Subscribe to our RSS Feed

မိမိကိုယ်ကို တော်သည်၊ တတ်သည်ဟု ထင်သူများသည် သင်ပေး၍ မရသူများဖြစ်ပြီး ထိုသူများနှင့် လက်တွဲအလုပ် မလုပ်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ထုတ်ဖော်ပြောကြား

From : ...ပြည်သူ့အာဏာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပဲခူးတိုင်းအရှေ့ခြမ်းသို့ စည်းရုံးရေး ခရီးသွားရောက် စဉ် ပဲခူးတိုင်း ပျဉ်ပုံကြီးတွင် ပြည်သူလူထုအား မဲဆွယ်စကားပြောရာတွင် အမတ်လောင်းရွေးချယ်မှုနှင့် ပတ်သက်ပြီး မိမိကိုယ်ကို တော်သည်၊ တတ်သည်ဟု ထင်သူများသည် သင်ပေး၍ မရသူများဖြစ်ပြီး ထိုသူများနှင့် လက်တွဲအလုပ် မလုပ်လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က အာဏာရမှသာ လုပ်ချင်ရာ လုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အာဏာရရန် ရွေးကောက် ပွဲဝင်ခြင်းဖြစ်ကြောင်း၊ မိမိတို့ကိုယ်စားလှယ်လောင်း ရွေးချယ်မှုသည် အားလုံးမှန်ကန်သည်ဟု မပြောနိုင်ကြောင်း၊ ကိုယ်စားလှယ်လောင်း၏ အရည်အချင်းကိုမကြည့်ပဲ NLD ပါတီကို မဲပေးကြရန်လည်း ပြောကြားခဲ့သည်။

၈၈ မျိုးဆက် ငြိမ်းပွင့်အဖွဲ့မှ ခေါင်းဆောင် ၁၈ ဦး NLD ပါတီဝင်ပြီး ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်လွှာတင်ခဲ့ သော်လည်း ဦးပြုံးချိုတစ်ဦးတည်းသာ ရွေးချယ်ခံရပြီး ကျန် ၁၇ ဦးမှာ အပယ်ခံခဲ့ရသည်။ လက်ရှိအချိန်တွင် ရန်ကုန် တိုင်းဒေသကြီး တစ်သီးပုဂ္ဂလ အမတ်ဖြစ်သူ ဒေါ်ညိုညိုသင်းကလည်း NLD ကိုယ်စားလှယ်အဖြစ် လျှောက်လွှာတင် ခဲ့သော်လည်း အရွေးမခံရပေ။ ထိုသို့ နာမည်ကြီးပုဂ္ဂိုလ်များအား မရွေးချယ်သည့် ကိစ္စနှင့်ပတ်သက်၍ NLD ဗဟိုနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ပြင်းပြင်းထန်ထန်ဝေဖန်မှုများ ရှိပြီး ၄င်းတို့အား မရွေးရသည့် အကြောင်းရင်းကို ယခု ကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်က ပြတ်ပြတ်သားသား ထုတ်ဖော်ကြားခဲ့ခြင်းဖြစ်သည်။

NLD ပါတီတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်သည့်ကိစ္စနှင့် ပတ်သက်၍ အောက်ခြေအဆင့်ဆင့်မှ တင်ပြ မှုကို အလေးမထားပဲ ဗဟိုက ၄င်းတို့စိတ်ကြိုက်ရွေးချယ်ခဲ့သည့်အတွက် မကျေနပ်မှုများဖြစ်ပွားနေပြီး အချို့ဒေသများ တွင် NLD ပါတီဝင်များက ဗဟို ကို ဆန္ဒပြနေကြသည်။

