ခွဲ (၂)နှစ် အရွယ်သာရှိသေးသည့် သူမတစ်ယောက် မှတ်ဥာဏ်အလွန်ကောင်းခဲ့လို့သာပဲဖြစ်မည်ဟုလည်း ထင်မိပါသည်။
မြန်မာနိုင်ငံကြီးအား အလွန်ချစ်မြတ်နိုးသည့် အတွက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော ဒေါ်စုကြည် တစ်ယောက် ၁၉၈၈ ခုနှစ်အရေးအခင်းတွင် မင်းမဲ့စရိုက်ဆန်ဆန် ဖြစ်နေသောအခြေအနေတွင် မည်သို့ထိန်းသိမ်းခဲ့ပါသနည်း၊ လူလူချင်းသတ်ကြ၊ ပြည်သူပိုင်ပစ္စည်းများ၊ အစိုးရရုံးများဖျက်ဆီးခံရခြင်းများ၊ ရဲစခန်းများမီးရှို့ခံရခြင်းများ၊ သချီ်င်းများဖျက်ဆီးခံရခြင် စသည်တို့တွင် မည်သို့အနေအထားမျိုးဖြင့် ထိန်းသိမ်း ခဲ့ပါသနည်း။ သူမကိုယ်တိုင် ဆူပူအုံကြွမှုများကို အာပေါင်အာရင်းသန်သန် စတိတ်ပေါ်တက်ဆွေးနွေးနေသည့် အချိန် မြန်မာနိုင်ငံ၏ ပင်လယ်ဝတွင်မှု အမေရိကန် စစ်သင်္ဘောများ ရောက်ရှိနေသည်ဆိုသည်ကို သူမ မသိခဲ့ လေခြင်းကြောင့်လား။

နေအိမ်အကျယ်ချုပ်ဘ၀မှ လွတ်မြောက်လာပြီးသည့်နောက်တွင်လည်း မြန်မာ့နိုင်ငံရေးလောကတွင် တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ဆောင်ရွက်ခွင့်ပေးခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်စေခဲ့ကာ လွှတ်တော်အမတ်ရာထူးဖြင့် လွှတ်တော်အတွင်း တိုင်းပြည်ကောင်းကျိုးဆောင်ရွက်စေခဲ့သည်မှာလည်း အမှန် ပင်ဖြစ်ပေသည်။ သူမ ကိုယ်တိုင်ဦးဆောင်၍ အစိုးရများအနေဖြင့် ယုံကြည်စွာတာဝန်ပေးအပ်၍ လက်ပံတောင်း တောင်အရေးအခင်းတွင် စုံစမ်းစစ်ဆေးရေးကော်မတီဥက္ကဌဖြင့် စုံစမ်းစေခဲ့ရာတွင်လည်း ယနေ့ထက်တိုင် အဖြေမရနိုင်သေးကြောင်းလေ့လာမိပါသည်။ မည်သို့သော အကြောင်းအချင်းအရာများဖြင့် အရာရာဆင်းရဲနိမ့် ကျ၊ ငြိမ်းချမ်းခြင်းမရနိုင်ခဲ့သော နှစ်(၆၀)ကျော်တည်တံ့လာခဲ့သည့် ပြည်တွင်းစစ်ပွဲများအကြားတွင် ငြိမ်းချမ်းရေး နိုဗယ်ဆုကြီးကို ရရှိခဲ့လေသလော…စဉ်းစားစရာပင်ဖြစ်ပါသည်။
ယခုလက်ရှိအစိုးရလက်ထပ်တွင် အဓွန့်ရှည် ကြာခဲ့သော ပြည်တွင်းစစ်များကို အဆုံးသတ်စေရန် ဆွေးနွေးပွဲများကို တက်တက်ကြွကြွဆောင်ရွက်နေချိန်တွင် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ကြီးတစ်ယောက် နယ်တကာလှည့်ကာ မိမိသမ္မတဖြစ်ရေးကို အလေးပေးဆောင်ရွက် နေခဲ့သည်မှာ အဘယ်ကြောင့်နည်း။

ပြည်သူ့အသံများကို ဆောင်ကြဉ်းပေးရမည့် လွှတ်တော်အတွင်းတွင် နေရာတစ်နေရာ ၀င်ရောက်ယူပြီး မိမိသမ္မတဖြစ်မြောက်ရေးအတွက် အခြေခံဥပဒေပြင်ဆင်ရေးကိုသာ တစ်တွတ်တွတ် ပြောကြားနေခဲ့သည်မှာ မည်သူ့အတွက်နည်း။ လက်ရှိမြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးထက် အရေးကြီးလုပ်ဆောင် ရန် အများအပြားရှိနေပါသေးသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးမှ ဆန်ရှင်စနစ်ကို ဖျက်သိမ်းပေပါဟု တောင်းဆိုခဲ့သည်မှာလည်း မည်သူ့အတွက်နည်း၊ ဖွဲ့စည်းပုံအခြေခံပါ ပုဒ်မ (၅၉/စ)မှာ ဒေါ်စုကြည်တစ်ယောက် တည်းအတွက် ပြဌာန်းခဲ့သည်လော၊ မျိုးချစ်စိတ်ရှိပြီး မြန်မာနိုင်ငံအပေါ် အမှန်တစ်ကယ်ချစ်မြတ်နိုးသူ များအတွက် ပြဌာန်ခဲ့သည်လော ဆိုသည်မှာ လူတိုင်းစဉ်းစားတတ်ကြပေမည်။ ပုဒ်မ (၄၃၆) ပြင်ဆင်လိုက်လျှင် မြန်မာပြည်သူများ စီးပွားရေးအဆင်ပြေနိုင်မည်လော၊ လူမှုရေးအဆင်ပြေနိုင်မည်လော၊ ဘာသာရေးအဓွန့်ရှည် နိုင်မည်လော။ ကံကံ၏အကျိုးကို ယုံကြည်သော ကျွန်တော်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးများအနေဖြင့် ကံသည် အလုပ်၊ ကောင်းသောအလုပ်ကိုဆောင်ရွက်သူအဖို့ ကောင်းသောအကျိုးကိုသာ ရရှိကြမည်သာဖြစ်သည်။ ပုဒ်မ (၄၃၆)ပြင်ဆင်ခြင်းနှင့် ထမင်းနပ်မှန်အောင်စားနိုင်ခြင်းမှာ မည်သို့မျှ မသက်ဆိုင်၊ သက်ဆိုင်လာလိမ့်မည်လည်း မဟုတ်ပေ။ ဒေါ်စုကြည်အနေဖြင့်လည်း လွှတ်တော်တွင်းဝင်ရောက်၍ ပုဒ်မများကို ပြင်ဆင်နေမည့်အစား အသုံးချခံဘ၀ဖြင့်ရရှိထားသော နိုဗယ်ဆုကြီးကို အသုံးလိုသော နေရာများအတွက် အလင်းရောင်၊ အနွေးဓာတ် ခြုံလွှမ်းနိုင်ပါစေလို့ ကျွန်တော်ဆုတောင်းမိပါသည်။ ထိုမှမဟုတ်ပါက ထိုဗြဟ္မာ့ဦးခေါင်း နိုဗယ်ဆုကြီးသည် မြန်မာနိုင်ငံအတွက် ပေါက်ကွဲလုနီးပြီဖြစ်သော နူးကလီးယားဗုံးထက် အဆများစွာသာသော နိုဗယ်ဗုံးကြီးတစ် လုံးသာဖြစ်ပါတော့သည်။

.
. www.MyanmarExpress.net
 

ဟီရိုရှီးမားကို အဏုမြူဗုံး ကြဲခဲ့သည့် လေယာဉ်မှ နောက်ဆုံး အသက်ရှင် ကျန်ရစ်သူ ကွယ်လွန်



Photo - Dancallister 

ဒုတိယကမ္ဘာစစ် နှောင်းပိုင်းကာလတွင် ဂျပန်နိုင်ငံ၊ ဟီရိုရှီးမား ကျွန်းပေါ်သို့ အဏုမြူဗုံး ကြဲချခဲ့သည့် အမေရိကန် ဗုံးကြဲလေယာဉ်မှ နောက်ဆုံးအသက်ရှင် ကျန်ရစ်သူ အမှုထမ်းသည် ယခုအခါ ကွယ်လွန်သွားပြီဟု သတင်းရရှိသည်။

သီအိုဒိုရီ ဗန်ကာ့ခ်သည် အသက်(၉၃)နှစ် အရွယ်တွင် ဂျော်ဂျီယာပြည်နယ်၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ဒုတိယ ကမ္ဘာစစ်တွင် လေကြောင်းလမ်းပြတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဗန်ကာ့ခ်ကို မိတ်ဆွေ အပေါင်းအသင်းများက ဒတ်ခ်ျဟု ချစ်စနိုး ခေါ်ဝေါ်လေ့ ရှိသည်။ ၎င်းသည် ဟီရိုရှီးမားကို ဗုံးကြဲခဲ့စဉ်က အသက်(၂၄)နှစ်မျှသာ ရှိသေးသည်။

(၁၉၄၅)ခုနှစ်၊ ဩဂုတ်(၈)ရက်က ဗန်ကာ့ခ် လိုက်ပါခဲ့သည့် Enola Gay ဗုံးကြဲလေယာဉ်သည် ဟီရိုရှီးမား မြို့ပေါ်တွင် အဏုမြူဗုံး ကြဲချခဲ့ရာ လူပေါင်း(၁၄၀၀၀၀)မျှ အသက်ဆုံးရှုံးခဲ့သည်။

ဗန်ကာ့ခ်က အဆိုပါ စစ်ဆင်ရေးတွင် ပါဝင်ခဲ့ရခြင်းအပေါ် လုံးဝနောင်တမရကြောင်းနှင့် ဟီရိုရှီးမားတွင် ဗုံးကြဲခဲ့ခြင်းက ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်စေရန် အထောက်အကူ ဖြစ်စေခဲ့ကြောင်း မှတ်ချက်ပေးခဲ့ဖူးသည်။ ဗန်ကာ့ခ်သည် ဇူလိုင်(၂၈)ရက်က ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ နောက်ဆုံးအချိန်ထိ နံဘေးတွင် ရှိနေခဲ့သော သားဖြစ်သူ တွမ်ဗန်ကာ့ခ်က ပြောကြားခဲ့သည်။

“သူဟာ စစ်သမိုင်းမှာ အထင်ကရ သူရဲကောင်းတစ်ယောက်အဖြစ် မှတ်တမ်းဝင်နေမယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက် အဓိက အရေးကြီးတာက သူဟာ ဖခင်ကောင်းတစ်ယောက် ဖြစ်ခဲ့တယ် ဆိုတာပါပဲ”ဟု တွမ်က ဆိုသည်။ ဗန်ကာ့ခ်သည် အငြိမ်းစား စစ်မှုထမ်း ခံစားခွင့်အဖြစ် ၎င်းရရှိထားသည့် နေအိမ်တွင်ပင် သဘာဝအတိုင်း ကွယ်လွန်ခဲ့ကြောင်း သိရှိရသည်။

Enola Gay လေယာဉ်ပေါ်တွင် လက်နက်ကိုင်တွယ်သည့် လက်ထောက်အမှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် မော်ရစ်ဂျပ်ဆန် ကွယ်လွန်ခဲ့ပြီးနောက် ဗန်ကာ့ခ်သည် ဟီရိုရှားမီးကို ဗုံးကြဲခဲ့သည့် စစ်ဆင်ရေးတွင် ပါဝင်ခဲ့ဖူးသည့် တစ်ဦးတည်းသော အသက်ရှင် ကျန်ရစ်သူအဖြစ် မှတ်တမ်းဝင်လာခဲ့သည်။



Enola Gay ပေါ်မှ ကြဲချခဲ့သော အဏုမြူဗုံးကို Little Boy ဟု အမည်ပေးခဲ့ပြီး ကမ္ဘာ့စစ်သမိုင်းတွင် ပထမဆုံး အဏုမြူလက်နက် အသုံးပြုမှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ ဟီရိုရှီးမားတွင် ဗုံးကြဲပြီး နောက်ထပ် (၃)ရက်အကြာတွင် အမေရိကန် လေတပ်၏ Bockscar လေယာဉ်က ဂျပန်ပိုင် နာဂါစကီ မြို့ပေါ်သို့ Fat Man ဟု အမည်ပြောင် ပေးထားသည့် ဒုတိယမြောက် အဏုမြူဗုံး ကြဲချခဲ့ပြန်ရာ လူ(၈၀၀၀၀)ခန့် သေဆုံးပြီး ဂျပန်လည်း အကြွင်းမရှိ လက်နက်ချကာ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးခဲ့သည်။

_Ref: BBC

အလန်းလွန်...အလွန်လန်းလေးများ












သမ္မတ အိုဘားမားကို တရားစွဲရန် အမေရိကန် အောက်လွှတ်တော် မဲခွဲဆုံးဖြတ်

From : .. 7day


သမ္မတ ဘာရတ်အိုဘားမားကို တရားစွဲဆိုရန် အဆိုတစ်ရပ်ကို အမေရိကန် အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ အောင်မြင်မှု ရရှိသွားခဲ့ကြောင်း သတင်းရရှိသည်။

အိုဘားမား အနေဖြင့် ၎င်း၏ လုပ်ပိုင်ခွင့် အာဏာများကို ဘောင်ကျော် အသုံးချခဲ့ကြောင်း စွဲချက်တင်ရန် အဆိုပြုခဲ့ပြီး အောက်လွှတ်တော်တွင် မဲခွဲရာ (၂၂၅)မဲ၊ (၂၀၁)မဲဖြင့် အနိုင်ရရှိခဲ့သည်။ အိုဘားမား၏  ဒီမိုကရက်တစ် မဟာမိတ်များက ကန့်ကွက်နေသည့်တိုင် အောက်လွှတ်တော် ရှေ့နေများသည် အဆိုပါ စွဲချက်နှင့် ပတ်သက်သည့် မှတ်တမ်းမှတ်ရာများကို စုစည်းပြီး စွဲချက်အတွက် မူကြမ်းရေးသား ပြင်ဆင်နိုင်တော့မည် ဖြစ်သည်။

အိုဘားမားသည် ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေသစ် ပြဋ္ဌာန်းရေးအတွက် အားထုတ်ခဲ့ရာတွင် အာမခံဆိုင်ရာ အချိန်သတ်မှတ်ချက် တစ်ခုကို နှောင့်နှေးသွားစေရန်အတွက် လုပ်ပိုင်ခွင့်များကို ဘောင်ကျော် အသုံးချခဲ့ကြောင်း အဆိုတင်သွင်းသူများက စွပ်စွဲခဲ့သည်။ သမ္မတကမူ အဆိုပါ အားထုတ်မှုသည် အချိန်ဖြုန်းခြင်းသာ ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။

“ဒါက နိုင်ငံရေး စတန့်ထွင်မှုတစ်ခုဆိုတာ လူတိုင်းသိတယ်။ တကယ်လို့ သူတို့ဘက်က ဘာမှမလုပ်ဘူးဆိုရင် ကျွန်တော်တို့က ကိုယ့်အလုပ်ကိုယ် ဆက်လုပ်မှာပဲ။ တကယ်တမ်း အလုပ်ကြိုးစားတဲ့ မိသားစုတွေကို အကူအညီ ပေးနိုင်မယ့် စီမံလုပ်ဆောင်မှု (၄၀)ကျော်ကို ကျွန်တော်တို့ လုပ်ခဲ့ပြီးပြီ။ အဲဒါတွေက ခင်ဗျားတို့ ကွန်ဂရက် ဘာမှမလုပ်တဲ့အချိန်မှာ ကျွန်တော်တို့ လုပ်ခဲ့တာ ဖြစ်တယ်”ဟု အိုဘားမားက ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံရေး သမိုင်းကြောင်းတွင် အောက်လွှတ်တော်က လက်ရှိ အာဏာရ သမ္မတကို အာဏာအသုံးပြုမှုဆိုင်ရာ တရားစွဲဆိုမှုတစ်ရပ် အကောင်အထည် ဖော်ခြင်းသည် ယခုတစ်ကြိမ် ပထမဆုံး ဖြစ်သည်။ အတိုက်အခံ ရီပတ်ဘလစ်ကန်တို့က အိုဘားမားသည် သမ္မတ တစ်ဦး၏ လုပ်ပိုင်ခွင့်ကို တစ်ကြိမ်ထက်မက ဘောင်ကျော် အသုံးချခဲ့ကြောင်း စွပ်စွဲခဲ့ကြသည်။

