Subscribe to our RSS Feed

ELEVEN MEDIA မှ နိုင်ငံတော်သမ္မတကြီး၊ စာနယ်ဇင်းကောင်စီ၊ ပြည်တွင်းရှိ မီဒီယာသမားများနှင့် The Voice ဂျာနယ်တို့အား ပစ်မှတ်ထားကာ အပုပ်ချတိုက်ခိုက်


မေီဒီယာလောကတွင် မီဒီယာသမားချင်းလည်းမတဲ့ ၊ ဌာနဆိုင်ရာနဲ့လဲအဆင်မပြေ ၊ သွားဆက်ဆံမိသူ မည်သူနှင့်မဆို အဆင်မပြေမှုများလွန်းသဖြင့် ဆူးလှည်းကြီးဟုသတင်းကြီးသော ELEVEN MEDIA မှ စာနယ်ဇင်းကောင်စီ၊ ပြည်တွင်းရှိ မီဒီယာသမားများနှင့်The Voice ဂျာနယ်တို့အား ပစ်မှတ်ထားကာ အပုပ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Eleven Media Group ၏ website တွင် ဆောင်းပါးရှင် နထွန်းနိုင် ရေးသားသော လွဲတာကတော့လွဲနေပြီ ဆောင်းပါးတွင် နိုင်ငံတော်သမ္မတကြီး အပါအ၀င် ပြည်တွင်းပြည်ပရှိ
ငြိမ်းချမ်းရေး  ဆောင်ရွက်နေသောသူများ၊ မီဒီယာသမားများနှင့် The Voice ဂျာနယ်မှတာဝန်ရှိသူများနှင့် ၀န်ထမ်းများအား ပြင်းထန်စွာ အပုပ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆောင်းပါးတွင် နိုင်ငံတော်သမ္မတကြီးအား ငြိမ်းချမ်းရေးကို မလိုလားသောသူ သတင်းမီဒီယာသမားများအား ဖိနှိပ်နေသူ အစရှိသဖြင့် ပုံဖော်ကာ အပုပ်ချတိုက်ခိုက်ခဲ့ပြီး The Voice ဂျာနယ်နှင့် စာနယ်ဇင်းကောင်စီတို့မှ ပြည်တွင်းရှိ အချို့သောမီဒီယာသမားများမှာ ကျင့်ဝတ်နှင့်မညီသော သတင်းသမားများ ရှိနေသည်ဟု ပြောဆိုခဲ့မှုအပေါ်လည်း ၄င်းတို့အား တိုက်ရိုက်ပြောသကဲ့သို့ အထိနာကာ စာနယ်ဇင်းကောင်စီနှင့် The Voice မှ ဦးကျော်မင်းဆွေတို့အား သုံးစားမရသော သူများအဖြစ် အများပြည်သူများ အမြင်တွင် ရုပ်လုံးဖော်ကာ ဝေဖန်ရေးသားခဲ့သည်ကို တွေ့၇မည်ဖြစ်သည်။

ကောင်းပြီ ထိုကဲ့သို့ ဝေဖန်နေသော Eleven Media သည် မည်သို့သော မီဒီယာမျိုးနည်း။စာနယ်ဇင်းကျင့်ဝတ်နဲ့ညီမျှပြီး အင်မတန်မှ သမာသမတ်ရှိသော ဘက်မလိုက်သော မီ
ဒီယာလား။ အဖြေမှာ No ဖြစ်သည်။ သာဓက တစ်ခုအနေဖြင့် ပြောပြရမည်ဆိုလျှင်Eleven Media Group မှ CEO ဖြစ်သူ သန်းထွဋ်အောင်သည် အစိုးရမှ ကားတင်သွင်းခွင့် မူဝါဒများအား ဖြေလျှော့လိုက်ပြီးနောက် ရန်ကုန်မြို့တွင် Car show room များအကြီးအကျယ်ဖွင့်သည်။ သို့၇ာတွင် သက်ဆိုင်ရာ ၀န်ကြီးဌာနမှ ကားတင်သွင်းခွင့် အပေါ် ကြီးကြပ်မှုများရှိလာပြီး လုပ်ငန်းအရှုံးပေါ်လာသောအခါ ၄င်းပိုင်ဆိုင်သော Eleven Media မှနေ၍ သက်ဆိုင်ရာ ၀န်ကြီးဌာနအား ကောင်းစွာ အပုပ်ချတိုက်ခိုက်တော့သည်။

