Subscribe to our RSS Feed

ယနေ့ဆိုရှယ်မီဒီယာနှင့် လူမှူကွန်ယက် အခြေအနေ

From : .. OE


လစဉ်လတိုင်း Mobile Monday Event ကျင်းပလာခဲ့တာ ဒီတစ်လ နဲ့ဆို သုံးကြိမ်မြောက် ရှိပါပြီ။ ဒီပွဲကို စိတ်ဝင်စား ပါလျက် အချိန်မပေးနိုင် သူများ၊ အကြောင်းကြောင်းကြောင့် မတက်ရောက်ဖြစ်ခဲ့တဲ့ သူများအတွက် ဒီတစ်လမှာ ဆွေးနွေးသွား ခဲ့တဲ့အကြောင်း အရာတွေကို ကျနော်ပြန်လည်ဝေမျှပေးပါမယ်။ Mobile Monday ဆိုတာ ဘာလဲ မသိသေးသူ များအတွက်က “ကမ္ဘာ တစ်ဝန်း ကျင်းပနေသည့် Mobile Monday Event” မှာသွားရောက် ဖတ်ရှူနိုင် ပါတယ်။ ယခုဇွန်လ ခေါင်းစဉ်က ယခုစာဖတ် သူများအားလုံးနဲ့ တိုက်ရိုက် ပတ်သက် နေပါတယ်။ ဒီလခေါင်းစဉ်က “The State of Social Networks & Social Media” ကျွန်တော် ကတော့ “ယနေ့ဆိုရှယ်မီဒီယာနှင့် လူမှူကွန်ယက် အခြေအနေ” လို့ဘာသာပြန်ဆို ထားပါတယ်။

ကျွန်တော် Facebook ကို ၂၀၀၉ ခုနှစ် ကစပြီး အသုံးပြီး ခဲ့တာပါ။ အဲ့ဒီအချိန် တုန်းက Facebook ဟာ လူမှူကွန်ယက်(social network)ပါ ဆိုတာကို လုံးဝ မသိခဲ့ပါ။ အဲ့ဒီအချိန် အဲ့ဒီခေတ်က social network ဆိုတဲ့ စကားလုံးကလည်း ခေတ်မစားသေးတာကြောင့် ထင်ပါတယ်။ Facebook ကိုကျွန်တော် အဲ့ဒီအချိန်က အသုံးပြုခဲ့တာ အဒေါ့်ကောင်းမှူကြောင့်ပါ။ အဒေါ်ကရုံးမှာ အလုပ်ပါးရင် စိုက်ပျိုးရေး(FarmVille) ဂိမ်းဆော့တယ်ဆိုတာကနေ ကျွန်တော်လည်း အဲ့ဒီဂိမ်းဆော့ချင်တယ်ဆိုတော့ အဒေါ်က Facebook account ဖွင့်ပေးရာကနေ Facebook ကိုစတင် အသုံးပြုခဲ့ ပါတယ်။

အဲ့ဒီအချိန်က အင်တာနက်ဆိုင်မှာ လာသုံးသူ အများစုကလည်း Facebook ပေါ်က FarmVille ကိုအရူးအမူးဖြစ် နေကြပါပြီ။ ဒီဂိမ်းက သီးနှံတစ်ခုစိုက်ပျိုးတယ်ဆိုရင် ၂နာရီကြာမယ် (သို့) ၁ရက်ကြာမယ် ဆိုတာမျိုးတွေက တကယ့်ကျနော်တို့လက်တွေ့အချိန်အတိုင်း ဂိမ်းမှာ ၂နာရီစောင့်ရမယ်ဆို အပြင်ကနာရီ ၂နာရီပြည့်တဲ့အထိစောင့်ရတဲ့ဂိမ်းမျိုးပါ။ ယနေ့ smart phone တွေမှာဆော့ကစားနေကြတဲ့ Clash of Clans ဂိမ်းလိုမျိုးပါပဲ။ နောက်ထပ်ဆော့ဖြစ်တာက Mafia Wars ဆိုတဲ့ဂိမ်း၊ သူက ဇာတ်ကောင်တွေနဲ့တိုက်ခိုက်ရတာမျိုးမဟုတ်ဘဲ စာတွေပဲဖတ်ပြီးဆော့နေရတဲ့ဂိမ်းပါ။ ဒါပေမယ့်လည်း အဲ့ဒီလိုစာတွေဖတ်ပြီး ဆော့နေရပေမယ့် ယောက်ျားလေးတွေ အကြိုက်ဆုံးဂိမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ ကျွန်တော်ဆိုလိုချင်တာက အဲ့ဒီအချိန်က မြန်မာပြည်မှာ Facebook အသုံးပြုသူအရေအတွက် အရမ်းနည်းပါတယ်။ သုံးတဲ့သူတွေကလည်း ဂိမ်းဆော့ဖို့သာ အသုံးပြုကြတာပါ။