အိုဘားမားသည် ၎င်းတာဝန်ယူခဲ့သည့် သမ္မတသက်တမ်း (၆)နှစ်အတွင်း စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်ထုတ်ပြန်မှု (၁၈၃)ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ဂျော့ဘုရှ် သမ္မတအဖြစ် တာဝန်ယူခဲ့သည့် (၈)နှစ်အတွင်း ယင်းအမိန့်မျိုး ထုတ်ပြန်မှု (၂၉၁)ကြိမ် ရှိခဲ့ဖူးပြီး ရော်နယ်လ်ရေဂင် လက်ထက်ကမူ (၃၇၁)ကြိမ်ထိ ရှိခဲ့ဖူးကြောင်း သိရှိရသည်။


.. www.MyanmarExpress.net
 

NLD အကြွေး ၉ သိန်းကျော်အား ဗလီတစ်ခုမှ ဆပ်ပေးမည်

From : .. အမျိုးစောင့်ဥပဒေပြဌာန်းရေး


ကျိုင်းတုံမြို့ ရပ်ကွက် ၃ ရှိ တိုင်းလိခန်းမတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပေးစရာကျန်ရှိ နေသည့် အကြွေး ၉ သိန်းကျော်အား ကျိုင်းတုံမြို့မှ ဗလီတစ်ခုမှ ကူညီဆပ်ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ဇူလိုင်လ ၄ ရက် နှင့် ၅ ရက်နေ့များတွင် အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် နာယက ဦးတင်ဦး ဦးဆောင်သည့်အဖွဲ့ ကျိုင်းတုံမြို့သို့ရောက်ရှိလာကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၃၆ ပြင်ဆင်ရေး  ဟောပြောပွဲအပြီး တက်ရောက်လာသူများကို ညစာဖြင့်ကျွေးမွေးခဲ့ရာ ၉ သိန်းကျော် အကြွေးကျန်ခဲ့ကြောင်း သိရသည်။ အဆိုပါညစာစားပွဲသို့ ကျိုင်းတုံမြို့ပတ်ဝန်းကျင်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ပေါင်း ၄၀၀ ခန့် တက်ရောက်ခဲ့ကြပြီး ခန်းမနှင့် ကျွေးမွေးစရိတ် စုစုပေါင်း ၂၅ သိန်းကျော် ကုန်ကျခဲ့ရာ ၁၆ သိန်း ကျော်သာပေးခဲ့ပြီး ၉ သိန်းကျော် အကြွေးထားခဲ့ကြောင်း တိုင်းလိယဉ်ကျေးမှုခန်းမမှ တာဝန်ရှိသူတစ်ဦးမှ ဆိုသည်။ ကျန်ရှိငွေ ၉ သိန်းကျော်အား ဗလီတစ်ခုမှ ဆပ်ပေးမည်ဟု အကြောင်းကြားထားပြီး ယခုတစ်ကြိမ် သာမက ယခင်ကတည်းကလည်း NLD ပါတီ၏ ငွေကြေးလိုအပ်ချပ်များကို ဗလီများမှ ဖြည့်ဆည်းပေး လေ့ရှိကြောင်း ၎င်းကဆိုသည်။  လက်တလောတွင် အစ္စလာမ်အဖွဲ့ချုပ်မှ ကျိုင်းတုံဗလီသို့ ငွေများပေးပို့ ထားပြီး ဖြစ်၍ မကြာခင်မှာ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

အစ္စလာမ်အဖွဲ့ချုပ်အနေဖြင့် NLD ပါတီအာဏာရရှိပါက အခွင့်အရေးအချို့ရရန် မျှော်မှန်းကာ ငွေကြေးဆိုင်ရာကိစ္စများကို ကူညီလေ့ရှိကြောင်းသိရပြီး NLD ပါအတီအနေဖြင့် အစ္စလာမ်ဘာသာဝင်များ ၏ အထောက်အပံ့ယူနေကြောင်းနှင့် ပါတီအတွင်း အစ္စလာမ်ဘာသာဝင်အများအပြားက နေရာယူထား ကြောင်း ဝေဖန်မှုများရှိနေပါသည်။

အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည့် ဗိုလ်စိန်မှန်ကွင်း ဟောပြောပွဲနှင့် လယ်ဝေးမြို့ ဟောပြောပွဲများကိုလည်း အစ္စလာမ်အဖွဲ့ချုပ်မှ ထောက်ပံ့ပေးခဲ့ပြီး အမေအိမ် ပညာဒါန ကျောင်းမှာ အစ္စလာမ်အဖွဲ့ချုပ်၏အကူအညီဖြင့် ဖွင့်လစ်ထားသည့်ကျောင်း ဖြစ်ကြောင်းသိရသည်။ ဒါ့အပြင် နာမည်ကြီး မွတ်ဆလင်ကုမ္မဏီကြီးများဖြစ်သည့် Father Land, Mother Land နှင့် ကျောက်တံတားမှ မွတ်ဆလင်လုပ်ငန်းရှင်များမှ ဒါရိုက်တာကြည်ဖြူရှင်မှတစ်ဆင့် ဒီချုပ်သို့အထောက်အပံ့များ ပေးနေကြောင်း သိရပြီး မစိုးရိမ်တိုက်အုပ်ဆရာတော် ဦးဝီရသူမှလည်း NLD ပါတီက ခွတ်ဒေါင်းမဟုတ်တော့ဘူး၊ မွတ်ဒေါင်း ဖြစ်နေပြီဟု ပြောဆိုခဲ့ဖူးကြောင်း သိရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပထမဆုံးမိန့်ခွန်းပြောသူမှာ အစ္စလာမ်ဘာသာဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီဖြစ်ပြီး NLD ပါတီ၏ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလုပ်ငန်းများကို ထောက်ခံကြောင်းကို ရိုဟင်ဂျာလူငယ်များ အဖွဲ့ချုပ်မှ ကြေညာချက် ထုတ်ခဲ့ဖူးသည့် သတင်းများထွက်ပေါ်ခဲ့သည်။

ကျိုင်းတုံမြို့တွင်ကျင်းပသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထု ဟောပြောပွဲသို့ အခမ်းအနားမှူးများအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ဘဏ္ဍာရေးမှူး၊ ဒေါ်နီလာဝင်းနှင့် ရှမ်းပြည်နယ်၊ အဖွဲ့ချုပ်၊ တွဲဖက်အတွင်းရေးမှူး၊ ဦးတင်မြင့်ဝင်း တို့က ဆောင်ရွက်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေရေးရာကော်မတီဝင် ဦးအောင်သိန်း၊ ထို့နောက် ၈၈ မျိုးဆက်  ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နာယက ဦးတင်ဦး တို့မှ ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

မင်္ဂလာဆောင်၊ အလှူနှင့် မှားလောက်တဲ့ ၄၃၆ ပြင်ဆင်ရေး ကျိုင်းတုံမြို့ ညစာစားပွဲ ဓာတ်ပုံများကို https://www.facebook.com/MyanmarExpress/posts/679775968783195 တွင် ဆက်လက်ကြည့်ရှုနိုင်ပါသည်။

.. www.MyanmarExpress.net
 

နိုင်ငံတကာက ဝေဖန်ခြင်းကြောင့် MSF ကို လက်ခံရခြင်းဖြစ်ဟု ဆို

From : .. Mizzima
-နိုင်ငံတကာ မျက်နှာစာတွင် ဝေဖန်ခံနေရခြင်းကို ပြန်လည်ဖြေရှင်းရန် ရခိုင်ပြည်သူလူထုက လက်မခံသော အကူအညီပေးရေးအဖွဲ့ဖြစ်သည့် MSF ကို လက်ခံရခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်လိုက်သည်။

နယ်စည်းမထား ဆရာဝန်များအဖွဲ့ ကို အစိုးရက ပြန်လည်ဖိတ်ခေါ်ခြင်းကြောင့် ရခိုင်ပြည်နယ်မြို့မိမြို့ဖအ ဖွဲ့၊ ရခိုင်လူမှုကွန်ရက်အဖွဲ့တို့က ပြည်နယ်အစိုးရထံသို့ ကန့်ကွက်စာပေးပို့ခဲ့ပြီး ပြည်နယ် ၀န်ကြီးချုပ်က ပြန်လည် တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

“လက်ရှိနိုင်ငံတကာမျက်နှာစာတွင် လွန်ကဲစွာ ဝေဖန်သုံးသပ်ခံနေရခြင်းများနှင့် အတူဆိုးရွားသော မကောင်းသော ပုံရိပ်များ ဖော်ဆောင်နေမှုတို့ကို ထင်သာမြင်သာရှိအောင် မဖြစ်မနေ အရေးကြီးအချိန်အခါဖြစ်ပါသဖြင့် ယခုကဲ့သို့ ဖိတ်ခေါ်ရခြင်း ဖြစ်သည်”ဟု ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီး ချုပ်က ထုတ်ပြန်ထားသည်။

ပြည်နယ်ဝန်ကြီးချုပ်၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ရေးဆွဲထားသော ဖွံ့ဖြိုးရေးစီမံကိန်းတွင် နိုင်ငံတကာ အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ရန် လိုအပ်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

MSF ပြန်လည်ဝင်ရောက်ရေးကို ကန့်ကွက်ခဲ့သော စစ်တွေ မြို့မိမြို့ဖအဖွဲ့ဝင် ဦးသန်းထွန်းက “ကျွန်တော်တို့က ကန့်ကွက်ထားတယ်၊ ဒါကို ပြည်နယ်အစိုးရက ဆက်လုပ်တယ်ဆိုရင် နောက်ဖြစ်လာမယ့် ပြဿနာအားလုံးဟာ အစိုးရမှာပဲ တာဝန်ရှိတယ်”ဟု မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ ထုတ်ပြန်ချက်တွင် UN, INGO များ၏ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့က တာဝန်ယူသည်ဟုလည်း ထုတ်ပြန်ထားသည်။ ပြည်ထောင်စုအစိုးရနှင့် ရခိုင်ပြည်နယ်အစိုးရတို့က MSF အပါအ၀င် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ ပူးပေါင်း ပါဝင်ကြရန် ဇူလိုင်လ ၂၄ ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန်ထားသည်။

ရခိုင်ဒေသခံတို့၏ ကန့်ကွက်မှုကြောင့် အကူအညီပေးရေးလုပ်ငန်းများ ရပ်နားထားရသော MSF အဖွဲ့ကမူ အစိုးရ၏ ကမ်းလှမ်းမှုကို သတိကြီးစွာကြိုဆိုသည်ဟု ထုတ်ပြန်ထားသည်။

.. www.MyanmarExpress.net
 

မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ ဒေါက်တာမင်းဇော်ဦးနှင့် The Messenger Journal မှ အင်တာဗျူး

From : .. Min Zaw Oo


မြန်မာပြည်က ပြဿနာတွေအားလုံးဖြေရှင်းနိုင်မယ့်နည်းလမ်းကနိုင်ငံရေးဆွေးနွေးပွဲပဲ

(မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးခရီးလမ်းအခြေအနေ အပါအ၀င် ငြိမ်းချမ်းရေးကားပါမစ်၊ ငြိမ်းချမ်းရေးအတွက် ထောက်ပံ့ငွေကြေးများကိစ္စ၊မြန်မာနိုင်ငံရေးအခြေအနေကို ယခင်က အတိုက်အခံတစ်ယောက်၊ ယခုအစိုးရတာဝန်ရှိသူများနှင့် ပူးပေါင်းလုပ်ဆောင်နေသူတစ်ဦး၏ အမြင်နှင့် ယခုလအတွင်း MPC ရှေ့တွင်သတင်းသမားများက သမ္မတကို ဆန္ဒပြသည့်ကိစ္စများနှင့် စပ်လျဉ်း၍မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ ဒေါက်တာမင်းဇော်ဦးနှင့် The Messenger Media မှ တွေ့ဆုံမေးမြန်းထားသည်များကိုဖော်ပြထားခြင်းဖြစ်သည်။)

အခုလက်ရှိအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ၀င်ရောက်ညှိနှိုင်းပေးတဲ့အခါဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရလဲ။

အခက်အခဲတွေ ပြောရမယ်ဆို နံပါတ်တစ် အခက်အခဲက နှစ်ဖက်လုံးက လွန်ခဲ့တဲ့နှစ်(၆၀) ကသူတို့သီးသန့်ကမ္ဘာလေးမှာ နေကြတာ။ တိုင်းရင်းသားလက်နက်ကိုင်ဆိုလည်းသူတို့အမြင်နဲ့ တည်ဆောက်ထားတဲ့ကမ္ဘာ ထဲမှာရှိတယ်။ တစ်ဖက်က အစိုးရထဲမှာဆိုရင်လည်းသူတို့ရဲ့သီးသန့် အမြင်ဆိုတဲ့ ပုံစံရှိတယ်။ Paradigm လို့ပြောတဲပုံစံခွက်နှစ်ခုကမတူကြဘူး။ မတူတဲ့ဟာမှာ အချို့ ဟာတွေက အမြင်မတူတဲ့ဟာတွေကိုတစ်ခုတည်းဖြစ်အောင် လုပ်ရတာတော့ တော်တော်ခက် တယ်။ နောက်ပြဿနာတစ်ခုကစကားလုံးတစ်လုံးကို ပြောလိုက်ရင်တောင်မှ အဲဒီစကားကို နားလည်တဲ့ပုံခြင်းမတူကြဘူး။ ဥပမာ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့ စကားလုံးမျိုး ပြောလို့ရှိရင်အစိုးရ ထဲကတချို့ထင်တာ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာခွဲထွက်ခွင့်ဆိုပြီးထင်တဲ့ဟာရှိတယ်။ တိုင်းရင်းသား ဘက်က တချို့တွေကျတော့ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာ ခွဲထွက်ခွင့် မဟုတ်ဘူး။ ဒါက ကျွန်တော်တို့ရဲ့ပြည်နယ်တွေမှာ အကန့်အသတ်ရှိတဲ့ ဥပဒေပြုခွင့်ပေါ့နော်၊ ဆိုလိုတဲ့အဓိပ္ပါယ်ကစကားလုံး လေး တစ်လုံးမှာတောင် နားလည်မှုခြင်း မတူကြတဲ့ ပြဿနာတွေရှိတယ်။ ဒါကတော့ ကိုယ် ကျင်လည်ခဲ့ရတဲ့ နှစ်ခြောက်ဆယ်လောက် အသိုင်းအ၀ိုင်းတစ်ခုစီမှာသီးသန့်ကျင်လည်ခဲ့တဲ့၊ သိရတဲ့ အသိတွေချင်းလည်း မတူကြဘူး။ နောက်ပြဿနာတစ်ခုက တရားဝင်မှုပြဿနာ၊ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲမှာ တချို့ကလည်းတက်လာတဲ့ အစိုးရပေါ်မှာ သံသယ တွေရှိနေတုံးပဲ။ တချို့ကျတော့လည်း အစိုးရတော့ပြောင်းတော့ပြောင်းနေပြီ၊ ဒါပေမဲ့ တကယ်ပဲ ထိထိမိမိ ပြောင်းတာမှဟုတ်ရဲ့လား။အပေါ်ယံပဲ ပြောင်းတာလားဆိုပြီး သံသယရှိတာလည်း ရှိတယ်။ ထိုနည်းလည်းကောင်းပဲအစိုးရထဲက တချို့ကလည်း တိုင်းရင်းသားတွေအပေါ်မှာ သံသယရှိတာတွေ ရှိတယ်။ တိုင်းရင်းသားတွေက တကယ်ပဲ ငြိမ်းချမ်းရေးကို လိုချင်သလား။ ဒါမှ မဟုတ်ဘဲနဲ့ငြိမ်းချမ်းရေးအပေါ်မှာပဲ အမြတ်ထုတ်မှာလား။ တကယ်ပဲ နိုင်ငံရေးပြဿနာကို ဖြေရှင်းပြီးတော့ ဒီလက်နက်ကို စွန့်မှာလား။ အဓိကနိုင်ငံရေးပြဿနာ ရရင်ရောဒီလက်နက်ကိုင် ပဋိပက္ခတွေကို လုံးဝချုပ်ငြိမ်းသွားအောင် ဘယ်လိုလုပ်မလဲ စတဲ့စိုးရိမ်မှုတွေ၊ မယုံသင်္ကာတွေ ရှိ တယ်။ ဒါကလည်း နှစ်(၆၀)လုံးမှာနှစ်ဖက်ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေအရ ပြောကြတာပဲ။

