Subscribe to our RSS Feed

ခန္တီးခရိုင်မှ NLD ပါတီဝင် ၃၇၀ ကျော် နှုတ်ထွက်စာ တင်သွင်း

From : ..rfa

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်အတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၃၇၀ ကျော်တို့ဟာ ပါတီကနေ နှုတ်ထွက်ဖို့ မနေ့က စာတင်လိုက် ကြကြောင်း ပြောပါတယ်။

နာဂစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးရှူမောင်ကို NLD ဗဟိုက ပြည်သူ့ လွှတ်တော်ကနေ ဝင်ရောက် ယှဉ်ပြိုင်ခွင့်မပေးတာကြောင့် ခရိုင်အဖွဲ့ဝင်တွေက ပါတီဝင်တွေက နှုတ်ထွက်ခဲ့ကြတာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခန္တီးခရိုင်ဥက္ကဌ ဒေါ်ဆယ်ဆယ်နောင်က ပြောပါတယ်။

ဦးရှုမောင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ခန္တီးမြို့နယ်ပြည်သူ့လွှတ်တော် နေရာကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ အမည်တင်သွင်းခဲ့ပေမယ့်၊  အမျိုးသား လွှတ်တော် နေရာကို ခန္တီးနဲ့ဟုမ္မလင်းမြို့နယ်တွေကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ NLD ဗဟိုက တာဝန်ပေးခဲ့ပါတယ်။

အဲဒီလို တာဝန်ပေးတာကို လက်မခံနိုင်တာကြောင့် ဦးရှုမောင်ဟာ ပါတီ ကနေ ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းက နှုတ်ထွက်စာတင်ခဲ့ပြီးနောက် ပါတီဝင်တွေဖြစ် ကြတဲ့ နာဂ တိုင်းရင်းသားတွေက အခုလို နှုတ်ထွက်ကြတာဖြစ်ပါတယ်။

ဦးရှုမောင်ဟာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်လွှာတင်ချိန်ကမှသာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှာ ပါတီဝင် ဖြစ်ခဲ့တာပါ။ ခန္တီးခရိုင်အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဝင်ပေါင်း ၆၀၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။

NLD ပါတီတွင်း အကွဲအပြဲများ နှင့် လမ်းခွဲရှင်းတမ်းများ.အားလုံးကို 
တွင်ဖတ်ရှုနိုင်သည်။


4 comments:

အနာဂတ် မြန်မာနိုင်ငံအတွက်
ကောင်းသွားတာပေါ့။


ဒါ အစပဲရှိသေးတယ် ဒေါ်စုမရှိတော့ရင် ပြသနာတွေတက်ပြီးကွဲသွားလိမ့်မယ်

No brain go to NLD.
NLD = MLD.


နာဂစာပေနဲ့ယဉ်ကျေးမှုအဖွဲ့ဥက္ကဌ ဦး၇ှုမောင်ကို NLDဗဟိုက ဝင်ပြိုင်ခွင့်မပေးလို့ပါတီဝင်တွေနှုတ်ထွက်ကြတယ်တဲ့

ဦး၇ှုမောင်ကို NLDဗဟိုက ဝင်ပြိုင်ခွင့်ပေးပေးမပေးပေး NLDပါတီဝင်တွေနှုတ်ထွက်သင့်နေပီ

NLDပါတီေ၇ာ (၈၈)ပွင့်လင်းအဖွဲ့ပါ တိုင်းပြည်အတွက်ေ၇ာ လူမျိုးအတွက်ေ၇ာ တိုင်း၇င်းသားပြည်သူ အလုပ်သမား လယ်သမားတွေအတွက်ေ၇ာ ဘယ့်သူ့အပေါ်မှာမှအကျိုးမပြုနိုင်တဲ့ စောက်သုံးမကျတဲ့အဖွဲ့အစည်းတွေဆိုတာကိုလူအတော်များများသဘောပေါက်လာကြပီ

NLDပါတီေ၇ာ (၈၈)ပွင့်လင်းအဖွဲ့ပါ အာဏာမက်ပီးစောက်ဆင့်မ၇ှိတဲ့ စောက်သုံးမကျတဲ့ အခွင့်အေ၇းလိုချင်တဲ့သာယာစီးသမား သာကူးအချောင်သမားတွေ စုနေတဲ့ အဖွဲ့အစည်းတွေဆိုတာလဲထင်၇ှားသထက်ထင်၇ှားလာပီ

NLDပါတီဝင်အချင်းချင်း (၈၈)ပွင့်လင်းအဖွဲ့ဝင်အချင်းချင်းလဲ အဖွဲ့တွင်းအာဏာလုကြ ခွက်စောင်းခုတ်ကြ နောက်ကျောကိုဒါးနဲ့ထိုးကြသလို တခြားအဖွဲ့အစည်းတွေအပေါ်မှာလဲ ဗိုလ်ကျအနိုင်ကျင့်ပီး စောက်ေ၇းမလုပ်ပဲအဖက်မတန်သလိုနှိမ်ချိုးဆက်ဆံတာကြတာကိုလဲလူတွေသိလာကြပီ

တစ်နေ့ကျ၇င် ABSDF လူသတ်ကောင် နိုင်အောင်နဲ့ မိုးသီးဇွန် တို့
လူပေါင်း ၁၀ဝ ကျော်ကို ထောက်လှန်းေ၇းမဟုတ်မှန်းသိ၇ဲ့သားနဲ့ ထောက်လှန်းေ၇းလို့မမှန်မကန်အတင်းအဓမစွပ်စွဲပီး လူမဆန်တဲ့နည်းမျိုးစုံနဲ့နှိပ်စက်ပီးခေါင်းဖြတ်သတ်ပွဲတွေလုပ်လို့လူ ၄၀ သေသွားတဲ့ ပါဂျောင်လူသတ်မှုလို ဇာတ်တူသားစားလို့ဟင်္သာကိုးသောင်းပျက်တဲ့ဇာတ်တွေကို မြို့တွေပေါ်မှာကကြတော့မှာသေချာနေပီ

အဲ့တော့ NLDအာဏာခွေး၇ူးတွေအချင်းချင်းကိုက်ကြတဲ့ပွဲ NLDအာဏာခွေး၇ူးတွေနဲ့ (၈၈)အာဏာခွေး၇ူးတွေကိုက်ကြတဲ့ပွဲတွေမှာ ကိုယ်ကကြားမညှပ်အောင်အခုကတဲက NLDပါတီကနေနှုတ်ထွက်သင့်ကြပီ

ခန္တီးခရိုင်တစ်ခုထဲက NLDပါတီဝင်(၃၇၀)တင်မက မြန်မာတစ်ပြည်လုံးက((NLDပါတီဝင်တွေနှုတ်ထွက်ဖို့အချိန်တန်ပီ)
)

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်