Subscribe to our RSS Feed

မြန်မာ့နိုင်ငံရေးလက်တွေ့ နှင့် အချိုးကျရွေးချယ်တင်မြှောက်ရေးစံနစ် (PR)

From : .. ရွှေမြင့်မောင်
 လာမည့် ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲများတွင်လက်ရှိရွေးကောက်ပွဲစံနစ်ဖြစ်သော ပထမရသူတစ်ဦးတည်းအနိုင် (Winner Take All/ First Past The Post - FPTP) အစားအချိုးကျကိုယ်စားပြုစံနစ်(Proportional Representation system - PR) သို့  ပြောင်းလဲကျင့်သုံးတော့မည်ဟုအမျိုးသားလွှတ်တော်ကဆုံးဖြတ်လိုက်လေပြီ။

ဤအချက်နှင့်ပါတ်သက်၍ ပြည်နယ်များအခြေစိုက်တိုင်းရင်းသားပါတီများက
စိုးရိမ်မှုများ ဖြစ်ပေါ်နေကြ သည်ဟုသိရသည်။ အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အပြင်ရခိုင် - ရှမ်း-နှင့်ကရင်ပါတီများက
မီဒီယာတွင်အတိ အလင်းဆန့်  ကျင်ပြောဆိုထားသည်များကိုတွေ့ ရသည်။
၎င်းတို့ ၏စိုးရိမ်မှုများအနက်တစ်ချို့ သောအချက်များသည်သဘာဝကျ
၍တစ်ချို့ သောအချက်များသည်အစိုး ရိမ်လွန်ခြင်းသာဖြစ်သည်ဟုဆိုချင်ပါသည်။

ကျင့်သုံးဆဲပထမရသူအနိုင်စံနစ်သည်မိမိတို့ ပါတီများအသာစီးရ ထားပြီးသား
မိမိတို့  ၏ပြည်နယ်များတွင်မိမိတို့  ပင်ဆက်၍အာဏာရရေးကိုအာမခံနိုင်သည် - ထို့  ကြောင့် ပြည်နယ်ရွေးကောက်ပွဲများတွင်ထိုစံနစ်ကိုဆက်၍ ကျင့်သုံးနိုင်ရန်ဆန္ဒပြင်းထန်နေကြသည်ဆိုလျှင် ထိုအချက်
ကိုညှိနှိုင်းယူ၍ရနိုင်လောက်ပါသည်။

ယခုတစ်ကြိမ်ရွေးကောက်ပွဲတွင်အသစ်ကျင့်သုံးမည့် PR စံနစ် ကိုပြည် ထောင်စုအဆင့်ရွေး ကောက်ပွဲများ (ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်) တို့ အတွက်သာ အသုံး ပြုပြီးပြည် နယ်နှင့်တိုင်းဒေသကြီးများရွေးကောက်ပွဲများကိုစံနစ်ဟောင်း
ဆက်လက်ကျင့်သုံးရန်ညှိပေးခြင်းသည်
မည်သူ့ ကိုမျှမထိခိုက်သဖြင့်ဖြစ်နိုင်စရာရှိသည်။

နိုင်ငံတကာအတွေ့ အကြုံများအရမဲအများဆုံးသူနိုင်စံနစ် / နိုင်သူအကုန် ယူစံနစ်
၏ (First Past the Post – FPTP) မှသည်စံနစ်သစ်ဖြစ်သောအချိုး ကျ ရွေးချယ်တင်မြှောက်ရေး(PR) သို့ ပြောင်းလဲကျင့်သုံးရာတွင် တစ်နိုင်ငံလုံးရှိအဆင့်အားလုံးတပြိုင်နက်စတင်ကျင့်သုံး ကြသည်မဟုတ်ဘဲချောမွေ့ မှုရှိစေရန်တဆင့်ချင်း အချိန်ပေး၍ပြောင်းလဲကြယူသည်ကိုတွေ့ ရမည်။ အချို့ သောနိုင်ငံများတွင် PR နှင့် FPTP စံနစ်နှစ်ခု စလုံးကိုဖွဲ့ စည်းပုံခြေခံဥပဒေထည်းတွင်ရေးဆွဲပြ ဌန်းကာအတူတွဲကျင့်သုံးကြသည်ကိုလည်းတွေ့ နိုင်သည်။ ဤသည်ကို Mixed Member Proportional system ဟုခေါ်ပြီး ဂျာမဏီနိုင်ငံသည်အကောင်း
ဆုံးဥပမာပြု စရာနိုင်ငံဖြစ်သည်။ စင်စစ် PR စံနစ်သို့ ပြောင်းလဲရန်အဆိုတင်သော National Democratic Forcesပါတီ ခေါင်းဆောင်ဦးခင်မောင်ဆွေ၏အဆိုအရ
၎င်းတို့ ပါတီကဤစံနစ်ကိုပြည်နယ်များ အတွက်မပါဘဲတိုင်းဒေသ ကြီးများအတွက်သာရည်ရွယ်ရန်အမျိုးသားလွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်
သည်ဟုဆိုသည်။