ယနေ့ မြန်မာပြည်မှာ အင်တာနက် အသုံးပြုသူတွေထဲက 58% ဟာ Facebook ကိုအသုံးပြုနေကြပါတယ်။ Facebook အသုံးပြုသူလူငယ်တွေ Facebook ကောင်းမှူကြောင့် နာမည်ကျော်ကြားသွားသူ၊ အောင်မြင်သွားသူတွေရှိသလို၊ Facebook ကြောင့် အထူးသဖြင့်မိန်းကလေးတွေ သူ့အကြောင်းကို သေချာမသိဘဲ ယုံစားပြီး ကိုယ့်ဘ၀ကိုပေးလိုက်ရတာမျိုးတွေ၊ မိမိက မိကောင်းဖခင်သားသမီးဖြစ်ပါလျက် မဟုတ်တရုတ် Page တွေမှာ မိမိပုံကိုအသုံးချခံရတာမျိုးတွေ စသဖြင့် ပြသနာပေါင်းသောင်းခြောက်ထောက် မက ရှိလာပါတယ်။ Facebook အသုံးပြု သူလူကြီးတွေကြည့်ပြန်တော့လည်း အမုန်းတရားဖြစ်ပွားစေမယ့် စကားမျိုးတွေ၊ ၀ါဒဖြန့်တာမျိုးတွေ အများကြီး အများကြီးဖြစ် လာပါတယ်။

တကယ်တော့ social networks ဆိုကတည်းက အသက်အရွယ်ပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ စရိုက်ပေါင်းစုံ အားလုံးတစ်စုတစ်ဝေးတည်းရှိနေတာပါ။ ဒါကို မိမိက မိမိစရိုက်နဲ့ အနီးစပ်ဆုံးကိုက်ညီမယ့်သူမျိုးကိုသာ ရွေးချယ်ပေါင်းသင်းတက်ဖို့လိုပါတယ်။ ဒါကတော့ လူမှူကွန်ယက်အခြေအနေ ဆွေးနွေးသွားတာနဲ့ပက်သက်ပြီး ကျွန်တော့်အမြင်နဲ့ပါ ပေါင်းစပ်ရေးသား ထားတာပါ။ နောက်တစ်ခုဆွေးနွေးတာက ဆိုရှယ်မီဒီယာ၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ ပြည်ပမှ company ကြီးတွေအားလုံးနီးပါး Facebook Page ကိုယ်စီရှိပါတယ်။ ဘာကြောင့် Facebook Page ကိုအသုံးပြုတာလည်း အဖြေကရှင်းပါတယ်။ စာသုံးသူတွေနဲ့အမြဲထိတွေ့နေဖို့ပါပဲ။ သူတို့ ထုတ်ကုန်တွေ ချပြမယ်။ တနည်းအားဖြင့် marketing သဘောမျိုးပါပဲ။

ဒီထဲမှာမှ အားလုံးလည်း မြင်တွေ့ ဖတ်ရှူနေရတဲ့အတိုင်း ကိုယ်မကြိုက် တာကို တစ်ဖက်စွန်းရောက်ပြီး ပြောဆိုလာတာမျိုးတွေ၊ အကျိုးအကြောင်းမခိုင်လုံပဲ comment ပေးတာမျိုးတွေလည်း ဒုနဲ့ဒေးနဲ့ရှိနေပါတယ်။ အမေရိကန်သမ္မတအိုဘာမားတောင် Facebook ကနေ မဲဆွယ်ပြီး အောင်မြင်ခဲ့တာတွေရှိပါတယ်။ ဒါက Facebook ကို အကောင်းဘက်က အသုံးချတာဖြစ်ပါတယ်။ ယနေ့ မြန်မာပြည်မှာ Facebook အသုံးပြုသူတွေအားလုံး အကောင်းဘက်က အသုံးချစေချင်ပါတယ်။ ဒါကြောင့်လည်း "လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှူတ်ကိုစောင့်စည်းစို့” ဆိုတဲ့ဆောင်ပုဒ်နဲ့ "ပန်းစကား" NGO အဖွဲ့အစည်းတွေ ပေါ်ပေါက်လာ တာပဲဖြစ်ပါတယ်။

“The State of Social Networks & Social Media” ခေါင်းစဉ်အောက်မှာ ဦးဆောင်ဆွေးနွေးသူသုံးဦးက Arthur Aung(ဒို့မြန်မာလူမှူကွန်ယက်တည်ထောင်သူ)၊ Stephen Kyaw(Blink - Public Relations & Digital Marketing Agency) နဲ့ Michael Pan(Project Director of Internews) တို့ပဲဖြစ်ပါတယ်။ ပြီးနောက် Mobile Monday ရဲ့အစဉ်အလာအတိုင်း Ooredoo Myanmar မှ စားသောက်ဖွယ်ရာများနှင့် ဧည်ခံကျွေးမွေးခဲ့ပါတယ်။ ပွဲတက်ရောက်လာသူများထဲမှ လုပ်ငန်းရှင်များ၊ ပညာရှင်များနဲ့ ခင်မင်မှူရရှိပြီး အသိပညာတွေဝေမျှ ဆွေးနွေးကြပါတယ်။ နောက်လများမှာ စိတ်ဝင်စားစရာခေါင်းစဉ်များနဲ့ သက်ဆိုင်ရာပညာရှင်များက ဆွေးနွေးကြဦးမှာမို့ တစ်ခါမှ မတက်ရောက်ဖူးသူများအားလုံးလည်း တက်ရောက်ဖို့ကို တိုက်တွန်းပါတယ်ခင်ဗျာ။ 


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်