Subscribe to our RSS Feed

မဲကွဲမှာကို စောက်ဂရုမစိုက်တဲ့ အချိုး စချိုးတာ ဒေါ်အောင်ဆန်းစုကြည်ပဲ

From : .. ရဟိုင်းသူ


ကျမ ရွေးကောက်ပွဲကို စိတ်မဝင်စားဘူး ။
အန်အယ်ဒီ မှာလဲ ဒီမိုကရေစီမရှိဘူး ။ကြံ့ဖွတ်က လည်း ဒီမိုကရေစီ မဟုတ်ဘူး ။ ဒီတော့ရွေးကောက်ပွဲ ဖြတ်သန်းလို့ ဘယ်ဒီမိုကရေစီကိုမှ မရောက်ဘူး ။ဒါကြောင့် ကြံ့ဖွတ် နိုင်လည်း ဝမ်းမနည်းဘူး ။ အန်အယ်ဒီ နိုင်လည်း ဝမ်းမသာဘူး ။

ရွေးကောက်ပွဲ နဲ့ ပတ်သက်တဲ့ သဘောထားတချို့ အပေါ်တော့ ပြောစရာရှိတယ် ။
ဒီအချိန်မှာ ညီညွှတ်ကြရမယ် တို့ ။
မဲ မကွဲဖို့က အရေးကြီးတယ်တို့ ။
ဘယ်လိုပဲဖြစ်ဖြစ် အန်အယ်ဒီကိုပဲ မဲပေးရမယ် တို့ ။

ဖြစ်ရပ်မှန်ကို လက်ခံ ..အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်ရင်..
ညီညွှတ်ရေးကို စဖြိုခွဲတာလည်း ဒေါ်စု ။
မဲကွဲမှာကို စောက်ဂရုမစိုက်တဲ့ အချိုး စချိုးတာလဲ ဒေါ်စု ။
ဒီအချိန်မှာ ဒီလို မဟာမိတ်အပေါ်ရော..ပြည်သူအပေါ်ပါ အထင်သေး မောက်မာတဲ့ ဒေါ်စုကို ဘယ်လိုပဲ ဖြစ်ဖြစ် မဲပေးရမယ် ဆိုတာ မှန်ပါဦးမလား ။ ယုတ္တိရှိပါဦးမလား ။

ဘယ်လိုပဲ ဖြစ်ဖြစ် ဆိုတဲ့ ဆင်ခြေက အသုံးမကျသူတွေရဲ့ ဆင်ခြေ ။ အမှန်ကို လက်ခံပြီး မပြင်ဆင်ချင်တဲ့သူတွေရဲ့ ဆင်ခြေပါ ။

ရွေးကောက်ပွဲ ..ရွေးကောက်ပွဲဆိုတော့ အင်္ဂလန်ရွေးကောက်ပွဲ အကြောင်းလေး ပြောပါရစေ ။

အင်္ဂလန်မှာ လေဘာ နဲ့ ကွန်ဆာဗေးတစ် ။ ဒီပါတီကြီး နှစ်ခုက ဘတပြန် ကျားတပြန် အစိုးရဖွဲ့ရတဲ့ ပါတီကြီးတွေ ။ ၂၀၁၀ မှာ ပါတီကြီး ၂ခုက အစိုးရဖွဲ့ နိုင်တဲ့ မဲမရတော့ပဲ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက တတိယမဲအများဆုံးရတဲ့ ပါတီအဖြစ်နဲ့ ရှေ့တန်းတက်လာပါတယ် ။ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဘာကြောင့် မဲရပါသလဲ ။သူက ကျောင်းလခကို မတိုးမြှင့်ပါဘူးလို့ ကတိပေးမဲဆွယ်ခဲ့လို့ ။ သူတို့ ကတိပေးတယ်ဆိုတာ ဒေါ်စုလို ပါးစပ်ပေး ပေးတာ မဟုတ်ပါဘူး ။ ပါတီဗဟိုကော်မတီ ၆ ဦး ကိုယ်တိုင် စာချုပ်မှာ လက်မှတ်ထိုး ကတိခံ မဲဆွယ်တာပါ ။ ဒါကြောင့် ၂၀၁၀ မှာ ကျောင်းသားတွေရဲ့မဲ အများစု နဲ့ ရှေ့တန်းရောက်လာပါတယ် ။ မဲမပြတ်တော့ ညွှန့်ပေါင်းဖွဲ့ရတယ် ။ ကွန်ဆာဗေးတစ်နဲ့ လစ်ဒမ် (လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ) ညွှန့်ပေါင်းဖွဲ့နိုင်တော့ လေဘာ ဆင်းပေးခဲ့တယ် ။