သို့ ဖြစ်သောကြောင့်အဖွဲ့ ဝင် ၄၂ ဦးပါအမျိုးသားလွှတ်တော်၏ကော်မရှင်က
PR စံနစ်ကိုလက်တွေ့ အကောင် အထည်ဖေါ်ရာတွင် ပထမအဆင့်အနေဖြင့်ပြည်ထောင်စုလွှတ်တော်ဆိုင်ရာရွေးကောက်ပွဲများ (ပြည်သူ့ လွှတ် တော်နှင့်အမျိုးသားလွှတ်တော်) တွင်သာကျင့်သုံးပြီးပြည် နယ်နှင့်တိုင်းဒေသကြီးအစိုးရများရွေးကောက်ပွဲများ အတွက်မူစံနစ်ဟောင်းအတိုင်းသွားကာနောက်တစ်ကြိမ် (၂ဝ၂ဝ) ရွေးကောက်ပွဲကျမှပြောင်းလဲကျင့်သုံးရန် အဆင်သင့်ဖြစ်မဖြစ်ကိုစဉ်းစားပါကပို၍ချောမွေ့ မည်ဖြစ်ပေသည်။
စင်စစ် PR ကိုမြန်မာ့နိုင်ငံရေးလောကမှ မည်သူတွေက ကန့် ကွက်နေသည်ကိုဆန်းစစ်လျှင်မဲဆန္ဒနယ်တစ်ခုကို ထာဝရအပိုင်လက်ဝါးကြီးအုပ်ထားလိုသောဒေသစွဲလူမျိုးစွဲနိုင်ငံရေး
ပါတီများသာဖြစ်ကြသည်ကိုတွေ့ လိမ့်မည်။

အချိုးကျကိုယ်စားပြုစံနစ်သည်၎င်း၏အမည်ကြောင့်ပင်ပြည်သူကစိတ်ဝင်စား
လာနိုင်ပါသည်။ လက်ရှိကျင့်သုံး နေသောစံနစ်သည်အချိုးကျကိုယ်စားမပြုဘူးလား ဟူသောမေးခွန်းအလိုလိုပေါ်ပေါက်လာစေသည်။ အဖြေမှာ လက်ရှိ FPTP စံနစ်က ဒီမိုကရေစီ၏အနှစ်သာရဖြစ်သောကိုယ်စားပြုခြင်းကို ပြည့်ပြည့်ဝဝမဖြစ်ပေါ်စေဘဲ လူထု ကျေနပ်စေရန်အတုအယောင်ကိုယ်စားပြုမှု (an illusion of representation) ကိုသာဖန်ဆင်းပြသည်။
တကယ့်လက်တွေ့ တွင်မဲဆန္ဒနယ် (Constituency or electoral district) တိုင်းတွင်ယှဉ်ပြိုင်သူသုံးဦးနှင့်အ ထက်ရှိကြသည်။ တချို့ နေရာများတွင်ဆယ်ဂဏန်းအထက်ရှိသည်။ ၄င်းတို့ အားလုံးအနက်မဲအများဆုံးရသူ တစ်ဦးတည်းကိုသာရွေး ချယ်သဖြင့်ထိုသူသည်ထိုမဲဆန္ဒနယ်တွင်ပြည်သူပေးမဲစုစုပေါင်း၏အနည်းစုဖြင့်ပင် အမတ်ဖြစ်လာနိုင်သည်။ အကယ်၍သူသည်လူကြိုက်များ၍အများစုမဲ (၅၁% +) ဖြင့် ပင်နိုင်စေကာမူတစ်ဦး တည်းကိုရွေးသောစံနစ်အရ သူ့  ကိုမဲမထည့်သောကျန် ၄၉ % သောမဲများအားလုံး အလဟဿဖြစ် (wasted) ကုန်တော့ သည်။ တနိုင်ငံလုံးအတိုင်းအတာဖြင့်စုပေါင်းလိုက်သောအခါရွေးကောက် ပွဲတိုင်းတွင်ဤကဲ့သို့  အလဟဿဖြစ်ကုန်သောမဲအရေအတွက်သည်သန်းပေါင်းများစွာဖြစ်လာတော့သည်။
ဤအဖြစ်ကြောင့်FPTP စံနစ်ကျင့်သုံးသောအဓိကရအနောက်ဒီမိုကရေစီနိုင်ငံ ကြီးများတွင်ပြည်သူများသည် ရွေးကောက်ပွဲ များကိုစိတ်မဝင်စားတော့ဘဲမဲပေးသူရာခိုင်နှူံးလျှော့ကျ (low voter turnout) လာလေသည်။
တဘက်တွင်မဲအများဆုံးရသူတစ်ဦးတည်းကိုသာရွေးချယ်သဖြင့်ကျန်မဲအသီးသီးရသူတွေနစ်နာသလိုအခြား တစ်ဘက်တွင်မူပါတီကြီးများကိုသာအသာစီးရစေသည့်သဘာဝကြောင့်ပါတီကြီးများလက်ဝါးကြီးအုပ်နိုင်ငံရေး (အထူးသဖြင့်နှစ်ပါတီစံနစ်) ကိုဖန်တီးသည်။ ပါတီကြီးနှစ်ခုစလုံးကိုမကြိုက်ကြ၍ပါတီငယ်များတွင်ခက်ခဲစွာ ရပ်တည်သူများရှိသော်လည်းပြည်သူများကမူပါတီနိုင်ငံရေးလောကတစ်ခုလုံးကိုရှောင်ကွင်း (bypass) ကာ NGO နိုင်ငံရေးလောကသို့ ခြေဦးလှည့်လေတော့သည်။ ထို့ ကြောင့် NGO နိုင်ငံရေးနှင့်တက်ကြွလှုပ်ရှားသူနိုင်ငံ ရေး (activist politics) များမွေးဖွားလာခြင်း၊ အားကောင်းလာရခြင်းအကြောင်းရင်းများအနက်တစ်ခုသည် ပါတီ နိုင်ငံရေး၊ရွေးကောက်ပွဲနိုင်ငံရေးကလူထု၏ဘဝလိုအပ်ချက်များကိုဖူလုံအောင်မဖြည့်ဆီးနိုင်တာလည်းပါသည်။
ထို့ ကြောင့်ရွေးကောက်ပွဲစံနစ်များ (electoral systems) ကပါတီများဖွဲ့ စည်းထားပုံနှင့်ဦးစားပေးမှုများ (party structures and political priorities) ကိုပြဌန်းပေးနေသည်။ လက်ရှိပထမရသူတစ်ဦးတည်းအနိုင် စံနစ်သည် ကိုယ်စားပြုခြင်းအနှစ်သာရထက်လောင်းကစားပွဲ (မြင်းပွဲ) အနှစ်သာရကိုအခြေခံ ထားသည်ကိုရှင်းရှင်းကြီး မြင်နိုင်သည်။ ထိုစံနစ်မှစားအချိုးကျကိုယ်စားပြုစံနစ်သို့ ပြောင်းလဲကျင့်သုံးခြင်းသည် စင်စစ်ဒီမိုကရေစီဖေါ် ဆောင်ရေးနောက်တဆင့်သို့ တက်လှမ်းခြင်း (the next level of democratization) ပင် ဖြစ်သည်။
ယခုတဖန် PR စံနစ်သည်ခက်ခဲရှူပ်ထွေးကာကျင့်သုံးရခက်လိမ့်မည်ဟူသောကန့် ကွက်ချက်များကိုဆက်လက် ၍ဆွေးနွေးလိုပါသည်။ မည်မျှလွယ်ကူသောနည်းစံနစ်တစ်ခုမဆိုလုံးဝအတွေ့ အကြုံမရှိသေးလျှင်ပထမအကြိမ် ၌ခက်ခဲနိုင်ပါသည်။ သို့ သော် PR ကိုအိမ်နီးနားချင်းကမ္ဘောဒီးယား - ထိုင်း -နှင့်အင်ဒိုနီးရှားတို့ မှပြည်သူများ သည်ပင်အောင်မြင်စွာအသုံးချနိုင်ကြလျှင်မြန်မာပြည်သူများကဘာကြောင့်အသုံးမပြုနိုင်ရမည်နည်း။ ထိုတိုင်း ပြည်များ၏ပြည်တွင်းနိုင်ငံရေးအခြေအနေများသည်လည်းမြန်မာထက်တော့အများကြီးပို၍မကောင်းပါ။
လိုအပ် ချက်မှာ ၂ဝ၁၅ အောက်တိုဘာလတွင်ကျင်းပနိုင်ခြေရှိသည့်အထွေထွေရွေးကောက်ပွဲမတိုင်မှီ အချိန် ဆယ့်ငါးလ အတွင်းရွေးကောက်ပွဲကော်မရှင်အနေဖြင့်ပြည်သူများနှင့်နိုင်ငံရေးပါတီများကိုပညာပေးခြင်း (orientation) ပီပီပြင်ပြင်လုပ်ရလိမ့်မည်။ ကမ္ဘာပေါ်တွင် PR စနစ်မျိုးကွဲအမျိုးမျိုးရှိနေရာမည်သည့်စံနစ်ကို မြန်မာနိုင်ငံအတွက် အသုံးပြုနိုင်မည်ကိုသုတေသနလုပ်ရမည်ဖြစ်သည်။ အဓိကအားဖြင့်ကမ္ဘာတဝှမ်း PR စံနစ် ကျင့်သုံးသောနိုင်ငံပေါင်း၁၇ဝခန့် တွင်စံနစ်မူကွဲသုံးမျိုးအနက်တစ်ခုခုကိုကျင့်သုံးနေသည်ဖြစ်ရာယင်းတို့ ကို အသေးစိတ် လေ့လာသင့်သည်။ အထူးသဖြင့်ဖြင့် PR စံနစ်အောင်မြင်စွာနေသောဂျာမဏီ၊ တောင်အာဖရိက၊ နယ်သာလန်၊ ဘရာဇီး ထိုင်း၊ အင်ဒိုနီးရှားတို့ ကိုသွားရောက်လေ့လာသင့်သည်ထင်ပါသည်။

