Subscribe to our RSS Feed

"ဖေဖေမကျခဲ့လိုက်သော မျက်ရည်တစ်စက်" ~ အောင်ဆန်းဦး (ခေတ္တ ရန်ကုန် )

From : .. ကုလားအုပ်

 ဖေဖေဟာ သူ့ရဲ့ မျိုးဆက်တွေဖြစ်တဲ့ ကျနော်တို့ မောင်နှမသုံးယောက်ကို ဇာတိသွေးဇာတိမာန်နဲ့ ပါတ်သက်ခဲ့ပြီး အရမ်းကို အလေးထားခဲ့ပါတယ်။

ရာဇဝင်သမိုင်း စာအုပ်တွေနဲ့ မွေ့လျော်ကြီးပြင်း လာခဲ့တဲ့ ဖေဖေဟာ ကျနော်တို့ သုံးယောက်ကို နာမည်ပေးခဲ့တာတောင် ရှေးခေတ်က ထင်ရှားခဲ့တဲ့ ပျူစောထီးမင်းဆက်ကို အတုယူပြီး ပေးခဲ့တာပါ။

ပျူစောထီးမင်းကြီးဟာ သူ့သားတော်ကို ထီးမင်းယဉ် ဆိုပြီး နာမည်ပေးခဲ့ပါတယ်။ ပျူစောထီးဆိုတဲ့ နောက်ဆုံးစာလုံးဖြစ်တဲ့ " ထီး " ဆိုတဲ့ အမည်ကို သူ့ရဲ့သားတော် ထီးမင်းယဉ် ရဲ့ ရှေ့ဆုံးမှာ မှဲ့ခေါ်စေခဲ့ပြီး သူနတ်ရွာစံတော်မူ သွားတဲ့အချိန်မှာ
မင်းလုပ်အုပ်ချုပ်စေခဲ့ပါတယ်။

အဲဒီနောက် ထီးမင်းယဉ် ဘုရင်ဟာ သားတော်မွေးဖွားတဲ့ အခါမှာ သူ့ဖခမည်းတော်ကြီးက သူ့အပေါ် နာမည်ပေး ကင်ပွန်းတပ်ခဲ့တဲ့ ပုံစံအစဉ်အလာ ဓလေ့အတိုင်း သူ့ရဲ့နောက်ဆုံး စာလုံး " ယဉ် " ဆိုတဲ့ အမည်ကို သူ့ရဲ့သားတော် ယဉ်မင်းပိုက် မင်းသားရဲ့ ရှေ့ဆုံးမှာ ထားပြီး မှဲ့ခေါ်စေခဲ့ပါတယ်။

အဲဒီလိုနဲ့ ယဉ်မင်းပိုက်ဘုရင်က သူ့သားကို ပိုက်လည်သေ ဆိုပြီး မှည့်ခေါ်စေခဲ့သလို ပိုက်လည်သေ ဘုရင်ဖြစ်လာတဲ့အခါ သားတော်ကို သေလည်တုံ ဆိုပြီး သူတို့မျိုးရိုးကို အထူးထိမ်းသိမ်းကာ မှဲ့ခေါ်ကြပါတယ်။

အဲဒီလိုပါဘဲ ကျနော်တို့ရဲ့ဖေဖေ ဦးအောင်ဆန်းဟာ
သားအကြီးဆုံး ကျနော့်ကို ပျူစောထီးမင်းဆက်ကို နှလုံးမူကာ အောင်ဆန်းဦး ဆိုပြီး နာမည်ပေးလိုက်ကာ သူ့ထိမ်းသိမ်းခဲ့တဲ့ ကျနော်တို့ အဘိုးဘွားတွေရဲ့ မျိုးရိုးကို ဆက်လက်စောင့်ထိမ်းစေဖို့
လူ့ဘဝထဲကို ယုံကြည်စွာနဲ့ မွေးဖွားပေးလိုက်ပါတယ်။

နောက်တော့ ညီလေး အောင်ဆန်းလင်း နဲ့ ညီမလေး အောင်ဆန်းစုကြည် အပေါ်ကိုပါ ကျနော်တို့ အဘိုးတွေ အဘွားတွေ ထုဆစ်တည်ဆောက်ခဲ့တဲ့ အနာဂါတ် မျိုးဆက်ကို စောင့်ထိမ်းဘို့တာဝန်ကို ယုံယုံကြည်ကြည် ပေးအပ်ခဲ့ပါတယ်။

ဒါပေမဲ့ ကျနော်တို့ လူလားမြောက်ပြီး တစ်ရက်မှာ ကျနော့် ညီမငယ်လေးဟာ နယ်ချဲ့နံ့  သိပ်မပျယ်ရှာသေးတဲ့ အင်္ဂလိပ်လူမျိုးတစ်ယောက်ကို လက်ထပ်လိုက်ပြီဆိုတဲ့ သတင်းကို ကျနော် မယုံကြည်နိုင်စွာ ကြားခဲ့ရပေမဲ့ လက်ရှိအနေအထားဟာ ကျနော့်အတွက် အိပ်မက်ဆိုတာ ဘယ်လိုမှ ဖြစ်မလာနိုင်တဲ့နောက်မှာ ကြေကွဲရှစွာနဲ့သက်ပြင်းဘဲ
ကျနော်ချလိုက်ရပါတော့တယ်။

