Subscribe to our RSS Feed

၁၂တန်းပညာရေးစနစ်တို့ပါဝင်သော အမျိုးသားပညာရေးဥပဒေကို အမျိုးသားလွှတ်တော်မှ အတည်ပြုပြီး ပြည်သူ့လွှတ်တော်သို့ ပြန်လည်ပေးပို့

From : .. DT

ရန်ကုန်၊ ဇူလိုင် ၁၈- တက္ကသိုလ်များ ကို လွတ်လပ်စွာရွေးချယ်ခွင့်ရှိသော စနစ် ၁၂တန်းပညာရေးစနစ်တို့ပါဝင် သည့် အမျိုးသားပညာရေးဥပဒေကို အမျိုးသားလွှတ်တော်မှ အတည်ပြု ပြီး ပြည်သူ့လွှတ်တော်သို့ပြန် လည် ပေးပို့လိုက်ပြီဖြစ်ကြောင်း သိရသည်။

''ဆရာ့အနေနဲ့ ဒီလိုပြဋ္ဌာန်းထား တာတွေကိုထောက်ခံတယ်။ နိုင်ငံတ ကာမှာလုပ်နေတဲ့ပုံစံပဲလေ။ ၁ဝတန်း အမှတ်နဲ့လုပ်တာ ထက်စာရင် ဒီလို ရွေးချယ်ရတာ ပိုကောင်းပါတယ်။ ဒါ ပေမဲ့ သတ်မှတ်ချက်လေးတွေတော့ ရှိမယ်ထင်တယ်။ ဥပမာ-ဆေးကျောင်း တက်ချင်တဲ့သူဆိုရင် ဇီဝဗေဒအမှတ် ဘယ်လောက်ရှိရမယ်၊ အမှတ်ပေါင်း က ဘယ်လောက် ဆိုတာမျိုးတွေတော့ ရှိမယ်ထင်တယ်။ လူ ၅၀ဝလောက် လက်ခံနိုင်ရင် ၁၀၀ဝလောက်လျှောက် လို့ရအောင် လုပ်လိုက်တာလို့ ထင် တယ်။ ဆရာတို့လဲ ဒီအခြေအနေထိ ရောက်အောင် ကြိုးစားလာခဲ့ရတာပဲ'' ဟု လွှတ်တော်ဥပဒေကြမ်းရေး ဆွဲရေး ကော်မတီအဖွဲ့ဝင် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်သင်း က ပြောသည်။

အမျိုးသားပညာရေးဥပဒေကို ဇူလိုင် ၁၅ရက်တွင်ကျင်းပသော အ မျိုးသားလွှတ်တော် အစည်းအဝေး တွင် လွှတ်တော်၏ အဆုံးအဖြတ်ရယူ ကာ အတည်ပြုခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၁ရရက်တွင် ကျင်းပသော ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် အမျိုး သားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပေးပို့လာသည်ကို လက်ခံရရှိခြင်းနှင့် ပြင်ဆင်လိုသည့် လွှတ်တော်ကိုယ်စား လှယ်အမည်စာရင်းကို ၂၃ရက်ထက် နောက်မကျဘဲ စာရင်းပေးရန် ကြေ ညာခဲ့သည်။

''ဆရာတို့အနေနဲ့ ဒီပညာရေး ဥပဒေကို ဘက်ညီတဲ့ဥပဒေမျိုးဖြစ်စေ ချင်တယ်။ အခုဟာက ဥပဒေမှာပြဋ္ဌာန်း ထားတာတွေက အုပ်ချုပ်သူတွေကို ကိုယ်စားပြုပြီး ပြဋ္ဌာန်းထားတဲ့ပုံစံမျိုး ဖြစ်နေတယ်။ ဒါကြောင့် ကျောင်း သားတွေရဲ့ မကျေမနပ်ဖြစ်မှုကိုခံရ လိမ့်မယ်။ ဆူပူလှုပ်ရှားမှုတွေဖြစ်ဖို့ တွန်းအားပေးနေတဲ့ ပညာရေးဥပဒေ မျိုးဖြစ်လိမ့်မယ်လို့ယူဆတယ်။ ကျောင်း သား၊ ဆရာ၊ အစိုးရဆိုပြီး ဘက်ညီနေ ရမှာ သူတို့အတွက်ပဲ ဖြစ်နေတယ်''ဟု ဆရာအသင်းချုပ်မှ ဒေါက်တာ အာကာမိုးသူက ပြောသည်။

အမျိုးသားပညာရေးဥပဒေကို အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက် ၇၁ခုဖြင့် အတည်ပြုပြီး ပြည်သူ့ လွှတ် တော်သို့ ပြန်လည်ပေး ပို့ခဲ့သည့်အ တွက် ပြင်ဆင်ထားသည့်အချက်များ မှာ များပြားနေသည့်အတွက် ပြည် ထောင်စု လွှတ်တော်တွင် အတည်ပြု နိုင်မှသာ ပြည်သူကို ချပြနိုင်သည့် ဥပဒေကြမ်းဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