အချိုးကျကိုယ်စားပြုစံနစ်သည်ယင်း၏အမည်ပါအတိုင်းကိုယ်စားလှယ်ရွေးချယ်ရာတွင်လူထုကပေးသောမဲများကိုအဖြစ်နိုင်ဆုံးထင်ဟပ်စေသည်ဖြစ်ရာဒီမိုကရေစီသဘောတရားရှူဒေါင့်မှကြည့်လျှင်နိုင်သူအကုန်ယူစံနစ်ထက် အနှစ်သာရအရကိုကသာလွန်နေသည် (essentially superior)။ PR ကိုဝေဘန်သူများသည်ထိုအချက်ကို မသိ ကျိုးကျင်ပြုကာအပေါ်ယံအမြင်ခက်ခဲရှူပ်ထွေးမှုကိုသာဦးစားပေးတိုက်ခိုက်ကြသည်။ ဒီမိုကရေစီဖေါ်ဆောင် ရေး လုပ်ငန်းစဉ် (democratization process) တွင်အရေးကြီးသောရှေ့ သို့ ခြေတလှမ်းတိုးခြင်းကိုပညာတတ် များ အပါအဝင်မြန်မာနိုင်ငံရေးလောကလက်ခံကြိုဆိုခြင်းမရှိသည့်အပြင်သံသယရှိသောလေသံများပင်ထွက်ပေါ်လာ သည်ကိုအံ့သြစွာတွေ့ ရသည်။
ဝေဘန်သံများကိုစီစစ်ပိုင်းခြားလိုက်သောအခါ - ယခုအတည်ဖြစ်သွားသော PR စံနစ်သည် (၁) အာဏာရ စစ်တပ်နောက်ခံပါတီ (ပြည်ခိုင်ဖြိုး) ၏လက်ရာဖြစ်နေသည် - (၂) နဂိုရှိနှင့်ပြီးသားပြဿနာပေါင်းသောင်း ခြောက်ထောင်အပြင်နောက်ထပ်ပြဿနာအသစ်တစ်ခု - (၃) PR သည်ခက်ခဲရှူပ်ထွေးပြီးကျင့်သုံးရန်မလွယ်ကူ သောစံနစ် - (၄) PR ကနိုင်ငံရေး အစွန်းရောက်လူနည်းစုတွေအတွက်အခွင့်အရေးဖန်တီးပေးသလိုဖြစ်မည် (ဟစ်တလာ) ဟူ၍အကြမ်းဖျင်းအားဖြင့်အကြောင်းပြချက်လေးမျိုးတွေ့ ရသည်။
အာဏာရပါတီကလုပ်တာဟူသော(တစ်)အချက်ကိုငြင်းရန်အကြောင်းမရှိပေ။ သို့ သော်အာဏာရပါတီကလှမ်း သောခြေလှမ်းတိုင်းသည်လည်းနိုင်ငံရေးအရဖေါက်ပြန်သည်ဟုတထစ်ချစွဲ၍ဆန့် ကျင်ရန်မဖြစ်နိုင်ပေ။ ဒီမိုက ရေစီဘောင်အတွင်းအများတကာ့အများစုကြီးသာအများဆုံးအကျိုးရှိစေရမည့်မူ (The greatest good for the greatest number) ဟူသောဗိုလ်ချုပ်အောင်ဆန်းတစ်ခါကသင်ကြားဘူးသည်နိုင်ငံရေးစံအရချဉ်းကပ်၍ အသေ အချာလေ့လာဘို့ လိုသည်။ အာဏာရှိသူကလုပ်တာမှန်သမျှဆန့် ကျင်ကြေးဆိုလျှင် အစကတည်းက၂ဝဝ၈ ဖွဲ့ စည်းပုံကိုကော ၂ဝ၁ဝ ရွေးကောက်ပွဲကိုပါသပိတ်မှောက်ဆန့် ကျင်ခဲ့ကြဘို့ ဖြစ်သည်။ ထို့ ကြောင့်ဤဆင် ခြေ သည်ရှေ့ နောက်မညီညွတ်သည်သာမကအလွန်လည်းတိမ်သည်။
ဆက်လက်၍ပြဿနာပေါင်းသောင်းခြောက်ထောင်အပြင်နောက်ထပ်ပြဿနာအသစ်တစ်ခုဟူသောကန့် ကွက်ချက်ကို (နှစ်) ကိုစစ်ဆေးကြည့်ပါမည်။ ရွေးကောက်ပွဲနိုင်ပါတီများကို၎င်းတို့ ၏နိုင်မဲအရေတွက်ရာခိုင်နှူံးအလိုက် သာအမတ်နေရာအချိုးကျခွဲဝေပေးမည့်စံနစ်ကိုပြဿနာတစ်ခုအဖြစ်ရှူမြင်ထားသူမည်သူမဆို - နိုင်ငံရေးသမား ဖြစ်ဖြစ် - နိုင်ငံရေးဝေဘန်သူဘဲဖြစ်ဖြစ် - ထိုသူသည်တရားမျှတခြင်းဟူသောဒီမိုကရက်တစ်လောကပါလတရား ချို့ တဲ့နေသူဖြစ်သည် (lacks sense of justice and equity)။ ထိုသူမျိုးသည်နိုင်ငံရေး၌သာမကမည့်သည့် အများပြည်သူ့ အရေး (any public realm) ကိစ္စနှင့်မျှမသင့်လျော်သူဖြစ်သည်။ ရွေးကောက်ပွဲတရားမျှတမှုကို ဖန်တီးမည့်သော PR စံနစ်သည်ထိုပုဂ္ဂိုလ်များအတွက်ပြဿနာဖြစ်နေနိုင်သည်။ သူတို့ မှတပါးကျန်မဲဆန္ဒရှင် အများပြည်သူများအတွက်တော့ပြဿနာမဟုတ်နိုင်။
မြန်မာ့နိုင်ငံ၏လက်ရှိနိုင်ငံရေးစီးပွားရေးလူမှုရေးပြဿနာပေါင်းစုံသည်ခေတ်အဆက်ဆက်၏အစုအပုံဖြစ်သည်။ ပြဿနာအများစုကြီး၏အရင်းခံဇစ်မြစ်သည်နှစ်ပေါင်းခြောက်ဆယ် (၁၉၆၂- ၂ဝ၁ဝ) သက်တမ်းရှိအာဏာရှင် စံနစ်ကြီးဖြစ်သည်။ ၂ဝ၁ဝ ခုနှစ်တွင်ဒီမိုကရေစီအုပ်ချုပ်ရေးစံနစ်သစ်စတင်သည်ဆိုရသော်လည်းအမည်မျှသာရှိ သေးသည် - အနှစ်သာရအားဖြင့်ဘာမှသိသိသာသာမပြောင်းလဲသေးသည်မှာအားလုံးအမြင်-အားလုံးအသိပင် ဖြစ်သည်။ ဤအာဏာရှင်စံနစ်ကအလွန်အရုပ်ဆိုးသောတဖက်စောင်းနင်းမညီမျှခြင်းများ (inequalities) ကို မွေးဖွားပေးခဲ့ တာမှန်သော်လည်းယင်း၏အကျင့်ဆိုးများသည်ကင်ဆာရာဂါသဖွယ်လူထုများ-လူတန်းစားများ-နှင့်လူမျိုးစုများ အကြားအထိစိမ့်ဝင်ပြန်နှံ့ ကာနက်ရှိုင်းစွာအမြစ်စွဲနေပြီ (deeply entrenched) ဟုဆိုရမည်။ မြန်မာနိုင်ငံတွင်လွပ်လပ်ခွင့်နှင့်တန်းတူညီမျှရေးများအတွက်တလျှောက်လုံးတိုက်ပွဲဝင်လာသူဟုဆိုနိုင်သူများ သည်ပင်တခါတရံမိမိတို့ ရထားသည့်အထူးအခွင့်အရေးများဒီမိုကရေစီနှင့်ကိုက်ညီမညီပြန်လည်မဆန်းစစ်ဘဲ ဖြစ်လာသည် - (ဥပမာငြိမ်းချမ်းရေးဆွေးနွေးနေသည့်အဖွဲ့ များကအစိုးရထံမှကားပါမစ်ယူခြင်း)။
