Subscribe to our RSS Feed

ရှမ်းပြည်နယ် NLD ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းအပေါ် မကျေနပ်မှုများ ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြမည်

From : ..The Voice Weekly.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ဗဟိုက ရွေးချယ်ထားသော ရှမ်းပြည်နယ် ကိုယ်စားလှယ်လောင်း အမည်စာရင်းအပေါ် ကျေနပ်မှု မရှိခြင်းကို NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ်ခရီးစဉ်တွင် တင်ပြသွားမည် ဖြစ်ကြောင်း တောင်ကြီးမြို့နယ် NLD ပါတီဝင်များထံမှ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသို့ သွားရောက်မည် ဖြစ်ပြီး သြဂုတ်လ ၁၄ ရက်နှင့် ၁၅ ရက် နှစ်ရက်ကြာမည့် ယင်းခရီးစဉ်တွင် ပါတီ (ဗဟို) က ရှမ်းပြည်နယ် မဲဆန္ဒနယ်များတွင် ယှဉ်ပြိုင်ရန် ရွေးချယ်ထားသော ကိုယ်စားလှယ်လောင်းများစာရင်း အပေါ် ကျေနပ်မှုမရှိသည့် ကိစ္စရပ်ကို တင်ပြသွားမည် ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
“အမေစု လက်ထဲရောက်အောင် စာထည့်မယ်၊ ကိုယ်စားလှယ်လောင်းစာရင်းကို ပြန်ပြင်တာ မပြင်တာထက် ကျွန်တော်တို့ ဒီလိုဖြစ်နေတာ အဖြစ်မှန်ကို သိအောင်တော့ လုပ်မယ်” ဟု တောင်ကြီးမြို့နယ် NLD ပါတီဝင် ဦးရွှေက ဆိုသည်။
အလားတူ ရှမ်းပြည်နယ်အတွင်း ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ၁၅၂ ဦး ၏ အမည်စာရင်းကို NLD ပြည်နယ်ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီက ဗဟိုသို့ ပေးပို့ခဲ့သော်လည်း ရွေးချယ်ခံရသော ကိုယ်စားလှယ်လောင်း အမည်စာရင်းတွင် ပြည်နယ်မှ တင်သွင်းသူ သုံးဦးသာ ပါရှိကြောင်း NLD ပါတီ ရှမ်းပြည်နယ်ဥက္ကဋ္ဌ ဒေါ်ခင်မို့မို့က ဆိုသည်။
“ကျွန်မကိုယ်တိုင် ဗဟိုကို ပို့ခဲ့တာပဲ။ ဒါပေမဲ့ တကယ်စာရင်းထွက်လာတော့ ကျွန်မတို့ တင်ပေးလိုက်တဲ့သူတွေထက် ဗဟိုက သတ်မှတ်ပေးတာတွေ ဖြစ်တော့ အောက်ခြေပါတီဝင်တွေကလည်း မမျှတဘူး ဖြစ်ကုန်တာပေါ့” ဟု ၎င်းက ဆိုသည်။
အလားတူ ရှမ်းပြည်နယ်အတွင်း ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ပါတီဝင်များ အထင်အမြင်လွဲမှားမှု မရှိစေရေး ပြန်လည်စိစစ်ပေးရန် NLD ပါတီ (ဗဟို) အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ သူရဦးတင်ဦးထံ စာပေးပို့ထားကြောင်း ရှမ်းပြည်နယ် NLD ပါတီထံမှ သိရသည်။
အလားတူ အထွေထွေရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် NLD ပါတီ၏ ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ မြို့နယ်အဆင့် ပါတီဝင်များက ကန့်ကွက်ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

.. https://www.facebook.com/MyanmarExpress
 

1 comments:


NLDပါတီဝင်တွေနှုတ်ထွက်သင့်နေပီ

အဲ့တော့ NLDအာဏာခွေး၇ူးတွေအချင်းချင်းကိုက်ကြတဲ့ပွဲ NLDအာဏာခွေး၇ူးတွေနဲ့ (၈၈)အာဏာခွေး၇ူးတွေကိုက်ကြတဲ့ပွဲတွေမှာ ကိုယ်ကကြားမညှပ်အောင်အခုကတဲက NLDပါတီကနေနှုတ်ထွက်သင့်ကြပီ

NLDပါတီေ၇ာ (၈၈)ပွင့်လင်းအဖွဲ့ပါ တိုင်းပြည်အတွက်ေ၇ာ လူမျိုးအတွက်ေ၇ာ တိုင်း၇င်းသားပြည်သူ အလုပ်သမား လယ်သမားတွေအတွက်ေ၇ာ ဘယ့်သူ့အပေါ်မှာမှအကျိုးမပြုနိုင်တဲ့ စောက်သုံးမကျတဲ့အဖွဲ့အစည်းတွေဆိုတာကိုလူအတော်များများသဘောပေါက်လာကြပီ

NLDပါတီေ၇ာ (၈၈)ပွင့်လင်းအဖွဲ့ပါ အာဏာမက်ပီးစောက်ဆင့်မ၇ှိတဲ့ စောက်သုံးမကျတဲ့ အခွင့်အေ၇းလိုချင်တဲ့သာယာစီးသမား သာကူးအချောင်သမားတွေ စုနေတဲ့ အဖွဲ့အစည်းတွေဆိုတာလဲထင်၇ှားသထက်ထင်၇ှားလာပီ

NLDပါတီဝင်အချင်းချင်း (၈၈)ပွင့်လင်းအဖွဲ့ဝင်အချင်းချင်းလဲ အဖွဲ့တွင်းအာဏာလုကြ ခွက်စောင်းခုတ်ကြ နောက်ကျောကိုဒါးနဲ့ထိုးကြသလို တခြားအဖွဲ့အစည်းတွေအပေါ်မှာလဲ ဗိုလ်ကျအနိုင်ကျင့်ပီး စောက်ေ၇းမလုပ်ပဲအဖက်မတန်သလိုနှိမ်ချိုးဆက်ဆံတာကြတာကိုလဲလူတွေသိလာကြပီ

တစ်နေ့ကျ၇င် ABSDF လူသတ်ကောင် နိုင်အောင်နဲ့ မိုးသီးဇွန် တို့
လူပေါင်း ၁၀ဝ ကျော်ကို ထောက်လှန်းေ၇းမဟုတ်မှန်းသိ၇ဲ့သားနဲ့ ထောက်လှန်းေ၇းလို့မမှန်မကန်အတင်းအဓမစွပ်စွဲပီး လူမဆန်တဲ့နည်းမျိုးစုံနဲ့နှိပ်စက်ပီးခေါင်းဖြတ်သတ်ပွဲတွေလုပ်လို့လူ ၄၀ သေသွားတဲ့ ပါဂျောင်လူသတ်မှုလို ဇာတ်တူသားစားလို့ဟင်္သာကိုးသောင်းပျက်တဲ့ဇာတ်တွေကို မြို့တွေပေါ်မှာကကြတော့မှာသေချာနေပီ

အဲ့တော့ NLDအာဏာခွေး၇ူးတွေအချင်းချင်းကိုက်ကြတဲ့ပွဲ NLDအာဏာခွေး၇ူးတွေနဲ့ (၈၈)အာဏာခွေး၇ူးတွေကိုက်ကြတဲ့ပွဲတွေမှာ ကိုယ်ကကြားမညှပ်အောင်အခုကတဲက NLDပါတီကနေနှုတ်ထွက်သင့်ကြပီ

မြန်မာတစ်ပြည်လုံးက((NLDပါတီဝင်တွေနှုတ်ထွက်ဖို့အချိန်တန်ပီ)
)

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်