ဤကား သာဓကတစ်ခုအနေဖြင့် ဖြစ်သည်။ အလားတူကိစ္စရပ်တွေလည်း များစွာရှိသေးသည်။ 
ထိုသို့သော သတင်းဌာနက သူခိုးက လူပြန်ဟစ်နေသည်မှာ ရှက်စရာပင်ကောင်းသေးတော့သည်။

ဒါတင်လားဆိုတော့ မပြီးသေး။  ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပါတ်သက်သော ကိစ္စရပ်များတွင်လည်း ခလောက်ဆန်ကာ မတည်မငြိမ်ဖြစ်အောင် ဂျပိုးကို လိပ်ဖြစ်အောင် ရေးသားခဲ့သည်များလည်းရှိသေးသည်။ ထိုသို့သော Media တစ်ခုအနေဖြင့် နိုင်ငံတော်သမ္မတကြီးအပါအ၀င် အစိုးရအဖွဲ့လူကြီးများ၊ ပြည်တွင်းရှိ ဂုဏ်သရေရှိ သတင်းနှင့် စာနယ်ဇင်းသမားများအပေါ် အပုပ်ချဝေဖန်ခဲ့မှုအား တာဝန်ရှိသူများအနေဖြင့် လွှတ်မထားသင့်တော့ပဲ ထိထိရောက်ရောက် ကြပ်မတ်ဖို့လိုအပ်လာပြီဖြစ်ကာ မည်သည့် အထောက်အထား တစ်စုံတရာမရှိပဲ နိုင်ငံတော်အကြီးအကဲများအား အကြည်ညို ပျက်စေလိုသော ရည်ရွယ်ချက်ဖြင့် တမင် စွပ်စွဲဖေါ်ပြခဲ့သော ELEVEN MEDIA အား အသရေဖျက်မှုဖြင့် တာဝန်ရှိသူများက အလျင်အမြန် အရေးယူဆောင်ရွက်သင့်ပါကြောင်း ။ အသိပေးတင်ပြလိုက်ရပါသည်။
 

အထက်ပါသတင်းကတော့ 2013 ခုနှစ် January လတုန်းက ELEVEN မီဒီယာရဲ့ ကချင်ဒေသမှာဖြစ်ပေါ်နေတဲ့ တိုက်ပွဲနဲ့ပတ်သက်တဲ့သတင်းပါ ၊ KIA က တံတားချိုး ၊ လူနေရပ်ကွက်ထဲမိုင်းခွဲ ၊ ရထားလမ်းမိုင်းထောင် သတင်းတွေရေးရင်တော့ ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်တို့ ၊ ဒီသတင်းနဲ့ပတ်သက်ပြီး KIA ကိုအတည်ပြုမေးမြန်းသော်လည်း ယခုထိဆက်သွယ်လို့မရသေးတို့ ၊ မြန်မာအစိုးရကစွပ်စွဲထားပါတယ်တို့ ဆိုတဲ့အသုံးအနှုံးတွေရေးသားခဲ့ပြီး မြန်မာ့တပ်မတော်မှ နယ်မြေရှင်းလင်းတဲ့အခါကျတော့

" ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၁၄) ရက် နံနက် (၈း၁၅) မိနစ် အချိန်တွင် ဒေါ့ဖုန်းယန် တပ်မတော် စခန်းမှ ၁၀၅ မမ လက်နက်ဖြင့် လိုင်ဇာမြို့ပေါ် လူနေရပ်ကွက်များသို့ (၄) ချက်ပစ်ခဲ့ပြီး (၃) လုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။ " ဆိုပါလား ....

