Subscribe to our RSS Feed

မြန်မာကိုယ်စားပြု အဖြစ်မှ ရပ်စဲခံရတဲ့ အပေါ် အလှမယ် ဂျူးစံသာရဲ့ စာနယ်ဇင်း ရှင်းလင်းပွဲ

From : .. popular


မလှနုထွန်း၏ သတင်း ထုတ်ပြန် ချက်နဲ့ ပတ်သက်ပြီး ဂျူးစံသာက ဇူလိုင် ၂၆ ရက်နေ့၊ ညနေ ၄နာရီက Park Royal ဟိုတယ်မှာ စာနယ် ဇင်းရှင်းလင်းပွဲ ပြု လုပ်ခဲ့ ပါတယ်။ အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး ဂျူးစံသာ က “ဆရာမ လှနုထွန်းက သမီးကို Crown သိမ်းတာက အချက် ၃ချက် နဲ့ သိမ်းတယ် လို့ ပြောခဲ့ပါတယ်။ ဆရာမ နဲ့ ဆရာနဲ့ မမမြတ်နိုး အတွက် ကိုရီးယားကို သွားတဲ့အချိန်မှာ တစ်လ နီးပါး သင်ကြားပေးခဲ့တဲ့ ဖိလစ်ပိုင်က သမီးတို့ ထရိန်နင် ကိုသာ ဦးစားပေး ပြီး လေ့ကျင့်ဖို့ပြောခဲ့ တယ် ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ သမီး တခြား Organization နဲ့ မဆက်သွယ်ဖို့ ဆိုတာ မပြောခဲ့ပါဘူး။ အကူအညီ တောင်းခြင်း၊ ဖုန်းလက်ခံ ပြောဆို ခြင်း မပြုလုပ်ဖို့ မှာ ကြားခဲ့တယ်ဆို တာ မဟုတ်ပါဘူး။ ပွဲလည်း တအား ကပ်နေပြီး ဖြစ်တဲ့အတွက် သိတဲ့တတ် တဲ့သူတွေ ဆီမှာ အကူအညီတောင်းပါ လို့ ပြောပါတယ်။ သမီး ဘယ်လိုမှ အကူ အညီတောင်းလို့မရတဲ့အဆုံး ဆရာမ တို့နဲ့ လည်း မိသားစု လိုဖြစ်နေတဲ့ ဆရာ ဟန်ဇော်လတ်တို့၊ ဆရာဝေယံ အောင် တို့ကို သတိရခဲ့ပါတယ်။ ဆရာ တို့က သမီးကို ဂျူးစံသာ တစ်ယောက် အနေနဲ့ မမြင်ဘဲနဲ့ Miss Globe Myanmar တစ်ယောက်၊ မြန်မာ နိုင်ငံရဲ့ Crown ဆောင်းထားတဲ့ မြန်မာ့ ဂုဏ်ဆောင်  တစ်ယောက် အနေ နဲ့ ကူညီပေးပါမယ် ဆိုပြီး ကူညီ ပေးပါတယ်။ သမီးက Organization နှစ်ခု အချင်းချင်း ကြားမှာ ခလောက် စံတာ၊ သွေးထိုး စကားတွေလည်း မပြောခဲ့ပါဘူး။ ပြိုကွဲအောင် လည်း မလုပ်ခဲ့ပါဘူး။ သမီးက တီချယ်လှနုထွန်း Crown ဆောင်းပေးထားတဲ့ Miss Myanmar တစ်ယောက်ပါ။ ဒါပေမဲ့ သမီးကို မလို အပ်တော့ပါဘူး။ ကိုဟန်ဇော် လတ် တို့၊ ကိုဝေယံအောင် တို့က ပိုအရေးကြီး ပါတယ်တဲ့။ သမီး ဘာဆက်လုပ်ရမှန်း မသိတော့ ပါဘူး။  သမီးက  ဆရာသမားကို တအား ချစ်ပါတယ်။ လေးလည်းလေး စားပါတယ်။ အခုလိုပြောတော့ သမီး ရင်ထဲမှာ တအား ပူလောင်ပြီး ၃ ရက်လောက် အိပ်ရာထဲ လဲခဲ့ပါတယ်။ စိတ်ထဲမှာ တအား ဝမ်းနည်းစွာနဲ့ တီချယ့်ကို စာလေး တစ်စောင် ပို့ခဲ့မိ ပါတယ်။ တီချယ် သမီးကို ပြောရက် တယ်။ သမီးကို ဘာမှ မလုပ်ပေးဘဲနဲ့ လုပ်ရက်လိုက်တာလို့ ပြောမိခဲ့ပါ တယ်။ အဲဒီ အတွက်လည်း တီချယ် လှနု ရှေ့မှာရော၊ ဆရာ ဟန်ဇော်လတ် ရှေ့မှာရော အနူးအညွတ် တောင်းပန်ခဲ့ပါတယ်။ သမီး မပို့ခဲ့သင့်ပါဘူး။ မှားသွားပါတယ် လို့ တောင်းပန်ခဲ့ပါ တယ်။ နောက် တစ်ချက် က စာချုပ် ချုပ်ဖို့ အတွက် သူ့ Organization ကို မလာဘဲ တခြား Organization ကို သွားတယ် လို့ ပြောပါတယ်။ သမီးက Miss Golden Land Myanmar Organization မှာ Volunteer အနေနဲ့ သွားလုပ်ပေးတာပါ။ တီချယ် ဆီက ခွင့်ပြုချက် ယူပြီးမှ သွားလုပ် ပေးတာပါ။ သမီး လက်ထဲ စာချုပ် ရောက်တာ ၂၄ နာရီ မပြည့်သေးပါ ဘူး။ အိမ်မှာ သမီးအဖေက တကယ် နေမကောင်းပါဘူး။ အိပ်ရာထဲ လဲ နေပါတယ်။ အမေက အဖေ့ကိုဆေး ခန်း ပြပေးနေပါတယ်။ သမီးတို့ အိမ် မှာ အားလုံး အဖေ့ အတွက် စိတ်ပူ ပန်နေ ကြရပါတယ်။ သမီး ရှင်းပြခဲ့ပါ တယ်။ သမီး အသက် ၁၇နှစ်ပဲ ရှိပါ သေးတယ်။ ၁၈နှစ် မပြည့်သေးတဲ့ အချိန်မှာ ကိုယ်တိုင် ဆုံးဖြတ်ခွင့် မရှိ သေးပါဘူး။ သမီးကိုယ်တိုင် စာချုပ်ကိစ္စ မပြောပါဘူး။ သမီးအမေ နဲ့ သမီး အစ်မနဲ့က စာချုပ် ကိစ္စ ဆက် လက် ဆွေးနွေးပါမယ် လို့ ပြောပါ တယ်။ ဒါပေမဲ့ အခုလို ဖေ့စ်ဘုတ်ပေါ် ကြေညာ လိုက်တယ်။ တအားလည်း ဝမ်းနည်းတယ်။ ပြိုင်ပွဲက ရက်လည်း တအား ကပ်နေပြီး။ အားလုံးလည်း ပြင်ဆင်ပြီးနေမှ အခုလို လုပ်တာ သမီး ဘာဆက်လုပ် ရမှန်းမသိတော့ ပါဘူး”လို့ ပြောပါတယ်။  Miss Golden Land Myanmar Organization က ကိုဟန်ဇော်လတ် က နှစ်ဦးနှစ်ဖက် ညှိနှိုင်း ဖြေ ရှင်းသင့် ကြောင်းလည်း ပြောကြား ခဲ့ပါတယ်။

