Subscribe to our RSS Feed

ဗဟိုဦးစီးစနစ်အား ကန့်ကွက်သူများကို သစ္စာဖောက် ဟု CEC သတ်မှတ်

From : ..messenger

NLD ပါတီဝင် အဖြစ်မှ ထုတ်ပယ်ရာတွင် သဘောထား မတူညီမှုကြောင့် ထုတ်ပယ်မည် မဟုတ်ဘဲ သစ္စာဖောက် မှသာ ထုတ်ပယ် မည်ဖြစ်ကြောင်း NLD ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက The Messenger Media သို့ပြောသည်။

““ကျွန်တော်တို့က အမြဲတမ်း ဒီလို မလိုလားတဲ့ လူတွေကို ရင်ဆိုင်နေရတာ နှစ်နှစ်ဆယ်၊ နှစ်ဆယ့်ငါးနှစ် လောက်ရှိပြီ။ စည်းကမ်း ဖောက်ရင်တော့ အရေးယူ ရမှာပါ””ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

မြန်မာနိုင်ငံ တစ်ဝန်းရှိ NLD ပါတီ မှ နုတ်ထွက်မှု များသည် ဗဟိုသို့ မရောက်ရှိ သေးကြောင်း၊ သတင်းကြားထားမှု သာရှိကြောင်း၊ NLD ပါတီသည် ဒီမိုကရေစီကို လိုချင်သော နိုင်ငံရေးပါတီ ဖြစ်ကာ သဘောထား မတူယုံ တစ်ခုတည်းနှင့် မည်သူ့ကိုမှ ထုတ်ပယ်မည် မဟုတ်ကြောင်း၊ သစ္စာဖောက်မှသာ စည်းမျဉ်း စည်းကမ်းနှင့်အညီ အရေးယူမည် ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဆိုသည်။ လွှတ်တော်အတွင်း တပ်မတော်သားများ လေးပုံတစ်ပုံ နေရာယူ ထားသောကြောင့် ကျန်နေရာများတွင် အောင်နိုင်ရန် NLD အတွက် အရေးကြီးကြောင်း ၎င်းက ပြောသည်။

““ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနဲ့ ပတ်သက်လို့ အချို့ကလည်း မကျေနပ် ဖြစ်တာတွေ ပါတာပေါ့၊ မနေ့က သုံးယောက် နုတ်ထွက်တယ် ကြားတယ်၊ ကျွန်တော်တို့ဆီကို မရောက်သေးဘူး။ တိုင်းရုံးတွေတော့ ရောက်နေပြီ””ဟု NLD ပါတီ ရန်ကုန်တိုင်း ဒေသကြီး ဥက္ကဋ္ဌ ဦးမြင့်ဌေးက The Messenger Media သို့ပြောသည်။

ယခုလအတွင်း၌ လှည်းကူးမြို့နယ်တွင် ပါတီဝင်(၂၁) ဦးကို ထုတ်ပယ်ခဲ့သလို ပခုက္ကူမြို့နယ် တွင်လည်း (၁၀)ဦး ထုတ်ပယ် ခဲ့သည်။ စစ်ကိုင်းတိုင်း ဒေသကြီးတွင် မကျေနပ်၍ NLD ပါတီဝင် (၃၇၅) ဦးနုတ်ထွက်ခဲ့ကာ သန်လျင်တွင်လည်း (၃) ဦးနုတ်ထွက်ခဲ့သည်။

.. https://www.facebook.com/MyanmarExpress
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်