ဒီနေရာမှာ MPC ရဲ့ရပ်တည်မှုက ဘယ်လိုမျိုးရှိလဲ။

MPC ကို အစိုးရက ဖွဲ့တယ်ဆိုပေမယ့် ဒါ နိုင်ငံတော်သမ္မတ Mandate နဲ့ပေါ့နော်။ သူ့ Mandate ကို ကြည့်လိုက်မယ်ဆိုရင် MPC က ညှိနှိုင်းဆောင်ရွက်ပေးရတဲ့အဖွဲ့ဖြစ်တယ်။ ဒီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ကျွန်တော်တို့မှာ ဘာမှလုပ်ပိုင်ခွင့်မရှိဘူး။ ဘာမှ အာဏာမရှိဘူး။ ကျွန်တော်တို့အလုပ်က ညှိနှိုင်းဆောင်ရွက်ပေးရတာ။ကျွန်တော်တို့က သွားပြီး မောင်ဖြူ ဘာလုပ် လိုက်၊ မောင်နီ ဘာလုပ်လိုက်ကျွန်တော်တို့ပြောလို့ မရဘူး။ ပြောပိုင်ခွင့်လည်း မရှိဘူး။ ပြောစရာ အာဏာလည်းမရှိဘူး။ ကျွန်တော်တို့ ကိုယ်တိုင်ကကို အစိုးရ၀န်ထမ်း မဟုတ်ဘူး။ MPC က၀န်ထမ်းတွေအားလုံး အစိုးရ၀န်ထမ်း မဟုတ်ဘူး။ Non Governmentအဖွဲ့ပုံစံမျိုးနဲ့ ကျွန်တော်တို့ က လည်ပတ်တဲ့ပုံစံမျိုးပေါ့။ တစ်ဖက်ကလည်းဒီအစိုးရ နဲ့ အရပ်သား Hybrid ပေါ့၊ အရောပုံစံနဲ့လည်ပတ်တာ။ အလုပ်လုပ်ရတဲ့အခါ ဟိုအရင်တုန်းကတော့ဒီငြိမ်းချမ်းရေးလုပ်ငန်းတွေ လုပ်တဲ့အခါ ကကလှမ်း ပေါ့၊ ဒီထောက်လှမ်းရေးက အဓိကလုပ်တယ်။ လုပ်တဲ့အခါ သူတို့မှာ သူတို့လုပ်တဲ့အချိန်ကငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ခွင့်၊ Policy အရ ဆုံးဖြတ်ခွင့်ကို သူတို့ဆုံးဖြတ်လို့ရတယ်။ သူတို့ကိုယ်တိုင်လည်း အောက်ခြေမှာရှိတဲ့ ၀န်ကြီးဌာနတွေကိုညွှန်ကြားချက်ပေးလို့ရတယ်။ အဲဒီ အချိန်တုန်းက လုပ်တဲ့ပုံစံနဲ့ အခုပုံစံနဲ့မတူဘူး။ အခုပုံစံကျတော့ အစိုးရထဲမှာတင် သူ့ရဲ့ Power Center တွေကကွဲသွားတယ်။ အရင်က ငြိမ်းချမ်းရေးလုပ်တုန်းက ကကလှမ်း ဆိုတာ အများကြီး သြဇာရှိတယ်။ သူပြီးရင် ပြီးတယ်ဆိုတဲ့ပုံစံနဲ့ ဆက်ဆံလို့ရတယ်။ တိုင်းရင်းသားအဖွဲ့တွေနဲ့ဆက်ဆံတဲ့အခါမှာ ခုကျတော့ ကျွန်တော်တို့ငြိမ်ချမ်းရေးလုပ်ငန်းစဉ်သစ်မှာကျတော့အစိုးရမှာ Executive Branch ရှိတယ်။ တပ်မတော်ဆိုတာလည်း Power Centerတစ်ခုအနေနဲ့ရှိတယ်။ လွှတ်တော်ဆိုတာလည်းရှိတယ်။ အစိုးရမှာတောင် ၀န်ကြီးဌာနတွေရှိတယ်။ငြိမ်းချမ်းရေးလုပ်တဲ့ အခါမှာ သမ္မတရုံးတစ်ခုတည်းနဲ့လုပ်လို့ပြီးတာမဟုတ်ဘူးလေ။ ငြိမ်းချမ်းရေးမှာဖြစ်လာမယ့်အကောင်အထည်ဖော်ရမယ့်ကိစ္စတွေကို ၀န်ကြီးဌာနက အကောင်အထည်ဖော်ရတာ။ ဥပမာ IDPကိစ္စလိုဟာမျိုးကို အဓိကအကောင်အထည်ဖော်ရတာ လူကယ်ပြန် (လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)ပေါ့။ ပြီးရင် ပြည်နယ်အစိုးရ ဆိုတာရှိလာတယ်။အရင်တုန်းကငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာ Top Down အပေါ်အောက်စီးဆင်းရုံနဲ့လုပ်လို့ရတယ်။ အပေါ်ကနေ ကကလှမ်း လုပ်ပြီး အောက်ကလူတွေအကုန်လုံး ဒီအတိုင်းစီးဆင်းတဲ့ပုံစံနဲ့လုပ်လို့ရတယ်။ အခုကျတော့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အပေါ်အောက်ဆက်ဆံရေးလုပ်တဲ့အခါမှာ ကျွန်တော်တို့က အပေါ်အောက် ဆက်ဆံရေးတင်မက ဘေးတိုက်ဆက်ဆံရေးပါအကုန်လုံး တည်ဆောက်ရတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းမှာ ပါဝင်ပတ်သက်တဲ့ဝန်ကြီးဌာနတွေလည်း အများကြီးဖြစ်လာတယ်။ သူတို့တွေနဲ့ပူးပေါင်းဆောင်ရွက်ပြီးညှိနှိုင်းရတာတွေရှိတယ်။ ပြီးရင်ပြည်နယ်အစိုးရနဲ့ညှိနှိုင်းရတာရှိတယ်။ လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးဆောင်ရွက်ရတာတွေရှိတယ်။ ငြိမ်းချမ်းရေးလုပ်ငန်း ကိုလုပ်နေတဲ့အစိုးရဘက်တစ်ခြမ်းတည်းမှာဘဲ ဒီလိုလုပ်ငန်းတွေကို အကောင်အထည်ဖော်တဲ့ Actorsတွေပေါ့။ လုပ်တဲ့ အဓိက အင်အားစုတွေအများကြီးဖြစ်လာတယ်။ အရင်တုန်းကလို တစ်ခု တည်းကလုပ်တဲ့ပုံစံမျိုးမဟုတ်တော့ဘူး။ အဓိကအင်အားစုတွေအများကြီးနဲ့အကုန်လုံးထိစပ်ပြီး Coordinate ပူးပေါင်းညှိနိုင်း လုပ်ရတာ။ညှိနှိုင်းဆောင်ရွက်ရတဲ့ကိစ္စတွေ၊ တိတိကျကျလုပ်ငန်းစဉ်တစ်ခု ပေါ်လာအောင်လုပ်ရတာအင်မတန်မှ ခက်တယ်။ အဲဒီပြဿ နကြီးတယ်။ နောက် တစ်ခုငြိမ်းချမ်းရေးလုပ်ငန်းတွေလုပ်တဲ့အခါကြုံတွေ့ရတဲ့ပြဿ နာ တစ်ခုက ယုံကြည်မှု။တိုင်းရင်းသား တွေနဲ့ ကျွန်တော်တို့နဲ့ကြားမှာ ယုံကြည်မှုက အတိုင်းအတာတစ်ခုအထိရလာပြီ၊ အထူးသဖြင့် ခေါင်းဆောင်ပိုင်းမှာ ရလာပြီ။ စားပွဲပေါ် လာဆွေးနွေးတဲ့သူတွေအချင်းချင်းမှာ ရလာပြီ။ NCCT နဲ့ ကျွန်တော် တို့ တွေ့ကြတာကျွန်တော်ထင်တယ် အခေါက်ပေါင်းရာနဲ့ချီနေပြီ။ စားပွဲပေါ် လာတဲ့သူတွေ အချင်းချင်းနားလည်မှုရလာပြီ။ ရှေ့ကိုဘယ်လိုဆက်သွားကြမယ်ဆိုတာ ဆွေးနွေးကြတယ်။ ဒါပေမဲ့စကားဝိုင်းမလာနိုင်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကြားထဲမှာလည်း အခုဖြစ်နေတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးကို ရှင်းရှင်းလင်းလင်းနားလည်ဖို့ဆိုတာလည်းအခက်အခဲတော့ ရှိတာပေါ့။ ငြိမ်းချမ်းရေးလုပ်ငန်းဆောင်ရွက်နေတဲ့ နှစ်ဖက်စလုံးမှာတစ်ဖက်က ကျွန်တော်တို့ MPC လို အစိုးရနဲ့ချိတ်ဆက်ပြီးလုပ်နေတဲ့အဖွဲ့ရှိသလို၊တိုင်းရင်းသားတွေမှာလည်း ချိတ်ဆက်လုပ်နေတဲ့ အဖွဲ့တွေရှိတယ်။ဒီနှစ်ဖွဲ့လုံးရဲ့ဒုက္ခက ဘာလဲဆိုတော့ နှစ်ဖက်စလုံးက ကိစ္စတွေကို နားလည်အောင်ဆွေးနွေးပြရတယ်။ နောက်ပြဿ နာတစ်ခုက ကိုယ့်အချင်းချင်း အထဲမှာလည်းငြိမ်းချမ်းရေးကိစ္စတစ်ခု လုံးကို နားလည်အောင် ပြန်ဆွေးနွေးပြရတယ်။တိုင်းရင်းသားတွေမှာဆို (၁၆) ဖွဲ့ရှိတယ်။ ဒါ အကုန်လုံးကို ညှိနှိုင်းရတယ်။နောက်ပြီး ဒီတစ်ဖွဲ့ချင်းမှာတောင် တစ်ခါတလေ အပေါ်နဲ့ အောက်နဲ့ က သဟဇာတမဖြစ်တဲ့ပြဿ နာတွေရှိတယ်။

MPCရဲ့ဘတ်ဂျတ်သုံးစွဲမှုအပေါ် ပွင့်လင်းမြင်သာစွာချပေးဖို့ရှိလား။



ကျွန်တော်က ဘတ်ဂျတ်ကိစ္စမလုပ်တော့ အသေးစိတ်တော့မသိဘူး။ ကျွန်တော်တို့သိတာက ကျွန်တော်တို့က EU ကပေးတဲ့ဘတ်ဂျတ်ဖြစ်တာကြောင့် EU မှာ ငွေကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်း Procedureတွေရှိတယ်။ ဥပမာ EU ရဲ့ Funding အလှူ ငွေကို ယူတယ်ဆိုလို့ရှိရင်စာရင်းစစ်တွေ ဘယ်နှစ်ကြိမ်လုပ်ရတယ်ဆိုတာရှိတယ်။ သတ်မှတ်ထားတဲ့ပိုက်ဆံသုံးတဲ့ပုံစံတွေကို အရမ်းတင်းကျပ်တယ်။ ဥပမာဆိုရင် MPC က ပိုက်ဆံ တိုက်ရိုက်ကိုင်တာမဟုတ်ဘူး။ MPC ကို ရော့အင့် ဆိုပြီး ပိုက်ဆံလက်ထဲလာထည့်ပေးတာမဟုတ်ဘူး။ MPCနဲ့ EU ကြားမှာ ပိုက်ဆံကိုင်တဲ့ နိုင်ငံတကာ အဖွဲ့တစ်ဖွဲ့ရှိတယ်။ အဲဒီနိုင်ငံတကာအဖွဲ့က ပိုက်ဆံကိုင်ပြီးတော့ MPC က ဘာတွေလိုတယ်ဆိုမှ အဲဒီအပေါ်စိစစ်တယ်။ EU ရဲ့ Guideline တွေ၊ စည်းမျဉ်း စည်းကမ်းတွေနဲ့ ညီလားဆိုတာကြည့်တယ်။ ကြည့်ပြီးညီတယ်ဆိုမှ လိုအပ်တဲ့ပစ္စည်းကိုဝယ်ပေးတာ။ MPC အနေနဲ့က တိုက်ရိုက်ပိုက်ဆံကိုင်တဲ့အလုပ်မရှိဘူး။ ဒီကိစ္စတွေကို ရေးကြ သားကြတဲ့အခါမှာ သေသေချာချာရေးချင်ရင်လွယ်လွယ်လေးဗျ။ သိချင်ရင် EU ကို သွားမေးလို့ရတယ်။ EU တို့ ဘာတို့ကနိုင်ငံတကာအဖွဲ့အစည်းတွေဆိုတော့ သူတို့ရဲ့ဘတ်ဂျတ်တွေနဲ့ပတ်သက်ရင် ဘယ်အဖွဲ့အစည်းကိုဘယ်လောက်ပေးတယ်။ ဘယ်လိုသုံးစွဲတယ်၊ ဘယ်လိုစာရင်းစစ်တယ်ဆိုတာ Guideline တွေအကုန်ရှိပြီးသား။ အဓိကဘတ်ဂျတ်သုံးစွဲတဲ့ကိစ္စက နိုင်ငံတကာစည်းမျဉ်းစည်းကမ်းတွေနဲ့သေသေ ချာချာလုပ်ရပါတယ်။ ကျွန်တော် Project တွေ အများကြီးလုပ်ဖူးတယ်။ EU Funding ကအကျပ်ဆုံးဘဲ။ EU Funding ရဖို့ကလဲ မလွယ်ဘူး။ ရလာရင် အဲဒီ Guideline နဲ့ ညီ မညီလုပ်ရတာတွေ၊ သူတို့က အရမ်းတင်းကျပ်တယ်။ ဥပမာ ကျွန်တော်တို့ ဒီမှာရှိတဲ့Staff ဝန်ထမ်း အရေ အတွက်ကအစ အကုန်လုံး ကြိုညှိပြီးမှ ခန့်လို့ရတယ်။ သူတို့ကအရမ်းတင်းကျပ်တယ်။ ကျွန်တော်တို့ ဒီမှာရှိတဲ့ Staff အရေအတွက်ကအစ အကုန်လုံးကြိုညှိရတယ်။ ကိုယ်ခန့်ချင် တိုင်း ခန့်လို့မရဘူး။ အခြေခံအားဖြင့် MPC ကတိုက်ရိုက်ပိုက်ဆံကိုင်ပြီးလုပ်တဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ အခုအပြင်မှာ ရေးနေကြတဲ့သန်း (၁၃၀) တို့၊ အဲဒီနံပါတ်တွေ ဘယ်ကရမှန်း ကျွန်တော်မသိဘူး။ ရေးတဲ့သူတွေကိုယ်တိုင်ပဲ ရှင်းပြရင်ကောင်းတာပေါ့ဗျာ။ EU က ကျွန်တော်တို့ ပေးတဲ့ဘတ်ဂျတ်က MPC လည်ပတ်ဖို့ပေါ့။ ဒါပေမဲ့ ဥပမာဆိုပါစို့၊ ဂျပန်က ပဋိပက္ခဖြစ်တဲ့ဒေသတွေမှာ (၉၅)သန်းလားမသိဘူး။ သုံးမယ်ဆိုတာ။ ဒီပိုက်ဆံတွေက MPC ကို လာတာလည်းမဟုတ်ဘူး။ ဖြတ်တာလည်းမဟုတ်ဘူး။ ကျွန်တော်တို့  အနေနဲ့ ဒီငွေတွေ အဓိကဖြတ်လည်းမဖြတ်စေချင်ဘူး။ လာလည်း မလာစေချင်ဘူး။ ကျွန်တော်တို့ ဖြစ်ချင်တဲ့ကျွန်တော်တို့ ရဲ့ အဓိက အခန်းကဏ္ဍ Coordination ညှိနိုင်းဆောင်ရွက်ပေးတာဖြစ်တယ်။ ဒီCoordinate လုပ်တဲ့ဟာကို လုပ်ပေးမယ်။ ဥပမာ ဒီ (၉၅) သန်းကို အဖွဲ့၊ တစ်ခုကရတယ်ထား၊ဂျပန်အစိုးရက ဘယ်အဖွဲ့၊ ဘယ်အဖွဲ့ဆိုပြီး တစ်ဖွဲ့တည်း ဖြစ်ချင်ဖြစ်မယ်။သုံး၊လေးဖွဲ့ဖြစ်ချင် ဖြစ်မယ်။ ပေးလိုက်တယ်ပေါ့။ ပေးလိုက်ရင် အဲဒီအဖွဲ့အစည်း တွေကအဲဒီပိုက်ဆံကိုကိုင်မယ်။ သုံးစွဲတဲ့ပုံစံကို ကိုင်မယ်။ ကျွန်တော်တို့ဘက်က၀င်ကူပေးရမှာက လက်နက်ကိုင်အဖွဲ့တွေရယ်၊ အဲဒီမှာရှိတဲ့ပြည်နယ်အစိုးရရယ်၊ ပြီးတော့ဝန်ကြီးဌာနတွေကြားထဲမှာ ညှိနှိုင်းပြီးတော့ ဥပမာ ဆိုပါစို့၊ ကျောင်းဆောက်မယ်။ဒါကိုကျောင်းဆောက်လို့ရအောင် ဘယ်မှာကျောင်းလိုလဲ၊ ဒါတွေကိုဝင်ညှိပေးမယ်။ တကယ်တမ်းအဲဒီ ပိုက်ဆံတွေကိုင်သွားပြီး လုပ်ငန်းအကောင်အထည်ဖော်တဲ့အဖွဲ့က ကျွန်တော်တို့မဟုတ်ဘူး။ ကျွန်တော်တို့အမြင်က ကိုယ့်ရဲ့အခန်းကဏ္ဍကို သေးနိုင်သမျှသေးတာ ကောင်းတယ်။ကျွန်တော်တို့အနေနဲ့ သူများလုပ်နိုင်နေတာတွေကို မလုပ်ဖို့ဘဲ။ သူများလုပ်နိုင်ရင်လုပ်နိုင်သူကို လုပ်နိုင်အောင်ကူညီပေးတာ ကျွန်တော်တို့အလုပ်။ နဂို MPCစလုပ် ကတည်းက ရည်မှန်းချက်က သူများတွေ များများလုပ်နိုင်ဖို့လိုတယ်။ MPC ရဲ့ရည်ရွယ်ချက်ကMPC မရှိဖို့ဖြစ်တယ်။

