Subscribe to our RSS Feed

ဒေါ်အောင်ဆန်းစုကြည်၏ ပိုင်ဆိုင်မှုများအား ဖွင့်ချခြင်း (အပိုင်း-၁)

 

သြဂုတ် ၃၀ ရက်နေ့ နေပြည်တော် ဥတ္တရသီရိ မြို့နယ်တွင် ပြုလုပ်သော ဟောပြောပွဲတစ်ခု၌ ဒေါ်အောင်ဆန်း စုကြည်မှ ဘဏ်အကောင့်တစ်ခုမှ လွဲ၍ ပိုင်ဆိုင်မှု မရှိကြောင်း ပြည်သူသို့ လိမ်ညာပြောဆိုခဲ့ပါသည်။

ပိုင်ဆိုင်မှု တင်ပြနိုင်ပြီး စိစစ်နိုင်ကြောင်းနှင့် သူမ၏ ပိုင်ဆိုင်မှုသည် ဘဏ်အကောင့်တစ်ခုသာ ရှိပြီး နေစရာ အိမ်ခြံမြေပင် မရှိကြောင်း ပြည်သူသို့ ပြောဆိုခဲ့ပါသည်။

ပြည်သူအား လိမ်လည်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ပိုင်ဆိုင်မှုများအား ယနေ့မှ စ၍ ဖွင့်ချပါမည်။

ဖော်ပြပါ စာချုပ်သည် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မြေကွက်တစ်ကွက်အား ကျပ်သိန်း ၅၀၀ ဖြင့် ဝယ်ယူလက်မှတ်ထိုးထားသော စာချုပ်တစ်ခုဖြစ်ပါသည်။

၃ နှစ်အတွင်း မြေဈေးအဆမတန်တက်နေသည့် မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်က ကျပ်သိန်း ၅၀၀ ပေါက်သည့် မြေကွက်မှာ ၂၀၁၅ တွင် ဘယ်ဈေး ပေါက်နေလဲဆိုတာ ပြည်သူများစဉ်းစားကြည့်နိုင်ပါသည်။

ပိုင်ဆိုင်မှုမရှိဘူးဟု လိမ်ညာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ပြည်သူကို အချိန်မီ ပြန်တောင်းပန်ဖို့ လိုအပ်ပါသည်။

သို့မဟုတ်ပါက
ပြည်တွင်းသာမက ပြည်ပတွင်ပါ ရှိနေသော ဒေါ်အောင်ဆန်းစုကြည်၏ ပိုင်ဆိုင်မှုများ၊ စာချုပ်စာတမ်းများနှင့် ဘဏ်အကောင့်များကို တစ်ခုပြီးတစ်ခု ဆက်လက်ဖွင့်ချသွားပါမည်။

‪#‎MyanmarHeadlineNews‬

ခရက်ဒစ် - NLD လျှို့ဝှက်သတင်းများ


 https://www.facebook.com/MyanmarExpress
 

ပြည်တွင်း/ပြည်ပ အထောက်အပံ့များဖြင့် စားသောက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝန်ခံ


လက်ရှိ သွားလာ၊ စားသောက်၊ ဝတ်ဆင်ထားခြင်းများအားလုံးဟာ ပြည်တွင်း/ပြည်ပ မှ အထောက်အပံ့များဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဝန်ခံ ပြောကြားလိုက်သည်။

“စားရေသောက်ရေး၊ ဝတ်ရေးတွေကတော့ အင်မတန်မှ အဆင်ပြေပါတယ်၊ ပြည်စုံပါတယ်၊ အားလုံးကအထောက်အပံ့တွေပါ” ဟု ယနေ့ နေပြည်တော် ဥတ္တရသီရိမြို့နယ် တွင် ပြုလုပ်သော ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဟောပြောပွဲတွင် ၄င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းမရှိသော်လည်း လေယဉ်စင်းလုံးငှားကာ ခရီးသွားခြင်း၊ အဝတ်အစား တစ်နေ့ တစ်စုံ မထပ်အောင် ဝတ်ဆင်ခြင်းများ ရှိခဲ့ပြီး ဝေဖန်မှုများရှိနေခဲ့သည်။

ယခုလအတွင်း New Generation Wave မှ ထုတ်ပြန်သည့်သတင်းများအရ ဒေါ်အောင်ဆန်းစုကြည်မှာ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူများထံမှ အထောက်အပံ့များ ရယူခဲ့ကြောင်း ဖော်ပြခဲ့ပြီး OIC အပါအဝင် အနောက်နိုင်ငံများ၏ အကူအညီဖြင့် ရပ်တည်နေကြောင်းသိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများတွင် လွှတ်တော်ကိုယ်စားလှယ် နှင့် သမ္မတ လုပ်ရမည့်သူ အရည်အချင်းကန့်သတ်ချက်တွင် ပည်ပအမှီအခိုကင်းရမည်ဖြစ်ပြီး ပြည်ပအစိုးရတစ်ခုခု၏ သြဇာခံမလုပ်ရန်၊ အထောက်အပံ့ရယူထားသူ မဖြစ်ရဟူ၍ ပြဋ္ဌာန်းထားပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလတွင် ပြည်ပအထောက်အပံ့ယူထားခြင်းကြောင့် ကော့မူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်း မှ ရုတ်သိမ်းရန် တိုင်ကြားခံခဲ့ရသည်။

‪#‎ဒေါက်တာမျိုးချစ်‬


.. https://www.facebook.com/MyanmarExpress
 

ဒါဖတ်ပြီးမှ NLD အမတ်တွေကို လွှတ်တော်ထဲ နောက်တစ်ကြိမ်ထည့်ဖို့ စဉ်းစားပါ


၂၀၁၅ အထွေထွေရွေးကောက်ပွဲကျင်းပရန် ရက်ပေါင်း ၇၀ ကျော်သာ လိုတော့သည်။ လာမည့် စက်တင်ဘာလ ၈ ရက်မှ စည်းရုံးရေးကာလ သတ်မှတ်မည်ဟု ဆိုသော်လည်းNLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကာ NLD အား မဲထည့်ရန် ပြောဆိုလျှက်ရှိသည်။ ပြီးခဲ့သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီမှ မဲအပြတ်အသတ် အနိုင်ရရှိခဲ့သည်။ ထို့နောက် NLD အမတ်များ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လွှတ်တော်တွင် ကျမ်းသစ္စာကျိန် ဆိုကာ လွှတ်တော်အမတ်လစာ၊ လွှတ်တော်အမတ်အခွင့်အရေးများ အပြည့်ရယူခဲ့ကြသည်။
-
သုံးနှစ်ခွဲအတွင်း NLD အမတ်များ၏ လွှတ်တော်တွင်းလှုပ်ရှားမှုများကို လေ့လာ
ပါက အောက်ပါအတိုင်း တွေ့နိုင် သည်။ NLD အဆိုတင်သွင်းသမျှတွင် အထင်ရှားဆုံး ဥပဒေမှာ "တရားဝင်ပြည့်တန်ဆာဥပဒေ” ပြဌာန်းပေးရေးဖြစ်သည်။ ဒေါ်စန္ဒာမင်းက အဆိုတင်သွင်းခဲ့သည်။ ဒုတိယ ဆွေးနွေးခဲ့သည့် ဥပဒေမှာ "တပ်မတော်နေ့အား တော်လှန်ရေးနေ့အဖြစ် ပြောင်း
လဲသတ်မှတ်ရေး” အဆိုဖြစ်သည်။ တတိယတစ်ခုကတော့ "တောင်သူလယ်သမားနေ့အား လယ်သမားများမှ သတ်မှတ်ပေးရန်" အဆိုဖြစ်သည်။ စတုတ္ထတစ်ခုမှာ "ကျောင်းဆရာ၊ ဆရာမ ဆိုသည့် အမည်နာမအစား ပညာသင်ကြား ပို့ချသူဟု ပြောင်းလဲခေါ်ဆိုရေး” ဆွေးနွေးမှုဖြစ်သည်။ ပဉ္စမမြောက်ဆွေးနွေးမှုမှာ NLD အမတ် ဦးဖြိုးဇေယျာသော်၏ “သမဂ္ဂအသုံးအနှုံးမသုံး
ရေး” ဆွေးနွေးမှုဖြစ်သည်။ ဆဋ္ဌမမြောက်အဆိုကတော့ NLD CEC ဦးဝင်းထိန်၏ "လွှတ်တော်ထဲ ခေါင်းပေါင်းချွတ်ခွင့်ပြုရေး" အဆိုပင်ဖြစ်သည်။ အဆိုအားလုံး နှင့် ဆွေးနွေး
မှုအားလုံးသည် မြန်မာပြည်သူများ၏ လက်တလောလိုအပ်ချက်နှင့် ရောင်ပြန်ဟပ်မှုမရှိ။
-
လက်ရှိမြန်မာပြည်သူများအတွက် စား၊ ဝတ်၊ နေ ရေးပြဿနာ၊ တောင်သူလယ်သမားတို့၏ အခက်အခဲများ၊ အလုပ်သမားတို့၏ အခက်အခဲများ၊ ပြည်သူတို့၏ ကျန်းမာရေး၊ ပညာရေး အခက်အခဲများကို NLD အမတ်များ ဆွေးနွေးနိုင် သည့် အရည်အချင်းမရှိပေ။ ဥပဒေကျွမ်းကျင်သူမရှိ၊ နိုင်ငံရေး
နားလည်သူမတွေ့ရပါ။ အစိုးရကို ဝေဖန်နိုင်ရုံဖြင့် လွှတ်တော် အမတ်ဖြစ်ဖို့ အရည်အချင်းရှိသည်ဟု မှတ်ယူထားဟန်ရှိသည်။
-
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင် ရှိပြီးသား "နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နည်းဥပဒေ” ကို မရှိသေး ဟုဆိုကာ အမြန်ပြဋ္ဌာန်းရန် ဆွေးနွေးခဲ့ဖူးသည်။ ၂၀၁၂ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ကတိပေးကာ မဲတောင်း ခဲ့ပြီးမှ ၎င်းတို့ကတိကို လက်မှတ်ကောက်ခြင်းဖြင့် သင်ပုန်းခြေခဲ့သည်။ လက်မှတ်များမှာလည်း အဟောသိကံဖြစ်ခဲ့ရသည်။ သုံးနှစ်ခွဲအတွင်း လွှတ်တော်ထဲတွင် လုပ်ဆောင်ခဲ့သည့် ရလဒ်ဟူ၍ လောက်လောက်လားလားပြစရာမရှိ။ အချို့ NLD အမတ်များမှာ ရှိလို့ရှိမှန်းမသိအောင် ပျောက်နေကြသည်။ အမတ်အားလုံးတွင် ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်အရည် အချင်း၊ ခိုင်မာပြတ်သားသည့်မူဝါဒမရှိ၊ ယခင်က အတိတ်ဟောင်းကိုသာ၊ ပုတ်ခတ်ဆွေးနွေးမှုသာ အားသန်သည်။ ယခု အချိန်တွင်လည်း ပါတီက ဒီမိုကရေစီဘက်တော်သားဟု ရဲရဲတောက် သုံးစွဲနေသော်လည်း ဒေါ်စုရဲ့ ဗဟိုဦးစီးစနစ်ဖြင့် အဆင်ပြေသလို လှုပ်ရှားမှုသာတွေ့ရသည်။ ဤသို့သော အမတ်များကို နောက်တစ်ကြိမ် မည်သို့ရွေးချယ်မည်နည်း။ အထူး သဖြင့် ဒေါ်စုကလည်း သူ့အမတ်လောင်းတွေရဲ့ အရည်အချင်းကို ရိပ်စားမိလို့လား မသိပါ၊ လူကိုမကြည့်ဘဲ မဲပေးရန် ဥက္ကဋ္ဌကိုယ်တိုင်က ပြောဆိုထားတာ အများအသိဖြစ်သည်။ ဤအချက်ကို စဉ်းစားဖို့လိုပေသည်။ မှားယွင်းရွေးချယ်မိပါက ပြည်သူက လွှတ်တော်အမတ်အား ဖြုတ်ချခွင့်မရှိသလို နောက် ငါးနှစ်ကြာချိန် ၂၀၂၀ မှသာ ပြန်ရွေးရမည်ဖြစ် သည်။ ဒါ့ကြောင့်မိမိရဲ့ တန်ဖိုးရှိသည့် အသည်းကြားက မဲတစ်ပြားအတွက် မရွေးချယ်မီ အသေအချာ စဉ်းစားဖို့ လိုပေသည်။
-
‪#‎ဒေါက်တာမျိုးချစ်‬


.. https://www.facebook.com/MyanmarExpress
 

“အပစ်အခတ် ရပ်စဲတာကို ဘာသံသယရှိနေပါသလဲ ဒေါ်အောင်ဆန်းစုကြည်” ~ စည်သူအောင်မြင့်

From : ..mizzima


ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့က အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ...

ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့က အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကေအင်န်ယူ ကရင်အမျိုးသား အစည်းအရုံးက ဗိုလ်မှူးကြီး ဟောင်း စောထူးထူးလေး၊ ရှမ်းနိုင်ငံရေးသမား ဦးဟန်ညောင်ဝေ တို့ပါတဲ့အဖွဲ့ကို သူ့ရဲ့ ရန်ကုန်မြို့ အင်းလျားလမ်းနေအိမ်မှာ လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံကြရာမှာ အဓိက ဆွေးနွေးခဲ့ တဲ့ အကြောင်းအရာကတော့ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေအကြား အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စပါ။ ဒီတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က လာမယ့်ရွေးကောက်ပွဲ မတိုင်ခင် အပစ်ရပ်စာချုပ်ကို အလောသုံးဆယ် လက်မှတ်ရေးထိုးဖို့ သင့်တော်ပါရဲ့လား၊ နောက်ကွယ်မှာ ဘာအကြောင်းတွေ ရှိနေသလဲဆိုတဲ့ မေးခွန်းမေးခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ အင်န်အယ်လ်ဒီ ခေါင်းဆောင် ဦးဝင်းထိန်က မီဒီယာတွေကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစု ကြည် အနေနဲ့ ဒီလိုမေးခွန်းမျိုး ဘာကြောင့်မေးရတာလဲ၊ ပြည်တွင်းစစ်နဲ့ ပတ်သက်ပြီး ဒေါ်အောင် ဆန်းစုကြည် ဘယ်လိုနားလည်ထားပါသလဲ၊ လက်တွေ့ ဘယ်လိုဖြစ်သင့်သလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

အဲဒီနေ့ ဆွေးနွေးပွဲမှာ ကေအင်န်ယူဘက်က ဦးဆောင်ပါဝင်သူဟာ ဗိုလ်မှူးကြီးဟောင်း စောထူးထူးလေးပါ။ သူဟာ ကေအင်န်ယူထဲ ဖြတ်သန်းခဲ့တဲ့ ဝါရင့်ကရင်နိုင်ငံရေးသမား တစ်ယောက်ဖြစ်ပြီး လက်ရှိ ကေအင်န်ယူ ဥက္ကဋ္ဌ စောမူတူးစေးဖိုးရဲ့ နိုင်ငံရေးဆိုင်ရာ အထူးအကြံပေးလည်း ဖြစ်ပါတယ်။ သူနဲ့ ရှမ်းနိုင်ငံရေးသမား ဦးဟန်ညောင်ဝေတို့ ဒေါ်အောင်ဆန်းစုကြည်ဆီ သွားတွေ့တာဟာ လက်ရှိ နောက်ဆုံးအဆင့်မှာ အခက်အခဲ ကြုံတွေ့နေရတဲ့ အစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေရဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စရှင်းပြဖို့ ဖြစ်နိုင်ခြေ ရှိပါတယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေဟာ လပေါင်းများစွာ ခက်ခက်ခဲခဲ ဆွေးနွေးပြီးနောက် တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ်တစ်ခုကို အပြီးသတ် ဆွေးနွေးခဲ့ပြီးကြပါပြီ။ ဒီစာချုပ်ကြီးကို ပြည်တွင်း အသိသက်သေ၊ နိုင်ငံတကာ အသိသက်သေတွေ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးဖို့ပဲ ကျန်ပါတော့တယ်။ ဆင်ပြောင်ကြီး အမြီးကျမှတစ် ဆိုသလို နောက်ဆုံးကျန်နေတဲ့ ပြဿနာတစ်ခုကတော့ အပစ်ရပ်စာချုပ် လက်မှတ် ရေးထိုးရာမှာ တိုင်းရင်းသားတွေဘက်က တင်ပြတဲ့ အဖွဲ့တွေထဲမှာ အစိုးရက အဖွဲ့ (၆) ဖွဲ့ကို ချန်လှပ်ပြီး ထိုးမယ်ဆိုတဲ့ ပြဿနာပါ။ အဲဒီ အဖွဲ့ (၆) ဖွဲ့ထဲမှာ လက်ရှိအစိုးရနဲ့ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကိုးကန့်၊ ပလောင်နဲ့ ရခိုင်တပ်ဖွဲ့တွေ ပါဝင်ပြီး တခြားလက်နက်ကိုင် တပ်မရှိ၊ တိုက်ပွဲလည်းမဖြစ်တဲ့ ဝ (UWSA ခေါ် အင်အားကြီး ဝ အဖွဲ့မဟုတ်)၊ လားဟူနဲ့ ရခိုင် အဖွဲ့တွေ ပါဝင်ပါတယ်။