သို့ ဖြင့်ဤသို့ သော တည်ဆဲအခြေအနေ (status quo) ကိုပြောင်းလဲသွားနိုင်သည့်အယူအဆသစ် - အကြံ အစည်သစ်တိုင်းကို နောက်ထပ်ပြဿနာအသစ်တစ်ခုတိုးသည် - ထိုသို့ တင်ပြလာသူကိုလည်းခလောက် ဆန်သူ “နင်းမြှုတ်လိုသူ” (one who wants to rock the boat) အဖြစ်ရှူမြင်ကာဝိုင်း ဝန်းဆန့် ကျင်ကြလေ တော့သည်။ ဤမျှဆိုလျှင်ဒုတိယကန့် ကွက်ချက်၏မူရင်းသဘာဝကိုသိလောက်ပြီဖြစ်သည်။
တတိယအမျိုးအစားကန့် ကွက်ချက်ဖြစ်သော PR စံနစ်သည်ရှူပ်ထွေးသည်၊ အသုံးပြုရန်မလွယ်ကူဟူသော စွပ်စွဲချက်ကိုယခုရင်ဆိုင်ပါမည်။ အရည်အချင်းအားဖြင့်သာလွန်ကောင်းမွန် သောတီထွင်မှုတရပ်သည်သူ့  ထက်အရည်အချင်းနိမ့်သော(basic, primitive, rudimentary) တီထွင်မှုထက်ပို၍ရှူပ်ထွေး (sophisticated) မည်မှာသဘာဝကျသည်။ အဆင့်နိမ့်နည်းစံနစ်တခုကိုမည်သူမဆိုလေ့ကျင့်စရာမလိုပဲချက်ချင်းကောက်ယူအသုံး ပြုနိုင်ကောင်း ပြု နိုင်မည်ဖြစ်သော်လည်းအဆင့်မြင့်နည်းနာတရပ်ကိုအသုံးချရန်မှာ manual/ instructions ကိုအရင်ကျေ ညက် အောင်ဖတ်ဖို့ လိုသည်။ ၂၁ ရာစုလူသားသည်ဤလိုအပ်ချက်ကိုလိုက်နာသည့်အကျင့်ရှိနေပြီဖြစ်ပါသည်။ ဥပမာပြရလျှင်မည်သူမဆို TV, cell phone, tablet, laptop တစ်ခုခုဝယ်လျှင် manual များ instructions များကို အရင်ဖတ်သည့်အကျင့်ရှိနေကြပြီ။ နိုင်ငံရေးတွင်လည်းအချိုးကျကိုယ်စားပြုစံနစ်သည် ဒီမိုကရေစီ အနှစ် သာရကိုအပြည့်ဝဆုံးအကောင်အထည်ဖေါ်ပေးရန်တီထွင်ထားသောနောက်ပေါ်စံနစ်ဖြစ်ရာ၎င်းကိုအသုံးချနိုင် ရန်လေ့လာခြင်း၊လေ့ကျင့်ခြင်းအထိုက်အလျောက်လိုအပ်သည်။သို့ သော်အသုံးပြုမည့်သူများ ဥာဏ်မမှီနိုင်သည့် အထိတော့မရှူပ်ထွေးပါ။
အသေအချာအနီးကပ်လေ့လာကြည့်ပါက PR ကိုကောင်းစွာနည်းလည်အသုံးချနိုင်ဖို့ နိုင်ငံရေးပါတီများကနှင့် မဲပေးမည့်ပြည်သူများဘက်ကအထူးတလည်ကျိုးစားပမ်းစားအားထုတ်ရန်မလိုသည်ကိုတွေ့ ရမည်။ အထူးတ လည်ကျိုးစားပမ်းစားအားထုတ်ပြင်ဆင်ပေးရမည့်သူမှာစံနစ်သစ်ဖြင့်ရွေးကောက်ပွဲကျင်းပပေးမည့်ရွေးကောက်ပွဲကော်မရှင်သာဖြစ်သည်။
မဲဆန္ဒရှင်များအနေဖြင့်မဲထည့်မည့်နေ့ နံက်တွင်မိမိတို့ မဲထည့်မည့်ပါတီနှင့်ကိုယ်စားလှယ်လောင်းကိုစိတ်ထည်းကရွေးချယ်ပြီးသားဖြစ်ရာထိုပုဂ္ဂိုလ်နှင့်ထိုပါတီအားမဲပြားစာရွက်ပေါ်၌ဖေါ်ပြထားသည့်ဓါတ်ပုံနှင့်ပါတီတံဆိပ် (photo and logo) တို့ နှင့်သက်ဆိုင်သောလေးဒေါင့်ကွက်များအပေါ်မှန်ကန်စွာကြက်ခြေခတ်ပေးရန်သာ လိုအပ်သည်။ အကယ်၍မိမိမဲပေးလိုသည့်သူသည်ပါတီ၏စာရင်းသေစံနစ် (closed party list system )
အရမဟုတ်ဘဲစာရင်းရှင်စံနစ် (open party list system) အရဖြစ်နေပါကမိမိစိတ်ကြိုက်ဦးစားပေးလိုသည့် ကိုယ်စားလှယ်လောင်းအမည်များ၏ဘေးတွင်မိမိ၏ဦးစားပေးအစဉ်အတိုင်းနံပါတ်စဉ်တပ်ပေးထားခဲ့ရန်လိုလိမ့် မည်။ ထို့ ကြောင့်ခါတိုင်းလိုပင်မဲမထည့်မီညွှန်ကြားချက်စာရွက်ကိုသေသေချာချာဖတ်ရန်နှင့်မရှင်းလင်းပါက တာဝန်ရှိသူများကိုရှင်းလင်းသည်အထိမေးမြန်းရန်သာလိုအပ်သည်။အကယ်၍ကြိုတင်ပြင်ဆင်မှုလုပ်ချင်ပါက လည်းတစ်ရက်လောက်အချိန်ပေးရုံဖြင့်လုံလောက်ပါသည်။

