Subscribe to our RSS Feed

ပရဟိတကို အတွင်းကျကျ မလုပ်ပဲ လူထင်ကြီးအောင် အပေါ်ယံလုပ်သဖြင့် စကားမတည်သည့် အလှမယ် ခင်ဝင့်ဝါ သရဖူ သိမ်းခံရ

From : .. News Watch

Miss Supranational 2013 သရဖူရှင် ခင်ဝင့်ဝါ၏သရဖူ ပြန်လည်ရုပ်သိမ်း ခံလိုက်ကြောင်းသိရသည်။ သို့ဖြစ်၍ Miss Supranational 2014 ဆုရတဲ့သူကို Miss ခင်ဝင့်ဝါအနေနဲ့သရဖူလွှဲပြောင်းပေးအပ်ခွင့်မရှိတော့ပြီဖြစ်သောကြောင့် ခင်ဝင့်ဝါအား စင်တင်ပေးခဲ့သော Miss Golden Land Myanmar Organization မှ Founder and CEO ကိုဝေယံအောင်ကို တွေ့ဆုံမေးမြန်းခဲ့သည်။

“ခင်ဝင့်ဝါကို ကျွန်တော်တို့ Miss Golden Land Myanmar Organization ကနေပြီးတော့ ဒီနှစ်ဆုရတဲ့ Miss ကို သရဖူလွှဲပြောင်းပေးအပ်ခွင့် မပြုတော့ ပါဘူး။ Miss တစ်ယောက်က တခြား Miss တစ်ယောက်ကို သရဖူလွှဲပေး တယ်ဆိုတာ သူ့အနေနဲ့ ထမ်းဆောင်ရမယ့် တာဝန်ကို နောက်နှစ် Miss အတွက်ကို လွှဲပြောင်းပေးတဲ့စနစ်ပါ။ အဲဒီစနစ်ကို သရဖူလွှဲပြောင်းပေးတယ်လို့ နိုင်ငံတကာက သတ်မှတ်ထားပါတယ်။

ခင်ဝင့်ဝါအနေနဲ့ ထမ်းဆောင်ရမယ့် တာဝန်ကျေပွန်တယ်လို့ မယူဆတဲ့အတွက် တာဝန်လွှဲပြောင်းပေးစရာ မလိုပါဘူး။ အဲဒီအတွက် သရဖူဆောင်းပေးခွင့်မပေး တာပါ။ အဓိကကတော့ Organization နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမရှိလို့ပါပဲ။ အဲဒီအတွက် Organization အပေါ်မှာ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်တယ်လို့ မယူဆပါဘူး။ ခင်ဝင့်ဝါအစား Miss Supranational Philippiness 2013, runner-up ရခဲ့တဲ့ ဖိလစ်ပိုင်အလှမယ်က ဒီနှစ်ရတဲ့ Miss ကို လာပြီးတော့ သရဖူဆောင်းပေးမှာပါ”

“ခင်ဝင့်ဝါရဲ့ အနုပညာလုပ်ငန်းတွေဆိုရင် ကျွန်တော်တို့ရဲ့ ခွင့်ပြုချက်နဲ့ Management အောက်ကနေ လုပ်ရတယ်ဆိုတာ စာချုပ်ထဲမှာ ပါပြီးသားပါ။ အဲဒါတွေကို မလိုက်နာဘူး။ သူ့ရဲ့ အနုပညာလုပ်ငန်းတွေက ကုမ္ပဏီက ပြန်ပြောမှ သိရတာတွေရှိတယ်။ ဓာတ်ပုံတွေ Facebook ပေါ်မှာ တက်လာမှ သူဒီပွဲကို တက်ရောက်ခဲ့ပါသလားဆိုတာ သိရပါတယ်။ အဲဒီအတွက် သူ့ကိုစာချုပ်စည်းကမ်းလိုက်နာအောင် သတိပေး လိုက်တာပါ။

