Subscribe to our RSS Feed

ဆီအိုးကြီးဘယ်မှာလည်း


ကျွန်တော်မြိတ် ကိုရောက်တော့ လေယာဉ်ကွင်းမှာ မိုးတွေရွာနေသည်။ သွားသည့်ကိစ္စက သတ္တုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သွားခြင်းဖြစ်ပါသည်။ သတ္တုကဏ္ဍနှင့် ပတ်သတ်၍ သီးခြားဆောင်းပါးရေးသားဖော်ပြပါဦးမည်။ မြိတ်သင်္ဘောဆိပ်ကိုရောက်တော့ ကမ်းနားလမ်းမှာ ခန့်ညားထည်ဝါသော ဆိုင်းဘုတ်ကြီးတစ်ခု တွေ့သည်။

““တနင်္သာရီတိုင်းသည် ဆီအိုးကြီးဖြစ်ရမည်”” အားရစရာကြီးပါ၊ တိုင်းအတွင်း လှည့်လည်လေ့လာသောအခါ ဆီအုန်းပင်အများအပြား စိုက်ပျိုးထားကြောင်း တွေ့ရပြီး “နာမည်ကြီး”၊ “နာမည်လတ်”၊ “နာမည်ငယ်” ကုမ္မဏီများ၏ ဆိုင်းဘုတ်များကိုလည်း ထိုဆီအုန်းပင်ခြံများ၏ ရှေ့တွင် စိုက်ထူထားကြောင်းတွေ့ရသည်။ ကျွန်တော်သည် သယံဇာတကော်မတီ အတွင်းရေးမှူးတစ်ယောက်ဖြစ်သောကြောင့် မြေသယံဇာတ မည်ကဲ့သို့အသုံးချထားသည်ကို သိရှိလို၍လည်းကောင်း၊ ကျွန်တော်၏ စိတ်ဝင်တစား လက်ကုန်နိုက်စူးစမ်းတတ်သော သဘာဝကြောင့်သည်လည်းကောင်း၊ ကားရပ်ပြီး ဆီအုန်းခြံများအတွင်း ထဲထဲ ဝင်ဝင် လေ့လာလိုက်သောအခါ “ ဆီအိုးကြီးပျော်ဆုံးနေပြီ” ဖြစ်ကြောင်း တွေ့ရပါတော့သည်။

တရားဝင်ထုတ်ပြန်ထားသော စာရင်းဇယားများအရ တနင်္သာရီတိုင်းတွင် ဆီအုန်းစိုက်ပျိုးခြင်းကို ၁၉၉၉ ခုနှစ်က စတင်ခဲ့ပြီး လျာထားဧက ၅ သိန်း သတ်မှတ်ထားသော်လည်း ၂၀၁၃ အထိ ကုမ္မဏီပေါင်း (၄၁) ခုမှ (၉၉၃၈၆၆) ဧက ရယူထားခဲ့ကြောင်းတွေ့ရသည်။ လျာထားချက်ထက် ၂ ဆခန့် မြေပိုယူပြီး သွင်းကုန်အစားထိုး မြန်မာ့ စားအုန်းဆီ ဖူလုံရေး ထုတ်လုပ်တော့မည့် သဘောပင်။ ကောင်းလေစွ ကောင်းလေစွ။