တပ်မတော်ရဲ့ ဘယ်စခန်းက ၊ လိုင်ဇာရဲ့ ဘယ်နေရာကို ၊ ဘာလက်နက်အမျိုးအစားနဲ့ ၊ ဘယ်အချိန် ၊ ဘယ်နှစ်ချက်ပစ် ၊ ဘယ်နှစ်လုံးကွဲ .....စသည်ဖြင့် ပြည်သူများ အထင်မှား အမြင်မှားဖြစ်စေအောင် လုပ်ကြံရေးသားခဲ့သည်ကိုလည်း တွေ့ရမည်ဖြစ်သည်။

သို့သော် KIA မှ လူစီးရထားကိုမိုင်းခွဲတဲ့သတင်းကျတော့ ဟိုလိုလို ဒီလိုလိုနဲ့ ဘယ်သူခွဲတယ်ဆိုတာမပါဘဲ ရေးသားထားပြီး ဆန့်ကျင်ဖက် လက်နက်ကိုင်အဖွဲ့အစည်းများဘက်မှလိုက်ကာ ၀ါဒဖြန့်ရေးသားခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။


ထိုအပြင် ELEVEN MEDIA ၏ အင်တာနက်စာမျက်နှာများအား RED ARMY TEAM ဟု အမည်ပေးထားသော အင်တာနက် ဟက်ကာများက တိုက်ခိုက်သွားသဖြင့် ၄င်းတို့၏ အင်တာနက်စာမျက်နှာများ ၀င်ရောက်ဖတ်ရှု၍ မရတော့သည့်အခါ မည်သူမည်ဝါက တိုက်ခိုက်သည်ကို မသိရှိရသော်လည်း နိုင်ငံ့ဝန်ထမ်းများအား အသရေပျက်စေလိုသောရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများက တိုက်ခိုက်ထားသယောင် အများ ပြည်သူမှအထင်မှားစေရန် တမင်ရည်ရွယ်၍ အောက်ပါအတိုင်း စွပ်စွဲရေးသားခဲ့သည်ကိုလည်း တွေ့ရမည်ဖြစ်သည်.။



 နောက်တစ်ခုကအစိုးရရဲ့ကားတင်သွင်းခွင့်မူဝါဒနဲ့ပတ်သက်ပြီးထိပ်ဆုံးကနေ ပြင်းပြင်းထန်ထန်ဝေဖန်နေတဲ့ မီဒီယာကိုပြပါဆိုရင် ပွကြီး Eleven မီဒီယာကိုပြရမှာပါဘဲ ၊ အစိုးရက ၂၀၀၇ မော်ဒယ်အထက်ကားတွေကို ကားဝယ်ဘို့လုံလောက်တဲ့ နိုင်ငံခြားငွေအကောင့်တစ်ခုရှိတာနဲ့ တင်သွင်းခွင့်ပြုလိုက်တာကို ပြည်သူအများ စုကကြိုဆိုကြပေမယ့် Eleven မီဒီယာကတော့ ကားတွေကျပ်လာမယ် ၊ ထိခိုက်သူတွေရှိတယ် ၊ အစိုးရဟာ ၈ လအတွင်းမူဝါဒ ၆ ခါပြောင်းနေတယ် အစရှိသဖြင့် အစိုးရကိုတိုက်ခိုက်ဝေဖန်ပြီး သူကတော့ ပြည်သူတွေနစ်နာမှာစိုးသလိုလို ကားတွေကျပ်လာပြီး လမ်းတွေပိတ်လာမှာပဲစိုး သလိုလို ပြည်သူ့ဘက်က ပဲရပ်တည်နေတဲ့စေတနာနဲ့ ပြည်သူအများ ထင်ယောင်ထင်မှားဖြစ်အောင် ရေးသားခဲ့မှုပါ။






ပထမဦးဆုံးသိထားရမှာက အမှတ် ၈၂ မြန်မာ့ဂုဏ်ရည်လမ်း သာကေတ မှာရှိတဲ့ Paing Paing Auto ကား Showroom ဟာ Eleven က CEO သန်းထွဋ်အောင်ရဲ့ မိန်းမ ဒေါ်ယဉ်မွန်ဦး ပိုင်ပါတယ် တန်ဘိုးကြီးကားပေါင်းစုံကို ဒီ Showroom မှာရနိုင်ပါတယ် ၊ပါမစ်ပေါင်းစုံကိုလည်း ၀ယ်ပါတယ် ၊ ဒီနေရာမှာကြုံတုန်း သန်းထွဋ်အောင်ရဲ့မိန်းမ ဒေါ်ယဉ်မွန်ဦး အကြောင်းကို ပြောချင်ပါတယ် သူဟာ တိုက်ပွဲမှာကျဆုံးသွားတဲ့ ဗိုလ်မှူးဟောင်းတစ်ဦးရဲ့သမီးဖြစ်ပါတယ် ၊ မြို့မကျောင်းထွက်ဖြစ်ပြီး အရင်က ဗိုလ်ချုပ်ဈေးမှာ ဆိုင်ဖွင့်ထားပါတယ် ။ ၁၀ တန်းအောင်ပြီးကာလမှာပဲ မြန်မာပြည်က နာမည်ကျော် သရုပ်ဆောင်ဒါရိုက်တာကြီး တစ်ဦးရဲ့ သား ( ယခုအမေရိကားတွင်နေထိုင်သူ) နဲ့ လူငယ်သဘာဝ ချစ်ကြိုက်နေရာကနေ သန်းထွဋ်အောင်က ယောက္ခမကို ငွေလမ်းခင်းပြီး ရုပ်ရှင်ထဲကလို ဗီလိန်ဆန်ဆန် ရယူထားတာဖြစ်ပါတယ် ။