ညွှန့်ပေါင်းဖွဲ့ပြီး မကြာပါဘူး ကျောင်းလခ တိုးမြှင့်ဖို့ ညွှန့်ပေါင်းအစိုးရက လုပ်ပါတယ် ။ ကျောင်းလခ ပေါင် သုံးထောင်ကျော် ပေးနေရာက ကိုးထောင်ကျော်ပေးဖို့ အဆိုတင်တယ် ။ တဆက်တည်းမှာပဲ ဝင်ငွေနိမ့်တဲ့ မိသားစုမှ ကျောင်းသားတွေကို ထောက်ပံ့ပေးနေတဲ့ တစ်လ ပေါင် ၁၂၀ ထောက်ပံ့ငွေ ကိုလည်း ဖြတ်တောက်ပစ်ပါတယ် ။ ဒါကြောင့် ညွှန့်ပေါင်းဖွဲ့ပြီး ၆လ အကြာမှာ ယူကေ အီလိခ် နိုင်ငံရေးအသိုင်းအဝိုင်း က ဘယ်လိုမှ ထင်မှတ်မထားတဲ့ ကျောင်းသားသပိတ် ဖြစ်ပွားခဲ့ပါတယ် ။ ကျောင်းသားတွေနဲ့ မိဘတွေက လစ်ဘရယ်ဒီမိုကရက်တစ်ပါတီကို ဒေါသထွက်ကြတယ် ။ ပါတီခေါင်းဆောင် နစ်ကလပ်ကို လူလိမ်လို့ ပြောကြတယ် ။ ကွန်ဆာဗေးတစ်ပါတီ ဌာနချုပ်ရှိရာ millbank ကိုဝိုင်းဆန္ဒပြကြတယ် ။

၂၀၁၀ ယူကေ ကျောင်းသားသပိတ်ဟာ နှစ်ဆယ့်တစ်ရာစု ကျောင်းသားလှုပ်ရှားမှု သမိုင်းမှာ မှတ်တမ်းဝင် ကျောင်းသားအုံကြွမှုကြီး ဖြစ်ပါတယ် ။ မြို့ အတော်များများထိ ပြန့်နှံ့ဖြစ်ပွားတယ် ။ ရက်ပေါင်း အတော်ကြာသည်အထိ တက္ကသိုလ်တွေကို အော့ကျူပိုင်းလုပ်ထားနိုင်ကြတယ် ။

ထုံးစံအတိုင်း ဒီဇင်ဘာ ၉ရက်နေ့မှာတော့ ကျောင်းလခ တိုးမြှင့်ကြောင်း အောက်လွတ်မှာ မဲခွဲ အတည်ပြုကြပါတယ် ။သူတို့သာ အစိုးရဖွဲ့ရရင် ကျောင်းလခ မတိုးပါဘူးလို့ ကတိပေးခဲ့တဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် တစ်ဝက်ကျော်က ကျောင်းလခ တိုးမြှင့်ကြောင်းအဆိုကို ထောက်ခံမဲ ပေးခဲ့ကြပါတယ် ။

အင်္ဂလန်ကျောင်းသားတွေနဲ့ မိဘ ပြည်သူတွေကတော့ နေနှင့်ဦးပေါ့.. လစ်ဒမ်ရယ် ။ ငါတို့ရဲ့ ဒီမိုကရေစီ လည်း ပြရတာပ ။