ကိုမင်းဇော်ဦးကဒီပဋိပက္ခရပ်စဲရေးမှာ တာဝန်ယူထားရတော့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးရအောင်လုပ်မယ်။ ပြီးရင် အားလုံးပါဝင်တဲ့ ညီလာခံကြီးတစ်ခု လုပ်မယ်လို့ပြောထား တာကလက်ရှိအစိုးရသက်တမ်းမှာ တကယ်ပဲဖြစ်ပေါ်လာနိုင်မလား။



လောလောဆယ်အစိုးရဘက်မှာအဲဒီ Policy ရှိပြီးသား။ အစိုးရဘက်က နံပါတ်တစ် အပစ်အခတ်ရပ်စဲရေးလုပ်၊ ပြီးရင်နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်သွားဆိုတဲ့မူဝါဒက အစိုးရမှာ ချပြီးသား။လုပ်ချင်တဲ့ဆန္ဒလည်းရှိတယ်။ ဒါပေမဲ့ ဒါက နှစ်ဖက်စလုံးနဲ့မူတည်တယ်။ တိုင်းရင်းသားတွေဘက်ကလည်း ဘယ်လောက်ထိ Time Line အချိန်ဇယား တွေကိုချမှတ်ရာမှာ တူဖို့လိုတယ်။အစိုးရဘက်က ၂၀၁၄ မတိုင်ခင် နိုင်ငံရေးဆွေးနွေးပွဲ စစေချင်တယ်။ အဓိကစဉ်းစားထားတာကတော့ ဒီအစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက်အုတ်မြစ်ချခဲ့ဖို့လိုတယ်။ ဒီအစိုးရ သက်တမ်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ်အကုန်ပြီးသွားမှာ မဟုတ်ဘူး။ နောက် (၁၀)နှစ်ကြာရင်ကြာမယ်။ (၁၅) နှစ်လည်းကြာရင်ကြာမယ်။ ဒါပေမဲ့ အုတ်မြစ်တစ်ခုကို အခြေခိုင်နိုင်အောင်ချပေးနိုင်ခဲ့တယ်ဆိုရင် နောက်အစိုးရတက်လာတဲ့အခါမှာ ဘယ်အစိုးရပဲတက်တက်၊ဘယ်သူပဲတက်တက် လက်ရှိချထား တဲ့ အခြေခံအုတ်မြစ်ပေါ်ကနေ လက်ဆင့်ကမ်းပြီးဒီငြိမ်းချမ်းရေး လုပ်သွားလို့ရတယ်။ ကျွန်တော် တို့ဝင်ပြီး ဒီငြိမ်းချမ်းရေးမှာမပါဝင်လာကတည်းက၂၀၁၁ ခုနှစ်လောက်မှာ စဉ်းစားတာမိတာက ဒီအစိုးရ လက်ထက်မှာအားလုံးပြီးသွားမယ်လို့ ကျွန်တော်တစ်ယောက်တည်းအနေနဲ့ မမြင်ခဲ့ဘူး။မြန်မာပြည်မလာခင် ကတည်းက ငြိမ်းချမ်းရေးလုပ်ငန်းတွေ လုပ်တော့မယ်ဆို အနည်းဆုံး (၁၀)နှစ်၊ (၁၅) နှစ်တော့ အချိန်ယူရမယ်လို့စဉ်းစားခဲ့ဖူးတယ်။ ဒီအစိုးရလက်ထက်မှာ အဓိကအရေးကြီးဆုံးကအချက် နှစ်ခုကို အခြေခံအုတ်မြစ်ချခဲ့ဖို့ ဖြစ်တယ်။ နံပါတ်တစ်အနေနဲ့အပစ်အခတ်ရပ်စဲရေးခိုင်မာဖို့ နှစ်ဘက် လိုက်နာရမယ့်စည်းမျဉ်း၊စည်းကမ်း၊တပ်နေရာချထားရေးကိစ္စတွေ၊ အပစ်အခတ်ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေးဆိုင်တဲ့ကိစ္စတွေ၊အရပ်သားတွေကို နှစ်ဘက်စလုံးက ဘယ်လိုစောင့်ရှောက်မလဲ၊ ဘာတွေကိုမလုပ်ရဘူးလဲ။ဒါတွေကို ရှင်းရှင်းလင်းလင်း သဘောတူထားဖို့လိုတယ်။ နံပါတ်နှစ် အချက်ကနိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်လာဖို့ အာမခံချက်ရှိတဲ့ အခြေခံ အုတ်မြစ်တစ်ခုချပေးခဲ့ ရမယ်။ ဒါမှ ဒီအစိုးရပြီးလို့၊ နောက်အစိုးရတက်ရင်လည်းနိုင်ငံရေးဆွေးနွေးပွဲတွေကို ဆက် လုပ်သွားဖို့လိုတယ်။ အဲဒီနှစ်ခုကိုမချနိုင်ရင် နောက်အစိုးရ တက်လာရင်အားလုံးကို စလုံးရေစက ပြန်စရလိမ့်မယ်။ကျွန်တော်တို့ စိုးရိမ်တာက နောက်အစိုးရတက်လာလို့ရှိရင် အစကနေပြန်စရလို့ငြိမ်းချမ်းရေးဖြစ်စဉ်က လည်ထွက်သွားတာမျိုးမဖြစ်ရအောင် ခုချိန်ကတည်းကအခြေခံအုတ်မြစ်ချရမယ်။ အဲဒီစဉ်းစား ချက်ကို ယေဘုယျအားဖြင့်တိုင်းရင်းသားအဖွဲ့အစည်းတော်တော်များများ လက်ခံတယ်။ နှစ်ဖက် စလုံးက ကြိုးစားကြတဲ့အခါအရင်တုန်းကတော့ ဈေးဆစ်တဲ့ပုံစံနဲ့ ဆွေးနွေးကြတာကို။ မင်း ဘာပေးမလဲ၊ ငါဘာပေးမလဲ၊ပုံစံမျိုးနဲ့ ဆွေးနွေးကြတာ။ အခုအချိန်မှာ အဲဒီလိုဆွေးနွေးတဲ့ အဆင့် မဟုတ်တော့ဘူး။နှစ်ဘက်စလုံးက ဘာကိုလက်ခံနိုင်မလဲဆိုတဲ့ဟာကို နှစ်ဖက်စလုံးက ထိုင်စဉ်းစားတဲ့အဆင့်ဖြစ်သွားပြီ။ ကျွန်တော်တို့အတွေ့အကြုံအရ အခုလုပ်တဲ့ဆွေးနွေးပွဲကအပြု သဘောဆောင်ပါတယ်။ ၂၀၁၅ မတိုင်ခင် ခုနကပြောတဲ့ နှစ်ချက်ကိုတော့အုတ်မြစ်ချနိုင်မယ် ထင်တယ်။

အဲဒီလိုအုတ်မြစ်ချမယ်ဆိုတဲ့နေရာမှာ ဒီ ၂၀၁၅ ခုနှစ်မတိုင်ခင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကိုလက်မှတ်ရေးထိုးသွားနိုင်မှာလား၊ အားလုံးပါဝင်တဲ့နိုင်ငံရေး ဆွေးနွေးပွဲကိုသွား နိုင်မှာလား ဆိုတဲ့ဟာကို တိတိကျကျ သိချင်ပါတယ်။



နှစ်ခုလုံးပေါ့၊တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်ဆိုတာ တကယ်တမ်းတော့အပစ်အခတ်ရပ်စဲရေး မရှိလို့လုပ်တာမဟုတ်ဘူး။ အပစ်အခတ်ရပ်စဲရေးက ရှိပြီးသား၊ အခုဆိုရင်အစိုးရက ပြောထားတဲ့ (၁၆)ဖွဲ့မှာ (၁၄)ဖွဲ့နဲ့ကအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထားပြီးသား၊တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်လုပ်တဲ့ရည်ရွယ်ချက်က အပစ်အခတ်ရပ်စဲရေးခိုင်အောင် လုပ်ဖို့ လိုတဲ့အချက်တွေကို ပါသွားအောင် ကျွန်တော်တို့က လုပ်ရတာ။နောက်ဒီတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာလည်းနိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ပါမယ်ဆိုတဲ့ အာမခံချက် တွေ ထည့်ထားမယ်။ ဒါဆိုရင်ဒီစာချုပ်ကြီးကို လက်မှတ်ရေးထိုးလိုက်လို့ရှိရင် အပစ်အခတ်ရပ်စဲရေးကို ခိုင်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ လုပ်ငန်းစဉ်တွေကို စလုပ်လို့ရပြီ။ ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲအတွက် အာမခံချက်ရှိလာပြီ။ ဒီတစ်ဆင့်ကို လက်မှတ်ထိုးပြီး နောက်တစ်ဆင့်က နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ဒါကို ညှိမယ်။ ညှိတဲ့အခါမှာ Agenda တွေ၊ ဘာ Issueတွေဆွေးနွေးမှာလဲ။ ဘယ်သူတွေပါမှာလဲ။ ဘယ်လိုအမျိုးအစားနဲ့ပါမှာလဲ။ဆုံးဖြတ်ချက်တွေဘယ်လိုချမှာလဲ။ အားလုံး ပြည်ထောင်စုငြိမ်းချမ်းရေးသဘောတူညီချက်ကြီးထွက်လာပြီဆိုရင် အဲဒါကြီးကို ဘယ်လို အကောင်အထည်ဖော်မလဲ၊ စတဲ့ Frameworkမူဘောင်ကိုဆွေးနွေးသဘောတူရဦးမယ်။ ပြီးရင်နိုင်ငံရေးဆွေးနွေးပွဲကြီးလုပ်ရဦးမယ်။ နိုင်ငံရေးဆွေးနွေးပွဲဘယ်လောက်ကြာမလဲဆိုတာတော့ ကျွန်တော်တို့လည်း ခုအချိန်မှာပြောလို့မရဘူး။ နိုင်ငံရေးဆွေးနွေးပွဲ ဘယ်လောက်ကြာကြာ သဘောမတူတာတွေကိုစားပွဲဝိုင်းမှာရှင်းတဲ့ နိုင်ငံရေးယဉ်ကျေးမှုတစ်ခုကို တည်ဆောက်နိုင်ဖို့လိုတယ်။အောက်ခြေက သေနတ်ကိုထားတဲ့သူတွေကို ခင်ဗျားတို့ ပစ်စရာမလိုတော့ဘူး။ အပေါ်မှာနိုင်ငံရေး ဆွေးနွေးနေပြီဆိုတဲ့ အနေအထားမျိုးရောက်အောင်တည်ဆောက်ထားနိုင်ဖို့လိုတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်ကိုနိုင်ငံတကာမှာ ပြုပြင်ပြောင်းလဲရေးရဲ့ ICON တစ်ဦးအနေနဲ့ သုံးနှုန်းနေတာရှိပါတယ်။နိုင်ငံတော်သမ္မတကိုယ်တိုင်ကလည်း သူ့လက်ထက်မှာ ဒီငြိမ်းချမ်းရေးကိုရသွားချင်တယ်လို့ပြောတာရှိတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ နိုင်ငံတော်သမ္မတကအပစ် အခတ်ရပ်စဲရေးမူကြမ်းအပေါ် NCCT ရဲ့ တင်ပြချက်တွေထဲက အချို့အချက်တွေကိုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီကိုခေါ်ပြီးဖြေလျှော့ပေးခဲ့တယ်လို့သိရပါတယ်။ ဘယ်အချက်တွေ ကို ဖြေလျှော့ပေးခဲ့တာလဲ။ အချက်ဘယ်နှစ်ချက်လောက်ရှိမလဲပြောလို့ရမလား။



NCCT နဲ့ ကျွန်တော်တို့သဘောတူထားတဲ့ အထဲမှာတော့ လက်ရှိညှိနှိုင်းနေဆဲအချက် တွေကို တချို့အချက်တွေကိုတော့ပြောတာပြောလို့ရတယ်။ ဒါပေမဲ့ အဲဒါတွေအားလုံးကိုတော့ နှစ်ဖက်ညှိနှိုင်းတဲ့အချိန်မှာအပြင်ကို မထုတ်ပါနဲ့လို့ ပြောထားတာရှိတယ်။ လောလောဆယ် အဲဒီဟာကြီးကိုအပြင်ကိုထုတ်ပြန်ဖို့ မရှိသေးဘူးပေါ့ဗျာ။ ဒါကတော့ ကျွန်တော်တို့တင် မဟုတ်ပါ ဘူး။တခြားနိုင်ငံတွေမှာလည်း လုပ်ရိုးလုပ်စဉ်ပါ။ ညှိနှိုင်းတဲ့အချိန်မှာနှစ်ဖက်စလုံးမှာလည်း ခုနကပြောသလို သဘောထားတင်းမာတဲ့သူရှိရင်ရှိမယ်။ ဟာ ခင်ဗျားကလျှော့လှချည်လား၊ ခင်ဗျားက တင်းလှချည်လားလို့ ဖြစ်တာတွေရှိတယ်။ ညှိရတဲ့သူတွေမှာအခက် အခဲတွေ အများကြီးရှိတယ်။ ညှိနေတဲ့အချိန်မှာ ဒီကိစ္စကြီးကို မထုတ်ပြန်ပါဘူး။ဘာကြောင့်လဲဆို ညှိနှိုင်းတယ်ဆိုတာ အင်မတန်သိမ်မွေ့ပါတယ်။ ကျွန်တော် ပြောပြလို့ရတာကတိုင်းရင်းသားတွေ ဘက်က အစိုးရကို နိုင်ငံရေးဆွေးနွေးပွဲတွေ မရောက်ခင်မှာ အာမခံချက်ကြိုလိုချင်တယ်။ အစိုးရ ဘက်ကလည်း ခင်ဗျားတို့က နိုင်ငံရေးဆွေးနွေးပွဲကျမှယူရမယ့်ဟာကို ဘာဖြစ်လို့အခုကတည်းက ချည်တုတ်ပြီး တောင်းနေသလဲဆိုတဲ့ အမြင်ရှိတယ်။ဒါကို ကျွန်တော်တို့က ဟိုဘက် ဒီဘက် လက်ခံနိုင်တဲ့ဟာဖြစ်အောင် ညှိရတာပေါ့။နောက်တစ်ခု တပ်ပိုင်းဆိုင်ရာလေးတွေ ညှိရတာရှိပါ တယ်။

