Subscribe to our RSS Feed

မှန်းချက်နဲ့ နှမ်းထွက် မကိုက်တဲ့ NLD

From : ..VoJM


“နိုင်ငံရေးသမားဆိုတာ ရှေ့ ဘာဖြစ်လာမယ် ဆိုတာကို မှန်းဆနိုင်ရမယ်” ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် ပြောခဲ့တယ်.....

အထူးသဖြင့် ပြိုင်ဘက်တွေရဲ့ ခြေလှမ်းကို တွက်ဆနိုင်ဖို့ လိုအပ်သလို ကိုယ့်ရဲ့ လုပ်နိုင်တဲ့ အင်နဲ့အားကို အမှန်အတိုင်း မြင်နိုင်ဖို့လည်း လိုတယ်....


NLD အနေနဲ့ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းပြီး လုပ်ခဲ့တဲ့ ၄၃၆ ပြင်ဖို့ ကောက်ခံမှု...... လက်မှတ် ထင်သလောက် သိပ်မရတော့ ပါတီစည်းရုံးရေးပါလို့ ဦးဝင်းထိန်နဲ့ ဦးဥာဏ်ဝင်းတို့ ထုပ်ပြောခဲ့တယ်.......

တကယ် လက်မှတ်တွေ ရ ချိန်မှာ ၅ သန်းကျော်လို့ ဆိုလာတယ်..... မြန်မာပြည်ရဲ့ လူဦးရေ သန်း ၆၀ ဆိုရင် ဆယ်ရာခိုင်နှုန်းဖြစ်တဲ့ ၆ သန်းမပြည့်တဲ့အပေါ် ဘယ်လို ဆက် စခန်းသွားမလဲ......

၄၃၆ ကို ပြင်ဖို့ ထောက်ခံသူတွေတောင် လက်မှတ် မထိုးတဲ့ အခြေအနေကို လေ့လာသုံးသပ်ဖို့တော့ လိုမယ်....... လောလောဆယ် လေကြီး မိုးကြီးခဲ့တာတွေ ပိတ်မိနေပီ......

အခုနောက်ထပ် တွေ့ရတာကတော့ ရွေးကောက်ပွဲ ကော်မရှင်ကို ဖိအားပေးတဲ့ ကြေငြာချက် ထုတ်ထားတာ တွေ့ရတယ်...... ကောင်းတော့ ကောင်းပေမယ့် အကြောင်းပြချက်နဲ့ ပယ်ချခံရဦးမှာပဲ...... ဘာကြောင့်လည်းဆိုတော့ လမ်းလွဲနေလို့......

ပါတီတစ်ခုက လွှတ်တော်ပြင်ပကနေ ဖိအားပေးတိုင်းသာ ရွေးကောက်ပွဲကော်မရှင်က လိုက်ပြီးပြောင်းရမယ်ဆိုတာ ဖြစ်သင့် / မဖြစ်သင့် စဉ်းစားဖို့တော့ လိုမယ်.......

လွှတ်တော်ထဲကနေ ဖိအားပေး အဆိုပြုတာက တကယ့် သမိုင်းမှတ်တမ်းပဲ...... ကြေငြာချက်တွေ တစ်စောင်ပြီး တစ်စောင် ထုတ်နေတာက နောက်ဆုံး ဘာတွေ ရခဲ့လဲ လွန်ခဲ့တဲ့ အနှစ် ၂၀ ကို ပြန်ကြည့်ဖို့ လိုမယ်.....

ဘန်ကီမွန်းလို စိုးရိမ်တယ် တစ်လုံးထဲကို ရေလဲသုံးနေလို့တော့ မဖြစ်ဘူး....... လွှတ်တော်တွင်း နိုင်ငံရေးကို ကောင်းကောင်း အသုံးချတတ်ဖို့ NLD မှာ ဦးသိန်းညွန့်တို့ ဦးရဲထွန်းတို့လို အရည်အချင်းရှိ လွှတ်တော်အမတ်တွေ နည်းနေလို့များ လွှတ်တော်ပြင်ပက တောင်းဆိုတာ၊ ဖိအားပေးနေတာလား၊ ဒါမှမဟုတ် အကျင့်ပါနေလို့လား စဉ်းစားမိတယ်......