ဒီပြဿနာနဲ့ ပတ်သက်ရင် အဖွဲ့အားလုံး ပါဝင်လက်မှတ်ထိုးမှသာ အဓိပ္ပာယ်ရှိမယ်ဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့က ပြောဆိုတာကို ထောက်ခံလို့ မရသလို၊ အစိုးရက အဆိုပြုတဲ့ အောက်ခြေ လက်မှတ်ထိုးမထားတဲ့ အဖွဲ့တချို့ကို ချန်ထားမယ်၊ နောက်မှ လက်မှတ်ထိုးဆိုတာကိုလည်း မှန်တယ်လို့ မပြောဆိုနိုင်ပါဘူး။ အကြောင်းကတော့ အစိုးရနဲ့ တပ်မတော် ဘက်မှာရော၊ အားလုံးမပါရင် လက်မှတ်မထိုးနိုင်ဘူးလို့ဆိုတဲ့ တိုင်းရင်းသား အုပ်စုတချို့ဘက် မှာပါ ကိုယ်ပိုင်အကျိုးစီးပွားတွေ ပါဝင်နေကြလို့ပဲ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခကို ဖိနှိပ်တဲ့ မဟာ ဗမာဝါဒီစစ်တပ်က တစ်ဘက်၊ ဖိနှိပ်ခံရတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးသမားတွေက တစ်ဘက်ဆိုပြီး စာအုပ်ကြီးအတိုင်း ခွဲခြားမရတော့လို့ပဲ ဖြစ်ပါတယ်။ ပြည်တွင်းစစ် နှစ်ကာလ ကြာရှည်လာတဲ့အခါ အများစုသော လက်နက်ကိုင် တိုင်းရင်းသားအုပ်စုတွေဘက်မှာ ဗမာလူမျိုးကြီး စစ်ဘုရင်တွေကို ဆန့်ကျင်ရင်း တိုင်းရင်းသား စစ်ဘုရင်တွေနဲ့ စစ်ဘုရင်ဝါဒ ထွန်းကား ပေါ်ပေါက်လာတာကြောင့်ပဲ ဖြစ်ပါတယ်။

အဲဒီ အုပ်စုနှစ်ဘက်စလုံးဟာ ဒီမိုကရေစီဆိုတာကို မယုံကြည်ကြပါဘူး။ ဗမာ စစ်ဘုရင် တွေ ယုံကြည်တဲ့ နိုင်ငံတော်ဆိုတာဟာ တပ်မတော်က နိုင်ငံရေးဦးဆောင်မှု ရယူလိုတာမျိုးဖြစ်ပြီး တိုင်းရင်းသား စစ်ဘုရင်တွေလိုချင်တဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဆိုတာကလည်း တိုင်းရင်းသားတွေ မဲပေးရွေးချယ်သူက အုပ်ချုပ်တာမျိုးမဟုတ်ဘဲ စစ်ဘုရင်ငယ်တွေက အလိုအလျောက် အုပ်ချုပ်ခွင့် ရချင်တာမျိုး ဖြစ်ပါတယ်။ ကြားထဲက မြေဇာပင်ဖြစ်ရတာက တိုင်းရင်းသားတွေနဲ့ မြန်မာနိုင်ငံသားတွေ အားလုံးပါ။ ပြည်တွင်းစစ် ကြာရှည်လေ၊ လက်နက်ကိုင် ပဋိပက္ခ မရပ်နိုင်လေ အတိဒုက္ခ ရောက်လေ ဖြစ်ရတာက တိုင်းရင်းသားတွေနဲ့ မြန်မာနိုင်ငံသား အားလုံးပါ။ စစ်ပွဲတွေ ရှိနေသမျှ တိုင်းရင်းသားတွေရဲ့ ဘဝ မလုံမခြုံနဲ့ ဆင်းရဲမွဲတေ အောက်ကျနောက်ကျ ဘဝ ရောက်နေရမှာ ဖြစ်ပြီး တိုင်းပြည်အနေနဲ့လည်း စစ်ဘုရင်ဝါဒ အောက်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။ ဒီအတွက် လက်ရှိအရေးကြီးတာဟာ ပထမအဆင့်အနေနဲ့ တစ်တိုင်းပြည်လုံး သေနတ်သံတိတ် အပစ်ရပ်သွားဖို့ပါ။ အဲလို အပစ်ရပ်သွားဖို့အတွက် ပြည်သူတွေက သိပ်ပြီး တတ်နိုင်တာ မဟုတ်ပါဘူး။ စစ်ဘုရင်အချင်းချင်း အပေးအယူတည့် ညှိနှိုင်းလို့ အဆင်ပြေမှသာ ဖြစ်နိုင်မှာပါ။

ဒီလို အခြေအနေမျိုးမှာ နိုင်ငံရေးပါတီ တစ်ခုခု၊ နိုင်ငံရေးခေါင်းဆောင် တစ်ယောက်ယောက်က ရပ်တည်ရမယ့် အနေအထားဟာ ပြည်တွင်းစစ် အမြန်ရပ်စဲရေးပါ။ နိုင်ငံရေးအရ သဘောတူညီချက်တွေရဖို့ ဘယ်လောက်ကာလကြာမယ် မမှန်းနိုင်သေးပေမယ့် တကယ့် အရေးကြီးတာက သေနတ်သံတွေ အရင်တိတ်သွားရအောင် တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ကြဖို့ပါ။ ဒါကိုပဲ အားပေးဖို့လိုပါတယ်။ နှစ်ဘက် စစ်ဘုရင်တွေ ပြေလည်မှုရသည်အထိ ညှိနှိုင်းကြအောင် အားပေးကြဖို့ပဲ လိုပါတယ်။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေးခွန်းက “၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ဒီလက်မှတ်ထိုးတဲ့ကိစ္စ အလောသုံးဆယ် လုပ်သင့်သလား မလုပ်သင့်ဘူးလား။ အလောသုံးဆယ် လုပ်တာ နောက်မှာ ဘာအကြောင်းတွေရှိသလဲ” ဆိုတဲ့ မေးခွန်းဟာ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် အမြန်လက်မှတ်ထိုးဖြစ်အောင် ကြိုးစားသူတွေကပဲ အမှားတစ်ခုခု လုပ်နေသလိုမျိုး စွပ်စွဲရာ ရောက်စေပါတယ်။ နေ့စဉ်နဲ့အမျှ မြေမြှုပ်မိုင်းဒဏ် ခံနေရတဲ့၊ နေရပ်ကို မပြန်နိုင်တဲ့၊ ပညာမသင်နိုင်တဲ့၊ အထွေထွေ လူမှုဘဝ နိမ့်ကျနေပြီး မျှော်လင့်ချက် တစ်စုံတရာ မထားနိုင်တဲ့ တိုင်းရင်းသားပြည်သူတွေနဲ့ မြန်မာနိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို မျက်ကွယ်ပြုပြီး ပြောသလို ဖြစ်နေပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။


.. https://www.facebook.com/MyanmarExpress
 

NLD ကို မကြေနပ်တဲ့ ပြည်သူများ ပြည်ခိုင်ဖြိုးကို အားကိုးလာ






NLD ဥက္ကဌ လူလိမ် ဦးစိုးညွန့်အကြောင်း ပြည်ခိုင်ဖြိုးအမတ်သို့ တိုင်ကြား


.. https://www.facebook.com/MyanmarExpress
 

အာဏာသိမ်းခြင်းလား ၊ အာဏာရှင်စနစ်ကို ဖြိုဖျက်ခြင်းလား

From : ..ဒေါက်တာနေဇင်လတ်

ပါတီတစ်ခုအတွင်းကိစ္စဟု သဘောထားပြီး ရွေးကောက်ပွဲအတွက် စိုးရိမ်သည်ဟုသာ အနည်းငယ်
ဋ္ဌပြောသွားသည်။ ဤသည်က နိုင်ငံတကာ အခြေအနေ၊ ပြည်တွင်းအခြေအနေအရ မူအားလုံးက စိတ်ဝင်စား ဟန်ပြခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်မှာမူ ရှမ်းပြည်နယ်ခရီးစဉ်ကို ရုတ်တရက် ဖျက်သိမ်းခဲ့၍ ပန်လာသည်။ အခြား နိုင်ငံရေးလေ့လာသူ များက နိုင်ငံရေးသမားများ၏ အင်တာဗျုး အရ မြန်မာ့နိုင်ငံရေး
အနာဂတ်ကို ကြီးကြီးမားမား ထိခိုက်နိုင်သည်ဟု ဆိုထားသည်ကိုမတွေ့ရ။ မြန်မာနိုင်ငံ အကြောင်း အထူးလေ့လာ၍ မကြာခဏရေးသားလေ့ရှိသော လာရီဂျေဂင် ကလည်း ၂၀၁၅-နောက်ပိုင်း သူရဦးရွှေမန်း၏ အခန်းကဏ္ဍ ပျောက်ကွယ် သွားနိုင်သည်ဟု ရေးသား ခဲ့ဖူးသည်ကို တွေ့ရပြီး ယခုလောလောဆယ် ဖြစ်ရပ်အနေဖြင့် ရွေးကောက်ပွဲကို ထိခိုက်နိုင်စရာ မမြင်ပါဘူးဟု Messenger အင်တာဗျူးတွင် ဖတ်လိုက်ရသည်။

ဤပြည်တွင်းနိုင်ငံရေးအခြေအနေ အဝေးရောက် သုံးသပ်ကြသူ များရော၊ ပြည်တွင်းထိတွေ့သူ များရော နှစ်ဖက်ပေါင်းတွင် အားလုံးနီးပါးမှာ ယခုဖြစ်စဉ်သည် မြန်မာနိုင်ငံ ရေးပြောင်းလဲမှု၏ လားရာကို တစ်စုံတစ်ရာ ပြောင်းလဲထိခိုက်စရာမရှိ ဟူသော အဖြေကို ပေးထားပါသည်။ အာဏာသိမ်းခြင်း မဟုတ်ပဲ အာဏာရှင်စနစ် အစပျိုးခြင်းကို ဖြိုဖျက်ခြင်း သာ။ ပြည်ခိုင်ဖြိုးပါတီအတွင်း သူရဦးရွှေမန်းကို ပူးတွဲဥက္ကဌအဖြစ်မှ ဖယ်ရှားပြီး ဒုတိယဥက္ကဌဖြစ်တဲ့ ဦးဌေးဦးကို ပူးတွဲဥက္ကဌအဖြစ် ခန့်အပ်လိုက်ခြင်းအပေါ် အချို့သောသူများက အာဏာသိမ်းသည့် သဘောဖြင့် ရေးသားထားကြ သည်ကို တွေ့ရှိရသည်။ ရုတ်တရက်အမြင်မှာ ထိုသို့ရှိနေနိုင်သော်လည်း အမှန်တကယ်သိမ်းထား သည့်အာဏာ ၊ သို့မဟုတ် အာဏာရှင်စနစ် ထူထောင်ခြင်းကို အများဆန္ဒနှင့် ဖြိုချလိုက်ခြင်းသာ ဖြစ်သည် အမှန်တကယ် က သမ္မတဦးသိန်းစိန်ကသာ အာဏာသိမ်းခံရသူဖြစ်ပါသည်။ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌအစစ်သာ ဦးသိန်းစိန်ဖြစ်ပါသည်။ ဖွဲစည်းပုံအခြေခံဥပဒေကို လိုက်နာ၍ ပါတီနှင့် ခပ်ကွာကွာ
နေပေးရသည့် ကာလတစ်လျှောက် တဖြည်းဖြည်းနဲ့ ဦးသိန်းစိန် အာဏာအသိမ်းခံရခြင်းသာ ဖြစ်သည်။ အဖွဲ့အစည်းများ၏ လုပ်ငန်းသဘောအရ ကျောင်းအုပ်ကြီး ခရီးထွက်ခွါသည့် အချိန်တွင် ဒုတိယကျောင်းအုပ်ကို သူ၏တာဝန်များ သူမရှိစဉ်အတွင်း ခေတ္တခဏ တာဝန်ထမ်းဆောင်စေခြင်း မျှသာဖြစ်သည်။ ထိုသို့ ခေတ္တခဏ တာဝန်ထမ်းဆောင်စေခြင်းဖြင့် ဒုတိယကျောင်း
အုပ်မှာ ကျောင်းအုပ် ဖြစ် စရာမရှိပါ။ ကျောင်းအုပ်ဟူ၍လည်း ဆို၍မရပါ။ ပါတီညီလာခံမှ တဆင့်ဖြစ် လာသော ပါတီဥက္ကဌ၏တာဝန်ကို အခြားသူတစ်ဦး တစ်ယောက်အား ပါတီညီလာခံဖြင့်သာ အပြောင်းအလဲ ပြု၍ရပါသည်။ ယခုအခါ ပါတီဥက္ကဌ တစ်ဦးအနေဖြင့် သူ၏တာဝန်ကို အခြားပါတီ ဒုဥက္ကဌတစ်ဦးအား တာဝန်ပေး လိုက်သည်။ ပါတီဥက္ကဌတစ်ဦး၏ လုပ်ကိုင်ခွင့် အရ ဆောင်ရွက်ခြင်း လည်းဖြစ်ပါ၏။ ထို့ကြောင့် (၁၂.၈.၂၀၁၅) နေ့ ကဖြစ်ပွား ခဲ့သော ပြည်ခိုင်ဖြိုးပါတီ အတွင်းပြုပြင်ပြောင်း လဲရေးမှာ အာဏာ သိမ်းခြင်းမဟုတ်၊ အသိမ်းခံရသော အာဏာကို ပြန်လည်ရယူ၍ အခြားတစ်ဦးသို့ လွှဲပြောင်းပေးလိုက်ခြင်း သာဖြစ်သည်။