ဒီလိုနဲ့ ၂၀၁၅ ရွေးကောက်ပွဲရောက်တော့ လစ်ဒမ်က ၈ ဦးသာအရွေးခံရပြီး အစိုးရအဖွဲ့ထဲကနေထွက်သွားရတယ် ။ ပါတီခေါင်းဆောင် နစ်ကလပ်လည်း ပါတီကနေ ထွက်သွားရတယ် ။ အင်္ဂလန်ပြည်သူတွေဟာ ဒီမိုကရေစီကို ပြည့်ပြည့်ဝဝ အသုံးချသွားတယ် ။ ကတိမတည်တဲ့ ခေါင်းဆောင်ကိုလည်း ပြတ်ပြတ်သားသားဖြုတ်ချသွားတယ် ။

ဒီမိုကရေစီဆိုတာ အစိုးရတင် ဒီမိုကရေစီ လို့မရဘူး ။ ပြည်သူတွေက လည်း ဒီမိုကရေစီကို ပြည့်ပြည့်ဝဝ နားလည် အသုံးချနိုင်ဖို့လိုပါတယ် ။

အင်္ဂလန်ရွေးကောက်ပွဲအကြောင်းရေးရတာက ဒီမိုကရေစီဆိုတာကို နားလည်ဖို့နဲ့ ကမ္ဘာမှာ ကိုယ်လိုသူလို ပြည်သူတွေ ဒီမိုကရေစီကို ဘယ်လိုအသုံးချသလဲဆိုတာသိအောင်လို့ပါ ။

ဒါပေမယ့်လဲ..ဒီမိုကရေစီမရှိတဲ့ပါတီ နဲ့ ဒီမိုကရေစီမဟုတ်တဲ့ ပါတီပဲ ယှဉ်ပြိုင်မဲ့ ဗမာပြည်လို ရွေးကောက်ပွဲမှာ ပြည်သူတွေ ဘယ်လိုလုပ် ဒီမိုကရေစီကို အသုံးချနိုင်ပါ့မလဲ ။ ဟိုကလည်း လူလိမ် ဒီကလည်း လူညာမှာ ဘယ်သူ့ရွေးရမလဲ ။

ဒီမိုကရေစီအယောင်ပြ အာဏာရှင် နဲ့ ဖောက်ပြန်သူတွေ မြူးတဲ့
ဒီအချိန်က...
ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖီတဲ့ ၊ ငါတကော ကောတဲ့ ဒေါ်စုနဲ့ အန်အယ်ဒီကို မဲပေးရမယ့် အချိန်မဟုတ်ဘူး ။ မြောင်းထဲ ကန်ချရမယ့် အချိန်....


.. https://www.facebook.com/MyanmarExpress
 

2 comments:


ကုလားမယားစုကြည်က အာဏာ၇ှင်ဗိုလ်ချုပ်တွေက တစ်သွေးတစ်သံတစ်မိန့်လုပ်တယ် ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပီးပြောလာတာက သူ့မျက်ချေးသူမမြင်ဘဲ့သူများမျက်ချေးဘဲ့မြင်နေမှန်း ကုလားမယားစုကြည်အကြောင်းသိတဲ့လူတိုင်းသိပီးသားဘဲ့

တကယ်တန်းမှာ NLDထဲမှာ ဘာဒီမိုကေ၇စီမှမရှိဘူး

ကုလားမယားစုကြည်စောက်သုံးမကျလို့ စောက်သုံးမကျဘူးလို့ဝေဖန်တဲ့လူတွေ ကုလားမယားစုကြည်ဘက်လိုက်လို့မတ၇ားလို့ ဘက်လိုက်တယ် မတ၇ားဘူးလို့ဝေဖန်တဲ့လူတွေဆို မြောင်းထဲေ၇ာက်ပီသာမှတ် စုကြည်ထမိန်ထုပ်ထမ်းပေးတဲ့စောက်၇ူးတွေဆို စုကြည်ကနေ၇ာပေးထားတယ် စုကြည်တစ်ယောက်ထဲသဘောနဲ့လုပ်ချင်သလိုလုပ်လာတာ

တပ်ထဲမှာတုံးကဒိတ်ဒိတ်ကြဲတပ်မတော်အ၇ာ၇ှိဟောင်းအဖိုးကြီးတွေတောင် စုကြည်ကိုအသေကြောက်၇တာ

