Subscribe to our RSS Feed

တောင်ဥက္ကလာပမြို့နယ် NLD ပါတီ အတွင်းရေးမှူး အပါအဝင် ပါတီဝင်အချို့ နုတ်ထွက်စာတင်

From : ..The Voice Weekly

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တောင်ဥက္ကလာပမြို့နယ် အတွက် လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်မှုကို မကျေနပ်သောကြောင့် ယင်းမြို့နယ် ပါတီအတွင်းရေးမှူး အပါအဝင် ပါတီဝင်အချို့ နုတ်ထွက်စာတင်လိုက်ကြောင်း NLD ပါတီမှ အဆိုပါ မြို့နယ်အတွင်းရေးမှူး ဦးကိုအောင်က ပြောကြားသည်။
ယင်းသို့ နုတ်ထွက်သူများတွင် မြို့နယ်ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဝင်များ၊ ဘဏ္ဍာငွေရှာဖွေရေး အဖွဲ့ဝင်၊ ပြန်ကြားရေးအဖွဲ့ဝင် စုစုပေါင်း ၂၀ ကျော် ပါဝင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
အဆိုပါ NLD ပါတီ နုတ်ထွက်သူများသည် သြဂုတ်လ ၁၆ ရက်နေ့တွင် နုတ်ထွက်စာ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
တောင်ဥက္ကလာပမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် ပြိုင်ဘက်ပါတီများမှ ကိုယ်စားလှယ်များအား ယှဉ်ပြိုင်နိုင်ရန် အရည်အချင်း မရှိခြင်းကြောင့် အောင်နိုင်ရေး လုပ်ဆောင်ရာတွင် အခက်အခဲရှိနိုင်ပြီး ယင်းကိုယ်စားလှယ်များအတွက် ပြည်သူများကို အာမခံပေးလိုခြင်း မရှိသောကြောင့် နုတ်ထွက်ခြင်း ဖြစ်ကြောင်း NLD ပါတီက နုတ်ထွက်ခဲ့သူ တောင်ဥက္ကလာပမြို့နယ် NLD ပါတီ အတွင်းရေးမှူးနှင့် ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသူ ဦးအောင်ကိုက ဆိုသည်။
တောင်ဥက္ကလာပမြို့နယ်တွင် ကိုယ်စားလှယ်လောင်းများ ရွေးချယ်မှုကို မြို့နယ်အလုပ်အမှုဆောင် အဖွဲ့ဝင်များက မဲစနစ်ဖြင့် ရွေးချယ်ခဲ့သော်လည်း မြို့နယ်က ရွေးချယ်ပေးထားသူများကို ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီက ချန်လှပ်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
တောင်ဥက္ကလာပမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဦးကိုကိုကြီး (လျာထားသူ) နှင့် ဒေါ်ခိုင်ဝတ်ရည် (အရန်) တို့ကို ရွေးချယ်ခဲ့သော်လည်း ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီ ဒေါက်တာစောနိုင်နှင့် အစားထိုးခဲ့ကြောင်း ၎င်းက ဆိုသည်။
ယင်းသို့ ရွေးချယ်မှုကို မကျေနပ်သောကြောင့် သြဂုတ်လ (၃) ရက်နေ့တွင် စာရေးသား ပေးပို့မေးမြန်းခဲ့သော်လည်း ခေါ်ယူမေမြန်းခြင်း တစ်စုံတစ်ရာ မပြုလုပ်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး NLD တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ရွေးချယ်ခံထားရသူ ဒေါက်တာစောနိုင်ထံ ဖုန်းဆက်မေးမြန်းရာ “ကျွန်တော်က ရွေးချယ်ခံထားရပါတယ်။ ဒါပေမဲ့ ကျွန်တော်က မြို့နယ်အလုပ်အမှုဆောင်ထဲမှာလည်း ပါတယ်၊ နုတ်ထွက်မယ်လို့တော့ ဟိုတစ်နေ့က အောင်နိုင်ရေး အစည်းအဝေးမှာ ပြောပါတယ်၊ အဲ့လောက်ပဲ ကျွန်တော်သိပါတယ်၊ ဗဟိုက သတ်မှတ်ထားတဲ့ စံနှုန်းနဲ့အညီ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ထားတာပါ၊ နုတ်ထွက်တာ မထွက်တာတော့ ကျွန်တော် မပြောချင်ပါဘူး” ဟု ၎င်းက ပြောကြားသည်။
ယင်းတောင်ဥက္ကလာပမြို့နယ် NLD ပါတီ အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင် ၂၀ ကျော် နုတ်ထွက်သည့် ကိစ္စကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အနေနှင့် သိရှိထားခြင်း မရှိသေးကြောင်း ယင်းပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင် ဦးဝင်းမြင့်က ပြောကြားသည်။
အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီမှ ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ရွေးချယ်ထုတ်ပြန်ပြီးနောက်တွင် မြို့နယ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များက ရွေးချယ်တင်သွင်းသော ကိုယ်စားလှယ်လောင်းများ ပါဝင်ခြင်း မရှိသောကြောင့် အောက်ခြေပါတီဝင်အချို့က ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများကို ပြုလုပ်ခဲ့ကြသည်။
ယင်းသို့ ကန့်ကွက်မှုကြောင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ မြို့နယ်အဆင့် ပါတီနာယက အပါအဝင် ပါတီဝင်ခြောက်ဦးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ထုတ်ပယ်ကြောင်း မန္တလေးတိုင်းဒေသကြီး NLD ပါတီ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောကြားသည်။
ယင်းနောက် ဗဟိုအောင်နိုင်ရေးအဖွဲ့က ရွေးချယ်သော ကိုယ်စားလှယ်လောင်း အမည်စာရင်းကို မကျေနပ်သောကြောင့် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သော ပခုက္ကူ မြို့နယ်အဆင့် ပါတီဝင်အချို့ကိုလည်း သြဂုတ်လ ၁၀ ရက်နေ့တွင် NLD ပါတီ (ဗဟို) က ထုတ်ပယ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။