သို့သော် တိုင်းချုပ်စာရင်းများအရ မြေရယူထားကြသည်မှာ (၁၄) နှစ်ကြာပြီဖြစ်သော်လည်း ဧက ၁၀ သိန်းအနက် ၃ သိန်းသာ စိုက်ပျိုးထားပြီး ထိုစိုက်ပျိုးပြီးပြီဟု ဆိုသော ၃၂၁၈၂၄ ဧက အမှန်စိုက်ပျိုးခဲ့မည် ဆိုပါက အညံ့ဆုံး ဆီထွက်နှုန်း ၁ ဧက ဆီကြမ်း ၂ တန်ဖြင့် တွက်လျှင်ပင် ဆီကြမ်းတန်ချိန် ၆၄၃၆၄၈ တန် ထွက်ရပေလိမ့်မည်။ အမှန်တကယ် မြေနေရာဦးထားသလောက် ဧက (၁၀) သိန်းစိုက်ဖြစ်ခဲ့ပါက အညံ့ဆုံး ဆီကြမ်းထွက်နှုန်း တစ်ဧက ၂ တန်နှုန်းဖြင့် တွက်လျှင် နှစ်စဉ်ဆီကြမ်းတန်ချိန် သိန်း (၂၀) ထွက်ပေမည်၊ အပင်ကို ပြုစုယုယမှုကောင်းလျှင် ၁ ဧက ၄ တန်နှုန်းဖြင့် ဆီကြမ်းတန်ချိန် သိန်း (၄၀) ထွက်ရမည်ဖြစ်သည်။ ယခင်တပ်မတော်အကြီးအကဲများက ထိုသို့ ဖြစ်စေခြင်ခဲ့၍သာ ဤသို့ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ဟန်တူသည်။ လက်တွေ့တော့ ဆီကြမ်းထွက်ရှိမှုမှာ ၃၁-၅-၂၀၁၃ တရားဝင်စာရင်းဇယားအရ ဆီသီးခိုင် တန် (၂၂၄၅၇)သာ ထွက်ရှိကြောင်း တင်ပြထားသည်။

ဒါတောင် အမှန်တကယ် ထွက် မထွက် မသေချာပါ။ အဘယ်ကြောင့်ဆိုသော် မြိတ်ခရိုင် စက်မှုကုန်ကြမ်းခရိုင်ရုံး၏ စာရင်းတွင် မောင်ဝိတ်မိသားစု ကုမ္မဏီသည် လျာထားချက် (၁၀၂၀) ဧက အားလုံးဝစိုက်ပျိုးခြင်ူး မရှိသေးကြောင်း တွေ့ရပြီး တိုင်းချုပ်စာရင်းတွင်မူ - ၁၀၂၀ ဧက အားလုံး စိုက်ပြီးဖြစ်၍ စိုက်ရန်ကျန်မရှိကြောင်း ကွဲလွဲနေသည်။ လက်တွေ့ကွင်းဆင်းကြည့်သောအခါ ဆိုင်းဘုတ်ထောင်ထားခြင်းပင် မတွေ့ခဲ့ရပေ။ 

ထိုကဲ့သို့ လုံးဝမစိုက်ဘဲ မြေဦးထားသော ကုမ္မဏီများမှာ (၁) ထားဝယ်ကုမ္မဏီ ၂၀၀၀၀ ဧက (၂) စိန်ပြည့်လျှံအောင် ကုမ္မဏီ ၁၀၀၀၀ ဧက (၃) တော်ဝင်ရွှေပုလဲ ကုမ္မဏီ ၉၀၀၀ ဧက (၄) မြန်မာနိုင်ကုမ္မဏီ ၇၀၀၀ ဧက (၅) အဲဗားဂရင်း ကုမ္မဏီ ၁၀၀၀ ဧက (၆) မြန်မာ့သြဘာ ကုမ္မဏီ ၁၀၅၀၀ ဧက (၇) တောင်းပိုင်းရွှေရောင်အလင်း ကုမ္မဏီ ၁၂၈၀၀ ဧက တို့ဖြစ်ကြသည်။ ထို့ပြင် အေးရှားဝါးကုမ္မဏီသည် တိုင်းချုပ်စာရင်း၌ ၁၀၂၀ ဧက အားလုံး စိုက်ပြီးဟု ဖော်ပြထားသော်လည်း မြေပြင်တွင် ၄၀၀၀ ဧကသာ စိုက်ပျိုးထားခြင်း Vantage ကုမ္မဏီသည် တိုင်းချုပ်စာရင်း၌ ၁၉၂၀ ဧက အားလုံးစိုက်ပြီးကြောင်း ဖော်ပြထားသော်လည်း ဆီအုန်းတွက်ခြေမကိုက်၍ ၁၉၂၀ ဧကအားလုံး ရာဘာပြောင်းစိုက်တော့မည်ဟု သိရခြင်း၊ ထူးကုမ္မဏီသည် ဧက ၃၀၀၀၀ ယူထားရာ၌ တိုင်းချုပ်စာရင်းတွင် ၂၀၇၅ ဧက စိုက်ပြီးကြောင်း ဖော်ပြထားသေည်လည်း ဆီကြမ်းလုံးဝမထွက်သေးကြောင်း လေ့လာတွေ့ရှိရပါသည်။ မြေနေရာယူထားသော ကုမ္မဏီ (၄၁) ခုအနက် မြိတ်ခရိုင်တွင် ၄ ခုသာ ဆီကြမ်းထွက်ကြောင်း သိရသည်။