အခုလည်း တရားဥပဒေ စိုးမိုးမှု ကော်မတီ ဥက္ကဌ ဦးဆောင်တဲ့ အတိုက်အခံ ပါတီကြီးက လွှတ်တော်ပြင်ပက လုပ်ရပ်တွေ၊ တောင်းဆိုတာတွေ၊ ဖိအားပေးတာတွေကို တစ်စိုက်မတ်မတ် လုပ်လာတဲ့အခါ ဟိုဘက်ခြမ်းက ဥပဒေနဲ့အညီ ပြန်ကန့်သတ်လာရင် ဆိုတာလေး တွေးမိတဲ့အခါ.....

တစ်ချိန်က လက်ပံတောင်းမှာ လက်ညှိုးငေါက်ငေါက် အထိုးခံရတုန်းက ဒေါ်စု ပြောခဲ့တဲ့ စကားလေးတစ်ခွန်းကို ပြန်ပြောင်း သတိရမိတယ်...... “ ကော်မတီရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ရင် ကျွန်မအိမ်ရှေ့မှာ ဥပဒေနဲ့အညီ ဆန္ဒလာပြလို့ရတယ်...... ဥပဒေနဲ့မညီရင်တော့ အရေးယူခံရမှာပေါ့ ” ဆိုတဲ့စကားလေး နားထဲမှာ ပြန်ကြားယောင်မိတယ်.......


.. www.MyanmarExpress.net
 

4 comments:

This is Far Suu Kyi Kalar country.
How Far Suu Kyi cut already or not?
All please see
https://sg.news.yahoo.com/jihadists-iraq-order-women-undergo-genital-mutilation-002205974.html

ဒေါ်စု ဘာလုပ်လုပ် အကုန်ကောင်းတယ်ဆိုပြီးဒီတိုင်းပြည်မှာဖြစ်နေတာ နောက်ပြီးသူကသာတစ်တစ်ခွခွဝေဖန်လိုပြီးသူ့ကိုဝေဖန်တာပြင်းထန်သွားရင် ဂမူးရှုးထိုးတုံ့ပြန်တာတွေဟာ မရင့်ကျက်ရာကျတာဘဲ လက်ပံတောင်းမှာ ၊ တပ်ကုန်းမှာ ၊ ပြည်ပမှာ
တွေ့ကြုံပြောဆိုခဲ့တာတွေဟာ သူ့အမှားသူဖွင့်ထုတ်နေသလိုဘဲ ၊ အခုလဲ အပိုင်ဆိုပြီး ၄၃၆ လက်မှတ်နဲ့ ကိုင်ဖို့ကြိုးစားတယ် လူထုကထင်သလိုပါမလာတော့ စောက်ရှက်ကွဲတာပေါ့ ကြံ့ဖွံ့တွေက ထိုင်ပြုါံ်းနေလေရဲ့ ဒေါ်စု (၆၈)နှစ်ရှိပြီ အလကားနီးပါးရထားတဲ့ဆုတွေနဲ့ ဘယ်ကထောက်ပံ့ထားမှန်းမသိတဲ့ ငွေတွေနဲ့ထိုင်သုံးနေတာကလွဲပြီး အမှန်အတိုင်းအားမနာတမ်းပြောရရင် တိုင်းပြည်ကိုဘာမှဖြစ်ဖြစ်မြောက်မြောက်လုပ်မပေးနိုင်တဲ့ ဆန်ကုန်မြေလေးအဖေ့အရိပ်ခိုစား စောက်ပေါမကြီးပဲ

တိုင်းပြည်အုပ်ချုပ်ချင်သူဟာ ဘာလုပ်ရင် ဘာဖြစ်နိုင်တယ်ဆိုတဲ့မှန်ကန်စွာဆင်ခြင်သုံးသပ်နိုင်စွမ်းေ
လးတော့ရှိရတယ်ဟ ၊ ၄၃၆ ကမ်ပိန်းကလဲ ကိုယ့်ထောင်ချောက်ကိုယ်ဆင်သလိုဖြစ်ပြီ ၊ကဲဘာလုပ်မလဲ ထုံးစံအတိုင်း အာဏာပိုင်တွေကို အပြစ်ဖို့ပေါ့ NLDကမြန်မာပြည်မှာနေမြန်မာ့ဆန်ကိုစား ကိုယ်အာဏာရဖို့တာဝန်တစ်ခုပဲရှိပုံရတယ် ၊လူထုခေါင်းဆောင်ဆိုတဲ့အမည်ကျတော့ မှိန်းပြီးယူတယ်
လူထုကိုကျတော့ဘာတစ်ခုမှဖြစ်ဖြစ်မြောက်မြောက်ဦးမဆောင်နိုင်ဘူး
စိတ်ပျက်စရာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်