ဦးကိုကိုကြီးနှင့် ၈၈ မျိုးဆက် ခေါင်းဆောင်များ ၆-၈-၂၀၁၅ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုယ်စားလှယ်လောင်းကိစ္စညှိနှိုင်းဆွေးနွေးခဲ့သော်လည်း အဆင်မပြေသည့်အတွက် ဦးကိုကိုကြီးက သူ့အနေဖြင့် နိုင်ငံရေးပါတီသစ်တစ်ခု တည်ထောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။ ယခု ၂၀၁၅ ရွေးကောက်ပွဲကို မမှီနိုင်သော်လည်း ကြားဖြတ်ရွေးကောက်ပွဲများနှင့် နောက် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားကြောင်းသိရသည်။ ပါတီသစ်တွင် ဦးကိုကိုကြီးက ဥက္ကဌ တာဝန် ယူမည်ဖြစ်ပြီး ၈၈ ပွင့်လင်းမှ ခေါင်းဆောင်များက ပါတီ စီအီးစီအဖြစ် တာဝန်ယူမည်ဖြစ်ကြောင်းသိရသည်။ ထိုသို့ ပါတီသစ်ထူထောင်ရန် သတင်းထွက်လာခြင်းဖြစ်သည်။

ဦးကိုကိုကြီးက ၄င်း၏ မိတ်ဆွေ သူငယ်ချင်းများ NLD တွင်ရှိကြောင်း၊ ၄င်းတို့က အောက်ခြေကနေ အထက်အထိ မည်သို့ဆုံးဖြတ် ရွေးချယ်သွားသည်ကို ပြောပြကြောင်း၊ နောက်ဆုံးအဆင့်တွင် မိမိကို မည်သူက ပယ်ချလိုက်သည်ကို သိရှိကြောင်း ပြောကြားခဲ့သည်။

ဦးကိုကိုကြီးက အမည်နာမ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသော်လည်း ၄င်းအား ပယ်ချသူ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းသာ ဖြစ်ပြီး လူတော်များ၊ ထက်မြက်သူများကို နေရာမပေးလိုသော ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ထားကြောင့် ယခုကဲ့သို့ ဖြစ်ရခြင်း ဖြစ်သည်ဟု ယူဆရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဦးကိုကိုကြီးတို့ ပါဝင်မလာခဲ့၍ ပြန်လည်ပြင်ဆင်မည် ဟု ထုတ်ဖော်ပြောကြားခဲ့သော နာယက ဦးတင်ဦး၏ ပြောကြားချက်ကိုလည်း ၄င်း၏အနီးကပ်လူယုံ ဦးဝင်းမြင့်မှတစ်ဆင့် ပယ်ချခဲ့သည်။ ပါတီခေါင်းဆောင်ပိုင်း အတွင်း ဦးတင်ဦးကို နာယက နေရာထားပြီး ဘေးထုတ်ထားခဲ့ပြီးနောက် ယခုကဲ့သို့ ပါတီဥက္ကဌတစ်ဦးတည်း သဘောဖြင့် ပယ်ချလိုက်ခြင်းကြောင့် NLD ပါတီအတွင်း ပါတီဥက္ကဌ၏ သဘောထားကို လွန်ဆန်နိုင်သူ တစ်ဦးမှ မရှိတော့ကြောင်း သိရှိရသည်။

“အရည်အချင်းကို ကြည့်ရမယ့်ခေတ်မှာ ကိုယ်စားလှယ်လောင်းရဲ့ အရည်အချင်း မကြည့်နဲ့ NLD ဆိုတာနဲ့ မဲပေး ဆိုတာကတော့ တော်တော်ကြီးကို အရုပ်ဆိုးသွားပြီ။ လူတော်တွေကို နေရာမပေးချင်တဲ့ သူ၊ ထက်မြက်တဲ့သူတွေ ကို နေရာ မပေးချင်တဲ့သူက သိသိသာသာကြီး ထွက်ပေါ်လာခဲ့ပြီ လို့ ပြောရမှာပါပဲ။ ဒါဟာ မဲဆန္ဒရှင် ပြည်သူတွေကို အထင်သေး အမြင်သေး စော်ကားရာ ရောက်တယ်။ ဒီမိုကရေစီ ဆိုတာကို ပါးစပ်က တွင်တွင်ပြောနေပြီးတော့ ကိုယ့်ပါတီထဲမှာတောင် အောက်ခြေပါတီဝင်တွေရဲ့ သဘောထားကို အာဏာနဲ့ ပယ်ချလိုက်တဲ့ ဒီလိုပါတီမျိုး အာဏာ ရလာရင် စစ်အစိုးရထက်တောင် ဆိုးရွားသွားနိုင်တယ်။ ပြည်သူတွေကို မဲပေးတဲ့နေရာမှာ ကိုယ်စားလှယ်လောင်း တစ်ဦးချင်းကို ကြည့်ရှုလေ့လာပြီး မဲပေးဖို့ အားလုံးက နှိုးဆော်နေတဲ့အချိန်မှာ ဒီလိုမျိုး NLD ဖြစ်ပြီးရော မဲပေးပါ ဆိုတာကတော့ ဆိုးပါတယ်” ဟု နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးဟိန်းက ပြောသည်။