အဘိုးဖြစ်တဲ့ ဗိုလ်လရောင်ရဲ့ ပုံရိပ်ရယ် သေနတ်ဒဏ်ရာ ပရပွနဲ့ လုပ်ကြံခံလိုက်ရတဲ့ ဖေဖေ့ရုပ်ပုံရယ် ငယ်ငယ်ကမြင်ဘူးခဲ့တဲ့ ယူနီယံဂျက်အလံရယ် စာပွဲပေါ်က ယောက်ဖတော်ရမဲ့ ကုလာဖြူကောင်ရယ် ဖေဖေ့ ဈာပနမှာ မျက်ရည်တွေခခဲ့ရတဲ့ ပြည်သူတွေရဲ့ မျက်နှာတွေရယ် နောင်ဖြစ်လာမဲ့ အနာဂါတ်မှာ ရှိလာတော့မဲ့ ဖေဖေ့မြေး ကုလားဖြူသွေးလေးတွေ အားလုံး အားလုံးကို တွေးမြင်နေရင်းနဲ့ ကျနော်ဆုံးဖြတ်ချက်တစ်ခုကို ခပ်မြန်မြန် အဲဒီအချိန်က ချခဲ့ရပါတယ်။

သူမကို ကျနော့်ရဲ့မိသားစုဝင်အဖြစ်ကနေ ထာဝရ ထုတ်ပါယ်လိုက်တဲ့ ကျနော့်ရဲ့ ဆုံးဖြတ်ချက်ဟာ နောင်တစ်ချိန်မှာ ကျနော့်အတွက် နောင်တရဘို့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ကျနော်သေသေချာချာ သိနေခဲ့ပါတယ်။

ဒီထက်ပိုပြီး ဖြစ်သင့်ခဲ့တာက အဲဒီအချိန်မှာ ဖေဖေ့ကို ချစ်ကြပါတယ်ဆိုတဲ့ ပြည်သူလူထုကြီးရဲ့ နှလုံးသားထဲကပါ သူ့ကို ထုတ်ပါယ်ခဲ့သင့်တာပါဘဲ။

မရှိရှာတော့ပြီဖြစ်တဲ့ ဖေဖေကတော့ မျက်ရည်မကျနိုင်ခဲ့ တော့ပြီလေ။


.. www.MyanmarExpress.net
 

11 comments:

ဦးအောင်ဆန်းဦးရဲ့ တွေးခေါ်ဆုံးဖြတ်ပုံကို အပြစ်တင်ကြမယ်ဆိုရင်တော့………………..

လေးစားပါသည် ဦးအောင်ဆန်းဦး ခင်ဗျား ။ ဆုံးဖြတ်ချက်
မှန်ကန်လှပါ၏ ။ သက်ရှည်ကျန်းမာ
ဘေးရန်ကွာ လိုရာဆန္ဒ ပြည့် ဝပါစေကြောင်း ဆုမွန်ကောင်း
တောင်းပါ၏ ။

ညီမလေး အောင်ဆန်းစုကြည်ကို ကျနော့်ရဲ့မိသားစုဝင်အဖြစ်ကနေ ထာဝရ ထုတ်ပါယ်လိုက်တဲ့ ကျနော့်ရဲ့ ဆုံးဖြတ်ချက်ဟာ နောင်တစ်ချိန်မှာ ကျနော့်အတွက် နောင်တရဘို့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ကျနော်သေသေချာချာ သိနေခဲ့ပါတယ်။

ဒီထက်ပိုပြီး ဖြစ်သင့်ခဲ့တာက အဲဒီအချိန်မှာ ဖေဖေ့ကို ချစ်ကြပါတယ်ဆိုတဲ့ ပြည်သူလူထုကြီးရဲ့ နှလုံးသားထဲကပါ ညီမလေး အောင်ဆန်းစုကြည်ကို ထုတ်ပါယ်ခဲ့သင့်တာပါဘဲ။

အောင်ဆန်းဦး (ခေတ္တ ရန်ကုန် )

မြန်​မာလူမျိုးတိုင်းဒီလို​တွေး​ခေါ်တတ်​ရင်​​ကောင်းမှာပါ ဒါ​ပေမဲ့ ရိုးသားပြီးယုံလွယ်​တတ်​တဲ့မြန်​မာ​တွေကိုဗိုလ်​ချုပ်​​အောင်​ဆန်းမျက်​နှာဖုံးစွပ်​ပြီး စုကြည်​ကလိမ်​​နေတယ်​ဗျာ