အာဏာရှင်စနစ် အစပျိုးခဲ့သည်။ ၂၀၁၁-နောက်ပိုင်း အာဏာသုံးရပ် ဖြန်ခွဲ ကျင့်စဉ်ကို မြန်မာတို့ကျင့်သုံးခဲ့ကြသည်။ ရင့်ရင့်ကျက်ကျက် မရှိကြသေး သော်လည်း၊ အတော်အတန် ကျင့်သုံးနိုင်ခဲ့ကြသည်။ အာဏာသုံးပါးကို ခွဲခြားကျင့်ကြံရန်ဖြစ် သော်လည်း ဥပဒေပြုရေးဘက်တွင် တစ်စတစ်စ အာဏာနီကျင့်ကြံမှု အားကောင်းလာပြီဟု အမတ်မင်းများထဲပင် ဆိုလာကြသည်။ နိုင်ငံရေးဝေဖန်ကြသူ အချို့ကလည်း ဤအချက် ကို ထောက်ပြခဲ့ကြပါသေးသည်။ ဥပဒေပြုရေးကဏ္ဍတွင် Law Marketing Power ဟူသော ဥပဒေပြုသည့် ပါဝါသာရှိပါ၏။ အုပ်ချုပ်ရေးမှာကဲသို့ Executimve Power မျိုး၊ တစ်နည်းအားဖြင့် (firing Power) မျိုးပေးမထားပေ။ သို့သော်လည်း ဥပဒေပြုရေးအနေဖြင့် တစ်စနှင့်တစ်စ Executive power ကို တိုးချဲ့ အသုံးပြုလာသည် ကိုတွေ့ရပေ၏။ လုပ်ဖော်ကိုင်ဖက် များဟု သဘောထားသော သမ္မ္မ္မ္မ္မ္မ္မ္မ္မ္မတကို ပါတီအတွင်းမှ ဖယ်ရှားရေးကြိုးပမ်းမှုများ တဖြည်းဖြည်းတိုးမြှင့်လာသည်။ထို့ အပြင် သမ္မ္မ္မ္မ္မ္မ္မ္မ္မတအား ဤသက်တမ်းအတွင်း မှာပင် စွပ်စွဲပြစ်တင်၊ Impeachment ပြုလုပ်ရန် ကြိုးစားလာ သည်ကို တွေ့ရ သည်။ သမ္မတကို တပ်မတော်က ထောက်ခံထားသည်ဖြစ်၍ များစွာချိန်ဆနေရ ဟန်သာရှိသည်။ သို့မဟုတ်ပါက အစောကြီးကတည်းက သမ္မတကို ဖယ်ရှားထားပြီးသား ဖြစ်နေနိုင် ပါသည်။ ဥပဒေစိုးမိုးရေး ဟုဆိုသော် လည်း ပြည်သူ့လွှတ်တော်ဥက္ကဌသည် ဥပဒေကိုလိုက်နာခြင်း မရှိခဲ့ချေ။ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ အဆုံးအဖြတ်ကို မနာခံဘဲခုံရုံးကိုပင် စွပ်စွဲပြစ်တင် ဖြုတ်ချခဲ့သည်။ ဥပဒေပြုသူက အကျိုးစီးပွားအတွက် ဥပဒေကို ဘာမထီချိုးဖောက်လိုက်ခြင်းဖြစ်သည်။ များစွာအရုပ်ဆိုးအကျည်းတန်ခဲ့ပါ သည်။ အရေးကြီးအဆိုများကို အင်္ဂါ ရပ်နှင့်မညီ မိမိဆန္ဒသဘောဖြင့် လိုအပ်လျှင်လိုအပ်သလို အရေးကြီးအဆိုများ တင်သွင်းသွားခဲ့သည်။

ဥပဒေနားလည်သူများက ထောက်ပြပြီး နိုင်ငံရေးလေ့လာသူများက သတိပေးနေ သည့်ကြားကပင် အရေးစိုက်ရန် မလိုဟူသော သဘောထားဖြင့် လားမသိ။ အရေးကြီးအဆိုကို လိုလျှင်လိုသလို တင်သွင်းစေခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်။ ဝန်ထမ်းများခန့်အပ်ခြင်း၊ လစာတိုးမြင့်ခြင်း၊ ပြောင်းရွှေ့ ခြင်းစည်များမှာ အစိုးရများလုပ်ရမည့် အလုပ်ဖြစ်သော်လည်း ဦးသိန်းစိန်၏ သဘောဆန္ဒမပါ။ ဥပဒေပြု ရေးဘက်က စိတ်တိုင်းကျ ဆောင်ရွက်ခဲ့ပြန်သည်။ လွှတ်တော်ကိုယ် စားလှယ်များဆွေးနွေးနေ စဉ် သဝင်မကျသူများကို ဆွေးနွေးမှု ရပ်တန့်ခိုင်းသည်များပင် ရှိလာခဲ့ပါသည်။ နောက်ဆုံး ပေးအပ် ထားသော ဥပဒေပြုရေးပါဝါ (Legislative Power) ကို တလွဲသုံး၍ သမ္မတအား ပြည်ခိုင်ဖြိုး ပါတီ အတွင်းမှ ဖယ်ရှားရေး။ သမ္မတအဖြစ် ပြန်လည်အရွေးမခံနိုင်ရေးအထိပင် ကြိုးစားခဲ့ပါ၏။ တပ်မတော်ကို ပြည်သူတို့လက်ညိုးထိုးအောင် မလုပ်သင့်သောမဲခွဲမှုကို ဝန်ကြီးများရိုသေကြပါ၏။ သို့သော် မကြောက်ရွံ့နေကြရသည်ဟု ဆိုကြသည်။ "စိတ်တော်သိ"
ယဉ်ကျေးမှုမှာ လွှတ်တော် အတွင်း တဖြည်းဖြည်းအားကောင်းလာပြီဟု လွှတ်တော်ကိုယ်စားလှယ် များထဲမှပင် ပြန်၍ သတိပေးမှု များ ရှိလာခဲ့ပါသည်။

ဆိုရလျှင် ပြည်သူ့လွှတ်တော်သည် အမျိုးသားလွှတ်တော်နဲ့မတူဘဲ သီးသီးခြားခြား အာဏာရှင်စနစ် ခေါင်း ဆောင်ခဲ့ပြီး အာဏာနီ တည်ဆောက်မှုများတိုးပွားလာသည်ကို
တွေ့လာရပါသည်။ ဥပဒေကို အကျိုးစီးပွားအတွက် အသုံးချခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတတာဝန် ထမ်းဆောင်နေစဉ်အတွင်း မိမိပါတီ၏ကိစ္စရပ်များ ကို ဆောင်ရွက်ခွင့် မရှိစေရဟု ပြဌာန်းထားပါသည်။ ဤအချက်ပေါ် အခွင့်ကောင်း ယူ၍ ပုံဖော်ခဲ့ကြည်သည်ဟု မြင်သည်။ letter of law နှင့် Spirt of law ကိုခွဲခြားနိုင်လျှင် များစွာရှင်းလင်းလှပါသည်။ ဥပဒေ၏ အနှစ်သာရအရ သမ္မတ၏ အရှိန်အဝါဖြင့် သူ၏ပါတီကို မလျော်သြဇာသုံး၍ အကျိုးမဖြစ်ရန် ဟန့်တားခဲ့ခြင်း မျှသာဖြစ်သည်။ ထို့ထက်မပိုချေ။ ပါတီတစ်ခုအတွင်း CEC,EC နေရာချထားမှုနှင့် ရွေးကောက်ခံ ကိုယ်စားလှယ် သတ်မှတ်ခြင်း သည် များစွာအရေးကြီးသည့်ကိစ္စဖြစ်ပြီး ပါတီဥက္ကဌ၏ သဘောထားကို ရယူရပါမည်။ ယခု ပါတီဥက္ကဌ၏သဘောထားကို ရယူခြင်းမရှိသည့်အပြင် ပါတီဥက္ကဌနှင့် ဝန်ကြီးများ ကိုယ်တိုင် မိခင်ပါတီမှ ဝင်ရောက်အရွေးခံခွင့် ဆုံးရှုံးနေကြရသည့်အဖြစ်သို့ ရောက်ခဲ့ ကြသည်ကို ဆောင်းပါးများစွာ တွင် ဖော်ပြထားပြီးဖြစ်၍ အကျယ်မရေးလိုတော့ပါ။ ထို့ထက်ပို၍ CEC အ ချို့ကို ဘေးထုတ်လိုက်ကြောင်း တွေ့ရပြီး တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များလည်း မျက်ခုံးလှုပ် နေကြသည့် အခြေအနေဖြစ်လာခဲ့ပါ၏ မိမိ၏လူများဟု ယူဆထားသူများကိုသာ
ရွေးကောက်ခံ နေရာချထားပြီး သမ္မတ၏လူဟု ယူဆသူများကို အနည်းငယ်သာ လက်ခဲ့သည်ကိုတွေ့ ရသည်။

ပြည်ခိုင်ဖြိုး ပါတီ၏ အကျိုးတစ်ခုတည်းအပေါ် မှာသာ မှန်ကန်စွာကြည့်ရှုရပ်တည်ခဲ့လျှင် All Inclusive ကို ကျင့်သုံးနိုင် ရမည်ဖြစ်ဟု မြင်ပါသည်။ လက်တွေ့တွင်ကား ထိုသို့မဟုတ် အမျိုးသားရင်ကြား စေ့ရေး ဟုဆိုထားသော်လည်း ပါတီတွင်း ရင်ကြားစေ့ရေးကိုပင် မဆောင်ရွက်နိုင်တော့ဘဲ ပါတီတွင်း "ရန်-ငါ-" ခွဲခြားမှုပို၍ အရှိန်ကောင်းလာမည်ကိုသာ တွေ့ရပါ၏။ အတော်များ များ နိုင်ငံရေးပါတီမျာက ကိုယ်စားလှယ်အမည်များ ပြုစု ထားကြသော် လည်း ပြည်ခိုင်ဖြိုးပါတီအတွင်း ညှိနှိုင်းမရနိုင်သေး
မူက ရွေးကောက်ပွဲ သတ်မှတ်ချိန် နီးလာသည်အထိ ပြေမှုမရသေးသည့် သဘောဖြစ်ပြီး ထိုသတင်းက ပြင်ပသို့ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာခဲ့ပါ၏။ သက်ရောက်မှုအချို့ ရှိလာမည် များစွာသင်ခန်းစာ ယူဖွယ်ကောင်းသည်ဟု ဆိုရပါလိ့မည်။ မြန်မာတို့ အကျိုးစီးပွားအခြေပြု အင်အားကြီးမား ဆဲရှိ နေသေးသည်ကို တွေ့နေရသေးပေသည်။ ပြည်ခိုင်ဖြိုးပါတီအတွင်း ဖြစ်ပျက်မှုက လာမည့် ရွေးကောက်ပွဲကို မထိခိုက်နိုင်စေသော် လည်း၊ ရွေးကောက်ပွဲ ရလဒ်အပေါ် တစ်စုံတစ်ရာ သက်ရောက် မှုရှိစေမည် ကတော့ အမှန်ပင်။

ပါတီတွင်း စည်းရုံးရေး ကောင်းစွာမလုပ်နိုင်သောပါတီကို ပြည်သူတို့ ယုံကြည်မှုတစ်စုံတစ်ရာ လျှော့ကျ
မည်ကတော့ အမှန်ပင်။ သုတေသနများအရ ဦးသိန်းစိန်အပေါ် ထောက်ခံမှု (၇)ရာခိုင်နှုန်းနှင့် ဦးရွှေမန်းအပေါ် ထောက်ခံ သူများ ၏ မဲများပြည်ခိုင်ဖြိုးရရှိရန် မသေချာတော့ပါ။ ထိုမဲများက အခြားပါတီ တစ်ခုခုသို့ ရောက်သွားကြ ပါလိမ့်မည်။ ပြည်ခိုင်ဖြိုး ရရှိနိုင်သော မဲအရေ အတွက် တစ်စုံတစ်ရာ ကျဆင်းပါလိမ့်မည်။ စစ်တမ်းများ အရ ပြည်ခိုင်ဖြိုး မှာ NLDကိုအောင်နိုင်ရန် မလွယ်ကူပါ။ ယခုအခြေအနေက ပြည်ခိုင်ဖြိုး ရရှိနိုင်မည့်မဲကို ပို၍အကျပ်အတည်း တွေ့စေပါလိမ့်မည်။ ကံကောင်း သည်က NLD အတွင်း၌လည်း ကြီးကြီးမားမား ပြဿနာများရှိနေကြသည်ဖြစ်ရာ NLD ကို ၁၉၈၈- မှ ယ နေ့အချိန်ထိ အမြင့်မားဆုံး စိန်ခေါ်မှုဖြစ်စေခဲ့ပြီး ယုံကြည်မှုအနိမ့်ဆုံးကျနေတဲ့ အချိန်နှင့် တိုက်ဆိုင်နေပါသည်။ ထိုမဲများသည် ပြည်ခိုင်ဖြိုးမဟုတ်၊ NLD မဟုတ်သော တတိယအင်အားစု ပါတီများထဲ စီးဝင်သွားနိုင်ပါသည်။ ဆိုရလျှင် ပြည်ခိုင်ဖြိုးသည်လည်းကောင်း ၊ NLD သည်လည်း ကောင်း ယခင်ရလဒ်များကဲ့သို့ ပြတ်ပြတ်သားသား အနိုင်ရမှုမျိုးကို မမျှော်မှန်းနိုင်ကြတော့ချေ။

သို့သော်လည်း ပြည်ခိုင်ဖြိုးထက် NLDက အသာစီးရမြဲ ရရှိထားသည်ဟု ခြုံငုံ၍တော့ သုံးသပ် နိုင်ပါ သည်။ ပြည်ခိုင်ဖြိုးအတွင်း ပဋိပက္ခများသည်လည်းကောင်း၊ NLD အတွင်း ပဋိပက္ခများသည် လည်းကောင်း၊ လာမည့်ရွေးကောက်ပွဲ၏ မဲရလဒ်များကို တစ်စုံတစ်ရာ သက်ရောက်မှုရှိနိုင်မည့် လက္ခဏာများက တဖြည်းဖြည်းပို၍ ထင်ရှားလာခဲ့ပါသည်။ ထိုပါတီကြီး နှစ်ခုအနေဖြင့် အခြားမည့်သည့် ပါတီများနှင့် မဟာမိတ်ပြုနိုင်မည်ဆိုသည့် ဆောင်ရွက်ချက်က ၂၀၁၅ -၏အဖြေ တစ်ခုဟု မြင်လာရပါသည်။ ပါတီတစ်ခုသည် အခြားပါတီများ မယှဉ်သာအောင် အားကောင်းခဲ့လျှင် အာဏာရှင်စနစ်သို့ တစ်ဖန်ပြန်လည်၍ တွန်းပို့သလို ဖြစ်တတ်ပြီး၊ ပါတီအားလုံးမတိမ်မယိမ်းဖြင့် အင်အားချည် နဲ့နေကြပြန်လျင်လည်း ညွှန့်ပေါင်းပုံစံမြင့် ဖွဲ့စည်းကြမည်ဖြစ် ရာ ဖြစ်လာမည့် အစိုးရများမှာ Storng Government ဖြင့် အလှမ်းဝေးနေ ပါလိမ့်ဦး မည်။ ပြည်ခိုင်ဖြိုးသည်သည် လူအများငြီးငွေ့ လာသော ပါတီဖြစ်ပြီး NLDမှာမူ ဒေါ်အောင်ဆန်းစုကြည် အလွန်ကာလအတွက် စိုး ရိမ်စိတ် ကြီးကြီးမားမား အလွန်ရရှိထားရသော ပါတီဖြစ်နေပြန်ပါသည်။ ပါတီတစ်ခုခုတွင် ထက်ထက်မြက်မြက်ရှိသော ခေါင်းဆောင်တစ်ဦးဦး ဦးဆောင်နိုင်ပါက မြန်မာ့နိုင်ငံရေးအတွက် အလင်းတန်း တစ်ခုဖြစ်လာနိုင် ဖွယ်ရာရှိပါသည်။ ထိုသို့ပါတီ သုံးလေးခုလောက် ဖြစ် ထွန်းလာဖို့ ကောင်း သည်။ သို့မှသာ မြန်မာနိုင်ငံရေး အနာဂတ်ကို ထိန်းထိန်းသိမ်းသိမ်းမြင့် ပုံဖော်ထုဆစ် နိုင်မှာဖြစ်သည်။