နိုင်ငံရေးပါတီများအနေဖြင့်မူအချိုးကျကိုယ်စားပြုစံနစ်သည်အမတ်နေရာအများအပြားပါသောမဲဆန္ဒနယ်ကြီး များ (large constituencies with multiple seats) စီစဉ်ရသည့်သဘောရှိသဖြင့်၎င်း ၊ မိမိပါတီကရရှိမည့် အမတ်နေရာအရေအတွက်သည်တစ်နိုင်ငံလုံးတွင်မိမိရရှိမည့်မဲရာခိုင်နှူံးအတိုင်းဖြစ်သဖြင့်၎င်း - လုံလောက် သောအမတ်လောင်းဦးရေကိုစာရင်းသေ- စာရင်းရှင် (closed list/open list) မည်သည့်စာရင်းအရမဆို မိမိ ပါတီတွင်းဦးစားပေးစံနစ် (party’s priority list) အားဖြင့်အဆင်သင့်စီစဉ်ပေးထားရန်လိုအပ်သည်။ ဒုတိယ အားဖြင့်ရွေးကောက်ပွဲကော်မရှင်ကသင်ပြထားသောမဲပြား (ballot) သစ်၏ကိုလေ့လာထားရန်ဖြစ်လိမ့်မည်။ ကျန်အခြားပြင်ဆင်မှုများကားမည်သည့်စံနစ်အရလုပ်သည့်ရွေးကောက်ပွဲဖြစ်စေမိမိတို့ ပြင်ဆင်နေကျအတိုင်း အတွက် ပုံမှန်ကိစ္စများဆောင်ရွက်ရန်သာလိုအပ်မည်။
ရွေးကောက်ပွဲကော်မရှင်အနေဖြင့်ကားပထမဆုံးအကြိမ်ဖြစ်၍အလုပ်ရှူပ်ပေလိမ့်မည်။ စံနစ်သစ်အရ ဖြစ်မည့်မဲပြား (Ballot format) ကိုသုတေသနပြုတီထွင်ခြင်း၊ အလွန်အချိန်ကုန်သောတိုင်းပြည်၏ ပထဝီဝင်နှင့်လူဦးရေသွင်ပြင်နှင့် အုပ်ချုပ်ရေးနယ်နိမိတ်များ (Geography, demography and administrative boundaries) သုံးချက်စလုံးထပ်တူကျမည့်အပြင်အရွယ်အစားပိုကြီးမားသောမဲ ဆန္ဒနယ် မြေသစ်များသတ်မှတ်ခြင်း (apportionment) ၊ တဖန်တည်ဆဲပါတီတစ်ခုအား အချိုးကျခွဲဝေပေးရမည့် စာရင်းသို့ ထည်းသွင်းနိုင်ခွင့်ရစေမည့်အနိမ့်ဆုံးရမဲလိုအပ်ချက်ရာခိုင်နှုံး (Threshold level) သတ်မှတ် ခြင်းများကိုအချိန်မဆိုင်းဘဲချက်ချင်းစလုပ်ကိုင်ဘို့ လိုလိမ့်မည်။ သို့ တိုင်အောင် ဆယ့်ငါးလဟူသောအချိန် အတိုင်းအတာသည်ကောင်းစွာအသုံးချနိုင်လျှင်လုံလောက်ပါသည်။
မြန်မာနိုင်ငံ၏လာမည့်နှစ်အထွေထွေရွေးကောက်ပွဲ တွင် PR စံနစ်ကိုလက်တွေ့ မည်သို့ အောင်မြင်စွာအကောင် အထည်ဖေါ်နိုင်မည်ဟူသောအချက်သည်ဤ ဆောင်းပါး၏အဓိကရည်ရွယ်ရင်းဖြစ်သော်လည်းဆောင်းပါးတစ် ပုဒ်ထည်း-တထိုင်တည်းဖြင့်ထိထိရောက်ရောက်အပြီးအပိုင်တင်ပြနိုင်လိမ့်မည်မဟုတ်ပါ။ အထူးသဖြင့် အခရာ ကျသောရွေးကောက်ပွဲကော်မရှင်ကဆောင်ရွက်ရပေးရမည့်လုပ်ငန်းကိစ္စအဝဝ (procedures, technicalities) ကိုနိုင်ငံတကာ၏အတွေ့  အကြုံ များဖြင့်နောက်ဆောင်းပါးများတွင်ပို၍အသေးစိတ်ကာဆက်လက်တင်ပြပေးပါ ဦးမည်။
ယခု PR ကိုကန့် ကွက်သူများ၏စတုထ္ထနောက်ဆုံးပိတ်နှင့်အရေးကြီးသောထောက်ပြချက်ကိုဆွေးနွေးပါမည်။ ၄င်းမှာ PR သည် နိုင်ငံရေး-ဘာသာရေးအစွန်းရောက်လူနည်းစုများကိုလွှတ်တော် သို့ လမ်းဖွင့်ပေးလိမ့်မည်။ ပထမကမ္ဘာစစ်အပြီး ဂျာမဏီတွင်တည်ထောင်ခဲ့သောဝိုင်းမားသမတနိုင်ငံ (Weimar Republic) တွင်ဟစ်တ လာ၏နေရှင်နယ်ဆိုရှယ်လစ်ပါတီ (နာဇီပါတီ)သည်တရားဝင်နိုင်ငံရေးစည်းဝိုင်းထည်း ရောက်လာပြီးလူထု နှင့်ထိတွေ့ ခွင့်ရကာနောက်ဆုံးဂျာမဏီတွင်ဟစ်တလာအာဏာရသွားခြင်းကိုထောက်ပြကြသည်။