“တစ်တိုင်းပြည်လုံး ရေဘေးနဲ့ ဒုက္ခရောက်နေတဲ့အချိန်၊ ကျန်တဲ့နိုင်ငံရေးပါတီတွေ ရေဘေးကယ်ဆယ်ရေးမှာ တက်တက်ကြွကြွ လှုပ်ရှားနေတဲ့အချိန်မှာ အခွင့်ကောင်းပဲ၊ NLD မဲဆွယ်ဖို့ အကွက်ကောင်းပဲ ဆိုပြီး စည်းရုံးရေး ခရီးသွားနေတာကတော့ ကိုယ်ချင်းစာစိတ် မရှိဘူး၊ ဘယ်သူသေသေ မတေမာရင် ပြီးရော ဆိုတဲ့ တစ်ကိုယ်ကောင်း၊ ကိုယ်မျိုးကြည့်တယ် ဆိုတာ ဒီလိုလုပ်ရပ်မျိုးကို ပြောတာ။ အာဏာရမှ ကူညီရေး၊ ကယ်ဆယ်ရေးတွေ လုပ်ပေးမယ် ဆိုပြီး ဘုရားကြီးမှာ ဒေါ်စုကိုယ်တိုင် ပြောသွားတယ်။ ဒါဖြင့်ရင် ရေဘေးဒုက္ခသည်တွေကို ကူညီနေကြတဲ့သူတွေ အကုန်လုံးက အစိုးရမို့လို့လား၊ အစိုးရလူမို့လို့လား မေးချင်တယ်။ ကျန်တဲ့ ပရဟိတ လုပ်နေကြတဲ့ လူတွေ အကုန်လုံးကိုလည်း နှိမ့်ချ ပြောတယ် လို့ ခံစားရတယ်။ ဒီလောက် ရေထဲ မိုးထဲမှာ ပြည်သူတွေ ဒုက္ခရောက်နေတာ သူတို့မို့လို့ စည်းရုံးရေး ခရီးထွက်နေတယ်။ ထပ်ပြောရင် ဆိုးဆိုးရွားရွားတွေ ဖြစ်လာလိမ့်မယ်” ဟု ရေဘေး ဒုက္ခသည်များကို ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသော ကိုထင်အောင် က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ်ကို ယနေ့စတင်ခဲ့ပြီး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် မည် ဖြစ်ကြောင်း သိရှိရသည်။


. https://www.facebook.com/MyanmarExpress
 

1 comments:


ကုလားမယားစုကြည်က အာဏာ၇ှင်ဗိုလ်ချုပ်တွေက တစ်သွေးတစ်သံတစ်မိန့်လုပ်တယ် ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပီးပြောလာတာက သူ့မျက်ချေးသူမမြင်ဘဲ့သူများမျက်ချေးဘဲ့မြင်နေမှန်း ကုလားမယားစုကြည်အကြောင်းသိတဲ့လူတိုင်းသိပီးသားဘဲ့

တကယ်တန်းမှာ NLDထဲမှာ ဘာဒီမိုကေ၇စီမှမရှိဘူး

ကုလားမယားစုကြည်စောက်သုံးမကျလို့ စောက်သုံးမကျဘူးလို့ဝေဖန်တဲ့လူတွေ ကုလားမယားစုကြည်ဘက်လိုက်လို့မတ၇ားလို့ ဘက်လိုက်တယ် မတ၇ားဘူးလို့ဝေဖန်တဲ့လူတွေဆို မြောင်းထဲေ၇ာက်ပီသာမှတ် စုကြည်ထမိန်ထုပ်ထမ်းပေးတဲ့စောက်၇ူးတွေဆို စုကြည်ကနေ၇ာပေးထားတယ် စုကြည်တစ်ယောက်ထဲသဘောနဲ့လုပ်ချင်သလိုလုပ်လာတာ