မည်သို့ဆိုစေ လောလောဆယ် ဖြတ်သန်းကြရမည်မှာ ၂၀၁၅ -ရွေးကောက်ပွဲ ဖြစ်နေသည်။ နှစ်လမျှသာ လိုပါတော့၏။ ဤမျှနီးကပ်လာသည့် အချိန်အတွင်း အကြီးမားဆုံးသော ပါတီနှစ်ခုစလုံးက သူ့ပြဿနာနှင့်သူ ဖြစ်နေကြသည်မှာ ရွေးကောက်ပွဲရလဒ်အတွက် အားရဖွယ် မရှိချေ။ လောလောဆယ်လူအများ စိတ်ဝင်စားနေကြသည်မှာ ၂၀၁၅- ရွေးကောက်ပွဲထက် ပြည်သူ့ လွှတ်တော်ဥက္ကဌဖြစ်သူ ဦးရွှေမန်း၏ အနာဂတ်ဖြစ်လာပါသည် ဦးရွှေမန်း အနေဖြင့်ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် ဆက်လက်ရှိနေမည်လား ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ ရာထူးတွင် မရှိတော့ဘဲ သာမန်ပါတီဝင် တစ်ဦးအဖြစ် လျှော့ကျ သွားပြီးဖြစ်၍ ပြည်ခိုင်ဖြိုး တွင် ဆက်ရှိနေဦးမည်လား ဟူသည့် အပေါ်အများက အတော်စိတ်ဝင် စားနေကြပါ၏။ အချို့ကလည်း ပြဿနာများ ရှင်းရှင်းလင်းလင်း ရှိလာသည့် အခါတွင် ဦးရွှေမန်းကို ဒေါ်အောင်ဆန်းစုကြည် ကခေါ်ယူ၍ ပါတီပြောင်း သွားနိုင်သည် ဟူသော သုံးသပ်ချက်များလည်း ရှိလာပါသည်။ ၂၀၁၅-တွင် ဖြူးမြို့နယ်၌ အ မည်စာရင်း ပေးသွင်း ထားသော ဦးရွှေမန်း အနေဖြင့် ရွေးကောက်ပွဲကိုပင် ဆက်လက် ယှဉ်ပြိုင်ပါဦးမည်လားဟူသော သိလိုသူများကလည်း အနည်းပါချေ။ ရွေးကောက်ပွဲ မယှဉ်ပြိုင်နိုင်ခဲ့လျှင်မူ၊ သို့မဟုတ် ရွေးကောက်ပွဲ ၌အနိုင်မရ လျှင်မူ ဦးရွှေမန်းအနေဖြင့် လွှတ်တော်တွင်းနေရာရစရာ မရှိပါတော့ချေ။ သို့သော်လည်း NLD အများစုအနိုင်ရပါက ဦးရွှေမန်းအနေဖြင့် Executive ဘက်တွင် နေရာ တစ်ခုရလာနိုင် စရာတော့ ရှိနေပြန်ပါသေးသည်။ မြန်မာနိုင်ငံရေးမှာ Alternative များ ယခင်ကထက်ပို၍ များသည်ကတော့ အမှန်ပင်။ မည်သို့ဆိုစေ စိတ်ဝင်စားဖွယ်ရာကောင်းလာခဲ့ပြီး၊ မြန်မာ့နိုင်ငံရေးကံကြမ္မာ မည်သို့ အလှည့်အပြောင်းများဖြစ် လာမည်မှာ ပင့်သက်တရှိုက်ရှိုက် အခြေအနေသို့ ရောက်ရှိတွန်းပို့ ခံလိုက်ရပါသည်။

 

.. https://www.facebook.com/MyanmarExpress
 

ကျုံပျော်မြို့နယ်၊ ခရုရိုးကျေးရွာအုပ်စုမှ NLD ပါတီဝင် ၈၀ ကျော်နုတ်ထွက်၊ ဆိုင်းဘုတ်ဖြုတ်ချ

From : .. hot news

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် ခရိုင်၊ ကျုံပျော်မြို့နယ်၊ ခရုရိုးကျေးရွာအုပ် စု NLD ပါတီဝင် ၈၀ ကျော်က ပါတီမှ နုတ်ထွက်ကြပြီးNLD ပါတီဆိုင်းဘုတ်ကို သြဂုတ်လ ၂၁ ရက်နေ့ နံနက် ၁၀း၃၀ နာရီက ဖြုတ်ချခဲ့ကြောင်း သတင်းရရှိပါ သည်။

ခရုရိုးကျေးရွာအုပ်စုNLD  ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောပြရာတွင် ““NLD ပါတီ ဗဟိုမှ ကျုံပျော်ဒေသခံ CC   တစ်ဦးဖြစ် သူက လွှမ်းမိုးပြီး လွှတ်တော်ကိုယ်စား လှယ်များကို ရွေးချယ်ရာတွင် ပါတီဗဟို ရဲ့ မူဘောင်များကိုပစ်ပယ်ကာ ရွေးချယ် ခဲ့ကြောင်း၊ ပုဂ်္ဂိုလ်ရေးအာဃာတများနဲ့ အရည်အချင်းမရှိသူများကို ရွေးချယ်ခဲ့ ကြောင်း၊ အကျင့်စာရိတ်္တပျက်ယွင်းသူများ ၀င်ပါနေသည်ဟုဆိုကာ သြဂုတ်လ လဆန်းပိုင်းက ပါတီဝင် ၄၅၀ ကျော် လက်မှတ်ရေးထိုးပြီး ပြန်လည်စိစစ်ရွေး ချယ်ပေးရန် တင်ပြခဲ့သော်လည်း ယနေ့ အထိဆောင်ရွက်မပေးခဲ့ကြောင်း၊ ၁၂.၈ .၂၀၁၅ ရက်နေ့က သတင်းစာရှင်းလင်း ပွဲပြုလုပ်ပြီး ၅ ရက်အတွင်းပြုပြင်ပြောင်း လဲပေးပါရန် ဒုတိယအကြိမ် တင်ပြခဲ့ ကြောင်း၊ ဆောင်ရွက်မပေးပါက ပါတီ ၀င်များနုတ်ထွက်ခြင်း၊ ဆိုင်းဘုတ်ဖြုတ်ချ ခြင်းလုပ်မှာ ဖြစ်ကြောင်း တင်ပြခဲ့သော် လည်း ယနေ့အထိ အရေးတယူဆောင် ရွက်ပေးခဲ့ခြင်းမရှိ၍ ယခုကဲ့သို့ ဆိုင်းဘုတ် ဖြုတ်ချ၊ ပါတီမှ နုတ်ထွက်ရခြင်းဖြစ် ကြောင်း”” ပြောပြသည်။

ရပ်ကျေးဒုဥက်္ကဋ္ဌ ကိုလှိုင်က ပြောပြ ရာတွင် ““အမတ်လောင်းတစ်ယောက်ဟာ အရည်အချင်းပြည့်ဝဖို့လိုတယ်၊ အရည် အချင်းမပြည့်ဝတဲ့သူက လွှတ်တော်ထဲ ရောက်ပါက မိမိတို့ရပ်ရွာအကျိုးကို ဆောင်ရွက်ပေးနိုင်မှာ မဟုတ်တဲ့အတွက် ယခုလိုဆောင်ရွက်ခြင်းဖြစ်ကြောင်း”” ပြောပြပါသည်။

ပါတီဝင်မနှင်းဝေငြိမ်းက ပြောပြရာ တွင် ““မိမိတို့ကို တစ်ဦးတစ်ယောက် အဖွဲ့ အစည်းတစ်ခုက ကြိုးကိုင်ခိုင်းစေတာ မရှိ ကြောင်း၊ အမတ်လောင်းရွေးချယ်သွားတဲ့ ပုံစံနဲ့ ရွေးထားတဲ့လူကို မကြိုက်လို့နုတ် ထွက်တာဖြစ်ကြောင်း၊ အခြားပါတီကို ၀င်ဖို့အစီအစဉ်မရှိကြောင်း၊ ရွေးကောက် ပွဲမှာ ကိုယ်ကြိုက်တဲ့ပါတီကိုယ်စားလှယ် ကို မဲပေးမှာဖြစ်ကြောင်း”” ပြောပြပါ သည်။

ခရုရိုးကျေးရွာအုပ်စုသည် ကျုံပျော် မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ အင်အားကောင်းသော ဒေသတစ်ခု ဖြစ်ခဲ့ပြီး ဆိုင်းဘုတ်နှင့်အတူချခဲ့သော အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ် အောင်ဆန်း၏ ဓာတ်ပုံနှင့်လူထုခေါင်း ဆောင်NLD  ပါတီဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်၏ ဓာတ်ပုံကိုမူ လေးစားချစ် ကြည်ရင်းစိတ်ဖြင့် ဘုရားခန်းတွင် ထားရှိ မည်ဖြစ်ကြောင်း ဦးဝင်းမြင့်က ပြောပြခဲ့ ပါသည်။

.. https://www.facebook.com/MyanmarExpress
 

သာကူး အနုပညာရှင်များသို့


၂၀၁၅ ဖေဖော်ဝါရီ ၁၃ မှာ ပြသမယ်ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်အတွက် အလှူငွေ သိန်း ၈၀၀၀ ကျော် ကောက်ပြီးသွားပါတယ် အခု ၂၀၁၆ ရောက်ပါတော့မယ်။ အလှူငွေရော၊ ရုပ်ရှင်ရော ပေါ်မလာပါဘူး။
ပြည်သူကိုရှင်းလင်းတာလည်းမရှိပါဘူး။
ဘယ်လောက်ထိရိုက်ပြီးပြီလည်းဆိုတာလည်း မပြနိုင်ပါဘူး။
ငွေဘယ်လောက်သုံးတယ်ဆိုတာလည်း မရှင်းနိုင်ပါဘူး။
ကြည်ဖြူရှင်၊ ထွန်းအိန္ဒြာဗိုလ်နဲ့ အခုမြင်တွေ့နေရတဲ့ သာကူး အနုပညာရှင်တွေပါပဲ။
ဗိုလ်ချုပ်အောင်ဆန်းကို စော်ကားရာ ရောက်သလို စောင့်မျှော်ရင် အလိမ်ခံလိုက်ရတဲ့ ပြည်သူတွေကိုလည်း စော်ကားရာရောက်ပါတယ်။
ဗိုလ်ချုပ်ရုပ်ရှင် ကို ဘေးချိတ်ပြီး အခု NLD မဲဆွယ် ဇတ်လမ်းကျတော့ တစ်ပတ်နဲ့ အပြီး ရိုက်ကြပြန်ပါတယ်။
ပြည်သူတွေကို ထပ်ပြီး စိတ်ပျက်အောင် မလုပ်ကြပါနဲ့တော့။
ပြည်သူအထင်မကြီးတော့တဲ့ သာကူးတွေနဲ့ ရိုက်တဲ့ ဇတ်လမ်းကြောင့် NLD လည်း သိက္ခာကျနိုင်ပါတယ်။
ပြည်သူကိုတကယ်လေးစားရင် အခုရိုက်နေတဲ့ နောက်ကားမထွက်ခင် အရင်ကား ပြဿနာကကို အရင်ရှင်းကြပါ။

.. https://www.facebook.com/MyanmarExpress
 

ကရင်ပြည်နယ် NLD ဒုဥက္ကဌ ပါတီမှနုတ်ထွက်ကာ KNP ကိုယ်စားပြု အရွေးခံမည်

From : ..KIC


ကရင်ပြည်နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဒုဥက္ကဌစောဖိုးဝါးနှင့် ဖားအံခရိုင်အလုပ်မှုဆောင် ကော်မတီဝင် စောကလူထောတို့ ယင်းပါတီမှနုတ်ထွက်လိုက်ပြီး လာမည့်ရွေးကောက်ပွဲတွင် ကရင်အမျိုးသား ပါတီ (KNP) ကိုယ်စားပြုအရွေးခံသွားမည် ဖြစ်သည်ဟု ဆိုင်ရာတာဝန်ရှိသူများက ကေအိုင်စီသို့ ပြောသည်။

“ ကျနော်တို့ ကရင်ပြည်နယ် NLD ဒုဥက္ကဌနဲ့  ဖားအံခရိုင်အလုပ်အမှုဆောင်တစ်ဦး တို့ ပါတီကနေနုတ်ထွက် သွားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာမှမပြောလိုပါဘူး ” ဟု NLD ကရင်ပြည်နယ် အလုပ်မှုဆောင် အဖွဲ့အတွင်းရေးမှူး ဦးမင်းချစ်ထွန်းက ကေအိုင်စီသို့ သြဂုတ် ၁၇ ရက်နေ့ တွင်ပြောသည်။

ပြည်နယ် NLD မှနုတ်ထွက်လိုက်သူ စောဖိုးဝါးနှင့် စောကလူထောတို့သည့် လာမည့်ရွေးကောက်ပွဲတွင် ကရင်အမျိုးသားပါတီကိုယ်စားပြုကာ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြည်နယ်လွှတ်တော် အမှတ် ၁ နှင့် ၂ မဲဆန္ဒနယ်မြေအသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ထံ စာရင်းတင်ထား ပြီးဖြစ်သည်ဟု KNP ပါတီ ခေါင်းဆောင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ သံတောင်ကြီးမြို့နယ် NLD ဥက္ကဌ နော်ခရစ္စထွန်းက “ကိုယ့်ကရင်ဒီမိုကရေစီ အင်အားစုက ကိုယ့်မြို့နယ်ထဲမှာလာရောက်ယှဉ်ပြိုင်တာကို ကြိုဆိုရမှာပေါ့ ” ဟု မှတ်ချက်ပြုပြောဆိုသည်။

ထို့ အပြင့် ဒီမိုကရေစီအင်အားစုများအနေဖြင့် အာဏာရှင်စနစ်ကိုဆန့်ကျင်ရုံဖြင့် မပြီးသေးသလို တိုင်းရင်းသား အရေးကိုပါ နားလည်သဘောပေါက်ရန်လိုကာ ဒီမိုကရေစီအောင်မြင်ရန် ဖက်ဒရယ်စနစ်လိုအပ်သည်ဟု တိုင်းရင်းသားပါတီ အများစုက ခံယူထားသည့်အတွက် ယခုလို ပါတီကြီးတစ်ခုမှနုတ်ထွက်ကာ မိမိတို့ ပါတီသို့  ဝင်ရောက်လာသည့်အတွက် လှိုက်လှိုက်လဲလဲ ကြိုဆိုကြောင်း KNP ဒုဥက္ကဌ မန်းထိန်ဝင်းစိန်က ပြောသည်။

ယခုကဲ့သို့ ပြည်နယ် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များ နုတ်ထွက်သွားခြင်းသည် ပါတီ၏ ကိုယ်စားလှယ် လောင်းရွေးချယ်ပေးမှုအပေါ် အမြင်မတူသည့် အတွက်ဖြစ်နိုင်ကြောင်း ပြည်နယ် NLD ပါတီဝင်များက သုံး သတ်ပြောဆိုနေသော်လည်း ကာယံကံရှင်များကမူ လက်ရှိအချိန်တွင် မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို ပြောဆိုလိုခြင်းမရှိဟု ကေအိုင်စီသို့ ပြောသည်။

လာမည့်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ စာရင်းကို NLD ကထုတ်ပြန်လိုက်ပြီးနောက်ပိုင်း ပါတီတွင်း အငြင်းပွားမှုများဖြစ်ပေါ်ခဲ့ကာ NLD အနေဖြင့် တချို့ပါတီဝင်များကို ထုတ်ပယ်ခြင်းများရှိသလို၊ နုတ်ထွက်သွားသူ များလည်းရှိကြောင်း NLD ပါတီဝင်များထံမှ သိရသည်။

.. https://www.facebook.com/MyanmarExpress
 

ဖိအားပေးခြင်းဟာ အာဏာပြခြင်းတစ်မျိုးဖြစ်သည်


ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနှင့်ပတ်သက်ပြီး NLD ပါတီအတွင်း ပြဿနာများ ဖြစ်ပေါ်လျက်ရှိသည်။ သာမန်အမြင် ဖြင့်ကြည့်ပါက ယင်းပြဿနာများမှာ ဆိုးဆိုးရွားရွားမဖြစ်နိုင်ဟု ယူဆနိုင်သော်လည်း အချိန်ကြာမြင့်လာသည်နှင့်အမျှ ပါတီ အတွင်း မကျေမနပ်ဖြစ်မှုက တစ်နေ့တစ်ခြားကြီးထွားလာနေသည်။ ပြည်သူ့ဆန္ဒနှင့် ကိုက်ညီမှုမရှိသည့် ကိုယ်စားလှယ် လောင်းများကို ပြန်လည်ပြင်ဆင်ရွေးချယ်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့သည့် ပခုက္ကူမြို့နယ်မှ ပါတီဝင် ၁၀ ဦး၊ လှည်းကူး မြို့နယ်မှ ၂၄ ဦးနှင့် ကျန်ရှိသည့်မြို့နယ်အချို့မှ ၆ ဦး၊ စုစုပေါင်း ၄၀ ဦးကို ဗဟိုကော်မတီဝင်များအား အာဏာဖီဆန် သည်ဟုဆိုကာ ပါတီမှ ထုတ်ပယ်ခဲ့ကြသည်။