ငြိမ်းချမ်းရေးကားပါမစ်တွေနဲ့ပတ်သက်ပြီးကိုမင်းဇော်ဦး တို့အနေနဲ့ ဘယ်လိုဆောင်ရွက်ပေးတာလဲ။



ကျွန်တော်တို့ MPC ကတော့ဘာပါမစ်မှပေးလို့ မရပါဘူး။ အစိုးရဖက်က စဉ်းစားတဲ့ပုံစံကတော့ တိုင်းရင်းသား တွေမှာငြိမ်းချမ်းရေးလုပ်ပြီဆိုတော့ မြို့ပေါ်တွေလာကြမယ်။ ရန်ကုန်၊ မန္တလေး၊နေပြည်တော်ပေါ့ဗျာ။ တိုင်းရင်းသားတွေ နယ်စပ်ကလာတော့ လိုင်စင်မဲ့ကားတွေပါလာတော့ခဏခဏပြဿ နာ တက်ကြတယ်။ ရဲကလည်း ဒီကားတွေဖမ်းတယ်။ ဥပဒေအရလိုင်စင်မဲ့မို့လို့ဖမ်းတာ။ ဒါကို ကျွန်တော် တို့က သွားထုတ်ပေးလို့မရဘူး။ဒါပွင့်ပွင့်လင်းလင်းပြောတာ။ အရင်တုန်းကတော့ဗျာ၊ ကကလှမ်း ဆိုတာမျိုးကတော့ချက်ခြင်းလုပ်ပေးလို့ရမှာပေါ့။ ဒီဘက်ခေတ်တော့ ခင်ဗျားတို့ မီဒီယာတွေလည်း ရှိတယ်။ အဲဒီလိုအချိန်မှာကျွန်တော်တို့က ငြိမ်းချမ်းရေးအတွက်လာတာပါ၊ ထုတ်ပေးပါဆိုပြီး သွားပြောလို့မရဘူး။အဲဒီပြဿ နာတွေကိုကျော်လွှားနိုင်ဖို့ဆိုရင်တိုင်းရင်းသားခေါင်းဆောင်တွေ သွားရေး လာရေးအဆင်ပြေအောင် ကားပါပစ်အချို့ပေါ့၊ဒါကလည်း ခင်ဗျားတို့ရှိတဲ့ကားတွေကို မှတ်ပုံတင် ခွင့်ပေးမယ်ဆိုတာမျိုး လုပ်တာ။ကျွန်တော်တို့ နားလည်တာကတော့ အဲဒီလိုနားလည်တာပါ။ ကားတင်သွင်းခွင့် ပါမစ်မဟုတ်ဘူး။အပြင်မှာ တစ်မျိုးဖြစ်တာ။ အဓိကကတော့ ခင်ဗျားတို့ စီးတဲ့ လိုင်စင်မဲ့ကားတွေယူလာ၊မှတ်ပုံတင်လုပ်ပေးမယ်။ အချို့တွေဆို အခွန်လွတ်မှတ်ပုံတင်ပေးလိုက် တယ်။အလုပ်လုပ်နိုင်အောင် ခွင့်ပြုခဲ့တာလို့ ကျွန်တော်တို့နားလည်တယ်။ အပြင်မှာ ဖြစ်တာကတော့ တစ်မျိုးပေါ့ဗျာ။ ဒါတွေက ကျွန်တော်တို့နဲ့ မဆိုင်ဘူးဗျ။

တန်ဖိုးကြီးတဲ့ကားတွေတင်သွင်းမှုတွေရှိတယ်၊ ကားပါမစ်တွေသွင်းဖို့အတွက် MPC က တစ်စုံ တစ်ရာပါဝင်ပက်သက်မှုတွေရှိတယ်ဆိုတဲ့ ဝေဖန်မှုတွေကိုရော ဘာပြောချင်လဲ။



ဝေဖန်တာကတော့ ရှိတယ်။ ကျွန်တော်ကိုယ်တိုင်က ဒါကို သိပ်သိချင်တယ်။ ကျွန်တော် သိရင်ဘယ်သူလုပ်လုပ် ဂုတ်သွားဆွဲမှာ။ ဥပမာ- မောင်ဖြူ ၊ မောင်နီ ၊ ဘယ်သူကတော့အဲဒီလိုမျိုး လုပ်နေတယ်ဆိုတာမျိုး ပြောလို့ရတယ်။ ဒီခေတ်မှာတိုင်လို့ရတယ်၊ပြောလို့ရတယ်၊ ငြိမ်းချမ်းရေး စင်တာကဖြင့် ဘယ်သူက ကားကိစ္စတွေပါတယ်ဆိုတာသွားတိုင်လိုက်ပေါ့။ ကျွန်တော် နားလည် တာ ကျွန်တော်ပြောပြမယ်။ကားမှတ်ပုံတင်ခွင့်တွေထုတ်ပေးတာမှာ ဘယ်အဖွဲ့ စသည်ဖြင့်ပေါ့။ တိုင်းရင်းသားတွေအဖွဲ့ တစ်ခုခုကို စာရွက်ပေးလိုက်တယ်။ ခင်ဗျားအဖွဲ့က ကားဘယ်နှစ်စီးကိုမှတ်ပုံတင်လို့ရပါတယ် ဆိုပြီး ရေးထားတယ်။ ဘာကြားပွဲစားမှ မလိုဘူး။ အဲဒီ စာရွက်ရရင်ကိုယ့်အဖွဲ့အစည်းအတွက် ကိုယ်မှတ်ပုံတင်လို့ရတယ်။ ပွင့်ပွင့်လင်းလင်းပြောရင်ကားလက်မှတ်နဲ့ပတ်သက်လို့ နှစ်စောင်၊ သုံးစောင်ပဲ၊ သူများက ကော်ပီပြလို့မြင်ဖူးတာ။ နောက်တစ်ခုကငြိမ်းချမ်းရေးအဖွဲ့အစည်းက စာရွက်ရသွားလို့ သူတို့ဘယ်လိုလုပ်တယ်ဆိုတာအဲဒီအဖွဲ့အစည်းနဲ့ပဲဆိုင်တာ။ အဲဒီကိစ္စတွေမှာ ကြားက ဘာလုပ် ပေးရမလဲ၊ ကျွန်တော်သိတာကဒီစာရွက်တွေ တစ်ချို့ ကော်ပီလောက်ပဲ မြင်ဖူးတာပါ။ သိတယ်ဆိုတဲ့ လူတွေကိုအကြံပေးချင်တာကတော့ လာပြောပါလို့။ ရဲလည်းတိုင်လို့ရတယ်ဗျာ။

ငြိမ်းချမ်းရေးစင်တာကိုကကလှမ်းနဲ့နှိုင်းယှဉ်ရေးသားဖော်ပြတာတွေကို ဘယ်လိုဖြေရှင်းပေးချင်လဲ။



ဒါဖြေရှင်းစရာမလိုဘူး။ ကျွန်တော်ကတော့ Eleven က ရေးတာကို နိုင်ငံတကာ မီဒီယာ တွေကိုပို့ပို့ပေးတယ်။ သူတို့လည်းကြည့်ပြီး မြန်မာပြည်က မီဒီယာတွေက အဲဒီလောက်ပဲလားဆိုပြီး သူတို့လည်း စိတ်ညစ်ကြတယ်။ ဒါဖြေရှင်းစရာ မလိုပါဘူး။

တစ်ချိန်ကဒီနိုင်ငံမှာ လူတွေကြောက်လန့်ရတဲ့ အဖွဲ့အစည်းဖြစ်တဲ့ ကကလှမ်းနဲ့ နှိုင်းယှဉ်ရေးခံရတာကို ဘာပြောချင်လဲ။

မီဒီယာတွေကသူ့ရဲ့အလုပ်ပေါ့နော်။ ငါမြင်တာ ငါရေးမယ်။ အချက်အလက်အရ ရေးတာ ဒါမီဒီယာပေါ့ဗျာ။ကိုယ်ကြိုက်ချင်လည်း ကြိုက်မယ်၊ မကြိုက်ချင်လည်း မကြိုက်ဘူး။ ကောင်းတာရေးချင်ရေးမယ်၊ ဆိုးတာ ရေးချင်လည်း ရေးမယ်။ အချက်အလက်မှန်ရင် ရေးတာပဲ။ အရေးခံရတဲ့အဖွဲ့အစည်းက အရေးခံရတာ မှားတယ်ဆိုရင် ဒီအချက်အလက်ကတော့ မှားပါတယ်ဆိုပြီးရှင်းပြရတယ်။ အဲဒီတော့ မီဒီယာက Reporting လုပ်ချင်တယ်ဆိုပြီး ရေးတဲ့အခါမှာတော့တစ်ဖက် က တလေးတစားနဲ့ ခင်ဗျားတို့ Reporting လုပ်တဲ့ အချက်အလက်တွေမှားနေပါတယ်ဆိုပြီး ပြောရတာပေါ့ဗျာ။ ဒါပေမဲ့ မီဒီယာက လူထုသိအောင် ရေးတဲ့ရည်ရွယ်ချက်မဟုတ်ဘဲ သက်သက် တိုက်ခိုက် တဲ့ပုံစံ၊ ဝါဒဖြန့်ချီတဲ့ ပုံစံဆိုရင်တော့တစ်ဖက်ကလည်း အဲဒီအပေါ် ဘယ်လိုတုံ့ပြန်မလဲဆိုတာ ရှိတာပေါ့။ ဒီဝါဒဖြန့်ချီတဲ့ကိစ္စတွေတစ်ဖက်နဲ့တစ်ဖက် ရည်ရွယ်ပြီးတိုက်ခိုက်တဲ့ကိစ္စတွေကို ဘယ်လိုတုန့်ပြန် ရမှာလဲ?။ တုန်ပြန်တဲ့နေရာမှာမီဒီယာကျင့်ဝတ်နဲ့ရေးထားပေမယ့် အချက်အလက်က မှားနေတယ်ဆိုရင်အချက်အလက်ကို ကိုယ့်ဘက်က ရှင်းပြနိုင်တယ်ဆိုရင်တော့ မီဒီယာက သူ့ကျင့်ဝတ်အရကျွန်တော်ရေးတာ မှားသွားပါတယ်လို့ ပြောမှာပဲ။ သက်သက်ဆင်ပြီး တိုက်ခိုက် တဲ့ကိစ္စမျိုးကျတော့ ခင်ဗျားဘာသာ ခင်ဗျား တစ်ရာရာခိုင်နှုန်းမကလို့ နှစ်ရာရာခိုင်နှုန်းပြောပြလည်းတိုက်ခိုက်မယ့်သူကတော့ တိုက်မှာပဲ။ အခုလိုရေးသားမှုတွေကိုတော့ ကျွန်တော်တို့ကစဉ်းစားရတာ ပေါ့ဗျာ။ မီဒီယာအနေနဲ့ရေးတာလား၊ အခြားနိုင်ငံရေးရည်ရွယ်ချက်တွေဘာတွေရှိလဲဆိုတာတော့ စဉ်းစားရတာပေါ့ဗျာ။ ကျွန်တော်ကတော့ နိုင်ငံတကာသူငယ်ချင်းဂျာနယ်လစ်တွေဆီ ပို့ပေးတယ်။ သူတို့မှတ်ချက်တွေ ဖတ်လို့ရတာပေါ့ဗျာ။

MPC ရှေ့မှာသတင်းထောက်တွေ အသံတိတ်ဆန္ဒပြခဲ့တဲ့ကိစ္စနဲ့ပက်သက်ပြီး ဓါတ်ပုံအထောက် အထားတွေ ရှိတယ်။တိုက်ဆိုင်စစ်ဆေးသွားမယ်လို့ ပြောတယ်။ နိုင်ငံအတွင်းမှာ ဖြစ်ခဲ့တဲ့ပဋိပက္ခတွေကျတော့ အဲဒီလောက် တိတိကျကျ အရေးမယူနိုင်တာတွေ တွေ့ရတယ်။အဲဒီအပေါ်ဘယ်လိုမြင်လဲ။



