Subscribe to our RSS Feed

အချိုးကျကိုယ်စားပြုရေး ထင်သလောက်မရှူပ်ထွေး (Proportional Representation explained) (အပိုင်း - က)

From : .. SMM

ပါလီမန်လွှတ်တော်သို့ ပြည်သူ့ ကိုယ်စားလှယ်များရွေးချယ်တင်မြှောက်ရာတွင်တွင်အချိုးကျရွေးချယ်ရေးစံနစ်
(Proportional Representation system) သည်လက်ရှိကျင့်သုံးနေသောပထမရသူ တစ်ဦးထည်းကိုရွေးသည့် (First Past The Post - FPTP) ထက်ပိုပြီး ဒီမိုကရေစီအနှစ်သာရကိုအကောင်အထည်ဖေါ်ပေးနိုင်သည်ဆိုသည်ကိုပထမမိတ်ဆက်ဆောင်းပါးတွင် တင်ပြပြီးဖြစ်ပါသည်။ သို့ သော်လုံလောက်ပြီဟုတော့မယူဆပါ။


ရွေးကောက်တင်မြှောက်နည်းဟောင်းကအကျိုးပြုနေတာ ကိုခံစားနေသည့်ပုဂ္ဂိုလ်စွဲ ၊ဒေသစွဲ-လူမျိုးစွဲများဖြင့်
ဖွဲ့ စည်းကာရပ်တည်နေသောနိုင်ငံရေးပါတီကြီးငယ်များသည် ရှူဒေါင့် အမျိုးမျိုးမှကန့် ကွက်နေကြဦးမည်
ဖြစ်ပါသည်။ ဤသည်မှာမျှော်လင့်ထားသောအလားအလာဖြစ်၍ ဤဆောင်းပါးရှင်အနေဖြင့်ဆက်လက်၍
ရင်ဆိုင်ဖြေရှင်းသွားရန်အသင့်ရှိပါသည်။


ရှေးဦးစွာနှင့်အလေးအနက်ကြိုတင်၍ပြောထားလိုသောအချက်တစ်ခုမှာ အချိုးကျစံနစ်သည်ရှူပ်ထွေးသည်ဆို
သောအချက်သည်မဲထည့်မည့်ပြည်သူများအတွက်မမှန်ကန်ပါ။ ပြောရမည်ဆိုလျှင် မြန်မာစာရေးတတ်ဖတ်
တတ်သူတိုင်းနားလည်နိုင်ပါသည်။ မဲပုံးရှေ့ တွင်မဲဆန္ဒပြုမည့်သူလက်တွေ့ လုပ်ရမည့်အလုပ်မှာလက်ရှိစံနစ်
ဟောင်းမှာလိုပင်ကိုယ်ကြိုက်သည့်ပါတီနှင့်အမတ်လောင်းအမည်ဘေးကလေးဒေါင့်ကွက်ထည်းတွင်ကြက်ခြေ
ခတ်ပေးရုံသာဖြစ်သည်။ ထူးတာဆိုလို့ ယခင်ကလိုလက်မလောက်မဲပြားအစား လက်ဝါးလောက်မဲစာရွက်တစ်ခုပေါ်တွင်ရိုက်နှိပ်ထားသောပါတီနှင့်ကိုယ်စားလှယ်လောင်းအမည် - ဓါတ်ပုံ - ပါတီအမှတ်တံဆိပ် (logo) များကိုသေသေချာချာကြည့်ရှုယုံသာလိုအပ်သည်။