ပွင့်လင်းမြင်သာမှုမရှိခဲ့သည့် ကိုယ်စားလှယ်လောင်းရွေးချယ်ခဲ့မှုကြောင့် ပါတီအတွင်းမှ မတရားသဖြင့် ထုတ်ပယ်ခံခဲ့ရသူ များရှိသလို၊ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရသော်လည်း ပွင့်လင်းမြင်သာမှုမရှိသည့် ရွေးချယ်မှုကို လက်ခံလို သည့်အတွက် ပါတီမှ နှုတ်ထွက်သွားသူများလည်းရှိနေသည်။ ထို့အပြင် ကိုယ်စားလှယ် လောင်းအဖြစ် ရွေးချယ်ခဲ့ပြီးကာမှ ပါတီအတွင်း ပြဿနာများကို ကုစားနိုင်ရန်အလို့ငှာ ကိုယ်စားလှယ်လောင်းအဖြစ်မှ နှုတ်ထွက်ပေးဖို့ဗဟိုမှ ဖိအားပေးခြင်း ကို ခံနေရသူများလည်းရှိနေသည်။
ပညာရှင်များကို အလေးထားပါသည်ဟု ပြောဆိုထားပြီး တတ်သိပညာရှင်များကို ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် ရန် ဖိတ်ခေါ်ထားသည့် NLD ပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ်ရွေးချယ် ထားသည့် ဒေါက်တာ မြင့်ဦးအား အကြောင်း မရှိအကြောင်းရှာပြီး ကိုယ်စားလှယ်လောင်းအဖြစ်မှ ပြန်လည်နှုတ်ထွက်ပေးရန် ဖိအားပေးခဲ့သည်ဟု သိရှိရသည်။ ဖိအား ပေးပြောဆိုခဲ့သည်မှာလည်း NLD ပါတီရုံးချုပ်မှ ဦးမြင့်စိုး(ခ) မိုဃ်းလင်းက ဒေါက်တာမြင့်ဦး ဖွင့်ထားသည့် ဆေးခန်းအထိ လာရောက်ကာ အထက်စီးဆန်စွာ ငေါက်ငန်းပြောဆိုပြီး နှုတ်ထွက်ရန်ပြောဆိုခဲ့သည်ဟု ဒေါက်တာမြင့်ဦး ကိုယ်တိုင်ဖွင့်ဟ ပြောဆိုခဲ့သည်။
ကိုယ်စားလှယ်လောင်း ပဋိပက္ခနှင့်ပတ်သက်ပြီး NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ယခုလို ပြဿနာများဖြစ်ပေါ် နေသည့်အတွက် မိတ်ဆွေအစစ်အမှန်များကို မိုပိုသိရှိလာနိုင်သည်ဟု ပြောဆိုခဲ့သည်။ တကယ်တော့ ကိုယ်စားလှယ် လောင်းကိစ္စကြောင့် NLD ပါတီ၏ လိုတစ်မျိုးမလိုတစ်မျိုးရှိသည့် အကျင့်စရိုက်များကို ထင်ရှားစွာ သိမြင်လိုက်ရခြင်းသာ ဖြစ်သည်။ လိုအပ်သည့်အချိန်များတွင် NLD ပါတီကို ၀န်းရံပေးကြပါဟု ပြောဆိုတတ်ကြသော်လည်း မလိုအပ်သည့်အခါမှာ တော့ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ကန်ထုတ်တတ်ကြ၍ဖြစ်သည်။
ယခုတော့ NLD ပါတီ ခေါင်းဆောင်ပိုင်း၏ လိုတစ်မျိုးမလိုတစ်မျိုး လုပ်ဆောင် တတ်သည့် အကျင့်စရိုက်ကို အောက်ခြေ ပါတီဝင်များကလည်း လက်မခံနိုင်ကြတော့ပေ။ ဒါကြောင့်လည်း အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိ ဘဲ အာဏာဖီဆန်သည် ဆိုသည့် ခေါင်းစဉ်တပ်ပြီး ထုတ်ပယ်ခံလိုက်ရသည့် ပခုက္ကူမြို့နယ်မှ ပါတီဝင်များအတွက် သတင်းစာရှင်းလင်းပွဲ လုပ် ဆောင်၍ ဗဟိုကော်မတီ၏ လုပ်ရပ်များကို ထိပ်တိုက်ရင်ဆိုင်ကြတော့မည်ဖြစ်သည်။ တရားမျှတမှုမရှိသည့် ကိုယ်စားလှယ် လောင်းရွေးချယ်မှုကြောင့် NLD ပါတီ၏ရှေ့ရေးမှာ အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်တော့မည်ဟု ပြောကြားလိုက်ရ ပါသည်။


.. https://www.facebook.com/MyanmarExpress
 

"NLD ကို ရင်ခုန်စရာ မရှိပါဘူး" ~ ဦးစိုင်းလိတ်

From : ..mizzima

၂၀၁၅ ရွှေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ရှမ်းပါတီကြီးနှစ်ခု အနေနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့မှလွဲ၍ ကျန်နယ်မြေများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား စိုးရိမ်စရာမရှိဟု ဆိုသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်-(ကျားခေါင်း) က လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၅၈ ဦး စာရင်းပေးသွင်းထားပြီး လားရှိုးမြို့ပေါ်တွင် ပြည်ခိုင်ဖြိုးနှင့် NLD အားယှဉ်ပြိုင် ရမည်ဖြစ်သော်လည်း ကျန်မဲဆန္ဒနယ်များတွင် NLD အား စိုးရိမ်စရာမရှိဟု ၄င်းပါတီပြန်ကြားရေး ဦးစိုင်းလိတ်ကပြောသည်။

''လားရှိုးမှာတော့ ပြည်ခိုင်ဖြိုးနဲ့ NLD ပေါ့။ ကျန်နယ်တွေမှာ NLD ကို ရင်ခုန်စရာ မရှိပါဘူး။'' ဟု ၄င်းကဆိုသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ) ကလည်း စုစုပေါင်း ကိုယ်စားလှယ် ၂၁၀ ဦး ယှဉ်ပြိုင်မည်ဖြစ်ပြီး မဲဆန္ဒနယ်အများစုမှာ ပြည်ခိုင်ဖြိုးနှင့်သာ အဓိကယှဉ်ပြိုင်ရမှာဖြစ်ပြီး NLD နှင့် အဓိကပြိုင်ရမည်မဟုတ်ဟု ပါတီပြန်ကြားရေး ဦးစိုင်းမောင်တင့်က မဇ္ဈိမသို့ ပြောသည်။

တချို့မဲဆန္ဒနယ်များတွင်မူ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်း) နှင့်ယှဉ်ပြိုင်ရမည် ဟု ဆိုသည်။

ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီမှာ ရှမ်း/မြောက်တွင် စုစုပေါင်း ၆ ဦးဝင်ပြိုင်မည်ဖြစ်ကာ ယင်းပါတီသည် ပြည်ခိုင်ဖြိုးပါတီနှင့် နီးစပ်သည်ဟု လားရှိုးမြို့မှ သုံးသပ်မှုများရှိနေသည်။


.. https://www.facebook.com/MyanmarExpress
 

ဦးသန်းရွှေ စာဖတ်နေရာမှ ပြန်လာပြီး ရွေးကောက်ပွဲ ပျက်အောင် ဒေးဗစ်လှမြင့် နောက်ကြောင်းပြန်မည်



၂၀၁၅ ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၁၀၀ကျော် သာ လိုတော့ချိန်မှာ ၉၀ ရွေးကောက်ပွဲ NLD ငပုတောအမတ် ဒေးဗစ်လှမြင့်က နောက်ကြောင်းပြန်ဖို့ စတင်လိုက်ပါတယ်။
လွန်ခဲ့တဲ့ ၂၅ နှစ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကိစ္စကို နောက်ကြောင်းပြန်လှည့် တရားစွဲမယ်လို့ ဒေးဗစ်လှမြင့်က ဆိုပါတယ်။
ဒေးဗစ်လှမြင့်ရဲ့ နောက်ကြောင်းပြန်မှုကြောင့် အစိုးရဘက်က လိုက်ပြီးနောက်ကြောင်းပြန်မှာကို ပါတီအချို့က စိုးရိမ်နေကြောင်း သိရပါတယ်။
အထူးသဖြင့် နိုင်ငံရေးမှာ လုံးဝ မပါတော့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို နိုင်ငံရေးထဲ ပြန်လာအောင် လုပ်ခြင်းကြောင့် အခြေအနေ ပိုမိုရှုတ်ထွေးနိုင်ကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။
လက်ရှိမြန်မာ့နိုင်ငံရေးမှာ အစိုးရနှင့် အတိုက်အခံသာ အားပြိုင်ယုံမျှ မက အာဏာရပါတီတွင်း အချင်းချင်း အားပြိုင်မှုများ၊ အတိုက်အခံပါတီတွင်း အချင်းချင်း အားပြိုင်မှုများကြောင့် ဖြုတ်ထုတ်ရှင်းများ ရှိနေသဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ လာရောက် အခြေအနေထိန်းသိမ်းရန် တောင်းဆိုသည့် ပြည်သူများလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၅ နှစ်အတွင်း သူနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စများ မရှိခဲ့တာကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြန်လာတာမျိုး မရှိခဲ့ပေမယ့် အခု ဒေးဗစ်လှမြင့် နောက်ကြောင်းပြန်တဲ့ ကိစ္စကတော့ တိုက်ရိုက်သက်ဆိုင်နေတာကြောင့် ပြန်လာနိုင်ကြောင်း ယူဆရပါတယ်။
လက်ရှိအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၈ ရက်ရွေးကောင်းပွဲကို သူမရဲ့ အကြီးမားဆုံးအခွင့်အရေးအဖြစ် မျှော်လင့်မှတ်ယူထားပါတယ်။
ဒေးဗစ်လှမြင့်ရဲ့ နောက်ကြောင်းပြန်တရားစွဲမှု ထင်ရှားလာရင်တော့ ရွေးကောက်ပွဲလည်း ပျက်နိုင်ပါတယ်။
ဒေးဗစ်လှမြင့်ဟာ ၁၉၉၀ ရွေးကောက်ပွဲအား NLD ပါတီ ငပုတော့ မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခု NLD ပြန်လည်ဖွဲ့စည်းချိန်မှာတော့ NLD ထဲသို့ ပြန်မဝင်တော့ဘဲ UNDO နဲ့ MPU မှာ အတွင်းရေးမှူး လုပ်နေပါတယ်။
သမိုင်းတစ်လျှောက် ပြည်သူ့အရေးလှုပ်ရှားမှုများမှာ ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်ခဲ့တာ မရှိခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၉၀ ရွေးကောက်ပွဲ NLD အမတ်အားလုံးကို အနောက်နိုင်ငံက ထောက်ပံ့ငွေ လစဉ်ပေးထားကြောင်း သိရပါတယ်။

==============================

ဦးသန်းရွှေကြီးကို တရားစွဲမယ်ဘာညာဆိုတော့
ဘယ်ဟာကို အကြောင်းပြုပြီး စွဲမှာလည်းပေါ့ ..
စိတ်ဝင်တစားနဲ့ဖတ်ကြည့်ပါတယ်
လွှတ်တော် မခေါ်လို့တဲ့ ...
အဲဒီမှာတင် သောက်တလွဲဖြစ်ရောပြောရမလိုပဲ...
ကျန်တဲ့ ဟာတွေ အကြောင်းပြချက်ပေးရင်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ
ဝန်းရံကြမည်သူတွေ ဘာတွေ အတွက်အလုပ်ရဦးမယ် ခုဟာက ဘယ်သူမှအလုပ်မရဘဲ
ဒီတိုင်းပြီးမည့်ကိစ္စကြီး.....
ပထမ အချက် လွှတ်တော်ခေါ်ရအောင်က ခြေဥမရှိလိုပါဆိုပြီး ဟိုကပြောလိမ့်မယ်....
ဒီလိုပြောရင် ၄၇ ဥပဒေတို့ ၇၄ တို့ရှိတယ်ဆိုပြီး ပြောမည်မကြံနဲ့ဦးဗျ..
၄၇ က ၁၀ နှစ်ပြည့် ဘာဖြစ်နိုင်တယ်ဆိုတဲ့ အပိုဒ်ကိုကြည့် ပြည်ထောင်စုပြိုကွဲနိုင်တယ် ဒီတော့ ၄၇ အရအစိုးရဖွဲ့လို့ ကမဖြစ်နိုင်ဘူး.....

ဒီတော့ ၇၄ လို့ ပြန်မပြောနဲ့ ၇၄ ဆိုတာကြီးက တစ်ပါတီစနစ်ဗျ ...
တစ်ပါတီစနစ်မကြိုက်လို့ ကျောင်းသားတွေ လမ်းပေါ်ထွက်ရတာပါ ပြည်သူတွေ လမ်းပေါ်ထွက်လာရတာပါဆိုတဲ့စကားနဲ့ ကြည့်ရင် ၇၄ က အဆင်မပြေနိုင်ဘူး...
ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိဘဲ အစိုးကို ဘယ်လိုမှ ဖွဲ့မရနိုင်လို့ ခြေဥရေးကြအောင်ဆိုတော့ ကန့်လန့်တိုက်ပြီး ဘေးထိုင်နေခဲ့ကြပြီးတော့ ၁၈ နှစ်လောက်အကြာပေါ်ထွက်လာတဲ့ ခြေဥနဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲကြီးလုပ်ခဲ့ကြတာ ခုဆို ၉၀ခုနှစ်နဲ့ တွက်ရင် နှစ် ပေါင်း ၂၅ တောင်ရှိတော့မယ်...ခုမှ တရားစွဲမယ်ဆိုတော့ တရားမနဲ့လား /ပြစ်မှုနဲ့လားဗျာ.....
ဒါတွေကထားလိုက်ပါတော့....

တရားစွဲမယ်ဆိုလည်း တခြား အကြောင်းပြချက်နဲ့ စွဲပါလားဗျာ
ဘာပဲပြောပြော ၀န်းရံပေးကြမည့်သူတွေ အတွက် ပြောရဆိုရတာ စကားလုံးလှတာပေါ့ ခုဟာက ၀န်းရံမည့်သူတွေတောင် ကြောင်စီစီနိုင်မည့် အကွက်တွေက မလန်းပါဘူး....

တရားရေးမဏ္ဍိုင် ဘာဖြစ်နေတယ် ညာဖြစ်နေတယ်ဆိုပြီး
သောက်ဖောင်းထုချင်ရုံတစ်ခုတည်းနဲ့ လျှောက်မလုပ်ပါနဲ့
လမ်းမပေါ်ကားကြပ်တာပဲ အဖတ်တင်ပါတယ်......