ဤသည်မှာဆွဲဆောင်မှုရှိသောဥပမာပေးဖြစ်ပါသည်။ သို့ သော်ပထမကမ္ဘာစစ်ရှူံးဂျာမဏီ၏လူထုခံစားချက်ကို မဖေါ်ပြဘဲလစ်ဘရယ်ဒီမိုကရေစီဝိုင်းမားသမတနိုင်ငံကိုသာအပြစ်တင်သောလိုရာဆွဲဥပမာသည်ဟစ်တလာနှင့် ဂျာမဏီသမိုင်းကိုအပေါ်ယံမျှလေ့လာဘူးသူများကိုသာယုံကြည်စေနိုင်လိမ့်မည်။ ထိုအချိန်ကဂျာမဏီအပါအဝင် အနောက်ဥရောပတခွင်တွင်အစွန်းရောက်သမားများသည်နိုင်ငံရေးလူနည်းစုများလုံးဝမဟုတ်ပါ။ စင်စစ်လူများစု ကြီးတွေဖြစ်သည်။ လက်ယာအစွန်းရောက်များသည်အမျိုးသားရေးဝါဒီများဖြစ် ကြ၍လက်ဝဲအစွန်းရောက်များ မှာကွန်မြူ နစ်များဖြစ်ကြသည်။ သူတို့ အချင်းချင်းလည်းအပြန်အလှန်တိုက်နေ ကြသည်။ ဥရောပတွင်ဤ အင်အားစုနှစ်ခု အကြားအကြီးဆုံးတိုက်ပွဲမှာစပိန်ပြည်တွင်းစစ် (၁၉၃၇) ဖြစ်သည်။ ဟစ်တလာသည်ရွေး ကောက်ပွဲနည်းဖြင့်အာဏာရလာသောလူထုထောက်ခံမှုအပြည့်ရှိအာဏာရှင် (populist dictator) ဖြစ်သည်။ ဤအချက်ကိုသိသူတိုင်းထိုအချိန်ကဂျာမဏီတွင်ဘယ်ရွေးကောက်ပွဲစံနစ်ကိုသုံးသုံးဘာမျှခြားနားခြင်းမဖြစ်နိုင်တာကိုသိပါလိမ့်မည်။
ယခုမြန်မာ့နိုင်ငံရေးလက်တွေ့ နှင့်ယှဉ်၍သုံးသပ်ပါမည်။ မြန်မာပြည်တွင်နိုင်ငံရေးဘာသာရေးအစွန်းရောက်များ
ရှိသလား။ အတိအကျမပြောနိုင်သော်လည်းရှိသည်ဟုယုံကြည်ပါသည်။ သို့ ဆိုလျှင်သူတို့ ကို PR စံနစ်အရ လွှတ်တော်နိုင်ငံရေးလမ်းကြောင်းဖွင့်ပေးလိုက်လျှင်ဘာဖြစ်လာနိုင်သလဲ။ မဖွင့်ပေးဘဲထားလျှင်ကောဘာဖြစ် နိုင်သလဲ။ လက်တွေ့ ဥပမာတစ်ခုကိုဆွဲထုတ်ကြည့်ပါမည်။ ပြည်ခိုင်ဖြိုးပါတီတွင်ဘူးသီးတောင်၊ မောင်တော မှဦးရွှေမောင်အစရှိသောဘင်္ဂလီအမတ်သုံးဦးသုံးဦးရှိနေသည်။ သူတို့ ကိုလွှတ်တော်ထည်းမှာဆက်ထားပြီး သူတို့ လူမျိုးတွေအကျိုးအတွက်လုပ်ကိုင်နေတာတွေကိုသီးခံနေမလား။ သို့ မဟုတ်လူတစ်ချို့ တောင်းဆိုနေ သလိုလွှတ်တော်ထည်းကမောင်းထုတ်လိုက်သင့်သလား။ တရားဝင်နိုင်ငံရေးနယ်ထည်းကမောင်းထုတ်ခံရလျှင် ဒီလူတွေဘာဆက်လုပ်မလဲ။ ဒီလူတွေကငြိမ်ခံနေကြမလား - ကျနော်တော့မထင်ပါ။