တစ်ရက်မှာ ကျနော့် ညီမငယ်လေး အောင်ဆန်းစုကြည် ဟာ နယ်ချဲ့နံ့  သိပ်မပျယ်ရှာသေးတဲ့ ကုလာဖြူ အင်္ဂလိပ်လူမျိုးတစ်ယောက်ကို လက်ထပ်လိုက်ပြီဆိုတဲ့ သတင်းကို ကျနော် မယုံကြည်နိုင်စွာ ကြားခဲ့ရပြီး အလွန့်အလွန် ကြေကွဲရပါတော့တယ်။

အဘိုးဖြစ်တဲ့ ဗိုလ်လရောင်ရဲ့ ပုံရိပ်ရယ် သေနတ်ဒဏ်ရာ ပရပွနဲ့ လုပ်ကြံခံလိုက်ရတဲ့ ဖေဖေ့ရုပ်ပုံရယ် ငယ်ငယ်ကမြင်ဘူးခဲ့တဲ့ ယူနီယံဂျက်အလံရယ် စာပွဲပေါ်က ယောက်ဖတော်ရမဲ့ ကုလာဖြူကောင်ရယ် ဖေဖေ့ ဈာပနမှာ မျက်ရည်တွေခခဲ့ရတဲ့ ပြည်သူတွေရဲ့ မျက်နှာတွေရယ် နောင်ဖြစ်လာမဲ့ အနာဂါတ်မှာ ရှိလာတော့မဲ့ ဖေဖေ့မြေး ကုလားဖြူသွေးလေးတွေ အားလုံး အားလုံးကို တွေးမြင်နေရင်းနဲ့ ကျနော်ဆုံးဖြတ်ချက်တစ်ခုကို ခပ်မြန်မြန် အဲဒီအချိန်က ချခဲ့ရပါတယ်။

ကျနော်တို့ အဘိုးတွေ အဘွားတွေ ထုဆစ်တည်ဆောက်ခဲ့တဲ့ အနာဂါတ် မျိုးဆက်ကို စောင့်ထိမ်းဘို့တာဝန်ကို မစောင့်ထိန်းဘဲ ပျက်ကွက်ခဲ့တဲ့ ညီမလေး အောင်ဆန်းစုကြည်ကို ကျနော့်ရဲ့မိသားစုဝင်အဖြစ်ကနေ ထာဝရ ထုတ်ပါယ်လိုက်တဲ့ ကျနော့်ရဲ့ ဆုံးဖြတ်ချက်ဟာ နောင်တစ်ချိန်မှာ ကျနော့်အတွက် နောင်တရဘို့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ကျနော်သေသေချာချာ သိနေခဲ့ပါတယ်။

ဒီထက်ပိုပြီး ဖြစ်သင့်ခဲ့တာက အဲဒီအချိန်မှာ ဖေဖေ့ကို ချစ်ကြပါတယ်ဆိုတဲ့ ပြည်သူလူထုကြီးရဲ့ နှလုံးသားထဲကပါ ညီမလေး အောင်ဆန်းစုကြည်ကို ထုတ်ပါယ်ခဲ့သင့်တာပါဘဲ။

အောင်ဆန်းဦး (ခေတ္တ ရန်ကုန် )

အဓိကကတော့ နိုင် ငံကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်ပေးဖို့က အဓိကပါပဲ

ဟုတ်​ပါတယ်​..ဘယ်​သူပဲး..အုပ်​ချုပ်​အုပ်​ချုပ်​...ဘယ်​ပါတီပဲးနိုင်​နိုင်​....
တိုင်​ပြည်​နဲ့လူထုအ​ပေါ်တရားမျှတပြီး
တိုင်​ပြည်​ကိုတိုးတက်​​အောင်​​ဆောင်​ရွက်​နိုင်​ရင်​..ပြီးတာပါပဲး...

THE PEOPLE NEED TO THINK AND THINK
REPEAT THINK WITH PROS AND CONS BEFORE
CHOOSING OUR FUTURE PRESIDENT OF
MYANMAR NAING GAN TAW.
THE FUTURE OF MYANMAR NAING GAN TAW
AND PEOPLE ARE FULLY DEPEND UPON THE
FUTURE PRESIDENT.
THEREFORE THE PEOPLE OF MYANMAR NAING
GAN TAW SHOULD STUDY THE CONSTITUTION,
AND THE DOMESTIC AND FOREIGN POLICIES OF PROSPECTIVE FUTURE PRESIDENT.
PLEASE CHOOSE VERY CAREFULLY BECAUSE
IT IS GREAT RISK TO THE MYANMAR NAING GAN
TAW AND PEOPLE IF PEOPLE FAIL TO CHOOSE
THE RIGHT PERSON.

BEST WISHES AND HOPE FOR THE BEST
FOR MYANMAR AND THE PEOPLE.

ဒေါ်စုကိုကိုနှလုံးသားထဲကထုပ်ပစ်လိုက်ကြပါတော့ 

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်