သို့ သော်စံနစ်သစ်အရရွေးကောက်ပွဲကိုစီစဉ်ပေးရမည့်ရွေး ကောက်ပွဲကော်မရှင်အတွက်တော့ပထမဆုံးအကြိမ်
ကျင်းပသောရွေးကောက်ပွဲတွင်စီစဉ်ပေးရသူကော်မရှင်အတွက် - မဲဆန္ဒနယ်မြေများ အသစ်ပြန်လည်သတ်မှတ်ရခြင်း (re-constituting the electoral districts) နှင့် နိုင်ငံရေးပါတီများက မည်သို့ မည်ပုံပါဝင် ဆောင်ရွက်ကြရမည်ကိုသင်တန်းပေးရခြင်းတို့ ကြောင့်အလုပ်ရှူပ်စရာရှိပါသည်။ဤသည်မှာပထမဆုံးအကြိမ်အသစ်အဆန်းဖြစ်
နေ၍သာဖြစ်သည်။ဒီမိုကရေစီစံနစ်၏အသက်သည်ပြည်သူကိုကိုယ်စားပြုသောအစိုးရတရပ်ကိုရေးချွယ်ခြင်းဖြစ်သည်ဟုလူတိုင်းသိ
ထားကြသည်။ သို့ သော်လူတိုင်းမသိကြသောအချက် - သို့ မဟုတ်လူတိုင်းအမှတ်တမဲ့နေမိကြသောအချက်ဟုလျှော့လျှော့ပေါ့ပေါ့ပြောရလျှင်မိမိတို့ သုံးစွဲနေသော ပထမရသူတစ်ဦးတည်းအမတ်ဖြစ် စံနစ်သည်ပြည်သူကိုကိုယ်စားပြုသောအစိုးရတရပ်ကိုတကယ်ဖန်တီးပေးနေသလားဆိုသည့်အချက်ဖြစ်သည်။


ဤဆောင်းပါးရှင်၏အမြင်တွင်လက်ရှိသုံးစွဲနေသောကိုလိုနီစံနစ်၏အမွေတစ်ခုဟုလည်းခေါ်နိုင်သောပထမရသူအနိုင်စံနစ် (FirstPast The Post - FPTP) စံနစ်သည်မဲထည့်လိုက်ကြသောပြည်သူတွေကိုတစိပ်တစ်ပိုင်းသာကိုယ်စားပြု သည့်စံနစ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်မဲဆန္ဒနယ်တိုင်းတွင်အနိုင်ရသူကိုမဲမပေးမိဘအဲ ခြားယှဉ်ပြိုင်သူ များကိုပေးမိသောမဲများသည်အလဟဿဖြစ်ကုန် (wasted) သောကြောင့်ဖြစ်ပါသည်။ ရွေးကောက်ပွဲတိုင်း တွင်ဤက့သဲို့ သောမဲများကိုတပြည်လုံးစုပေါင်းကြည့်လိုက်သောအခါမဲသန်းပေါင်းများစွာတို့ အလဟဿဖြစ် ကုန်သည်ကိုမြင်ရသည်။ တဘက်တွင်လည်းယှဉ်ပြိုင်သူသုံးဦးနှင့်အထက်ရှိသောမဲဆန္ဒနယ်မြေတိုင်းတွင် အနိုင်ရသူသည်စုစုပေါင်း မဲ၏ ၅၁% နှင့်အထက်ဖြင့်အနိုင်ရသူကအနည်းစုဖြစ်ပြီး - မဲအနည်းစု (၄၉ % နှင့်အောက်)ဖြင့်အမတ်ဖြစ်လာသူတွေဖြစ်ဖို့ ကများသည်။ဤနည်းအရယှဉ်ပြိုင်သူများလေနိုင်သူ၏ရသောမဲရာခိုင်နှူံးကျလာလေဖြစ်
မည်။


ဥပမာတစ်နေရာထည်းကိုယှဉ်ပြိုင်သူငါးဦးနှင့်အထက်ရှိသောမဲဆန္ဒနယ်တွင်အနိုင်ရသူသည်စုစုပေါင်းမဲ၏
၂၅ % လောက်ဖြင့်ပင်အမတ်ဖြစ်လာနိုင်ပြီးသူ့ အစားအခြားသူများကိုပေးသော ၇၅%သောမဲများကိုအလဟဿဖြစ်စေတော့သည်။ ဤလိုအမတ်မျိုးများဖြင့်အနိုင်ရသောပါတီများသည်လူများစုအစိုးရ (majoritygovernment) ဟုအမည်တပ်သော်လည်းစင်စစ်ပြည်သူအများစုကိုကိုယ်စားမပြုဘဲသူတို့ ကို မဲထည့်သော
လူနည်းစုကိုသာကိုယ်စားပြုခွင့်ရှိသည်။