တပ်ထဲမှာတုံးကဒိတ်ဒိတ်ကြဲတပ်မတော်အ၇ာ၇ှိဟောင်းအဖိုးကြီးတွေတောင် စုကြည်ကိုအသေကြောက်၇တာ

ကုလားမယားစုကြည်ကမှ တကဲ့အာဏာ၇ှင်စစ်စစ်ဘဲ့

(၈၈)ငကိုကြီးကတော့ စစ်အစိုး၇ကလပ်စားတယ်ဆိုပီး တောက်ရှောက်ပြောလာပီး သူကိုယ်တိုင်ကျတော့ အမေရိကန်သဌေးကြီး ဆိုးရော့က (၈၈)ပွင့်လင်းအဖွဲ့၇ံပုံငွေအဖြစ်လှူသွားတဲ့ ဒေါ်လာ၂သောင်းခွဲကို အသာလေးဘုန်းပီး ကိုယ်ကျိုးအတွက်သုံးနေတုံးမှာမှ သူခိုးလူမိသွားတာ

(၈၈)ငကိုကြီးက အချောင်သမားသူခိုးအကြီးစား

အာဏာရှင်ကုလားမယားစုကြည်နဲ့ အချောင်သမားသူခိုးအကြီးစား(၈၈)ငကိုကြီးနဲ့ တစ်ယောက်ကိုတစ်ယောက်အသေမုန်းနေကြတာဘာမှမဆန်းဘူး

အချင်းချင်းဒေါက်ဖြုတ်တာ(၈၈)တွေ NLD တွေ၇ဲ့စောက်ကျင့်ဘဲ့ မြို့လယ်ခေါင်လူထုမြင်ကွင်းမှာတောင် ဖုံးမနိုင်ဖိမ၇တစ်ကောင်ကိုတစ်ကောင်စောက်တင်းချ၇ာက အခုဆိုဗြောင်အပုပ်ချနေကြပီ

မမြင်ကွယ်၇ာတောထဲမှာသာဆို၇င် ABSDF လူသတ်ကောင်နိုင်အောင်နဲ့ မိုးသီးဇွန် တို့လို တစ်ကောင်ကိုတစ်ကောင် ထောက်လှန်းေ၇းမဟုတ်မှန်းသိသိကြီးနဲ့ ထောက်လှန်းေ၇းလို့စွပ်စွဲပီး ၄လက်မသံတွေ၇ိုက်သွင်း ကတ်တ၇ာစေးအစက်ချ လျှပ်စစ်ေ၇ှာ့၇ိုက်ပီး ခေါင်းဖြတ်သတ်ကုန်ကြမှာဘဲ့

ဒီလို တစ်ကောင်ကိုတစ်ကောင်နောက်ကျောကိုဒါးနဲ့ထိုးတတ်တဲ့ စောက်ကျင့်ယုတ်မိုက်၇ိုင်းပီး ကလိမ်ကကျစ်ထောက်လှန်းေ၇းလို့စွပ်စွဲပီး ခေါင်းဖြတ်သတ်ပီး နိုင်ငံေ၇းပြိုင်ဖက်တွေကိုအပျောက်၇ှင်းတတ်တဲ့ (၈၈)ကျောင်းသားခေါင်းဆောင်ဆိုတဲ့အကောင်တွေလက်ထဲကိုအမိမြန်မာနိုင်ငံတော်ကြီးကိုလုံးဝအေ၇ာက်ခံလို့မဖြစ်ဘူး

ကပ်ပလီအိုဗားမား လာလာ ကပ်ပလီဘုန်းကြီးတူးတူး လာလာ လူပုံအလယ်မှာပြေးပြေးဖက်ပီး အနောက်ယဉ်ကျေးမှုစောက်ကျင့်ဆိုးတွေကိုနမူနာဆိုးအဖြစ်အေ၇ှ့ကလုပ်ပြပီး အနောက်ကကြိုးဆွဲ၇ာနိုင်ငံေ၇းကကွက်ကိုကမဲ့ကုလားမယားစုကြည်လက်ထဲကိုလဲ အမိမြန်မာနိုင်ငံတော်ကြီးကိုလုံးဝအေ၇ာက်ခံလို့မဖြစ်ဘူး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်