ဒီလိုပြောနေတာဟာ ကာယကံရှင်တွေကိုပုဂ္ဂိုလ်ရေး ထိခိုက်စေလိုတဲ့ အတွက်ကြောင့်မဟုတ်ပါဘူး ခုစာရေးသူဟာ သန်းထွဋ်အောင်အကြောင်း အူမချေးခါးကအစ သိနေတဲ့သူဆိုတာကို စာဖတ်သူများသိစေချင်တာပါ ။ထပ်ပြီးတိတိကျကျပြောရရင် သူမဟာ ဗေဒင်ယတြာတွေကို ယုံကြည်သူဖြစ်ပြီး ၁၉၇၄ အောက်တိုဘာ ၂ ၇က်နေ့ဖွား ဖြစ်တယ် ဆိုတာတွေပါ သိပါတယ် ။

အစိုးရက ကားတွေစသွင်းခွင့်ပြုလိုက်တဲ့ ပထမအသုတ်မှာပဲ သန်းထွဋ်အောင် မိန်းမရဲ့ ကားတွေပါလာပါတယ် ။ ဒီမှာတင်ပြဿနာကစတော့တာပါဘဲ ၊ သူတို့သွင်းလာတဲ့အထဲမှာ ပါမစ်သတ်မှတ်ချက်နဲ့မကိုက်တဲ့ကားတွေပါလာတယ် ပထမသူတို့က ကာစတန်ကိုညှိတယ် ၊ မအောင်မြင်တော့ ဒီအောက်ကသတင်းကို Eleven မှာရေးချလိုက်ပါတယ် ။



ဒီသတင်းမှာ Highlight လုပ်ပြီး ရေးထားတာက .....



ဒီစာသားကိုကြည့်လိုက်တာနဲ့ သန်းထွဋ်အောင်ဟာ မိန်းမပြောတာတွေ တပည့်တွေပြောတာတွေကို အကြောင်းပြုပြီး သူတို့အကျိုးစီးပွားအတွက် မီဒီယာကိုအသုံးချနေတယ်ဆိုတာ ထင်ရှားနေပါတယ် ၊ ဒီနောက် သူတိုတွေဟာ Custom က တားဆီးထားတဲ့ကားတွေအတွက် Custom ကို အဆက်မပြတ်လိုက်ပါတယ် ၊ တာဝန်ရှိသူတွေ က Customs ဥပဒေအရဆိုပါရင် သိမ်းဆည်းခြင်းထက် ကားအများစုမှာ ဒဏ်တပ်ရိုက်ခြင်းသာ အမြင့်ဆုံး ခံရနိုင်ကြောင်း ပြောတာကို ကားသိမ်းမခံရပဲ ဒဏ်ကြေးနဲ့တင်သူ့ကားတွေထုတ်လို့ရအောင်နဲ့ Custom တာဝန်ရှိသူတွေလည်း ကို ချီပြီးတုတ်ပြီးဖြစ်အောင် ဒီအောက်ကသတင်း ကို ၂၀၁၁ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ထပ်ထည့်လိုက်ပြန်ပါတယ် ။

