Subscribe to our RSS Feed

ရန်ကုန်တိုင်း ရေကြီးမည့် အခြေအနေ

From : ..MRTV 4


ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆည်တွေနဲ့ ရေလှောင်ကန်တွေကြောင့် ရေကြီးရေလျှံမှု မဖြစ်ပေါ်နိုင်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီး ဦးစိုးမြင့်၊ ဆည်မြောင်းနဲ့ မြို့တော်စည်ပင်မှ တာဝန်ရှိသူတွေက သြဂုတ် (၃)ရက်နေ့က မီဒီယာတွေနဲ့ တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ ဒဂုံမြို့သစ်မြောက်ပိုင်း၊ တောင်ဥက်္ကဋ္ဌလာ၊ လှည်းကူးအပါအ၀င် ငမိုးရိပ် ချောင်းအနီး မြို့နယ်တွေမှာ ရေ၀င်ရောက်မှုတွေရှိနေပေမယ့် ဒါဟာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ချောင်းရေတက်မှုကြောင့်ဖြစ်ပြီး ငမိုးရိပ်ရလှောင်တမံရေပိုလွှဲ ရေလွှတ်မှုကြာင့် မဟုတ်ဘူးလို့ သိရပါတယ်။ အားလုံးကြံ့ခိုင်မှုရှိပြီး ပြည်သူတွေစိုးရိမ်နေတဲ့ ငမိုးရပ်ရေလှောင်တမံ အနေနဲ့လည်း ဒီကနေ့ သြဂုတ်လ (၄)ရက်နေ့အထိ ကန်ရေပြည့်ဖို့ ၁.၂ လက်မလိုသေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် လှော်ကားရေလှောင်ကန်နဲ့ ဂျိုးဖြူရေလှောင်ကန်တွေဟာလည်း လက်ရှိအချိန်အထိ ကန်ရေမပြည့်သေးပဲ တကယ်လို့ အဆိုပါကန်တွေ၊ ကန်ရေပြည့်ပြီး ရေလျှံပါကလည်း ပတ်ဝန်းကျင် ရပ်ကွက်တွေကို မထိခိုက်နိုင်အောင် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဧရာဝတီမြစ်အနီးမှာရှိတဲ့ တိုက်ကြီးမြို့နယ်အတွင်းက အဖျောက်မြို့ဟာ ရန်ကုန်တိုင်းရဲ့ ရေကြီးမှုအန်္တရာယ်အမြင့်မားဆုံးနေရာအဖြစ်ရှိနေပြီး မြစ်ကမ်းနံဘေး တာဟောင်း နိမ့်ဆင်းမှုကြောင့် ရေမ၀င်ရောက်နိုင်အောင် လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်သူတွေကြားစိုးရိမ်မှုတွေရှိနေတဲ့ အင်လျားကန်ဘောင်နဲ့ ကန်တော်ကြီးတို့ ဟာလည်း ကြံ့ခိုင်မှုအပြည့်ရှိပြီး ရေလျှံမှုမဖြစ်နိုင်ဘူးလို့ ရန်ကုန်စည်ပင်က တာဝန်ရှိသူတွေက ပြောပါတယ်။

.. https://www.facebook.com/MyanmarExpress
 

2 comments:


ကယ်ဆယ်ရေးပစ္စည်းတွေ မှတ်လို့
ကျနော် ကူသယ်ပါ့မယ် ပြောလိုက်တာ

မဟုတ်ဘူး
ဒါက အမေစု ထိုင်ဖို့ ကော်ဇော တဲ့။

..ကျုပ်.. ရှက်ထှာ ဗျာ

စောက်ပေါဂျာနယ်တွေဒီရေက၆ရက်နေ့ ထိတက်မယ်ပြောထားတယ်လေ ထူးကဲဒီရေတဲ့ မှတ်ထား။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်