Miss တစ်ယောက်ဖြစ်ပြီဆိုရင် Organization နဲ့ ပူးပေါင်းနိုင်ရမယ်။ နိုင်ငံ့ အကျိုးပြုတွေ လုပ်နိုင်ရမယ်။ တစ်နှစ်ကလေးတောင် စာချုပ်စည်းကမ်း မလိုက်နာနိုင်ဘူးဆိုရင် Miss Myanmar တစ်ယောက်ရဲ့ ဂုဏ်ပုဒ်နဲ့ ရေရှည်ဘယ်လိုတည်နိုင်မလဲလို့ ပြောခဲ့ပါတယ်။”

ကိုဝေယံအောင်ရဲ့ စကားတွေနဲ့ပတ်သက်ပြီး Miss ခင်ဝင့်ဝါကို ဆက်ပြီးမေးမြန်း ခဲ့ရာမှာတော့ “ထုံးစံအရ သရဖူကို 2013 Miss ကနေ 2014 Miss ကို လွှဲပြောင်းပေးရတာပါ။ ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ပထမဆုံးသွားပြိုင်ခဲ့တယ်။ အခု သရဖူလွှဲခွင့်မရတော့ဘူးဆိုတော့ စိတ်မကောင်းဖြစ်မိပါတယ်။ တစ်ခါ တလေ ကြော်ငြာ၊ မဂ္ဂဇင်း cover တွေရိုက်ရင် ပြောဖို့ မေ့ကျန်ခဲ့တာတွေလောက်ပဲရှိပါတယ်။ အနုပညာ အလုပ်တွေ ဖြစ်တဲ့ Brand Ambassador တို့၊ ထုတ်လုပ်ရေးတို့နဲ့ စာချုပ်ချုပ်ရင်လည်း Organization က လူကြီးတွေ ကိုယ်တိုင်ပါတယ်။ သူတို့လည်း လက်မှတ်ထိုးတယ်။ ဇာတ်ကားရိုက်တာတွေကိုလည်း အသိပေးပါတယ်။ Facebook တင်ရင်တောင်မှ ဖုန်းဆက်ပြီးပြောပါတယ်။ ဒါပေမဲ့ အခုစာချုပ်ဖောက် ဖျက်တယ်၊ သရဖူဆောင်းခွင့် မပေးဘူးဆိုတာသိရတော့ အံ့သြမိတယ်။ စိတ်မကောင်းလည်းဖြစ်ရပါတယ်။

Organization နဲ့ စာချုပ်ချုပ်ကတည်းက အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ အချိန်ဆိုရင်လည်း အမြဲအချိန်မှန်၊ အချိန်ပြည့်ကြိုးစားခဲ့တယ်။ ခင်ဝင့်ဝါရဲ့ အကျင့်စာရိတ္တ၊ စိတ်ထားကိုလည်း အားလုံးသိပါတယ်။ လူဆိုတာ ကတော့ ကိုယ့်အခက်အခဲနဲ့ကိုယ် ရှိနေကြစမြဲပါ။ ထုတ်ဖော်ပြောလို့ရတာရှိသလို၊ မရတာတွေလည်း ရှိပါတယ်။ တစ်နှစ်လုံး အကောင်းဆုံးဖြစ်အောင် နေခဲ့ပေ မယ့် အခု တစ်နှစ်ပြည့်ခါနီးကာမှ ဒီသတင်းကြား ရတာ စိတ်မကောင်း ပါဘူး။ ပထမဆုံး သူတို့ ပျိုးထောင်ပေးခဲ့တဲ့ Miss တစ်ယောက်ဖြစ်လို့ ပရိသတ်အထင် လွဲစေမယ့် စကားတွေ မပြောစေချင်ပါဘူး။ ခင်ဝင့်ဝါအကောင်းဆုံးဖြစ်အောင် အမြဲနေခဲ့ပေမယ့် သရဖူ လွှဲခွင့်မပေးဘူး။ စည်းကမ်းမလိုက်နာဘူးလို့ ပြောတာတွေကို တကယ်စိတ်မကောင်းဖြစ်မိပါတယ်”လို့ ဆိုသွားခဲ့ပါရဲ့။