ကုလားမယားစုကြည်ကမှ တကဲ့အာဏာ၇ှင်စစ်စစ်ဘဲ့

(၈၈)ငကိုကြီးကတော့ စစ်အစိုး၇ကလပ်စားတယ်ဆိုပီး တောက်ရှောက်ပြောလာပီး သူကိုယ်တိုင်ကျတော့ အမေရိကန်သဌေးကြီး ဆိုးရော့က (၈၈)ပွင့်လင်းအဖွဲ့၇ံပုံငွေအဖြစ်လှူသွားတဲ့ ဒေါ်လာ၂သောင်းခွဲကို အသာလေးဘုန်းပီး ကိုယ်ကျိုးအတွက်သုံးနေတုံးမှာမှ သူခိုးလူမိသွားတာ

(၈၈)ငကိုကြီးက အချောင်သမားသူခိုးအကြီးစား

အာဏာရှင်ကုလားမယားစုကြည်နဲ့ အချောင်သမားသူခိုးအကြီးစား(၈၈)ငကိုကြီးနဲ့ တစ်ယောက်ကိုတစ်ယောက်အသေမုန်းနေကြတာဘာမှမဆန်းဘူး

အချင်းချင်းဒေါက်ဖြုတ်တာ(၈၈)တွေ NLD တွေ၇ဲ့စောက်ကျင့်ဘဲ့ မြို့လယ်ခေါင်လူထုမြင်ကွင်းမှာတောင် ဖုံးမနိုင်ဖိမ၇တစ်ကောင်ကိုတစ်ကောင်စောက်တင်းချ၇ာက အခုဆိုဗြောင်အပုပ်ချနေကြပီ

မမြင်ကွယ်၇ာတောထဲမှာသာဆို၇င် ABSDF လူသတ်ကောင်နိုင်အောင်နဲ့ မိုးသီးဇွန် တို့လို တစ်ကောင်ကိုတစ်ကောင် ထောက်လှန်းေ၇းမဟုတ်မှန်းသိသိကြီးနဲ့ ထောက်လှန်းေ၇းလို့စွပ်စွဲပီး ၄လက်မသံတွေ၇ိုက်သွင်း ကတ်တ၇ာစေးအစက်ချ လျှပ်စစ်ေ၇ှာ့၇ိုက်ပီး ခေါင်းဖြတ်သတ်ကုန်ကြမှာဘဲ့

ဒီလို တစ်ကောင်ကိုတစ်ကောင်နောက်ကျောကိုဒါးနဲ့ထိုးတတ်တဲ့ စောက်ကျင့်ယုတ်မိုက်၇ိုင်းပီး ကလိမ်ကကျစ်ထောက်လှန်းေ၇းလို့စွပ်စွဲပီး ခေါင်းဖြတ်သတ်ပီး နိုင်ငံေ၇းပြိုင်ဖက်တွေကိုအပျောက်၇ှင်းတတ်တဲ့ (၈၈)ကျောင်းသားခေါင်းဆောင်ဆိုတဲ့အကောင်တွေလက်ထဲကိုအမိမြန်မာနိုင်ငံတော်ကြီးကိုလုံးဝအေ၇ာက်ခံလို့မဖြစ်ဘူး

ကပ်ပလီအိုဗားမား လာလာ ကပ်ပလီဘုန်းကြီးတူးတူး လာလာ လူပုံအလယ်မှာပြေးပြေးဖက်ပီး အနောက်ယဉ်ကျေးမှုစောက်ကျင့်ဆိုးတွေကိုနမူနာဆိုးအဖြစ်အေ၇ှ့ကလုပ်ပြပီး အနောက်ကကြိုးဆွဲ၇ာနိုင်ငံေ၇းကကွက်ကိုကမဲ့ကုလားမယားစုကြည်လက်ထဲကိုလဲ အမိမြန်မာနိုင်ငံတော်ကြီးကိုလုံးဝအေ၇ာက်ခံလို့မဖြစ်ဘူး

ဆော်သာဆော်ကိုယ့်လူ အားပေးတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်