အောင်ရဲစိုး-ဥပဒေ


.. https://www.facebook.com/MyanmarExpress
 

ရွေးကောက်ပွဲကာလ ဖေ့စ်ဘုတ်ပေါ်တွင် အကြမ်းဖက်လှုံ့ဆော်သော ဖေ့စ်ဘုတ်ပို့စ်များကို ဖယ်ရှားသွားမည်

From : ..mizzima

လာမည့်ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း အကြမ်းဖက်မှုကို လှုံ့ဆော်သည့် မည်သည့်ပို့စ်ကိုမဆို ဖယ်ရှားရန်အတွက် မြန်မာအစိုးရက လူမှုကွန်ရက်ကြီး ဖေ့စ်ဘုတ်နှင့် လက်တွဲဆောင်ရွက်သွားမည်ဟု သြဂုတ်လ ၂၅ရက်က Channel News Asia သတင်းတစ်ရပ်က ဖော်ပြထားသည်။
နိုင်ငံနှင့်အဝန်းတွင် ဖေ့စ်ဘုတ်နှင့် မိုဘိုင်းဖုန်းအသုံးပြုသူများ တိုးတက်များပြားလာမှုကြောင့် စက်တင်ဘာ ၈ရက်တွင် စတင်မည့် မဲဆွယ်ကာလကစပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်ကြသည့် ကာလအတွင်း အင်တာနက်သုံးစွဲသူအချို့က ဖေ့စ်ဘုတ်ကို အသုံးချ၍ မမှန်သတင်းများ ဖြန့်ဝေလာမည်ကို အာဏာပိုင်များက စိုးရိမ်ပူပန်လျှက်ရှိသည်ဟု ဆိုသည်။
‘၂၀၁၂နဲ့ ၂၀၁၃ခုနှစ်တွေမှာ လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ဖေ့စ်ဘုတ်နဲ့ ပထမဆုံးအကြိမ် ပူးပေါင်းခဲ့တယ်။ ဒါ့ကြောင့် သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်တာမဟုတ်ဘဲ မဲဆွယ်ကာလအတွင်းမှာ လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေဖြစ်ပွားအောင် လှုံ့ဆော်မှုမှန်သမျှ၊ အမုန်းတရားပွားများစေတဲ့ အပြောအဆိုမှန်သမျှကို တားဆီးဖို့အတွက်ပဲ ရွေးကောက်ပွဲကာလအတွင်းမှာ ဖေ့စ်ဘုတ်နဲ့ ပူးပေါင်းဆောင်ရွက်သွားဦးမှာပါ’’ဟု မြန်မာပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဖေ့စ်ဘုတ်သုံးစွဲသူ ခန့်မှန်းခြေ ၅သန်းခန့်ရှိသည်ဟု ဆိုသည်။


.. https://www.facebook.com/MyanmarExpress
 

NLD နှင့် NLD ကိုမဲပေးမည့် သူများ ဖြေရမည့် မေးခွန်း (၁ မှ ၁၀)

 ၂၀၁၅ မှာ NLD အပြတ်အသတ်နိုင်ပြီး အစိုးရဖွဲ့ ခွင့် ရပြီဆိုပါစို့ 
၁။ နိုင်ငံခြားရင်းနှီးမြုပ်နှံ မှုနှင့် ပတ်သတ်ပြီး မည်သည့် သဘောထားမျိုးရှိမည်နည်း? Free Market ဖက်ကိုအသားပေးပြီး Local companies များနှင့် မျှတစွာယှဉ်ပြိုင်ခြင်းကိုအားပေးမှာလား? Protectionism လို့ ခေါ်တဲ့ ပြည်တွင်း SMEs တွေကိုအကာအကွယ်ထောက်အပံ့ပေးတဲ့ ပေါ်လစီဖက်ကိုသွားမှာလား? ဘာကြောင့် လဲ? ဘယ်လိုလဲ?
၂။ အစိုးရ ဘက်ဂျက်မှာ ကျန်းမာရေး၊ ပညာရေးအသုံး လူမှုဖူလုံရေး စတဲ့ အသုံးစရိတ်ကိုတိုးမြှင့် မှာလား? ဒါဆိုဘယ် ဘတ်ဂျက်ကိုလျှော့ ချင်လဲ ကာကွယ်ရေးလား? (ကာကွယ်ရေးဆိုရင်ဘယ်လိုပုံနဲ့ လျှော့ မှာလဲ စစ်သားတွေကိုနှုတ်ထွက်ခိုင်းမှာလား? ခံစားခွင့် လျှော့ ပေးမှာလား?)
၃။ နိုင်ငံခြားရေးပေါ်လစီနဲ့ ပတ်သတ်ပြီး (အထူးသဖြင့် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး)ကို အလျှော့ ပေးမှာလား? ဒါမှမဟုတ် အပြန်အလှန်ဆိုတဲ့ ဘက်ကိုသွားမှာလား? အခု လက်ရှိတရုတ်ရဲ့ လွှမ်းမိုးမှုကိုဘယ်လိုလျှော့မလဲ? အမေရိကန်နဲ့ ဆက်ဆံရေးကို ကုတ်အားအဖြစ်သုံးမှာလား? ဒါမှမဟုတ် အနောက်မျှော်တဲ့ ဖက်ကိုယိမ်းမှာလား?
၎။ Fiscal policy နဲ့ ပတ်သတ်ပြီးကောဘယ်လိုသွားမှာလဲ ? အခုလက်ရှိ Fiscal deficit နဲ့ ဆက်သွားမှာလား? အခွန်တိုးကောက်မှာလား? ဒါမှမဟုတ် တိုင်းပြည်ဖွ့ံဖြိုးရေးအတွက် ပိုသုံးမှာလား?
၅။ စနစ်ပြောင်းမယ်လို့ ပြောတယ်? ဒါဆိုအစိုးရဖွဲ့ ပြီးတာနဲ့ ဖွဲ့ စည်းပုံပြင်ရေး တွေဖက်ကိုအာရုံစိုက်မှာလား? ဒါမှမဟုတ် လက်ရှိစနစ်ထဲကနေ ဖွံ့ ဖြိုးအောင်လုပ်ရင်းစနစ်ကိုတစ်ဖြေးဖြေးချင်းပြင်မှာလား?
၆။ Devolution of power လို့ ခေါ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ရဲ့ လုပ်ပိုင်ခွင့် အာဏာကို Regional Government လို့ ခေါ်တဲ့ တိုင်းဒေသကြီးအစိုးရဖက်ကိုပိုပေးမှာလား? ဒါမှမဟုတ်ပြည်ထောင်စုအစိုးရအဖွဲ့ ကချုပ်ကိုင်မှုကိုပိုအားကောင်းအောင်လုပ်မှာလား? ဘာလို့ လဲ?
၇။ Cabinet လို့ ခေါ်တဲ့ ဝန်ကြီးအဖွဲ့ ကိုပါတီထဲကလူတွေကိုပိုဦးစားပေးမှာလား? ပါတီဝင်မဟုတ်တဲ့ အမှန်တစ်ကယ်အရည်အချင်းရှိတဲ့ သူတွေကိုဖိတ်ခေါ်မှာလား? တစ်ကယ်လို့ ပါတီဝင်မဟုတ်တဲ့ ပြင်ပကအမှန်တစ်ကယ်သင့် လျော်တဲ့ သူတွေကိုပေးမယ်ဆိုရင် ပါတီတွင်းထဲက အစိုးရအဖွဲ့ မှာပါချင်တဲ့ သူတွေကိုကျေနပ်အောင်ဘယ်လိုလုပ်ပေးမလဲ?
၈။ လက်ရှိတပ်မတော်နဲ့ ပတ်သတ်ပြီးဘယ်လိုသဘောထားမျိုးထားမှာလဲ? ဖွဲ့ စည်းပုံအရ ကာကွယ်ရေးအပေါ်အစိုးရအဖွဲ့ က၀င်ရောက်စွက်ဖက်ပိုင်ခွင့် မရှိသေးတဲ့ အပေါ်မှာတပ်ကိုဘယ်လိုစည်းရုံးမှာလဲ?
၉။ တရားစီရင်ရေးနဲ့ ပတ်သတ်ပြီး Child rapist လိုမျိုးအမှုတွေအတွက်သေဒဏ်လိုကြီးလေးတဲ့ ပြစ်ဒဏ်ပေါ်ပေါက်ရေးကိုသွားမလား? လူ့ အခွင့် အရေးဖက်ကိုကြည့် ပြီး လက်ရှိပြစ်ဒဏ် အတိုင်းပဲ အပြစ်ရှိသူကိုလဲသူ့ ရပိုင်ခွင့် အခွင့် အရေးတွေမဆုံးရှုံးစေရေးဖက်ကိုသွားမလား?
၁၀။ နောက်ဆုံးကတော့ personal question ပါ။ ဒီနိုင်ငံကိုအောင်အောင်မြင်မြင်အုပ်ချုပ်နိုင်မယ်မြင်လား? ဘာကြောင့် လို့ ထင်လဲ


.. https://www.facebook.com/MyanmarExpress
 

ပင်လယ်ဘူးမြို့မှာ အန်အယ်လ်ဒီပါတီဝင် ၉၀ ကျော် နှုတ်ထွက်

From : ..rfa

စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူးမြို့နယ်နဲ့ စံရားကြီးကျေးရွာက NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၉၀ ကျော်ဟာ ပါတီဗဟိုရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကို မကျေနပ်တာကြောင့် ပါတီဝင်အဖြစ် ကနေ နှုတ်ထွက်လိုက်ပါတယ်။ ပင်လယ်ဘူးမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ဖို့အတွက် ပါတီဗဟိုက ရွေးချယ်ပေး လိုက်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းကို လက်မခံနိုင်တာကြောင့် နှုတ်ထွက်တာဖြစ်တယ်လို့ NLD ပါတီ ပင်လယ်ဘူးမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဖိုးသဲက ပြောပါတယ်။

"ကျနော်တို့ ပင်လယ်ဘူးမြို့နယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာမှာပေါ့ လူမှုရေး၊ ပညာရေး တအား အားနည်းတဲ့ပုဂ္ဂိုလ်ပေါ့ ရလဒ်ထွက်လာတာကြောင့် ဒီကိုယ်စားလှယ်ကို မကြိုက်လို့ မြို့နယ်အလုပ်အမှုဆောင်က ၃ ဦး ပါတီဝင်က ၈၉ ဦး အားလုံး ၉၂ ဦး ဒီနေ့နှုတ်ထွက်ကြတာပါခင်ဗျ၊ ကျနော်တို့ရဲ့ပါတီဟာ အောက်ခြေရဲ့အသံ ကို နားမထောင်ဘူးလို့ ဒီလိုမှတ်ချက်ပေးပြီးမှ ရပ်ကျေးတွေရဲ့အသံကို နားထောင်စေချင်တယ်"

မြို့နယ်အလုပ်အမှုဆောင် ၃ဦးနဲ့ စံရားကြီးကျေးရွာက NLD ပါတီဝင် ၉၀ကျော်ဟာ ဒီနေ့ နှုတ်ထွက်လိုက်တာလို့ သိရပါတယ်။ အလားတူ ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ်က မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ၃ ဦးကလည်း အမျိုးသားလွှတ်တော်နေရာအတွက် ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းကို လက်မခံနိုင်တာကြောင့် ပါတီဝင်အဖြစ်ကနေ ဒီကနေ့ နှုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ပခုက္ကူ၊ မိတ္ထီလာ၊ လှည်းကူး စတဲ့မြို့နယ်တွေမှာလည်း NLD ဗဟိုက ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ကန့်ကွက်ကြသလို ပါတီဝင်အဖြစ်ကနေ နှုတ်ထွက်တာတွေလည်း ရှိနေပါတယ်။

.. https://www.facebook.com/MyanmarExpress
 

မေးလျှင် မဖြေရန် ထုတ်ပြန်သည့် NLD ကြေညာချက် မီဒီယာကို စော်ကားခြင်းဖြစ်

From : ..မင်းကို

ယနေ့ခေတ် မြန်မာ့နိုင်ငံရေးဆိုတာကြီး ကြာလေစိတ်ကုန်လေ ဖြစ်လာမိသည်။ ထိုနည်းတူစွာပင် အတိုက်အခံပါတီကြီး ဆိုသည့် NLD ပါတီကိုလည်း ကြာလေချဉ်လေ၊ စိတ်ကုန်လေ ဖြစ်မိသည်။ မကြာသေးမီရက် အနည်းငယ်အတွင်းကပဲ NLD ပါတီ၏ အောက်ခြေပါတီဝင်များက ဗဟိုကော်မတီကို ပြန်ပြီးဆန္ဒပြသည့်သတင်း၊ ဆန္ဒပြသည့်သူများကို NLD ဗဟို က ထုတ်ပယ်လိုက်သည့်သတင်း၊ ဗဟိုချုပ်ကိုင်မှု တစ်နေ့တစ်ခြား များလွန်းလာသည်ကိုမကြိုက်၍ NLD ပါတီမှ နှုတ်ထွက် သွားကြသည့်သူများ၏ သတင်း၊ ရွေးကောက်ပွဲအတွက် ဗဟိုက ဖိအားပေးလွန်းတာကြောင့် စိတ်ဖိစီးမှုဒဏ်ကို မခံနိုင် သဖြင့် မိမိကိုယ်ကိုအဆုံးစီရင်သွားသည့် NLD ပါတီ ကိုယ်စားလှယ်လောင်းတစ်ယောက်၏ သတင်း စသဖြင့် NLD ပါတီ နှင့်ပတ်သက်သည့် သတင်းမျိုးစုံကို ကြားသိခဲ့ရသည်။
နိုဝင်ဘာလအတွင်းကျင်းပမည့် ရွေးကောက်ပွဲမှာ နိုင်ငံအတွက် ပြုပြင်ပြောင်းလဲမှုတစ်ခုခုကို ငတ်မွတ်တောင်းတနေ သည့် ပြည်သူတစ်ယောက်အနေဖြင့် စစ်မှန်သည့် ဒီမိုကရေစီစနစ်တစ်ခုရရှိအောင် လုပ်ဆောင်ပေးမည်ဟု အစဉ်တစိုက် ကြွေးကြော်လာသည့် NLD ပါတီနှင့် ပတ်သက်ပြီး စိတ်ဝင်တစား စောင့်ကြည့်နေခဲ့သည်။ မဲဆွယ်စည်းရုံးရေး ခရီးစဉ် တစ်ခုမှာ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မျက်စိစုံမှိတ်ပြီး NLD ကို မဲထည့်ပါလို့ မပြောခင်ကတည်းက ဒီလို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
ကိုယ်ရွေးချယ်မည့်လမ်း မမှားရအောင် ဒီလောက်တော့ လေ့လာစောင့်ကြည့်သင့်သည်ဟု ယူဆထား၍ဖြစ်သည်။
ယခုတော့ ဒီလိုလေ့လာ စောင့်ကြည့်ခဲ့ခြင်း၏ အကျိုးကျေးဇူးကြောင့် ကိုယ်လျှောက်ရမည့်လမ်းကို ထပ်မံမရွေးချယ်ရသေး ပေမယ့် ဒီလမ်းကို ရွေးချယ်လို့မဖြစ်ဘူးဆိုတဲ့ အသိတစ်ခုတော့ ရရှိခဲ့ပြီဖြစ်သည်။ အထက်မှာ ဖော်ပြခဲ့သည့် သတင်းမျိုး တွေကြောင့် NLD ပါတီနှင့်ပတ်သက်ပြီး တွေဝေနေစဉ်မှာ ထပ်မံထွက်ပေါ်လာသည့် သတင်းတစ်ခုကြောင့် ရွေးချယ်ရန် မဖြစ်တော့ဘူးဆိုတာ သေချာခဲ့ခြင်းဖြစ်သည်။
အဲဒီသတင်းကတော့ NLD ပါတီမှ ကိုယ်စားလှယ်လောင်းများအနေဖြင့် မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခြင်းမပြုရန်၊ မီဒီယာများနှင့်တွေ့ဆုံခြင်းမပြုရန်နှင့် ဟောပြောဆွေးနွေး ခြင်းများ မပြုလုပ်ရန် ဆိုပြီး NLD ပါတီ(ဗဟို)မှ ထုတ်ပြန်ကြေညာလိုက်သည့် သတင်းကြောင့်ဖြစ်သည်။
NLD ပါတီက ဒီလိုကြေညာချက်ထုတ်လိုက်တော့ ယခင်စစ်အစိုးရခေတ်လက်ထက်မှ မီဒီယာလွတ်လပ်ခွင့် အကြောင်းက ဦးနှောက်ထဲပြေးဝင်လာသည်။ ထိုစဉ်က မီဒီယာလွတ်လပ်ခွင့်မှာ များစွာဖိနှိပ်ချုပ်ချယ်ခံခဲ့ရသည်။ လက်ရှိအစိုးရ လက်ထက်မှသာ မီဒီယာလွတ်လပ်ခွင့်တိုးတက်လာခဲ့ခြင်းဖြစ်သည်။ ယခုတော့ NLD ပါတီက မီဒီယာကို ထိန်းချုပ်ဖို့ ကြိုးစားလာခဲ့ပြီဟု ယူဆရသည်။ NLD ပါတီမှာ အာဏာရပါတီမဟုတ်သလို အစိုးရလည်း မဟုတ်သေးပေ။ ဒါကြောင့် မီဒီယာကို ဖိနှိပ်ချုပ်ချယ်နိုင်ခွင့်တော့ မရရှိသေးပါဘူး။ ဒါကြောင့် အာဏာမရသေးခင်အချိန်လေးမှာ တတ်နိုင်သလောက် မီဒီယာကို ကန့်သတ်ဖို့ကြိုးစားလာခဲ့ခြင်းဖြစ်သည်။
NLD ပါတီအနေနဲ့ ဘာကြောင့် မီဒီယာကို ကန့်သတ်ဖို့ကြိုးစားလာခဲ့ပါသလဲ။ ရှင်းပါသည်။ အထက်မှာ ဖော်ပြခဲ့သည့် သတင်းများကို မီဒီယာများ၏ ဖော်ပြချက်ကြောင့် ပြည်သူများအနေဖြင့် လျင်မြန်စွာ သိခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ ပြောရရင် အဆိုပါသတင်းများကြောင့် NLD ပါတီ အတော်အထိနာသွားသည်ဟု ဆိုရမည်ဖြစ်သည်။ သို့သော်လည်း အဆိုပါ သတင်းများမှာ လုပ်ကြံပြောဆိုထားသည့် သတင်းများမဟုတ် အမှန်တကယ်ဖြစ်ပျက်ခဲ့သည့် အရာများသာဖြစ်သည်။ စစ် အစိုးရလက်ထက် မီဒီယာဖိနှိပ်မှုနှင့်ပတ်သက်ပြီး မီဒီယာဘက်မှ NLD ပါတီက ရပ်တည်ပေးခဲ့သမျှဟာ ပြည်သူ့ ထောက်ခံ မှုကို ရချင်ရုံသက်သက်သာဖြစ်သည်ဆိုတာကို ယနေ့တွင် မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသည်။
၎င်းတို့ကို ထိခိုက်လာသည့်အခါမှာတော့ ဆတ်ဆတ်ထိမခံနိုင် ဖြစ်နေကြသည်။ ဒါကြောင့်လည်း မီဒီယာကို ထိန်းချုပ် ကန့်သတ်ဖို့ ကြိုးစားလာသည်။ လက်ရှိအချိန်တွင် အာဏာရှိပါက မီဒီယာဖိနှိပ်မှုပင် လုပ်နိုင်သည်ဟုလည်း ယူဆထား သည်။ အမှန်က မီဒီယာကို ကန့်သတ်ဖို့ မကြိုးစားဘဲ ပွင့်လင်းမှန်ကန်စွာ လုပ်ဆောင်သင့်သည်။ ယခုတော့ NLD ပါတီ၏ ပုံစံမှာ ယခင်စစ်အစိုးရ၏ လမ်းစဉ်နောက်သို့ ကောက်ကောက်ပါအောင် လိုက်နေသလားလို့ စဉ်းစားမိလေသည်။