ခင်ဝင့်ဝါ၏ မိခင်မှလည်း “စာနယ်ဇင်းတွေအားလုံးလည်း ဒီကိစ္စနှင့်ပတ်သက်၍ စိတ်မကောင်းမဖြစ်ပါနဲ့ သူတို့လက်ထဲမှာရှိနေတော့လည်း သူတို့သဘော ပဲပေါ့နော်။ သူတို့ဘက်က နဂို ၆ လလောက်ကတည်းက လွှဲပေးရမယ့် Miss ကို စောင့်ခိုင်းထားတာဆိုတော့ တမင်သက်သက်ချောက်ချတဲ့သဘောမှာ ရှိနေတယ်။ အင်တာဗျူးတွေဆိုရင်လည်း မဖြေပါနဲ့လို့ ပြောပါတယ်။ သူတို့နဲ့က စာချုပ်ရှိနေခဲ့ပြီး စာချုပ်မှာလည်း ဒီအကြောင်းအရာတွေက ပါနေတဲ့အခါ အန်တီတို့ဘက်က အမှားမရှိအောင်တော့ အတတ်နိုင်ဆုံးနေခဲ့ ပါတယ်။ ပရဟိတဆိုလည်း လုပ်ခဲ့တာပဲလေ။ စာနယ်ဇင်းတွေမှာလည်း ပါနေတာပဲ။ အားလုံးလည်း သိပါတယ်။ အန်တီတို့ဘက်ကတော့ ဘာမှ မပြောတော့ပါဘူး။ စာချုပ်လည်းပြည့်ဖို့ တစ်လလောက်ပဲ လိုတော့တာဆိုတော့လေ၊ သမီးကတော့ စိတ်မကောင်းဖြစ်နေတယ်။ သူ့အနေနဲ့ အနုပညာလုပ်ငန်းတွေ မှာလည်းကြိုးစားနေတယ်။ ပရဟိတလည်းလုပ်နေရဲ့နဲ့ အကြောင်းမရှိအကြောင်းရှာတာပါ။ တချို့နိုင်ငံတော် နဲ့ပတ်သက်တဲ့ပွဲတွေမှာ လူညီတဲ့အခါတွေမှာ တော့ အကြောင်းမကြားမိတာလေးတွေရှိပါတယ်”ဟု ဆိုပါ တယ်။

ခင်ဝင့်ဝါဟာ ဂျွန်လွင်၏ Star&Model အေဂျင်စီသင်တန်းဆင်းတဦးဖြစ်ခဲ့ပြီး ထိုစဉ်က Miss Supranation ပြိုင်ပွဲဝင်ရန်အတွက် အခြားမည်သည့်အေဂျင်စီနှင့်မှ သာချုပ်ချုပ်ဆိုခြင်းမပြုရဟူသော စာချုပ်ပါ စည်းကမ်းကို ဖောက်ဖျက်၍ Miss Golden Land Myanmar Organization နှင့် စာချုပ် ချုပ်ဆိုခဲ့သောကြာင့် Star& Model အေဂျင်စီ၏ တရားစွဲဆိုဖြင်းခံခဲ့ရပြီး ရော်ကြေးငွေသိန်း ၃၀ ပေးခဲ့ရဖူးသည်။

“ကျွန်တော်က ဒီကိစ္စကို နားမလည်ဘူး၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် စင်ပေါ်မှာ တရားဝင်ကမ္ဘာသိလူသိရှင် ကြား ရခဲ့တာပဲ၊ သူတို့မနေနဲ့လဲ နာမည်တခုရပြီး လုပ်စားလို့လဲ ၀နေပါပြီ၊ အခုအချိန်မှာ ဒီနာမည်နဲ့ အိမ်မှာ အိပ်နေလဲ ဘာမှမဖြစ်တော့ဘူး၊ ဒီသရဖူသိမ်းသွားလဲ ဘာဖြစ်လဲ၊ အဓိကက သရဖူက ဘာမှလုပ်လို့ရတာ မဟုတ်ဘူး၊ နာမည်နဲ့ အောင်မြင်မှုက အဓိကပါပဲ” လို့ ဂျွန်လွင်က ပြောပါတယ်။

.. www.MyanmarExpress.net
 

6 comments:

ရင့်ကျက်မှု လိုအပ်နေသေးတဲ့ တစ်နပ်စား ညဏ် လောက်ဘဲ ရှိ တဲ့ မိုးရွာတုံး ရေခံထားမယ်ဟဲ့..ဆိုတဲ့ သေးသိမ်လှတဲ့စိတ်ထား ကို စိတ်မကောင်းဖွယ်ရာ တွေ့ မြင်လာရပါတယ်။ ၀င်ရောက်စွက် ဖက်တဲ့ မိခင်ရဲ့ လိုအပ်ချက် လည်း ပါမှာပါ။ ငွေကြေးဆိုတာထက်.. သစ္စာတရားဆိုတဲ့ တန်ဖိုးတစ်ခုကို ဂုဏ်သိက္ခာဆိုတာနဲ့ ချိန်ညှိ ပြီး Long Run အတွက် ယုံကြည်မှု တည်ဆောက်မယ်ဆိုတဲ့ ရင့်ကျက်မှု က အောင်မြင်မှု ဆိုတာရဲ့ အဓိကလိုအပ်ချက် ဆိုတာ ကို ခလေးတွေ သဘောမပေါက်တာပါ။ မေမြတ်နိုးလဲ ဒီလိုဘဲ ပြသနာ တက်ခဲ့တာပါဘဲ။ ရုပ်ရည်အဓိကမထားဘဲ.. ကိုယ်ကျင့် သိက္ခာ ရင့်ကျက်မှု တွေနဲ့ မြန်မာ့အနုပညာလောကထဲမှာ သက်တမ်းအကြာကြီး ကျင်လည်သွားတဲ့ ဒေါ်မေရှင်တို့၊ ဦးသုမောင် တို့  ကောလိပ်ဂျင်နေ၀င်း တို့ အကြောင်း ကို မိဘဆိုတဲ့သူ တွေက ကလေး တွေကို သွန်သင် အသိပညာပေးသင့်ပါတယ်။ ငွေကြေးနဲ့ အပေါ်ယံ အလှဆို တာတွေဟာ ရေရှည်မခံတဲ့ပညတ်တွေသက်သက်ဖြစ်ပြီး..ကိုယ်ကျင့် သိက္ခာ ၊ သစ္စာတရား ၊ ယုံကြည်မှု၊ ကျေး ဇူးတရား စတဲ့ ethics တွေနဲ့ ထိမ်းကွပ်မထားရင် အကျနာကြပါမယ် ဆိုတဲ့ အကြောင်းသာ..................................................


အလကား ဖါသယ်မတွေ
စင်ပေါ်တက် ဖေါ်ပြ လှန်ပြ ကားပြ ကော့ပြ ကုန်းပြပီး
ဈေးခေါ်တာဘဲ့တတ်တာ
ဘာအ၇ည်အချင်းမှမ၇ှိဘူး
သစ္စာတ၇ား ကိုယ်ကျင့်သိက္ခာ ရင့်ကျက်မှု တည်ကြည်မှု ကတိတည်မှု လုံးဝမ၇ှိဘူး
ခင်ဝင့်ဝါ က အဲ့လို သုံးစားမ၇လို့သရဖူ ပြန်ရုပ်သိမ်းလိုက်တာ
နည်းတောင်နည်းသေးတယ်
တ၇ားပါစွဲပစ်၇မှာ

ကျော်သူပုံတွေ့လို့ commment တစ်ခုတင်လိုက်ပါတယ် လုပ်နေတဲ့ ပရဟိတ လုပ်ငန်းအတွက် ဂုဏ်ယူလေးစားပါတယ်
ဒါပေမယ့် ဆရာက ပရဟိတ သန့်သန့်လေးမဟုတ်ဘဲ နိုင်ငံရေးအမြတ်ထုတ်ချင်စိတ် များနေတာရယ် စိတ်ဓါတ်က ပရဟိတစစ်စစ်သမားတစ်ယောက်လို နူးညံ့ညင်သာမှုမရှိဘဲ တဘက်သားတိုက်ခိုက်ချင်စိတ်များနေတာရယ် မကောင်းပါ သမတက ဆုမပေးတာ အကယ်ဒမီမရလို့ ဒီအရွယ်ကြီးထိပေါက်ကွဲနေတာတွေဟာ ကိုယ့်စိတ်ရင်းကိုယ်လှစ်ပြနေတာပါဘဲ ပေါက်ကွဲလို့ရပါတယ်
လူကြီးတွေကို တိုက်ခိုက်လို့ရပါတယ် ခင်ဗျားလိုလူအဖို့ပညာသားပါစေချင်ပါတယ်