Eleven က CEO သန်းထွဋ်အောင်ဟာသူ့ကိုယ်ကျိုးအတွက် မီဒီယာကိုသုံးပြီး လုပ်ခဲ့တဲ့အတွက် အကောက်အခွန်ဌာန တာဝန်ရှိသူတွေဟာ အတော်အလုပ်ရှုပ်ခဲ့ခေါင်းရှုပ်ခဲ့ရပြီး အစိုးရသတင်းစာတွေ အကောက်ခွန်ဌာနပိုင် ၀က်ဘ်ဆိုဒ်တွေကနေ ရှင်းရလင်းရအထိဖြစ်ခဲ့ရပါတယ် ။

ဒီလို အစိုးရနဲ့ ဌာနဆိုင်ရာ တွေကိုအမျိုးမျိုးဖိအားပေးပြီးရလာတဲ့ကားတွေရော နောက်ထပ်ရောက် လာလတံ္တ့သော ကားတွေရော ဟာ အစိုးရရဲ့ ပါမစ်မလိုပဲ ကားသွင်းခွင့်ပြုခဲ့တဲ့မူဝါဒကြောင့် ဈေးတွေထိုးကျ ၀ယ်မယ့်သူမရှိဖြစ်သွားခဲ့ရတဲ့အပြင် ၊ ပြည်ပကနေအချိန်လုပြီးပြန်လာလုပ်တဲ့ သင်္ဘောသားတွေဆီကနှိမ် ၀ယ်ထားတဲ့ ပါမစ်တွေ အခြားနိုင်ငံခြားဝင်ငွေရှိသူတွေ ထံကအောက်ကြေးနဲ့ဝယ်ထားတဲ့ ပါမစ်တွေဟာ အစိုးရရဲ့အခုမူဝါဒကြောင့် တစ်ပြားမှမတန်ဘူးဖြစ်သွားခဲ့တယ် ဒီလိုမိအေး ၂ခါ၃ခါနာဖြစ်သွားတဲ့ သန်းထွဋ်အောင်ဟာ အစိုးရရဲ့ ဒီမူဝါဒကို အတိုက်အခံလုပ်ဘို့ကြိုးစားတဲ့အနေနဲ့ လမ်းတွေမကောင်းသေးဘူး ၊ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်မယ် ၊ ကားသွင်းခွင့်ပြုသော်လဲ ပြည်သူများ အကျိုးမခံစားရသေး ဘတ်စ်ကားစုတ်များဖြင့်သာသွားနေရ ၊ အစရှိတဲ့ သတင်းတွေကို ဆက်တိုက်ရေးပြီး အစိုးရကိုဝေဖန်နေတာဖြစ်တယ် ။

ဒီခေတ်မှာမီဒီယာအများစုဟာ ကိုယ့်ထမင်းကိုယ်အနိုင်နိုင်စားပြီး ပြည်သူ့အကျိုးဆောင်ရွက်နေကြတာ များပါတယ် သတင်းထောက်လေးတွေဆိုရင် တော်တော့်ကို အပင်ပန်းဆင်းရဲခံပြီး သတင်းတွေရယူနေတာ တွေ့နေရပါတယ် ၊ ဒါပေမယ့် ကျိကျိတက်ချမ်းသာပြီး ပြည်သူ့အကျိုးပဲလုပ်နေ သလိုလိုနဲ့ ကိုယ်ကျိုးလုပ်နေတဲ့ သန်းထွဋ်အောင်လို လူမျိုးက သူတော်ကောင်းယောင်ဆောင်ပြီး မြန်မာ့ မီဒီယာလောကထဲမှာပါနေတော့ မီဒီယာနာတယ် ။ မြန်မာ့မီဒီယာ တစ်လှေလုံး မပုတ်ချင်ရင် ငခုံးမ သန်းထွဋ်အောင်ကို မြန်မြန် ဖယ်ထုတ် ပစ်ရမည်ဟု တိုက်တွန်းရင်း မီဒီယာ လောက ကောင်းစေချင်သော စေတနာဖြင့် ရေးသားလိုက်ရပါသည်။



2 comments:

Eleven Media writes favorably on muslims, armed insurgents like KIA, and SSA, and Su Kyi and NLD








သောက်​ရူး media ဖင်​ကျယ်​တဲ့ဟာ​တွေဟာမ​တွေ
yuzana tower မှာeleven media ရှိတုန်းက ​စော်
၂ ​ယောက်​ ​ကောင်း​ကောင်းဖုတ်​​ပေးလိုက်​တယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်