Subscribe to our RSS Feed

သုံးလအတွင်း ရန်ကုန်တွင်အထပ်မြင့် အဆောက်အအုံ ၃၀၀ ကျော်ခွင့်ပြု



ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်တွင် မကြာမည်တည်ဆောက်တော့မည့် အဆင့်မြင့်ကွန်ဒို 68 RESIDENCE(ဓာတ်ပုံ − နစ်ကီ) 


ရန်ကုန်တွင်အထပ်မြင့် အဆောက်အအုံတည်ဆောက် ရန် သုံးလအတွင်းအဆောက် အအုံ ၃၀၀ ကျော်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ သတင်း ရရှိသည်။ 

ပြီးခဲ့သည့်နှစ် ဧပြီလမှ ဇွန် လအထိ သုံးလတာကာလအတွင်းအထပ်မြင့်အဆောက်အအုံ ၂၄၀ ကျော်ခွင့်ပြုပေးခဲ့သောကြောင့် ယ ခင်နှစ်နှင့်နှိုင်းယှဉ်ပါက အလုံးရေ ၁၀၀ ကျော်ပိုမိုခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။ 

ထို့ကြောင့် ယခုနှစ်ကုန်တွင် ခွင့်ပြုမည့် အလုံးရေသည် ပြီးခဲ့သည့်နှစ်ကထက် ပိုမိုများပြားလာ နိုင်ကြောင်း အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ တာဝန်ရှိ သူတစ်ဦးက ခန့်မှန်းပြောကြား သည်။ 

ထူးခြားချက်အနေဖြင့် ယခု နှစ်တွင် ရန်ကုန်မြို့၌အထပ်မြင့် အဆောက်အအုံများထဲမှ အထပ်၂၀ နှင့်အထက် အဆောက်အအုံ ၂၄ လုံး၊ အထပ် ၃၀ နှင့်အထက် အဆောက်အအုံသုံးလုံးကို တစ် ပါတည်းခွင့်ပြုထားပြီဖြစ်ကြောင်း အင်ဂျင်နီယာနှင့်အဆောက်အအုံ ဌာန၏စာရင်းများမှသိရသည်။ 

ပြီးခဲ့သည့်နှစ်များကထက် တည်ဆောက်ခွင့်ရရှိသည့် အလုံးရေ ပိုမိုများပြားလာခြင်းမှာ ဆောက် လုပ်ခွင့်လျှောက်ထားရာ တွင်ပြသရသည့် စာရွက်စာတမ်း အချို့ပြသရန်လျှော့ချခြင်း၊ အချို့ကိစ္စရပ်များကို ဖြေလျှော့ပေး ခြင်းများပြုလုပ်ခဲ့သောကြောင့် အဆောက်အအုံတည်ဆောက် ခွင့် အလုံးရေအရေအတွက် ပိုမိုများပြားလာခြင်း ဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ် ဦးကပြောသည်။ 

နောက်ပိုင်းတွင် စည်ပင် ဆောက်လုပ်ခွင့်ပါမစ်များ မြန် ဆန်စွာချထားပေးနေ သော်လည်း လူနေထိုင်ရန် ဓာတ်လှေကား၊ ကားပါကင်လုံလောက်မှုရှိ၊ မရှိကြပ်မတ်စွာစစ်ဆေးနေပြီး ပြည့်စုံမှုမရှိပါက လူနေထိုင်ခွင့်ပါမစ် ချထားပေးခြင်းမရှိကြောင်း အထက်ပါ ဆောက်လုပ်ရေးလုပ်ငန်း ရှင်ကပြောသည်။ 

၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် အထပ်မြင့်အဆောက်အအုံ ၆၂၅ လုံး၊ လုံးချင်းအဆောက်အအုံ ၂၄၀၀ ကျော်၊ ခြံစည်းရိုးခတ်ခြင်း ၁၃၀၀ ကျော် ခွင့်ပြုပေးခဲ့ပြီးဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၏ စာရင်း များမှသိရသည်။ 

ရန်ကုန်မြို့၏ မြို့ပြမြေ အ သုံးချမှုအစီအမံအရ တစ်မြို့လုံးဧရိယာ၏ ကန့်သတ်နေရာများမှ လွဲ၍ ကျန် ၇၀ ရာခိုင်နှုန်းတွင် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်နိုင်ပြီဖြစ်ကြောင်း မြို့ပြပညာရှင်များက ပြောကြားထား သည်။


- 7 Days

2 comments:

WELCOME GOOD NEWS

NEED FULL INSPECTION TO ALL STEEL WORK
AND CEMENT WORKS BECAUSE MANY CONTRACTORS AND CHEATING ARE USING
SUBSTANDARD MILD STEEL ROODS AND VERY
POOR QUALITY CEMENT.
MANY PEOPLE KNEW THE PROBLEMS.
NEED BETTER QUALITY AND SAFE BUILDINGS.

1-NEARLY 100% CONSTRUCTION GROUPS
AND COMPANIES AND THE CONTRACTORS
ARE NOT FULFILL THE LEGAL OBLIGATIONS
AS PER MUTUAL AGREEMENTS.
2-THEY ALL WILL SIGN ANY KIND OF
AGREEMENT BECAUSE THEY WANT THE JOB
BUT THEY ALL ARE START CHEATING,TELLING
LIES,TWISTING,DOING ALL KIND OF TRICKS,
AND START IGNORING TO FULFILL THE LEGAL
OBLIGATIONS AFTER THEY GET THE JOB.
3-THIS IS THE REAL TRUE STORIES HAPPENING
AND MANY PEOPLE KNEW IT BUT THEY ALL ARE
FREE FROM DEPARTMENTAL AND LEGAL ACTIONS
BECAUSE THEY USE THE MONEY AS A WEAPON.
4-THEY NEVER AFRAID TO FACE ANY LEGAL
ACTIONS BECAUSE THEY KNEW HOW TO WIN
THE CASE IN ALL COURTS AND NEARLY ALL
LAWYERS ARE WORKING FOR MONEY AND DO
NOT CARE FAIR OR UNFAIR.
5-CONTRACTORS USING VERY POOR MILD
STEEL ROD AND THE SIZE OF MILD STEEL ROD
ARE MOSTLY SMALLER THAN ACTUAL SIZE.
CONTRACTORS USING VERY POOR QUALITY
CEMENT AND SOME CEMENT SELLING IN TODAY
MARKET ARE SUB STANDARD AND SIMILARLY
READY MIXED CEMENT SUPPLYING COMPANIES
ARE ALSO PRODUCING POOR QUALITY AS PER CONTRACTORS REQUEST.
6-THIS IS THE REASON NEARLY ALL BUILDINGS
LEAKING WATER THROUGH THE CEMENT SLABS,ROOF TOPS AND WALLS.
7-THERE ARE TOO MANY THINGS TO WRITE ABOUT THE CONTRACTORS,CONSTRUCTION COMPANIES,MATERIAL PRODUCTIONS,
MERCHANTS,LABORS,OUT OF CONTROL,LEGAL
MATTERS AND NO PROPER INSPECTIONS ETC...
8-VERY URGENTLY NEED TO ORGANIZE THIS
INDUSTRY, THE CONNECTED GROUPS AND
LAW ENFORCEMENT.
9-EVERYBODY KNEW THE DETAIL PROBLEMS
BUT WHY LET IT HAPPEN?

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်