.. https://www.facebook.com/MyanmarExpress
 

ကျုံပျော် NLD ပါတီဝင်များ NDF သို့ ကူးပြောင်း


၂၀၁၅ ရွေးကောက်ပွဲအတွက် ပါတီအသီးသီးက အင်အားစုဆောင်းနေချိန်မှာတော့ NLD ပါတီဟာ မင်းသားကြီးမလုပ်ရ ပတ်မကြီးထိုးဖောက်သူများနဲ့ အာဏာရူးများ၊ ပါတီဗဟိုကနေ ဗဟိုဦးစီးစနစ် ကျင့်သုံးနေမှုတွေကြောင့် ပါတီဝင်တွေဟာ တဖွဲဖွဲနဲ့ နှုတ်ထွက်ပွဲတွေ ဟော တစ်မြို့ ဟော တစ်မြို့ ကျင်းပလာခဲ့တာ အခုဆို
ကျွန်တော်တို့ တိုင်းဧရာရဲ့ ကျုံပျော်မြို့နယ်မှာပါတီရုံးဆိုင်းဘုတ်ဖြုတ်ချကာ ပါတီအလံနှင့် ဒေါ်စုကြည် ဓာတ်ပုံအား မီးရှို့ခြင်းနှင့် ပါတီဝင် အင်အား စုစုပေါင်း (၁၀၀၀)ဦး (ဗဟို)ကိုနှုတ်ထွက်စာ တင်ထားတယ်လို့ ပါတီနှုတ်ထွက်ရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ပါတီအလုပ်အမှုဆောင် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဆိုပါတယ်။။။။
ဒါ့အပြင် ဦးဝင်းမြင့် ဦးဆောင်တဲ့ ပါတီဝင် အင်အား (၅၀)ဦးဟာ ယခင်က သူတို့ပါတီကပဲ နှုတ်ထွက်ခဲ့သူများပြန်လည်ပေါင်းစုဖွဲ့စည်းထားတဲ့ ပါတီတစ်ခုဖြစ်တဲ့
NDF ပါတီကို ဒီနေ့ပဲ ၀င်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။


.. https://www.facebook.com/MyanmarExpress
 

ဗဟိုဦးစီးစနစ်အား ကန့်ကွက်သူများကို သစ္စာဖောက် ဟု CEC သတ်မှတ်

From : ..messenger

NLD ပါတီဝင် အဖြစ်မှ ထုတ်ပယ်ရာတွင် သဘောထား မတူညီမှုကြောင့် ထုတ်ပယ်မည် မဟုတ်ဘဲ သစ္စာဖောက် မှသာ ထုတ်ပယ် မည်ဖြစ်ကြောင်း NLD ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက The Messenger Media သို့ပြောသည်။

““ကျွန်တော်တို့က အမြဲတမ်း ဒီလို မလိုလားတဲ့ လူတွေကို ရင်ဆိုင်နေရတာ နှစ်နှစ်ဆယ်၊ နှစ်ဆယ့်ငါးနှစ် လောက်ရှိပြီ။ စည်းကမ်း ဖောက်ရင်တော့ အရေးယူ ရမှာပါ””ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

မြန်မာနိုင်ငံ တစ်ဝန်းရှိ NLD ပါတီ မှ နုတ်ထွက်မှု များသည် ဗဟိုသို့ မရောက်ရှိ သေးကြောင်း၊ သတင်းကြားထားမှု သာရှိကြောင်း၊ NLD ပါတီသည် ဒီမိုကရေစီကို လိုချင်သော နိုင်ငံရေးပါတီ ဖြစ်ကာ သဘောထား မတူယုံ တစ်ခုတည်းနှင့် မည်သူ့ကိုမှ ထုတ်ပယ်မည် မဟုတ်ကြောင်း၊ သစ္စာဖောက်မှသာ စည်းမျဉ်း စည်းကမ်းနှင့်အညီ အရေးယူမည် ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဆိုသည်။ လွှတ်တော်အတွင်း တပ်မတော်သားများ လေးပုံတစ်ပုံ နေရာယူ ထားသောကြောင့် ကျန်နေရာများတွင် အောင်နိုင်ရန် NLD အတွက် အရေးကြီးကြောင်း ၎င်းက ပြောသည်။

““ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနဲ့ ပတ်သက်လို့ အချို့ကလည်း မကျေနပ် ဖြစ်တာတွေ ပါတာပေါ့၊ မနေ့က သုံးယောက် နုတ်ထွက်တယ် ကြားတယ်၊ ကျွန်တော်တို့ဆီကို မရောက်သေးဘူး။ တိုင်းရုံးတွေတော့ ရောက်နေပြီ””ဟု NLD ပါတီ ရန်ကုန်တိုင်း ဒေသကြီး ဥက္ကဋ္ဌ ဦးမြင့်ဌေးက The Messenger Media သို့ပြောသည်။

ယခုလအတွင်း၌ လှည်းကူးမြို့နယ်တွင် ပါတီဝင်(၂၁) ဦးကို ထုတ်ပယ်ခဲ့သလို ပခုက္ကူမြို့နယ် တွင်လည်း (၁၀)ဦး ထုတ်ပယ် ခဲ့သည်။ စစ်ကိုင်းတိုင်း ဒေသကြီးတွင် မကျေနပ်၍ NLD ပါတီဝင် (၃၇၅) ဦးနုတ်ထွက်ခဲ့ကာ သန်လျင်တွင်လည်း (၃) ဦးနုတ်ထွက်ခဲ့သည်။

.. https://www.facebook.com/MyanmarExpress
 

ဥပဒေအထက်တွင် လွှတ်တော်ရှိသည်



သြဂုတ် ၂၀ ရက်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း အတည်ပြု ပြဋ္ဌာန်းနိုင်ရေး ဆက်လက် ဆွေးနွေးခြင်းကို ဆိုင်းငံ့ ထားရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုဆုံး ဖြတ်လိုက်သည်။ ယင်းဥပဒေကြမ်းကို ဆက်လက်ဆွေးနွေးရန် သင့်၊မသင့် ကိစ္စရပ်အပေါ် မဲခွဲဆုံး ဖြတ်ရာ ထောက်ခံမဲ ၂၆၄ ၊ ကန့်ကွက်မဲ ၂၃၅ နှင့် ကြားနေမဲ ၁၂ ရရှိခဲ့သည်။ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းရေး ဥပဒေကြမ်း ဆိုင်းငံ့ခဲ့ရပြီး မြန်မာလွှတ်တော်အမတ်များအား မည်သည့် ပြည်သူလူထုကမှ မည်သည့် ဥပဒေနှင့်မျှ ပြန်လည်ရုပ်သိမ်းနိုင်စွမ်း မရှိတော့ပေ။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လွှတ်တော်ကိုယ်စားလှယ်များ တာဝန်မှပြန်လည်ရုပ်သိမ်းခွင့် ပြဋ္ဌာန်းထား သော်လည်း လက်ရှိတွင် ယင်းပြဋ္ဌာန်းချက်မှာ အချည်းနှီးဖြစ်သည်။ Above The Law, ဥပဒေ အထက်တွင် လွှတ်တော် ရှိနေပြီ ဖြစ်သည်။
-
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈(ခ) တွင်“ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ ကိုယ်စားလှယ်ကို သက်ဆိုင်ရာမဲဆန္ဒရှင်များက ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းချက်များနှင့် အညီ တာဝန်မှပြန်လည်ရုပ်သိမ်းခွင့်ရှိကြောင်း၊ ပုဒ်မ ၃၆၉(ခ)တွင် သက်ဆိုင်ရာမဲဆန္ဒရှင် များသည် လွှတ်တော်တစ်ရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်ကို ဥပဒေနှင့်အညီတာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့် ရှိကြောင်း၊ ပုဒ်မ ၃၉၆(က)တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို တာဝန်မှ ပြန်လည် ရုပ်သိမ်းခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသော်လည်း ဥပဒေများမှာ စာအုပ်ထဲမှာသာရှိပြီး ပြည်သူများအတွက် အသုံးမဝင်ခဲ့ပေ။ ထို့အပြင် ပြည်သူများသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာမည်ဖြစ်ကြောင်း ကျမ်းကျိန်ထားသူများမဟုတ်ဘဲ ယခု လက်တစ်လုံးခြားလုပ်နေသည့် လွှတ်တော်အမတ်များကသာ အခြေခံဥပဒေကိုလိုက်နာပါမည်ဟု ကျမ်းကျိမ်သစ္စာဆိုခဲ့ကြသူများဖြစ်သည်။
-
၂၀၁၀ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ လွှတ်တော်အမတ်များ ဥပဒေအထက်တွင် နေခဲ့ကြရာ မကြာခင် ၅ နှစ်တင်းတင်း ပြည့်တော့မည်ဖြစ်သည်။ ၎င်းတို့သည် ၅ နှစ်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံကို အပြစ်တင်ပြောဆိုခဲ့သည်။ သို့သော် ဖွဲ့စည်းပုံတွင် ဖော်ပြထားသည့် လွှတ်တော်အမတ် အခွင့်အရေး အားလုံးကို အပြည့်အဝ ရယူခဲ့ကြသည်။ ထိုမျှမက အခွင့်အရေးသစ်များ ထပ်မှန်ပြဋ္ဌာန်းခြင်း၊ လစာများတိုးယူခြင်း၊ ခရီးသွား အသုံးစရိတ်များ တိုးမြှင့်ခြင်းတို့ကို စိတ်ကြိုက် မဲခွဲဆုံးဖြတ်ခဲ့ကြသည်။ သို့သော် ၎င်းတို့ကို ဖြုတ်ချနိုင်သည့် ပြည်သူလူထု၏ အခွင့်အရေးကိုတော့ ကန့်ကွက်ခဲ့ကြသည်။
-
တိကျမှန်ကန်သော ပြည်သူ့အမတ်များအနေဖြင့် RtoR Law ကို ကြောက်စရာမလိုပေ။ မဲဆန္ဒရှင် ၁% မှ ကန့်ကွက်လျှင် လွှတ်တော်မှ အဖွဲ့ဖွဲ့ကာ ဦးစွာစစ်ဆေးရမည်ဖြစ်သည်။ မှန်ကန်လျှင်လည်း Recall အတွက် မဲဆန္ဒနယ်များတွင် ဆန္ဒခံယူပွဲ လုပ်ရအုံးမည်ဖြစ်သည်။ ၅၀% ကျော်ကထောက်ခံမှ ပြန်လည် ရုတ်သိမ်းခံရမည်ဖြစ်သည်။ သို့သော် လွှတ်တော်အမတ်များမှာ မိမိကိုယ်မိမိ ယုံကြည်မှု လုံးဝမရှိသည့် ပုံစံဖြစ်နေသည်။ ယနေ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်များသည် “ပြည်သူ့ဆန္ဒဖြင့်ရွေးချယ်ထားသော ဥပဒေပြုလွှတ်တော်အမတ်များ” ဖြစ်ရမည့်အစား “ပြည်သူ့ဆန္ဒကိုမခံယူဝံ့သော ဥပဒေအထက်က လွှတ်တော်အမတ်များ” ဖြစ်နေပါကြောင်း သုံးသပ်လိုက်ရပါသည်။

#ဒေါက်တာမျိုးချစ်


.. https://www.facebook.com/MyanmarExpress
 

ဒီချုပ်အမတ်လောင်းများမီဒီယာများသို့ ဖြေကြားခြင်း၊ ဟောပြောခြင်းမပြုလုပ်ရန် ပါတီက တားမြစ်

From : ..7day

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများကို မော်လမြိုင်ကျွန်းခရီးစဉ်တွင် တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
လာမည့်ရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ကိုယ်စား ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများကို သတင်းမီဒီယာနှင့် တွေ့ဆုံဖြေကြားခြင်း၊ ဆွေးနွေး ဟောပြောမှုများမပြုလုပ်ရန် ဗဟို အလုပ်အမှုဆောင်အဖွဲ့က ကြေ ညာချက်ထုတ်ပြန်သည်။

ကိုယ်စားလှယ်လောင်းများအနေဖြင့် ထုတ်ပြန် ပြဋ္ဌာန်းထားသည့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် သဘောတူညီထားသည့် ကျင့်ဝတ်များကို တိကျစွာလိုက်နာရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ကိုယ်စားပြုရွေးရန် တာ ၀န်ပေးအပ်ထားသော ကိုယ်စားလှယ်လောင်းများ အနေဖြင့် ရေဒီယို၊ ရုပ်မြင်သံကြား၊ စာနယ်ဇင်းများ၊ အခြားသောသတင်းမီဒီယာများနှင့် ပြင်ပဟောပြောပွဲများတွင် ပုဂ္ဂလိက သဘောဖြင့်လည်းကောင်း၊ အဖွဲ့ချုပ်ကိုကိုယ်စားပြု၍သော်လည်းကောင်းဟော ပြောခြင်း၊ အပြန်အလှန်ဆွေးနွေး ခြင်း၊ အင်တာဗျူးလုပ်ခြင်း၊ ပြင်ပ ဆွေးနွေးပွဲများတွင် ပင်တိုင်ဆွေး နွေးသူအဖြစ် ဆောင်ရွက်ခြင်းစ သည်တို့မပြုလုပ်ကြရန် တားမြစ် ကြောင်း ကြေညာချက်တွင်ဖော်ပြ ထားသည်။