ဆီအုန်းခြံများအားလုံးသည် ကော့သောင်း၊ မြိတ်၊ ထားဝယ်၊ ကားလမ်းဘေးတွင်ရှိကြပြီး လမ်းဘေး၍ အပင် (၃) တန်းသာ စိုက်ပျိုးထားကြကာ အတွင်း၌ ချုံနွယ်များ ပေါက်ရောက်နေကြာင်း တွေ့ရသည်။ ဆီအုန်းပင်များမှာလည်း အခက်အလက် ပြုပြင်ခြင်း မရှိလျှင် ဆီသီး မသီးနိုင်ကြောင်း တွေ့ရသည်။ 

တိုင်းနှင့် ခရိုင် စက်မှုကုန်ကြမ်းရုံးများရှိ နံရံများတွက် ချိတ်ဆွဲထားသော ဓါတ်ပုံများ၊ နိုင်ငံပိုင် သတင်းစာများတွင် တခါတခါ မြင်တွေ့ရသော ကြီးထွားသန်မာ ဖြစ်ထွန်းလျက်ရှိသော ဆီအုန်းခြံများ အဖြစ် ဦးပိုက်လိမိတက်မှ တာဝန်ယူစိုက်ပျိုးသော ခြံတစ်ခုကိုသာ တွေ့ရသည်။ ကျန်ကုမ္မဏီများမှာ ပါချီပါချက် အပျော်သဘောမျိုး စိုက်ပျိုးဟန်ဆောင်နေရာ ဦးထားကြသည်။ ထားဝယ်၊ မြိတ်၊ ကော့သောင်း မြေဈေးတွေက အဆမတန်မြင့်တက်လျှက်ရှိလာနေ၍ အထက်ပါ ကုမ္မဏီများအကြိုက်တွေ့နေကြပေသည်။

ထိုပြင် ၎င်းကုမ္မဏီများ ဆီအုန်းအနစ်နာခံစိုက်ပျိုးကြသော်ကြောင့် အခွင့်အရေးပေးသည့်အနေဖြင့် ယခင်တပ်မတော်အစိုးရလက်ထက်က စက်ယန္တရားများ၊ ကားများ၊ စသည့် တန်ဘိုးကြီး ပစ္စည်းများကို အကောက်ခွန်လွတ် တင်သွင်းခွင့် ပြုခဲ့ကြောင်း အမည်မဖော်လိုသော မီဂါစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မိမိကို ပြောပြ၆သည်။ ထိုခေတ်က ဇိမ်ခံကားများ တစ်စီး၏ ပါမစ်အမြတ်မှာ သိန်း ၁၀၀၀ ဆိုပါလျှင် ၁၀ စီး သိန်း ၁၀၀၀၀၊ စိုက်ပျိုးဟန်တောင်ခြင်းမှ ကုန်ကျစရိတ်က လွန်ရောကျွံရော သိန်း ၁၀၀၀ ထားပါ၊ ဆယ်ဆမြတ်လေစွ၊ မြေလဲ အပိုင်ရသေး၊ ကားပါမစ်လည်း မြတ်သေး။ 

ဆီအိုးကြီးကတော့ ဆိုင်းဘုတ်သာ ရှိတော့သည်။ ယခင်တပ်မတော်အကြီးအကဲများ မျှော်မှန်းခဲ့သလို
 ဧက ၁၀ သိန်းမှ ဆီကြမ်း သိန်း (၂၀) ထွက်ခဲ့လျှင် မလေးရှားမှာ ဆီသွင်းရန် မလိုတော့၊ ထွက်နှုန်းကောင်းအောင်ပြုပြင်နိုင်လျှင် ၁ဧက ၅ တန် အထိထွက်ရှိကြောင်း စိုက်ပျိုးရေး ပညာရှင်တစ်ဦးပြောပြ၍ သိရသဖြင့် ဧက ၁၀ သိန်းမှ ဆီကြမ်းတန် သိန်း ၅၀ ထွကရမည်၊
ဤသို့ဆိုလျှင် မလေးရှားသို့ ဆီပြန်သွင်းနိုင်တော့မည်။ တွက်ရေးက ဆီသူဌေး၊ ကွင်းဆင်းကြည့်တော့ ဆီအိုးကြီးပျော်နေပါသည်။ နှစ်စဉ်မြန်မာပြည်သို့ ဝင်နေသော စားအုန်းဆီတန်ချိန်ကိုလေ့လာကြည့်ပါ။