ခင်ဝင့်ဝါဖက်က ကာကွယ်ပေးနေသူတွေက
ဒီလောကအကြောင်း အလုပ်အကြောင်း ဘာတစ်ခုမှနားမလည်ဘဲ
ငါ့စကားနွားရတွေ လျှောက်ပြောမနေနဲ့

သုညဘဝနဲ့ ဒီလောကထဲ ဝင်လာတဲ့သူတွေက
အေဂျင်စီတွေက အစစအရာရာ လေ့ကျင့်ပျိုးထောင် စိုက်ထုတ်အကုန်ခံပေးထား
အောင်မြင်မှုရလာမှ ခြေစုံကန် ကျေးဇူးကန်းချင်လို့တော့ ဘယ်ရမလဲ

သုညဘဝ အစပြုကတည်းက ၂ ဦးသဘောတူချက်တွေ ရှိထားခဲ့ကြတာလေ

အေဂျင်စီရဲ့နစ်နာမှုတွေကိုလည်း စဉ်းစားကြည့်အုံးပေါ့

ငါ့ သမီးလေး ဘာ မှ မသိ လို့  မရှိ လို့ ဆို ပြီး
အောင် မြင် လာ မှ ခြေစုံ ကန် အနိုင် ပိုင်းသူ သူတော် ကောင်း မ များရေ

ကိုယ့်ဘ၀ ကိုယ့်အကြောင်း ဆိုတာ ကိုယ်တိုင် က အသိ ဆုံး ပါ

သူများသာ လိမ် လို့ ရမယ် ကိုယ့် ကို ကိုယ် လိမ် လို့  ရသလား

လက် က ဘုရားဘုရား နဲ့  အလုပ်က ငရဲသွား ဖို့ လုပ်နေပြီးတော့
ကိုယ့်လိပ်ပြာမှ ကိုယ် မရှက်
အရှက်မရှိ အနုပညာ ဆက် လုပ်နေသေးတယ်

လိမ်ညာနည်းပေါင်းစုံနဲ့  လိမ်လည် လှည့် ဖျားနည်း စာအုပ် ထုတ် ရောင်း ပါ လား

ကိုယ်ခြေလှမ်း ကိုယ် ဘယ် ကို လှမ်း လဲ
ကိုယ်တိုင် အသိ ဆုံး ဘဲ ဘယ်သူုကို မှ ရှင်း ပြနေစရာမလို ဘူး

နင် တို့  ကို ကိုဝေယံအောင် မို့  လို့  ဒီလောက် ဘဲ လုပ် တာ
ငါ ဆို အကုန် ပေါ်အောင် ဖော်ပြီး အရှက် ခွဲပြစ် မှာ

National Director Organization ဖွဲ့ ပြီး
ဒီလို အောင် မြင် လာ မှ ခြေစုံ ကန် အနိုင် ပိုင်း ကျေးဇူးကန်းတဲ့ Miss များကို Block လုပ် သင့် ပါတယ်
အဲ့ တော့မှ အရှက် ရှိ လာ ကြမှာ

စောက်ဆင့်မ၇ှိတဲ့ ဖါသာသာကောင်မတွေကို
ငွေစိုက်ထုတ်ပေး အခွင့်အေ၇းတွေပေးပီး
၇က်၇ှည်လများ ပြုစုပျိုးထောင်ပေးလာ၇ာကနေ
အောင်မြင်လာတဲ့တစ်နေ့ကျ၇င်
ဒီလိုပဲကျေးစွပ်တာ
သေ၇ပေါ်အိပ် သေ၇နားစားတာ
ခြေစုံကန်သွားတာမျိုးက
ငါတို့ဗမာပြေ၇ဲ့ထုံးစံဘဲ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်