.. https://www.facebook.com/MyanmarExpress
 

ရွှေကူမေနှင်း – ကဲ … အစက တို့ မပြောလား


ဒီစာရေးဖို့အတွက် အကြာကြီးချင့်ချိန်ရပါတယ်။ ဒီကိစ္စက ကိုယ်ဝင်မပြောလည်း ရတယ်။ ကိုယ်နဲ့ တိုက်ရိုက်ပတ်သက်နေတာလည်း မဟုက်ဘူး။ ကိုယ့်အကျိုးလည်း တစ်ပြားသားမှ ထိခိုက်တာမဟုက်ဘူး။ နေ မယ်ဆို အနေသာကြီးပါ။

ဒါပေမယ့် လူထုကို ချစ်တဲ့စိတ်၊ တိုင်းပြည်ကို ချစ်တဲ့စိတ်နဲ့ ဒီပြဿနာကို၊ ကိုယ့်ပြဿနာလိုပဲ ခံစားနေ ရတယ်။ ဒီလိုခံစားရတာဟာ ကိုယ်တစ်ယောက်ထဲလည်း မဟုက်ဘူး။ အဲ ဒီနေ့ကစပြီး ဖုန်းနဲ့ပြောကြတာကို ထောက်ရင်း အများအပြားကလည်း ဒီကိစ္စကို မကျေမနပ်ဖြစ်နေကြတယ်ဆိုတာ ထင်ရှားပါတယ်။


တိုက်တိုက်ဆိုင်ဆိုင် ဒီလ ဒုတိယပတ်ထဲမှာ သူငယ်ချင်းဖြစ်တဲ့ ဆရာမောင်ဝံသရဲ့ ကွယ်လွန်ခြင်းနှစ် နှစ်ပြည့်အလှူအတွက်ဖိတ်တဲ့ တယ်လီဖုန်းလည်း ဝင်လာတယ်။ မောင်ဝံသကို ပိုပြီးသတိရတယ်။ မောင်ဝံသရှိ ရင် ဘာပြောမလဲ။ သေချာတာက သူလည်း ကိုယ့်နည်းတူ ခံစားရမှာပါ။ သူပြောဖူးပြီးသားပဲ။ အဲဒီနေ့က သူက အလေးအနတ်ပြောခဲ့တာ။

“ ကိုယ်တို့က အသက်ကြီးလာပြီ၊ မင်းတို့ကိုပဲ အားကိုးရမှာ၊ မင်းတို့အရွယ် လေးဆယ်- ငါးဆယ်ကြား တွေဟာ တိုင်းပြည်အတွက် နိုင်ငံရေးလုပ်ဖို့ အကောင်းဆုံးအရွယ်တွေပဲ။ အတွေ့အကြုံလည်း ရခဲ့ပြီးပြီ။ လုပ် ကြပါ” တဲ့။ ကျွန်မက မြို့ထဲလာရင်း သူ့အိမ်ရှေ့က ဖြတ်နေကြ။ အိမ်ရှေ့မှာ သူထိုင်နေတာမြင်ရင် ဝင်နှုတ် ဆက်၊ စကားပြောနေကြမို့ ဒီနေ့တော့ မြတ်စံရောက်နေတာနဲ့ ဆုံတာပါ။


မြတ်စံက ကျွန်မကို ပြုံးပြနှုတ်ဆက်ရင်း ကျွန်တော့ကို မှတ်မိလားလို့မေးတယ်။ ကျွန်မက မမှတ်မိ တော့ဘူးလို့ ဝန်ခံတယ်။ မောင်ဝံသက ဝင်ပြီး “ မြတ်စံ” လေလို့ ပြောတော့မှ ဟယ်… ခနဲ ဖြစ်ရတယ်။ ဝမ်း နည်းလိုက်တာ။ ဒါ… မြတ်စံတဲ့လား။ နှုတ်ခမ်းမွှေတွေနဲ့ အသားကလည်း ညိုညစ်လို့၊ ဝလည်းဝနေတော့ ဘယ် ကလူကြီးလဲလို့ ထင်ရတယ်။ ဖြစ်မှဖြစ်ရလေ မြတ်စံရယ်… လို့ စိတ်မကောင်းလိုက်တာ တကယ်က မြတ်စံဆို တာ ငယ်ငယ်ချောချော ကောင်လေးတစ်ယောက်ပေပဲ။ အနှစ်နှစ်ဆယ်ကြာတာနဲ့ ခုလို ရင့်ရော်သွားပြီလား။ ဟုတ်တာပေါ့လေ ကိုကိုကြီးတောင်မှ ဦးကိုကိုကြီး ဖြစ်သွားပြီပဲ။ ကိုပေါ်လည်း ဦးမင်းကိုနိုင်တဲ့။

အားလုံး လူ ကြီးတန်း ဝင်ကုန်ကြပြီ။


မြတ်စံက ကျွန်မ (၄၄) တက္ကသိုလ်ရိပ်သာလမ်းမှာ စအလုပ်လုပ်စဉ်၊ သူတို့က (၅၄) ထဲမှာ သုံးရောင် ခြယ်ပါ။


“ ခုတော့ ကျွန်တော်ဝင်ခွင့်တောင်မရဘူး” မြတ်စံက ကြေကြေကွဲကွဲ ပြောနေတယ်။ အပွိုင့်မန့် မပေးဘူးတဲ့။ သူတို့ အနီးကပ်စောင့်ရှောက်ခဲ့ရတဲ့ ခြံထဲကို ဝင်ခွင့်မရဘူးတဲ့။ ကျွန်မက ရယ်မောပြီး နေပေါ့လို့ ဖြေပြောရတယ်။ မောင်ဝံသကတော့ မြတ်စံတို့၊ ကို ပေါ်တို့အားလုံး နိုင်ငံရေးမှာ ဝင်လုပ်ရမယ်လို့ အားကိုးတကြီး အပ်နှံနေလေရဲ့။

ခု သြဂုတ်လ ၂ ရက် အင်တာနတ်ထဲကသတင်းမှာ ကိုကိုကြီးတို့မပါတဲ့အကြောင်း မောင်ဝံသဖတ်မိရင် ဘာပြောရှာမလဲ။ ပြောချင်လွန်းလို့ ဘယ်လိုတွေရေးမလဲ။ သူကသာ အားကိုးနေတာ … သူလုပ်ခဲ့ဘူးတဲ့ ပါတီက တော့ ကိုကိုကြီးတို့ကို မလိုချင်ဘူးလို့ လူသိရှင်ကြား ငြင်းပယ်လိုက်ပြီ။


ကျွန်မဆီ ဖုန်းဆက်တဲ့လူအားလုံး ဒေါသဖြစ်နေကြတယ်။ ဒီိလိုလုပ်ရကောင်းလားလို့ မယုံနိုင်သလို ဖြစ် နေကြတယ်။ အင်တာနက်ထဲမှာလည်း ဒေါသစာတွေ မြင်ရတယ်။ ဒါပေမယ့် မြန်မာလူထုဟာ သနားစရာလည်း ကောင်းတယ်။ ဒီလိုလုပ်တာ အကြောင်းရှိမှာပေါ့တဲ့။ အစိုးရအဖွဲ့အတွက် လျာထားပြီး ချန်ခဲ့တာများလားတဲ့။ သြော် ကျားကိုက်ပါတယ်ဆို နာတာရှည်လားမေးသလို ဖြစ်နေပြီ။ အေးလေ သူတို့က အထင်တကြီးယုံကြ တာကိုး။


လွန်ခဲ့တဲ့အပတ်က အသက်ကိုးဆယ်အရွယ် ဗိုလ်မှူးဟောင်းတစ်ဦးက ကျွန်မတို့ စာရေးဆရာများ သမဂ္ဂကို ဟိုတယ်တစ်ခုမှာ ညစာကျွေးခဲ့တယ်။ သူက ဦးတင်ဦး (NLD) နဲ့ စစ်သင်တန်း တစ်ပတ်တည်းဆင်းခဲ့ သူဖြစ်ပြီး ကိုကိုးကျွန်းပြန်လည်း ဖြစ်တယ်။ သူက မြန့်မာ့နိုင်ငံရေးကို သုံးသပ်ရာမှာ “ မဆလကို ဖြုတ်ချခဲ့တာ က ကျောင်းသားတွေပဲ။ မင်းကိုနိုင်ကို ခေါင်းဆောင်တင်ရမှာ ခင်ဗျားတို့ Figure ရွေးတာမှားတယ်” လို့ ဆိုခဲ့ တယ်။ အဲဒီဆရာကြီးလည်း အခုသတင်းကိုကြားရင် ဘာထပ်ပြောမလဲ သိချင်ပါရဲ့။

၂၀၁၃ ထဲတုန်းက ပြင်သစ် အခြေစိုက် သတင်းဌာနတစ်ခုက အင်တာဗျူးလာယူတယ်။ နှစ်ယောက်တည်းပါ။ ကိုကိုကြီးနဲ့ ကျွန်မပါ။ သူတို့ မေးခွန်းက တစ်ခုတည်းပဲ။ “ NLD ခေါင်းဆောင်ဟာ ကမ္ဘာ့မျက်နှာစာမှာ လူကြိုက်များမှု ဒိုင်းဒိုင်းနဲ့ တက်ခဲ့ တယ်။ အခု ဒိုင်းဒိုင်းနဲ့ ကျဆင်းသွားတယ်။ ဘာ့ကြောင့်လဲ” တဲ့။ ကျွန်မက လူတိုင်းသိသလောက်ပဲ သိတာပါ။ ဒီ တော့ ဘာမှမပြောချင်ဘူး။ ဒါပေမယ့် သူတို့က အသံလွှင့်ဖို့ မဟုတ်ပါဘူး။ အတည်ပြုဖို့ပါ ဆိုတာနဲ့ ဖြေခဲ့ပါ တယ်။ ထွေထွေထူးထူးလည်း မဟုက်ပါဘူး။ လက်ပံတောင်းကိစ္စ၊ ရခိုင်ကိစ္စမျိုးပါ။ သူတို့က သိပြီးသားတွေပဲ။ ဒါ နဲ့ကျွန်မက ကိုကိုကြီးရော ဘာပြောလဲ မေးလိုက်တယ်။ သီးခြားစီ၊ တစ်ရက်စီ တွေ့မေးတာကိုး။ ပထမရက် က ကိုကိုကြီးနဲ့ တွေ့ခဲ့ပြီးပြီ။ အဲလိုမေးတော့ ကိုကိုကြီးက ဒါဟာ “ ပြန်လည်ရင်ကြားစေ့ရေး” တဲ့။ မပြောနိုင်ဘူးလို့ ပြောသတဲ့။


အော်… ကိုကိုကြီး၊ ကိုကိုကြီး ပြန်လည်ရင်ကြားစေ့ချင်ရှာလိုက်တာ ခုတော့ ဘယ့်နှယ်လဲ။


“ ကျွန်တော်တို့ သူတို့နဲ့ ပြတ်သွားပြီ”

အဲဒီ စာရင်းထွက်ပြီး နောက်ရက်ကြမှ ကျွန်မက ၈၈ ထဲက ရင်းနှီးသူတစ်ယောက်ကို ဖုန်းဆက်ဖြစ် ပါတယ်။

“ အခု… မင်းတို့အခြေအနေ ဘယ်လိုလဲ” ဆိုတော့။

“ ကျွန်တော်တို့ သူတို့နဲ့ ပြတ်သွားပြီ” လို့ ဖြေတယ်။

“ ဘာဆက်လုပ်ကြမှာလဲ”


သြဂုတ်လ ငါးရက် ခြောက်ရက်မှုာ အထူးအစည်းအဝေးခေါ်ထားတယ်။ တစ်ပြည်လုံးက ၈၈ တွေကို ခေါ်ထားတာပါ။


“ မင်းကွာ …. အစ်မပြောတာ လုံးဝနားမထောင်ဘူး။ မင်းတို့ ၂၀၁၂ …. ထောင်က ထွက်ထွက်ခြင်း၊ မင်းတို့ နိုင်ငံရေးဆက်လုပ်မယ်ဆိုရင် တရားဝင်နိုင်ငံရေးပါတီ ထောင်ကြပါ။ ဟိုကိုတော့ သွားမဝင်လိုက်နဲ့နော် လို့ အစ်မ မပြောဘူးလား။”


“ ဟုတ်ကဲ့ အစ်မပြောခဲ့ပါတယ်”


ပြောတာမှ အကြိမ်ကြိမ်နော်၊ မင်းကတော့ အရင်းနှီးဆုံးမို့ တွေ့တိုင်း ပြောတာ၊ မင်းဇေယျာကြီးနဲ့လည်း လလသသ ညီလာခံမှာဆုံတော့ အဲသလို ပြောခဲ့တယ်။ သူက အင်မတန်ရိုး သားတဲ့ မွန်ကြီးပဲ။ ကျွန်တော်တို့မှာ အင်အားမရှိသေးဘူးတဲ့။ဘယ့်နှယ်မရှိရမှာလဲ။ တစ်ပြည်လုံး မင်းတို့ကို ချစ် တယ်လို့ပြောတော့ ခေါင်းညိတ်နေရှာရဲ့။


“ ကိုကိုကြီးကိုလည်း နှစ်ခါမကပြောတယ်။မင်းမှတ်မိလား။ ရန်ကင်းစင်တာမှာ ကိုပေါ်ရဲ့ “ သူကြီးသားမတ်ရဲ့ သူငယ်ချင်း” ကဗျာစာအုပ်မိတ်ဆက်ပွဲလေ။ အဲဒီမှာ နောက်ဆုံးပြောလိုက်တာ။ ကိုကိုကြီးကို ပုခုံးဖတ် ပြီး “ တစ်ခွန်းတည်းပြောမယ်၊ ဟိုကို သွားမဝင်နဲ့ ကိုယ့်ဘာသာလုပ်” လို့ အဲဒါကွယ် ကိုကိုကြီးက ဘာမှာပြန်မ ပြောပဲ မေးကြောကြီးထောင်အောင်တင်ပြီး တစ်ဖက်ကို ငေးနေခဲ့တယ်။


သူလည်း အဖြေရခက်လို့နေမှာပေါ့။


နိုင်ငံရေးဆိုတာ ပြတ်သားရတယ်ကွ။ အစ်မပြောတုန်းက စလုပ်ခဲ့ရင် ခုဆိုပြီးနေပြီ။ အားလုံးက မင်း တို့ကို မဲပေးကြမှာပါ။ ကိုပေါ်ကိုတော့ အစ်မ ဘာမှမပြောခဲ့ပါဘူး။ သူက လွှတ်တော်ထဲမဝင်ဘူး ပြောထား တော့ ပြတ်တယ်။ မင်းတို့က ဝေဝါးဝါးနဲ့ အခုကြည့်စမ်း လူနှစ်ဆယ်တောင် စာရင်းပေးတယ်ဆို။ အကုန်ကန်ထုက် လိုက်တော့ ရှက်ဖို့ကောင်းလိုက်တာကွာ။ မင်းတို့ကို ငါ အစကပြောရက်နဲ့။”


ကျွန်မက သူတို့ကိုပဲ အပြစ်တင်ချင်တယ်။ ဟီးရိုးကိုးကွယ်တဲ့ခေတ် ကုန်ခဲ့ပြီ။ ကိုပေါ်ပြောဘူးတယ် နယ်တိုင်းမှာ ခေါင်းဆောင်ဖြစ်အောင်လုပ် အားလုံး ကွန်ရက်လုပ်ပြီး တစ်ပြိုင်နက် “ မ” လိုက်ရင် ပါလာမှာပဲ တဲ့။ ဟုတ်တယ် လူတိုင်း ခေါင်းဆောင်ဖြစ်အောင်လုပ်ရမှာ။ ခေါင်းဆောင်အချင်းချင်း အဆင့်တူ ညှိနှိုင်းရမှာ သူများအောက် သွားဝင်တော့ ခံရတာပေါ့။


ကျွန်မဟာ ရင်ဘက်မှာ တံဆိပ်အတပ်ခံရစဉ် ရယ်နေတဲ့ ကိုကိုကြီးရုပ်ပုံကို တွေးပြီး သူ့ကို ရိုက်ချင်နေ မိတယ်

(တို့ခေတ်ဂျာနယ် ၁၂ ရက် သြဂုတ်လ ၂၀၁၅) မိုးမခ၊ သြဂုတ် ၂၀၊ ၂၀၁၅ 


.. https://www.facebook.com/MyanmarExpress