.. https://www.facebook.com/MyanmarExpress
 

2 comments:


NLDပါတီ တောင်ဥက္ကလာပမြို့နယ်အတွက် လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်မှုကိုမကျေနပ်လို့ တောင်ဥက္ကလာပ NLDပါတီအတွင်းရေးမှူး အပါအဝင် ပါတီဝင်တချို့ နှုတ်ထွက်တယ်တဲ့

တောင်ဥက္ကလာပ NLDပါတီအတွင်းရေးမှူးနဲ့NLDပါတီဝင်တချို့တင် နှုတ်ထွက်၇ုံမကဘူး မြန်မာတစ်ပြည်လုံးက NLDပါတီဝင်တွေနှုတ်ထွက်သင့်နေပီ

NLDပါတီေ၇ာ (၈၈)ပွင့်လင်းအဖွဲ့ပါ တိုင်းပြည်အတွက်ေ၇ာ လူမျိုးအတွက်ေ၇ာ တိုင်း၇င်းသားပြည်သူ အလုပ်သမား လယ်သမားတွေအတွက်ေ၇ာ ဘယ့်သူ့အပေါ်မှာမှအကျိုးမပြုနိုင်တဲ့ စောက်သုံးမကျတဲ့အဖွဲ့အစည်းတွေဆိုတာကိုလူအတော်များများသဘောပေါက်လာကြပီ

NLDပါတီေ၇ာ (၈၈)ပွင့်လင်းအဖွဲ့ပါ အာဏာမက်ပီးစောက်ဆင့်မ၇ှိတဲ့ စောက်သုံးမကျတဲ့ အခွင့်အေ၇းလိုချင်တဲ့သာယာစီးသမား သာကူးအချောင်သမားတွေ စုနေတဲ့ အဖွဲ့အစည်းတွေဆိုတာလဲထင်၇ှားသထက်ထင်၇ှားလာပီ

NLDပါတီဝင်အချင်းချင်း (၈၈)ပွင့်လင်းအဖွဲ့ဝင်အချင်းချင်းလဲ အဖွဲ့တွင်းအာဏာလုကြ ခွက်စောင်းခုတ်ကြ နောက်ကျောကိုဒါးနဲ့ထိုးကြသလို တခြားအဖွဲ့အစည်းတွေအပေါ်မှာလဲ ဗိုလ်ကျအနိုင်ကျင့်ပီး စောက်ေ၇းမလုပ်ပဲအဖက်မတန်သလိုနှိမ်ချိုးဆက်ဆံတာကြတာကိုလဲလူတွေသိလာကြပီ