အဲဒီနှစ်ခုကို ကျွန်တော်နှိုင်းယှဉ်ပြီးပြောတာထက်စာရင် တစ်ခုချင်းစီပြောတာပိုကောင်း မယ်။ မီဒီယာကိစ္စပေါ့ဗျာ။ ခင်ဗျားတို့လည်း ကြားမှာပေါ့။ မီဒီယာတွေကိုကျွန်တော်ကနေ ဖမ်းခိုင်းတယ်ဆိုတဲ့ကိစ္စပေါ့ဗျာ။ ကျွန်တော် ပြောတဲ့သူကိုမေးတော့လည်းအဲဒီလူက သူပြောတာ မဟုတ်ဘူးလို့ ပြောတယ်။ ဘယ်သူက ဖွလိုက်လဲတော့ မသိဘူးဗျာ။ အဲဒီလိုကိစ္စမျိုးဆို ကျွန်တော့် အမြင်ပြောရရင် ဂျာနယ်လစ်တွေအနေနဲ့ ဆန္ဒပြတဲ့ကိစ္စမျိုးမှာဂျာနယ်လစ်တွေကို ဓါတ်ပုံရိုက် တယ်။ ဘာကြောင့်လဲဆိုတော့ ဆန္ဒပြလို့ရိုက်တာပေါ့ဗျာ။ပုဒ်မ-၁၈ နဲ့ အရေးယူမယ်ဆိုတာ သတင်းတွေမှာ တွေ့ရတယ်။ ကျွန်တော် စဉ်းစားတာကတော့ကျွန်တော်တို့မှာ အခုမှစပြီး ပွင့်လင်းလာတာ။ ပွင့်လင်းလာတယ်ဆိုလို့ဒီမိုကရေစီဆိုလားဆိုတော့လည်း မဟုတ်သေးဘူး။ အခုကနိုင်ငံရေးဖြေလျှော့တဲ့အဆင့်လောက်ပဲ ရှိသေးတယ်။ ကျွန်တော်တို့ နိုင်ငံသားတွေကျတော့လည်း နှစ်ရှည်လများ မကျေနပ်ချက်တွေ အရမ်းများနေတော့ ဒီဖြေလျှော့မှုအဆင့်နဲ့ဒီမိုကရေစီရတယ်ဆိုတဲ့ အဆင့်မှာ နည်းနည်းကွာနေမယ်။ ဖြေလျှော့တဲ့အဆင့်မှာ ငါတို့တော့ဒါတွေလုပ်ရပြီဆိုပြီး လုပ်ကြတယ်။ပြဿနာက ဘာလဲဆိုတော့ အစိုးရကလည်း ဖြေလျှော့တယ်၊ဖြေလျှော့တယ်ဆိုပြီး ထိန်းမရတာမျိုးတွေဖြစ်မှာ စိုးတယ်။ နောက်တစ်ချက်က ပြည်သူတွေကလည်း မကျေနပ်ချက်တွေများနေတယ်။ တိုင်းပြည်ဆင်းရဲနေတယ်၊ မီးမလာဘူး၊ ရေမလာဘူး၊ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး မကျေနပ်ဘူး။ မကျေနပ်တာတွေ အများကြီးပဲ။ဖြေလျှော့လိုက်တဲ့ အတွက် နိုင်ငံရေးလှုပ်ရှားဖို့ အခွင့်အလမ်းတွေရလာတယ်။ မီဒီယာဆိုရင်လည်းရေးလို့ရလာ တယ်။ အတိုက်အခံဆိုရင်လည်း လူထုဆန္ဒပြပွဲတွေလုပ်လို့ရလာတယ်။ရလာတဲ့အခွင့်အရေး တွေနဲ့ မျှော်လင့်ချက်တွေ ပေါင်းမိလို့ အကြီးကြီး ဖြစ်သွားမှာကိုအစိုးရဘက်ကစိုးရိမ်တယ်။ ဒီလိုစိုးရိမ်ပြီးတော့ နောက်ကြောင်း ပြန်လှည့်တဲ့ပုံစံမျိုး၊ပြန်တင်းကြပ်တာမျိုး မဖြစ်သင့်ဘူးလို့ တင်တယ်ဗျ။ တစ်ဖက်ကျလည်းမီဒီယာဆိုတာကတော့ သူ့သဘောက ဝေဖန်မှာပဲ။ မီဒီယာနဲ့ အစိုးရ တည့်တယ်ဆိုတာ ရှားတယ်။ဝေဖန်နေတဲ့အပေါ်မှာ အစိုးရအမြင်ကတော့ မီဒီယာက ငါတို့ ချတယ်လို့ပဲထင်မှာပေါ့။ဒီလိုမြင်တဲ့အခါမှာ အစိုးရအနေနဲ့ မီဒီယာကို သည်းခံဖို့လိုတယ်။ မြန်မာနိုင်ငံရဲ့မီဒီယာကအရမ်းနုနယ်သေးတယ်။ အမှားတွေကတော့ လုပ်မိမှာပါ။ ဥပမာ ယူနတီ လိုမျိုးပေါ့ဗျာ။အမေရိကန်လိုနိုင်ငံမျိုးမှာ ကန့်သတ်နေရာ Restricted Area ကိုဝင်တယ်ပေါ့ဗျာ။အချက်အလက်ကို ကန့်သတ်နေရာမှာ လုပ်နေသူတစ်ဦးက လာပေးရင် ရေးလို့ရတယ်။ ဒါပေမယ့်သူ့ကို သတင်းပေးသူကတော့ ပြစ်မှုမြောက်တာပဲ။ အမေရိကန် လိုနိုင်ငံမှာတော်အကာအကွယ်ပေးတာက ဂျာနယ်လစ်ကိုပဲ ပေးတာ။ သတင်းလာပေးသူကို ခွင့်လွှတ်ပေးတာ မဟုတ်ဘူး။ကာကွယ်ပေးတာ မဟုတ်ဘူး။ ဂျာနယ်လစ်ဆိုတာ ကန့်သတ်နယ်မြေထဲကိုဝင်ပြီး ဓါတ်ပုံရိုက်လို့မရဘူး။ ဒီကိစ္စတွေက ဥပဒေအရလည်း ကျွန်တော်တို့ဆီမှာရှင်းရှင်းလင်းလင်း မရှိသေး ဘူး။ ကျွန်တော်တို့ဆီမှာရှိတဲ့သတင်းထောက်တွေအတွေ့အကြုံနည်းတဲ့အခါ ဥပဒေတွေနဲ့ စွဲလိုက်တော့ (၁၀)နှစ်တို့ ဘာတို့ဖြစ်သွားတာ။ဒါကိုကျော်လွှားဖို့ဆိုရင် နှစ်ဖက်စလုံးမှာ တာဝန်ရှိ တယ်။ အထူးသဖြင့်ဂျာနယ်လစ်တွေကို အကာအကွယ်ပေးတဲ့ မီဒီယာဥပဒေတစ်ခု ထုတ်ပြန် သင့်တယ်။ဂျာနယ်လစ်တွေဘက်ကလည်း ငါ့ရဲ့အခွင့်အရေးနဲ့ ဒါလုပ်လို့ရတယ်၊ ဒါကတော့ လုပ်မရဘူးဆိုတာသိဖို့လိုတယ်။ မီဒီယာတွေနဲ့အစိုးရကြားမှာတော့ အဆင်မပြေမှု အမြဲတမ်း ရှိနေမှာပဲ။ဒါပေမဲ့ မီဒီယာက မရှိမဖြစ် လိုအပ်တယ်။ မီဒီယာဆိုတာ မရှိဘဲနဲ့၊ စတုတ္ထမဏ္ဍိုင် ကောင်းကောင်းမရှိဘဲဒီမိုကရေစီကို သွားလို့မရဘူး။ အစိုးရဘက်ကလည်း သည်းခံဖို့ လိုလိမ့် မယ်။မီဒီယာဘက်ကလည်း သတင်းထောက်တစ်ယောက်ရဲ့ ကျင့်ထုံးကျင့်နည်းတွေ သိသင့် တယ်။

 .. www.MyanmarExpress.net
 

စေတီရင်ပြင်တွင် စုံတွဲအချို့ မသင့်လျော်သောအပြုအမူကြောင့် စောင့်ကြည့်သတိပေးမှုများ ပိုမိုလုပ်နေရ

From : .. 7 day


စတီရင်ပြင်ပေါ်တွင် စုံတွဲအချို့ မသင့်လျော်သော အပြုအမူဖြင့် နေထိုင်မှုများကို ဂေါပအဖွဲ့ လုံခြုံရေးဝန်ထမ်းများက စောင့်ကြည့်ပြီး သတိပေးပြောဆိုမှုများ တိုးမြှင့်ပြုလုပ်နေကြောင်း သတင်းရရှိသည်။

‘‘ဘုရားက ပရ၀ဏ်လည်း ကျဉ်းပါတယ်။ ဘုရားဖူးတွေပြည့် နေလို့ ဆိုးဆိုးရွားရွား စုံတွဲတွေ ရှားပါတယ်။ သရုပ်ပျက်တာတွေ ဖြစ်လာခဲ့ရင် ထိန်းသိမ်းပြောဆိုမှု တွေ လုပ်ပါတယ်။ လုံခြုံရေးဝန် ထမ်း ၃၀ ကျော်နဲ့ ဆောင်ရွက်နေ ပါတယ်’’ ဟု ကျိုက်မှော်ဝန်းရေ လယ်စေတီတော် ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးလှသွင်က ဆိုသည်။


လူမှုကွန်ရက် မီဒီယာများ တွင် စေတီရင်ပြင်ပေါ်၌ မဖွယ်မရာနေထိုင်သောပုံကို ရိုက်ထားသည့် တက္ကသိုလ်ကျောင်းသားစုံတွဲပုံနှင့် အခြားကျောင်းသားစုံတွဲဓာတ်ပုံတို့ ပျံ့နှံ့နေပြီး ကျောင်း သားများအနေဖြင့် ဘုရားပရ၀ဏ် အတွင်း နေထိုင်ရန် မပြုမူသင့် သော အမူအရာများဖြစ်ကြောင်း လူမှုကွန်ရက်သုံးစွဲသူများက ပြင်းပြင်းထန်ထန် ဝေဖန်မှုများရှိသည်။

စုံတွဲများအတွက် သတိပေး ဆိုင်းဘုတ်များရေးထားပြီး စုံတွဲ များကို မဖွယ်မရာတွေ့လျှင်  နှင် ထုတ်ကြောင်း၊ အရွယ်မရောက် သေးသော အထက်တန်းကျောင်းသားအတွဲများကို စေတီရင်ပြင်ပေါ်တွင် တွေ့လျှင်ကျောင်းသား မိဘကိုခေါ်၍ အပ်နှံခဲ့ဖူးကြောင်း  မြောက်ဥက္ကလာပမြို့နယ်ရှိ မဟာကျိန်သစ္စာရှင် ဘုရားဂေါပတွဲဖက်အတွင်းရေးမှူး ဦးညိုဝင်းက ဆိုသည်။

‘‘နယ်ဘက်က ဘုရားတွေ မှာလည်း ကျောင်းဝတ်စုံတွေနဲ့ မဖွယ်မရာလုပ်တာ ရှိတယ်။ ဗုဒ္ဓ ဘာသာဝင် မြန်မာတစ်ယောက် အနေနဲ့ ဒီလိုမဖြစ်သင့်ဘူး။ ဆရာ မကတော့ ကျောင်းသူတွေကို မြန် မာမိန်းကလေးတစ်ယောက်အ နေနဲ့ ထိန်းသိမ်းရမယ့်ကိစ္စတွေ ကို အမြဲဆုံးမတယ်’’ ဟု မအူပင် တက္ကသိုလ် (မြန်မာစာဌာန) လက်ထောက်ကထိကဟောင်း ဒေါ်စန်းကေသီအောင်က ပြောသည်။

ကျောင်းသားဟောင်းတစ်ဦး က ‘‘သန်လျင်ဂျီတီစီကို ဟိုနေ့က သွားတော့ ကျောင်းအပြင် ကန် တင်းက အိမ်မှာ ဖဲဝိုင်းက နှစ်ဝိုင်း ရှိတယ်။ အဲဒါတွေကြောင့် ဒီလို ပုံတွေ ဗီဒီယိုတွေ တက်လာတာ ပေါ့။ သူတို့မကောင်းလို့ ပုံတွေ တက်လာတယ်ဆိုပေမယ့် ကျောင်း သားတွေ ကျောင်းမှာ ပညာရေး စိတ်ဝင်စားအောင်  လုပ်ပေးတဲ့ အရာတွေ မရှိဘူးလေ။  အဲဒါကြောင့်  ဒီလိုအဖြစ်အပျက်မျိုးတွေ မကြာခဏ  တွေ့နေရတာ။ ဆေးတက္ကသိုလ် ၂ မှာဆို မနက် ၈ နာရီဆိုအနီးအနားဂိမ်းဆိုင်မှာ ဆရာဝန်လောင်းတွေနဲ့ ပြည့်နေပြီ’’ ဟုဆိုသည်။

‘‘ဘုရားအနေအထားက အ တွင်းနည်းနည်းကျတယ်။ စည် ကားမှုနည်းတယ်။ စုံတွဲတွေ မ ဖွယ်မရာတွေ မဖြစ်ရအောင်လို့ လုံခြုံရေးဂေါပကက ပုံမှန်မနက် ၇ နာရီခွဲကနေ ည ၉ နာရီအထိ ကြပ်ကြပ်မတ်မတ် လုံခြုံရေးတိုး မြှင့်လုပ်နေပါတယ်’’ ဟု မင်္ဂလာဒုံမြို့နယ်ရှိ ကျိုက်ကလဲ့စေတီတော် ဂေါပကဥက္ကဋ္ဌ ဦးအောင်နိုင်က ဆိုသည်။

ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘု ရား အချို့အပါအ၀င် လူပြတ်ပြီး ချောင်ကျသော ဘုရားအချို့တွင် လာရောက်သော စုံတွဲအချို့သည် မနေထိုင်သင့်သော အပြုအမူများဖြင့် တစ်ခါတစ်ရံမြင်တွေ့ရလေ့ရှိကြောင်း ဘုရားဖူးအချို့က ပြောသည်။


.. www.MyanmarExpress.net
 

လွှတ်တော်အမတ်တွေ အသုံးစရိတ် ကြိုတင်ငွေ လေးသိန်းရ

From : .. the voice

လွှတ်တော် အစည်းအဝေးတွေ ရပ်နားချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ သက်ဆိုင်ရာ မဲဆန္ဒနယ်တွေဆီ ကွင်းဆင်းလေ့လာနိုင်ဖို့ လွှတ်တော် ကိုယ်စားလှယ်တွေကို နေ့စဉ်အသုံးစရိတ်တွေ ထဲကနေ ငွေကျပ်လေးသိန်းစီ ထုတ်ယူသုံးစွဲခွင့် ပြုမယ်လို့ သိရပါတယ်။

လွှတ်တော်အစည်းအဝေး လုပ်နေချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ခံစားခွင့် ရရှိနေတဲ့ စရိတ်တွေထဲကနေ ကြိုတင်သုံးစွဲခွင့် ပြုထားတာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ဆိုပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က “ခုလို ထုတ်ပေးတာဟာ စီးပွားရေး အဆင်မပြေတဲ့ ကိုယ်စားလှယ်တွေအတွက် အထောက်အကူတစ်ခု ဖြစ်ပေမယ့်လည်း စာရင်းတင်ပြမှု ကွဲလွဲနေရင် နိုင်ငံ့ဘဏ္ဍာငွေ အလွဲသုံးစားတစ်ခု ဖြစ်လာနိုင်တယ်” လို့ ပြောပါတယ်။

ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေမှာ လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ ခံစားခွင့်၊ အကျိုးခံစားခွင့်ဟာ ကြိုတင်ငွေ ထုတ်ယူသုံးစွဲနိုင်တယ်လို့ ပါတာကြောင့် ပြည်ထောင်စုလွှတ်တော် ဥပဒေ နည်းဥပဒေတွေနဲ့ညီ မညီ ပြန်ပြီး စစ်ဆေးဖို့ လိုတယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။

ခုလို ငွေလေးသိန်းထုတ်ပေးတဲ့ ညွှန်ကြားချက်ကို ပြည်သူ့လွှတ်တော်က ထုတ်ပြန်ထားပေမယ့်လည်း လွှတ်တော်မှာ ညွှန်ကြားထားတာ မရှိသေးဘူး လို့လည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေက ဆိုပါတယ်။
 
.. www.MyanmarExpress.net
 

အာဖဂန်နစ္စတန်တွင် အသေခံဗုံးခွဲ၍ သမ္မတကာဇိုင်း၏ညီဝမ်းကွဲ သေဆုံး

From : .. YMG

မငြိမ်မသက်သော အာဖဂန် တောင်ပိုင်းမြို့ ကန်ဒါဟာမြို့အနီး ၌ အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ မကြာမီရာထူးမှ နုတ်ထွက်ရ တော့မည့် အာဖဂန်နစ္စတန်သမ္မတ ဟာမစ်ကာဇိုင်း၏ ညီအစ်ကိုဝမ်းကွဲ တော်စပ်သူ မှာ သေဆုံး သွားခဲ့ကြောင်း သက်ဆိုင်ရာက ပြောခဲ့သည်။

သမ္မတရွေးပွဲမဲပေးမှု မပြေ မလည်ဖြစ်နေချိန်၌ ဤကဲ့သို့ အကြမ်း ဖက်မှု ပေါ်ပေါက်ခဲ့ရခြင်းဖြစ်သည်။

ဟာမစ်ကာဇိုင်းမှာ ကန်ဒါဟာ မြို့တွင် သမ္မတလောင်းအရှရက်ဖ် ဂါနီ၏ ရွေးကောက်ပွဲလှုံ့ဆော်ရေး တာဝန်ခံဖြစ်သည်။

သမ္မတလောင်း အဗ္ဗဒူလာ အဗ္ဗဒူလာနှင့် မဲလိမ်မှု အပြန်အလှန် စွပ်စွဲချက်ဖြင့် မဲစာရင်း စစ်ဆေးလျက် ရှိသည်။ ဤကိစ္စမှာ အာဖဂန်နစ္စတန် အား အခြေအနေ မတည်ငြိမ်အောင် ခြိမ်းခြောက်လျက်ရှိသည်။

အသေခံဗုံးခွဲသူမှာ ဟာရှ်မက် ကာဇိုင်းကို တွေ့ရန်လာသည့်ဧည့်သည် အဖြစ် အယောင်ဆောင်ကာဖောက်ခွဲ ခဲ့ကြောင်း၊ ထိုအချိန်မှာ အစ်နေ့ပွဲ ကျင်းပနေချိန်ဖြစ်ကြောင်း၊ ¤င်းနှင့် အတူ အိမ်မွေးခြင်္သေ့တစ်ကောင် လည်း သေဆုံးသွားခဲ့ကြောင်း ကန်ဒါ ဟာ အုပ်ချုပ်ရေးမှူး၏ ပြောရေး ဆိုခွင့်ရသူက ဆိုသည်။