လက်တွေ့ နိုင်ငံရေးသည်ဓါး-နှင့်-ဆားလဲတမ်းမကြာခဏကစားရသည်။ (Real politics is often an art of tradeoffs.) အစွန်းရောက်အယူအဆရှိနေသူများကိုလူနည်းစုဖြစ်ဖြစ်၊ လူများစုဖြစ်ဖြစ်ပါတီထောင်ခွင့်ပြုပေးခြင်း သူတို့ ရသည့်မဲအချိုးကျအတိုင်းလွှတ်တော်နိုင်ငံရေးလမ်းကြောင်းထည်းသို့ သိမ်းသွင်းယူခြင်း (enfranchised) တို့ သည်သူတို့ ကိုအစွန်းရောက်ဆိုကာတရားဝင်နိုင်ငံရေးနယ်ပြင်ပတွင်ပစ်ပယ်ထားခြင်း (disenfranchised) ထက်ပို၍အန္တရယ်နည်းနိုင်သည်ဟုယူကျနော်ဆသည်။ လွှတ်တော်ထည်းမှာထားလျှင်သူတို့ သည်မြင်နိုင်သော မကောင်းဆိုးဝါးတွေ (The devils we know) ဖြစ်နေမည်။ တရားဝင်နိုင်ငံရေးလောကမှမောင်းထုတ်ကာအ မှောင်ထည်းသို့ ပို့ လိုက်လျှင်သူတို့ သည်မမြင်နိုင်တော့သောမကောင်းဆိုးဝါးတွေ (The devils we don’t know) ဖြစ်လာကာပို၍ကိုင်တွယ်ရခက်လိမ့်မည်။ အရပ်စကားဖြင်ပြောရလျှင်ရိုင်းနေသူကိုအများစုဖြစ်သော လူယဉ်ကျေးတွေနှင့်ရောနှောထားပေးလျှင်ယဉ်ကျေးလာနိုင်သည့်ဖြစ်တန်ရာအခြေ (Probability) ရှိသေး သည်။
ရိုင်းစိုင်းသည်ဟုသတ်မှတ်ကာရွာပြင်ထုတ်ထားလျှင်အတားအဆီးမဲ့ရိုင်းစိုင်းခက်ထန်လာကာလူ့ အဖွဲ့ အစည်းကိုအဆုံးစွန်ထိခိုက်အောင်လုပ်လိမ့်မည်ဖြစ်သည်။ ဝိုင်းပါယ်နိုင်ငံရေး (Politics of exclusion) နှင့်၎င်းနိုင်ငံရေး မျိုးကိုသာဖန်တီးသည့်ရွေးကောက်ပွဲမျိုးစံနစ်ကိုအလိုမရှိအပ်ပါ။ လတ်တလောကိုယ့်အကျိုးစီးပွားကိုကြည့်၍ ကြီးကြီး - ငယ်ငယ်နိုင်ငံရေးအင်အားစုတိုင်းအချိုးကျကိုယ်စားပြုခွင့်ပေးရေးကိုဆန့် ကျင်နေလျှင်ပါးစပ်က ဘာ ပြောနေနေလက်တွေ့ တွင်နိုင်ငံရေးကိုလက်ဝါးကြီးအုပ်လိုသူ - ဒီမိုကရေစီကိုဆန့် ကျင်သူဖြစ်သည်။ လူထု၏ အဆုံးအဖြတ်ပေးခွင့်ကိုလည်းကြိုတင်၍ပိတ်ပင်တားဆီးနေသူဖြစ်သည်။