''ဥပဒေကြမ်းကို အတည်ပြု ထုတ်ပြန်ခဲ့ရင်တောင်မှ ချက်ချင်းအ ကောင် အထည်ဖော်လို့ မရသေးဘူး။ သူ့နောက်မှာ တက္ကသိုလ်၊ အခြေခံ၊ သက်မွေး စတဲ့ဥပဒေတွေ ကျန်နေ သေးတယ်။ ဒါကြောင့် အနည်းဆုံး နောက်ထပ် အချိန်သုံးနှစ်လောက် ကြာမှ အကောင်အထည်စဖော်နိုင် လိမ့်မယ်''ဟု ဒေါက်တာမောင်သင်း က ပြောသည်။

ပြည်သူ့လွှတ်တော်က အတည် ပြုပြဋ္ဌာန်းခဲ့သော အမျိုးသားပညာရေး ကောင်စီ အစား ကော်မရှင်ဟုပြင်ဆင် ထားပြီး ကောင်စီဥက္ကဋ္ဌနေရာကို ဒုတိယသမ္မတတစ်ဦး ကို တာဝန်ပေး ရမည်ဆိုသည့်အချက်ကို ပယ်ဖျက် ကာ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တစ် ဦးက ဆောင်ရွက်ရန်ဟု အမျိုးသား လွှတ်တော်က ပြန်လည်ပြင်ခဲ့သည်။

.. www.MyanmarExpress.net
 

1 comments:

1-LAWS TO CHANGE EDUCATION SYSTEM IS SO
IMPORTANT THEREFORE PLEASE DO NOT MESS
AND INTERFERE THE PROPOSED LAW IF PEOPLE REALLY NOT UNDERSTAND.
2-LET'S MAKE THE LAW WITH FULL ADVICE FROM
FROM WELL EDUCATED PEOPLE AND FULLY
MAKE COMPLETE RESEARCH HOW THE OTHER
COUNTRIES ARE DOING.
3-PLEASE LOOK AT THE PROBLEM OF EDUCATION
SYSTEM IN LAST 65 YEARS.
4-WHY HAPPEN LIKE THAT?
5-WHY MYANMAR EDUCATION SYSTEM FELL
BEHIND THE OTHER NATIONS?
6-ACTUALLY MYANMAR NAING GAN TAW AND
EDUCATION SYSTEM SHOULD BE WELL AHEAD
OF ASIAN COUNTRIES AND ONE OF THE BEST
IN THE WHOLE WORLD.
7-THE SHORT ANSWER IS;
LEADERS ARE SHORT SIGHTED.
MANY UN EDUCATED PERSONS ARE WELL AWARE ABOUT THE MYANMAR UNDER THE
BRITISH GOVERNMENT AND THEY ARE FIGHTING
FOR FREEDOM OF MYANMAR FROM BRITISH
COLONIAL RULE AND BRITISH EMPIRE.
BUT MANY NON NATIONALIST EDUCATED PERSONS ARE WORKING IN GOVERNMENT OFFICES AND SERVING THE BRITISH.
8-BRITISH INTENTIONALLY MADE TWO TYPE OF
EDUCATION SYSTEMS.
9-THERE ARE ONLY TWO BEST HIGH SCHOOL
IN MYANMAR;THAT IS
ST PAUL HIGH SCHOOL AND
METHODIST HIGH SCHOOL.
10-ALL GOVERNMENT SCHOOL SYSTEM ARE
SUBSTANDARD.
11-ONLY 12% TO 14% OF STUDENTS PASS THE
MATRICULATION EXAMINATION FROM GOVERNMENT SCHOOL.
12-MORE THAN 90% OF STUDENTS FROM ST PAUL HIGH SCHOOL AND METHODIST HIGH SCHOOL
AND NEARLY THEY ALL MAINTAIN TOP LIST OF
THE YEARLY EXAMINATION RESULTS AND ALSO
THE STUDENTS COMPLETED THE 1ST AND 2ND YEAR COURSES OF UNIVERSITY OF RANGOON
BEFORE HAND.
13-MYANMAR GOT THE INDEPENDENCE IN THE
YEAR 1948.
14-ALL NATIONALIST FREEDOM FIGHTERS GOT
THE SOME KINDS OF JOBS IN GOVERNMENT OFFICES AFTER THE INDEPENDENCE BUT MOSTLY THEY ALL ARE LACK OF ENGLISH.
THAT IS THE MAIN REASON MYANMAR DEMOCRATIC GOVERNMENT CHANGED ALL
OFFICIAL MATTERS FROM ENGLISH TO MYANMAR.
15-ON THOSE DAYS ENGLISH WAS TEACHING
AS A ONE SUBJECT ONLY AND THE ALL OTHER
SUBJECTS ARE IN MYANMAR.
16-NEARLY EVERYBODY KNEW WHY EDUCATION
SYSTEM LEFT BEHIND FROM 1948 TO PRESENT
DAY.
17-OF COURSE NEED TO REFORM EDUCATION
SYSTEM TO CATCH UP THE OTHER COUNTRIES.
18-PLEASE CONTRIBUTE TO MAKE NEW GOOD
EDUCATION LAWS.
19-PLEASE DO NOT INTERFERE OR PROTEST
THE PROPOSED LAW BUT SUPPORT WITH
FEED BACK INFORMATION AND SUGGESTION.
20-AT PRESENT NEED TO RECOGNIZE OPENLY ALL SCHOOLS,TEACHERS,PARENTS AND
STUDENTS ARE MISLEADING TO WRONG
DIRECTION AND HOPING NEW LAW WILL SAVE
OUR EDUCATION.

FOR THE COUNTRY AND FOR THE PEOPLE

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်