တစ်နေ့ကျ၇င် ABSDF လူသတ်ကောင် နိုင်အောင်နဲ့ မိုးသီးဇွန် တို့
လူပေါင်း ၁၀ဝ ကျော်ကို ထောက်လှန်းေ၇းမဟုတ်မှန်းသိ၇ဲ့သားနဲ့ ထောက်လှန်းေ၇းလို့မမှန်မကန်အတင်းအဓမစွပ်စွဲပီး လူမဆန်တဲ့နည်းမျိုးစုံနဲ့နှိပ်စက်ပီးခေါင်းဖြတ်သတ်ပွဲတွေလုပ်လို့လူ ၄၀ သေသွားတဲ့ ပါဂျောင်လူသတ်မှုလို ဇာတ်တူသားစားလို့ဟင်္သာကိုးသောင်းပျက်တဲ့ဇာတ်တွေကို မြို့တွေပေါ်မှာကကြတော့မှာသေချာနေပီ

အဲ့တော့ NLDအာဏာခွေး၇ူးတွေအချင်းချင်းကိုက်ကြတဲ့ပွဲ NLDအာဏာခွေး၇ူးတွေနဲ့ (၈၈)အာဏာခွေး၇ူးတွေကိုက်ကြတဲ့ပွဲတွေမှာ ကိုယ်ကကြားမညှပ်အောင်အခုကတဲက NLDပါတီကနေနှုတ်ထွက်သင့်ကြပီ

တောင်ဥက္ကလာပ NLDပါတီအတွင်းရေးမှူးနဲ့NLDပါတီဝင်တချို့တင်မက မြန်မာတစ်ပြည်လုံးက((NLDပါတီဝင်တွေနှုတ်ထွက်ဖို့အချိန်တန်ပီ)
)

ကျုံပျော်မှာ အန်အယ်လ်ဒီပါတီဝင် ၁၀၀ နီးပါး နှုတ်ထွက်

RFA 2015-08-19

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်ကနေ ရွေးကောက်ပွဲဝင်ဖို့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကရွေး ချယ်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို လက်မခံနိုင်တဲ့ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်က ခရုရိုးကျေးရွာ ပါတီဥက္ကဌနဲ့ ပါတီဝင် ၁၀၀ နီးပါးက ပါတီကနေ နှုတ်ထွက်လိုက်ကြပါတယ်။

ကိုယ်စားလှယ်လောင်းတွေကို လက်မခံနိုင်ကြောင်း ပါတီဗဟိုထံ စာတင်ပြခဲ့ပေမယ့် ဖြေရှင်းမပေးတဲ့အတွက် နှုတ်ထွက် တာဖြစ်တယ်လို့ ကျုံပျော်မြို့နယ် ခရုရိုးကျေးရွာ အန်အယ်လ်ဒီပါတီ ဥက္ကဌ ဦးဝင်းမြင့်က ပြောပါတယ်။

"ဘာလို့ထွက်လည်းဆိုတော့ အမတ်လောင်းကိုမကြိုက်လို့ပေါ့၊ ဘာလို့မကြိုက်လည်း ဆိုတော့ သူ့မှာ ပုဂ္ဂိုလ်ရေးရော၊ အမတ်လောင်းရော အားလုံး အားနည်း ပါတယ်၊ ပညာရေးလည်းအားနည်းပါတယ်၊ အဲ့ဒါကြောင့်ကျနော်တို့မကြိုက် တာပါ၊ တိုင်စာတင် ထားပါတယ်၊ ဗဟိုထိ၊ ဒီနေ့ထိဘာမှမထူးခြားပါဘူး"

ကျုံပျော်မြို့နယ် အန်အယ်လ်ဒီပါတီ လူငယ်တာဝန်ခံတစ်ဦး၊ ခရုရိုးကျေးရွာ ပါတီ ဥက္ကဌနဲ့ ရပ်ကျေးပါတီဝင် ၁၀၀ နီးပါးက ပါတီထံ နှုတ်ထွက်စာတင်လိုက်တာပါ။

အန်အယ်လ်ဒီပါတီဗဟိုရဲ့ ကိုယ်စားလှယ်လောင်းရွေးချယ်မှုကို မကျေနပ်တာကြောင့် မြို့နယ်အတော်များများ မှာ နှုတ်ထွက်သူတွေ ပါတီရုံးချုပ်ဗဟိုကို ဆန္ဒပြတာတွေ ရှိနေပြီး၊ အဲဒီလိုကန့်ကွက်ဆန္ဒပြသူတွေကို ပါတီဗဟိုက ထုတ်ပယ်တာတွေလည်း ရှိနေပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်