လစ်ဘရယ်ဒီမိုကရေစီတွင်နိုင်ငံရေးအင်အားစုတိုင်း ကြီးငယ်မဟူ တရားဝင်ရပ်တည်ရှင်သန်ခွင့်ပေးသည်၊နေရာ ချထားပေးသည်။ (Liberal democracy offers everyone a room to exist.)။ ဤသို့ ဆောင်ရွက်ရာ၌တရား မျှတမှုအရှိဆုံးနေရာချထားနည်းမှာပါတီတိုင်း၊နိုင်ငံရေးသမားတိုင်းကိုသူရရှိသောမဲအရေအတွက်ရာခိုင်နှူံးနှင့် အညီနေရာပေးသော PR ရွေးကောက်ပွဲစံနစ်သာဖြစ်သည်။
(PR စံနစ်အသေးစိတ်ကိုဒုတိယဆောင်းပါးတွင်ဆက်၍တင်ပြပါမည်)


.. www.MyanmarExpress.net
 

2 comments:

ဆောင်းပါးရှင်နှင့်  Myanmar Express အားကျေးဇူးတင်ပါ၏။
စာဖတ်ကြပါ စာဖတ်ကြပါ တိုင်းပြည်အတွက်အသိပညာ ။

ပီအာရ် စံနစ်က ဖက်ဒရယ်စစ်စစ်သို့ ရှေးရှုနေသည်ဟုတွေးထင်မိပါသည် ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်