ဤအချက်သည် FPTP ၏ စံနစ်၏သန္ဓေပါချို့ ယွင်းချက်(inherent systemic shortcoming) ဖြစ်သဖြင့် ကု
စားရန်မဖြစ်နိုင်သောကြောင့်နိုင်ငံအများကအချိုးကျကိုယ်စားပြုစံနစ် (Proportional representation system- PR) ကိုတီထွင်၍တစတစပြောင်းလဲသုံးစွဲလာကြခြင်းဖြစ်သည်။


PR သည်၎င်း၏မည်ကညွှန်းဆိုနေသည့်အတိုင်းအချက်နှစ်ချက်ကိုအကောင်အထည် ဖေါ်ယူသောစံနစ် ဖြစ်
သည်။ ၄င်းတို့ မှာအချိုးကိုက်ခြင်း (Proportionality) နှင့်အပြည့်အဝကိုယ်စားပြုခြင်း (Full Representation)တို့ ဖြစ်သည်။


PR စံနစ်သည် (၁) နိုင်ငံရေးပါတီများဘက်ကကြည့်လျှင်ပါတီကြီးငယ်မ ဟူပြည်သူကခွင့်ပြုသလောက်ကိုယ်စားပြုခွင့်ရှိသဖြင့်အခွင့်အရေးတန်းတူရခြင်း (၂) မဲ ဆန္ဒရှင်များဘက်ကကြည့်လျှင်သူတို့ ၏မဲများအလဟဿမဖြစ်တော့ခြင်းစသောရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာတ ရားမျှတမှု (electoral justice) ကိုဆောင်ကျဉ်းပေးသည်။


ဤစံနစ်တွင်မဲဆန္ဒရှင်များသည်မိမိတို့ မဲထည့်သောပါတီနှင့်အမတ်လောင်းသည်မိမိတို့ မဲဆန္ဒနယ်တွင်ရွေးချယ်
မခံရသည့်တိုင်အချိုးကျစံနစ်အရပါတီကစေလွှတ်ခွင့်ရသောအမတ်အားဖြင့်ကိုယ်စားပြုခံရနိုင်သဖြင့်ရွေးကော
က်ပွဲတွင်မည်သည့်အမတ်လောင်းကိုမဲထည့်ခဲ့သည်ဖြစ်စေမဲပေးသူတိုင်းအတွက်ကိုယ်စားပြုပေးသူရှိနေသည်။
သို့ သော် PR စံနစ်သည်ကြိုတင်လိုအပ်ချက်အနည်းငယ်ရှိပါသည်။


ပထမလိုအပ်ချက်မှာပါတီကြီးငယ်တိုင်းမိမိတို့ ရရှိသောမဲအရေအတွက်အလိုက်အချိုးကျကိုယ်စားပြုနိုင်လောက်
အောင်အရွယ်အစားကြီးမားသောမဲဆန္ဒနယ်မြေများ (large electoral districts) ဖြစ်ရပါမည်။ ဥပမာ PR စံနစ်ကိုကျင့်သုံးနေသော အစ္စရေးနှင့်နယ်သာလန်တို့ သည် တစ်နိုင်ငံလုံးကိုမဲဆန္ဒတစ်ခုတည်းအဖြစ်သတ်မှတ်ထားသည်။


PR သည် FPTP စံနစ်တွင်သုံးသောတစ်ဦး တည်းရွေးနယ်မြေ (single member constituency) စံနစ်ကိုမသုံးပါ။ ၄င်းအစား အမတ်နေရာအများရွေးနယ်မြေ (multiple members / seats constituency)စံနစ်ကိုသုံးသည်။

အောက်တွင် FPTP စံနစ်တစ်ဦးတည်းရွေးနယ်မြေ ၅ဝ ကို PR စံနစ်အရနယ်မြေဆယ်ခု သို့ မဟုတ်ငါးခုအဖြစ်သို့ ပြောင်းလဲထားပုံနမူနာကိုမြင်ရမည်။

 
.. www.MyanmarExpress.net
 

1 comments:

PR system is no doubt better than the winner takes all system. More over it is best suited for the our kind of people.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်