ဧည့်သည်က ဟာရှ်မက်အား ပွေ့ဖက်လိုက်ချိန်တွင် ¤င်း၏ကိုယ် အောက်မှ ဗုံးကိုဖောက်ခွဲလိုက်ကြောင်း သိရသည်။

သမ္မတရွေးပွဲ၌ အရှရက်ဖ်ဂါ နီက အနိုင်ရသော်လည်း အဗ္ဗဒူလာ က လက်မခံသဖြင့် မဲစစ်ဆေးမှုပြု နေရသည်။ အခြေအနေက နှစ် ဖက် တင်းမာလျက် ရှိရာ ၁၉၉၂- ၁၉၉၆ခုနှစ်ကာလကကဲ့သို့ ပြည် တွင်းစစ် ဖြစ်မည်ကို စိုးရိမ်လျက်ရှိ ကြသည်။

.
. www.MyanmarExpress.net
 

အမျိုးသမီးများကို စွမ်းအား တိုးစေမည့် အစားအစာ ၁၀ မျိုး

From : .. အလင်း(ဆေးဝါး)


၁။ ငှက်ပျောသီး

ငှက်ပျောသီးကို စွမ်းအား တိုးစေတဲ့ အကောင်းဆုံး အစားအစာလို့ ဆိုလိုက်ရင် မှားမယ် မထင်ပါဘူး။ ငှက်ပျောသီးမှာ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင်ဘီ အုပ်စု၊ ဘရိုမီလင် အင်ဇိုင်းတွေ ပါဝင်တာကြောင့် စွမ်းအားတွေ တိုးပွားစေ ပါတယ်။

၂။ ထောပတ်သီး

ထောပတ်သီးရဲ့ ပုံသဏ္ဌာန်က သူ့ထဲမှာ ပါဝင်တဲ့ အာနိသင်ကို ဖော်ပြ နေပါတယ်။ ဗီတာမင်ဘီစစ်နဲ့ ပိုတက်စီယမ်တွေ ကြွယ်ဝတဲ့ ထောပတ်သီးကို စားသုံးပေးပါက သင့်ကို စွမ်းအင်တွေ တိုးပွားစေပြီး နိုးကြား တက်ကြွ စေပါတယ်။

၃။ ငရုတ်သီး

ငရုတ်သီးရဲ့ ပူစပ်တဲ့ ဓာတ်သဘာဝက သင့်ခန္ဓာကိုယ်တွင်းမှာ အင်န်ဒေါ်ဖင် ဟော်မုန်းဓာတ်ကို ထွက်စေပြီး စွမ်းအားတွေ တိုးပွားစေပါတယ်။

၎။ ကြက်ဥ

ကြက်ဥမှာ မယုံနိုင်လောက်အောင် အစွမ်းတွေ ရှိနေပါတယ်။ ကြက်ဥက မျိုးအောင်စေနိုင်တယ်ဆိုတဲ့ သင်္ကေတ တစ်ခုသာမကဘဲ ဟော်မုန်းဓာတ်ကို ထိန်းညှိပေးပြီး စိတ်ဖိစီးမှုတွေကိုပါ လျှော့ချပေးတဲ့ ဗီတာမင် B5၊ ဗီတာမင် B6 ဓာတ်တွေ ပေါများစွာ ပါဝင်ပါတယ်။

၅။ ကန်စွန်းဥ

ကန်စွန်းဥက သင့်ကျန်းမာရေး အတွက် စားသုံးဖို့ အသင့်တော်ဆုံး အစား အစာ တစ်ခု ဖြစ်သလို အကောင်းဆုံး စွမ်းအင်တွေကိုလည်း ပေးစွမ်းနိုင် ပါတယ်။ ကန်စွမ်းဥမှာ ကြွယ်ဝစွာ ပါဝင်တဲ့ ဘီတာကယ်ရိုတင်း ဓာတ်တွေက ခန္ဓာကိုယ်ထဲရောက်တဲ့အခါ ဗီတာမင်အေအဖြစ် ပြောင်းလဲသွားပြီး ယောနိ လမ်းကြောင်းနဲ့ သားအိမ်ကို ပုံစံတကျ ထိန်းသိမ်းပေးပါတယ်။ ဒါ့အပြင် ဟော်မုန်း ထုတ်လုပ်မှုကိုလည်း အားပေးပါတယ်။

၆။ ချောကလက်

ချောကလက်ရဲ့ အရသာက သင့်ကို ပျော်ရွှင်ကြည်နူးစေပါတယ်။ ဒီလို ခံစားမှုမျိုး မရရင်တော့ သင်စားတဲ့ ချောကလက်က ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတာ ဖြစ်နိုင်ပါတယ်။ ချောကလက်ထဲမှာ ကက်ဖင်းနဲ့တူတဲ့ စိတ်ဓာတ်တက်ကြွအောင် လှုံ့ဆော်ပေးတဲ့ သီရိုဘရိုမင်း ပါဝင်ပြီး စိတ်ခံစားမှု ကောင်းကို ဖြစ်ပေါ်စေတဲ့ စီရိုတိုနင် ဟော်မုန်းကို ခန္ဓာကိုယ်ကနေ ထုတ်လုပ် စေပါတယ်။

၇။ ဝိုင်နီ

သုတေသီတွေက အသက် ၁၈ နှစ် မှ ၅၀ နှစ်ကြား အမျိုးသမီးတွေကို လေ့လာခဲ့ရာ တစ်နေ့ကို ဝိုင်နီနှစ်ခွက် သောက်တဲ့ အမျိုးသမီးတွေက အရက်သောက်တဲ့ အမျိုးသမီးတွေထက် အိမ်ထောင်ရေး စွမ်းရည်ကို ပိုမိုပေးစွမ်းနိုင်တယ်လို့ ဆိုပါတယ်။

၈။ နေကြာစေ့

ဖရုံစေ့၊ နေကြာစေ့၊ အုတ်ဂျုံတွေမှာ တူညီတဲ့ အာနိသင်တွေ ရှိနေပါတယ်။ သူတို့မှာ ခန္ဓာကိုယ်အတွက် ကောင်းမွန်သင့်တော်တဲ့ အဆီတွေ ပါဝင်တာ ကြောင့် ဟော်မုန်းပမာဏကို မြင့်မားစေပြီး စွမ်းဆောင်ရည်တွေ တိုးပွား စေပါတယ်။

၉။ ငါး

အဆီများတဲ့ ငါးတွေ စားသုံးတာက သင့်ကို စွမ်းဆောင်နိုင်တဲ့ အရည်အချင်း တွေ တိုးပွားစေပါတယ်။ မက်ကရယ်၊ ဟာရင်း၊ ဆာဒင်း၊ တူနာ၊ ထရောက် ရေချိုငါးတွေမှာ အိုမီဂါ-၃ အဆီတွေ ပါဝင်ပါတယ်။ အမျိုးသမီးတွေမှာ လိုအပ်တဲ့ အဆီပမာဏ ရှိနေပါမှ သားသမီးရဖို့ အခွင့်အလမ်းများမှာ ဖြစ်ပါ တယ်။

၁ဝ။ နွားနို့

စွမ်းဆောင်ရည် ရှိတဲ့ မိန်းမ တစ်ယောက်အဖြစ် အောင်မြင် ပျော်ရွှင်တဲ့ ဘဝ တစ်ခုကို ထိန်းသိမ်း ထားနိုင်အောင် နို့သောက်ပေးပါ။ နွားနို့မှာ ပါဝင်တဲ့ အဆီဓာတ်တွေက သဘာဝပြည့်ဝ ဆီအမျိုးအစားဖြစ်ပြီး အီစထရိုဂျင် ဟော်မုန်း ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ အဆီဓာတ် ဖြစ်ပါတယ်။

.. www.MyanmarExpress.net
 

၈၈ မျိုးဆက်ကျောင်းသားဟောင်းများဆွေးနွေးပွဲ ငြင်းခုံမှုများဖြင့် အဆုံးသတ်




(၂၇-၇-၂၀၁၄)ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ (၈၈)မျိုးဆက် ကျောင်းသားဟောင်းများ (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)အဖွဲ့ခေါင်းဆောင်များဖြစ်ကြ သော ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးဌေးကြွယ်၊ ဦးပြုံးချို၊ ဦးမင်းဇေယျာ၊ ဦးမြအေးတို့မှ (၂၀၁၅)ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အားလေ့ လာ စောင့်ကြည့်သွားမည့်အပြင် မဲဆန္ဒရှင်များကိုလည်း ပညာပေးခြင်းများတစ်ပါတည်း လုပ်ဆောင် သွားမည်ဟု--- ထုတ်ဖော်ပြောဆိုလိုက်ရာ ၄င်းတို့၏ အဖွဲ့ဝင်များအတွင်း သဘောမ ကျဖြစ်နေကြကြောင်း၊ အဖွဲ့ဝင်များအတွင်း ပြောဆိုနေသည်မှာ ယခုရက်ပိုင်းအတွင်း (၈၈)မျိုးဆက်ကျောင်း သားခေါင်းဆောင်များ သည် ငါးပွတ်ရာ ငါးစာချ သကဲ့သို့ ဦးတည်ချက်မဲ့သော လုပ်ရပ်များ ကို ခေါင်းစဉ်တပ်ကာ လုပ်ဆောင်နေကြကြောင်း၊ ယခင်ရက်ပိုင်းကလည်း လယ်ယာမြေဆုံးရှုံး နစ်နာသူ တောင်သူများ အား တွေ့ဆုံပွဲပြုလုပ်ပြီး မည်သည့် ဦးဆောင် ဆွေးနွေးမှုများကိုမျှ လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ကြောင်း ၊နိုင်ငံတော်အစိုးရနှင့် လွှတ်တော်ကို ဘေးတိုက်အနေအထားဖြင့် ပံ့ပိုးကူညီနိုင်မှုလုပ်ဆောင်နိုင်ခြင်းမရှိပဲ၊ ထိပ်တိုက်တွေ့ဆုံရေး လမ်းကြောင်းသို့ အစဉ်အမြဲလျှောက်လှမ်းလာသည့် အတွက် နောက်လိုက်ငယ် သားများအနေဖြင့် စိတ်ဓါတ်များပျက်ပြား လာကြောင်း ကို တွေ့ရှိလာရကြောင်း (၈၈)အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗထူးမောင်မှ ပြောကြားလာပါသည်။

၈၈ အဖွဲ့ဝင်အချို့မှ မင်းကိုနိုင်တို့အားပြန်လည်ဆွေးနွေးသည်မှာ (၂၀၁၅) ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် အလှမ်းဝေးနေသေးကြောင်း၊ မကြာမီကျင်းပရန်ရှိသော (၂၀၁၄) ကြားဖြတ်ရွေး ကောက်ပွဲတွင် စောင့်ကြည့်ခြင်း၊ မဲဆန္ဒရှင်တို့အား ပညာပေးခြင်းတို့ကို အတွေ့အကြုံ တစ်ရပ်အနေဖြင့် ပြုလုပ် သင့်ကြောင်း၊(၂၀၁၅)ခုနှစ်၌ အဆင်ပြေစွာဖြင့် အားလုံးကိုေ အာင်အောင် မြင်မြင် ကျော်လွှားနိုင်လိမ့် မည်ဖြစ်ကြောင်း၊ ပြဿနာများဖြစ်ပေါ်မလာနိုင်ပဲ အေးအေးချမ်းချမ်းနှင့် ပြီးဆုံးသွားနိုင်ကြောင်းဖြင့် ပြန်လည် ဆွေးနွေးသည့် အခါ ဦးမြအေးမှ ၄င်းတို့ ခေါင်းဆောင်ပိုင်းများမှ ချမှတ်သော မူဝါဒ လုပ်ငန်းလမ်းစဉ်များကိုသာ အဖွဲ့ဝင်များအနေဖြင့် လိုက်ပါဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊မိချောင်းမင်း ရေခင်းပြသည့် ဥပမာပေးကာ ပြန်လည်ဆွေးနွေးသွားသည့် အခါ အဆိုပါ အစည်းအဝေးတွင် ဆုံးဖြတ်ချက်များချမှတ်နိုင်ခြင်းမရှိပဲ ငြင်းခုံမှုများဖြင့် သာအဆုံးသတ်ခဲ့ရကြောင်းနှင့် ပွင့်လင်း အဖွဲ့အတွင်း ဘဏ္ဍာရေးကိစ္စများအပါအ၀င် ယခုကဲ့သို့ သဘောထားများပါ ကွဲလွဲနေကြောင်း အဖွဲ့ဝင်များအတွင်း ဝေဖန်ပြောဆိုနေပါသည်။..

 www.MyanmarExpress.net
 

နောက်တစ်ခါကျွန်မကို အတုလားလို့ လာမမေးကြနဲ့တော့ဟု ဆိုကာ အတုမဟုတ်ကြောင်း သက်သေပြလိုက်သည့် ခွန်းဆင့်နေခြည်



ကျွန်မကို အတုလားတဲ့ ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး
ကာယအလှမယ်ဆု ၈ ဆုတော့ ရခဲ့ဖူးပါတယ် မော်ဒယ်ဆု မဟုတ်ဘူးနော် 
 ကာယအလှမယ်ဆု ကိုယ်လုံးအလှကိုပြိုင်ရတဲ့ ကာယအလှမယ်ဆု မော်ဒယ်တွေပြိုင်သလိုမျိုးပြိုင်ခဲ့ရတာမဟုတ်ဘူးနော် တစ်ကိုယ်လုံးချွတ်ပြီး 
 အနာရွတ်တို့ အကြောပြတ်တာတို့ ရှိမရှိ ဆေးစစ်ရတယ် 

အဲ့ဒါ အမျိုးသမီးဆရာဝန်မ တွေစစ်တာပါ တစ်ယောက်ချင်းဆီ ဝင်စစ်ရတယ် 
အဲ့ဒီ့ ဆေးမှတ်အောင်ရင် ၁၀ မှတ်ရတယ် စင်ပေါ်မှာ ပြိုင်တာက လမ်းလျောက်တာရယ် ရုပ်ရည်ပြေပြစ်မှု့ရယ် ကိုယ်လုံးအနေအထားရယ် ကိုယ်ဟန်ပြတဲ့ 
Post ခုနှစ်မျိုး အဆင်ပြေပြစ်မှု့ရှိမရှိရယ် အသံကောင်းမကောင်းလည်း 
စကားပြောခိုင်းသေးတယ် အရပ်အမောင်းနဲ့ ခံနာကိုယ် 
အချိုးအစားလည်းဘောင်ဝင်ရမယ် အဲ့ဒါတွေအားလုံးပေါင်းပြီး
 ပြိုင်ပွဲဝင်အားလုံးထဲကမှ စကာတင် ၅ ယောက် ရွှေးတယ် ၅
ယောက်ထဲကမှ ပထမ ဒုတိယ တတိယ နဲ့
နှစ်သိမ့်ဆု ဒါတွေကိုပေးသွားတယ် ချက်ချင်း
တက်ပြိုင် ချက်ချင်းရခဲ့တာလည်း မဟုတ်ပါဘူး
နှစ်ရှည်စီမံကိန်းနဲ့ လေ့ကျင့်ခန်းတွေ အသေအလဲ
လုပ် ကိုယ့်ကိုယ်ကို ပိုးမွေးသလိုမွေးပြီး လေ့ကျင့်ခဲ့ရတာပါ 


တင်ပါးကြီးဖို့ ပခုံးပေါ် သံတုတ်ထမ်းပြီး ဟိုဘက်ဒီဘက် ပေါင် ၆၀ စီထည့် 
 နှစ်ဘက်ထည့်ရတော့ ပေါင် ၁၂၀ သံဒုတ်နဲ့ပါပေါင်းလိုက်ရင် 
၁၃၀ လောက်လေးတဲ့ အလေးတွေကို ပခုံးပေါ်တင်
ထမ်းပြီး ထိုင် ထ တွေ လုပ်ခဲ့ရတာ ကျွန်မဆရာ မောင်ဗမာ ဦးစိန်မောင်ကလည်း 