.. www.MyanmarExpress.net
 

4 comments:

ကိုယ်ဟာကိုယ်လုပ်ချင်ရာလုပ် ပြီးရင် စာချုပ်နဲ့မတရားချုပ်ထိမ်း မလိုက်နာလို့ဆိုပြီး ကြေငြာချက်တွေထုတ် တကယ်တော့ ဒါတွေက လူ့အခွင်အရေးကို သိသိသာသာရော မသိမသာရောချိုးဖေါက် နေတာကို ပစ်ဆံမရရင်ဘာမှမလုပ်တဲ့ ၄တိုင်ကကောင်တွေဘာမှမပြောတော့ဘူး ဆူလွယ်နှပ်လွယ် ရာသီစာတွေဘဲလိုက်နေတာ ကဲအခုတော့ဘာပြောကြမလဲ

ဒီလောကအကြောင်း အလုပ်အကြောင်း ဘာတစ်ခုမှနားမလည်ဘဲ
ငါ့စကားနွားရတွေ လျှောက်ပြောမနေနဲ့

သုညဘဝနဲ့ ဒီလောကထဲ ဝင်လာတဲ့သူတွေက
အေဂျင်စီတွေက အစစအရာရာ လေ့ကျင့်ပျိုးထောင် စိုက်ထုတ်အကုန်ခံပေးထား
အောင်မြင်မှုရလာမှ ခြေစုံကန် ကျေးဇူးကန်းချင်လို့တော့ ဘယ်ရမလဲ

သုညဘဝ အစပြုကတည်းက ၂ ဦးသဘောတူချက်တွေ ရှိထားခဲ့ကြတာလေ

အေဂျင်စီရဲ့နစ်နာမှုတွေကိုလည်း စဉ်းစားကြည့်အုံးပေါ့

ငါ့ သမီးလေး ဘာ မှ မသိ လို့  မရှိ လို့ ဆို ပြီး
အောင် မြင် လာ မှ ခြေစုံ ကန် အနိုင် ပိုင်းသူ သူတော် ကောင်း မ များရေ

ကိုယ့်ဘ၀ ကိုယ့်အကြောင်း ဆိုတာ ကိုယ်တိုင် က အသိ ဆုံး ပါ

သူများသာ လိမ် လို့ ရမယ် ကိုယ့် ကို ကိုယ် လိမ် လို့  ရသလား

လက် က ဘုရားဘုရား နဲ့  အလုပ်က ငရဲသွား ဖို့ လုပ်နေပြီးတော့
ကိုယ့်လိပ်ပြာမှ ကိုယ် မရှက်
အရှက်မရှိ အနုပညာ ဆက် လုပ်နေသေးတယ်

လိမ်ညာနည်းပေါင်းစုံနဲ့  လိမ်လည် လှည့် ဖျားနည်း စာအုပ် ထုတ် ရောင်း ပါ လား

ကိုယ်ခြေလှမ်း ကိုယ် ဘယ် ကို လှမ်း လဲ
ကိုယ်တိုင် အသိ ဆုံး ဘဲ ဘယ်သူုကို မှ ရှင်း ပြနေစရာမလို ဘူး

နင် တို့  ကို မလှနုထွန်း မို့  လို့  ဒီလောက် ဘဲ လုပ် တာ
ငါ ဆို အကုန် ပေါ်အောင် ဖော်ပြီး အရှက် ခွဲပြစ် မှာ

National Director Organization ဖွဲ့ ပြီး
ဒီလို အောင် မြင် လာ မှ ခြေစုံ ကန် အနိုင် ပိုင်း ကျေးဇူးကန်းတဲ့ Miss များကို Block လုပ် သင့် ပါတယ်
အဲ့ တော့မှ အရှက် ရှိ လာ ကြမှာ

စောက်ဆင့်မ၇ှိတဲ့ ဖါသာသာကောင်မတွေကို
ငွေစိုက်ထုတ်ပေး အခွင့်အေ၇းတွေပေးပီး
၇က်၇ှည်လများ ပြုစုပျိုးထောင်ပေးလာ၇ာကနေ
အောင်မြင်လာတဲ့တစ်နေ့ကျ၇င်
ဒီလိုပဲကျေးစွပ်တာ
သေ၇ပေါ်အိပ် သေ၇နားစားတာ
ခြေစုံကန်သွားတာမျိုးက
ငါတို့ဗမာပြေ၇ဲ့ထုံးစံဘဲ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်