နိုင်ငံခြားရင်းနှီးမြုပ်နှံသူများက မြန်မာပြည်သည်မြေဈေးအကြီးဆုံးဟု ဆိုကြသည်။ ထိုကဲ့သို့ ဘာမှမလုပ်ဘဲ နေရာဦးထားသူများကြောင့်ဟု ပြောရလိမ့်မည်။ ဖြစ်သင့်သည်မှာ မြေနေရာယူထားသည်မှာ (၁၄) နှစ်ကြာပြီဖြစ်လျှင် တကယ်စိုက်မစိုက် ကွင်းဆင်းစစ်၊ မစိုက်လျှင် ဘယ်သူ့မျက်နှာကိုမှ မထောက်ပဲ ပြန်သိမ်း၊ ပြည်တွင်းနှင့် နိုင်ငံခြားမှ တကယ်လုပ်မယ့်သူကို ချ မပေးသင့်ဘူးလား၊ သို့မှသာ မြိတ်ကမ်းနားလမ်းရှိ ဆိုင်းဘုတ်ကြီးမှာ ရယ်ရွှယ်ဖွယ် ဟာသတစ်ပုဒ်အဖြစ်မှ မှန်ကန်သော ဆီအိုးကြီးအဖြစ် ရပ်တည်လာလိမ့်မည်ဟု ထင်မြင်ယူဆမိပါကြောင်း ရေးသားဖော်ပြအပ်ပါသည်။

ဦးလှဆွေ
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

1 comments:

THE OIL PALM TREE PLANTATION AND MYANMAR

1-THANK TO U HLA SHWE,REPRESENTATIVE OF
OF LUTTAW FOR HIS ARTICLE ABOUT THE OIL PALM TREE PLANTATION IN MYANMAR.
2-VERY SURPRISE TO READ THE ARTICLE
REGARDING THE GENERATION CONDITION OF THE OIL PALM TREE PLANTATION
IN TA NIN THAR RI DIVISION,MYANMAR.
3-LOOK LIKE GOVERNMENT MADE VERY GOOD PROJECT BUT BUSINESS MEN /BUSINESS COMPANY DID NOT FULFILL THEIR DUTY IN
PLANTATION OF PRODUCTION OF PALM OIL TREES.
ALTHOUGH GOVERNMENT GIVEN LAND TO
BUSINESS COMPANIES BUT FAIL TO REACH
THE PRODUCTION.
4-AS PER WORLD REPORT MYANMAR PALM OIL
PRODUCTION SHOWN ZERO.
5-AS PER WORLD REPORT MALAYSIA PALM OIL
PRODUCTION IN YEAR 2014 WILL BE 20,350,000 MATRIC TONS=20.35 MILLION MATRIC TON FROM
THE TOTAL PLANTATION AREA OF 4.49 HECTARES
EQUAL 11,099,280 ACRES.
THIS IS THE REASON MALAYSIA PALM OIL
PRODUCT IS 11% OF TOTAL WORLD PRODUCTION.
6-MYANMAR NEED TO REORGANIZE THE
PLANTATION OF THE OIL PALM TREE.
7-PLEASE TAKE NECESSARY ACTIONS.
8-PLEASE MAKE SURE ALL IMPORTED PALM OIL
SHOULD BE FIT TO USE FOR THE HUMAN CONSUMPTION.

9-EATING AND CONSUMING TOO MUCH OIL AND FAT IS TOO RISKY AND DANGEROUS FOR HEALTH.
10-ALL MYANMAR NEED TO CHANGE THE
OUR DAILY LIFE STYLE FOR GOOD HEALTH;
WE ALL BETTER STOP SMOKING.
WE ALL BETTER NO DRINKING OR CONTROL
DRINKING.
11-WE ALL NEED TO BUILD MYANMAR AND THE
PEOPLE.
12-WE ALL MOVE FORWARD,UPWARD AND
QUICK STEPS TO BECOME ONE OF THE BEST
COUNTRIES IN THE WORLD.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်