အသေအကြေကို မောင်းခဲ့တာ ဗိုက် မပူအောင် ဗယ်လ်ရီ ရိုက်ရတယ် 
အိပ်ထမတင် ကိုပြောတာနော် တစ်နေ့ကိုအကြိမ် ၁၂၀၀ လောက် ရိုက်ရတယ် 
ဗိုက်အတွက် ဗိုက်အဆီမတက်အောင်လို့လေ ခါးမတုတ်အောင်လည်း 
သံလုံးတွေ သံဒုတ်တွေနဲ့ ကစားနည်းပေါင်းစုံကို အသေအလဲ 
တစ်နေ့ ၃ နာရီ ၃ ရက်ကစားတစ်ရက်နား ဆိုတဲ့နှုန်းနဲ့ ကစား
ခဲ့ရတာပါ လွယ်လွယ်လေးနဲ့ ရခဲ့တဲ့ဆုတွေလည်းမဟုတ်ပါဘူး 


အကြောင်းမသိသူများကတော့ အတုလားလို့ မေးရက်ကြတာပေါ့လေ 
ဒါကြောင့်အကြောင်းသိအောင်လို့ စာတွေအများကြီးရိုက်ပြီး
ရှင်းပြထားတာပါ ဒါတောင် ရှင်းပြဖို့ကျန်သေးတယ်
စာဖတ်တဲ့သူတွေ မဖတ်နိုင်မှာစိုးလို့ချုံ့ပြီးရေးထားတာ 

ဆုတွေရခဲ့တယ် ပြိုင်ပွဲ တွေအများကြီးပြိုင်ခဲ့ဖူးတယ် အသေအလဲ
exercise တွေလုပ်ခဲ့ရတယ် အလေးတွေနဲ့ အသေအကြေ ကစားခဲ့ရတော့

တော်ရုံအဆီမတက်လာတော့ဘူး 
 ခုလည်း နေ့တိုင်း EXERCISE လုပ်ဖြစ်ပါတယ်
 Exercise လုပ်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာ
စိတ်ပိုင်းဆိုင်ရာများကိုပြောင်းလဲစေပါသည်။


- ခွန်းဆင့်နေခြည်

ဆီအိုးကြီးဘယ်မှာလည်း


ကျွန်တော်မြိတ် ကိုရောက်တော့ လေယာဉ်ကွင်းမှာ မိုးတွေရွာနေသည်။ သွားသည့်ကိစ္စက သတ္တုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သွားခြင်းဖြစ်ပါသည်။ သတ္တုကဏ္ဍနှင့် ပတ်သတ်၍ သီးခြားဆောင်းပါးရေးသားဖော်ပြပါဦးမည်။ မြိတ်သင်္ဘောဆိပ်ကိုရောက်တော့ ကမ်းနားလမ်းမှာ ခန့်ညားထည်ဝါသော ဆိုင်းဘုတ်ကြီးတစ်ခု တွေ့သည်။

““တနင်္သာရီတိုင်းသည် ဆီအိုးကြီးဖြစ်ရမည်”” အားရစရာကြီးပါ၊ တိုင်းအတွင်း လှည့်လည်လေ့လာသောအခါ ဆီအုန်းပင်အများအပြား စိုက်ပျိုးထားကြောင်း တွေ့ရပြီး “နာမည်ကြီး”၊ “နာမည်လတ်”၊ “နာမည်ငယ်” ကုမ္မဏီများ၏ ဆိုင်းဘုတ်များကိုလည်း ထိုဆီအုန်းပင်ခြံများ၏ ရှေ့တွင် စိုက်ထူထားကြောင်းတွေ့ရသည်။ ကျွန်တော်သည် သယံဇာတကော်မတီ အတွင်းရေးမှူးတစ်ယောက်ဖြစ်သောကြောင့် မြေသယံဇာတ မည်ကဲ့သို့အသုံးချထားသည်ကို သိရှိလို၍လည်းကောင်း၊ ကျွန်တော်၏ စိတ်ဝင်တစား လက်ကုန်နိုက်စူးစမ်းတတ်သော သဘာဝကြောင့်သည်လည်းကောင်း၊ ကားရပ်ပြီး ဆီအုန်းခြံများအတွင်း ထဲထဲ ဝင်ဝင် လေ့လာလိုက်သောအခါ “ ဆီအိုးကြီးပျော်ဆုံးနေပြီ” ဖြစ်ကြောင်း တွေ့ရပါတော့သည်။

တရားဝင်ထုတ်ပြန်ထားသော စာရင်းဇယားများအရ တနင်္သာရီတိုင်းတွင် ဆီအုန်းစိုက်ပျိုးခြင်းကို ၁၉၉၉ ခုနှစ်က စတင်ခဲ့ပြီး လျာထားဧက ၅ သိန်း သတ်မှတ်ထားသော်လည်း ၂၀၁၃ အထိ ကုမ္မဏီပေါင်း (၄၁) ခုမှ (၉၉၃၈၆၆) ဧက ရယူထားခဲ့ကြောင်းတွေ့ရသည်။ လျာထားချက်ထက် ၂ ဆခန့် မြေပိုယူပြီး သွင်းကုန်အစားထိုး မြန်မာ့ စားအုန်းဆီ ဖူလုံရေး ထုတ်လုပ်တော့မည့် သဘောပင်။ ကောင်းလေစွ ကောင်းလေစွ။

သို့သော် တိုင်းချုပ်စာရင်းများအရ မြေရယူထားကြသည်မှာ (၁၄) နှစ်ကြာပြီဖြစ်သော်လည်း ဧက ၁၀ သိန်းအနက် ၃ သိန်းသာ စိုက်ပျိုးထားပြီး ထိုစိုက်ပျိုးပြီးပြီဟု ဆိုသော ၃၂၁၈၂၄ ဧက အမှန်စိုက်ပျိုးခဲ့မည် ဆိုပါက အညံ့ဆုံး ဆီထွက်နှုန်း ၁ ဧက ဆီကြမ်း ၂ တန်ဖြင့် တွက်လျှင်ပင် ဆီကြမ်းတန်ချိန် ၆၄၃၆၄၈ တန် ထွက်ရပေလိမ့်မည်။ အမှန်တကယ် မြေနေရာဦးထားသလောက် ဧက (၁၀) သိန်းစိုက်ဖြစ်ခဲ့ပါက အညံ့ဆုံး ဆီကြမ်းထွက်နှုန်း တစ်ဧက ၂ တန်နှုန်းဖြင့် တွက်လျှင် နှစ်စဉ်ဆီကြမ်းတန်ချိန် သိန်း (၂၀) ထွက်ပေမည်၊ အပင်ကို ပြုစုယုယမှုကောင်းလျှင် ၁ ဧက ၄ တန်နှုန်းဖြင့် ဆီကြမ်းတန်ချိန် သိန်း (၄၀) ထွက်ရမည်ဖြစ်သည်။ ယခင်တပ်မတော်အကြီးအကဲများက ထိုသို့ ဖြစ်စေခြင်ခဲ့၍သာ ဤသို့ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ဟန်တူသည်။ လက်တွေ့တော့ ဆီကြမ်းထွက်ရှိမှုမှာ ၃၁-၅-၂၀၁၃ တရားဝင်စာရင်းဇယားအရ ဆီသီးခိုင် တန် (၂၂၄၅၇)သာ ထွက်ရှိကြောင်း တင်ပြထားသည်။

ဒါတောင် အမှန်တကယ် ထွက် မထွက် မသေချာပါ။ အဘယ်ကြောင့်ဆိုသော် မြိတ်ခရိုင် စက်မှုကုန်ကြမ်းခရိုင်ရုံး၏ စာရင်းတွင် မောင်ဝိတ်မိသားစု ကုမ္မဏီသည် လျာထားချက် (၁၀၂၀) ဧက အားလုံးဝစိုက်ပျိုးခြင်ူး မရှိသေးကြောင်း တွေ့ရပြီး တိုင်းချုပ်စာရင်းတွင်မူ - ၁၀၂၀ ဧက အားလုံး စိုက်ပြီးဖြစ်၍ စိုက်ရန်ကျန်မရှိကြောင်း ကွဲလွဲနေသည်။ လက်တွေ့ကွင်းဆင်းကြည့်သောအခါ ဆိုင်းဘုတ်ထောင်ထားခြင်းပင် မတွေ့ခဲ့ရပေ။ 

ထိုကဲ့သို့ လုံးဝမစိုက်ဘဲ မြေဦးထားသော ကုမ္မဏီများမှာ (၁) ထားဝယ်ကုမ္မဏီ ၂၀၀၀၀ ဧက (၂) စိန်ပြည့်လျှံအောင် ကုမ္မဏီ ၁၀၀၀၀ ဧက (၃) တော်ဝင်ရွှေပုလဲ ကုမ္မဏီ ၉၀၀၀ ဧက (၄) မြန်မာနိုင်ကုမ္မဏီ ၇၀၀၀ ဧက (၅) အဲဗားဂရင်း ကုမ္မဏီ ၁၀၀၀ ဧက (၆) မြန်မာ့သြဘာ ကုမ္မဏီ ၁၀၅၀၀ ဧက (၇) တောင်းပိုင်းရွှေရောင်အလင်း ကုမ္မဏီ ၁၂၈၀၀ ဧက တို့ဖြစ်ကြသည်။ ထို့ပြင် အေးရှားဝါးကုမ္မဏီသည် တိုင်းချုပ်စာရင်း၌ ၁၀၂၀ ဧက အားလုံး စိုက်ပြီးဟု ဖော်ပြထားသော်လည်း မြေပြင်တွင် ၄၀၀၀ ဧကသာ စိုက်ပျိုးထားခြင်း Vantage ကုမ္မဏီသည် တိုင်းချုပ်စာရင်း၌ ၁၉၂၀ ဧက အားလုံးစိုက်ပြီးကြောင်း ဖော်ပြထားသော်လည်း ဆီအုန်းတွက်ခြေမကိုက်၍ ၁၉၂၀ ဧကအားလုံး ရာဘာပြောင်းစိုက်တော့မည်ဟု သိရခြင်း၊ ထူးကုမ္မဏီသည် ဧက ၃၀၀၀၀ ယူထားရာ၌ တိုင်းချုပ်စာရင်းတွင် ၂၀၇၅ ဧက စိုက်ပြီးကြောင်း ဖော်ပြထားသေည်လည်း ဆီကြမ်းလုံးဝမထွက်သေးကြောင်း လေ့လာတွေ့ရှိရပါသည်။ မြေနေရာယူထားသော ကုမ္မဏီ (၄၁) ခုအနက် မြိတ်ခရိုင်တွင် ၄ ခုသာ ဆီကြမ်းထွက်ကြောင်း သိရသည်။

ဆီအုန်းခြံများအားလုံးသည် ကော့သောင်း၊ မြိတ်၊ ထားဝယ်၊ ကားလမ်းဘေးတွင်ရှိကြပြီး လမ်းဘေး၍ အပင် (၃) တန်းသာ စိုက်ပျိုးထားကြကာ အတွင်း၌ ချုံနွယ်များ ပေါက်ရောက်နေကြာင်း တွေ့ရသည်။ ဆီအုန်းပင်များမှာလည်း အခက်အလက် ပြုပြင်ခြင်း မရှိလျှင် ဆီသီး မသီးနိုင်ကြောင်း တွေ့ရသည်။ 

တိုင်းနှင့် ခရိုင် စက်မှုကုန်ကြမ်းရုံးများရှိ နံရံများတွက် ချိတ်ဆွဲထားသော ဓါတ်ပုံများ၊ နိုင်ငံပိုင် သတင်းစာများတွင် တခါတခါ မြင်တွေ့ရသော ကြီးထွားသန်မာ ဖြစ်ထွန်းလျက်ရှိသော ဆီအုန်းခြံများ အဖြစ် ဦးပိုက်လိမိတက်မှ တာဝန်ယူစိုက်ပျိုးသော ခြံတစ်ခုကိုသာ တွေ့ရသည်။ ကျန်ကုမ္မဏီများမှာ ပါချီပါချက် အပျော်သဘောမျိုး စိုက်ပျိုးဟန်ဆောင်နေရာ ဦးထားကြသည်။ ထားဝယ်၊ မြိတ်၊ ကော့သောင်း မြေဈေးတွေက အဆမတန်မြင့်တက်လျှက်ရှိလာနေ၍ အထက်ပါ ကုမ္မဏီများအကြိုက်တွေ့နေကြပေသည်။

ထိုပြင် ၎င်းကုမ္မဏီများ ဆီအုန်းအနစ်နာခံစိုက်ပျိုးကြသော်ကြောင့် အခွင့်အရေးပေးသည့်အနေဖြင့် ယခင်တပ်မတော်အစိုးရလက်ထက်က စက်ယန္တရားများ၊ ကားများ၊ စသည့် တန်ဘိုးကြီး ပစ္စည်းများကို အကောက်ခွန်လွတ် တင်သွင်းခွင့် ပြုခဲ့ကြောင်း အမည်မဖော်လိုသော မီဂါစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မိမိကို ပြောပြ၆သည်။ ထိုခေတ်က ဇိမ်ခံကားများ တစ်စီး၏ ပါမစ်အမြတ်မှာ သိန်း ၁၀၀၀ ဆိုပါလျှင် ၁၀ စီး သိန်း ၁၀၀၀၀၊ စိုက်ပျိုးဟန်တောင်ခြင်းမှ ကုန်ကျစရိတ်က လွန်ရောကျွံရော သိန်း ၁၀၀၀ ထားပါ၊ ဆယ်ဆမြတ်လေစွ၊ မြေလဲ အပိုင်ရသေး၊ ကားပါမစ်လည်း မြတ်သေး။ 

ဆီအိုးကြီးကတော့ ဆိုင်းဘုတ်သာ ရှိတော့သည်။ ယခင်တပ်မတော်အကြီးအကဲများ မျှော်မှန်းခဲ့သလို
 ဧက ၁၀ သိန်းမှ ဆီကြမ်း သိန်း (၂၀) ထွက်ခဲ့လျှင် မလေးရှားမှာ ဆီသွင်းရန် မလိုတော့၊ ထွက်နှုန်းကောင်းအောင်ပြုပြင်နိုင်လျှင် ၁ဧက ၅ တန် အထိထွက်ရှိကြောင်း စိုက်ပျိုးရေး ပညာရှင်တစ်ဦးပြောပြ၍ သိရသဖြင့် ဧက ၁၀ သိန်းမှ ဆီကြမ်းတန် သိန်း ၅၀ ထွကရမည်၊
ဤသို့ဆိုလျှင် မလေးရှားသို့ ဆီပြန်သွင်းနိုင်တော့မည်။ တွက်ရေးက ဆီသူဌေး၊ ကွင်းဆင်းကြည့်တော့ ဆီအိုးကြီးပျော်နေပါသည်။ နှစ်စဉ်မြန်မာပြည်သို့ ဝင်နေသော စားအုန်းဆီတန်ချိန်ကိုလေ့လာကြည့်ပါ။

နိုင်ငံခြားရင်းနှီးမြုပ်နှံသူများက မြန်မာပြည်သည်မြေဈေးအကြီးဆုံးဟု ဆိုကြသည်။ ထိုကဲ့သို့ ဘာမှမလုပ်ဘဲ နေရာဦးထားသူများကြောင့်ဟု ပြောရလိမ့်မည်။ ဖြစ်သင့်သည်မှာ မြေနေရာယူထားသည်မှာ (၁၄) နှစ်ကြာပြီဖြစ်လျှင် တကယ်စိုက်မစိုက် ကွင်းဆင်းစစ်၊ မစိုက်လျှင် ဘယ်သူ့မျက်နှာကိုမှ မထောက်ပဲ ပြန်သိမ်း၊ ပြည်တွင်းနှင့် နိုင်ငံခြားမှ တကယ်လုပ်မယ့်သူကို ချ မပေးသင့်ဘူးလား၊ သို့မှသာ မြိတ်ကမ်းနားလမ်းရှိ ဆိုင်းဘုတ်ကြီးမှာ ရယ်ရွှယ်ဖွယ် ဟာသတစ်ပုဒ်အဖြစ်မှ မှန်ကန်သော ဆီအိုးကြီးအဖြစ် ရပ်တည်လာလိမ့်မည်ဟု ထင်မြင်ယူဆမိပါကြောင်း ရေးသားဖော်ပြအပ်ပါသည်။

ဦးလှဆွေ
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်